နတ်သမီး သေမျိုးလောကသို့ ကျရောက်ခြင်း
Vol. 114 Ch. 1743
“ သခင်လေးရဲ့ အရင်နည်းလမ်းတွေက အရမ်းကြမ်းတမ်းပြီး သိမ်မွေ့ညင်သာမှု လိုအပ်ပါတယ် ”
ရွှံ့မြေခွေးက နှုတ်ခမ်းသပ်လိုက်သည်။ သူက နတ်သမီးထံမှ အကြည့်ပြန်ရုပ်ပြီးနောက် ရွှီချင်းထံသို့ လှည့်လိုက်ပြီး ပြုံးလိုက်သည်။
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။
“ ဒါ့အပြင် ညှဉ်းပန်းနှိပ်စက်တဲ့ လှုံ့ဆော်မှုက ယာယီပဲ အကျိုးသက်ရောက်မှုရှိပါတယ်… အဲ့ဒါက ကျင့်သားရဖို့အတွက် လွယ်ကူပါတယ်… သခင်လေးက နတ်ဘုရားတွေအကြောင်း ကောင်းကောင်း မသိသေးပါဘူး… အထူးသဖြင့် နတ်သမီးတွေအကြောင်းပေါ့ ”
ရွှံ့မြေခွေးက စိတ်လှုပ်ရှားစွာ ရယ်လိုက်သည်။ သူ၏ သေးသွယ်သော လက်ချောင်းများက နတ်သမီး၏ လည်တိုင်အောက်သို့ ဖြည်းဖြည်းချင်း လျောဆင်းသွားသည်။
ထိုသို့အထိအတွေ့က နတ်သမီးကို ချက်ချင်း သတိကြီးစွာထားစေသည်။ ၎င်း၏ ခန္ဓာကိုယ်က ကျောက်ရုပ်သဖွယ် တောင့်တင်းသွားသည်။ ၎င်းက ရွှံ့မြေခွေးကို စိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။
“ အတင့်ရဲလှချည်လား ”
၎င်း၏ အသံထဲမှာ တော်ဝင်သွေးမျိုးဆက်၏ အရှိန်အဝါ ကိန်းအောင်းနေသည်။ ယင်းက သာမန်နတ်ဘုရားများအပေါ် အလွန်အားကောင်းသော ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေသည်။ ယင်းက ရွှံ့မြေခွေး၏ လက်ချောင်းများကို တစ်ခဏ ရပ်တန့်သွားစေသည်။
သို့သော်လည်း မကြာမီ ရွှံ့မြေခွေးက ပိုပြီးစိတ်လှုပ်ရှားလာလေရာ သူ၏ မျက်လုံးက ဝင်းလက်တောက်ပလာသည်။ နတ်သမီးက ပိုပြီးရုန်းကန်လေ သို့မဟုတ် ၎င်းက တော်ဝင်ဆန်မှုကို ပိုပြီးဖော်ပြလေ ရွှံ့မြေခွေးက ပိုပြီးစိတ်အားထက်သန်လေ ဖြစ်သည်။
“ အဲ့ဒါက ငါလိုချင်တဲ့ စိတ်ခံစားမှုပဲ ”
ရွှံ့မြေခွေးက နှလုံးခုန်မြန်လာပြီး ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းလိုက်သည်။ သူက နတ်သမီး၏ နားနားသို့ ကပ်၍ နူးညံ့သိမ်မွေ့သော အသက်ရှူငွေ့ကို ထုတ်လွှတ်လိုက်သည်။
“ ညီမလေး… ဒီအချိန်ကို မမ ဘယ်လောက်တောင် စောင့်ခဲ့ရလဲ သိရဲ့လား… မှတ်ထားနော်… နောက်လာမယ့် အချိန်ကျရင်လည်း ဒီအတိုင်းလေးပဲ နေရမယ်နော်… ဟုတ်ပြီလား ”
ပူနွေးသော အသက်ရှူငွေ့က နတ်သမီး၏ နားကို ပွတ်သပ်သွားသည့်အခါ ၎င်း၏ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ယင်သွားသည်။ အမျိုးအမည်မသိသော အကြောက်တရားက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ ၎င်းက ရွှံ့မြေခွေးနှင့် ဝေးရာသို့ အလိုအလျောက် အနောက်ဆုတ်သွားသည်။
ရွှံ့မြေခွေး၏ စကားက ၎င်းကို ပိုပြီးစိတ်မသက်မသာ ဖြစ်စေသည်။ သို့သော်လည်း ကြောက်ရွံ့မှုကို ဖော်ပြခြင်းက ၎င်း၏ အားနည်းချက်ကို ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း နတ်သမီးသိသည်။
သို့ဖြစ်၍ ၎င်းက ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်ပြီး ရွှံ့မြေခွေးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ ၎င်းက တော်ဝင်သွေးမျိုးဆက်၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ရွှံ့မြေခွေးက တခစ်ခစ် ရယ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာ လှိုဏ်ဂူက ပုံပျက်တွန့်လိမ်သွားပြီး ခမ်းနားထည်ဝါသော အိပ်ခန်းဆောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အိပ်ခန်းဆောင်၏ အလယ်ဗဟိုတွင် ကျောက်စိမ်းဖြူကုတင်တစ်လုံး ရှိသည်။
ရွှံ့မြေခွေး၏ လမ်းညွှန်မှုအောက်မှာ နတ်သမီး၏ ခန္ဓာကိုယ်က ကျောက်စိမ်းဖြူကုတင်ပေါ်သို့ ရွှေ့ပြောင်းခံလိုက်ရသည်။ ၎င်းက ကုတင်ပေါ်မှာ ချုပ်နှောင်ခံလိုက်ရသည်။
နတ်သမီး၏ စုတ်ပြဲနေသော အဝတ်အစားသည်လည်း မှော်ဆန်သော အလင်းရောင်အောက်မှာ ပန်းနုရောင်ဇာဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။
အတွေ့အကြုံကို ပိုပြီးစစ်မှန်စေရန်အလို့ငှာ ရွှံ့မြေခွေးက သူ့ကိုယ်ပိုင် နတ်ဘုရားအနှစ်သာရတချို့ကိုပင် စတေးလိုက်ပြီး နတ်သမီး၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။
သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ခမ်းနားထည်ဝါသော အိပ်ခန်းဆောင်၏ အလယ်မှ ကျောက်စိမ်းဖြူကုတင်ပေါ်တွင် ပန်းနုရောင်ဇာဝတ်စုံကို ဝတ်ဆင်ထားသော နတ်သမီးက ကုတင်ပေါ်မှာ လဲလျောင်းနေလျက် သိမ်မွေ့သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
၎င်း၏ အသားအရေက ယခင်ကဲ့သို့ မွဲခြောက်မနေတော့ဘဲ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးလာသည်။ ၎င်း၏ မျက်လုံးများသည်ပင် ညကောင်းကင်ယံမှ ကြယ်များသဖွယ် တလက်လက် ထွန်းလင်းတောက်ပနေသည်။ ထို့ပြင် အေးစက်မှုနှင့် မဟာဆန်သော တော်ဝင်အရှိန်အဝါက ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။ ၎င်းက ဒေါသထွက်စွာ အော်ပြောလိုက်သည်။
“ အဆင့်နိမ့်နတ်ဘုရားကများ… ဘယ်လိုတောင် ရဲတင်းတာလဲ ”
“ အို ငါ့ညီမက သိပ်လောတာပဲ… မမမှာ ပြင်ဆင်စရာတချို့ ကျန်နေသေးတယ် ”
ရွှံ့မြေခွေးက အလွန်စိတ်လှုပ်ရှားနေလေရာ သူ၏ မျက်လုံးများက လစန္ဒာသဖွယ် ထွန်းလင်းတောက်ပနေသည်။ ဤအခိုက်အတန့်မှာ သူက လက်ဆန့်ထုတ်လိုက်ပြီး ပုလင်းငယ်တစ်လုံးကို လေထဲမှ ဆွဲထုတ်လိုက်သည်။
သူက ရွှီချင်းနှင့် နတ်သမီး၏ အရှေ့တွင် ပုလင်းကို ချေမွလိုက်သည်။ ထိုအခါ အမွှေးဆီက ပုလင်းထဲမှ ထွက်ကျလာသည်။ မွှေးကြိုင်သော ပန်းရနံ့က လေထဲမှာ ပျံ့လွင့်သွားပြီး အိပ်ခန်းဆောင်တစ်ခုလုံးမှာ ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာ အမွှေးနံ့က ရွှံ့မြေခွေး၏ သိမ်မွေ့သော စကားသံနှင့် ရောယှက်သွားသည်။
“ ဒီအမွှေးဆီကို နတ်ဘုရားလောကမှာပဲ ရှင်သန်ကြီးထွားတဲ့ ထူးဆန်းတဲ့ အပင်တစ်ပင်ဆီကနေ ဖော်စပ်ထားတာ ”
“ မမက အဲ့ဒီအပင်ကို စိုက်ပျိုးဖို့ နှစ်တစ်ရာ အချိန်ပေးခဲ့ပြီး အရွယ်ရောက်ဖို့ နှစ်တစ်ထောင် စောင့်ဆိုင်းခဲ့ရတယ်… အဲ့ဒီအပင်ကို တခြားရှားပါးရတနာအမျိုးမျိုးနဲ့ ပေါင်းစပ်ပြီးတော့မှပဲ အခုလို တန်ဖိုးကြီးမားတဲ့ ဒီအမွှေးဆီကို ရလာခဲ့တယ် ”
“ ညီမလေးရဲ့ တော်ဝင်သွေးမျိုးဆက်ကြောင့်မဟုတ်ရင် မမက ဒီဟာကို အသုံးပြုမှာ မဟုတ်ဘူး… ဒီအမွှေးဆီနဲ့ ပန်းဖယောင်းတိုင်တစ်တိုင်ကို ဖန်တီးဖို့ မမ စီစဉ်ထားတယ်… ဒါပေမဲ့ အဲ့ဒီအတွက် မီးစာကို လိုအပ်နေသေးတယ် ”
ရွှံ့မြေခွေးက နူးညံ့စွာ စကားပြောနေရင်း ကုတင်ပေါ်မှာ ချုပ်နှောင်ခံထားရသော နတ်သမီးထံမှ ဆံခြည်မျှင်တချို့ကို ဆွဲနုတ်လိုက်ပြီး ယင်းတို့ကို မီးစာအဖြစ် ရက်လုပ်လိုက်သည်။
နောက်ဆုံးမှာတော့ မီးစာနှင့် အမွှေးဆီက အတူတကွ ပေါင်းစပ်သွားပြီး အစိမ်းရောင်ဖယောင်းတိုင်တစ်တိုင်အဖြစ် ပြောင်းလဲသွားသည်။
နတ်သမီးက ဖယောင်းတိုင်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုအဆင့်နိမ့်နတ်ဘုရားက မည်သည့်အရာကို လုပ်ဆောင်ချင်နေကြောင်း ၎င်းမသိပေ။ သို့သော်လည်း ၎င်း၏ ဗဟုသုတများပေါ်အခြေခံ၍ ခန့်မှန်းမှုတချို့ကို ပြုလုပ်လိုက်သည်။
“ ဝိညာဉ်ချုပ်နှောင်တဲ့ နည်းလမ်းလား… နင်က အဆင့်မြင့်နတ်ဘုရားတွေအကြောင်း ဘာမှမသိသေးပါဘူး ”
နတ်သမီးက အေးစက်စက် ပြောသည်။
ရွှံ့မြေခွေးက နတ်သမီး၏ စကားကို ကြားသောအခါ ပြုံးလိုက်ပြီး လက်ညှိုးညွှန်လိုက်သည်။ ဖယောင်းတိုင်က မီးတောက်လာပြီး အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ဖယောင်းတိုင်က လောင်ကျွမ်းနေစဉ် အမွှေးနံ့က တဖြည်းဖြည်း ပိုသိပ်သည်းလာသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ယင်းက အိပ်ခန်းဆောင်တစ်ခုလုံးတွင် ပြည့်နှက်သွားပြီး နတ်သမီးကို လွှမ်းခြုံသွားသည်။
နတ်သမီးက အမွှေးနံ့ကို တားဆီးရန် ကြိုးစားလိုက်သော်လည်း ယင်းက ၎င်း၏ အရေပြားပေါ်မှ မွေးညင်းပေါက်များမှတဆင့် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနေသည်။ ထိုအခါ ၎င်း၏ အသက်ရှူသံက အနည်းငယ် မြန်ဆန်လာသည်။
ထိုအမွှေးနံ့က တစ်စုံတစ်ခု မူမမှန်ကြောင်း ၎င်းအာရုံခံမိသွားသောအခါ နတ်သမီးက မျက်လုံးမှေးကျဉ်းလိုက်သည်။
သေခြင်းရှင်ခြင်းကပ်ဘေး၏ အလိုအလျောက်တုံ့ပြန်မှုထက် သာလွန်သော နက်ရှိုင်းသည့် စိတ်ခံစားချက်များက ၎င်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ထိုသို့ခံစားချက်ကို ၎င်းမရင်းနှီးပေ။
တစ်ချိန်တည်းမှာ ရွှံ့မြေခွေး၏ အသံက သိမ်မွေ့နူးညံ့စွာ ပဲ့တင်ထပ်လာသည်။
“ ဒီဖယောင်းတိုင်ကို ဖန်တီးဖို့ အသုံးပြုခဲ့တဲ့ အပင်က နှစ်သုံးထောင်ကြာသွားမှ တစ်ခါပန်းပွင့်လေ့ရှိတယ်… ပန်းပွင့်တဲ့အခါတိုင်း ထူးဆန်းတဲ့ မြူခိုးက မိုင်ပေါင်းထောင်သောင်းချီထိ ပျံ့နှံ့သွားလိမ့်မယ် ”
“ အဲ့ဒီမြူခိုးက ဝိညာဉ်ကို တိုက်စားနိုင်ပြီး စိတ်ကူးမယဉ်နိုင်လောက်တဲ့ စိတ်ခံစားမှုတွေကို လှုံ့ဆော်ပေးလိမ့်မယ်… နတ်ဘုရားတွေအတွက်တော့ အဲ့ဒါက သေမျိုးတွေ အသုံးပြုကြတဲ့ မူးယစ်စိတ်ကြွဆေးနဲ့ တူတယ် ”
ထိုစကားက နတ်သမီးကို အပြင်းအထန် တုန်လှုပ်ချောက်ချားစေသည်။ ၎င်းက တော်ဝင်သွေးမျိုးဆက်ကို ချက်ချင်း လှုံ့ဆော်လိုက်ပြီး ၎င်း၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာနေသော ၎င်းမရင်းနှီးသည့် ထိုစိတ်ခံစားမှုများကို ဖိနှိပ်လိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှံ့မြေခွေးက ဖယောင်းတိုင်ကို စောင်းလိုက်သည်။ ယင်းက ဖယောင်းစက်တစ်စက်ကို နတ်သမီး၏ လည်ပင်းပေါ်သို့ ပြုတ်ကျသွားစေသည်။
ဖယောင်းစက်က ၎င်း၏ အရေပြားနှင့် ထိတွေ့သွားသည့်အခိုက် နတ်သမီး၏ လည်ပင်းက ခုံးကြွလာသည်။ ရွှေရောင်မျဉ်းကြောင်းများက ၎င်း၏ ဖြူဖွေးသော အရေပြားပေါ်မှာ ထွန်းလင်းတောက်ပလာပြီး ၎င်း၏ ဖီးနစ်မျက်ဝန်းထဲတွင် စိတ်ခံစားမှုလှိုင်းတချို့ ထွက်ပေါ်လာသည်။
မကြာမီ ၎င်း၏ မျိုးဆက်သွေးစွမ်းအားသည်ပင် ထိုစိတ်ခံစားမှုများဖြင့် ဖိနှိပ်ခံလိုက်ရသည်။
မျိုးဆက်သွေးစွမ်းအား၏ အထောက်အပံ့မရှိတော့သည့်အခါ ၎င်းမရင်းနှီးသော စိတ်ခံစားမှုများက ဆည်ကျိုးသွားသကဲ့သို့ ဒလဟော ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းက ရွှံ့မြေခွေး၏ စိတ်လှုပ်ရှားမှုကို ပိုပြီးအားကောင်းလာစေသည်။
သူက ဖယောင်းတိုင်ကို ရွေ့လျားလိုက်ပြီး နတ်သမီး၏ ခန္ဓာကိုယ်ပေါ်မှ တခြားအစိတ်အပိုင်းများပေါ်သို့လည်း ဖယောင်းစက်များ ချလိုက်သည်။
ဖယောင်းစက်တစ်စက်တိုင်းက နတ်သမီး၏ အသိစိတ်ကို မုန်တိုင်းထန်စေပြီး ထူးဆန်းသော စိတ်ခံစားမှုများကို ၎င်း၏ နှလုံးသားထဲမှာ အဆုံးမဲ့သော လှိုင်းလုံးများသဖွယ် ပေါ်လျှိုးလာစေသည်။
ယင်းက နတ်သမီး၏ ခုခံနိုင်စွမ်းကို ချိုးဖြတ်သွားပြီး ပိုမိုများပြားသော စိတ်ခံစားမှုများကို ထွက်ပေါ်လာစေသည်။
နတ်သမီးက နှလုံးတုန်ယင်သွားသည်။ သို့သော်လည်း ၎င်းက အလျော့ပေးရန် ဆန္ဒမရှိပေ။ ၎င်းက ရွှံ့မြေခွေးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး ဆက်လက် ရုန်းကန်လိုက်သည်။
“ အဆင့်နိမ့်နတ်ဘုရားကများ… ”
ရွှံ့မြေခွေးက မျက်ခုံးပင့်တင်လိုက်သည်။
ရွှီချင်းသည်တော့ ထိုမြင်ကွင်းကို မြင်သွားသောအခါ သူ၏ အမူအရာက ထူးဆန်းသွားသည်။ သူက မတ်တတ်ထရပ်လိုက်သည်။
“ ငါ အပြင်ခဏ သွားလိုက်ဦးမယ် ”
ထိုသို့ပြောပြီးနောက် ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး အပြင်သို့ ထွက်သွားသည်။
ရွှံ့မြေခွေးက ရွှီချင်းကို လှည့်ကြည့်လိုက်လေရာ အနည်းငယ် နောင်တရသွားသည်။ ရွှီချင်းက ဤနေရာမှာ ဆက်နေပြီး စောင့်ကြည့်နေရန် သူမျှော်လင့်ထားခဲ့သည်။ သို့သော်လည်း တစ်ဖက်လူက ထွက်သွားရန် ရွေးချယ်လိုက်မှတော့ သူဘာမှမတတ်နိုင်ပေ။
ထို့ကြောင့် ရွှံ့မြေခွေးက ပြုံးလိုက်ပြီး ပြောသည်။
“ သခင်လေး ဘာမှမစိုးရိမ်ပါနဲ့… မင်းပြန်ရောက်လာတဲ့အခါ အရာအားလုံး ပြည့်စုံနေရပါမယ် ”
ရွှီချင်းက ဘာမှမတုံ့ပြန်ပေ။ သူ၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
ရွှီချင်းထွက်သွားသည်ကို မြင်သောအခါ ရွှံ့မြေခွေးက ဖယောင်းတိုင်ကို အောက်ချလိုက်သည်။ သူက ပျင်းရိစွာ အကြောအခြင်ဖြေလျော့လိုက်ပြီး ခေါင်းမာနေသေးသော နတ်သမီးကို ပြုံးပြလိုက်သည်။
“ သူထွက်သွားတာလည်း တစ်မျိုးကောင်းပါတယ်… တချို့နည်းလမ်းတွေက စောင့်ကြည့်သူမရှိမှ ထုတ်သုံးလို့ရတာ ”
ရွှံ့မြေခွေးက စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ပစ္စည်းအမျိုးမျိုးက လေထဲမှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က ကြိုးများ၊ ညှပ်များ၊ ကြာပွတ်များ၊ ပုလင်းများ၊ အဝတ်ဆို့တစ်ခုနှင့် ကြေးနီရောင်မှန်တစ်ချပ် အစရှိသည်တို့ ဖြစ်ကြသည်။
အမည်မသိရည်ရွယ်ချက်အတွက် အသုံးပြုသော ထိုပစ္စည်းများကို မြင်သွားသောအခါ နတ်သမီးက ထပ်မံ နှလုံးတုန်ယင်သွားသည်။
ရွှံ့မြေခွေးသည်တော့ နှုတ်ခမ်းသပ်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူ၏ ပါးနှစ်ဖက်သည်ပင် နီမြန်းလာသည်။ သူက တခစ်ခစ်ရယ်လိုက်ပြီး သိမ်မွေ့စွာ ပြောသည်။
“ ဘာမှမကြောက်ပါနဲ့ ညီမလေး… ကစားပွဲက အခုမှ အစပဲရှိပါသေးတယ် ”
…..
ထိုစဉ် ရွှီချင်းက ကောင်းကင်ပေါ်မှာ မြန်ဆန်စွာ ပျံသန်းနေသည်။
ဤလောကထံမှ သူချေးငှားထားသော ဒြပ်နှောများနှင့် အရိပ်လေး၏ ဖုံးကွယ်ပေးမှုဖြင့်ဆိုလျှင် အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် သူမတွေ့ဆုံသရွေ့ အချိန်တစ်ခဏကြာအောင် ကိုယ့်ဘာသာ ဖုံးကွယ်နိုင်လိမ့်မည်ဟု ရွှီချင်း ယုံကြည်မှုရှိသည်။
လှိုဏ်ဂူထဲမှ သူထွက်လာရသည့် အကြောင်းအရင်းမှာ ရွှံ့မြေခွေး၏ ထူးဆန်းသော လုပ်ဆောင်မှုများကြောင့်အပြင် အမှတ်ငါးကြယ်တာရာစက်ဝန်းဆီသို့ သူပြန်နိုင်ရန် ကြယ်တာရာမြေပုံတစ်ခုကိုလည်း လိုချင်သောကြောင့် ဖြစ်သည်။
သူက ပစ်မှတ်ကို ရွေးချယ်ထားပြီးပြီ ဖြစ်သည်။
၎င်းက အကြေးခွံနွားသိုးအုပ်စု ကိုးကွယ်ပူဇော်ကြသော ဘုရားကျောင်းထဲမှ လိပ်ပြာနတ်ဘုရား ဖြစ်သည်။
ရွှီချင်း၏ ယခင်စစ်ဆေးမှုအရ ထိုလိပ်ပြာနတ်ဘုရားက အစောပိုင်း နတ်ဘုရားယဇ်ပလ္လင်အဆင့်မှာ ဖြစ်သည်။
ထိုအဆင့် နတ်ဘုရားတစ်ပါးက ရွှီချင်း၏ လက်ရှိတိုက်ပွဲစွမ်းအားအတွက် ဘာမှမဟုတ်ပေ။
သူသတိထားရမည်မှာ ထိုလိပ်ပြာနတ်ဘုရားကို မည်သည့်အချက်ပြမှုမှ မထုတ်လွှတ်နိုင်စေဘဲ မြန်နိုင်သမျှမြန်မြန် အဆုံးသတ်ပစ်ရန် ဖြစ်သည်။
သို့ဖြစ်၍ သူက နေရာမှ ထွက်သွားပြီးနောက် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားရင်း မြန်ဆန်စွာ အရှိန်မြှင့်တင်လိုက်သည်။ ထိုအခါ သူက သာမန်မျက်စိဖြင့် မမြင်နိုင်သော သဏ္ဍာန်မဲ့အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။ အမှန်မှာ သာမန်နတ်ဘုရားစိတ်အာရုံများက သူ့ကို အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။ သူက ကုန်းမြေများနှင့် တောင်တန်းများကို ဖြတ်ကျော်သွားပြီးနောက် နွားသိုးတိုင်းပြည်တည်ရှိသော သလင်းကျောက်လွင်ပြင်ဆီသို့ ရောက်ရှိသွားသည်။
နွားသိုးတိုင်းပြည်၏ အလယ်ဗဟိုမှ ဧရိယာထဲတွင် အစိမ်းရောင်ဘုရားကျောင်းတစ်ကျောင်း တည်ရှိသည်။ ဘုရားကျောင်းထဲတွင် ၎င်းတို့ကိုးကွယ်ကြသော လိပ်ပြာနတ်ဘုရားကို ပူဇော်ပသထားသည်။
လေတိုးဝှေ့သံနှင့်အတူ ရွှီချင်းက မည်သူမှမသိအောင် ဘုရားကျောင်းထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ သူက လိပ်ပြာနတ်ဘုရားရုပ်တု၏ ဦးခေါင်းခွံထဲသို့ တိုးဝင်သွားသည်။
နောက်အခိုက်အတန့်မှာ နတ်ဘုရားရုပ်တုက အပြင်းအထန် တုန်ယင်လာသည်။
၎င်းက ရုန်းကန်နေဟန် ရ၏။ သို့သော်လည်း တစ်ခဏအကြာမှာ ရုပ်တုက ပြန်ငြိမ်သက်သွားသည်။
မကြာမီ ရွှေရောင်သွေးက စီးကျလာပြီး ရုပ်တု၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားကာ နောက်တစ်စက္ကန့်တွင် ရွှေရောင်သွေးက ချက်ချင်း အနောက်ပြန်ဆုတ်သွားသည်။ ဤသည်မှာ အစောနက ဘာမှမဖြစ်ပျက်ခဲ့သည့်အလားပင်။
ဘုရားကျောင်း၏ အပြင်ဘက်တွင် အကြေးခွံနွားသိုးများက ဆက်လက် အရိုအသေပေးနေကြသည်။
ထို့နောက် လိပ်ပြာနတ်ဘုရားက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
ရွှီချင်းက လိပ်ပြာနတ်ဘုရားကို အပြည့်အဝ မဖျက်ဆီးခဲ့ပေ။ ယင်းအစား သူက လိပ်ပြာနတ်ဘုရား၏ အသိစိတ်ကို ဖယ်ရှားပစ်လိုက်ပြီး ၎င်းကို သူဝတ်ဆင်နိုင်သော စစ်ချပ်ဝတ်တစ်ခုအသွင် ပြောင်းလဲစေခဲ့သည်။
ရွှံ့မြေခွေးထံမှ နတ်ဘုရားအရှိန်အဝါကို သူငှားယူခဲ့စဉ်က နည်းလမ်းအတိုင်း ဤလိပ်ပြာနတ်ဘုရားထံမှ အရာအားလုံးကို ယူဆောင်လိုက်သည်။
“ ဒီတော့… ဒီနေရာက အမှတ်ငါးကြယ်တာရာစက်ဝန်းနဲ့ စကြာဝဠာတစ်သောင်း ဝေးကွာနေတာပေါ့… ”
ကြယ်တာရာမြေပုံတစ်ခုက သူ၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။
“ ပြီးတော့ အမှတ်လေးကြယ်တာရာစက်ဝန်းထဲက နတ်ဘုရားတွေရဲ့ အကျင့်စရိုက်က ဝမ်ကူးကုန်းမြေက နတ်ဘုရားတွေနဲ့ အတော်လေး ဆင်တူကြတယ်… နတ်ဘုရားအများစုမှာ ကိုယ်ပိုင်နယ်မြေတွေနဲ့ သူတို့ကို သက်ဝင်ယုံကြည်ကြတဲ့ လက်အောက်ခံမျိုးနွယ်စုတွေ ရှိတယ်… ပြီးတော့ နတ်ဘုရားတွေက နယ်နိမိတ်တွေ သတ်မှတ်ထားကြတယ်… ”
“ ဒီကြယ်ဂြိုလ်ပေါ်က နတ်ဘုရားတွေကလည်း အဲ့ဒီအတိုင်းပဲ… သူတို့ရဲ့ အထက်မှာ ပိုပြီးအဆင့်မြင့်တဲ့ နတ်ဘုရားတွေက သူတို့ကို စောင့်ကြည့်နေကြတယ် ”
“ ဒီကြယ်ဂြိုလ်ကို စောင့်ကြည့်နေတဲ့ တည်ရှိမှုတွေက မိုးကောင်းကင်ပေါ်က မြစိမ်းရောင်အလင်းစက်ဝိုင်း(၃၆၀)ခုပဲ… အဲ့ဒါက အစစ်အမှန်နတ်ဘုရားတစ်ပါးကို မွေးထုတ်ပေးခဲ့ဖူးတဲ့ နတ်ဘုရားကလန်တစ်ခု ဖြစ်တယ် ”
“ အရင်က ငါပြုတ်ကျသွားခဲ့တဲ့ ကျွန်းစုကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာက အဲ့ဒီမှာ လေဟာနယ်လှိုင်းအတတ်အကျတွေ ထွက်ပေါ်နေတာကို အဲ့ဒီနတ်ဘုရားကလန်က အာရုံခံမိသွားလို့ပဲ… ဒါပေမဲ့ အဲ့ဒီလိုအခြေအနေမျိုးက ဒီကြယ်ဂြိုလ်ပေါ်မှာ မကြာခဏ ဖြစ်ပေါ်တတ်တာကြောင့် အဲ့ဒါက သိပ်မထူးဆန်းဘူး ”
“ ဒါ့အပြင် အမှတ်လေးကြယ်တာရာစက်ဝန်းက အရမ်းကျယ်ပြောတယ်… အဲ့ဒါကြောင့် သူတို့က ဒီနေရာမှာ အဲ့လိုတိုက်ဆိုင်မှုမျိုးရှိလိမ့်မယ်လို့ မတွေးကြဘူး ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး တွေးတောလိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး လိပ်ပြာရုပ်တုကို ထိန်းချုပ်လိုက်ကာ ဘုရားကျောင်း၏ အပြင်ဘက်သို့ ပျံသန်းသွားသည်။
အပြင်ဘက်မှာ သူထွက်ပေါ်လာသည့်အခါ မရေမတွက်နိုင်သော နွားသိုးများက မြေပြင်ပေါ်မှာ ဝပ်တွားလိုက်ကြသည်။
ရွှီချင်းက ၎င်းတို့ကို လျစ်လျူရှုလိုက်သည်။ ထို့နောက် သူက အတောင်ပံများ ဖြန့်ထုတ်၍ ကောင်းကင်ပေါ်သို့ ပျံတတ်သွားကာ သူ၏ လှိုဏ်ဂူတည်ရှိသော ခရမ်းရောင်သလင်းကျောက်တောင်ဆီသို့ ပြန်သွားသည်။
“ ရွှံ့မြေခွေးက နတ်သမီးရဲ့ မူလအနှစ်သာရချိပ်တံဆိပ်ကို ဖြေလျော့ပေးနိုင်မလား ငါသိချင်မိတယ်… ”
ရွှီချင်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
…..
ထိုစဉ် ခရမ်းရောင်သလင်းကျောက်တောင်ပေါ်မှ လှိုဏ်ဂူထဲတွင် ဖယောင်းတိုင်မီးအလင်းရောင်က မှိတ်တုတ်မှိတ်တုတ် ထွန်းလင်းနေသည်။
ညှို့ဓာတ်ပြင်းသော လေထုက အိပ်ခန်းဆောင်ထဲမှာ ပြည့်နှက်နေသည်။
ကျောက်စိမ်းဖြူကုတင်ပေါ်တွင် နတ်သမီး၏ ဖြူဖွေးသော အသားအရေက နီမြန်းနေပြီး ၎င်း၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်ယင်နေသည်။
၎င်းက ပန်းနုရောင်ဇာဝတ်စုံကို ဝတ်ဆင်ထားဆဲပင်။ သို့သော်လည်း ယခု ၎င်း၏ ခန္ဓာကိုယ်က ကြိုးများဖြင့် ရစ်ပတ်ခံထားရပြီး ရှုပ်ထွေးသော ကြိုးအထုံးများစွာဖြင့် ချည်နှောင်ခံထားရသည်။
ကြိုးအထုံးတစ်ခုစီက ပြီးပြည့်စုံသော အမှတ်တစ်ခုတွင် တည်ရှိပြီး အချုပ်အနှောင်သင်္ကေတတစ်ခုကို ဖွဲ့စည်းထားသည်။
၎င်းကို ရစ်ပတ်ထားသော ကြိုးများက အစီအရင်တစ်ခုပုံစံ တည်ရှိနေကြသည်။ ယင်းက နတ်သမီး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အတူတကွ ပူးတွဲချည်နှောင်ထားသည်။ ၎င်းက ပိုပြီးရုန်းကန်လေ ကြိုးများက ပိုပြီးတင်းကျပ်လာလေ ဖြစ်သည်။ ဤသည်မှာ မရေမတွက်နိုင်သော သဏ္ဍာန်မဲ့လက်များက ၎င်း၏ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ဖျစ်ညှစ်ထားသည့်အလားပင်။
ထိုကြိုးများကို ဖန်တီးထားသော ပစ္စည်းများသည် သာမန်မဟုတ်ပေ။ ယင်းတို့က သက်တံ့အလင်းရောင် ထွန်းလင်းတောက်ပပြီး အိမ်မက်ဆန်သော မှော်အငွေ့အသက်ကို ပေးသည်။
ရှင်းလင်းစွာပင် ယင်းတို့ကို တမူထူးခြားသော မှော်ဝင်ပစ္စည်းများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုကြိုးများဖြင့် ချည်နှောင်ခံလိုက်ရသူသည် အဆုံးမဲ့သော ပုံရိပ်ယောင်လောကထဲသို့ ကျရောက်သွားလိမ့်မည်။
အလွန်အားကောင်းသော စိတ်မသက်မသာခံစားရမှုက နတ်သမီးကို ဆက်တိုက် လှုံ့ဆော်နေသည်။ ယင်းက ၎င်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်မရအောင် အပြင်းအထန် တုန်ယင်စေသည်။ ၎င်းက ထိုစိတ်ခံစားမှုများထဲမှ လွတ်မြောက်ရန် ရုန်းကန်ချင်သည်။ သို့သော်လည်း ထိုကြိုးများက ၎င်း၏ လှုပ်ရှားမှုများကို ကန့်သတ်ထားသည်။
၎င်းကို ပိုပြီးထိတ်လန့်ချောက်ချားစေသည်မှာ ၎င်း၏ အပေါ်မှာ လွင့်မျောနေသော ဧရာမကြေးနီမှန်ဖြစ်သည်။
နတ်သမီး မျက်လုံးဖွင့်လိုက်သည့်အခါတိုင်း ၎င်း၏ ပုံရိပ်ပြန်မှုက ကြေးမုံပေါ်မှာ ထွက်ပေါ်လာလိမ့်မည်။
စိတ်ပိုင်းဆိုင်ရာ ချောက်လှန့်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ကသိသအောက်ဖြစ်မှုက နတ်သမီး၏ သည်းခံနိုင်စွမ်းအကန့်အသတ်ကို ရိုက်ချိုးဖျက်ဆီးပစ်နေသည်။
နောက်ဆုံးမှာတော့ ရွှံ့မြေခွေးက ဖယောင်းတိုင်ကို နောက်တစ်ကြိမ် ကောက်ယူလိုက်ပြီး နတ်သမီး၏ ခန္ဓာကိုယ်ပေါ်သို့ ဖယောင်းစက်တစ်စက် ချလိုက်သည်။
ထိုအခါ နတ်သမီး၏ အသိစိတ်က ဝုန်းခနဲ ပေါက်ကွဲသွားသည်။
၎င်း၏ ခုခံနိုင်စွမ်းအားလုံးက ကျိုးပျက်သွားလေရာ မရေမတွက်နိုင်သော မီးလျှံစီးကြောင်းများက ၎င်း၏ မျက်လုံးထဲမှာ ရောင်ပြန်ဟပ်လာသည်။ တစ်ချိန်က ၎င်း၏ မျက်လုံးထဲမှာရှိနေခဲ့သော ကြယ်အလင်းရောင်က ယခု တဖြည်းဖြည်း ပြန့်ကျဲသွားပြီး နောက်ဆုံးမှာ အက်ကွဲနေသော နတ်ဘုရားသင်္ကေတနှစ်ခုအဖြစ် ဖွဲ့စည်းသွားကြသည်။ ထို့နောက် စိတ်ခံစားချက်လှိုင်းလုံးများ၏ ဝါးမျိုမှုအောက်မှာ ယင်းတို့က ဖုန်မှုန့်အဖြစ် ပျောက်ကွယ်သွားကြသည်။
ထို့ကြောင့် နောက်အခိုက်အတန့်မှာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ မုန်းတီးမှု အစရှိသော စိတ်ခံစားချက်များနှင့် လိုအင်ဆန္ဒများက နတ်သမီး၏ နှလုံးသားထဲမှာ ဒလဟော ထွက်ပေါ်လာကြသည်။
၎င်း၏ အတိတ်မှ အတွေ့အကြုံများက ဤအခိုက်အတန့်မှာ လုံးဝ ကွဲပြားခြားနားသွားဟန် ရသည်။ ဤသည်မှာ အဖြူအနက်ပုံရိပ်များက အရောင်အသွေးရှိလာသည့်အလားပင်။ တစ်ချိန်တည်းမှာ ယခင်က ၎င်းတစ်ခါမှ မခံစားခဲ့ဖူးသော အရသာက ပေါ်လျှိုးလာသည်။
နတ်သမီး၏ အသိစိတ်က လုံးဝပြိုကွဲသွားပြီး ဝေဝါးသွားနေစဉ် သိမ်မွေ့သော အသံတစ်သံက ပဲ့တင်ထပ်လာသည်။
“ သေမျိုးလောကကနေ ကြိုဆိုပါတယ် ညီမလေး ”
ရွှံ့မြေခွေးက ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းညွတ်လိုက်ပြီး နတ်သမီး၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။