← Chapters

အခန်း (၅၇၁)

Vol. 39 Ch. 571

အခန်း (၅၇၁)

Vol. 39 Ch. 571

နောက်ဆုံးလက်ကျန် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးသည် လုချန်းဖန်၏ လက်ထဲတွင်သာ တည်ရှိနေပြီး ရောရုဝပြည်တွင် ရှိနေသည့် မသေမျိုးများ အားလုံးကို ထိန်းချုပ်နိုင်မည်ဆိုပါက ကျိန်းသေပေါက် မြေအင်မော်တယ်လောကကြီးကို လာရောက်ကာ လွှမ်းမိုးပေဦးမည်။ ကောင်းကင်မူလလောကကြီးသို့လည်း သက်ရောက်ပေလိမ့်မည်။

သူတို့သာ မဖျက်ဆီးနိုင်ဘူး ဆိုပါက လောကအသီးသီးတို့သည် ဆိုးရွားသည့် ခံစားမှုများကို ရရှိပေလိမ့်မည်။ အင်မော်တယ်ဘုရင်တစ်ယောက် ဝင်ရောက်လှုပ်ရှားခြင်းမျိုး မရှိပါက ......။

ဥပမာအားဖြင့် စီနီယာနန်းဆောင်သခင်ပင်။ ထိုကဲ့သို့သောလူသာ ဝင်ရောက်လှုပ်ရှားမှု မရှိပါက ကျိန်းသေပေါက် မည်သူမှ ယှဉ်ပြိုင်တိုက်ခိုက်၍ ရလိမ့်မည် မဟုတ်ချေ။ စီနီယာတိုင်ချူး ကိုယ်တိုင်ပင်လျှင် ဤအရာကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

ရောရုဝ၏ အရှင်သည် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်မလာဘူး ဆိုလျှင်တောင်မှ ၎င်း လှမ်းလျှောက် ခဲ့သည့် လမ်းစဉ်သည် တကယ့်ကို ရှည်လျားလွန်းလှပြီး ကြီးကျယ်ခမ်းနားလှသည့် အရာမျိုးပင် ဖြစ်၏။ မလုပ်နိုင်သည့် အကြောင်းအရာဟူ၍ အနည်းငယ်သာလျှင် ရှိပေလိမ့်မည်။

“စီနီယာတိုင်ချူး”

ပြိုပျက်လျက် ရှိနေသည့် နန်းတော်၏ အတွင်းမှာတော့ ထာဝရ အစစ်အမှန် အင်မော်တယ် သည် တို်ငချူးကို အသာလှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် အနားသို့ ချဉ်းကပ်ကာဖြင့် မေးလိုက်သည်။ “ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံး ဘယ်နေရာမှာ ရှိနေလဲဆိုတာ တွေ့ပြီလား”

တိုင်ချူးသည် မည်သည့်စကားမှ မတုံ့ပြန်ခဲ့ချေ။ ခေါင်းကိုသာ အသာခါယမ်းပြလိုက်၏။

“ဒါက .....”

အခြေအနေကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ထာဝရ အစစ်အမှန် အင်မော်တယ်၏ အမူအရာ တစ်ခုလုံးက အေးခဲသွားခဲ့၏။ သူသည် သက်ပြင်းကို အသာချလိုက်၏။ “ဘယ်လိုလုပ်ကြမလဲ။ ဝိညာဉ် ဆင့်ခေါ်ခြင်း ပုတီးလုံးကိုသာ ရှာမတွေ့ဘူးဆိုရင် မြေအင်မော်တယ်လောကနဲ့ ကောင်းကင်မူလလောကကြီး တို့ရဲ့ အနာဂတ်က ကျိန်းသေပေါက် ပြဿနာ တက်နိုင်တယ်”

ထိုစကားကို ပြောပြီးသည့်နောက် ထာဝရ အစစ်အမှန် အင်မော်တယ်သည် ခေါင်းကိုမော့ကာဖြင့် ဆက်ပြောလိုက်သည်။

“ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားပြီးတော့ ဂုဏ်ယူရလောက်တဲ့ စီနီယာနန်းဆောင်သခင်ကို မေးမှပဲ ရတော့မယ်။ သူ့ဆီမှာ လက်ကျန် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကို ရှာဖို့နည်းလမ်း ရှိလိမ့်မယ်”

“ရောရုဝပြည်မှာ အရင်းအမြစ်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ အရင် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြောင့် အလုံးစုံ ဖျက်ဆီးခံရလုနီးပါး ဖြစ်ခဲ့တယ်။ အခု လက်ကျန် အရင်းအမြစ်တွေကို သိမ်းဆည်းပြီးတဲ့နောက်မှာ ရောရုဝအရှင် ဘယ်မှာရှိလဲဆိုတာကို ရှာဖွေဖို့ လိုအပ်လာခဲ့တယ်” တိုင်ချူးက ဖြည်းညှင်းစွာ ပြောလိုက်၏။ သူသည် စကားကို ဆုံးအောင် မပြောခဲ့ချေ။ သို့ပေမဲ့ သူ၏ အဓိပ္ပာယ်က ရှင်းလင်းလှ၏။

ယခင်ဖြစ်ခဲ့သည့် တိုက်ပွဲသည် တကယ်ပင် ကြမ်းတမ်းလွန်းလှ၏။ မိုးကောင်းကင်ကိုပင် ပျက်စီးလုမတတ်ပင်။ သဘာဝအားဖြင့် တိုက်ခိုက်မှု၏ အလယ်ဗဟိုတွင် တည်ရှိနေသည့် ရောရုဝပြည်ကြီး တစ်ခုလုံးသည် အပျက်အစီးပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ မြေပြင်တစ်ခုလုံးသည် မွစာကျဲလျက်ပင် ရှိလို့နေသည်။

ကံကောင်းစွာဖြင့် မုန့်ရှင်းကျီသည် အစီအရင်တစ်ခုကို ထုတ်ဖော် အသက်သွင်းခဲ့သောကြောင့် တချို့သော အကြွင်းအကျန်များ ကျန်ရှိခဲ့ခြင်းပင်။ သို့ပေမဲ့ အစီအရင် တည်ရှိနေသည် ဆိုလျှင်တောင်မှ များများစားစား မကျန်ရှိခဲ့ချေ။ အရင်းအမြစ်၏ ခုနှစ်ဆယ် ရာခိုင်နှုန်းကျော်တို့သည့် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ လက်ကျန်အရာများကို သုံးယောက် ခွဲဝေယူရ၏။

အရင်းအမြစ်သည် သုံးပိုင်း ပိုင်းရသည် ဖြစ်သောကြောင့် များများစားစား မရရှိခဲ့ချေ။ သို့ပေမဲ့ သူတို့သည် ထိုအရာများကို အသုံးပြုပြီးသည့်နောက် လုံလောက်သည့် သတင်းအချက်အလက်ကို ရရှိလိမ့်မည်ဟု မထင်မိချေ။ အဓိကအားဖြင့် ရောရုဝပြည်၏အရှင် မည်သည့်နေရာတွင် ရှိနေသည့်ဆိုသည့် သတင်းပင် ဖြစ်သည်။

ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ဝယ်ယူထားသည့် သတင်းအချက်အလက်များသည် ခွဲတမ်းနှင့်သာ ဖြစ်၏။ ငရဲလောက၏ အမွေအနှစ်များ ပါဝင်လျက် ရှိနေသည့် ရောရုဝအရှင်အကြောင်းသည် တခြား အကြောင်းအရာများထက် တန်ဖိုးကြီးမားပေလိမ့်မည်။

ထိုသတင်းအချက်အလက်ကို ဝယ်ယူရန်အတွက် သူတို့လက်ထဲတွင် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံး များလည်း မရှိတော့ချေ။ ရှိသည်ဆိုပါက လဲလှယ်နိုင်သေး၏။

“စီနီယာ.. ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကို ရောရုဝအရှင် ယူဆောင်သွားတယ်လို့ ထင်လား” ထာဝရ အစစ်အမှန် အင်မော်တယ်သည် အသာမေးမြန်းလိုက်သည်။

ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးသည်သာ ရောရုဝအရှင်၏ လက်ထဲတွင် တည်ရှိနေသည် ဆိုပါက ဖြစ်လာနိုင်သည့် အကြောင်းအရာသည် ခန့်မှန်း၍ပင် မရနိုင်ခဲ့ချေ။ သို့ပေမဲ့ လက်ရှိ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ဤအရာသည် သတင်းကောင်းတစ်ခုလည်း ဖြစ်လို့နေခဲ့၏။ ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးတည်ရှိမည့်နေရာကို ရှာဖွေလျှင် ရောရုဝအရှင်ကိုပါ ရှာတွေ့မည် ဆိုသော အဓိပ္ပာယ် မဟုတ်ပါလား။

“ဖြစ်နိုင်ချေက နည်းတော့နည်းတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

တိုင်ချူးသည် အပြင်လောကကို လှမ်းကာ ကြည့်ရှုပြီးနောက် ပြောဆိုလိုက်၏။ “ဝိညာဉ် ဆင့်ခေါ်ခြင်း ပုတီးလုံးက ရောရုဝအရှင်ရဲ့ လက်ထဲကို ကျရောက်သွားခဲ့တာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျုပ်တို့ လူတစ်ယောက်ရဲ့ လက်ထဲကို ကျရောက်သွားတယ် ဆိုရင်ကော”

“ဘယ်လို ဖြစ်နိုင်မှာလဲ”

အရင်ဦးဆုံး ထာဝရ အစစ်အမှန် အင်မော်တယ်သည် တစ်စုံတစ်ခုကို ငြင်းပယ်ချင်၏။ သို့ပေမဲ့ ဤနေရာတွင် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကို ရရှိမည့်လူ မည်သူရှိသနည်း။ သူနှင့် တိုင်ချူးပင် ရှိသည် မဟုတ်ပါလား။ သို့ပေမဲ့ သူသည် တိုင်ချူး၏ အကြည့်အတိုင်း အပြင်ဘက်သို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားမိသည်။

မုန့်ရှင်းကျီသည် အပျက်အစီးပုံများ ကြားထဲတွင် လှည့်လည်ကာ သွားလာလျက် ရှိနေ၏။ သူသည် အမှတ်မထင်နှင့် လှမ်းကာ ပြောလိုက်၏။ “ပြောချင်တာက စီနီယာ.. တာအိုရောင်းရင်း မုန့်ရှင်းကျီက လက်ကျန် ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကို ယူဆောင်သွားတယ် ဆိုတာလား”

“အင်း.. ဖြစ်နိုင်တယ်” တိုင်ချူးက ခန့်မှန်းလိုက်သည်။

.......... .........

လက်ရှိအချိန်မှာတော့ မုန့်ရှင်းကျီသည် အရင်းအမြစ်များကို လိုက်လံစုစည်းရင်း အလုပ်များလျက် ရှိ၏။ သူသည် သူ၏အလုပ်ကို ပျော်ပျော်ရွှင်ရွှင် လုပ်လျက်ရှိသည်။ သိုလှောင်လက်စွပ်များသည် ပြည့်လုမတတ် ဖြစ်နေ၏။ ထို့ကြောင့် သူ၏ အားတက်သရောရှိမှုသည် ဖုံးကွယ်ထား၍ မရနိုင်ချေ။ ပိုမိုကောင်းမွန်သည့် ပစ္စည်းများကို ရှာဖွေရန်အတွက် သူသည် ပိုမိုကာ စိတ်အားတက်ကြွလျက် ရှိနေ၏။

နေ့ဝက်လောက် ကြာပြီးသည့်နောက် သူ၏လက်ထဲတွင် ရှိနေသည့် သိုလှောင်လက်စွပ် ဆယ်ကွင်းလုံးသည် ပြည့်လိုသွားခဲ့၏။ ကောင်းကင်မူလလောကကြီးဆီသို့ ပြန်ယူသွားမည်ဆိုပါက ကျိန်းသေပေါက် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် အဆင့်အတန်း တစ်ခုဆီသို့ ထိုးတက်သွားမှာ သေချာသည်။

လက်ရှိအချိန်တွင် ဂိုဏ်းရှိ အင်ပါယာ အနည်းငယ်တို့သည် လွတ်လွတ်လပ်လပ်နှင့် ကျင့်ကြံနိုင်စွမ်း ရှိပေလိမ့်မည်။ အချိန်သာရှိမည် ဆိုပါက အစစ်အမှန် အင်မော်တယ်တစ်ယောက်အဖြစ် ကျင့်ကြံဖို့ဆိုလျှင်ပင် လုံလောက်သည့် အရင်းအမြစ်များကို ရရှိနေပြီဖြစ်၏။ မု့န်ရှင်းကျီ၏ အနာဂတ်သည် အကန့်အသတ် ကင်းမဲ့လွန်းလှ၏။ အစစ်အမှန် အင်မော်တယ်အဆင့်သို့ ရောက်ရှိရန်ဆိုသည်မှာ သူ့အတွက် အဟန့်အတားတစ်ခု မဟုတ်တော့ချေ။

“စီနီယာနန်းဆောင်သခင်ကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဘယ်လိုဖြစ်ပြီး ကျုပ်လိုအဘိုးကြီးက ဒီလို အခြေအနေကို ရောက်လာမှာလဲ” မုန့်ရှင်းကျီက တီးတိုးရေရွတ်လိုက်၏။ သူသည် သူ၏စိတ်ကူးနှင့်သူ ပျော်ရွှင်လျက် ရှိနေတုန်းမှာပဲ ရုတ်တရက် ....။

ဘုန်း....

တည်နေရာ၏အစပ်တွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ နက်နဲအလင်းလောကကြီး တစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားခဲ့ပြီး လောကကြီး၏ အဆုံးသတ်ကို ရောက်ရှိသွားသကဲ့သို့ပင်။ အားလုံးသောသူတို့၏ နှလုံးသားများသည် တုန်ယင်သွားခဲ့၏။ ကြီးမားလွန်းလှသည့် လောကကြီးတစ်ခုသည် လက်ရှိအခြေအနေ၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲ” မုန့်ရှင်းကျီက ကြောင်အသွားမိ၏။ လက်ရှိအခြေအနေတွင် သူသည် ရောရုဝပြည်မှ အရင်းအမြစ်များ အားလုံးကို လိုက်လံသိမ်းစည်းရန် အချိန်ပင် မရှိတော့ချေ။ အဝေးတစ်နေရာကို လှမ်းကြည့်ပြီး တွေဝေငေးငိုင်နေမိ၏။ အချိန်အတော်ကြာမှသာလျှင် သူ ဖြည်းညှင်းစွာ တုံ့ပြန်နိုင်ခဲ့၏။

သူက တီးတိုးရေရွတ် လိုက်မိသည်။ “နောက်ထပ် လောကသစ် တစ်ခုလား”

လောကပေါင်းစပ်ခြင်းဆိုသည်မှာ ကောင်းကင်မူလလောကကြီးမှ သတ္တဝါများအတွက် မရင်းနှီးသည့်အရာ မဟုတ်ချေ။ ထို့အပြင် သူတို့သည် ယခင်တုန်းက အကြိမ်ပေါင်းများစွာ ကြုံခဲ့ပြီးသား ဖြစ်၏။ လောက တစ်ခုချင်းစီနှင့် ပေါင်းစပ်သည့် အချိန်တိုင်းတွင် ကြီးကြီးမားမား ပြဿနာဟူ၍ မရှိခဲ့ချေ။

မြေအင်မော်တယ်လောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့၏ အတိတ်က ပေါင်းစပ်မှုများကို ကြည့်ရှုမည် ဆိုလျှင် ကျိန်းသေပေါက် အဆင်ပြေသွားခဲ့၏။ ယခု နက်နဲအလင်းလောကကြီးနှင့် ပေါင်းစပ်ပြီးသည့်နောက် ပြည့်စုံသည့် လောကကြီးတစ်ခုသည် ထပ်မံ ပေါင်းစပ်လာပြန်သည်။

စီနီယာနန်းဆောင်သခင်သည် ၎င်းတို့၏ သည်းခံနိုင်မှုကို မည်ကဲ့သို့သော နည်းလမ်းမျိုးနှင့် စမ်းသပ်နေသနည်း။

လက်ရှိအချိန်မှာတော့ မုန့်ရှင်းကျီ သာမက တိုင်ချူးနှင့် ထာဝရ အစစ်အမှန် အင်မော်တယ်တို့ပင်လျှင် မျက်ရည်များ ဝိုင်းနေမိကြ၏။ တိုင်ချူးသည် အနည်းငယ် ပိုမိုကာ သက်သာသေး၏။ သူ၏ မွေးရပ်မြေသည် ကောင်းကင်မူလ လောကကြီးဖြစ်၏။ သို့ပေမဲ့ ထာဝရ အစစ်အမှန် အင်မော်တယ်မှာတော့ ဤအရာနှင့်ပတ်သက်၍ အဆင်မပြေသလို ခံစားနေမိ၏။ အဘယ်ကြောင့်ဆိုသော် ယခု ပေါ်ပေါက်လာခဲ့သည် လောကသစ်တစ်ခုသည် မြေအင်မော်တယ်လောကနှင့် နက်နဲအလင်းလောကတို့၏ အစပ်တည်နေရာတွင် ဖြစ်နေသောကြောင့်ပင်။

ဆိုလိုသည်မှာ မကြာမီတွင် လောကသစ်တစ်ခုသည် နက်နဲအလင်းလောကနှင့် မြေအင်မော်တယ်လောကတို့နှင့် လာရောက်ကာ ချိတ်ဆက်မည်ဖြစ်၏။ ထိုသို့ဆိုလျှင် မြေအင်မော်တယ်လောကထဲတွင် ရှိနေသည့် သူတို့သည် ကျိန်းသေပေါက် ထပ်မံ တိုက်ခိုက်ခြင်းကို ခံရမည်လား။

“သွားပြီ။ အားလုံးသွားပြီပဲ”

ထာဝရ အစစ်အမှန် အင်မော်တယ်၏ မျက်လုံးများသည် အသက်ဝိညာဉ် ကင်းမဲ့လျက် ရှိနေ၏။ သူသည် စိတ်ပျက်လက်ပျက်နှင့် ဖြစ်နေမိ၏။ မြေအင်မော်တယ်လောကသည် အားနည်းလှသည် မဟုတ်သော်လည်း ၎င်းတို့၏ အားအင်အဆင့်သည် ကျိန်းသေပေါက် တခြားအားကောင်သည့် လောကများနှင့် နှိုင်းယှဉ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ နက်နဲအလင်းလောက နှင့် တူညီသည့် လောကများနှင့် နှိုင်းယှဉ်ရမည်ဆိုပါက ကျိန်းသေပေါက် ကွာဝေးသည့် အနိမ့်ပိုင်းတွင် တည်ရှိလို့နေခဲ့၏။

All Chapters