← Chapters

အခန်း (၅၈၁)

Vol. 39 Ch. 581

အခန်း (၅၈၁)

Vol. 39 Ch. 581

“မျှော်လင့်ချက်တွေ ရှိနေသေးတယ် ဟုတ်လား” ဤစကားစုကို ပြောဆိုလိုက်သည့် အချိန်မှာတော့ အားလုံးသော သူတို့သည် ကြောင်အသွားခဲ့ကြ၏။ ၎င်းတို့သည် လမ်း၏ အဆုံးသတ်သို့ ရောက်လုနီးပါး ဖြစ်လို့နေခဲ့၏။ မျှော်လင့်ချက်က ဘယ်နေရာမှာ ရှိနေရသနည်း။

ထို့အပြင် တစ်စုံတစ်ယောက်အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်သည်ဆိုပါက သူတို့ မည်သည့်နေရာတွင် စခန်းချသည် ဆိုသည်ကို သေသေချာချာ သိရှိနိုင်သည်သာမက သူတို့၏ လက်ရှိ အားအင်အဆင့်ကိုပါ သိရှိနိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် မည်သို့ပင်ဖြစ်ဖြစ် သူတို့အနေနှင့် လွတ်လမ်းဟူ၍ မရှိနိုင်ချေ။

လက်ရှိအခြေအနေသည် ရန်သူများမှာ အမှောင်ထဲတွင် တည်ရှိလို့နေပြီး သူတို့ကတော့ အလင်းထဲတွင် တည်ရှိနေ၏။ ရောရုဝပြည်မှ လူများသည် စိတ်ပျက်လက်ပျက်ဖြင့် တကယ်ပင် ခံစားနေမိကြ၏။ သို့သော်ငြား လက်ရှိအခြေအနေ၌ ရောရုဝအရှင်သည် မထင်မှတ်ဘဲ မျှော်လင့်ချက်ရှိနေသေးသည်ဟု ပြောဆိုခဲ့၏။ မယုံကြည်နိုင်ဖွယ်ရာပင်။

“မေးချင်ပါတယ် အရှင်.. မျှော်လင့်ချက် ရှိသေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ” တစ်စုံတစ်ယောက်က အလျင်စလိုဖြင့် မေးမြန်းလိုက်သည်။

“ငရဲလောကရဲ့ အမွေအနှစ်တွေက တကယ့်ကို များပြားတယ်။ ကျုပ်အနေနဲ့ အစိတ်အပိုင်း တချို့တလေကိုသာ ရရှိခဲ့တယ်။ ဒါကြောင့်မို့လို့ အသင်္ချေလောက အသီးသီးကို စုစည်းဖို့ ကြိုးစားတဲ့အချိန်မှာ ခက်ခဲမှုတွေ ကြုံခဲ့ရတာပေါ့” ရောရုဝအရှင်က လေးနက်စွာပြောလိုက်၏။ သူသည် လေဟာနယ်ထဲသို့ မော့ကာ ကြည့်လိုက်၏။ သူ၏ နက်ရှိုင်းလှသည့် မျက်လုံးများသည် ကြယ်စင်စုများကဲ့သို့ပင် တောက်ပ လာခဲ့၏။

သူသည် လက်တစ်ဖက်ကို အသာမြှောက်ပြီးနောက် လက်ဝါးထက်တွင် မဲနက်နေသည့် သင်္ကေတတစ်ခုက ထွန်းတောက်လာခဲ့၏။ ထိုမဲနက်လျက် ရှိနေသည့် သင်္ကေတသည် အမဲရောင်နေလုံးကြီး ကဲ့သို့ပင် ဖြစ်တည်ပြီးသည့်နောက် အလင်းတန်းများသည် လေဟာနယ်၏အတွင်း အနက်ရှိုင်းဆုံး တည်နေရာ၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာစေခဲ့သည်။

အဝေးလေဟာနယ်၏ အဆုံးဘက်တွင်တော့ ပဲ့တင်သံတစ်ခုကို အားလုံးက ကြားလိုက်ရ၏။ တည်နေရာသည် သူတို့ ရှိသည့်နေရာနှင့် ဝေးကွာသည့် တည်နေရာမဟုတ်ချေ။ ပြောရမည်ဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ပေါင်းစပ်ခဲ့သည့် လောကများထဲမှ တစ်ခုဖြစ်၏။ ထို့ပြင် လူတော်တော်များများတို့သည် ထိုလောကကြီး နှင့် ရင်းနှီးလို့နေခဲ့၏။

“ဒါ နက်နဲလျှို့ဝှက်လောကလား” ရောရုဝအရှင်က တီးတိုးရေရွတ်လိုက်၏။

“.........”

အနီးအနားတွင် ရှိနေသည့်လူများသည် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ လက်ရှိအခြေအနေတွင် သူတို့၏သခင် ဆိုလိုသည့် မျှော်လင့်ချက် အလင်းရောင်ဆိုသည်မှာ ဘာဖြစ်ကြောင်း သူတို့က ကောင်းကောင်း နားမလည်သေးချေ။

“ရှေးတုန်းကငရဲပြည်က အသင်္ချေများပြားတဲ့ လောကအသီးသီးကို လွှမ်းမိုနိုင်ခဲ့တယ်။ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအင်က ခန့်မှန်းလို့မရအောင် အားကောင်းရုံမကဘဲ သူတို့ရဲ့နောက်ကို လိုက်ခဲ့တဲ့ များပြားလှတဲ့ ကလန်အသီးသီးကလည်း ရှိခဲ့တယ်။ ဒီကလန်တွေရဲ့ ကိုးဆယ် ရာခိုင်နှုန်းကျော်တို့က ငရဲလောကကြီး ပျက်စီးသွားတဲ့အချိန်မှာ သမိုင်းရဲ့ မြစ်ရေစီးကြောင်းနဲ့အတူ ပျောက်ကွယ်သွားခဲ့ကြတယ်” ရောရုဝအရှင်သည် ထူးမခြားနားသလို ပြောလိုက်သည်။

“ဒါပေမဲ့ ခြွင်းချက်တစ်ခု ရှိသေးတယ်။ တချို့ကလန်တွေကတော့ ပုန်းအောင်းလျက် ရှိသေးတယ်။ သူတို့က ငရဲလောကကြီး ပြန်ပြီး ပေါ်ပေါက်လာဖို့အတွက် စောင့်မျှော်နေကြတာပေါ့” သူသည် ဤစကားစုကို ပြောဆိုခဲ့၏။

သူ့အနေနှင့် ငရဲလောကကို အညံ့ခံခဲ့သည့် ဂိုဏ်းကဏ္ဍတစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့သည်ဆိုပါက အကူအညီအဖြစ် တောင်းဆိုနိုင်စွမ်း ရှိနေ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ထိုသိမ်းဆည်းထားသည့် သူ၏ဝှက်ဖဲသည် အကျိုးသက်ရောက်မှု ရှိလား၊ မရှိလားဆိုသည်က မသိနိုင်ချေ။

သို့ပေမဲ့ သူ့အနေနှင့် ထိုကဲ့သို့ တွေးတောလျက် ရှိနေတုန်းမှာပဲ ကလန်တစ်ခုသည် သူ့ကို ရုတ်တရက် သတင်းပေးပို့လာခဲ့၏။ ထိုကလန်သည် နက်နဲလျှို့ဝှက်နယ်မြေဆီမှပင် ဖြစ်လေ၏။ မမျှော်လင့်စရာ ပျော်ရွှင်မှုတစ်ခုပင် ဖြစ်၏။

ယခင်တုန်းက ငရဲလောက၏ လက်အောက်သို့ ခိုလှုံခဲ့သော ကလန်အသီးသီးတို့သည် သံသယ ရှိစရာမလိုပါဘဲ အားကောင်းသည့်လူများ ဖြစ်ပေလိမ့်မည်။ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးသည့်နောက် ၎င်းတို့၏ အားအင်အဆင့်သည် နိမ့်ကျကောင်း နိမ့်ကျနိုင်သည် ဆိုသော်လည်း ကျိန်းသေပေါက် သာမန်ထက် ပိုသည့် တန်းတစ်ခုမှာတော့ တည်ရှိနေမှာ သေချာသည်။

“အရှင်.. အခြေအနေကို ပြန်ပြီးတော့ သုံးသပ်ရမယ်ဆိုရင် အတိတ်တုန်းက ငရဲလောကကို အညံ့ခံခဲ့တဲ့ အဲ့ဒီ ကလန်တွေရဲ့ အတွေးတွေက ပြောင်းလဲ မသွားနိုင်ဘူးလား” တစ်စုံတစ်ယောက်က တီးတိုးမေးမြန်းလိုက်၏။

ယခင်တုန်းက ငရဲလောကကြီးသည် များပြားသည့် အရင်းအမြစ်များကို ပိုင်ဆိုင်ပြီး အရှိန်အဟုန်လည်း ကောင်းမွန်ခဲ့၏။ ထို့ကြောင့်ပင်လျှင် လက်အောက်သို့ ဝင်ရောက်ခဲ့သည့် ဂိုဏ်းကဏ္ဍ အသီးသီးတို့သည် အကျိုးကျေးဇူးများကို ရရှိခဲ့ကြ၏။ ယခု နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ထိုကလန်၏ မျိုးဆက် အသီးသီးတို့သည် ယခင်ကဲ့သို့သော အမြင်မျိုး တည်ရှိနေပါဦးမလား။ သူတို့အရှင်၏ အောက်သို့ ခုန်ဝင်ရန် စိတ်ဆန္ဒ ရှိပါမည်လား။

“စိတ်မပူနဲ့”

ရောရုဝအရှင်က လက်ကိုအသာယမ်းခါကာ ပြောလိုက်၏။ “အရင်တုန်းက ငရဲလောကကြီးက အဲကလန်တွေအပေါ်မှာ ကျေးကျွန်တံဆိပ်တုံးတွေ ထုနှက်ထားခဲ့တယ်။ မျိုးရိုးစဉ်ဆက် အဆက်ဆက်က ဒီအရာကနေ မလွတ်မြောက်နိုင်ဘူး။ သူတို့သာ တခြားအတွေးတွေ ရှိနေမယ် ဆိုရင် ငါသူတို့ကို တစ်ခါတည်း သုတ်သင်ပစ်လို့ရတယ်”

“ဒါဆိုရင် အရမ်းကောင်းတာပဲ” ထိုလူသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ သူတို့၏ မျက်လုံးထဲတွင် မျှော်လင့်ချက် ရောင်ခြည်များသည် ပိုမိုကာ ထွန်းတောက်လာခဲ့၏။ တစ်ချိန်တုန်းက ငရဲပြည်ကို အညံ့ခံခဲ့သည့် ဂိုဏ်းကဏ္ဍများသည် ခန့်မှန်း၍မရအောင် အားကောင်းလျက်တော့ ရှိနေပေလိမ့်မည်။

၎င်းတို့ ပြန်လည် ပေါ်ပေါက်လာခြင်းဆိုသည်မှာ သူတို့အတွက် ကြီးမားသော ခိုလှုံမှုတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်၏။ ထိုသူများထဲတွင် အင်မော်တယ်ဘုရင် တစ်ယောက်သာ တည်ရှိနေသည်ဆိုပါက မည်မျှ ကောင်းလိုက်မည်နည်း။

သို့ပေမဲ့ နက်နဲလျှို့ဝှက်လောကထဲတွင် ပုန်းအောင်းလျက် ရှိနေသည့် ကလန်များကို စဉ်းစားပြီးသည့်နောက် ဤအရာမှာ မဖြစ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်ဘုရင်အဆင့် တစ်ယောက် ကျင့်ကြံသူ တည်ရှိနေသည်ဆိုပါက အဘယ်သို့ ပုန်းအောင်းနေမည်နည်း။

သူတို့သည် ထိုကဲ့သို့ စဉ်းစားမိသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် သူတို့၏ လက်ရှိအခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ အခြေအနေသို့ ရောက်ရှိနေ၏။ တခြားသောသူများ၏ ပစ်မှတ်ထားခံရခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက် အကောင်းဆုံး အခွင့်အရေးပင်။ မဝေးလှသည့် အနာဂတ်တစ်ခုတွင် သူတို့၏ အရှင်သည် အင်မော်တယ်ဘုရင်အဆင့်ဆီကို ချိုးဖြတ်နိုင်ခဲ့ပြီးသည့်နောက် ကြီးမားလှသည့် ဂုဏ်သိက္ခာကို ပြန်လည်ရယူနိုင်၏။

“အရှင် သူတို့ဘယ်အချိန် ရောက်လာမလဲ” နောက်လိုက်တစ်ယောက်က မေးမြန်းလိုက်၏။ သူတို့အရှင်၏ ဆိုလိုရင်းကို ကောင်းကောင်းသိရှိ၏။ သို့ပေမဲ့ သူတို့အနေနှင့် လက်ရှိအပြင်ဘက်တွင် ငြိမ်ငြိမ်သက်သက်နှင့် မည်မျှကြာအောင် စောင့်ဆိုင်းနေရမည်နည်း။

“မကြာခင်ပေါ့”

ရောရုဝအရှင်က တုံ့ပြန်လိုက်သည်။ “ရက်အနည်းငယ်လောက်ပါပဲ”

သူသည် နောက်လိုက်များကို တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် တည်ငြိမ်စွာဖြင့် သတင်းအချက်အလက်ကို ပေးပို့လိုက်၏။

“အခု အရှင်က စိတ်ချလက်ချ ခံစားနေရတယ်။ ဒါပေမဲ့ ကျုပ်တို့က ...” တစ်စုံတစ်ယောက်က အကြံပြုလိုက်၏။ သို့ပေမဲ့ သူသည် စကားကို ဆုံးအောင် မပြောလိုက်ရချေ။ အဓိပ္ပါယ်မှာ ရှင်းလင်းလွန်းလှ၏၊ ဤနေရာသည် မလုံခြုံချေ။ ထို့ကြောင့် အရင်ဆုံး ထွက်ခွာသွားခဲ့ပြီး အစီအစဉ်များကို ကြိုတင်စီစဉ်ထားမှ ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် တခြားသောသူများ၏ ဝင်ရောက်တိုက်ခိုက်ခြင်းကို ရှောင်ရှားနိုင်မှာဖြစ်သည်။

“အလျင်မလိုနဲ့”

ရောရုဝအရှင်သည် သူ၏မျက်လုံးများနှင့် လေဟာနယ်တစ်ခုလုံးကို လှည့်ပတ်ကာ ကြည့်ရှုပြီး ပြောလိုက်၏။ “ကျုပ် ဒီနေရာမှာ နေမယ်။ ကျုပ်ကို ဘယ်သူက ထိခိုက်နာကျင်အောင် လုပ်နိုင်မလဲဆိုတာကို ကြည့်လိုက်ချင်သေးတယ်”

All Chapters