← Chapters

အခန်း (၅၈၂)

Vol. 39 Ch. 582

အခန်း (၅၈၂)

Vol. 39 Ch. 582

နက်နဲအလင်းလောက၏ အခြားတစ်ဖက် လေဟာနယ်ထဲတွင် ရွက်သင်္ဘောတစ်စင်းက ထွက်ပေါ်လာခဲ့၏။ ထိုရွက်သင်္ဘောကြီးသည် ပေတစ်ရာလောက် ကြီးမားပြီး သေးငယ်သည့် တောင်ကြီးတစ်ခု လေဟာနယ်ထဲ လွင့်မျော လာသကဲ့သို့ပင်။ ၎င်းသင်္ဘောကြီး၏ မျက်နှာပြင်တွင် များပြား ရှုပ်ထွေးလွန်းလှသည့် တာအို၏ သင်္ကေတများ ထွက်ပေါ်လျက်ရှိ၏။

လူပေါင်းများစွာတို့သည် ဗဟိုတည်နေရာတွင် မတ်မတ်ထိုင်လျက်ရှိပြီး အသက်ဝင် နိုးထလျက်ရှိသည့် နဂါးများကဲ့သို့ပင် လှုပ်ရှားတက်ကြွနေကြသည်။

“ဒါပဲ .....”

လေးနက်သည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုသူများ ကြားထဲတွင်တော့ လူတစ်ယောက်သည် မျက်လုံးကို ဖွင့်လိုက်၏။ သူသည် နက်နဲအလင်းလောကကြီး၏ အပြင်ဘက် ရှုပ်ထွေးသည့် လေဟာနယ် တည်နေရာ လမ်းကြောင်းကြီးဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ “ကျုပ်တို့ နက်နဲအလင်းလောကနဲ့ နီးစပ်လာခဲ့ပြီ။ ဒါပေမဲ့ အရှေ့ကို ဆက်သွားလို့ မရတော့ဘူး။ ဒါမှ ရောရုဝအရှင် သတိပြုမှုကို ရှောင်ရှားနိုင်မှာလေ”

ထိုသူသည် လျှိုအင်ပါရီယာကလန်မှ အလျင်အမြန်နှင့် ရောက်ရှိလာခဲ့သော ဝမ်ချီမှလွဲ၍ တခြားလူ မဟုတ်ပေ။ သခင်လေး ပြန်လည်မွေးဖွားလာခြင်း မရှိခင်ကတည်းက သူသည် အန္တိမ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ယခု နှစ်ပေါင်းများစွာ ကုန်လွန်ပြီးသည့်နောက် သူသည် အန္တိမကျင့်ကြံခြင်း၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီး အင်မော်တယ်ဘုရင်အဆင့်ဆီသို့ တက်လှမ်းနိုင်ရန်အတွက် ခြေတစ်လှမ်းသာလျှင် လိုအပ် တော့သည်။ ကောင်းကင်မူလလောကကြီး၏ တိုင်ချူးကဲ့သို့ပင်။

သို့ပေမဲ့ အင်မော်တယ်ဘုရင်အဆင့်သို့ နီးကပ်လာလေ ရောရုဝအရှင်၏ ကြောက်မက်ဖွယ်ရာကောင်းပုံကို ပိုမိုကာ နားလည်လာလေဖြစ်၏။ ထိပ်ဆုံး အခြေအနေတွင် တည်ရှိနေသည် ဆိုလျှင်တောင်မှ ရောရုဝအရှင်ကို သူ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း ဝန်ခံရပေလိမ့်မည်။ လက်ရှိအခြေအနေမှတော့ ရောရုဝအရှင်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပြီ ဖြစ်သောကြောင့် သူ၏ပြိုင်ဘက် မဟုတ်ချေ။

သို့ပေမဲ့ ပြိုင်ဘက်သည် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးနေသည် ဆိုလျှင်တောင်မှ ထွက်ပြေးနိုင်စွမ်းတော့ ရှိနေသေး၏။ ထို့ကြောင့်ပင်လျှင် သူသည် အလျင်စလိုနှင့် မပြုလုပ်ခဲ့ချေ။ ရောရုဝအရှင်သည်သာ လွတ်မြောက်သွားသည်ဆိုပါက ကျိန်းသေပေါက် ကြီးမားသည့် နောင်တကို ရရှိမှာ သေချာလေ၏။

ရောရုဝအရှင် မည်သည့်နေရာတွင် ရှိသည်ဆိုသည့်အကြောင်းကို သခင်လေးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဆီမှ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းကို အသုံးပြုကာ ဝယ်ယူခဲ့ရ၏။ ရောရုဝအရှင်သည်သာ လွတ်မြောက် သွားပါက အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းကို အလကား ပေးအပ်လိုက်သည်နှင့် တူပေလိမ့်မည်။

ရောရုဝအရှင် မည်သည့်နေရာတွင် ရှိနေသည်ဆိုသော သတင်းအချက်အလက်ကို ဝယ်ယူခဲ့ရသည့် အကြောင်းများကို ပြန်လည်တွေးတောပြီးသည့်နောက် ထိုအရာသည် ထပ်မံဝယ်ယူရန် ခက်ခဲသည့် အရာ ဖြစ်ကြောင်း သိရှိနိုင်၏။ ရောရုဝအရှင်သည် နောက်တစ်ကြိမ် မည်သည့်နေရာသို့ ပြေးမည်ဖြစ်ကြောင်း မည်သူမှ မသိရှိနိုင်ပေ။

တခြားသောလောကကိုပြေးပြီး တောင့်တင်းခိုင်မာသော နောက်ခံတစ်ခု၌ ခိုလှုံလိုက်ခြင်း သို့မဟုတ် အင်မော်တယ်ဘုရင် ဖြစ်သွားခြင်းတို့သည် ကျိန်းသေပေါက် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းတစ်ခုလောက်နှင့် ဖြေရှင်း၍ရသည့် အရာမျိုး မဟုတ်တော့ချေ။

“အကိုဝမ်... ကျုပ်တို့ နက်နဲအလင်းလောကကြီးရဲ့ တခြားတစ်ဖက်မှာ ရောက်နေပြီလေ။ ကျုပ်တို့ အရမ်း မဝေးတော့ဘူး မဟုတ်လား” ဝမ်ချီ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် အဘိုးအိုသည် သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ပြောလိုက်၏။

နက်နဲအလင်းလောကကြီးသည် နက်နဲမီးတောက်လောကကြီးဆီမှ ခွဲထွက်သွားခဲ့သည့်အရာ ဖြစ်သည် ဆိုသော်လည်း ကြီးမားကျယ်ပြန့်လွန်းလှ၏။ ရောရုဝ၏အရှင်နှင့် သူတို့သည် မနီးမဝေး တည်နေရာတွင် ရှိသည် ဆိုလျှင်တောင်မှ သူတို့သည် တစ်ဖက်လူနှင့် တော်တော်ဝေးဝေးတွင် တည်ရှိလို့ နေသေး၏။ ရောရုဝအရှင်သည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် ထွက်ပြေးသွားမလား ဆိုသည်ကို သူတို့ သေသေချာချာ မသိချေ။

“အရမ်းကြီး မဝေးတော့ဘူး”

ဝမ်ချီသည် ခေါင်းကို ခါယမ်းလိုက်သည်။ “အန္တိမ ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်က သာမန်လူ မဟုတ်ဘူးလေ။ ကျုပ်တို့ အဆင်ခြင်မဲ့သာ ပြုလုပ်လိုက်မယ်ဆိုရင် တစ်ဖက်လူရဲ့ နတ်ဘုရားသိစိတ်တွေက ကျုပ်တို့ကို ရှာဖွေ တွေ့ရှိသွားလိမ့်မယ်။ သူရဲ့ နတ်ဘုရားသိစိတ်က လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းနိုင်စွမ်း ရှိနေတယ် မဟုတ်လား။ ကျုပ်တို့ကို တွေ့တယ်ဆိုတာနဲ့ သူ ထွက်ပြေးကောင်း ထွက်ပြေးသွားနိုင်လိမ့်မယ်”

“ဒါဆိုရင် ကျုပ်တို့ ဒီနေရာမှာ စောင့်နေရမှာလား”

အဘိုးအိုသည် မျက်မှောင်ကုတ်ပြီးသည့်နောက် တီးတိုး ပြောလိုက်၏။ “ကျုပ်တို့ သုံးယောက်တည်းနဲ့ ကြည့်ရတာ မလုံလောက်ဘူးနဲ့တူတယ်”

ဤတစ်ကြိမ်မှာတော့ သခင်လေးသည် သူတို့ သုံးယောက်ကိုသာ စေလွှတ်လိုက်၏။ သူတို့ သုံးယောက်သည် အားနည်းသူများ မဟုတ်သော်လည်း ရောရုဝအရှင်နှင့် ယှဉ်ပြိုင်ရန်အတွက် လုံလောက်သည့် အရည်အချင်းမျိုး မရှိဟု ကိုယ့်ကိုယ်ကိုယ် ခံစားနေမိ၏။ ကင်းခြေများသည် ခန္ဓာကိုယ်ကို ပိုင်းဖြတ်ရုံလောက်နှင့် သေနိုင်သည့် သတ္တဝါမျိုး မဟုတ်ချေ။ ရောရုဝအရှင်သည်လည်း ထိုနည်းလည်းကောင်းပင်။

“လုံလောက်ပြီ”

ဝမ်ချီသည် အဘိုးအိုကို လှမ်းကြည့်ကာဖြင့် ပြောလိုက်သည်။ “တာအိုရောင်းရင်းက စိုးရိမ်ပူပန်လွန်နေပြီ။ ရောရုဝအရှင် လက်အောက်မှာရှိတဲ့ လူတွေက သာမန်ထက်ပိုတဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်တယ် ဆိုပေမဲ့ တချို့ကတော့ သာမန်နောက်လိုက်တွေပဲလေ။ သူတို့က ကျုပ်တို့နဲ့ ရင်ဆိုင်တဲ့အချိန်မှာ ပုရွက်ဆိတ်လေး သာသာပါပဲ။ သူတို့ ရှိရင်း၊ မရှိခြင်းက အခြေအနေ တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး”

လက်ရှိ အခြေအနေမှာတော့ ဝမ်ချီ၏ အသံသည် ပိုမိုကာ တည်ငြိမ်လာခဲ့၏။ သူက လေးလေးနက်နက်နှင့် ပြောလိုက်၏။ “ရောရုဝအရှင်က ထွက်ပြေးသွားမှာကိုပဲ ခင်ဗျား စိတ်ပူသင့်တယ်။ ကျုပ်ရဲ့အထင်အရဆိုရင် အဲလိုလည်း မဟုတ်လောက်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက ဝယ်ယူခဲ့တဲ့ သတင်းအချက်အလက် ဖြစ်တာမို့ ရောရုဝအရှင်က အလျင်စလိုနဲ့ ထွက်သွားမယ်ဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ တွက်ချက်မှုက မှားယွင်းတယ်လို့ အဓိပ္ပာယ်ပေါက်သွားမှာ မဟုတ်လား”

“.........”

အဘိုးအိုသည် ခွန်းတုံ့ပြန်ချင်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ မှန်ကန်သည့်စကားကို ပြောပြီး ပြန်လည်ကာ ရွေးချယ်၍ ခွန်းတုံ့ပြန်ခွင့် မရှိချေ။ ထို့အပြင် ဝမ်ချီသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အကြောင်းကို ထည့်သွင်းကာ ပြောဆိုခဲ့၏။ သူ ဘာပြောရဦးမည်နည်း။

သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သမိုင်းကြောင်းကို စုံစမ်းစစ်ဆေးခဲ့ပြီးဖြစ်၏။ အကြောင်းအရာအရ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြောဆိုသမျှ အရာအားလုံးသည် မှန်ကန်ခဲ့၏။ ရောရုဝအရှင်သည် ဤနေရာတွင် တည်ရှိနေသည်ဟု တစ်ဖက်လူ ပြောဆိုခဲ့သည်ဆိုပါက ကျိန်းသေပေါက် သံသယရှိစရာ မလိုဘဲ ဤနေရာမှာတင် တည်ရှိမှာ ဖြစ်၏။ အခြေအနေသည် မည်ကဲ့သို့သော လှုပ်ရှားမှုကြောင့်ဖြစ်ဖြစ် ပြောင်းလဲ သွားလိမ့်မည် မဟုတ်ချေ။

“ဒါဆိုရင် ကျုပ်တို့ ဘယ်လောက်စောင့်အုံးမှာလဲ” အဘိုးအိုက ထပ်မေးလိုက်၏။

“အင်း... သခင်လေး ရောက်လာတဲ့အထိပေါ့” ဝမ်ချီက တုံ့ပြန်လိုက်သည်။

သူတို့သည် အားအကောင်းဆုံးသော အထောက်အပံ့များသာ ဖြစ်၏။ သူတို့၏ တကယ်တမ်း ဝှက်ဖဲသည် သူတို့၏ သခင်လေးသာလျှင်ဖြစ်သည်။ ထို့အပြင် ယခင်ဘဝတုန်းက အင်မော်တယ်ဘုရင် ဖြစ်လာခဲ့သည့် လူတစ်ယောက် ဖြစ်သောကြောင့် သခင်လေး၏ လက်ထဲတွင် များပြားလွန်းသည့် ဝှက်ဖဲများ ပိုင်ဆိုင်၏။ ထိုဝှက်ဖဲများထဲမှ တစ်ခုတစ်လေကို ထုတ်ဖော်ကာ အသုံးပြုသည် ဆိုလျှင်ပင် ရောရုဝ၏အရှင်အား လွယ်လွယ်ကူကူဖြင့် ဖိနှိပ်သတ်ဖြတ်နိုင်စွမ်း ရှိပေလိမ့်မည်။

“အင်း.. ဒီအတောအတွင်းမှာ ကျုပ်တို့က ရောရုဝအရှင်ကို သေသေချာချာ စောင့်ကြည့်ထားဖို့ပဲ လိုတယ်။ သူဘာတွေလုပ်ပြီး ဘာတွေပြင်ဆင်ထားလဲဆိုတာကို သိနေတယ်ဆိုရင် ....”

ထိုအချိန်မှာပဲ ဝမ်ချီ၏ စကားလုံးက ရပ်တန့်သွား၏။ သူသည် နက်နဲလျှို့ဝှက်လောကနှင့် အစစ်အမှန် သိုင်းလောကဆီသို့ လှမ်းကြည့်လိုက်၏။ သူသည် ဖြည်းညှင်းစွာ‌ ပြောလိုက်၏။ “ကြည့်ရအောင် ... ဘယ်သူက လုပ်ရဲလဲ။ ရောရုဝအရှင်ကို ကူညီဖို့အတွက် ဘယ်သူက ရောက်ရှိလာရဲမလဲ”

“ဪ”

ထိုစကားကို ကြားသည့်အချိန်မှာတော့ .....

“ရောရုဝအရှင်ဆီမှာ အကူအညီတွေ ရှိသေးတာလား”

“ကျုပ်လည်း သေသေချာချာ မသိဘူး။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက သတင်းအချက်အလက်တွေ အရဆိုရင် ရှိနေနိုင်တယ်။” ဝမ်ချီသည် အသာပြောလိုက်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဟုတ်လား” အဘိုးအိုက တီးတိုးပြောဆိုလိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ပြောဆိုခဲ့သည်ဆိုမှတော့ ထိုအရာသည် ကျိန်းသေပေါက် ဖြစ်ရပေလိမ့်မည်။

ရောရုဝအရှင်၏ နောက်ကွယ်တွင် ပုန်းကွယ်လျက် ရှိနေသည့် အင်အားစုများ တည်ရှိနေ၏။ ၎င်းတို့ အားလုံးသည် ခြုံထဲတွင် ပုန်းအောင်းလျက် ရှိနေသော မြေခွေးများကဲ့သို့ပင်။ ထို့ကြောင့် သူတို့အနေနှင့် ကျိန်းသေပေါက် ရွေးချယ်စရာ မရှိဘဲ သတိအပြည့်နှင့် ပြုမူဆောင်ရွက်ရပေလိမ့်မည်။

All Chapters