← Chapters

နတ်သမီးနှင့် ရွှံ့မြေခွေး

Vol. 114 Ch. 1742

နတ်သမီးနှင့် ရွှံ့မြေခွေး

Vol. 114 Ch. 1742

ယင်းက အစစ်အမှန်နတ်ဘုရားတစ်ပါး၏ နတ်ဘုရားစိတ်အာရုံ ဖြစ်သည်။

ခရမ်းရောင်သလင်းကျောက်တောင်ထဲတွင် ရွှီချင်း၏ မျက်နှာက သုန်မှုန်သွားသည်။ ကြိုတင်နိမိတ်ရသော စိတ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာပြီး ချက်ချင်း အားကောင်းလာသည်။

သူ၏ စိတ်က ပရမ်းပတာဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်အားလုံးက ထောင်မတ်သွားသည်။

“ အစစ်အမှန်နတ်ဘုရားက တစ်ပါးတည်းမဟုတ်ဘူး… အနည်းဆုံး ခုနစ်ပါးလောက် ရှိတယ် ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ စိတ်အာရုံထဲတွင် ဤအခိုက်အတန့်မှာ ကြယ်ဂြိုလ်တစ်ခုလုံးက လှုပ်ယမ်းသွားပြီး သက်ရှိအားလုံးက တုန်ယင်သွားကြသည်။

မိုးကောင်းကင်ပေါ်မှ မြစိမ်းရောင်အလင်းစက်ဝိုင်းများက အရောင်မှေးမှိန်နေစဉ် အလွန်အားကောင်းသော နတ်ဘုရားစိတ်အာရုံမှ ဖွဲ့စည်းသွားသော အနက်ရောင်တိမ်တိုက်များက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြပြီး ကောင်းကင်ဘုံနှင့် မြေပြင်ပေါ်မှ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။

အစစ်အမှန်နတ်ဘုရားအများအပြား၏ နတ်ဘုရားစိတ်အာရုံများက ဒီရေလှိုင်းသဖွယ် ပေါင်းစည်းသွားကြပြီး ကြယ်တာရာကောင်းကင်ကို သမုဒ္ဒရာအဖြစ် ပြောင်းလဲသွားစေသည်။ ဤကြယ်ဂြိုလ်သည်တော့ သမုဒ္ဒရာထဲမှ သီးခြားကျွန်းစုတစ်ခု ဖြစ်လာသည်။ ယခု ရေလှိုင်းလုံးများက တစ်ဟုန်ထိုး မြှောက်တတ်လာကြပြီး ကြယ်ဂြိုလ်ကို ဝါးမျိုဖျက်ဆီးရန် ခြိမ်းခြောက်နေကြသည်။

ကြိုတင်နိမိတ်ရသော စိတ်ခံစားမှုက ပိုပြီးအားကောင်းလာသည်။

နတ်ဘုရားစိတ်အာရုံများက ရွှီချင်း၏ တည်နေရာဆီသို့ ကျရောက်လာတော့မည့်အချိန်…

ရွှီချင်းက သူ၏ အင်မော်တယ်အရှိန်အဝါအားလုံးကို ငြိမ်းသတ်လိုက်ပြီး အရိပ်လေးကို ဆင့်ခေါ်ကာ သူ့အား လွှမ်းခြုံစေသည်။

ရွှံ့မြေခွေးသည်တော့ သူက ရွှီချင်းပြောစရာမလိုဘဲ သူ့ဘာသာ ထွက်ပေါ်လာပြီး သူ၏ နတ်ဘုရားအရှိန်အဝါဖြင့် ရွှီချင်းကို ဖုံးကွယ်ပေးလိုက်သည်။

သူတို့အားလုံး၏ စုပေါင်းလုပ်ဆောင်မှုနှင့် ရွှီချင်း၏ တမူထူးခြားသော သဘာဝကြောင့် ဤအနီးနားတစ်ဝိုက်မှာ အလွန်သိပ်သည်းသော ဒြပ်နှောများဖြင့် ပြည့်နှက်သွားသည်။

သို့သော်လည်း ယင်းက မလုံလောက်သေးပေ။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းက မျက်လုံးဝင်းလက်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သတိမေ့မျောနေသော နတ်သမီးကို သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်လိုက်သည်။ ထို့နောက် သူက နတ်သမီးကို ရွှံ့မြေခွေးဆီသို့ ပစ်ပေးလိုက်သည်။

ရွှံ့မြေခွေးက ရွှီချင်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ သူက နတ်သမီး၏ လည်ပင်းကို ဖမ်းဆုပ်လိုက်ပြီး ၎င်း၏ မျက်လုံးများကို ဖုံးအုပ်လိုက်သည်။

ထိုစဉ် ရွှီချင်း၏ ခန္ဓာကိုယ်က ဖုန်မှုန့်အရွယ်အစားအထိ ကျုံ့သွားပြီး နတ်သမီး၏ လည်ပင်းပေါ်မှ ဒဏ်ရာထဲသို့ ဝင်ရောက်သွားသည်။ သူက နတ်သမီး၏ အသွေးအသားများထဲသို့ နက်ရှိုင်းစွာ တိုးဝင်သွားပြီး ပုန်းအောင်းလိုက်သည်။

သူက အလောင်းအစားလုပ်နေခြင်း ဖြစ်သည်။

ရွှီချင်း၏ သုံးသပ်မှုအရ အစစ်အမှန်နတ်ဘုရားများ၏ နတ်ဘုရားစိတ်အာရုံက ကိစ္စကြီးနှစ်ခုကိုသာ အဓိက အာရုံစိုက်ကြလိမ့်မည်။

ပထမတစ်ခုက သူ၏ တည်နေရာကို ရှာဖွေရန် အင်မော်တယ်အရှိန်အဝါကို အာရုံခံကြလိမ့်မည်။

အခြားတစ်ခုက နတ်သမီး၏ တည်နေရာကို ရှာဖွေရန် သွေးမျိုးဆက် သို့မဟုတ် နတ်ဘုရားအနှစ်သာရနှင့်ပတ်သက်သော တမူထူးခြားသည့် နည်းလမ်းများကို အသုံးပြုကြလိမ့်မည်။

ရွှီချင်းနှင့် နတ်သမီးက အတူတူရှိနေကြသော်လည်း စုံစမ်းရှာဖွေသော ထိုနည်းလမ်းနှစ်ခုက ကွဲပြားခြားနားပြီး ဦးတည်ရာမတူကြပေ။ ထို့ပြင် နည်းလမ်းနှစ်ခုစလုံးမှာ ပြစ်ချက်တစ်ခု ရှိသည်။

ယင်းမှာ ထိုနတ်ဘုရားများက ရွှီချင်းနှင့် နတ်သမီးမှလွဲ၍ တခြားနတ်ဘုရားများကို အရေးစိုက်ကြလိမ့်မည် မဟုတ်ချေ။

ထို့ပြင် ရွှံ့မြေခွေးသည် အတွင်းရော အပြင်၌ နတ်ဘုရားတစ်ပါး ဖြစ်သည်။

မှန်ပေသည်။ ထိုနည်းလမ်းနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်သော ဖြစ်နိုင်ခြေတစ်ခုလည်း ရှိသေးသည်။ သို့သော်လည်း ပြစ်ချက်သည်တော့ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။

ထို့ပြင် သူ၏ သုံးသပ်မှုက မှားယွင်းသွားနိုင်သော ဖြစ်နိုင်ခြေလည်း ရှိသေးသည်။ သို့သော် ရွှီချင်းမှာ တခြားရွေးချယ်စရာ မရှိပေ။ သူက နတ်သမီးကို အပြင်မှာ တစ်ယောက်တည်း မချန်ထားခဲ့နိုင်ပေ။ ယင်းက ဖြစ်နိုင်ခြေအမျိုးမျိုးကို သယ်ဆောင်လာလိမ့်မည်။ ထို့ကြောင့် သူက ရွှံ့မြေခွေး၏ အကူအညီဖြင့် နတ်သမီးကို ချုပ်ထိန်းစေခဲ့သည်။

နတ်သမီးက သတိမေ့နေသော်လည်း ရွှီချင်းက ၎င်းကို မည်သည့်အခွင့်အရေးမှ မပေးချင်ပေ။

ယင်းက သူ့အား နတ်သမီး၏ ခန္ဓာကိုယ်ထဲ၌ ကောင်းမွန်စွာ ပုန်းအောင်းနိုင်စေမည်။

သို့တိုင် သူ၏ ဖုံးကွယ်မှုက အောင်မြင်နိုင်မည်လော ရွှီချင်း မသေချာပေ။

ရွှီချင်းသည် ထိုဖုံးကွယ်မှုအပေါ် အပြည့်အဝ ယုံကြည်မှုမရှိသော်လည်း သူ့မှာ အာမခံမှုတချို့ ရှိသည်။ ထိုအာမခံမှုက နတ်သမီး၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်အရှင်သခင်၏ ချိပ်တံဆိပ်အစွမ်း ဖြစ်သည်။

“ အရင်က စစ်မြေပြင်မှာ ကျောက်စိမ်းမျက်နှာနဲ့ အစစ်အမှန်နတ်ဘုရားနဲ့ ငါတိုက်ခိုက်ခဲ့တုန်းက တာအိုလက်နက်ကို ငါထုတ်လိုက်တဲ့အချိန်မှာ သူက အံ့ဩထိတ်လန့်သွားခဲ့တယ်… သူသေဆုံးသွားတဲ့အထိ ဘာတန်ပြန်ဓမ္မရတနာမှ မသုံးသွားခဲ့ဘူး… ဆိုလိုတာက ငါ့မှာ အရှင်သခင်အဆင့် တာအိုလက်နက်တစ်ခုရှိတာကို သူမသိထားဘူး ”

“ ဒါပေမဲ့ ရှေ့တန်းစစ်မြေပြင်က ကျင့်ကြံသူအားလုံးက အဲ့ဒါကို သိထားကြတယ်… ဒီအတွက် ဖြေရှင်းချက်က ငါ့ရဲ့ သတင်းအချက်အလက်တွေကို အရှင်သခင်အဆင့် တစ်စုံတစ်ယောက်က ဖုံးကွယ်ပေးထားတာ ဖြစ်မယ်… ဒါကြောင့် နတ်ဘုရားတွေက ငါ့အကြောင်းကို မသိထားကြဘူး ”

“ ငါ့ရဲ့ သတင်းအချက်အလက်တွေကို ဖုံးကွယ်ပေးပြီး အရှင်သခင်အဆင့် တာအိုလက်နက်တစ်ခုကို ချီးမြှောက်ပေးခဲ့တယ်… ပြီးတော့ နတ်သမီးရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ချိပ်တံဆိပ်တစ်ခုကို ချန်ထားခဲ့တယ်… ”

ထိုအတွေးများက ရွှီချင်း၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ခရမ်းရောင်သလင်းကျောက်တောင်ကို လွှမ်းခြုံသွားသည်။

ရွှီချင်း၏ နှလုံးက တင်းကျပ်သွားပြီး အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အဆိုးဆုံးအခြေအနေအတွက် ထွက်ပြေးနိုင်ရန်အလို့ငှာ သူ၏ အချိန်လေဟာနယ်အာဏာစက်ကို အသင့်ပြင်လိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ရှေးဟောင်းစိတ်ဆန္ဒက နတ်သမီး၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာပြီး ဖြည်းညင်းစွာ ပျံ့နှံ့သွားကာ ၎င်း၏ သဲလွန်စအားလုံးကို ဖုံးကွယ်ပေးလိုက်သည်။

ထိုမြင်ကွင်းက ရွှီချင်းကို မျက်မှောင်ကြုတ်သွားစေသည်။

ထို့နောက် နတ်ဘုရားစိတ်အာရုံက ဘာမှရှာမတွေ့ဘဲ ခရမ်းရောင်သလင်းကျောက်တောင်ကို ဖြတ်ကျော်သွားသည်။ မကြာမီ ၎င်းက ကြယ်ဂြိုလ်တစ်ခုလုံးကို သေချာစစ်ဆေးကြည့်ပြီးနောက် ဘာမှရှာမတွေ့သည့်အခါ ကြယ်တာရာကောင်းကင်ထဲမှ တခြားနေရာဆီသို့ ရွှေ့ပြောင်းသွားသည်။

ရွှီချင်းက လှုပ်ရှားမှုကင်းမဲ့စွာ ဆက်ရှိနေပြီး နောက်ထပ်နှစ်နာရီ စောင့်ဆိုင်းလိုက်သည်။ အစောနက ထွက်သွားခဲ့သော နတ်ဘုရားစိတ်အာရုံက ရုတ်တရက် ပြန်ရောက်လာပြီး ဤကြယ်ဂြိုလ်တည်ရှိသော ကြယ်အဖွဲ့အစည်းကို လွှမ်းခြုံလိုက်သည်။

၎င်းက ကြယ်အဖွဲ့အစည်းထဲမှ ကြယ်ဂြိုလ်များနှင့် ဥက္ကာပျံများကို နောက်တစ်ကြိမ် စစ်ဆေးရှာဖွေလိုက်သည်။

နောက်ဆုံးမှာတော့ ၎င်းက မည်သည့်မူမမှန်မှုမှ ရှာမတွေ့ကြောင်း အတည်ပြုပြီးနောက် အမှန်တကယ် ထွက်ခွာသွားသည်။

ရွှီချင်းက မလှုပ်မယှက် ဆက်ရှိနေဆဲပင်။ သူက ဆက်ပြီး စောင့်ဆိုင်းသည်။

လေးနာရီကြာပြီးနောက် တတိယမြောက် နတ်ဘုရားစိတ်အာရုံက ကြယ်အဖွဲ့အစည်းကို ဖြတ်သန်းသွားသည်။

ဤနတ်ဘုရားစိတ်အာရုံက ယခင်နတ်ဘုရားစိတ်အာရုံများနှင့် ကွာခြားလေရာ ၎င်းတို့က တစ်အုပ်စုတည်းမဟုတ်ကြောင်း ထင်ရှားသည်။

ဤရက်အနည်းငယ်အတွင်းမှာ ထိုသို့စစ်ဆေးရှာဖွေမှုက မကြာခဏ ဖြစ်ပေါ်ခဲ့သည်။ တစ်ခါတစ်ရံ ရုတ်တရက် ဖြစ်ပေါ်လာပြီး တစ်ခါတစ်ရံ အကြိမ်ရေခပ်စိတ်စိတ် ဖြစ်ပေါ်လာသည်။ ရက်အနည်းငယ်ကြာသည်အထိ ထိုသို့ဆက်ဖြစ်ပြီးနောက် အခြေအနေက တဖြည်းဖြည်း ပြန်ငြိမ်သက်သွားသည်။

ရွှီချင်းက သတိကြီးစွာ ထားနေဆဲပင်။ အခြေအနေပြန်ငြိမ်သွားသော်လည်း သူက နောက်ထပ် သုံးရက်ကြာအောင် ဆက်လက် စောင့်ဆိုင်းခဲ့သည်။ လုံးဝ ဘေးကင်းပြီဖြစ်ကြောင်း သူအတည်ပြုနိုင်သွားမှသာ နတ်သမီး၏ ဒဏ်ရာထဲမှ ပျံသန်းထွက်လာပြီး သူ၏ မူလအရွယ်အစားသို့ ပြန်ပြောင်းလဲလိုက်သည်။

သူက တည်ကြည်လေးနက်သော အမူအရာဖြင့် အပြင်သို့ ကြည့်လိုက်သည်။ ထို့နောက် သူက နတ်သမီး၏ ဘေးမှ ရွှံ့မြေခွေးကို လှည့်ကြည့်လိုက်သည်။

“ သခင်လေး… အစစ်အမှန်နတ်ဘုရားတွေရဲ့ နတ်ဘုရားစိတ်အာရုံက ငါ့အပေါ် ဖြတ်သန်းသွားတဲ့အခါ သူတို့က ငါ့ကို လျစ်လျူရှုထားကြပါတယ် ”

“ သူတို့က အင်မော်တယ်အရှိန်အဝါကို အဓိက စစ်ဆေးရှာဖွေနေတာဖြစ်မယ်လို့ ငါထင်ပါတယ် ”

“ ဒါ့အပြင် တကယ်လို့ နတ်သမီးရဲ့ ခန္ဓာကိုယ်ထဲမှာ နင်ဝင်မပုန်းခဲ့ဘူးဆိုရင် ငါ့ရဲ့ ဖုံးကွယ်မှုက အဲ့ဒီစစ်ဆေးရှာဖွေမှုတွေကို တားဆီးပေးနိုင်မှာ မဟုတ်ဘူးဆိုတာ ရှာတွေ့ခဲ့ပါတယ် ”

ရွှံ့မြေခွေးသည်လည်း ဤရက်များမှာ အလွန်သတိကြီးစွာထားခဲ့သည်။ ယခု သူက အနည်းငယ် စိတ်အေးသွားသည့်အခါ သတိမေ့နေသော နတ်သမီးကို ကြည့်လိုက်ပြီး ရွှီချင်းထံသို့ သူ၏ အတွေးများကို အသံပို့လွှတ်လိုက်သည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

ရွှံ့မြေခွေးပြောသွားသော အရာကို သူသည်လည်း အာရုံခံမိခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ် စစ်ဆေးရှာဖွေခံရခြင်းမှ သူလွတ်မြောက်သွားခြင်းမှာ နတ်သမီး၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ်အရှင်သခင်၏ ချိပ်တံဆိပ်ကြောင့် ဖြစ်သည်။

“ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိနေတာလား… ဒါကြောင့် ငါ့ကို အသက်ကယ်ရတနာတစ်ခု ချန်ထားပေးခဲ့တာလား ”

ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။

“ ဒါပေမဲ့… တကယ်လို့ အဲ့ဒါက ကြိုတင်မျှော်မှန်းမှုဆိုရင် အမှားအယွင်းတချို့ သေချာပေါက် ရှိရလိမ့်မယ်… ဘာလို့လဲဆိုတော့ အဲ့ဒီချိပ်တံဆိပ်က ဒြပ်နှောတွေ အရမ်းသိပ်သည်းတဲ့ ဒီအမှတ်လေးကြယ်တာရာစက်ဝန်းထဲမှာ ရေသောက်မြစ်မရှိတဲ့ အပင်တစ်ပင်နဲ့ ဆင်တူတယ် ”

ဤရက်များတွင် ချိပ်တံဆိပ်ကို ထပ်ခါထပ်ခါ အသက်သွင်းခဲ့ပြီးနောက် ယင်းက ဒြပ်နှောများဖြင့် တိုက်စားခံလာရကြောင်း ရွှီချင်း အာရုံခံမိခဲ့သည်။

“ တစ်ကြိမ်စစ်ဆေးရှာဖွေတိုင်း ချိပ်တံဆိပ်က တိုက်စားခံရလိမ့်မယ်… သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်ကို ရောက်ရှိသွားရင် ဒီချိပ်တံဆိပ်က လွင့်ပြယ်သွားလိမ့်မယ် ”

“ အဲ့ဒီအခါကျရင်… ”

စိတ်မသက်မသာဖြစ်သော ခံစားမှုက ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

“ ဒါပေမဲ့ စစ်ဆေးရှာဖွေနေတဲ့ နတ်ဘုရားတွေက အစစ်အမှန်နတ်ဘုရားတွေချည်းပဲ… နတ်ဘုရားအရှင်သခင်က ကိုယ်တိုင်မရှာဖွေဘဲ အမိန့်ပဲ ထုတ်ပြန်ခဲ့တယ်… အဲ့ဒါရဲ့ ဆိုလိုရင်းက စစ်ပွဲက မပြီးဆုံးသေးဘဲ ဆက်လက် ဖြစ်ပွားနေပြီး နတ်ဘုရားအရှင်သခင်က စစ်မြေပြင်ကနေ မထွက်ခွာနိုင်ဘူး ”

“ ငါ့မှာ အချိန်ရှိသေးတယ် ”

“ ငါ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို အပြည့်အဝ ပြန်ဖြည့်တင်းဖို့ အမြန်ဆုံး ဆောင်ရွက်ရမယ်… ပြီးတော့ အမှတ်ငါးကြယ်တာရာစက်ဝန်းဆီ ပြန်ဖို့ ကြယ်တာရာမြေပုံတစ်ခုကို ငါရှာဖွေရမယ် ”

စိတ်ဓာတ်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒီနေရာကတော့… အကြိမ်ပေါင်းများစွာ စစ်ဆေးရှာဖွေခံရပြီးတဲ့နောက် လောလောဆယ် ဘေးကင်းလုံခြုံသွားလောက်ပြီ ”

ရွှီချင်းက နက်နဲစွာ တွေးတောနေစဉ် ရုတ်တရက် နတ်ဘုရားတစ်ပါး၏ နတ်ဘုရားစိတ်အာရုံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ယင်းက ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ ခရမ်းရောင်သလင်းကျောက်တောင်ဆီသို့ ဦးတည်လာနေသည်။

ရွှီချင်း၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ဖုန်မှုန့်အရွယ်အစားသို့ နောက်တစ်ကြိမ် ကျုံ့သွားပြီး နတ်သမီး၏ ဒဏ်ရာထဲမှာ ဝင်ပုန်းအောင်းလိုက်သည်။

သို့သော်လည်း မကြာမီ သူက ဇဝေဇဝါဖြစ်သွားသည်။

အဘယ့်ကြောင့်ဆိုသော် ထိုနတ်ဘုရားစိတ်အာရုံက သိပ်အစွမ်းမထက်ပေ။ ယင်းက အစစ်အမှန်နတ်ဘုရားတစ်ပါးထံမှ မဟုတ်ပေ။ ယင်းအစား အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးထံမှ ဖြစ်သည်။

ထို့ပြင် ၎င်းက ခရမ်းရောင်သလင်းကျောက်တောင်ကို ဖြတ်ကျော်သွားရုံမျှသာ ဖြစ်သည်။ ၎င်း၏ အဓိကပစ်မှတ်က ယခင်က ရွှီချင်းနေထိုင်ခဲ့သော ကြယ်အမှုန်အမွှားတောအုပ် ဖြစ်သည်။

အစစ်အမှန်နတ်ဘုရားတစ်ပါး၏ နတ်ဘုရားစိတ်အာရုံမဟုတ်သရွေ့ နတ်သမီးခန္ဓာကိုယ်၏ အကူအညီမပါဘဲ သူ့ကိုယ်သူ ဖုံးကွယ်နိုင်သည်ဟု ရွှီချင်း ယုံကြည်မှုရှိသည်။

ထိုနတ်ဘုရားစိတ်အာရုံ ထွက်ခွာသွားကြောင်း အတည်ပြုပြီးနောက် သူက နတ်သမီး၏ ဒဏ်ရာထဲမှ ပျံသန်းထွက်လာသည်။ ထို့နောက် သူက နတ်သမီးကို ဖမ်းဆုပ်လိုက်လေရာ သူ၏ မျက်နှာက တင်းမာခက်ထန်သွားသည်။

သူက နတ်သမီးကို အကြင်နာမဲ့စွာ ပါးရိုက်လိုက်သည်။

ဖောင်း…

ကျယ်လောင်သော မြည်သံနှင့်အတူ နတ်သမီး၏ ပါးတစ်ခြမ်းက ဖူးရောင်သွားသည်။ ထိုအခါ သတိမေ့မျောနေသော နတ်သမီးက မျက်လုံးပြူးကျယ်သွားပြီး ရွှီချင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ ၎င်း၏ နှလုံးသားထဲမှာ မကျေချမ်းစိတ်ဖြင့် ပြည့်နှက်သွားသည်။

ရွှီချင်းက မည်သို့ကြောင့် ၎င်းကို ပါးရိုက်ခဲ့ကြောင်း နတ်သမီးသိသည်။ ဤနေရာသို့ တည်နေရာပြောင်းရွှေ့လာခဲ့စဉ် ၎င်းက သဲလွန်စတချို့ကို ချန်ထားခဲ့ကြောင်း သို့မဟုတ် နည်းလမ်းတချို့ကို လျှို့ဝှက်စွာ အသုံးပြုခဲ့ကြောင်း တစ်ဖက်လူက တွေးထင်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်း ထိုသို့မလုပ်ဆောင်ခဲ့ကြောင်း ၎င်းသာလျှင် သိသည်။ အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက မြန်ဆန်စွာ နိုးလာလေရာ ၎င်းမှာ ထိုသို့လုပ်ဆောင်ရန် အခွင့်အရေးမရခဲ့ပေ။

မကျေချမ်းစိတ်က ၎င်း၏ နှလုံးသားထဲမှာ ပွက်ပွက်ဆူလာနေစဉ် ရွှီချင်းအပေါ်ထားသော ၎င်း၏ အမုန်းတရားက အထွတ်အထိပ်သို့ မြင့်တတ်သွားသည်။

သို့တိုင် ၎င်းက ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းထားသည်။

ယခင်က ရွှီချင်းကို ၎င်းကြောက်ရွံ့ခဲ့သည်မှာ ထူးဆန်းသော တာအိုလက်နက်ကြောင့် ဖြစ်သည်။ သို့သော်လည်း အမှန်မှာ ၎င်းသတိပြန်ရနေသည်မှာ ရက်အနည်းငယ်ရှိသွားပြီ ဖြစ်သည်။ ဤရက်အနည်းငယ်အတွင်းမှာ ရွှံ့မြေခွေးကြောင့် ၎င်းက မည်သူ့ထံမှ အကူအညီမတောင်းနိုင်ခဲ့သလို မည်သူ့ကိုမှလည်း မဆက်သွယ်နိုင်ခဲ့ပေ။ သို့တိုင် ၎င်းက ဖြစ်စဉ်အားလုံးကို ရှင်းလင်းစွာ အာရုံခံနိုင်ခဲ့သည်။

ထိုလူယုတ်မာရွှီချင်းက ၎င်းကို လုံးဝ အလွတ်ပေးမည်မဟုတ်ကြောင်း နတ်သမီးသိသည်။ ထို့အတူ ရွှီချင်းက ၎င်းကို သတ်ပစ်လိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ ရွှီချင်းက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရန် ၎င်း၏ အကူအညီကို လိုအပ်နေသေးသည်။

သို့ဖြစ်၍ ကြောက်ရွံ့နေခြင်းက အရေးမပါတော့ပေ။

ယခု ၎င်းက ရွှီချင်းကို အမုန်းမီးလျှံဖြင့် တောက်လောင်နေသော မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်လိုက်သည်။

“ နင်သတ္တိရှိရင် ငါ့ကို သတ်လိုက်လေ ”

“ နင်လုပ်ရဲလား ”

ရွှီချင်းက နတ်သမီးကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ အကြည့်က အေးစက်သွားသည်။ သူက မထူးမခြားနား ပြောသည်။

“ မင်းခမည်းတော်ရဲ့ အမိန့်ထဲမှာ ငါ့ကို အရှင်ဖမ်းဆီးရမယ်လို့ပဲ ပါတယ်… မင်းအသက်ရှင်ရမယ် သေရမယ်ဆိုတာ မပါဘူး ”

နတ်သမီး၏ အမူအရာက အေးခဲသွားသည်။ ၎င်းက စကားပြောတော့မည့်အချိန် ရွှီချင်းက ၎င်းကို နောက်ထပ် အခွင့်အရေးမပေးတော့ချေ။ ၎င်းက ညာလက်ကို တင်းကျပ်စွာ ဖျစ်ညှစ်လိုက်ပြီး နတ်သမီးထံမှ မူလအနှစ်သာရကို စတင်စုပ်ယူလိုက်သည်။

လျှပ်တစ်ပြက်အတွင်းမှာ ဤရက်များတွင် ၎င်း၏ ခန္ဓာကိုယ်ထဲမှာ အသစ်စိမ့်ထွက်လာခဲ့သော မူလအနှစ်သာရများက မြင်းရိုင်းတစ်ကောင်နှယ် ဒုန်းစိုင်းပြေးသွားပြီး ရွှီချင်း၏ လက်ထဲသို့ စီးဆင်းသွားသည်။ ယင်းက သူ၏ အင်မော်တယ်သန္ဓေသားလောင်းနှင့် ဝိညာဉ်ကို အာဟာရဖြည့်ပေးလိုက်ပြီး သူ့ဝိညာဉ်မှ ဒဏ်ရာများကို ပြန်ကုသပေးလိုက်သည်။

နတ်သမီးက အားနည်းသွားပြီး ပြိုလဲကျသွားသည်။ သို့သော်လည်း ၎င်း၏ မျက်လုံးထဲမှ အမုန်းတရားက အသံတိတ်ကျိန်ဆဲမှုအဖြစ် ပြောင်းလဲသွားသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှီချင်း၏ အာဏာစက်က နတ်သမီး၏ ဒဏ်ရာများထဲသို့ ထိုးဖောက်သွားပြီး ၎င်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ အလွန်ပြင်းထန်သော နာကျင်မှုကြောင့် နတ်သမီး၏ ခန္ဓာကိုယ်က လူးလွန့်သွားသည်။ ယင်းက ၎င်း၏ ခန္ဓာကိုယ်ထဲမှ မူလအနှစ်သာရများကို ပိုပြီးတိုးပွားစေသည်။

ရွှီချင်းက ဆက်လက် စုပ်ယူလိုက်သည်။

ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။

ရက်အနည်းငယ်ကြာပြီးနောက် ရွှီချင်း၏ ဒဏ်ရာများ အပြည့်အဝ သက်သာပျောက်ကင်းလုနီးပါး ဖြစ်လာသည့်အခါ နတ်သမီးသည်တော့ အရိုးနှင့် အရေပြားသာလျှင် ကျန်ရှိတော့သည်။

သို့သော်လည်း ယင်းက ရွှီချင်းအား မျက်မှောင်ကြုတ်သွားစေမည့် အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေသည်။

ဤအတောအတွင်းမှာ နတ်သမီးထံမှ မူလအနှစ်သာရကို သူစုပ်ယူနေစဉ် နတ်သမီး၏ ခန္ဓာကိုယ်အခြေအနေက လုံးဝရပ်တန့်သွားဟန် ရသည်။

၎င်းထံမှ ထုတ်လွှတ်ပေးသော မူလအနှစ်သာရပမာဏက တဖြည်းဖြည်း ပိုနည်းပါးလာသည်။

ဖြစ်နိုင်သည်မှာ ၎င်းအပေါ် ရွှီချင်းပေးသော နာကျင်မှုက သိပ်ထိရောက်မှုမရှိတော့ဟန် ရ၏။

ထို့ပြင် အကယ်၍ သူသာ ပိုပြီးပြင်းထန်သော နာကျင်မှုကို ပေးမည်ဆိုလျှင် နတ်သမီးက ယင်းကို မတောင့်ခံနိုင်ဘဲ အချိန်မရွေး သေဆုံးသွားနိုင်လောက်၏။

ကိုယ့်အခြေအနေကို နားလည်သွားသောအခါ နတ်သမီး၏ အမုန်းတရားနှင့် မကျေချမ်းစိတ်က နောက်ဆုံးမှာ ထွက်ပေါက်ရှာတွေ့သွားသည်။ ၎င်းက ရူးသွပ်စွာ ရယ်မောလိုက်သည်။

“ ရွှီချင်း… အခု နင်ဘာတတ်နိုင်သေးလဲ ”

“ နင်ငါ့ကို နှိပ်စက်နိုင်တဲ့ အကန့်အသတ်ကို ရောက်သွားပြီမလား ”

“ နင်ငါ့ကို မသတ်ရဲပါဘူး… ပြီးတော့ နင့်ရဲ့ နှိပ်စက်တဲ့ နည်းလမ်းတွေက ကုန်သွားပြီ… ဒါက နင်တတ်နိုင်တာ အကုန်ပဲလား ”

“ ဒါပေမဲ့ ငါ့ရဲ့ နှိပ်စက်နည်းတွေက အကန့်အသတ်မဲ့တယ်ဆိုတာ နင့်ကို ကြိုပြောထားလိုက်မယ်… တစ်နေ့ နင်ငါ့လက်ထဲ ရောက်လာလို့ကတော့ အခု ငါခံစားခဲ့ရတဲ့ နာကျင်မှုထက် အဆတစ်ထောင်ပိုတဲ့ နာကျင်မှုကို နင့်ကို ပြန်ပေးဆပ်ခိုင်းမယ် ”

ရွှီချင်းက ရူးနှမ်းနေသော နတ်သမီးကို ကြည့်လိုက်သည့်အခါ သူ၏ အကြည့်က အေးစက်သွားသည်။ ထို့နောက် သူက မျက်လုံးမှေးကျဉ်းလိုက်သည်။

သူက ညာလက်ကို မြှောက်လိုက်ပြီး နတ်သမီးကို သိမ်းဆည်းရန် ပြင်လိုက်စဉ် ရွှံ့မြေခွေး၏ ရယ်သံက သူ၏ နားထဲသို့ ရုတ်တရက် ပျံ့လွင့်လာသည်။

“ သခင်လေး… ဒီဟာကို တစ်ချိန်လုံး ငါစောင့်ကြည့်နေခဲ့တာပါ… သူပြောတဲ့အတိုင်းပဲ နင့်ရဲ့ နည်းလမ်းတွေက မလုံလောက်သေးဘူး ”

ရယ်မောသံ ပျံ့လွင့်သွားသည်နှင့် ရွှံ့မြေခွေး၏ ဆွဲဆောင်မှုရှိသော ပုံရိပ်က ရွှီချင်း၏ ဘေးမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက နတ်သမီးဆီသို့ လျှောက်သွားသည်။

သူက နတ်သမီးကို ကြည့်နေရင်း နှုတ်ခမ်းသပ်လိုက်သည်။ သူ၏ မျက်လုံးသည်လည်း စိတ်လှုပ်ရှားမှုဖြင့် ဝင်းလက်သွားသည်။ သူက လက်ချောင်းတစ်ချောင်းကို နတ်သမီး၏ မေးစေ့အောက်မှာ တင်လိုက်ပြီး ပြုံးလိုက်သည်။

“ ငါ့မှာ အကြံတစ်ခုရှိတယ်… ”

နတ်သမီးသည် ရွှံ့မြေခွေးကို မြင်သွားသောအခါ နှလုံးတုန်ယင်သွားသည်။ အထူးသဖြင့် ရွှံ့မြေခွေး၏ မျက်လုံးထဲမှ အကြည့်က ၎င်းကို ချောက်ချားစေသည်။ စိတ်မသက်မသာဖြစ်သော ခံစားမှုက ၎င်း၏ ခန္ဓာကိုယ်ထဲမှာ ပေါ်လျှိုးလာသည်။

All Chapters