← Chapters

အခန်း (၅၇၉)

Vol. 39 Ch. 579

အခန်း (၅၇၉)

Vol. 39 Ch. 579

ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အတွင်းဖက်မှာတော့ ……

ကျန်းမင်သည် နောက်တစ်ကြိမ် ပြန်ဝင်လာခဲ့၏။ ဤတစ်ကြိမ်မှာတော့ သူ၏လက်ထဲတွင် ကျောက်စိမ်းပြား နောက်တစ်ခု ပါဝင်လာခဲ့၏။

"စီနီယာ ဒီမှာ စီနီယာလိုအပ်တာပါ။ ကျေးဇူးပြုပြီး ညဏ်အလင်းပြပါတော့"

"ကောင်းပြီ" လီယွင်က ခေါင်းညိတ်လိုက်သည်။

ကျောက်စိမ်းပြားကို လှမ်းယူပြီးနောက် အပေါ်တွင်ရှိနေသည့် အစီအရင်ကို လွယ်လွယ်ကူကူပင် ဖယ်ရှားလိုက်၏။ ပါဝင်သည့် အကြောင်းအရာကို ဖတ်ရှုပြီးနောက် သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ဤနည်းစနစ်အကြောင်းကို သုံးသပ်ရမည်ဆိုလျှင် ကျန်းမင်၏ သခင်လေးသည် ယခင်ဘဝက အလွန်အားကောင်းသည့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်း နည်းစနစ်သည် သာမန်ထက်ပိုကာ ထူးခြားနေ၏။ ဤလမ်းစဉ်အတိုင်း လိုက်နာပါက အနာဂတ်တွင် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်လာဖို့ ခက်ခဲလိမ့်မည် မဟုတ်ပေ။ သို့ပေမဲ့ အင်မော်တယ် အင်ပါယာ ဖြစ်ရန် အခွင့်အရေးတော့ နည်းသေး၏။

"ရောရုဝပြည်ရဲ့ အရှင် ဘယ်နေရာမှာဆိုတော့ …. ဒီမှာပဲ"

လီယွင်သည် လက်ကို အသာလှည့်လိုက်၏။ အဖြူရောင် အလင်းတန်းများနှင့် တောက်ပလျက် ရှိနေသည့် ကျောက်စိမ်းပြားသည် ကျန်းမင်၏ လက်ထဲသို့ ကျရောက်သွားသည်။

"လက်ရှိအချိန်မှာ ရောရုဝအရှင်က နက်နဲအလင်းလောကရဲ့ အနီးအနား တည်နေရာ ပတ်လမ်းကြောင်းထဲမှာ ရှိတယ်။ "

လီယွင်သည် ခနလောက် စဉ်းစားလိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ "ဒီနေ့ အခြေအနေမှာ သတင်းအချက်အလက်တစ်ခုကို ထပ်ပြီးတော့ ပေးလိုက်မယ်။ ရောရုဝအရှင် က ခင်ဗျားတို့ ထင်ထားသလောက် အားမနည်းဘူး။"

“ဟမ် ….”

ကျန်းမင်သည် တွေဝေသွားမိ၏။ သူသည် စောနတုန်းက ကျောက်းစိမ်းပြားကို လှမ်းကာကြည့်ရှုလိုက်၏။ တကယ့်ကို ကောင်းမွန်သည့် သတင်းအချက်အလက်ဖြစ်ကြောင်း သူ မချီးကျူးဘဲ မနေနိုင်ချေ။ ရောရုဝပြည်၏ အရှင် ဘယ်နေရာတွင် ရှိနေသည်ကို သိရှိရုံသာမကပဲ ရောရုဝပြည်၏ လက်ရှိအားအင်အဆင့်သည် အန္တိမကျင့်ကြံခြင်း ထိပ်ဆုံးအဆင့်တွင် ရောက်ရှိနေကြောင်းကိုပါ ပြသထား၏။

ယခု ရောရုဝအရှင်၏ တည်နေရာကို ရရှိပြီဖြစ်သောကြောင့် ထိုသူသည် လမ်းလျှောက်သည့် လူသေကောင်ကဲ့သို့ပင် သတ်မှတ်၍ရနေပြီဖြစ်ကြောင်း ကျန်းမင်က နားလည်လိုက်မိ၏။ ထို့အပြင် ရောရုဝပြည်၏ အရှင်သည် တိုင်ချူး၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ခံလိုက်ရသည်မှာ မကြာသေးချေ။ ထို့ကြောင့် ၎င်း၏ အားအင့်အဆင့်သည် ပြည်လည်ကာ မကောင်းမွန်လောက်သေးချေ။ ထို့ကြောင့် သူနှင့် တခြားသောသူများ အားစိုက်ထုတ်ကာ တိုက်ခိုက်မည်ဆိုလျှင် သတ်ဖြတ်ပစ်နိုင်မည် ဖြစ်ကြောင်း တွေးတောနေခြင်း ဖြစ်သည်။

သို့ပေမဲ့ အနိုင်ရန်သေချာနေကြောင်း စဥ်းစားတွေးခေါ်လျက် ရှိနေတုန်းမှာပဲ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ စကားလုံးမျသည် သူ့အား ရေခဲရေနှင့် ပက်လိုက်သလိုပင် တုန်ယင်သွားစေခဲ့၏။

"စီနီယာ ဘာကိုဆိုလိုတာလဲ"

ကျန်းမင်က အံ့ဩလျက် ရှိနေ၏။ ရောရုဝအရှင်၏ နောက်ကွယ်မှာ ပံ့ပိုးသည့် အခြားအဖွဲ့အစည်း တစ်ခုခု တည်ရှိနေလေသည်လား။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ရောရုဝပြည် သုတ်သင်ရှင်းလင်းခံနေရချိန်တွင် မလှုပ်ရှားရသနည်း။

"ရောရုဝပြည်က ဖျက်ဆီးခံလိုက်ရတယ် ဆိုပေမဲ့ သူတို့ဆီမှာ အားအင်အနည်းငယ်ကတော့ ရှိနေသေးတယ်။ "

လီယွင်က တည်ငြိမ်စွာ ပြန်လည်ရှင်းပြလိုက်၏။ ခင်ဗျားပြောနေတာက "

"စီနီယာ ရောရုဝပြည်မှာ အထောက်အကူတွေ ရှိနေသေးတာလား။ "

ကျန်းမင်က မျက်မှောင်ကုတ်ကာ မေးမြန်းလိုက်၏။

"လောကအသီးသီးက လူတွေ သူတို့ကို ဝိုင်းဝန်းလိုက်တိုက်ခိုက်ဖို့ ဖြစ်နေတဲ့အချိန်မှာ ဘယ်သူက ကူညီရဲသေးလဲ။ ရောရုဝပြည်ကို ကူညီဖို့ ကြိုးစားနေတဲ့ လူတွေက ဘယ်သူတွေလည်းဆိုတာ စီနီယာ သိပါသလား။ "

"အင်း ဒါဆိုရင် နောက်ထပ် အရောင်းအဝယ်တစ်ခု ဖြစ်သွားလိမ့်မယ်။ "

လီယွင်က ပြုံးလိုက်မိ၏။

"ဒါ….."

ကျန်းမင်က ဆွံ့အသွား၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဖန်တီးထားသည့် ထောင်ချောက်ထဲသို့ မရောက်သွားရန် သူက သေသေချာချာ ဂရုစိုက်နေရ၏။ အစောတုန်းက ပြောဆိုခဲ့သည့် စကားလုံးများသည် မေတ္တာဖြင့် သတိပေးခြင်း မဟုတ်ချေ။ ပြောရမည်ဆိုလျှင် သတင်းအချက်အလက်များကို ဝယ်ယူရန်အတွက် ငါးစာပင် ဖြစ်လို့နေ၏။ သူ၏ စိတ်ဝင်စားမှုများသည် အလွန်ပဲ တိုးတက်လျက် ရှိနေ၏။ မေးလိုက်သည်နှင့် တစ်ပြိုင်နှက် သွေးစက်စက်ယိုလောက်သည့် ပမာဏကို ပေးရမှာဖြစ်သည်။

သို့ပေမဲ့ လက်ရှိအချိန်တွင် သူ့၌ တန်ဖိုးကြီးမားလှသည့် အရာဟူ၍ ဘာတစ်ခုမှ မရှိတော့ချေ။ သခင်လေးကိုလည်း ထပ်တောင်း၍ မဖြစ်နိုင်တော့ချေ။

"အင်း … အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဝင်ပြီးမလှုပ်ရှားသရွေ့ ရောရုဝအရှင်က ဘာမှဖြစ်နေအုံးမှာ မဟုတ်ဘူးထင်တယ်" ကျန်းမင်က အသာပြောလိုက်၏။

လီယွင်သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းပင်။ ကျန်းမင် ခန့်မှန်းသည့် အတိုင်းပင် အင်မော်တယ်ဘုရင် တစ်ယောက်သည်သာ ဝင်ရောက်လှုပ်ရှားခြင်း မရှိပါက ဤသို့ပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိလောကကြီး တွင် အင်မော်တယ်ဘုရင်ဟူ၍ မရှိချေ။ လီယွင် အစောတုန်းက ပြောဆိုခဲ့သည့် စကားများသည် ငါးစာပစ်ခြင်းသာ ဖြစ်၏။ သို့ပေမဲ့ ဘာတစ်ခုမှ မရနိုင်သည် ဆိုမှတော့ အဘယ့်ကြောင့် ဆက်လက်ကာ ပြောဆိုနေတော့မည်နည်း။

"ဘာမှ မရှိတော့ဘူးဆိုရင် သွားလို့ရပြီ"

"ကောင်းပါပြီ သွားလိုက်ပါအုံးမယ်" ကျန်းမင်က ဦးညွှတ်ကာ ပြောဆိုလိုက်သည်။

ကောင်းကင်လျှို့ဝှက် နန်းဆောင်အပြင်သို့ ရောက်သည့် အချိန်မှာတော့ သူသည် သက်ပြင်းချလိုက်မိ၏။ သူ၏ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ ပါဝင်သည့် အကြောင်းအရာများကို မြန်မြန်ဆန်ဆန်ပဲ အစစ်အမှန် သိုင်းလောက ဆီသို့ သတင်းပေးပို့လိုက်၏။

"တခြား သတင်းအချက်အလက်တွေကရော"

အင်ပါရီယန်လျှိုကလန်အတွင်းမှာတော့ …..

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်၏ မျက်လုံးများသည် ပွင့်လာခဲ့၏။ သူ၏ မျက်လုံးထဲတွင် လေးနက်သည့် အမူအရာများ ဖြစ်လာခဲ့၏။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်ခုကို စတေးပြီးနောက် စိတ်တည်တည်ငြိမ်ငြိမ် နေထိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။

ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည်သာ လှည့်စားသွားသည် ဆိုပါက သူ့အနေဖြင့် နည်းစနစ်သာမက အရာအားလုံးကို ဆုံးရှုံးရပေလိမ့်မည်။ ကံကောင်းစွာဖြင့် ကျန်းမင်သည် သူ့ကို သတင်းပြန်လည်ပေးပို့ခဲ့သည်။

ကျောက်စိမ်းပြားကို ထုတ်ယူပြီးနောက် ပါဝင်သည့် အကြောင်းအရာများကို ကြည့်ရှုကာ တီးတိုးရေရွတ်လိုက်၏။ ကျန်းမင်သည် မျှော်လင့်ချက်အတိုင်း လုပ်ဆောင်နိုင်ခဲ့ပြီး သတင်းအချက်အလက်များကို ပြန်ပို့နိုင်ခဲ၏။ ရောရုဝအရှင် မည်သည့်နေရာတွင် ရှိကြောင်း သေသေချာချာ မေးမြန်းခဲ့သောကြောင့် သူ့အနေဖြင့် ကြိုတင်ကာ ပြင်ဆင်၍ ရနေပြီဖြစ်၏။

ဤတစ်ကြိမ် ရောရုဝပြည်၏ အမွေအနှစ်အားလုံးကို ရရှိမည်ဆိုပါက အင်မော်တယ်အင်ပါယာ ဖြစ်နိုင်မည့် လမ်းဆီသို့ လျှောက်လှမ်းနိုင်ပေလိမ့်မည်။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းဆယ်ခုကို စတေးရမည် ဆိုလျှင်တောင်မှ သူသည် လိုလိုချင်ချင်ဖြင့် ပေးအပ်မှာ ဖြစ်သည်။

"အင်း …. ရောရုဝပြည်အရှင်အနေနဲ့ ငါ့ကို စိတ်မပျက်စေဖို့ပဲ မျှော်လင့်ရမှာပဲ" အဖြူရောင်နှင့် လူငယ်သည် တီးတိုးရေရွတ်လိုက်၏။

"ဟန့်ဝူ" လူငယ်က ခေါ်လိုက်သည်။

အခန်း၏ အပြင်ဘက်တွင် လူတစ်ယောက် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ပေါ်ပေါက်လာခဲ့၏။ သူသည် လျိုအင်ပါရီယန်ကလန်၏ လူများတစ်ယောက်မှ သတိမပြုမိစွာပင် အထဲသို့ ဝင်ရောက်လာခဲ့၏။

"ပြောပါ သခင်လေး" ထိုသူသည် လေးစားစွာဖြင့် ပြောဆိုလိုက်သည်။

"ခင်ဗျား ချက်ချင်း အဖွဲ့တစ်ခုကို ဦးဆောင်ပြီး ဒီတည်နေရာကို သွားဝိုင်းလိုက်။ ဘယ်သူ့ကိုမှ အဝင်အထွက် မလုပ်စေနဲ့။ မှတ်ထား … အထဲမှာရှိတဲ့ လူတွေကိုလည်း ပြဿနာမရှာနဲ့။ ကျုပ်ရောက်တဲ့အထိစောင့်" လူငယ်က အမိန့်ပေးလိုက်၏။

"မှတ်မိပြီလား"

လူငယ်က ထပ်မံကာ မေးမြန်းလိုက်၏။ ပြီးနောက် သူ၏ လက်၌ အလင်းတန်းများ ဖြစ်တည်လာပြီး နောက်လိုက်ဆီသို့ ကျဆင်းသွားခဲ့သည်။

ထိုသူသည် အလင်းတန်းကို ဖမ်းလိုက်ပြီး လေးလေးစားစား ပြောလိုက်၏။ "မှတ်မိပါတယ် "

"ကောင်းပြီ သွားတော့"

လူငယ်သည် လက်ကို ယမ်းခါလိုက်၏။ ထိုသူ ထွက်ခွာသွားသည်ကိုကြည့်ရှုပြီး လူငယ်သည် နောက်ထပ် တည်နေရာ တစ်ခုဆီသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။ "လက်ရှိ အခြေအနေမှာ ငါ့ရဲ့ဝှက်ဖဲတစ်ချို့ကို ထုတ်ပြီး သုံးရတော့မှာပဲ။ မဟုတ်ရင် အကြောင်းအရာတွေ အကုန်လုံး ပေါက်ကြားသွားနိုင်တယ်။ "

ကျန်းမင်ဆီမှ ရရှိလာသည့် သတင်းအချက်အလက်သည် ထင်ရှား ရှင်းလင်းနေပြီ ဖြစ်၏။ ရောရုဝအရှင်သည် တစ်ယောက်တည်း မဟုတ်ချေ။ များပြားသည့် စွမ်းအားမြင့် ကျင့်ကြံသူများလည်း ၎င်းနှင့်အတူ တည်ရှိနေ၏။ ထို့ကြောင့် သူတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းမရှိဘဲ သွားရောက်တိုက်ခိုက်ပါက လက်ဗလာနှင့် အဆုံးသတ် သွားနိုင်သည်။

All Chapters