← Chapters

အခန်း (၁၂၉၄-၁၂၉၆)

Vol. 87 Ch. 1294-1296

အခန်း (၁၂၉၄-၁၂၉၆)

Vol. 87 Ch. 1294-1296

အခန်း(၁၂၉၄)

"ဒါ.. ဒါက သွေးဝိညာဥ်ထွက်ပြေးခြင်း နည်းစနစ်ပဲ"

သွေးရောင်ပုံရိပ် ထွက်ပြေးသွားသည်ကို မြင်လျှင် သွေးမြစ်၏ တအံ့တသြ ရေရွတ်သံသည် ကျန်းချန်၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

"မင်းရဲ့လေသံကို နားထောင်ရတာ ဒီသွေးဝိညာဥ်ထွက်ပြေးနည်းစနစ်က သွေးဆာလောင်သော နတ်ဆိုးပင်လယ် နည်းစနစ်ထက် ပိုပြီး နာမည်ကြီးပုံပဲ"

သွေးမြစ်၏ တအံ့တသြ ရေရွတ်သံကိုကြားလျှင် ကျန်းချန်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

"နာမည်ကြီးတာထက်ကို ပိုတာပေါ့.. သွေးဆာလောင်သော နတ်ဆိုးပင်လယ် နည်းစနစ်က သွေးနတ်ဆိုးနန်းတော်ရဲ့အစွမ်းထက် နည်းစနစ်တစ်ခုဖြစ်ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေကပဲ လေ့ကျင့်ဖို့ အခွင့်အရေးရနိုင်တယ်.. ဒါပေမဲ့ ဒီသွေးဝိညာဥ် ထွက်ပြေးခြင်း နည်းစနစ်ကတော့ သွေးဝိညာဥ် မျိုးနွယ်စုရဲ့ မျိုးဆက်သွေးပါတဲ့ သူတွေပဲ ကျင့်ကြံနိုင်ကြတယ်"

သွေးမြစ်က ထိတ်လန့်တကြားရှင်းပြလိုက်ရာ ကျန်းချန်က တုန်လှုပ်သွားခဲ့သည်။

"သွေးဝိညာဥ် ထွက်ပြေးခြင်း နည်းစနစ်က သွေးနတ်ဆိုးနန်းတော်ရဲ့ မျိုးဆက်သွေး ပါဝင်တဲ့သူတွေပဲ အသုံးပြုနိုင်တယ်လား"

သို့ဆိုလျှင် အစောပိုင်းက သွေးရောင်ပုံရိပ်သည် သွေးနတ်ဆိုးမျိုးနွယ်စု၏ မျိုးဆက် ဖြစ်လောက်ပြီး လွန်ခဲ့သော နှစ်(၁၀၀၀၀)ခန့်က သွေးနတ်ဆိုးနန်းတော်၏ ခေါင်းဆောင်နှင့် ပတ်သက်မှု ရှိနိုင်သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

ထိုသို့စဥ်းစားမိပြီး ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် တောက်ပသွားခဲ့သည်။

ဤသွေးရောင်ပုံရိပ်သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲသို့ ရောက်ရှိလာပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်များနှင့်အတူ နေထိုင်ရုံသာမက ၎င်းတို့ကို ပြန်လည်မွေးဖွားရန် အကူအညီပေးနေခြင်းသည် ရိုးရှင်းသော ရည်ရွယ်ချက်များ ရှိမနေသည်မှာ ထင်ရှားသည်။

"ဝမ်းနည်းစရာပဲ.. သွေးရောင်ပုံရိပ်ကို အစောပိုင်းက မတားမြစ်လိုက်နိုင်ဘူး"

ကျန်းချန်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

သူသာ အကယ်၍ ဖမ်းဆီးနိုင်ခဲ့လျှင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲရှိ သွေးရောင်ပုံရိပ်၏ ရည်ရွယ်ချက်ကို သိရှိနိုင်မည်ဖြစ်ပြီး ၎င်းထံမှတစ်ဆင့် ရှန်းဝူတိုက်ကြီးတွင် ပုန်းအောင်းနေသည့် သွေးနတ်ဆိုး မျိုးနွယ်စုအကြွင်းအကျန် အားလုံးကို ရှာတွေ့နိုင်မည် ဖြစ်သည်။

သို့သော်လည်း သွေးရောင်ပုံရိပ် အစောပိုင်းက ထုတ်သုံးခဲ့သည့် သွေးဝိညာဥ်ထွက်ပြေးခြင်း နည်းစနစ်သည် အလွန်ပင်ထူးဆန်းနေခဲ့သည်။

ကျန်းချန်၏လက်ရှိ စွမ်းရည်ဖြင့်ပင် ၎င်းကို တားမြစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ဒီကိစ္စကို နောက်မှပဲ စဥ်းစားတော့မယ်"

ကျန်းချန်က ခေါင်းကိုခါရမ်းလိုက်ပြီး တောင်ထိပ်ဆီသို့ လျင်မြန်စွာ ပြေးတက်သွားခဲ့သည်။

ကျန်းချန်က သူ့ဆရာ ရှောင်တုလီ၏ အားနည်းသောအရှိန်အဝါကို ခြေရာခံ၍ သွားခဲ့ရာ မကြာခင်မှာပင် သွေးရောင်မြူခိုးများ ဖုံးလွှမ်းနေသော တောင်ထိပ်ပေါ်ရှိ လျှို့ဝှက်နက်နဲသော နေရာတစ်ခု ဆီသို့ ရောက်ရှိသွားခဲ့သည်။

"အစီအရင်ပါလား"

သူ၏မျက်စိရှေ့ရှိ သွေးမြူခိုးများကို ကြည့်ကာ ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ်တောက်ပသွားခဲ့သည်။

သူ၏လက်ရှိအစီအရင်စွမ်းရည်ဖြင့် ဆိုလျှင် အစီအရင်၏ မူလဇာစ်မြစ်ကို မမြင်နိုင်စရာ အကြောင်းမရှိပေ။

သူ၏မျက်စိရှေ့မှ အစီအရင်သည် လုံးဝ သာမန်မဟုတ်ချေ။

ကျန်းချန်က အစီအရင်ကို အချိန်အတော်ကြာ စူးစိုက်ကြည့်လိုက်ရာ စနစ်၏ သာယာသော သတိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် တိုက်ရိုက် မြည်ဟည်းလာခဲ့သည်။

"ဒင်.. သင်က အဌမအဆင့် သွေးတိုက်ဝိညာဥ် ဝါးမျိုခြင်း အစီအရင်ကို ကြည့်ရှုပြီး အဆ၁၀၀နာလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က သွေးတိမ်ဝိညာဥ် ဝါးမျိုခြင်း အစီအရင်၏ တစ်စိတ်တစ်ပိုင်းကို နားလည်သွားခဲ့ပါပြီ"

"အဌမအဆင့် အစီအရင်က တကယ်ကို နက်နဲတာပဲ"

ကျန်းချန်က အလောတကြီး ဖြစ်မနေခဲ့ပေ။

သူ့ဆရာ ရှောင်တုလီကို ကယ်တင်လိုလျှင် အစီအရင်ကို အရင်ဦးဆုံး ဖြေရှင်းရမည်မှန်း ကောင်းစွာ နားလည်ထားခဲ့၏။

ထို့ကြောင့် ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ရှေ့မှ အစီအရင်ကို အပြည့်အဝ နားလည်အောင် ကြိုးစားလိုက်သည်။

"ဒင်.. သင်က အဌမအဆင့် သွေးတိမ်တိုက် ဝိညာဥ် ဝါးမျိုခြင်း အစီအရင်ကို ကြည့်ရှုခြင်းဖြင့် အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က သွေးတိမ်တိုက် ဝိညာဥ် ဝါးမျိုခြင်း အစီအရင်ကို တစ်စိတ်တစ်ပိုင်း နားလည်သွားခဲ့ပါပြီ"

"ဒင်.. သင်က သွေးတိမ်တိုက် ဝိညာဥ် ဝါးမျိုခြင်း အစီအရင်ကို တစ်စိတ်တစ်ပိုင်း နားလည်သွားခဲ့ပါပြီ"

"ဒင်..သင်က သွေးတိမ်တိုက် ဝိညာဥ် ဝါးမျိုခြင်း အစီအရင်ကို တစ်စိတ်တစ်ပိုင်း နားလည်သွားခဲ့ပါပြီ"

"........."

"ဒင်..သင်က အဌမအဆင့် သွေးတိမ်တိုက် ဝိညာဥ် ဝါးမျိုခြင်း အစီအရင်ကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ"

(၂)နာရီခန့် အကြာတွင် ကျန်းချန်သည် သွေးတိမ်တိုက် ဝိညာဥ် ဝါးမျိုခြင်း အစီအရင်ကို အပြည့်အဝ နားလည်သွားခဲ့သည်။

"သွေးရောင်ပုံရိပ်က လော်ကျွင်းနဲ့ ရှေးဟောင်းအင်ပါယာသင်္ချိုင်းဂူက နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်တွေနဲ့ သဘောတူညီချက်တစ်ခု ရယူထားပုံရတယ်.. ဒီအစီအရင်ကို အသုံးချပြီး သူတို့တွေကို ပြန်လည်မွေးဖွားလာနိုင်အောင် ကူညီပေးနေတဲ့ပုံပဲ"

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် မှုန်မှိုင်းသွားခဲ့သည်။

ဤအဌမအဆင့် သွေးတိမ်တိုက် ဝိညာဥ် ဝါးမျိုခြင်း အစီအရင်သည် ဝိညာဥ်ကို အဓိက ပစ်မှတ်ထားသည့် အစီအရင်တစ်ခု ဖြစ်သည်။

သွေးရောင်ပုံရိပ်က ဤအစီအရင်ကို အသုံးပြု၍ သူ့ဆရာရှောင်တုလီ၏ ဝိညာဥ်ကို ဖျက်ဆီးလိုပုံရ၏။

သူ့ဆရာ ရှောင်တုလီ၏ ဝိညာဥ်သာ ပျက်စီးသွားလျှင် လော်ကျွင်းသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ ပြန်လည်မွေးဖွားရန် ပြုလုပ်ကြမည် ဖြစ်သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လက်ဟန်များကို ပြုလုပ်ကာ သူ၏ရှေ့ရှိ သွေးတိမ်တိုက် ဝိညာဥ်ဝါးမျိုခြင်း အစီအရင်ကို ဖြိုခွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် သွေးတိမ်ဝိညာဥ် ဝါးမျိုခြင်း အစီအရင်သည် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာအားနည်းလာခဲ့သည်။

နောက်ဆုံးတွင် "ဝုန်း"ဟူသော ပေါက်ကွဲသံနှင့် အတူ သွေးတိမ်ဝိညာဥ် ဝါးမျိုခြင်း အစီအရင် တစ်ခုလုံး၏ အကာအကွယ်သည် ကျန်းချန်၏လက်ချက်ဖြင့် ပြိုကွဲပျက်စီးသွားခဲ့သည်။

အစီအရင်၏ အကာအရံ ကျိုးပဲ့သွားပြီသည်နှင့် သွေးတိမ်ဝိညာဥ် ဝါးမျိုခြင်း အစီအရင်က ဖုံးလွှမ်းထားသည့် နေရာသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့သည်။

ထိုနေရာသည် မီတာ၁၀၀ အရွယ်အစားရှိ လုံးဝန်းသော ကျောက်ပြားကြီးတစ်ခု ဖြစ်သည်။

ကျောက်ပြား၏ အလယ်တွင် ကျန်းချန်နှင့် အလွန်ရင်းနှီးသောပုံရိပ်တစ်ခုသည် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့၏။

"ဆရာ.. တပည့် နောက်ကျသွားလို့ ဆရာ့ကို ဒုက္ခတွင်းထဲ ကျ‌ရောက်စေခဲ့တယ်"

ကျောက်ပြား၏ အလယ်တွင် တင်ပျဥ်ခွေ၍ ထိုင်နေသော အလွန်တရာ အားနည်းနေသည့် ပုံရိပ်ကို ကြည့်ကာ ကျန်းချန်၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲသွားခဲ့သည်။

နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ ဟူသောအမည်သည် ရှန်းဝူတိုက်ကြီးတွင် မည်မျှပင် နာမည် ကျော်ကြားခဲ့ပါသနည်း။

သို့သော်လည်း အင်ပါယာ အမွေအနှစ်နယ်မြေမှ သူတော်စင် ရွှယ်မင်၏ အမွေအနှစ်ကို လက်ခံရရှိခဲ့သော သူ့ကြောင့် ရှောင်တုလီသည် မြို့တော်ငါးခု၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့်ပင် ရှောင်တုလီသည် နိဗ္ဗာန်မြို့တော်မှ ချမှတ်ထားသော စည်းမျဥ်းကို တိတ်တဆိတ် ချိုးဖောက်ကာ ဆိတ်ငြိမ်နယ်မြေထဲတွင် ခိုလှုံခဲ့ရ၏။

အဆုံးသတ်တွင် ရှောင်တုလီသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲတွင် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်။

သူသာ အချိန်မီ ရောက်မလာခဲ့လျှင် သူ့ကို အကူအညီများစွာ ပေးခဲ့ဖူးသော သူ၏ ဆရာသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူတွင် အမှန်တကယ် ကျဆုံးသွားပေလိမ့်မည် ဖြစ်၏။

ကျန်းချန်က ဝမ်းနည်းစွာ ပြောဆိုလိုက်သော အချိန်မှာပင် တင်ပျဥ်ခွေ ထိုင်နေသော ရှောင်တုလီသည် ကျန်းချန်၏ အရှိန်အဝါကို ခံစားမိပုံရပြီး မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

ရှောင်တုလီက သူ့ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို ကြည့်ကာ မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ကောင်လေး.. မင်းက ဆရာ့ကို စိတ်မပျက်စေခဲ့ဘူးပဲ.. ဒီ(၂)နှစ်အတွင်းမှာ မင်းဒီအဆင့်ထိတောင် ကြီးထွားလာခဲ့တယ်"

ရှောင်တုလီသည် သွေးတိမ်တိုက် ဝိညာဥ်ဝါးမျိုခြင်း အစီအရင်ဖြင့် နှိပ်စက်ခံခဲ့ရပြီး ဝိညာဥ်က အလွန်တရာ အားနည်းနေပြီ ဖြစ်‌သော်လည်း သူ၏ အမြင်အာရုံဖြင့် ကျန်းချန်က နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်လာကြောင်း မြင်နိုင်ရန် မခက်ခဲပေ။

အင်ပါယာ အမွေအနှစ်နယ်မြေက ထွက်လာစဥ်ကပင် ကျန်းချန်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရုံသာ ရှိသေး၏။

သူ၏တပည့်က တုနှိုင်းမဲ့ ပါရမီရှင်တစ်ယောက် ဖြစ်မှန်း ရှောင်တုလီ သိသော်လည်း ဤ(၂)နှစ်အတွင်း ဤအဆင့်ထိ တိုးတက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ဆရာ.. ဒါက အင်ပါယာအမွေအနှစ် နယ်မြေထဲက ကျွန်တော်ရခဲ့တဲ့ သိဒ္ဓိစမ်းရေပဲ.. ဆရာ့အတွက် ချန်ထားခဲ့ပေမဲ့ ဆရာ့ကို ပေးဖို့ အခွင့်အရေးမရခဲ့ဘူး.. အခုဆရာ့ရဲ့ ဝိညာဥ်က ထိခိုက်ထားတာ ဆိုတော့ ဒီသိဒ္ဓိစမ်းရေက ဆရာ့ရဲ့ဝိညာဥ်ကို အလျင်အမြန် ပြန်လည် ကောင်းမွန်လာအောင် ကူညီပေးနိုင်တယ်"

စကားပြောနေရင်း ကျန်းချန်က ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်သည်။

ထို့နောက်တွင် သိဒ္ဓိစမ်းရည်ပုလင်းကို ရှောင်တုလီအား ပေးကာ လျင်မြန်စွာ ပြောလိုက်၏။

"ဆရာ သိဒ္ဓိစမ်းရေကို စုပ်ယူပြီး ဆရာ့ရဲ့ ဝိညာဥ်ကို ပြန်လည်ကောင်းမွန်အောင်လုပ်ပါ.. ကျွန်တော်ဆရာ့ကို ကာကွယ်ပေးထားမယ်"

"ကောင်းပြီ"

ရှောင်တုလီက သူ့တပည့် ကျန်းချန် ပေးအပ်ခဲ့သည့် သိဒ္ဓိစမ်းရေကို တိုက်ရိုက်ပင် မျိုချပစ်လိုက်ပြီး သွေးတိမ်တိုက် ဝိညာဥ်ဝါးမျိုခြင်း အစီအရင်ကြောင့် အပြင်းအထန် ထိခိုက်ခဲ့သော သူ၏ဝိညာဥ်ကို အပြည့်အဝ ပြန်လည် ကောင်းမွန်လာရန် စတင် လုပ်ဆောင်ခဲ့သည်။

အခန်း(၁၂၉၄)ပြီး၏။

အခန်း(၁၂၉၅)

ရှေးဟောင်း အမွေအနှစ် နယ်မြေကနေ ကျန်းချန် ရရှိခဲ့သော သိဒ္ဓိစမ်းရေသည် ဝိညာဥ်ကို ပြန်လည်ပြုပြင်ခြင်းနှင့်အားဖြည့်ခြင်းတွင် အလွန်တရာ အသုံးဝင်သော ရတနာ တစ်ပါး ဖြစ်သည်။

ထို့ကြောင့် ရှောင်တုလီက သိဒ္ဓိစမ်းရေကို မျိုချလိုက်သည်နှင့် အလွန်အမင်း ဒဏ်ရာရရှိထားသော ရှောင်တုလီ၏ ဝိညာဥ်သည် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် ပြန်လည် ကောင်းမွန်လာခဲ့သည်။

ထိုအခိုက်တွင် ကျန်းချန်သည် ရှောင်တုလီ၏ အလွန်တရာ အားကောင်းသော ဝိညာဥ်က နိုးထလာတော့မည့် ဧရာမနဂါးကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ် အရှိန်အဝါများ ထုတ်လွှတ်လာသည်ကို ရှင်းရှင်းလင်းလင်းပင် ခံစားမိခဲ့သည်။

ရှောင်တုလီက ဝိညာဥ်ကို ပြန်လည် ကောင်းမွန်လာရန် လုပ်ဆောင်နေစဥ် ကျန်းချန်သည် အလဟဿ မနေခဲ့ပေ။

သူက သူအမဲလိုက်ရာမှ ရရှိခဲ့သော စွမ်းအင်အဆီအနှစ် ခရစ္စတယ်များကို ထုတ်ယူကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်အတွက် အသုံးပြုခဲ့သည်။

ဟုန်ကျင့်ယွင်ရှိရာ ချိုင့်ဝှမ်းဆီသို့ ရောက်ရှိလာစဥ် ကျန်းချန်သည် လမ်းတစ်လျှောက်၌ စွမ်းအင် အဆီအနှစ် များစွာကို အမဲလိုက်ခဲ့သည်။

ဤနေရာသို့ ခရီးထွက်လာစဥ်တွင်လည်း လမ်းခရီးတစ်လျှောက်တွင် စွမ်းအင်အဆီအနှစ် ရာပေါင်းများစွာကို ရရှိခဲ့သေးသည်။

ထိုအထဲတွင် တန်ဖိုးအရှိဆုံးအရာမှာ အစောပိုင်းက နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ် လေးခုကို သတ်ဖြတ်ခဲ့ရာမှ ရရှိခဲ့သည့် စွမ်းအင်အဆီအနှစ် လေးခု ဖြစ်သည်။

ဆိုရလျှင် ဤအရင်းအမြစ်များသည် သူ၏ ခွန်အားကို နောက်တစ်ဆင့်သို့ မြှင့်တင်ရန် လုံးဝ လုံလောက်၏။

"ဒင်.. သင်က ဆဋ္ဌမအဆင့်၊ အဆင့်မြင့် စွမ်းအင် အဆီအနှစ် ခရစ္စတယ်ကို မျိုချပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် ၇၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က သတ္တမအဆင့်၊ အခြေခံ စွမ်းအင် အဆီအနှစ် ခရစ္စတယ်ကို မျိုချပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် ၇၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က သတ္တမအဆင့်၊ အဆင့်မြင့် စွမ်းအင် အဆီအနှစ် ခရစ္စတယ်ကို မျိုချပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် ၂၁၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"........."

ကျန်းချန်က စွမ်းအင်အဆီအနှစ် ခရစ္စတယ်များကို ဆက်လက် မျိုချနေစဥ်မှာပင် သူ၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက်များသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် ထပ်မံ တိုးတက်လာခဲ့သည်။

ကျန်းချန်သည် ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့် စွမ်းအင်အဆီအနှစ် ခရစ္စတယ် အားလုံးကို အသုံးပြုပြီးသောအခါတွင် ကျင့်ကြံခြင်း အဆင့်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ် ဒုတိယအဆင့်၏ အထွတ်အထိပ်သို့ပင် တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

နောက်ထပ် ဝါးမျိုရန် သူ့တွင် နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်အဆီအနှစ် လေးခုသာ ကျန်ရှိတော့၏။

ကျန်းချန်က နတ်သန္ဓေအင်ပါယာ နယ်ပယ် ပထမအဆင့် စွမ်းအင်ခန္ဓာကိုယ်ကနေ ရရှိသည့် အဆီအနှစ်ကို ပထမဆုံးမျိုချလိုက်သည်။

"ဒင်.. သင်က နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ် ပထမအဆင့်ရဲ့ စွမ်းအင် အဆီအနှစ်ကို ဝါးမျိုပြီး ကျင့်ကြံခြင်း အတွေ့အကြုံရမှတ် ၂၁၀၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်..သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်က သတ္တမအဆင့် အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပါပြီ"

"ဒင်.. သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အဆင့်က အဌမအဆင့် အစောပိုင်းကို ရောက်ရှိသွားခဲ့ပါပြီ"

ကျန်းချန် ထင်ထားသလိုပင် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူ၏ စွမ်းအင်အဆီအနှစ်တွင် ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ပါဝင်နေပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအတွက် များစွာသော အတွေ့အကြုံရမှတ်များကို ရရှိစေခဲ့သည်။

ရွှေနဂါးမြို့တော်မှ ထွက်လာပြီးကတည်းကပင် ကျန်းချန်သည် ကျင့်ကြံခြင်းအဆင့်တွင် အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်ကမူ သိပ်မတိုးတက်ခဲ့ဘဲ သတ္တမအဆင့်၏ နှောင်းပိုင်းအဆင့်တွင်သာ ရပ်တန့်နေခဲ့သည်။

ယခုအခါတွင် သူရင်ဆိုင်နေရသော ရန်သူများသည် သူ့ထက်ကျင့်ကြံခြင်းအဆင့် ပိုမို မြင့်မားသော နတ်သန္ဓေ အင်ပါယာနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။

အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဥ်က အစွမ်းထက်သောခန္ဓာကိုယ် ဖြစ်နေလျှင်ပင် သူ့အတွက် သိပ်အသုံးမဝင်တော့သလို ဖြစ်နေခဲ့သည်။

ယခုအခါတွင်မူ နတ်သန္ဓေ အင်ပါယာနယ်ပယ် ပထမအဆင့်စွမ်းအင် ခန္ဓာကိုယ်၏ စွမ်းအင် အဆီအနှစ်သည် သူ့အား သတ္တမအဆင့် အထွတ်အထိပ်ကို တစ်ခါတည်း ကျော်ဖြတ်စေခဲ့ပြီး အဌမအဆင့်၏ အစောပိုင်းသို့ပါ တက်လှမ်းစေခဲ့သည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်က အဌမအဆင့်အစောပိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်ရာ အင်မော်တယ်ရွှေခန္ဓာကိုယ် ကျင့်စဥ်နှင့်သာ ပေါင်းစပ်လိုက်လျှင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းရည်များကို ထုတ်သုံးနိုင်တော့မည် ဖြစ်သည်။

သူ့အနေဖြင့် ဖုန်းဝူယင်းနှင့် အခြားသော နတ်သန္ဓေ အင်ပါယာ နယ်ပယ် တတိယအဆင့် ကျင့်ကြံသူများနှင့် ထပ်မံ ရင်ဆိုင်ရလျှင် မည်သည့် ကိုယ်ခံပညာကိုမှ အသုံးပြုရန် မလိုအပ်ဘဲ လက်သီးချက်များဖြင့်ပင် အလွယ်တကူ ပေါက်ကွဲအောင် ပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်။

ထို့နောက်တွင် ကျန်းချန်သည် နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ် နှစ်ခု၏ အဆီအနှစ်များကို ထပ်မံ မျိုချလိုက်သည်။

နတ်သန္ဓေအင်ပါယာနယ်ပယ် ပထမအဆင့် စွမ်းအင်ခန္ဓာကိုယ်၏ မိုးကြိုးဂုဏ်သတ္တိ စွမ်းအင် အဆီအနှစ်ကို မျိုချပြီးနောက်တွင် ကျန်းချန်၏ မိုးကြိုးနယ်မြေ အတွေ့အကြုံနှင့် ကျင့်ကြံခြင်း အတွေ့အကြုံတို့သည် အသီးသီး အတွေ့အကြုံရမှတ် ၂၁၀၀၀၀ဆီ တိုးတက်သွားခဲ့ပြီး အဆ ၁၀၀ စနစ်ဖြင့် နောက်ထပ် အဆ၁၀၀ တိုးတက်လာခဲ့သည်။

နတ်သန္ဓေအင်ပါယာ နယ်ပယ် ပထမအဆင့်စွမ်းအင်ခန္ဓာကိုယ်၏ လေဂုဏ်သတ္တိ စွမ်းအင် အဆီအနှစ်ကို မျိုချပြီးနောက်တွင် ကျန်းချန်၏ မိုးကြိုးနယ်မြေ အတွေ့အကြုံနှင့် ကျင့်ကြံခြင်း အတွေ့အကြုံတို့သည် အသီးသီး အတွေ့အကြုံရမှတ် ၂၁၀၀၀၀ဆီ တိုးတက်သွားခဲ့ပြီး အဆ ၁၀၀ စနစ်ဖြင့် နောက်ထပ် အဆ၁၀၀ တိုးတက်လာခဲ့သည်။

ဤကဲ့သို့ နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ် နှစ်ခုကို မျိုချပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ထပ်မံ၍ ထိုးဖောက်သွားခဲ့ပြီး နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့်သို့ပင် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

မိုးကြိုးနယ်မြေနှင့် လေနယ်မြေတို့တွင် အတွေ့အကြုံရမှတ်များစွာ တိုးတက်လာပြီး ကျန်းချန်၏ နယ်မြေစွမ်းအားကို များစွာ မြှင့်တင်ပေးခဲ့သော်လည်း အလယ်အလတ်အဆင့်ကိုမူ မထိုးဖောက်နိုင်သေးပေ။

နတ်သန္ဓေအင်ပါယာနယ်ပယ် ပထမအဆင့် စွမ်းအင်ခန္ဓာကိုယ်၏ စွမ်းအင်အဆီအနှစ် တစ်ခုသည် သူ၏ နယ်မြေစွမ်းအားကို နောက်တစ်ဆင့်သို့ တိုးမြှင့်ရန် မလုံလောက်သည်မှာ ထင်ရှားနေသည်။

"နောက်ဆုံးတစ်ခုပဲ ကျန်တော့တယ်.. ဒါက ဓားနယ်မြေကို တိုးတက်အောင် လုပ်နိုင်မလားတော့ မသိဘူး"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်ပြီးနောက်တွင် နောက်ဆုံးကျန်ရှိသော စွမ်းအင်အဆီအနှစ် ခရစ္စတယ်ကို မျိုချလိုက်သည်။

"ဒင်.. သင်က နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် စွမ်းအင်ခန္ဓာကိုယ်ရဲ့ ဓားဂုဏ်သတ္တိ စွမ်းအင် အဆီအနှစ်ကို မျိုချပြီးနောက်တွင် အတွေ့အကြုံရမှတ် ၆၃၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်ရဲ့ ဓားဂုဏ်သတ္တိ အဆီအနှစ်ကို မျိုချပြီး ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေ အတွေ့အကြုံရမှတ် ၆၃၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်၏ ကောင်းကင်လောင်ကျွမ်း ဓားနယ်မြေက အလယ်အလတ် အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"

သူ၏စိတ်ထဲမှ စနစ်၏ သတိပေးချက်ကိုကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အဆုံးသတ်တွင် သူမျှော်လင့်ထားသည့် အတိုင်းပင်၊ သူ၏ ဓားနယ်မြေသည် အလယ်အလတ်အဆင့်သို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့၏။

အစောပိုင်းကတည်းက ကျန်းချန်၏ ဓားနယ်မြေပေါ်နားလည်မှုသည် အခြားသော ကိုယ်ခံပညာများထက်ပင် ‌ရှေ့ကို ရောက်နေခဲ့သည်။

လော်ကျွင်း၏ နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့်၏ စွမ်းအင် အဆီအနှစ်သည် သူ၏ကောင်းကင်လောင်ကျွမ်းဓားနယ်မြေ အတွေ့အကြုံကို သုံးဆ မြှင့်တင်ပေးခဲ့ပြီး အဆုံးသတ်တွင် သူ၏ဓားနယ်မြေကို အလယ်အလတ်အဆင့်သို့ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့သည်။

"ဒီရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူထဲက စွမ်းအင်ခန္ဓာကိုယ်တွေက တကယ်ကို ကောင်းတာပဲ"

ကျန်းချန်က စိတ်ထဲကနေ လေးနက်စွာ ရေရွတ်လိုက်သည်။

ဤနတ်သန္ဓေ အင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်များ အဆင့်မြင့်လေ အကျိုးကျေးဇူး ပိုမိုရရှိလေ မဟုတ်ပါလော။

သူသာ နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့် အထက်ရှိ စွမ်းအင်ခန္ဓာကိုယ်များကို ထပ်မံ အမဲလိုက်ပြီး အဆ၁၀၀ စနစ်ဖြင့် ပေါင်းစပ်လိုက်လျှင် ရှန်းဝူတိုက်ကြီးတွင် မကြာမီမှာပင် ပြိုင်ဘက်ကင်းတစ်ဦး ဖြစ်လာနိုင်မည်ကို သံသယလုံးဝ မရှိပေ။

ကျန်းချန်က စွမ်းအင်အဆီအနှစ် အားလုံးကို စုပ်ယူပြီးစီးချိန်တွင် ရှောင်တုလီသည်လည်း ကုသမှု ခံယူရာတွင် နောက်ဆုံးအခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအချိန်မှာပင် ရှောင်တုလီ၏ မှိတ်ထားသော မျက်လုံးများသည် ရုတ်တရက် ပွင့်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်မုန်တိုင်း တစ်ခုသည် ရှောင်တုလီ၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် လွင့်စင်လာခဲ့သည်။

"နတ်သန္ဓေအင်ပါယာ နယ်ပယ် ပဉ္စမအဆင့်ကို တတ်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ် ဆရာ"

ရှောင်တုလီ၏ ခန္ဓာကိုယ်မှ အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် ပြုံးရွှင်စွာဖြင့် ဂုဏ်ပြုလိုက်သည်။

ရှောင်တုလီသည် နတ်သန္ဓေအင်ပါယာနယ်ပယ် စတုတ္ထအဆင့်တွင် အချိန်အတော်ကြာ ရပ်တန့်နေခဲ့သည်။

ဤတစ်ကြိမ် သိဒ္ဓိစမ်းရေကို စုပ်ယူပြီးနောက်တွင် သူ၏ ဒဏ်ရာရရှိထားသော ဝိညာဥ်ကို ပြန်လည် ပြုပြင်ရုံသာမက သူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ‌နောက်တစ်ဆင့်သို့ တစ်ရှိန်ထိုး ရောက်ရှိသွားစေခဲ့သည်။

ယခုအခါတွင် ရှောင်တုလီ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ရှောင်မိသားစုဘိုးဘေး ရှောင်ယန်ဝူထက် သာလွန်သွားပြီ ဖြစ်ပြီး ရှန်းဝူတိုက်ကြီးရှိ အထွတ်အထိပ် စာရင်းတွင် ပါဝင်ရန်ပင် လုံးဝ အရည်အချင်း ပြည့်မီနေခဲ့ပြီ ဖြစ်၏။

မြို့တော်ငါးခုမှ နတ်သန္ဓေ အင်ပါယာများပင် အလွယ်တကူ ဖိနှိပ်နိုင်တော့မည် မဟုတ်ပေ။

"ဟားဟား ကောင်လေး.. ဒီတစ်ခါတော့ မင်းကို ကျေးဇူးတင်ရမယ်.. ငါတို့ ဆရာတပည့်နှစ်ယောက် ပူးပေါင်းလိုက်မယ်ဆိုရင် မြို့တော်ငါးခုတောင် ယှဥ်နိုင်တော့မှာ မဟုတ်ဘူး"

‌ရှောင်တုလီက ရယ်ရယ်မောမော ပြောဆိုလိုက်သည်။

ယခုအခါတွင် သူ၏ ပုံစံသည် မြို့တော်ငါးခုကို တုန်လှုပ်စေခဲ့သော နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ အဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

သူ့ဆရာ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာထက်တွင် ဝံ့ကြွားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

ယခုအခါတွင် သူ၏ခွန်အားက အရှိန်အဟုန်ဖြင့် တိုးတက်လာပြီ ဖြစ်ရာ သူသာ အစွမ်းကုန် ထုတ်သုံးလိုက်မည်ဆိုလျှင် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် သို့မဟုတ် ထိုထက်ပို၍ အဆင့်မြင့်သည့် ပြိုင်ဘက်ကင်း နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် အကြိတ်အနယ်ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်၏။

သူ့ဆရာရှောင်တုလီနှင့် နိဗ္ဗာန်မြို့သခင် ယဲ့ချန်ကျွင်းတို့ နှစ်ဦးစလုံးသည် အထွတ်အထိပ် အင်ပါယာစာရင်းတွင် ပါဝင်ကြသူများ ဖြစ်ကြသည်။

သူတို့သုံးဦးနှင့် နိဗ္ဗာန်မြို့တော်၏ စွမ်းအားသာ ပူးပေါင်းလိုက်လျှင် မြို့တော်ငါးခု ထဲတွင် အင်အားအကောင်းဆုံး ဖြစ်သည့် ရှန်းဖုန်းမြို့တော်ကိုပင် အလွယ်တကူ ကျော်ဖြတ်နိုင်မည်ဖြစ်၏။

မြို့တော်ငါးခုက ပူးပေါင်းလိုက်လျှင်ပင် တိုက်ရိုက် ယှဥ်ပြိုင်ရန်အတွက် အပြည့်အဝ အရည်အချင်း ပြည့်မီ၏။

ယခုအခါတွင် မြို့တော်ငါးခုကို သူက လုံးဝစိတ်မပူတော့ပေ။

သူ့ကို ဒေါသထွက်စေလျှင် ရှန်းဝူတိုက်ကြီးတွင် မြို့တော်ငါးခုကို လုံးဝ ပျောက်ကွယ်အောင် ပြုလုပ်လိုက်ရုံသာ မဟုတ်ပါလား။

အခန်း(၁၂၉၅)ပြီး၏။

အခန်း(၁၂၉၆)

ကျန်းချန်နှင့် ရှောင်တုလီတို့က စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

"ဆရာ.. ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူထဲကို ဘာလို့ဝင်ခဲ့တာလဲ.. ဘယ်လိုလုပ်ပြီး ဆရာက ဒီနတ်သန္ဓေအင်ပါယာ စွမ်းအင်ခန္ဓာကိုယ်တွေရဲ့ လက်ထဲကို ကျရောက်သွားခဲ့ရတာလဲ"

ကျန်းချန်က နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

သူ့ဆရာ ရှောင်တုလီ၏ ခွန်အားဖြင့်ဆိုလျှင် နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်ကို မထိုးဖောက်မီကပင် သာမန် နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူသည် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

လော်ကျွင်းတို့ လေးဦးသည် လျှို့ဝှက်ဆန်းကြယ်သော သွေးဝိညာဥ်ကျင့်ကြံသူ၏ အကူအညီကို ရရှိခဲ့လျှင်ပင် ရှောင်တုလီကို ဖမ်းဆီးရန်မှာ လွယ်ကူသော အလုပ် မဟုတ်ချေ။

"ငါက ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူထဲကို ဝင်ရောက်ပြီးနောက်မှာ ငါ့ရဲ့ခွန်အားကို မြှင့်တင်ဖို့အတွက် နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်တွေရဲ့ အဆီအနှစ်ကို လိုက်လံရှာဖွေခဲ့တယ်.. နောက်ပိုင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ တောင်တန်းတစ်ခုကို ရှာတွေ့ခဲ့တယ်.. အဲဒီမှာနတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်တွေ ရှိနေတယ်လို့ ခံစားမိတဲ့အတွက် အဲဒီနေရာကို ဝင်ရောက်ခဲ့တယ်.. ဒါပေမဲ့ အဲဒီ တောင်တန်းထဲကို ငါဝင်ရောက်လိုက်တဲ့ အချိန်မှာပဲ လက်ဝါးရိုက်ချက် တစ်ချက်က ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ငါ့ကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့တယ်.. ငါသာ ခပ်သွက်သွက် မတုံ့ပြန်နိုင်ခဲ့ရင် အဲဒီနေရာကနေ အသက်ရှင်လျက် ထွက်လာဖို့တောင် ခက်ခဲလိမ့်မယ်"

ရှောင်တုလီက ခါးသီးစွာ ပြုံးလိုက်သည်။

"အဲဒီတောင်တန်းမှာ ဒဏ်ရာတွေရရှိခဲ့လို့သာ သူတို့တွေက ငါ့ကို ဖမ်းဆီးဖို့ သူတို့ အခွင့်အရေးရခဲ့တာပဲ"

"လျှို့ဝှက်ဆန်းကြယ်တဲ့ တောင်တန်း ဟုတ်လား"

ထိုနေရာတွင် သူ့ဆရာ ရှောင်တုလီကိုပင် အပြင်းအထန် ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်သည့် အစွမ်းထက်စွမ်းအင်ခန္ဓာကိုယ်တစ်ခု ရှိနေပါသလော။

ရှောင်တုလီ၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် စဥ်းစားလိုက်သည်။

ဟုန်ကျင့်ယွင်၏ အဆိုအရ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူရှိ အခြားသော နေရာများတွင် နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ် ရှားပါးသည်ဟု သူသိခဲ့သည်။

နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ် အများစုသည် ကြယ်ငါးပွင့်အဆင့် အင်အားစုဂိုဏ်း ဖြစ်သည့် ခွင်းရှဂိုဏ်း၏ အဓိကနေရာတွင် တည်ရှိကြသည်။

သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် ရှောင်တုလီ ဝင်ရောက်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် တောင်တန်းသည် ခွင်းရှဂိုဏ်း၏ တည်နေရာ ဖြစ်နိုင်ခြေ အလွန်များ၏။

သို့သော်လည်း ကျန်းချန်သည် ဤအချိန်တွင် ထိုနေရာသို့သွားရောက်ရန် အစီအစဥ်မရှိခဲ့ပေ။

ခွင်းရှဂိုဏ်းသည် ကြယ်ငါးပွင့်အဆင့် အင်အားစု ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။

အထွတ်အထိပ် ကာလတွင် မဟာအင်ပါယာသာမက နတ်သန္ဓေအင်ပါယာနယ်ပယ် ကျင့်ကြံသူ ၁၀၀မက ရှိခဲ့သော ဂိုဏ်းလည်း ဖြစ်သည်။

ထိုအထဲတွင် နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူများပင် ပါဝင်ခဲ့၏။

ခွင်းရှဂိုဏ်း၏ အစွမ်းထက် ကျင့်ကြံသူအားလုံးသာ စွမ်းအင်ခန္ဓာကိုယ်များ အဖြစ် အသက်ရှင်နေခဲ့လျှင် ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူမှ စွမ်းအင်ခန္ဓာကိုယ်များသည် ရှန်းဝူတိုက်ကြီး၏ လျှို့ဝှက်နယ်မြေ ရှစ်ခုတွင် နံပါတ်တစ် ဖြစ်သည့် ဟောင်ထျန်း သူတော်စင်နယ်မြေထက်ပင် ပိုမိုအားကောင်းနိုင်ခြေ ရှိသည်။

တခြား မကြည့်လျှင်ပင် သူ့ဆရာ ရှောင်တုလီကို ဒဏ်ရာရရှိစေခဲ့သည့် စွမ်းအင်ခန္ဓာကိုယ်သည်ပင် အတော်လေး အစွမ်းထက်နေခဲ့ပြီ မဟုတ်ပါလော။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ရှောင်တုလီကို ကြည့်ကာ ပြောလိုက်သည်။

"ဆရာ နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်တွေက အဲဒီ လျှို့ဝှက်ဆန်းကြယ် တောင်တန်း အပြင် တခြားဘယ်နေရာမှာ ရှိသေးလဲဆိုတာ ဆရာသိလား"

ယခုအခါတွင် သူ့ဆရာ ရှောင်တုလီကို ရှာတွေ့ပြီ ဖြစ်ရာ ရှေးဟောင်းအင်ပါယာ သင်္ချိုင်းဂူထဲသို့ ဝင်ရောက်ခဲ့သည့် သူ၏ ရည်မှန်းချက်က ပြည့်မြောက်သွားခဲ့ချေပြီ။

သို့သော်လည်း ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲမှ နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်များသည် အလွန်ပင် ဆွဲဆောင်မှုရှိ၍ ဤနေရာမှ မထွက်ခွာမီ ၎င်းတို့ကို အမဲလိုက်ရန် ကျန်းချန်က မျှော်လင့်နေခဲ့သည်။

"ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူထဲမှာ နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်တွေကို ရှာတွေ့ဖို့က မလွယ်ဘူး"

ရှောင်တုလီက ခေါင်းခါရမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။

"ငါသာ နတ်သန္ဓေအင်ပါယာ နယ်ပယ် စွမ်းအင်ခန္ဓာကိုယ်တွေကို ရှာတွေ့နိုင်မယ်ဆိုရင် အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ တောင်တန်းကို ဝင်ရောက်စူးစမ်းမိမှာ မဟုတ်ဘူး"

"ဒါဆိုလည်း ကျွန်တော်တို့ ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူထဲကနေ ထွက်ကြရအောင်"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

သူက သူ၏ဆန္ဒကို အတင်းအကျပ် ဦးစားမပေးခဲ့ပေ။

ဤတစ်ကြိမ်တွင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ၌ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် ပထမအဆင့်ကနေ တတိယအဆင့်အထိ တိုးတက်လာခဲ့သည်။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲ ဝင်ပြီး လဝက်ပင် မကြာသေးခင်မှာပင် ကျန်းချန်သည် သိသာသာသာ တိုးတက်လာခဲ့မှုကြောင့် အလွန်တရာ ကျေနပ်နေခဲ့ပြီဖြစ်သည်။

ယခုအချိန်က လူသားဧကရာဇ် နန်းတော်သို့ ပြန်သွားပြီး နန်းတော်ကို တည်ဆောက်ရန် အတွက် ပြင်ဆင်ရမည့်အချိန်ဖြစ်၏။

ထို့အပြင် မြို့တော်ငါးခု၏ ကိစ္စကိုလည်း ဖြေရှင်းရပေဦးမည်။

အရာအားလုံးကို ဖြေရှင်းပြီး နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူနှင့် ယှဥ်ပြိုင်နိုင်သော ခွန်အားကို ရရှိပြီးလျှင် ဤရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူသို့ ပြန်လာပြီး ရှာဖွေစူးစမ်းမည် ဖြစ်သည်။

"ကောင်းပြီ ဒါပေမဲ့ ငါတို့အတူတူ ထွက်သွားလို့မဖြစ်ဘူး"

ရှောင်တုလီက ခေါင်းညိတ်လိုက်ပြီးနောက်တွင် အနည်းငယ် တုံ့ဆိုင်းစွာ ပြောလိုက်သည်။

"ငါဆိတ်ငြိမ်နယ်မြေထဲကို လျှို့ဝှက်ဝင်ရောက်လာတဲ့ သတင်းက နိဗ္ဗာန်မြို့တော်ဆီကို ရောက်ရှိသွားခဲ့ပြီ.. မင်းအရင်ထွက်သွားလိုက်ပါ.. ငါပြီးမှပဲ မင်းနောက်ကို လိုက်လာခဲ့မယ်"

"ဆရာ ဒီကိစ္စအတွက် ဆိုရင်တော့ စိတ်မပူနဲ့တော့.. ကျွန်တော် ဆိတ်ငြိမ်နယ်မြေထဲ ဝင်ရောက်လာပြီးနောက်မှာ နိဗ္ဗာန်မြို့တော်က ကျွန်တော့်ရဲ့ အဖေနဲ့ ဆက်စပ်မှု ရှိနေတာကို တွေ့ရှိခဲ့ရတယ်.. အခုအချိန်မှာ နိဗ္ဗာန်မြို့တော်က ကျွန်တော်တို့နဲ့တစ်ဖက်ထဲ ဖြစ်သွားခဲ့ပြီ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ရှင်းပြလိုက်သည်။

ကျန်းချန်၏ စကားကို ကြားလျှင် ရှောင်ယဓတုလီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခုပေါ်လာခဲ့သည်။

နိဗ္ဗာန်မြို့တော်သည် အလွန်ပင် လျှို့ဝှက်နက်နဲပြီး ခန့်မှန်းရခက်ခဲသော မြို့တော်တစ်ခု ဖြစ်သည်။

မြို့တော်ငါးခုပင်လျှင် နိဗ္ဗာန်မြို့တော်၏ မူလဇစ်မြစ်ကို မသိခဲ့ကြပေ။

မြောက်ပိုင်းတောရိုင်း ဒေသတွင် သူလက်ခံခဲ့သော တပည့်သည် နိဗ္ဗာန်မြို့တော်မှ ကျင့်ကြံသူများနှင့် ဆက်စပ်နေလိမ့်မည်ဟု ရှောင်တုလီ လုံးဝ ထင်မထားခဲ့ပေ။

ကြည့်ရသည်မှာ သူ၏ တပည့်သည် ကိုယ်ခံပညာတွင် ထူးချွန်ရုံသာမက မူလဇစ်မြစ်တွင်ပါ ထူးခြားနေပုံ ရ၏။

နိဗ္ဗာန်မြို့‌တော်၏ အန္တရာယ်မရှိတော့သောကြောင့် ရှောင်တုလီသည် ဘာမှ စိုးရိမ်စရာ မရှိတော့ဘဲ ကျန်းချန်နှင့်အတူ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူထဲကနေ ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။

သူတို့က တောင်ထိပ်ကနေ လျင်မြန်စွာ ဆင်းလာခဲ့ပြီး ချိန်ခန်းတို့ ပုန်းအောင်းရာ နေရာသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

ထို့နောက်တွင် သူတို့သည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ထွက်ပေါက်ဆီသို့ ဦးတည်၍ သွားရောက်ခဲ့၏။

ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ဝင်ပေါက်တွင် နိဗ္ဗာန်မြို့တော်သခင် ယဲ့ချန်ကျွင်းသည် လေထုအထက်တွင် ဝင့်ကြွားစွာရပ်နေပြီး ဝင်ပေါက်ကို အကဲခတ်၍ စူးစိုက်ကြည့်နေခဲ့သည်။

"အရှင်မင်းသားက ရွှယ်လင်တိုက်ကို ပြန်ဖို့အတွက် ကျွန်တော်တို့ နိဗ္ဗာန်မြို့တော်ရဲ့ မျှော်လင့်ချက်ပဲ.. ဒါကြောင့် အရှင်မင်းသား ဘာမှမဖြစ်ပါစေနဲ့"

ယဲ့ချန်ကျွင်းသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူကို အဝေးကနေ လှမ်းကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

နိဗ္ဗာန်မြို့တော်သည် ဆိတ်ငြိမ်နယ်မြေထဲတွင် နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ ဝင်ခွင့်မရှိ ဟူသော စည်းမျဥ်းကို ချမှတ်ထားသောကြောင့် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူတွင် အစွမ်းထက် နတ်သန္ဓေအင်ပါယာများ ရှိရန် ဘယ်လိုမှမဖြစ်နိုင်ပေ။

ကျန်းချန်၏ ခွန်အားဖြင့်ဆိုလျှင် ဆိတ်ငြိမ်နယ်မြေထဲတွင် ခွင်းရှဂိုဏ်း၏ တည်နေရာမှလွဲ၍ မည်သည့်နေရာကမှ ကျန်းချန်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။

ယဲ့ချန်ကျွင်း စိုးရိမ်သည်မှာ ထိုနေရာ၏ သွေးဆောင်မှုကို မခံနိုင်ဘဲ တိုက်ရိုက် ဝင်ရောက်သွားမည်ကို ဖြစ်၏။

ထိုနေရာက နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် ကျင့်ကြံသူ အတွက်ပင် အန္တရာယ်ရှိသော နေရာတစ်ခုဖြစ်သည်။

ယဲ့ချန်ကျွင်း စဥ်းစားနေစဥ်မှာပင် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူ ဝင်ပေါက်ရှိ အာကာပြင်က တွန့်လိမ်သွားခဲ့ပြီး အနက်ရောင်တွင်းပေါက်ကြီး တစ်ခုသည် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏအတွင်း ယဲ့ချန်ကျွင်းသည် ထိုတွင်းပေါက်ထဲကနေ ပုံရိပ်များ လျင်မြန်စွာ ထွက်ပေါ်လာသည်ကို တွေ့ရှိခဲ့ရသည်။

ပထမဆုံး ထွက်ပေါ်လာသည့် ရင်းနှီးသော ပုံရိပ်မှာ ကျန်းချန်ပင် ဖြစ်သည်။

"အရှင်မင်းသား ထွက်လာပြီလား"

ယဲ့ချန်ကျွင်းက ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး သူ၏ ပုံရိပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကျန်းချန်တို့၏ ရှေ့တွင် ပေါ်လာခဲ့သည်။

"ယဲ့ချန်ကျွင်းလား"

သူ၏ရှေ့မှ ယဲ့ချန်ကျွင်းကို မြင်လျှင် ကျန်းချန်သည် ခဏမျှ အံ့အားသင့်သွားပြီးနောက် ပြုံးရွှင်စွာ ပြောလိုက်သည်။

"ချန်ကျွင်း မင်းက အချိန်ကိုက်ရောက်လာတာပဲ.. မင်း ရောက်လာတော့ ငါနိဗ္ဗာန်မြို့တော်ကို သွားပြီး မင်းကို ရှာနေစရာ မလိုတော့ဘူးပေါ့"

ထိုစကားကို ကြားလျှင် ယဲ့ချန်ကျွင်းသည် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

"အရှင်မင်းသားက ဆိတ်ငြိမ်နယ်မြေထဲကနေ ထွက်သွားတော့မလို့လား"

"ဟုတ်တယ် ဒီကိုလာရတဲ့ ရည်ရွယ်ချက် ပြည့်မြောက်သွားပြီဆိုတော့ ငါပြန်သွားပြီး လူသားဧကရာဇ် နန်းတော်ကို တည်ထောင်ဖို့ ပြင်ဆင်ရဦးမယ်"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"အချိန်ကျရင် မင်းကိုယ်တိုင် အခမ်းအနားကို တက်ရောက်ဖို့ ငါမျှော်လင့်တယ်"

"အရှင်မင်းသားစိတ်ချပါ.. ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေနဲ့အတူ အရှင်မင်းသားရဲ့ ကိစ္စတွေမှာကူညီပေးပါ့မယ်"

ယဲ့ချန်ကျွင်းက လက်သီးကို ဆုပ်၍ အလေးအနက် ဂါဝရပြုလိုက်ပြီးနောက်တွင် အနည်းငယ် တုံ့ဆိုင်းသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ အရှင်မင်းသား.. ဆိတ်ငြိမ်နယ်မြေထဲက အခုအချိန် ထွက်သွားမယ်ဆိုရင် ပြဿနာအချို့ ရှိနိုင်တယ်.. ကျွန်တော်ကိုယ်တိုင် အရှင်မင်းသားကို လိုက်ပို့ပါရစေ"

အခန်း(၁၂၉၆)ပြီး၏။

All Chapters