← Chapters

အခန်း (၅၈၃)

Vol. 39 Ch. 583

အခန်း (၅၈၃)

Vol. 39 Ch. 583

တချိန်တည်းမှာပဲ နက်နဲလျှို့ဝှက်လောက၊ ကြီးမားကျယ်ပြန့်လွန်းလှသည့် တောင်တန်းကြီးတစ်ခုတွင် ရုတ်တရက် နားကွဲလောက်စရာ အသံကြီးတစ်ခု ထွက်ပေါ်လာပြီး တည်နေရာတစ်ခုလုံးက တုန်ခါသွား၏။ ချက်ချင်း ဆိုသလိုပဲ တောင်များသည် ပြိုလဲသွား၏။ သစ်ပင်များအားလုံးသည် ယိမ်းယိုင်ပြီး ကျောက်မှုန်ကျောက်မွှားများ အားလုံးသည် ကောင်းကင်ယံထက်သို့ပင် လွင့်စင်ကုန်၏။

အမဲရောင် တောက်ပလျက် ရှိနေသည့် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံဆီသို့ ထိုးတက်လျက် ရှိနေပြီး လေဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ မိုင်သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးသည် လင်းလက်သွားခဲ့ လေ၏။ အေးစက်သည့် လေပြည်လေညှင်းများသည် ဒီရေလှိုင်းများကဲ့သို့ပင် တိုက်ခိုက်လျက် ရှိနေပြီး လူပေါင်းများစွာတို့ အား ရေခဲချောက်ကမ်းပါးထဲသို့ ကျရောက်သွားသလို ခံစားရစေ၏။ အားလုံးသော သူတို့သည် ထိတ်လန့်တကြားဖြင့် ကြက်သီးမွှေးညင်းများပင် ထကုန်ကြသည်။

“ဘာတွေ ဖြစ်နေတာလဲ”

စီနီယာ သူတော်စင်တစ်ယောက်သည် ရုတ်တရက် ပြောင်းလဲသွားသည့် အမူအရာများကို အာရုံခံမိပြီးသည့်နောက် ခေါင်းကို မော့ကြည့်လိုက်၏။ မြင်ကွင်းထဲတွင် ကြီးမားသည့် ပြောင်းလဲမှုများကို မြင်ရသည့်အချိန်မှာတော့ မျက်နှာသွင်ပြင် တစ်ခုလုံးက ပြောင်းလဲသွား၏။ “ထျန်းမင်တောင်လား”

ထျန်းမင်တောင် - နက်နဲလျှို့ဝှက်လောက၏ များပြားလှသည့် သတ္တဝါများအတွက် ဤနေရာသည် တကယ့်ကို လျစ်လျှူရှုထားရသည့် အရာပင် ဖြစ်လေ၏။ လူတော်တော်များများတို့သည် နက်နဲလျှို့ဝှက်လောကထဲတွင် ဤကဲ့သို့သော တောင်တန်းကြီး တည်ရှိနေသည် ဆိုသည်ကိုပင် မေ့လျော့နေခဲ့ကြသည်။

ထျန်းမင်တောင်၏ အနီးအနားတွင် ဂိုဏ်းတချို့ တည်ရှိနေသည်ဆိုသော်လည်း ထျန်းမင်တောင်သည် နက်နဲမီးတောက် လောကကြီး ပျက်စီးသွားပြီးသည့်နောက် အကြွင်းအကျန် အပျက်အစီးပုံအဖြစ် ကျန်ရှိခဲ့သည့် အရာသာ ဖြစ်၏။ သမိုင်းမှတ်တမ်းများအရဆိုလျှင် ငရဲလောက၏ ယခင်အရှင်သည် ကောင်းကင်နှင့်မြေပြင် အသီးသီးရှိ အသင်္ချေ များပြားလှသည့် လောကများကို လွှမ်းခြုံခဲ့စဉ်က ထိုနေရာတွင် အခြေချခဲ့ဖူး၏။

နက်နဲမီးတောက်လောကကြီး၌ ငရဲလောကသည် မတ်မတ်ရပ် ရပ်တည်ခဲ့ပြီးသည့်နောက် အချိန်ကာလ အတော်ကြာအထိ ဂုဏ်ယူဝံ့ကြွားစွာ နေထိုင်ခဲ့၏။ သို့ပေမဲ့ ငရဲလောကကြီး ရှုံးနိမ့်သွားပြီးသည့်နောက် နက်နဲမီးတောက် လောကကြီး တစ်ခုလုံးသည်လည်း ရှောင်လွှဲလို့ မရအောင်ပင် ပျက်စီးခဲ့သည်။

ထျန်းမင်တောင်သည် ထိုကဲ့သို့ ပျက်စီးသွားခဲ့သည့် တည်နေရာတောင်များထဲမှ တစ်ခုသာ ဖြစ်၏။ ထျန်းမင်တောင်တွင် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲသည် တကယ့်ကို ကြမ်းတမ်းလွန်းခဲ့ပြီး ငရဲလောကကြီးသား အကြွင်းအကျန်တို့သည် ဤနေရာတွင် ပျက်စီးသေဆုံးခဲ့ကြ၏။

ရေတွက်၍မရအောင် များပြားသည့် လောကအသီးသီးရှိ စွမ်းအားမြင့် ကျင့်ကြံသူများ၏ မျက်လုံးထဲ၌ ၎င်းတို့၏ အဓိက ပစ်မှတ်သည် နက်နဲမီးတောက်လောကကြီး မဟုတ်ခဲ့ချေ။ သို့ပေမဲ့ နက်နဲမီးတောက်လောကကြီးသည် ငရဲလောကကြောင့် ဖြစ်ပေါ်ခဲ့သည့် ကပ်ဘေးကြီးကို မရှောင်ရှားနိုင်ခဲ့ချေ။

တိုက်ပွဲအတွင်း နက်နဲမီးတောက်လောကကြီးသည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားခဲ့ပြီး တိုက်ပွဲထဲ၌ များပြားလွန်းလှသည့် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများပင် ပါဝင်ခဲ့၏။ ကွာစီအင်ပါယာအဆင့် အင်မော်တယ် အင်ပါယာများပင်လျှင် ဝင်ရောက်လှုပ်ရှားခဲ့ကြပြီး နက်နဲမီးတောက်လောကကြီးသည် လက်ဝါး ရိုက်ချက် တစ်ခုတည်းနှင့် အစိတ်အပိုင်း သုံးခုအဖြစ် ကွဲသွားခဲ့သည်။

ထျန်းမင်တောင်သည်လည်း ထိုလက်ဝါးရိုက်ချက်ကြီးအောက်တွင် ပျောက်ကွယ်သွားခဲ့သလို သတင်းစကားများ ပေါ်ပေါက်ခဲ့သည်။ သို့ပေမဲ့ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီးသည့်နောက် ထျန်းမင်တောင်ကြီးသည် ရုတ်တရက် ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် သန်းနှင့်ချီသည့် အကွာအဝေးတစ်ခုလုံးကို လွှမ်းခြုံလျက် ရှိနေပြီး လူပေါင်းများစွာတို့ကို တုန်လှုပ်စေခဲ့၏။ ရှေးနတ်ဆိုးနတ်ဘုရားကြီးတစ်ပါး အသက်ဝင်နိုးထလာသကဲ့သို့ပင် အားလုံးသော သူတို့အား ကြောက်ရွံ့မှုကို ပေးစွမ်း၏။

ဤအရာသည် ရှေးဆန်လွန်းလှသလို ထူးဆန်းပြီး ရင်းနှီးသည့် ခံစားချက်များကိုလည်း ပေးစွမ်းနေ၏။ ဒဏ္ဍာရီလာ မှတ်တမ်းများထဲတွင် မှတ်သားထားသည့်အတိုင်း ဆင်တူသည့် အကြွင်းအကျန် အော်ရာများကလည်း ထွက်ပေါ်နေ၏။ အေးစက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် ငရဲလောကသားများဆီမှ အရှိန်အဝါမျိုးပင်။

“ထျန်းမင်တောင်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အရမ်းကို ကြမ်းတယ်။ ဂိုဏ်းမဆိုနဲ့ တချို့ အဆင့်မြင့် ကျင့်ကြံသူတောင်မှ အဲလို အရှိန်အဝါမျိုးအောက်မှာ အသက်ရှင်ရပ်တည်ဖို့ဆိုတာ မလွယ်ဘူး။ အခု အဲတာကြီး ပေါ်ပေါက်လာတယ်ဆိုတော့ နက်နဲလျှို့ဝှက်လောကမှာ ကြီးမားတဲ့အရာကြီးတစ်ခု ဖြစ်တော့မှာလား” နတ်အရှင်တစ်ယောက်သည် တုန်ယင်စွာဖြင့် ပြောလိုက်၏။ အိုမင်းရင့်ရော်နေသည့် မျက်နှာပေါ်ရှိ မျက်လုံးအကြည့်များသည် ဝေဝါးလျက် ရှိနေသည်။

“နတ်အရှင်... နှစ်ပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက်မှာ ထျန်းမင်တောင်က ပုံမှန်အတိုင်း ပြန်ပြီး ပေါ်ပေါက်လာခဲ့တာ မဟုတ်လား။ ဒီနေ့ကိစ္စက အတိတ်တုန်းက နတ်ဆိုးသူတော်စင်နဲ့ ပတ်သက်ဆက်သွယ် နေတာလား”

နတ်အရှင်အိုကြီး၏ ဘေးတစ်ဖက်တွင် ရှိနေသည့် ဓားကို ကျော၌ လွယ်ပိုးထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် အလွန်အားကောင်းသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ ၎င်းသည် သူတော်စင်အဆင့်ဆီ ကျင့်ကြံသူတစ်ယောက်ဖြစ်၏။

တခြားသော လောကထဲတွင် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်အဖြစ် သုံးသပ်နိုင်သည် ဆိုသော်လည်း နက်နဲလျှို့ဝှက်လောကကြီးထဲမှာတော့ ၎င်းသည် အလယ်အလတ်တန်းစား ကျင့်ကြံသူ တစ်ယောက်သာလျှင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့လောက၏ အားအကောင်းဆုံးသော ကျင့်ကြံသူများသည် အန္တိမအဆင့် ကျင့်ကြံသူများ ဖြစ်နေကြ၏။ ထို့ကြောင့် သူ့ကဲ့သို့သော သူတော်စင် တစ်ယောက်သည် အရှေ့သို့ မရောက်ရှိခဲ့ချေ။

သူပြောဆိုခဲ့သည့် နတ်ဆိုးသူတော်စင် ဆိုသည်မှာ အတိတ်တုန်းက ထျန်းမင်တောင်၏ သခင်ကို ဆိုလိုခြင်းပင် ဖြစ်၏။ နက်နဲမီးတောက်လောကကြီး တစ်ခုလုံးတွင် အားအကောင်းဆုံးသော ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်၏။ ထိုအချိန်တုန်းက မွန်းစတားကလန်များသည် နက်နဲမီးတောက်လောကကြီး တစ်ခုလုံးကို ထိန်းချုပ်ထား ခဲ့၏။ ထျန်းမင်တောင်သခင်သည် နက်နဲမီးတောက် လောကကြီး၏ အုပ်စိုးသူ ဖြစ်ခဲ့ဖူးသူဟု ညွှန်းဆိုရပေမည်။

ငရဲလောကကြီး ပျက်စီးသွားခဲ့ပြီးနောက် နက်နဲမီးတောက်လောကကြီးသည်လည်း အစိတ်စိတ် အပိုင်းပိုင်း ဖြစ်တည်ခဲ့၏။ နက်နဲလျှို့ဝှက်နယ်မြေထဲတွင်တော့ မွန်းစတားကလန်များ အားလုံးတို့သည် အသီးသီး တဖြည်းဖြည်းနှင့် သမိုင်းမှတ်တမ်းများထဲမှ ပျောက်ကွယ်သွားခဲ့၏။ လူသားကလန်များနှင့် နှိုင်းယှဉ်ရမည် ဆိုလျှင်တောင်မှ သူတို့သည် ခပ်ဝေးဝေးတည်နေရာ၌ ကျန်ရစ်ခဲ့လေ၏။ လူသားကလန်များသာ စိတ်ရှိသည်ဆိုပါက ကျိန်းသေပေါက် မွန်းစတားကလန်များကို အချိန်မရွေး သုတ်သင် ရှင်းလင်းပစ်နိုင်၏။

“အင်း... ကျုပ်လည်း သေချာမသိဘူး။ ဒါပေမဲ့ ထျန်းမင်တောင်ရဲ့ အရင်သခင် ပြန်လည်ရှင်သန်လာတာ မဟုတ်ရင် အကောင်းဆုံး ဖြစ်လိမ့်မယ်” နတ်အရှင်အိုကြီးသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်သည်။

“အင်း.. ဖြစ်နိုင်ပါတယ်”

သက်လတ်ပိုင်းလူက ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် သူ၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်သွားခဲ့၏။ “ကျုပ်တို့မှားတာဖြစ်မလား နတ်အရှင်။ ဒီနေ့ ဖြစ်လာတာက ထျန်းမင်တောင်ရဲ့ သခင် ပြန်လည်ရှင်သန်လာတာ မဟုတ်ဘဲနဲ့ ထျန်းမင်တောင်ရဲ့ ရှေးလက်နက် တစ်ခုခု ပြန်ပြီး အသက်ဝင် လာတာကော မဖြစ်နိုင်ဘူးလား”

“ဟမ်”

ထိုအရာကို ကြားသည့်အချိန်မှာ‌တော့ နတ်အရှင်အိုကြီးသည် မည်သို့မှ မနေနိုင်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ရက်စက်သည့် တိုက်ပွဲများကို ကြုံဆုံခဲ့ပြီး ထျန်းမင်တောင်တွင် အသက်ရှင် ကျန်ရစ်သူဟူ၍ မည်သူ ကျန်ရှိမည်နည်း။ ထျန်းမင်တောင်၏ သခင်သည် အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သည် ဆိုလျှင်တောင်မှ အသင်္ချေများပြားသည့် လောကအသီးသီး တို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။

သူတောင် မလွတ်မြောက်နိုင်ဘူး ဆိုမှတော့ ထျန်းမင်တောင်တွင် ရှိနေသည့် တခြားသော မွန်းစတားကလန် အသီးသီးတို့က မည်သို့ လွတ်မြောက်နိုင်မည်နည်း။ ၎င်းတို့အားလုံး သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရခြင်းသာလျှင် ဖြစ်မည်။ လက်ရှိ အခြေအနေတွင်တော့ ထူးခြားလွန်းသည့် လက်နက်တစ်ခုခု ပေါ်ပေါက်လာသည်ဆိုခြင်းမှာ ပြောရန်တော့ ခက်ခဲလှ၏။

ထို့အပြင် ထျန်းမင်တောင်ကြီး ဖျက်ဆီးခံရပြီးသည့်နောက် လူပေါင်းများစွာတို့သည် ရတနာများကို ဝင်ရောက်ကာ ရှာဖွေခဲ့၏။ သို့ပေမဲ့ မည်သူမှသည် မည်သည့်အရာကိုမှ မရရှိခဲ့ချေ။ နောက်ပိုင်း မျိုးဆက်သစ်များအနေနှင့် ထိုနေရာတွင် မည်သည့်အရာမှ မရှိသောကြောင့် အလေးစိုက်ကာ သွားရောက်ရှာဖွေခြင်းကိုပင် မပြုလုပ် ကြတော့ချေ။

ထျန်းမင်တောင်၏ လူများသည် ၎င်းတို့၏ အမွေအနှစ်များကို သေသေချာချာ သိုဝှက်ထားကောင်း ထားနိုင်၏။ ၎င်းတို့ဂိုဏ်းများသည် ထျန်းမင်တောင်၏ အမွေအနှစ်များကို ရရှိခဲ့သည်ဆိုပါက ကျိန်းသေပေါက် အခြေအနေ တစ်ခုဆီသို့ ထိုးတက်သွားမှာ သေချာ၏။ မွန်းစတားကလန်၏ အမွေအနှစ်များ ဖြစ်သည် ဆိုလျှင်‌တောင်မှ အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ချန်ခဲ့သည့် ပစ္စည်းများ ဖြစ်သောကြောင့် တန်ဖိုးကြီးမားလွန်းသည်။ အပုံတစ်ထောင်ပုံ တစ်ပုံလောက်ကို ရရှိသည်ဆိုလျှင်ပင် နက်နဲလျှို့ဝှက်လောထဲ၌ ၎င်းတို့သည် မြင့်မားသည့် အခြေအနေ တစ်ခုဆီသို့ ရောက်ရှိသွားနိုင်၏။

All Chapters