အခန်း (၅၈၀)
Vol. 39 Ch. 580
နက်နဲအလင်းလောက၏အပြင်ဘက် ရှုပ်ထွေးလှသည့် တည်နေရာလမ်းကြောင်းထဲတွင်တော့ ရောရုဝ အရှင်သည် ခြေချိတ်ကာထိုင်လျက် ရှိနေ၏။ တစ်ခါတရံ သူသည် နောက်ဆုံးတိုက်ပွဲတွင် ဖြစ်ခဲ့သည့် အကြောင်းအရာမျာကို ပြန်လည်ကာ စဉ်းစား သုံးသပ်နေ၏။ သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများသည် ပြန်လည် ကောင်းမွန်လာပုံ ပေါ်ပြီး ထိပ်ဆုံးအခြေအနေဆီသို့ ပြန်လည်ရောက်ရှိနေသကဲ့သို့ပင်။
သို့ပေမဲ့ တကယ်တမ်းမှာတော့ ဆိုးရွားသည့် ဒဏ်ရာများက တည်ရှိနေသေး၏။ ၎င်း၏ အတွင်းဒဏ်ရာ များသည် ပြင်းထန်လွန်းလှ၏။ နှစ်ပေါင်းတစ်ထောင်လောက်အတွင်း ပြန်လည်ကောင်းမွန်ဖို့ ဆိုသည်မှာ သိပ်ပြီး မဖြစ်နိုင်ချေ။
“ဟင်း”
ရောရုဝအရှင်သည် မျက်လုံးကို ဖွင့်လိုက်၏။ သူ၏နှလုံးသားထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူ၏ မျက်လုံးများသည် သန်းနှင့်ချီသည့် အကွာအဝေးအတွင်း တည်ရှိနေသည့် စကြဝဠာလေထုကြီးထဲသို့ လှမ်းမျှော်ကာ ကြည့်ရှုနေသည်။
“ငါ ဘာလို့ ဆိုးရွားတဲ့ ခံစားချက်တွေ ရနေတာလဲ” ရောရုဝအရှင်က တီးတိုးရေရွတ်လိုက်၏။
သူတို့၏ အဆင့်အရဆိုလျှင် ရုတ်တရက် ဖြစ်တည်လာခဲ့သည့် အလိုလိုသိစိတ်သည် အခြေအမြစ်မရှိဘဲ ဖြစ်တည်လာခဲ့ခြင်း မဟုတ်ချေ။
“တစ်စုံတစ်ယောက်က ငါ့ကို အကွက်ချ စီစဉ်နေပြန်ပြီလား။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် များလား”
သို့ပေမဲ့ သူသည် ဤအတွေးကို ချက်ချင်း စိတ်ထဲမှ ပယ်ဖျောက်လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သာ ဆိုပါက သူ့အနေနှင့် တုံ့ပြန်ရန် အချိန်ဟူ၍ပင် ရရှိလိမ့်မည် မဟုတ်ချေ။ အချက်အလက်အားဖြင့် သူသည် သတိအပြည့်နှင့်ထားသည် ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ရှောင်လွဲ၍ မရနိုင်ချေ။
လက်ရှိ အခြေအနေမှာတော့ သူ၏ ဆိုးရွားသည့်ခံစားချက်များသည် ပိုမိုကာ ဖြစ်တည်လာခဲ့၏။ သူ့အနေနှင့် အဆုံးစွန်ထိ ပျောက်ကွယ်သွားရမည့် အခြေအနေမျိုးသို့ ရင်ဆိုင်နေရ၏။ ကောင်းကင် လျှို့ဝှက်နန်းဆောင် သခင် မဟုတ်ဘဲ တစ်စုံတစ်ယောက်သည် အခြေအနေကို အခွင့်အရေးယူကာဖြင့် သူ့ကို အကွက်ချစီစဉ်ရန် ကြိုးစားနေလေသည်လား။
“အင်း တစ်စုံတစ်ယောက်က ငြိမ်ငြိမ်သက်သက်နဲ့ မနေနိုင်ဘူးလား” သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ရောရုဝအရှင်၏ မျက်လုံးပေါ်တွင် ပေါ်ပေါက်လာခဲ့၏။ သူသည် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို လှမ်းကာ ကြည့်ရှုနေ၏။ မြေပြင်တစ်ခုလုံးသည် သူ၏ သိစိတ်ကြောင့် တုန်ခါလျက်ပင် ရှိနေလေ၏။
ဤပြောင်းလဲမှုကို မြင်ရသည့်အချိန်မှာတော့ ကျင့်ကြံလျက် ရှိနေကြသော ရောရုဝ၏ နောက်လိုက်များသည် ရုတ်တရက် နိုးထလာခဲ့ကြ၏။ သူတို့၏ အနားပတ်ဝန်းကျင်ရှိ အပူချိန် ပြောင်းလဲသွားခဲ့သည်ကို သတိပြုမိသည့် အချိန်မှာတော့ သူတို့သည် အချင်းချင်း ကြည့်ရှုလိုက်၏။ တစ်ယောက်၏ မျက်လုံးကြားထဲတွင် ရှိနေသည့် သဘောသဘာဝနှင့် အရိပ်အယောင်ကို တစ်ယောက်က နားလည်ကြသည်။
“အရှင် တစ်စုံတစ်ခု လွဲမှားနေလို့လား” ရောရုဝဆီမှ အဖွဲ့သားတစ်ယောက်က မေးမြန်းလိုက်၏။
“ငါ့ရဲ့တွက်ချက်မှုသာ မှန်မယ်ဆိုရင် ငါတို့တည်နေရာကို တစ်ခြားသူတွေ သိသွားပြီ” ရောရုဝအရှင်သည် နက်နဲအလင်းလောကကြီး၏ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပိုမို၍ တိတိကျကျ ပြောရမည် ဆိုလျှင် သူ၏အကြည့်သည် နက်နဲအလင်းလောကကြီးကို ကျော်ဖြတ်ပြီးသည့်နောက် နက်နဲ လျှို့ဝှက်လောက နှင့် အစစ်အမှန်သိုင်းလောကဆီသို့ ကျဆင်းလျက်ရှိနေသည်။
လောကကြီးနှစ်ခု ပေါင်းစပ်ပြီးသည့်နောက် မည်သည့်အဟန့်အတားမှ မရှိတော့ချေ။ ထို့ကြောင့် အားလုံးသောသူတို့သည် တခြားသော လောကဆီသို့ ရဲရဲဝံ့ဝံ့နှင့် တည်နေရာ ဖြတ်သန်းကာ သွားလာနိုင်စွမ်း ရှိနေကြ၏။
ဤအရာသည် ပုံမှန်မဟုတ်ချေ။ ဤကဲ့သို့သော ပြောင်းလဲမှုမျိုးကို ကြုံဆုံရသည့်အချိန်တွင် လူပေါင်းများစွာတို့သည် စိတ်လှုပ်ရှားမှုကို ခံစားရမှာဖြစ်ပြီး အုတ်အော်သောင်းနင်း ဖြစ်ရပေလိမ့်မည်။ သို့ပေမဲ့ အားလုံးသောသူတို့သည် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် စိတ်ဝင်စားမှုကို မပြသခဲ့ကြချေ။ အခြေအနေ တစ်ခုလုံးကို သူတို့သည် ကြိုတင်ကာ သိရှိပြီးသားဖြစ်ပုံပင်။
ဟုတ်ပေ၏။ တကယ်တမ်းမှာတော့ သူတို့ အနေနှင့် တိုက်ပွဲများကို မဖော်ဆောင်ချင်၍ မဟုတ်ချေ။ ရောရုဝအရှင် တည်ရှိနေသည်ကို သူတို့ နားလည်လက်ခံထားသောကြောင့်ပင်။
သူတို့အချင်းချင်း ပဋိပက္ခများ ဖြစ်သွားသည်ဆိုပါက ကျိန်းသေပေါက် ထိုပဋိပက္ခများကြားထဲမှာ ရောရုဝက အကျိုးကျေးဇူးများ ရယူသွားပေလိမ့်မည်။ ထို့ပြင် ရောရုဝသည် သေဆုံးသွားခဲ့သည့် ဝိညာဉ်များကို ထိန်းချုပ်သည့်နေရာတွင် အလွန်ကျွမ်းကျင်လွန်းလှ၏။ တိုက်ခိုက်မှု ဖြစ်သွားပြီးသည့်နောက် များပြားလွန်း လှသည့် ကျင့်ကြံသူများသည် သေဆုံးကြမှာဖြစ်၏။ ထိုအရာသည် ရောရုဝပြည်၏ အားအင်များကို ပိုမိုတိုးတက်အောင် ပြုလုပ်ခြင်းနှင့် ဆင်တူနေပေလိမ့်မည်။
လက်ရှိ အခြေအနေမှာတော့ သာမန်ဦးနှောက်ရှိသော လူများပင်လျှင် ဤကဲ့သို့ အန္တရာယ်များသည့် ကိစ္စမျိုး ကို မပြုလုပ်ကြချေ။ ဖြစ်နိုင်ချေအရဆိုလျှင် သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာ အောက်တွင် ခိုလှုံချင်နေပြီး ရှေ့ဆီသို့ လှမ်းတက်ချင်သည့် စိတ်ဆန္ဒဟူ၍ မရှိကြချေ။
ရောရုဝပြည်သည် လက်ရှိအခြေအနေမှာတော့ အန္တရာယ် အများဆုံးပေးနိုင်သည့် အင်အားစုကြီးဖြစ်သည်။ သူတို့အနေနှင့် အချင်းချင်း ပဋိပက္ခများ ဖြစ်သွားသည်ဆိုပါက ရောရုဝအရှင်ကို သုတ်သင်ရှင်းလင်းပစ်ရန် စီစဉ်နေသည့် စွမ်းအားမြင့်ကျင့်ကြံသူများ၏ အကြံကို ဖျက်ဆီသလို ဖြစ်ပေလိမ့်မည်။
“အင်း.. ဒါဆိုရင် ကျုပ်တို့ဒီနေရာကနေ ခဏလောက် ထွက်ခွာသွားကြမလား” နောက်လိုက်တစ်ယောက်သည် ယခင်တိုက်ပွဲတွင် ဖြစ်တည်ခဲ့သည့် အကြောင်းအရာများကို ပြန်လည် စဉ်းစားပြီးသည့်နောက် တွေးတွေးဆဆဖြင့် တီးတိုးရေရွတ်လိုက်၏။
ယခင်တိုက်ပွဲသည် သူတို့ အတွက်ကြီးမားလှသည့် အရိပ်ဆိုးကြီးတစ်ခုကဲ့သို့ ဖြစ်တည်စေခဲ့၏။ တိုင်ချူးသည် ဘာမှပင် မသိဘဲ သူတို့နားဆီသို့ ရောက်ရှိလာခဲ့၏။ ထို့ပြင် သတ်ဖြတ်ခြင်း အစီအရင်တစ်ခုကိုလည်း ဖန်တီးခဲ့ သေး၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။
အဆိုးဆုံး အခြေအနေမျိုးကို ကြုံဆုံခဲ့ရပြီးသည့်နောက် အသက်ရှင်သည်ကပင် သူတို့အတွက် ကံကောင်းခြင်း ဖြစ်ခဲ့သည်ဟု ထင်မှတ်ရ၏။ သူတို့ ထွက်ခွာလာနိုင်သည့် ရည်ရွယ်ချက်သည် သူတို့အရှင်၏ ထူးခြားလွန်း လှသည့် အားအင်အဆင့်ကြောင့်သာလျှင် ဖြစ်၏။ မဟုတ်ပါက မလွယ်လှချေ။
သို့ပေမဲ့ လက်ရှိအခြေအနေတွင် အခြေအနေတွေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ သူတို့၏ အရှင်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပြီး ထိုဒဏ်ရာများမှ ပြန်လည် မကောင်းမွန်သေးချေ။ အန္တိမကျင့်ကြံခြင်း အဆင့် စွမ်းအားမြင့်ကျင့်ကြံသူ တော်တော်များများနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ဆိုသည်ကပင် စိန်ခေါ်မှုတစ်ခု ဖြစ်၏။
ရောရုဝအရှင်အပြင် သူတို့အားလုံးသည်လည်း ဒဏ်ရာများ ရရှိထားခဲ့သေးသည်။ ထို့ကြောင့် တခြားသော သူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ဆိုသည်မှာ သူတို့အတွက် ခက်ခဲလှသည့် အခြေအနေပင်။
“ဒီနေရာကနေ ထွက်ခွာသွားမယ် ဟုတ်လား”
ရောရုဝအရှင်သည် ခေါင်းကို အသာခါယမ်းကာ ပြောလိုက်၏။ သူသည် ခြေထောက်ကို မြှောက်ပြီးသည့်နောက် အလွန်အားကောင်းလှသည့် အရှိန်အဝါများကို ထုတ်ဖော်လျက် ရှိနေတုန်းပင်။ “အခြေအနေကို ကြည့်မယ်ဆိုရင် ကျုပ်တို့က ဘယ်ကိုသွားရမှာလဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တည်ရှိနေတယ်ဆိုရင် ကမ္ဘာမြေရဲ့အဆုံးထိ ပြေးမယ်ဆိုရင်တောင်မှ ကျုပ်တို့ရဲ့နေရာကို သူက သိနိုင်တယ်”
သူ၏ နောက်လိုက်များသည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိကြ၏။ သူတို့သည် ဤဆိုးရွားလှသည့် အခြေအနေကို ကောင်းကောင်းနားလည်ကြ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သာ ရှိသည်ဆိုပါက ကျိန်းသေပေါက် သူတို့သည် မလွတ်မြောက်နိုင်ပေ။
သူတို့၌ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည့် လူတစ်ယောက်ယောက် တည်ရှိသည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ဤအရာကလည်း မဖြစ်နိုင်ပေ။
“ကျုပ်တို့ကံကြမ္မာက ကျုပ်တို့တောင် မပိုင်ဆိုင်တော့ဘူးလား” တစ်စုံတစ်ယောက်သည် စိတ်ပျက်လက်ပျက် နှင့် ပြောဆိုလိုက်မိသည်။
“မဟုတ်ဘူး”
ရောရုဝအရှင်က ခေါင်းကိုခါယမ်းလိုက်၏။ သူသည် အေးစက်သည့်လေသံဖြင့် ပြောလိုက်၏။ “အခု လာမယ့်လူက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် မဟုတ်ဘူးဆိုရင် ငါတို့ဆီမှာ မျှော်လင့်ချက်တွေ ရှိနေသေးတယ်”