← Chapters

အခန်း (၅၇၄)

Vol. 39 Ch. 574

အခန်း (၅၇၄)

Vol. 39 Ch. 574

“ဒီအရာတွေ အားလုံးရဲ့ နောက်ကွယ်ကနေ ပြုလုပ်နေတဲ့လူက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်များလား” တစ်စုံတစ်ယောက်က ဝင်ရောက်ကာ ပြောလိုက်၏။ သူ၏အသံသည် စွမ်းအင် ကင်းမဲ့နေသလိုပင် ဖြစ်လို့နေခဲ့၏။ သူတို့သည် အားကောင်းလွန်းသည့် နတ်ဘုရားကြီး၏ ချယ်လှယ်မှုကို ခုခံရန် ကြိုးစားနေရသည့် ပုရွက်ဆိတ်လေး များကဲ့သို့ပင် ဖြစ်လို့နေခဲ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် လူကိုယ်တိုင်ပင် ပေါ်မလာသေးချေ။ သို့ပေမဲ့ ရောရုဝပြည် တစ်ခုလုံးမှာတော့ ပျက်စီးသွားခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ လူကိုယ်တိုင်ထွက်၍ တိုက်ခိုက်မည်ဆိုပါက မည်ကဲ့သို့သော အခြေအနေမျိုးကို ကြုံရမည်နည်း။ ကံကောင်းစွာဖြင့် သူတို့သည် သေဆုံးမသွားခဲ့ခြင်းပင်။ မပျက်စီးသေးသော ဝိညာဉ်ဆင့်ခေါ်ခြင်း ပုတီးလုံးကြောင့် သူတို့ အသက်ရှင်ကျန်လျက် ရှိနေတုန်းပင်။ မဟုတ်ပါက တစ်ခါတည်း သေဆုံးသွားမှာ သေချာသည်။

“ငါ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို အထင်သေးခဲ့မိတယ်” ရောရုဝအရှင်က ဖြည်းညှင်းစွာ ပြောလိုက်၏။ ပြီးသည့်နောက် သူသည် သက်ပြင်းချလိုက်မိ၏။

သူသည် လက်ရှိအခြေအနေ၌ ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံဆုံနေရ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်တွင် ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုး ရှိကြောင်း ကြိုတင်သိရှိမည်ဆိုပါက အစကတည်းက ပြည့်ပြည့်ဝဝ နောက်ဆုတ်ခဲ့မှာ သေချာ၏။ သူ့အနေနှင့် တန်ပြန်တိုက်ခိုက်ရန်အတွက် မဟာဗျူဟာများကို ရေးဆွဲပြီး သေသေချာချာ ပြုလုပ်မိပေလိမ့်မည်။ လွယ်လွယ်ကူကူနှင့် ရောရုဝပြည်ထဲသို့ တစ်စုံတစ်ယောက် ဝင်ရောက်မှုကို မည်သို့မှ လက်သင့်ခံလိမ့်မည် မဟုတ်ချေ။

“အရှင်.. ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ” နောက်လိုက်တစ်ယောက်သည် တုံ့နှေးတုံ့နှေးနှင့် မေးမြန်းလိုက်သည်။ သူ၏အကြည့်သည် ရှုပ်ထွေးလှသည့် တည်နေရာပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်လည်ကာ ကြည့်ရှုနေခဲ့၏။ သူတို့ ဤတည်နေရာတွင် တည်ရှိနေခြင်းအားဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူတို့၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းကို သိရှိနေသကဲ့သို့ပင် ခံစားနေမိသည်။

သူတို့ နောက်ထပ် ဘာလုပ်မည်ဆိုသည်ကပင်လျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ထိန်းချုပ်မှု အောက်တွင် တည်ရှိနေမည်လား မသိချေ။ သူတို့အားလုံးသည် ကြိုးဆွဲရာ ကနေရသည့် ရုပ်သေးရုပ်များ ကဲ့သို့ပင် ဖြစ်လို့နေ၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤအရာကို သူတို့ သဘောမတွေ့ခဲ့ကြချေ။ ထိုသို့ဆိုလျှင်တောင်မှ ဘာမှ မတတ်နိုင်သည့် အခြေအနေမျိုးပင်။

“အင်း.. ဒီနေရာမှာ ခဏလောက် နေကြတာပေါ့”

ရောရုဝအရှင်သည် ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို လေ့လာကြည့်ပြီးသည့်နောက် အကြံပြုလိုက်၏။ ကောင်းခြင်းဆိုးခြင်း ဆိုသည်မှာ ဒွန်တွဲလျက် ရှိလို့နေ၏။ နက်နဲအလင်းလောကကြီး အနေနှင့် ပြောင်းလဲမှုများကို အရင်ဆုံး ကြုံခဲ့ရသည်။ ထို့ကြောင့် သူတို့အနေနှင့် မြန်မြန်ဆန်ဆန်ပင် အန္တရာယ်များနှင့် အသားကျလာခဲ့၏။

.........

ရောရုဝအရှင်သည် လေဟာနယ်ထဲသို့ လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “နက်နဲလျှို့ဝှက်လောကနဲ့ အစစ်အမှန် သိုင်းလောကတို့ ပေါင်းစပ်ပြီးတာကို ငါခံစားမိတယ်။ ဒီလောကကြီးတွေက ကြည့်ရတာ တည်ငြိမ်တဲ့ပုံမှာ မရှိဘူး”

တစ်ချိန်တည်းမှာပဲ ကောင်းကင်မူလလောကကြီး ....

တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်တွင်တော့ အလင်းတန်းများသည် အဝေးဆီမှ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။ သက်လတ်ပိုင်းလူသည် တောက်ပသည့် နတ်ဘုရားရောင်စဉ်များကို ထုတ်ဖော်ကာ လှမ်းလျှောက်လာခဲ့၏။ သူ၏မျက်လုံးများသည် တော်ဝင်သဲကန္တာရမြို့၏ နေရာအနှံ့ဆီသို့ လှည့်လည်ကာ ကြည့်ရှုနေ၏။ သူသည် ဤနေရာတွင် ရှိနေသည့် အသေးစိတ် အချက်အလက်များ အားလုံးကို စုံစမ်း စစ်ဆေးချင်သည့်ပုံပင်။

“တော်ဝင်သဲကန္တာရမြို့က သာမန်ထက် တကယ်ပိုတာပဲ” ထိုလူက ပြောဆိုလိုက်၏။ ပြီးနောက် သူ၏ အကြည့်ကို ပြန်လည်ကာ ရုတ်သိမ်းလိုက်၏။ တစ်ချက် ကြည့်ရှုလိုက်သည် ဆိုသည်နှင့် လေဟာနယ်ထဲတွင် များပြားလှသည့် ကြောက်မက်ဖွယ်ရာ အစီအရင်များ တည်ရှိနေသည်ကို သူက မြင်ရ၏။

ထိုအရာများထဲတွင် အားအနည်းဆုံး အစီအရင်ကပင်လျှင် အန္တိမအဆင့် အစီအရင် ဖြစ်လို့နေခဲ့၏။ အားအကောင်းဆုံးဆိုသည်မှာ သူ့အနေနှင့် ထိုအရာကို သေသေချာချာပင် အဖြေမရှာနိုင်ခဲ့ချေ။ ပြောရမည်ဆိုလျှင် အန္တိမ ကျင့်ကြံခြင်းအဆင့် ထိပ်ဆုံးတွင် ရှိနေသည့် တစ်စုံတစ်ယောက်ပင်လျှင် ထိုအရာထဲသို့ အလျင်စလို ဝင်သွားသည်ဆိုပါက ကျိန်းသေပေါက် ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

“အင်း... သခင်လေးရဲ့ ခန့်မှန်းချက်က တကယ့်ကို မှန်တာပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ခန့်မှန်းလို့ မရနိုင်ဘူး။ အရာအားလုံးကို နောက်ကွယ်ကနေ ခြယ်လှယ်နေတာပဲ ဖြစ်မယ်။ အမှားအယွင်းတစ်ကြိမ် လုပ်လိုက်ပြီဆိုတာနဲ့ အခွင့်အရေးရမှာ မဟုတ်တော့ဘူး”

ထိုလူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် အပြင်တွင် ရှိနေသည့် ဆိုင်းဘုတ်ကို ကြည့်ရှုက အတွေးနက်နေမိ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် သူ၏ရှေ့တွင် တည်ရှိနေသည် ဆိုလျှင်တောင်မှ သူ၏နတ်ဘုရား အသိစိတ်များသည် အထဲသို့ ဝင်ရောက် ကြည့်ရှု၍ မရနိုင်ခဲ့ချေ။ ဤနန်းဆောင်ကြီးသည် ဤလောကထဲတွင် မရှိသည့် အရာတစ်ခုကဲ့သို့ပင် ဖြစ်လို့နေ၏။ အထဲတွင် ဘာတွေဖြစ်နေသည် ဆိုသည်ကို ကြည့်ရှုရန် သူ့အတွက် ခက်ခဲလွန်းလှသည့် စိန်ခေါ်မှုပင်။

“ဒါ ဒီလောကကြီးနဲ့ မပတ်သက်သည့်အရာလား” သူသည် အသာမျက်မှောင်ကုတ်လိုက်မိ၏။ သူသည် ဖြည်းညှင်းစွာပင် အနောက်ကို ပြန်ဆုတ်လိုက်မိသည်။ သူ၏ မျက်လုံးထဲတွင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ကြီးမားလွန်းလှသည့် မွန်းစတားကြီး တစ်ကောင်ကဲ့သို့ပင် ဖြစ်၏။ လောကကြီး တစ်ခုလုံးကို ဝါးမျိုရန် ကြိုးစားနေသကဲ့သို့ပင်။ ထိုထဲသို့ ဝင်လိုက်သည်ဆိုပါက ကျိန်းသေပေါက် ဖြစ်ပေါ်လာနိုင်မည့် ရလဒ်ကို သူသေချာ မတွက်ချက်နိုင်ပေ။

ထို့အပြင် အန္တိမအဆင့် အစီအရင်များထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းသည့်အရာများ တည်ရှိနေမှာ သေချာ၏။ ထို့အပြင် တစ်ဖက်လူ၏ အားအင်အဆင့်သည် ခန့်မှန်း၍ မရအောင် အားကောင်းလွန်း၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထံမှ သတင်းအချက်အလက်များကို စုံစမ်းချင်စိတ်သာ သူ့၌ ရှိသည်။ သို့ပေမဲ့ မလိုအပ်သည့် စွန့်စားမှုမျိုးကို မပြုလုပ်ချင်ပေ။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အရမ်းကို အားကောင်းတယ်။ ဒီတော့ သခင်လေးကို အရင်ဆုံး ပြန်ပြီး သတင်းပို့ရမယ်” ထိုသူသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ သတင်းအချက်အလက် ပေးပို့မှုသည် တကယ်ပင် မြန်ဆန်လွန်း၏။ ထိုလူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ သူ၏သခင်သည် သတင်းပေးပို့လိုက်၏။

သူ၏သခင်လေးဆီမှ ပြန်စာကို ရရှိသည့်အချိန်မှာတော့ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးက ပျက်ယွင်းသွားခဲ့သည်။ “သခင်လေးက ငါ့ကို တကယ်တမ်း လူကိုယ်တိုင် အထဲဝင်ပြီး စုံစမ်းစေချင်တာလား။ ဒါက မကောင်းဘူးလေ” ထိုလူ၏ မျက်နှာသွင်ပြင်သည် အဆုံးစွန်ထိ ပျက်ယွင်းလျက် ရှိနေသည်။

သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ကျောက်စိမ်းပြားပေါ်တွင် ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုလိုက်၏။ သူ့အနေနှင့် လက်ရှိအခြေအနေတွင် ခက်ခဲသည့် ဆုံးဖြတ်ချက်ကို ပြုလုပ်နေရ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရခြင်းသည် တည့်တည့်ပင် ဝင်သွားရခြင်းဖြစ်၏။ သို့ပေမဲ့ ပြန်ထွက်လာနိုင်မလား ဆိုသည်ကတော့ မသေချာလှချေ။

အကယ်၍ ပြန်ထွက်မလာနိုင်ဘူး ဆိုရင်ကော။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ဖယ်ထားဦး။ လက်ရှိ တော်ဝင် သဲကန္တာရမြို့၌ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အစီအရင်များ တည်ရှိနေ၏။ ထိုနေရာဆီမှ ယုံကြည်ချက်ရှိရှိနှင့် ပြန်လည် ထွက်ခွာသွားဖို့ ဆိုသည်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။

အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာမည်ဆိုလျှင်ပင် ကျိန်းသေပေါက် ပြန်ထွက်ရန် ကြိုးစား အားစိုက်ထုတ်ရမှာဖြစ်၏။ သူ့ကဲ့သို့ သာမန် အန္တိမအဆင့် ကျင့်ကြံသူ တစ်ယောက်ဆိုလျှင် ပြောနေစရာပင် မလိုအပ်တော့ချေ။

“ဟင်း..” အချိန်အတော်ကြာပြီးသည့်နောက် ထိုလူသည် သက်ပြင်းကို ချလိုက်မိ၏။ သေခြင်းတရားကို ရင်ဆိုင်ရ တော့မည့် လူတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ခြေလှမ်းဝင်လိုက်၏။

အထဲသို့ ဝင်ရောက်လိုက်ချင်းချင်းမှာပဲ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်မိ၏။ သူသည် နောက်ထပ် လောကတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သလိုပင်။ သူ၏ နတ်ဘုရားသိစိတ်များ အားလုံးသည် ဖိနှိပ်ခြင်းကို ခံထားရ၏။ သူ၏ ခန္ဓာကိုယ်ပင်လျှင် သူမပိုင်တော့သလိုပင်။

ဤကဲ့သို့သော ပြောင်းလဲမှုကို သူက သတိပြုမိ၏။ အဘယ်ကြောင့်ဆိုသော် အမြဲသတိအပြည့်ဖြင့် အာရုံခံမိ နေသောကြောင့်ပင်။ သူ၏ အမူအရာက ရုတ်တရက် ပျက်ယွင်းသွားခဲ့၏။ နတ်ဘုရားအသိအမြင်၏ ဖိနှိပ်မှုအပြင် သူ၏ ကျင့်ကြံခြင်းအားလုံးက ပျောက်ကွယ်သွားခဲ့သည် ဖြစ်ကြောင်းကို သိရှိလိုက်မိ၏။ ဤကိစ္စသည် ကျန်သော အရာအားလုံးထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်။

ဆန်းကြယ်လွန်းလှသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူ၏ ကျင့်ကြံခြင်းအားလုံးကို ဘာမှန်း မသိခင် နုတ်ယူလိုက်လေသည်လား။ သူ့အား သာမန်လူတစ်ယောက်အဖြစ် ဖြစ်အောင် ပြုလုပ်လိုက်လေ သည်လား။ ဤကဲ့သို့သောအရာသည် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူပင်လျှင် ပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။

အန္တိမအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ဖို့ ဆိုသည်မှာ တကယ်ပင် လွယ်ကူလွန်းလှ၏။ သို့ပေမဲ့ ကျင့်ကြံခြင်းအဆင့်ကို နုတ်ယူဖို့ဆိုသည်မှာ လွယ်ကူသည့် အရာမျိုး မဟုတ်ချေ။ ဖြစ်လည်း ဖြစ်နိုင်သည့်အရာမျိုး မဟုတ်ပေ။

“အဲလောက် ကြောက်မက်ဖွယ်ရာ ကောင်းတာလား” ထိုသူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ ဖြူလျော်သွားခဲ့၏။ ခန္ဓာကိုယ်ကလည်း တုန်ယင်နေမိ၏။ မြေပေါ်သို့ လဲပြိုလုမတတ်ပင်။ သူပင် သတိမပြုမိဘဲ တစ်ဖက်လူသည် သူ၏ ကျင့်ကြံခြင်းအားလုံးကို နုတ်ယူသွားခဲ့၏။ ကျင့်ကြံခြင်းအဆင့် ဆုံးရှုံးခြင်းဆိုသည်မှာ သူ၏ သေခြင်းရှင်ခြင်း အခြေအနေတစ်ခုလုံးကို တစ်ဖက်လူက ထိန်းချုပ်ထားခြင်းပင်။ တစ်ဖက်လူသာ စိတ်သဘောမတွေ့သည်ဆိုပါက တစ်စက္ကန့်အတွင်း သူသည် မြစ်ဝါမြစ်ထဲ သွားရောက်ကာ ကူးခတ်နေရပေလိမ့်မည်။

“အင်း.. ကျုပ်ကို လာရှာတာလား” ထိုအချိန်မှာတော့ ကြည်လင်ရှင်းလင်းသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ အသံကို ကြားသည့်အချိန်မှာတော့ သူသည် ချက်ချင်းပဲ သတိပြန်ဝင်လာခဲ့၏။ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် သူနှင့် မနီးမဝေး တည်နေရာရှိ ထိုင်ခုံပေါ်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်လျက်ရှိနေ၏။

ဝတ်စုံသည် တောက်ပလွန်းလှချေ၏။ ထို့အတူ ကျောင်းတော်သားတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးရှိပြီး မျက်နှာကလည်း ပြုံးရွှင်နေ၏။ သို့ပေမဲ့ မျက်လုံးများသည် နက်ရှိုင်းလွန်းလှ၏။ သူ၏ အကြည့်အောက်တွင် မည်သူမှသည် မလွတ်မြောက်နိုင်သည့် ပုံမျိုးပင်။

မျက်လုံးချင်းဆုံသည့် အချိန်မှာတော့ သူသည် ချက်ချင်းပဲ အကြည့်ကို ရှောင်လိုက်မိ၏။ ပြီးနောက် ဦးညွတ်ကာဖြင့် ပြောလိုက်သည်။ “ကျန်းမင် က ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို အမှတ်မထင် လှမ်းဝင်မိခဲ့ပါတယ်။ စီနီယာအနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်”

ကျန်းမင်၏ ရည်ရွယ်ချက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ တိတ်တိတ်ဆိတ်ဆိတ်နှင့် ဝင်ရောက်ပြီး သည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ကြည့်ရှုရန် ဖြစ်၏။ ယခု သူ၏ ကျင့်ကြံခြင်းများ အားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူ၏စိတ်ထဲတွင် ရှိနေသော တစ်ခုတည်းသော ဆန္ဒသည် ဤနေရာမှ ထွက်ခွာသွားရန်ပင်။

လက်ရှိ အခြေအနေတွင် သတင်းအချက်အလက်များကို ရယူရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်တော့ချေ။ သူ၏ ကိုယ်ပိုင်အသက်ပင်လျှင် သူ၏လက်ထဲတွင် မရှိတော့ချေ။ ကျန်းမင်သည် တုံ့နှေးနှေးနှင့် ထပ်မံကာ ပြောလိုက်၏။ “ကျုပ်ဆီမှာ အရေးတကြီး လုပ်စရာ ကိစ္စရပ် ရှိနေပါသေးတယ်။ နောက်ရက်ကျမှ စီနီယာကို လာပြီး ဂါရဝပြုပါမယ်”

ပြီးသည့်နောက် သူသည် အသာလှည့်ကာဖြင့် ထွက်ပေါက်ဆီသို့ လှမ်းလျှောက်သွားလိုက်သည်။

သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက် တည်နေရာဆီသို့ လှမ်းလျှောက်ရန် ပြင်လိုက်သည့် အချိန်မှာပဲ လီယွင်၏ အသံက ထွက်ပေါ်လာ၏ “ခင်ဗျား ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်လာပြီး ဘာသတင်းအချက်အလက်မှ ယူမသွားဘဲ ထွက်ခွာသွားမယ်ပေါ့။ ခင်ဗျားအနောက်မှာရှိတဲ့ သခင်လေးက ဒီအကြောင်းကို သိမယ်ဆိုရင် ခင်ဗျားရဲ့ ကံကြမ္မာကတော့ ကောင်းမှာ မဟုတ်ဘူး”

လီယွင်၏ နှုတ်ခမ်းထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်တည်နေ၏။

ထိုစကားကို ကြားရသည့် အချိန်မှာတော့ ကျန်းမင်၏ခြေလှမ်းများက ရပ်တန့်သွား၏။ သူ၏ မျက်နှာ တစ်ခုလုံးသည် နှင်းကဲ့သို့ပင် ဖြူလျော်သွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံး၌ ချွေးစေးများပင် ပျံလာခဲ့၏။ သူ၏ သခင်လေးကို ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။ လီယွင်၏ စကားစုသည် သူ့ကို ထိတ်လန့် တုန်လှုပ် စေသောကြောင့်ပင်။

All Chapters