အခန်း (၅၆၉)
Vol. 39 Ch. 569
“ထွက်ပြေးသွားတာလား။ ဟမ့်”
ရောရုဝအရှင် ထွက်ပြေးသွားသည့် တည်နေရာကို လှမ်းကာကြည့်ရှု ပြီးသည့်နောက် တိုင်ချူးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ဖြူလျော်လျက်ရှိနေပြီး အချိန်မရွေး သွေးများ အန်ထွက်တော့မည့်ပုံပင်။
မုန့်ရှင်းကျီသည် သတ်ဖြတ်ခြင်းအစီအရင်ကို ထိန်းချုပ်ထားသောကြောင့် တိုင်ချူးသည် အထက်စီးမှ တိုက်ခိုက်နိုင်ခဲ့သည် ဆိုသော်လည်း အခြေအနေမှာတော့ မကောင်းလှချေ။ သူသည် ဆက်တိုက်ဆိုသလိုပဲ တစ်ဖက်လူနှင့် တိုက်ခိုက်ခဲ့ရ၏။ ထို့ကြောင့် ဒဏ်ရာ ဗလပွဖြင့်ဖြစ်လို့နေ၏။
ရောရုဝအရှင် ထွက်ပြေးသွားခြင်းသည် တကယ်တမ်း အခြေအနေမှာတော့ အကောင်းဆုံးပင် ဖြစ်၏။ အနည်းဆုံး ရောရုဝအရှင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပျက်စီးသွားခဲ့၏။ အချိန်အတိုင်းအတာတိုအတွင်း ပြန်လည် ဖြစ်တည်လာလိမ့်မည် မဟုတ်ချေ။
တိုင်ချူးအနေနှင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ပြန်လည်ကာ အားမွေးရန် လိုအပ်နေ၏။ ရောရုဝအရှင် ထွက်ခွာသွားခဲ့သည်ဆိုသော်လည်း ရောရုဝပြည်၏ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သည့် လက်ကျန် အရင်းအမြစ်များမှာ ကျန်ရစ်နေသေး၏။ ထိုရတနာများကို အမှီအခိုပြုပြီးသည့်နောက် ရောရုဝအရှင် မည်သည့်နေရာတွင် ရှိနေကြောင်း စီနီယာနန်းဆောင်သခင် ဆီမှတဆင့် လွယ်လွယ်ကူကူနှင့် ရှာဖွေ၍ ရလိမ့်မည်ဟု တိုင်ချူးက ယုံကြည်ထား၏။ ရောရုဝအရှင်သည်သာ ချက်ချင်း ပြန်လည် အားမကောင်းလာဘူး ဆိုပါက တိုင်ချူးသည် တစ်ဖက်လူကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် ယုံကြည်ချက် ရှိလို့နေ၏။
“စီနီယာ”
ထာဝရ အစစ်အမှန် အင်မော်တယ်သည် အနားဆီမှ လှမ်းကာချဉ်းကပ်လာခဲ့၏။ သူသည် သတိအပြည့်နှင့်ပင် ဖြစ်လို့နေ၏။ သူ၏နတ်ဘုရား အသိအမြင်များကို အပြင်ဘက်သို့ လှမ်းကာ ကြည့်ရှုလိုက်သော်လည်း ချုပ်နှောင်ခြင်းကို ခံထားရ၏။ တိုင်ချူး၏ ရှေ့သို့ရောက်ရှိသည့် အချိန်မှာတော့ သူက မေးလိုက်သည်။ “စီနီယာ ... အဆင်ပြေရဲ့လား”
“ကံကောင်းလို့ပေါ့ကွာ”
တိုင်ချူးသည် လက်ကိုယမ်းခါလိုက်၏။ သူသည် အဆင်ပြေပါသည်ဆိုသည့် အမူအရာမျိုးကို ပြုလုပ်ပြလိုက်သည်။ ပြီးနောက် လေးလေးနက်နက် ပြောဆိုလိုက်၏။ “ရောရုဝအရှင် ထွက်ပြေးသွားတာ နှမျောစရာပဲ”
“အင်း.. ဒီလိုခန့်မှန်းလို့ မရတဲ့ ရန်သူတစ်ယောက်ကို ထွက်ခွာသွားစေတာက နောင်တတရားတွေနဲ့ ဖြစ်လာနိုင်တယ်။ ကျုပ်တို့ သူပြန်ပြီးအားမမွေးနိုင်ခင်မှာ ရှာတွေ့ဖို့ လိုအပ်တယ်။ နောက်တစ်ကြိမ် ရောရုဝအရှင်နဲ့ ရင်ဆိုင်တွေ့ပြီဆိုရင် ကျိန်းသေပေါက် သူက အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ရင် ရောက်နေနိုင်လိမ့်မယ်” ထာဝရ အစစ်အမှန် အင်မော်တယ်က ပြောလိုက်သည်။
ရောရုဝအရှင်၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းကြောင်း မျက်ဝါးထင်ထင် တွေ့ခဲ့ပြီးဖြစ်၏။ ရှင်းလင်းစွာပင် ထိုသူသည် တိုင်ချူးကို ဖိနှိပ်နိုင်စွမ်းရှိ၏။ တိုင်ချူးသည် အန္တိမကျင့်ကြံခြင်း အဆင့်၏ ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေသည့် လူတစ်ယောက်လည်း ဖြစ်သည် မဟုတ်ပါလား။
ရောရုဝအရှင်သည် ကျိန်းသေပေါက် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူ ယုံကြည်မိ၏။ ထိုအဆင့်ဆီသို့ ရောက်သည်ဆိုပါက ကျိန်းသေပေါက် လောကကြီးတစ်ခုလုံးကို ဗြောင်းဆန်အောင် ပြုလုပ်ပေတော့မည်။ မြေအင်မော်တယ်လောကကြီးတစ်ခုလုံး၊ ခရမ်းရောင်နက်နဲလောက နှင့် ကောင်းကင်မူလလောက ... အရာအားလုံးတို့သည် ၎င်း၏ကပ်ဘေးဆီမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
“စီနီယာ... နှောင့်နှေးမနေတာ ကောင်းမယ်နဲ့တူတယ်။ ကျုပ်တို့ ဘာလို့ သူ့နောက်ကို မလိုက်ရမှာလဲ” ထာဝရ အစစ်အမှန် အင်မော်တယ်သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ အကြံပြုလိုက်၏။
“နောက်ကျသွားမှာ စိုးရတယ်”
တိုင်ချူးသည် ခေါင်းကို ခါယမ်းလိုက်၏။ လက်ရှိ သတ်ဖြတ်ခြင်း အစီအရင်ထဲတွင် သူသည် ရောရုဝအရှင်၏ အမြန်နှုန်းကို အမှီလိုက်နိုင်သည် ဆိုသော်လည်း အစီအရင်၏ အပြင်ဘက်ကို ထွက်ခွာသွားသည်ဆိုပါက ကျိန်းသေပေါက် လိုက်လံဖမ်းယူရန် မဖြစ်နိုင်ချေ။
“အင်း.. ဘာပဲဖြစ်ဖြစ် လက်ခံရတော့မှာပေါ့”
ထာဝရ အစစ်အမှန် အင်မော်တယ်က မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်၏။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ လမ်းညွှန်မှုအောက်မှ ရောရုဝအရှင်တောင်မှ လောကကြီးရဲ့ အဆုံးဘက်ကို ထွက်ပြေးသွားရတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ လိုက်ရှာလို့တော့ ရပါသေးတယ်”
“အမှန်ပဲ”
တိုင်ချူးက ခေါင်းညိတ်လိုက်၏။ “ရောရုဝအရှင်က ကျုပ်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားတယ်၊ နောက်ထပ် နှစ်တစ်ထောင်လောက်အတွင်း သူ နောက်ထပ် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ဖို့ အားအင်ရှိမှာ မဟုတ်ဘူး”
ပြောနေတုန်းမှာပဲ တိုင်ချူးသည် ဤတစ်ကြိမ်တွင် ရောရုဝအရှင်နှင့် မည်သို့ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခဲ့ရကြောင်း သတိရသွားမိသည်။ ထိုသို့ တိုက်ခိုက်နိုင်ခဲ့သည်မှာ တော်ဝင်အင်ပါယာတစ်ယောက်၏ အကူအညီကြောင့်ပင် ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ပြသမှု၊ အောက်တွင် ရှိနေသည့် လူတစ်ယောက်၏ သတ်ဖြတ်ခြင်းအစီအရင် ကူညီမှုကြောင့်သာ မဟုတ်ပါက တိုင်ချူးသည် ယနေ့အချိန်တွင် သေဆုံးသွားနိုင်ခဲ့၏။ သို့ပေမဲ့ အခြေအနေအားလုံးကို ပြန်လည်ကာ သုံးသပ်ပြီးသည့်နောက် သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ တည်ငြိမ်သွားခဲ့သည်။
သူတို့နှင့် မနီးမဝေးတွင်တော့ မုန့်ရှင်းကျီသည် လျှပ်စီးကဲ့သို့ပင် လှုပ်ရှားလျက် ရှိနေ၏။ များပြားလွန်းလှပြီး ပြိုလဲလျက် ရှိနေသည့် နန်းဆောင်များဆီသို့ လှည့်လည်ကာ သွားလာရင်း အရာပစ္စည်းများကို လိုက်လံ ကောက်ယူနေ၏။
ခဏအတွင်းမှာပဲ မုန့်ရှင်းကျီသည် ထက်ရှလှသည့် ဓားတစ်စင်းကို သိမ်းဆည်းလိုက်၏။ ဤရှေးဟောင်းဓားကြီးသည် ဆန်းကြယ်လွန်းလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး အမဲရောင် တောက်နေ၏။ မည်သည့်အရာနှင့် ဖန်တီးပြုလုပ်ထားခြင်းမသိချေ။ တိုင်ချူးနှင့် ရောရုဝအရှင်တို့၏ တိုက်ပွဲကြောင့် ပျက်စီးမှုများသည် များများစားစား ဖြစ်တည်ခဲ့၏။ ထိုပျက်စီးမှုများကြားတွင် ထင်ပေါ်လာခဲ့သည့် လက်နက်များသည် သာမန်ပစ္စည်းမျိုး မဟုတ်တာသေချာသည်။
“ကံကောင်းတဲ့နေ့ပဲ”
မုန့်ရှင်းကျီသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ ရောရုဝတွင် သာမန်ထက်ပိုသော အမွေအနှစ်များ တည်ရှိနေကြောင်းကို သိရှိပြီးဖြစ်၏။ သို့ပေမဲ့ ဤမျှ များပြားနေမည်ဟု မထင်မှတ်ခဲ့ချေ။ အပျက်အစီးများကြား ထဲတွင် သူသည် များပြားလွန်းလှသည့် ရတနာများကို ရှာဖွေတွေ့ရှိ၏။ ထိုထဲတွင် အစစ်အမှန် အင်မော်တယ်အဆင့်ပစ္စည်းများ၊ တချို့ အန္တိမအဆင့် ပစ္စည်းများပင်လျှင် ပါဝင်လျက်ရှိနေ၏။
ယနေ့ရရှိထားသည့် အရာအားလုံးကို ပေါင်းစပ်သည်ဆိုပါက စီနီယာဆီမှ သတ်ဖြတ်ခြင်းအစီအရင်တစ်ခုကို လွယ်လွယ်ကူကူနှင့် ဝယ်ယူနိုင်၏။ ဤတိုက်ပွဲသည် စီနီယာနန်းဆောင်သခင်၏ အားအင်အဆင့်ကို စိတ်ထဲတွင် ထင်ပေါ်စေခဲ့သည့် တိုက်ပွဲသာ ဖြစ်၏။ စီနီယာ၏ လမ်းညွှန်ပြသမှုနှင့်အတူ သတ်ဖြတ်ခြင်း အစီအရင် တစ်ခုကိုသာ မရရှိထားပါက ဖြစ်ပေါ်လာနိုင်သည့် တိုက်ပွဲ၏ရလဒ်သည် အလုံးစုံ ခြားနားသွားမှာ ဖြစ်သည်။
“အင်း.. တကယ့်ကို ကောင်းမွန်တဲ့အနာဂတ်ပဲ” မုန့်ရှင်းကျီက တီးတိုးရေရွတ်လိုက်၏။
ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွား၏။ လုံးဝန်းဝန်းနှင့် ငွေရောင်အရာလေးတစ်ခုသည် တည်နေရာတစ်ခုထဲတွင် တည်ရှိနေသည်ကို သူက မြင်လိုက်ရ၏။ ခဏအတွင်းတွင် မုန့်ရှင်းကျီသည် ထိုအရာ၏ မျက်နှာပြင်ဘက်တွင် အစိမ်းရောင် အလင်းတန်းများ ထွန်းတောက်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်၏။ သို့ပေမဲ့ ထပ်မံ ကြည့်ရှုလိုက်ချိန်မှာတော့ ထိုပုတီးစေ့သည် သာမန်ဖြစ်သွားပုံပင်။ ဘာတစ်ခုမှ ထပ်ဖြစ်မလာခဲ့ချေ။
“ဒါ ရတနာတစ်ခုခု ဖြစ်နိုင်တယ် မဟုတ်လား”
မုန့်ရှင်းကျီသည် အသာလှမ်းပြီးသည့်နောက် ပုတီးစေ့ကို ကောက်ယူလိုက်၏၊ အသွင်အပြင်ကို ကြည့်ရမည်ဆိုလျှင် ထူးခြားသည့်အရာ မဟုတ်ချေ။ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ရှိနေသည့် သာမန်ဆန်လွန်းလှသော အမြူတေတစ်ခုကဲ့သို့ပင်။
“ဘာပဲဖြစ်ဖြစ်”
မုန့်ရှင်းကျီက သက်ပြင်းချလိုက်သည်။ “ဒါကိုယူသွားပြီး စီနီယာနန်းဆောင်သခင်ကို မေးရမယ်။ ဒီပုတီးစေ့က ဘာလဲဆိုတာ သူသိနိုင်လောက်တယ်”
“တာအိုရောင်းရင်း”
အဝေးတစ်နေရာတွင်တော့ တိုင်ချူးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်တို့သည် ဘေးချင်းယှဉ်ကာ တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့၏။
“ဟမ်” စကားသံကို ကြားရသည့် အချိန်မှာတော့ မုန့်ရှင်းကျီ၏ အမူအရာ တစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ လက်ထဲတွင် ရှိနေသည့် အမြူတေကို ဖွက်ထားလိုက်၏။ အရင်ဦးဆုံး သူစီရင်ထားသည့် အစီအရင်ကို တစ်စစီ ပြန်လည်ကာ မဖြုတ်ရသေးချေ။ အကြောင်းအရင်းအားဖြင့် ရောရုဝ အရှင်တစ်ယောက် တန်ပြန်တိုက်ခိုက်မှု ပြုလုပ်လာမည်ကို ကာကွယ်ထားချင်သောကြောင့်ပင်။
ထို့အပြင် ရောရုဝအရှင်၏ အားအင်အဆင့်သည် ခန့်မှန်းလို့ မရအောင် အားကောင်းလွန်း၏။ ထို့ကြောင့် အစီအရင်၏ ထောက်ပံမှုသာ မရှိပါက ရန်ဘက်က ပြန်လည်ကာ တိုက်ခိုက်မည်ဆိုလျှင် ဤနေရာတွင် ရှိနေသည့် လူများအားလုံး ကျိန်းသေပေါက် သေဆုံးသွားပေလိမ့်မည်။ တိုင်ချူးမှလွဲလျှင် ကျန်သူများသည် တစ်ဖက်လူ၏ တိုက်ခိုက်ချက်တစ်ခုကိုပင် တားဆီးထားနိုင်စွမ်းမရှိကြောင်း ကောင်းကောင်း နားလည်သည်။
တခြားသော အကြောင်းအရာအားဖြင့် အစီအရင် ထားရှိခြင်းဖြင့် အကျိုးကျေးဇူးများစွာ တည်ရှိနေခဲ့၏။ ဤအရာသည် နတ်ဘုရားအသိအမြင်များ ဖြန့်ကျက်ခြင်းကို တားမြစ်ထားနိုင်သောကြောင့် အန္တိမအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် အတွင်းသို့ သေချာကြည့်ရှု၍ မရနိုင်ခဲ့ချေ။
အစီအရင်အတွင်းတွင် မုန့်ရှင်းကျီသည် တကယ့်ကို ကောင်းမွန်သည့် အခြေအနေတစ်ခု တည်ရှိလို့ နေခဲ့၏။ သူသည် လျှို့ဝှက်စွာ ဆောင်ရွက်လို့လည်းရ၏။ တိုင်ချူးပင်လျှင် သူဘာလုပ်ခဲ့သည် ဖြစ်ကြောင်းကို ကောင်းကောင်း မမြင်ခဲ့ရချေ။ ဤနည်းလမ်းဖြင့် သူသည် သူပိုင်ဆိုင်သမျှကို ယူဆောင်သွားမည့် တိုင်ချူး၏ အလိုလောဘ အားလုံးကို ရှောင်ရှားပြီးသား ဖြစ်ပေလိမ့်မည်။ သူသာ တခြားသူတစ်ယောက်၏ နေရာမျိုးတွင် ဆိုလျှင်လည်း ကျိန်းသေပေါက် ချမ်းသာကြွယ်ဝမှုများကို မက်မောမှာ သေချာ၏။
သဘာဝအားဖြင့် တိုင်ချူးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်တို့သည် ထိုသို့ ကျိန်းသေပေါက် ပြုလုပ်ရန် ရည်ရွယ်ချက် ရှိနေနိုင်၏။ ကျိန်းသေပေါက် သူ့ကို ရိုက်နှက်ပြီးသည့်နောက် သူ့တွင် ရှိနေသည့် ပစ္စည်းများ အားလုံးကို ယူဆောင်သွားမည့် ဘေးအန္တရာယ်မျိုးမှ ကာကွယ်နိုင်ရန်အဝွက် သူသည် သတိအပြည့်ထားမှ ဖြစ်ပေလိမ့်မည်။