← Chapters

အခန်း (၅၇၃)

Vol. 39 Ch. 573

အခန်း (၅၇၃)

Vol. 39 Ch. 573

လူငယ်သည် တည်ငြိမ်စွာ ပြန်လည် မေးမြန်းလိုက်၏။ “တခြား ဘာရှိသေးလဲ”

“ဒါ့အပြင် ကျုပ်တို့ အစစ်အမှန် သိုင်းလောကအပြင် နက်နဲလျှို့ဝှက်လောက၊ နက်နဲအလင်းလောက ဒီအရာတွေ အားလုံးကလည်း တခြားလောကတွေနဲ့ ပေါင်းစပ်နေတယ်။ ဆိုလိုတာအရင် နက်နဲမီးတောက်လောကကြီးက သူ့ရဲ့ မူလအခြေအနေအတိုင်း ပြန်ပြီး ဖြစ်သွားမှာပဲ”

“ဪ”

လူငယ်သည် မျက်ခုံးကို ပင့်ကာဖြင့် အသာမေးမြန်းလိုက်သည်။ “ဟုတ်လား။ ကျုပ် မှတ်သားထားတာ မှန်မယ်ဆိုရင် နက်နဲအလင်းလောကကြီးက လက်ရှိအချိန်မှာ ရောရုဝပြည်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ပေါင်းစပ်သွားပြီဆိုရင် ရောရုဝပြည်မှာ ရှိနေတဲ့လူတွေနဲ့ တခြားလောကမှာရှိတဲ့ လူတွေက အတူ ပူးတွဲနေထိုင်ရမှာလား”

“သခင်လေးက တကယ့်ကို အမြင်စူးရှပါတယ်။ သခင်လေးရဲ့ မျက်လုံးအောက်က ဘာတစ်ခုမှ မလွတ်မြောက်နိုင်ဘူး”

ကျေးကျွန်သည် သူ၏သခင်လေးကို ချီးကျူးကာဖြင့် ဆက်လက်ကာ ပြောလိုက်၏။ “နက်နဲအလင်းလောကကြီးက မြေအင်မော်တယ်လောကနဲ့ အစောကြီးကတည်း ပေါင်းစပ်ခဲ့ပြီးပြီ။ သူတို့က မြေအင်မော်တယ်လောကနဲ့ ကြီးကြီးမားမား တိုက်ပွဲဖြစ်နေကြတယ်။ ရလဒ်အားဖြင့် မြေအင်မော်တယ်လောကက ကြီးကြီးမားမား ဆုံးရှုံးခဲ့တယ်။ မထင်မှတ်ထားလောက်အောင်ဘဲ ရောရုဝပြည်က ရုတ်တရက် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့တယ်။ တခြားသူတွေရဲ့ အဆိုရဆိုရင် ရောရုဝပြည်ထဲမှာ ကြီးမားတဲ့ တိုက်ပွဲကြီး ဖြစ်ခဲ့တယ်။ အဲဒီတိုက်ပွဲကြီး ပြီးတဲ့နောက်မှာ ရောရုဝအရှင်က ပျောက်ကွယ်သွားခဲ့တယ်။ ရောရုဝပြည်ရဲ့ လက်ရွေးစင် စစ်သည်တွေ အကုန်လုံးကလည်း သေဆုံးသွားခဲ့တယ်နဲ့တူတယ်။ ကြည့်ရတာ ဒီကိစ္စမှာ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေတာပဲ”

“ဟမ်”

လူငယ်၏ မျက်လုံးများထဲတွင် လေးနက်မှုများ ဖြစ်တည်လာခဲ့၏။ သူသည် ကောင်းကင်မူလလောကကြီး တည်ရှိရာ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်သည်။ “အင်း.. ကြည့်ရတာ ဒီလောကကြီးရဲ့ ရေအတိမ်အနက် ဘယ်လောက်ရှိလဲဆိုတာကို စမ်းသပ်ကြည့်ရမယ်။ တော်တော်နက်မဲ့ပုံပဲ။ သတင်းတွေကို ဆက်ပြီးစုံစမ်းထား။ တကယ်လို့ ထူးခြားတဲ့ ရလဒ်ရှိရင် ကျုပ်ကို ချက်ချင်း သတင်းပို့”

သူသည် ကျေးကျွန်ကို အမိန့်ပေးပြီး ထွက်ခွာခိုင်းလိုက်၏။

“ကောင်းပါပြီ” ကျေးကျွန်သည် လေးလေးစားစားဖြင့် ဦးညွတ်လိုက်၏။ ပြီးသည့်နောက် ခန္ဓာကိုယ်ကို အသာလှည့်ကာ ထွက်ခွာသွားခဲ့သည်။

အစေခံ ထွက်ခွာသွားပြီးသည့်နောက် ခန်းဆောင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။ လူငယ်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ရပ်လျက် ရှိနေပြီး ပြတင်းပေါက်မှတဆင့် အဝေးဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။ အချိန်အတော်ကြာပြီးသည့်နောက် လူငယ်က အသာပြောလိုက်၏။

“အင်း.. ခန့်မှန်းလို့ မရတဲ့ ရောရုဝပြည်တောင်မှ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရတယ်။ ကျုပ်ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ရောရုဝအရှင်ရဲ့ အားအင်အဆင့်က အင်မော်တယ်ဘုရင်အဆင့်ကို ချဉ်းကပ်ရောက်ရှိနေပြီ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ မူလအရင်းအမြစ်က ဘာလဲ။ သူက ဘာရည်ရွယ်ချက်နဲ့ လောကပေါင်း များစွာကို လိုက်ပြီး စုစည်းနေရတာလဲ”

ဤမေးခွန်းသည် သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆိုသည့် စကားစုသည် ဆန်းကြယ်လှသည့် စွမ်းအင်များ ပါဝင်လျက် ရှိနေပြီး လျစ်လျှူရှုရန် မဖြစ်နိုင်ချေ။ အားလုံးသော သူတို့သည် လျှို့ဝှက်ချက်များကို မသိချင်သူဟူ၍ မရှိကြချေ။ သူ ထိုကဲ့သို့ တွေးတောလျက်ရှိနေတုန်းမှာပဲ မျက်ဝန်း တစ်စုံသည် သူ့ကို ဆက်တိုက်ဆိုသလိုပဲ ကြည့်ရှုနေသည်ဟု ခံစားနေမိ၏။

လူငယ်သည် ထိုအချင်းအရာကို သိရှိခံစားပြီးသည့်နောက် ကျောရိုးမကြီး တစ်ခုလုံး စိမ့်တက်သွားခဲ့၏။ သူ့၌ များပြားလှသည့် လျှို့ဝှက်ချက်များ တည်ရှိ၏။ ထိုအရာများ အားလုံးသည် ပေါ်ပေါက်သွားသည်ဆိုပါက ကျိန်းသေပေါက် လွတ်မြောက်ရန် တည်နေရာဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။

“အင်း.. အင်မော်တယ်ဘုရင်အဆင့်ကိုတောင် ဖိနှိပ်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက် - ကျိန်းသေပေါက် ကွာစီ အင်မော်တယ်အင်ပါယာ တစ်ယောက်ပဲ ဖြစ်ရလိမ့်မယ်။ ဘာကြောင့် ဒီလိုလူမျိုးက ပျင်းပျင်းရိရိနဲ့ လောကတွေကို လိုက်ပြီး ပေါင်းစပ်နေရတာလဲ” သူသည် မျက်မှောင်ကုတ်လိုက်မိ၏။ သေသေချာချာ စဉ်းစားကြည့်သည် ဆိုသော်လည်း မည်သည့်သဲလွန်စမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ ပြောရမည်ဆိုလျှင် လောကကြီးများကို ပေါင်းစပ်ပြီးနောက် အကျိုးကျေးဇူးအနေဖြင့် နောက်ထပ်အဆင့်တစ်ခုဆီသို့ ချိုးဖြတ်ရောက်ရှိရန် စီစဉ်နေခြင်းလား။

“အင်း... သူက ရောရုဝပြည်အတွက် အလုပ်လုပ်တာ မဟုတ်ဖို့ပဲ မျှော်လင့်မိတယ်”

သူက တီးတိုးရေရွတ် လိုက်မိ၏။ လူငယ်သည် ခန္ဓာကိုယ်ကို အသာလှည့်ပြီးသည့်နောက် သူနှင့် မနီးမဝေးတွင် ရှိနေသည့် အမဲရောင်ကျောက်စိမ်းစုတ်တံ နှင့် စာအုပ်တစ်အုပ်ကို လှမ်းကာ ယူလိုက်သည်။

“တစ်ယောက်လောက်” လူငယ်သည် စားပွဲကို အသာလှည့်ကာဖြင့် ပြောလိုက်၏။

“သခင်လေး.. ဘာအမိန့်ပေးချင်လို့လဲ” အပြင်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။ တံခါးပေါက်ဆီမှ လူတစ်ယောက်က ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် သွေးဆာလောင်သည့် ဟန်ပန်အမူအရာများ ထွက်ပေါ်လျက် ရှိနေပြီး ၎င်း၏ ခန္ဓာကိုယ်ဆီမှ လူပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့ဖူးသည့် အော်ရာများ ထွက်ပေါ်နေသည်။

ငြိမ်ငြိမ်သက်သက် မတ်မတ်ရပ်လျက် ရှိနေသည်ဆိုလျှင်တောင်မှ တည်နေရာပတ်ဝန်းကျင် တစ်ခုလုံးကို ဖိနှိပ်ထားခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ ၎င်းသည် အဆုံးမဲ့သော ရိုသေလေးစားမှုများကို ထုတ်ဖော်ကာ ပြောဆိုလျက် ရှိနေ၏။

“ရောရုဝအရှင်ကို သွားရှာခဲ့။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ထက် အရင်ရှာတွေ့အောင် ကြိုးစား” လူငယ်က အမိန့်ပေးလိုက်သည်။

“ကောင်းပါပြီ”

ထိုလူသည် လေးလေးစားစားဖြင့် ပြောဆိုလိုက်၏။ သို့ပေမဲ့ ခဏလောက် ကြာပြီးသည့်နောက် “သခင်လေး.. ကျုပ်တို့ သိသလောက်ဆိုရင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အားအင်အဆင့် အရမ်း ကောင်းမွန်ရုံတင်မကဘူး။ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်တဲ့ နေရာမှာလည်း ကျွမ်းကျင်တယ်တဲ့”

.........

ထိုသူသည် စကားကို ပြီးဆုံးအောင် မပြောခဲ့ချေ။ သို့ပေမဲ့ အဓိပ္ပာယ်က ရှင်းလင်းနေပြီဖြစ်၏။ ရောရုဝအရှင် မည်သည့်နေရာတွင် ရှိသည်ဆိုသည့် သတင်းအချက်အလက်ကို ရရှိရန်ဆိုသည်မှာ တစ်ရာ ရာခိုင်နှုန်း သေချာသည့်အရာ မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်မှာတော့ ထိုအရာကို တွက်ချက်နိုင်စွမ်း ရှိနေ၏။ ထို့အပြင် သူ၏ အားအင်အဆင့်နှင့် တစ်ဖက်လူကို ရှာဖွေတွေ့ရှိသည် ဆိုလျှင်တောင်မှ ရင်ဆိုင်ရန်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်၏။ ရောရုဝအရှင်သည် လွယ်လွယ်ကူကူနှင့် တိုက်ခိုက်နိုင်သည့် လူမျိုး မဟုတ်ချေ။

“အင်း... အကောင်းဆုံး ကြိုးစား” လူငယ်သည် ထိုစကားကို တီးတိုးပြောဆိုလိုက်၏။

“ကောင်းပါပြီ” ထိုသူက ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် အလင်းတန်းအဖြစ် အသွင်ပြောင်းကာ လေဟာနယ်ထဲ၌ ပျောက်ကွယ်သွားခဲ့၏။ သူ၏ လှုပ်ရှားမှုကို မည်သူကမှ သတိမပြုမိခဲ့ချေ။ လျှိုကလန် တစ်ခုလုံးပင်လျှင် ထိုသူ လှုပ်ရှားသွားလာခဲ့သည် ဆိုသည်ကို သတိမပြုမိခဲ့ကြချေ။

ဤအတောအတွင်း နက်နဲအလင်းလောကကြီး၏ အပြင်ဘက် ရှုပ်ထွေးသည့် တည်နေရာလမ်းကြောင်းအတွင်း မိုင်သန်းနှင့်ချီသည့် အကွာအဝေးတွင်တော့ ဆန်းကြယ်လှသည့် လူပေါင်းများစွာတို့သည် မတ်မတ်ရပ်လျက် ရှိနေကြ၏။ ၎င်းတို့ တစ်ယောက်ချင်းစီတိုင်းသည် အလွန်တရာ အားနည်းလှသည့် ပုံပန်းသွင်ပြင်မျိုးရှိပြီး ၎င်းတို့၏ အော်ရာများကလည်း မတည်ငြိမ်ကြချေ။ ၎င်းတို့၏ ဝိညာဉ်များသည် အချိန်မရွေး ကျိုးပြတ်သွားတော့မည် သကဲ့သို့ပင်။

တချို့သော လူများမှာတော့ အခြေအနေ ကောင်းမွန်နေသေး၏။ သို့ပေမဲ့ သိသိသာသာကြီးတော့ မဟုတ်ချေ။ ဤလူများသည် ရောရုဝအရှင်နှင့် ၎င်း၏နောက်လိုက်များမှလွဲ၍ တခြား မည်သူမှ မဟုတ်ကြချေ။ ရောရုဝအရှင် ပျံသန်းထွက်ပြေးလာသည့် အချိန်တွင် ၎င်း၏ နောက်လိုက်များ အသက်ရှင်လျက် ကျန်ရှိနေသေးသည်ကို သူက ရှာဖွေတွေ့ရှိခဲ့၏။ ထို့ကြောင့်ပင် တစ်ခါတည်း ထိုသူတို့ကို ကယ်တင်ခဲ့ခြင်းဖြစ်၏။

ဤလူများသည် ရောရုဝအရှင်၏ မျက်လုံးအောက်တွင် သေးငယ်သည့် သတ္တဝါလေးများ ဖြစ်သည်ဆိုသော်လည်း အကူအညီတော့ ဖြစ်နေသေး၏။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးကို သူတစ်ယောက်တည်း ကိုင်တွယ်ပြုလုပ်၍ မရနိုင်သောကြောင့်ပင်။

နောက်လိုက်များ ထဲမှ တစ်ယောက်သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ရောရုဝအရှင်၏ ဝိညာဉ်ကို အသာဖေးမထားပြီးသည့်နောက် စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။ “အရှင်.. အဆင်ပြေရဲ့လား”

“ပြဿနာ မရှိဘူး” ရောရုဝအရှင်သည် လက်ကို အသာယမ်းခါလိုက်၏။ သူ့အနေနှင့် တခြားသူများ ကူညီရန် မလိုအပ်ကြောင်း အမူအရာနှင့် ပြသလိုက်၏။ အသက်ကို ပြင်းပြင်းရှူရှိုက်ပြီးသည့်နောက် နက်နဲအလင်း လောကကြီး တည်ရှိရာဘက်သို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှအောင် အေးစက်သွားခဲ့၏။

“ဒီနေ့အတွက် မနေနှးနဲ့ မမြန်ဆိုသလို သွေးကြွေးဆပ်ရမယ်” သူက ကြေညာလိုက်သည်။

“အရှင်... ကျုပ်တို့ နက်နဲအလင်းလောကကြီးနဲ့ မနီးမဝေးမှာ ရှိနေတယ်။ တိုင်ချူးက သူ့လူတွေကို ခေါ်ပြီးတော့ လိုက်လာနိုင်တယ်။ ဒါဆိုရင် ပြဿနာတက်မယ်နဲ့တူတယ်။ ကျုပ်တို့ တခြားလောက တစ်ခုခုကို သွားပြီးတော့ နေထိုင်တာ ကောင်းလိမ့်မယ်” တစ်စုံတစ်ယောက်က အကြံပြုလိုက်၏။

သူပြောသော တခြားလောကဆိုသည်မှာ အစစ်အမှန် သိုင်းလောကနှင့် နက်နဲလျှို့ဝှက်လောကတို့မှလွဲလျှင် တခြား မဟုတ်ချေ။ ၎င်းလောကကြီးများသည် နက်နဲမီးတောက်လောကကြီးမှ ခွဲထွက်သွားသည့်အရာများ ဖြစ်၏။ အတိတ်တုန်းက ဆက်စပ်မှုတချို့ တည်ရှိခဲ့ကြောင်း ကောင်းကောင်း သိရှိပြီးဖြစ်၏။

ရောရုဝပြည်အနေနှင့် လောကကြီး တစ်ခုလုံးကို လွှမ်းမိုးသိမ်းပိုက်သည့် အချိန်တွင် တည်နေရာလမ်းကြောင်း များကို ဖန်တီးခဲ့၏။ သို့ပေမဲ့ တခြားသောလောကများသည် တည်နေရာလမ်းကြောင်းများကို ကြောက်လန့် တကြားဖြင့် ဖျက်ဆီးခဲ့ကြ၏။ ယခု အခြေအနေက ပြောင်းလဲသွားခဲ့၏။ သူတို့အနေနှင့် အိမ်သို့ ပြန်၍ မရတော့ချေ။ ထို့အပြင် ရှုပ်ထွေးသည့် တည်နေရာလမ်းကြောင်းထဲတွင်လည်း လှည့်လည်လျှောက်သွား၍ မဖြစ်နိုင်ချေ။ နက်နဲလျှို့ဝှက်လောကနှင့် အစစ်အမှန် သိုင်းလောကဆီသို့ သွားရောက်ကာ ခိုလှုံခြင်းကသာလျှင် ကောင်းမွန်သည့် အရာဖြစ်ကြောင်း သူတို့က တွေးထင်လာမိကြသည်။

“နောက်ကျသွားပြီ”

ရောရုဝအရှင်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ကျုပ်တို့ နက်နဲအလင်းလောက ကနေ ထွက်ပြေးလာတဲ့ အချိန်မှာ နက်နဲလျှို့ဝှက်လောကနဲ့ အစစ်အမှန် သိုင်းလောကတို့က မြေအင်မော်တယ်လောကနဲ့ သွားပေါင်းစပ်နေတယ်”

ဤစကားစုကို ပြောဆိုလိုက်သည့် အချိန်မှာတော့ အားလုံးသောသူတို့သည် ကြောင်အသွားခဲ့ကြသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ” တစ်စုံတစ်ယောက်က တီးတိုး ရေရွတ်လိုက်၏။ အားလုံးသောသူတို့၏ မျက်လုံးထဲတွင် နက်နဲလျှို့ဝှက်လောကနှင့် အစစ်အမှန် သိုင်းလောကတို့သည် ၎င်းတို့၏ ထွက်ပြေးလွတ်မြောက်နိုင်သည့် လမ်းကြောင်းများသာလျှင်ဖြစ်၏။ သို့ပေမဲ့ သူတို့အနေနှင့် ထိုသို့ ပြုလုပ်ရန် အခွင့်အရေးပင် မရခဲ့ချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထိုလောကအသီးသီးကို ခေါ်ပြီးသည့်နောက် မြေအင်မော်တယ် လောကနှင့် သွားရောက်ကာ ပေါင်းစပ်လျက် ရှိနေ၏။ ယနေ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူတို့ကို ရှေ့တိုးမရ၊ နောက်ဆုတ်မရ အခြေအနေဖြစ်အောင် တွန်းပို့လျက်ရှိသည်။ ပြောရမည်ဆိုလျှင် အရာအားလုံးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ တွက်ချက်မှုအောက်တွင် တည်ရှိနေလေသည်လား။ ထိုသို့ဆိုပါက ထိုလူသည် ကြောက်မက်ဖွယ်ရာကောင်းသည့် လူသာလျှင် ဖြစ်ပေလိမ့်မည်။

ထို့အပြင် ဤလောကကြီးနှစ်ခုသည် နက်နဲအလင်းလောကထက် မည်သို့မှ အားနည်းလှသည် မဟုတ်ချေ။ ထိုသူများကို ခေါ်ဆောင်လာခြင်းဆိုသည်မှာ စီနီယာနန်းဆောင်သခင်သည် အလုံးစုံသော ယုံကြည်ချက်များ တည်ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။ အစကနေ အဆုံးအထိ ၎င်းတို့၏ ကံကြမ္မာများ အားလုံးသည် တစ်စုံတစ်ယောက်၏ စီစဉ်ဆောင်ရွက်ခြင်းကို ခံယူနေခဲ့ရသည်လား။

All Chapters