← Chapters

အခန်း (၁၃၀၃-၁၃၀၅)

Vol. 87 Ch. 1303-1305

အခန်း (၁၃၀၃-၁၃၀၅)

Vol. 87 Ch. 1303-1305

အခန်း(၁၃၀၃)

ပတ်ဝန်းကျင်တွင် အေးစက်စက်ကြုံးဝါးသံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ အားကောင်းသော ပုံရိပ်ငါးခုသည် အာကာပြင်ဝဲဂယက်ထဲကနေ ထွက်ပေါ်လာခဲ့ကြသည်။

"မြို့တော်ငါးခုက ကျင့်ကြံသူတွေ ရောက်ရှိလာခဲ့ပြီ"

အာကာပြင် ဝဲဂယက်ထဲကနေ ထွက်ပေါ်လာသည် ပုံရိပ်များကို မြင်လျှင် လူတိုင်းသည် ကြောက်ရွံ့လေးစားစိတ်များ တဖွားဖွားဖြစ်ပေါ်လာခဲ့ကြသည်။

ကျုံးကျိုးကုန်းမြေ၏ ကြယ်လေးပွင့်အဆင့် သူတော်စင်မြို့တော် ငါးမြို့သည် ကျန်းချန်က လူသားဧကရာဇ်နန်းတော် တည်ထောင်သည်ကို ထိုင်ကြည့်နေလိုပုံ မရပေ။

"ဒီလူတွေ အားလုံးရဲ့ အရှိန်အဝါက အရမ်းကိုအားကောင်းတယ်.. သူတို့အားလုံးက မြို့တော်ငါးခုရဲ့ နတ်သန္ဓေအင်ပါယာတွေလား.. ငါဘာလို့ မတွေ့ဖူးရတာလဲ"

"မင်း ဘာသိလို့လဲ.. ငါ ခန့်မှန်းတာ မမှားရင် ငါတို့ရှေ့က ငါးယောက်စလုံးက မြို့တော်ငါးခုရဲ့ ဘိုးဘေးအဆင့် ပုဂ္ဂိုလ်တွေပဲ.. သူတို့အားလုံးက အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းထဲက ကျင့်ကြံသူတွေလည်း ဖြစ်ကြတယ်.. ဘိုးဘေးအဆင့်ပုဂ္ဂိုလ်တွေတောင် ရောက်လာကြတာ ဆိုတော့ ကျန်းချန်နဲ့ လူသားဧကရာဇ်နန်းတော် အတွက် ဒီနေ့တော့ ဂြိုဟ်ဆိုးဝင်ပြီ ထင်တယ်"

"............."

ရင်ပြင်ပေါ်မှ အခမ်းအနားကို လာရောက်ကြည့်ရှုကြသည့် လူအများအပြားသည် လေထုထဲမှ အခြေအနေများကိုကြည့်ကာ အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။

မူလက လူသားဧကရာဇ်နန်းတော် တည်ထောင်သည်ကို မကျေနပ်သော အင်အားစုတချို့သည် ဤအချိန်တွင် ဝမ်းသာပျော်ရွှင်နေခဲ့ကြသည်။

နို့နံ့ပင်မစင်သေးသည့် ကောင်လေး တစ်ယောက်သည် မြို့တော်ငါးခုနှင့် ယှဥ်ကာ အင်အားစုတစ်ခုကို တည်ထောင်ချင်နေ‌သေးသည်။

ဤသည်က ကျောက်တုံးကို ကြက်ဥနှင့် ပေါက်သကဲ့သို့ပင်ဖြစ်၏။

ယခုမြို့တော်ငါးခု၏ ဘိုးဘေးများ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ကျန်းချန်နှင့် လူသားဧကရာဇ် နန်းတော်အနေဖြင့် မည်ကဲ့သို့ ဆိုးရွားသည့် အဆုံးသတ်နှင့် ကြုံတွေ့ရမလဲ ဆိုသည်ကို သူတို့အနေဖြင့် တွေးမိနေခဲ့ကြပြီ ဖြစ်သည်။

ရှန်းဖုန်းမြို့တော်၏ ဖုန်းမိသားစုဘိုးဘေး ဖုန်းရွှယ်ခွင်း၊ လင်ရှီမြို့တော်မှ လင်ရှီမိသားစုဘိုးဘေး လင်ချန်ယို၊ ထျန်းဝူမြို့တော်မှ ဝူမိသားစုဘိုးဘေး၊ ကျင့်လဲ့မြို့တော်မှ လဲ့မိသားစုဘိုးဘေး လဲ့ကျိခွမ်း၊ ရှောင်မိသားစုဘိုးဘေး ရှောင်ယန်ဝူ။

ကျန်းချန်က တစ်ဖက်မှ ပုံရိပ်ငါးခုကိုကြည့်ကာ ညင်သာစွာပြုံးလိုက်သည်။

"လူသားဧကရာဇ်နန်းတော်ကို တည်ထောင်တဲ့နေ့မှာပဲ မြို့တော်ငါးခုရဲ့ ဘိုးဘေးတွေကို ဒီနေရာထိ ရောက်ရှိလာအောင် ဆွဲဆောင်နိုင်ခဲ့တယ်.. ငါတကယ် ကံကောင်းတာပဲ"

"ကျန်းချန်.. မင်းက ငါတို့မြို့တော်ငါးခုရဲ့ နတ်သန္ဓေအင်ပါယာတွေကို သတ်ဖြတ်ခဲ့ပြီး မြို့တော်ငါးခုရဲ့ ဂုဏ်သိက္ခာကို အကြိမ်ကြိမ်စော်ကားခဲ့တယ်.. ငါတို့မြို့တော်ငါးခုက မင်းကိုဘယ်လိုမှ ခွင့်လွှတ်မှာမဟုတ်ဘူး"

ရှန်းဖုန်းမြို့တော်မှ ဖုန်းမိသားစုဘိုးဘေး ဖုန်းရွှယ်ခွင်းက ကျန်းချန်ကို ခက်ထန်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်သည်။

"မင်းကို အခွင့်အရေးပေးမယ်.. အခုချက်ချင်း လိမ်လိမ်မာမာ အဖမ်းခံလိုက်.. ဒီလိုမှမဟုတ်ရင်တော့ မင်းရဲ့ လူသားဧကရာဇ်နန်းတော် တစ်ခုလုံးကို အမှုန့်ချေပစ်မယ်"

"အဘိုးကြီး မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ.. ငါ့ရဲ့လူသားဧကရာဇ် နန်းတော်ကို အမှုန့်ချေနိုင်လောက်တဲ့အစွမ်း မင်းမှာရှိနေတယ်များ ထင်နေလား"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

သူ၏ မောက်မာသောစကားသံသည် လေထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"ဒီနေ့က လူသား ဧကရာဇ်နန်းတော် တည်ထောင်တဲ့နေ့ပဲ.. ငါနန်းတော်သခင်က လူမသတ်ချင်ဘူး...အခမ်းအနားကို လာတက်တာ ဆိုရင်တော့ အေးအေးဆေးဆေးပဲနေပါ.. ဒီလိုမှမဟုတ်ရင်တော့ ငါနဲ့တတ်နိုင်သမျှ ဝေးဝေးကို ထွက်သွားလိုက်တာ အကောင်းဆုံးပဲ"

"ကောင်လေး လေလုံးက ထွားလှချည်လား"

ကျင့်လဲ့မြို့တော်မှ လဲ့မိသားစုဘိုးဘေး လဲ့ကျိခွမ်းသည် ဆက်လက် သည်းမခံနိုင်တော့ပေ။

သူ၏ တစ်ကိုယ်လုံးသည် မိုးကြိုးလျှပ်စီးများဖြင့် တလက်လက် တောက်ပနေခဲ့သည်။

ထိုခဏမှာပင် လေထဲကနေ မိုးကြိုးနှင့် ခရမ်းရောင်လျှပ်စီးများ တောက်ပနေသော တူတစ်လက်သည် သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့၏။

လဲ့ကျိခွမ်းက နတ်သန္ဓေအင်ပါယာနယ်ပယ် ပဉ္စမအဆင့်ခွန်အားကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

"ကျန်းချန် မင်းက ဆိတ်ငြိမ်နယ်မြေရဲ့ အပြင်ဘက်မှာ ငါ့သားကိုသတ်ပစ်လိုက်တယ်.. ဒီနေ့ ငါ မင်းကို ငါ့သားအတွက် လက်စားချေပစ်မယ်"

"အဘိုးကြီး မင်းရဲ့သားနဲ့ ဘဝတစ်ပါးကို လိုက်ချင်တယ်ဆိုရင် ငါမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်"

ကျန်းချန်က လဲ့ကျိခွမ်းကို ထီမထင်ဟန်ဖြင့် ကြည့်လိုက်ပြီး လေထဲတွင် ရပ်နေခဲ့သည်။

ကျင့်လဲ့မြို့တော်မှ လဲ့မိသားစုဘိုးဘေး လဲ့ကျိခွမ်းသည် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် အဆင့်(၉၇) နေရာ၌ ရှိပြီး ရှောင်မိသားစုဘိုးဘေး ရှောင်ယန်ဝူထက် တစ်ဆင့်သာ မြင့်၏။

ရှောင်ယန်ဝူနှင့် တစ်တန်းတည်း ခွန်အားရှိသည့် ကျင့်ကြံသူများကို ကျန်းချန်သည် ရှေး‌ဟောင်းအင်ပါယာ သန္ဓေပြောင်းသင်္ချိုင်းဂူထဲကို မဝင်ခင်ကပင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

ယခုဆိုလျှင် ပို၍ပင် ပြောနေစရာ မလိုတော့ချေ။

"သေစမ်း"

လဲ့ကျိခွမ်းက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး မိုးကြိုးလျှပ်စီးတူဖြင့် ကျန်းချန်ကို ရိုက်ချလိုက်သည်။

တစ်ခဏအတွင်းမှာပင် မိုးကြိုးလျှပ်စီးတူသည် မီတာထောင်ချီ ရှိသော လေထုကို ချက်ချင်းပင် ဖြတ်သန်းသွားခဲ့ပြီး ကျန်းချန်ကို ခုတ်ချလိုက်သည်။

"ဝုန်း.."

မိုးကြိုးလျှပ်စီးတူသည် မိုးကြိုးလျှပ်စီး စွမ်းအားကို ထုတ်ဖော်ကာ သူ၏ အရှေ့မှ အရာအားလုံးကို ဖုန်မှုန့်များအဖြစ် ချေမွဖျက်ဆီးပစ်လိုက်သည်။

အောက်ဘက်ရှိ ရင်ပြင်နှင့် ကောင်းကင်ယံက ပေရာနှင့်ချီ ဝေးနေသော်လည်း မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထို မိုးကြိုးလျှပ်စီး စွမ်းအား၏ ဖိအားအောက်တွင် အသက်ရှူကျပ်သလို ခံစားခဲ့ကြရ၏။

"အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းထဲက နတ်သန္ဓေအင်ပါယာတစ်ပါး ဖြစ်ထိုက်ပါပေတယ်.. ခွန်အားက အရမ်းကို ထိတ်လန့်စရာပဲ"

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လဲ့ကျိခွမ်း၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ကြည့်ကာ ရင်တုန်ပန်းတုန်များပင် ဖြစ်သွားခဲ့ကြသည်။

သူတို့သာ ဤကဲ့သို့ သန်မာသောသူနှင့် ရင်ဆိုင်ရလျှင် တစ်ဖက်လူက အကြည့်တစ်ချက်ဖြင့်ပင် သူတို့ကို ဖျက်ဆီးပစ်ရန် လုံလောက်သည်ဟု သူတို့ ထင်ခဲ့ကြ၏။

"မြို့တော်ငါးခုရဲ့ ဘိုးဘေးတွေက တကယ်ကို ကြောက်မက်ဖွယ်အစွမ်းထက်တာပဲ.. ကျန်းချန် တားဆီးနိုင်ပါ့မလား"

ဤအချိန်တွင် ကျန်းချန်၏ အနောက်ဘက်ရှိ စန်းဝူဟန်နှင့် လုံထျန်းဝူတို့ အပြင် အခြားသော သူများ၏ မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ယနေ့တွင် မြို့တော်ငါးခုက လူလွှတ်၍ သူတို့ကို တိုက်ခိုက်လိမ့်မည်ဟု ကြိုတွက်ထားသော်လည်း ဘိုးဘေးငါးပါး ကိုယ်တိုင် ရောက်ချလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"အဘိုးကြီး မင်းက ဘယ်ဆိုးလို့လဲ.. ဒါပေမဲ့ ငါ့ရဲ့လူသားဧကရာဇ်နန်းတော် ရှေ့မှာ ရိုင်းပြဖို့အတွက် မင်းက အရည်အချင်း မလုံလောက်သေးဘူး"

ကျန်းချန်က ခပ်ထေ့ထေ့ လှောင်ပြောင်လိုက်ပြီး သူ၏လက်ကို အသာအယာ မြှောက်လိုက်ရာ လက်ညှိုးမှ ဓားစွမ်းအင်သည် လေထုကို ထိုးဖောက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း သူ့ထံသို့ ဦးတည်လာသော မိုးကြိုးလျှပ်စီး စွမ်းအားကို အစိတ်စိတ်အမွှာမွှာ ချေမှုန်းပစ်လိုက်သည်။

ကျန်းချန်က လဲ့ကျိခွမ်း၏‌ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို အလွယ်တကူပင် ချေဖျက်လိုက်သည်ကို မြင်လျှင် လူတိုင်းသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။

လဲ့ကျိခွမ်း၏ အနောက်ဘက်ရှိ ဖုန်းရွှယ်ခွင်းနှင့် အခြားသူများ၏ အမူအရာများသည်လည်း ချက်ချင်းဆိုသလိုပင် ပိုမို၍ လေးနက်လာခဲ့ကြ၏။

"ဒီကောင်လေးရဲ့ဓားစွမ်းအင်က ထူးခြားတယ်.. အစောပိုင်းက ဓားစွမ်းအင်က သာမန်လို့သာ ထင်ရပေမဲ့ အထွတ်အထိပ် ဓားနယ်မြေ စွမ်းအားကို ပိုင်ဆိုင်ထားတယ်.. ငါ့ရဲ့ ခန့်မှန်းချက်သာမမှားရင် သူရဲ့ဓားနယ်မြေက အလယ်အလတ် နယ်မြေ အဆင့်ကို ရောက်ရှိနေခဲ့ပြီ"

ထျန်းဝူမြို့တော်၏ ဘိုးဘေး ဝူစန်းကျန့်က ကျန်းချန်၏ဓားအလင်းကို ကြည့်ကာ သုံးသပ်ပြောဆိုလိုက်သည်။

"အလယ်အလတ် ဓားနယ်မြေစွမ်းအားလား"

ဝူစန်းကျန့်၏ စကားကိုကြားလျှင် ဖုန်းရွှယ်ခွင်း၏အမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

ဤကောင်လေးသည် ကောင်းကင်သူတော်စင် နယ်မြေမှ အဆင့်သတ်မှတ်ချက် ထုတ်ပြန်သော အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်းတွင် အဆင့်(၇၈)နေရာ၌ ရှိနေသည်မှာ ကံတရားကြောင့် ဖြစ်ပုံမရပေ။

အမှန်တကယ် အရည်အချင်းရှိ‌၍သာ ထိုစာရင်း၏ (၇၈)တွင် ရှိနေခြင်း ဖြစ်ပုံရ၏။

"ဒီတစ်ခေါက်က ငါ့ရဲ့အလှည့်ပဲ"

လဲ့ကျိခွမ်း၏ တိုက်ကွက်ကို ချေဖျက်ပြီးနောက်တွင် ကျန်းချန်သည် လဲ့ကျိခွမ်းကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

တစ်ခဏအတွင်းမှာပင် သူ့ ခန္ဓာကိုယ်တစ်ခုလုံး၏ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ပိုင်းဖြတ်စမ်း"

ကျန်းချန်က လက်ညှိုးမှဓားစွမ်းအင်ဖြင့် လဲ့ကျိခွမ်းကို ထပ်မံပစ်ခတ်လိုက်သည်။

သုံးပေခန့် ရှည်လျားသော အနီရောင်ဓားအလင်းသည် လဲ့ကျိခွမ်းဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့၏။

ထိုဓားအလင်းသည် သာမန်သာ ဖြစ်သည်ဟု ထင်ရပြီး ထူးခြားချက်မရှိသလို ဖြစ်နေသော်လည်း လဲ့ကျိခွမ်းသည် ထိုအနီရောင်ဓားအလင်းထံကနေ အလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါ တစ်ခုကို ပင်ကိုသိစိတ်ဖြင့် ခံစားလိုက်ရသည်။

လဲ့ကျိခွမ်း၏ အမူအရာက လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး မိုးကြိုးလျှပ်စီးတူကို လေထဲတွင် ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ကာ သူ၏ ရင်ဘတ်ပေါ်တွင် မိုးကြိုးအကာအရံ တစ်ခုကို စုဖွဲ့၍ ခုခံလိုက်၏။

"ဝုန်း.."

အနီရောင်ဓားအလင်းက မိုးကြိုး အကာအရံပေါ်သို့ ကျဆင်းလာပြီးနောက်တွင် စက္ကူစုတ်ကို ထိုးဖောက်လိုက်သကဲ့သို့ပင် မိုးကြိုးအကာအရံကို ဖြိုခွဲပစ်လိုက်သည်။

ထို့နောက်တွင် လဲ့ကျိခွမ်းသည် အနီရောင် ဓားအလင်းဖြင့် ထိမှန်ခံလိုက်ရပြီး ပါးစပ်ကနေ သွေးများကို အန်ထုတ်ကာ ခန္ဓာကိုယ်ကလည်း ဆယ်ပေကျော် အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။

"တကယ်ကို အသုံးမကျဘူးပဲ.. မင်းလိုအမှိုက်က ဘယ်ကနေသတ္တိရပြီး ငါ့ရဲ့ လူသားဧကရာဇ် နန်းတော်ကို လာရောက်ရမ်းကားရဲတာလဲ"

ကျန်းချန်က ခေါင်းခါရမ်း၍ ရေရွတ်လိုက်သည်။

လဲ့ကျိခွမ်းကို ကြည့်နေသည့် သူ၏ အကြည့်တွင် အထင်သေးသော အမူအရာများ ရှိနေခဲ့သည်။

သူတို့ရှေ့မှ တုန်လှုပ်ဖွယ်မြင်ကွင်းကိုမြင်လျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်ကဲ့သို့ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းက ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို အထိတ်တလန့် ကြည့်လိုက်ကြသည်။

သူတို့က တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ပင် သူတို့ မျက်လုံးကိုပင် မယုံကြည်နိုင်ခဲ့ပေ။

"လဲ့ကျိခွမ်းက ဒီလိုပဲ ရှုံးနိမ့်သွားတာလား"

သိထားရမည်မှာ ကျင့်လဲ့မြို့မှ လဲ့မိသားစုဘိုးဘေး လဲ့ကျိခွမ်းသည် မြို့တော်ငါးခုထဲတွင် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းထဲ ပါဝင်သည့် နတ်သန္ဓေအင်ပါယာတစ်ပါးဖြစ်သည်။

"ကျန်းချန်က ကြယ်လေးပွင့် သူတော်စင်နယ်မြေက ဘိုးဘေးတစ်ပါးကို တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တာလား.. သူ့ရဲ့ ခွန်အားက တကယ်ကို ကြောက်စရာပဲ"

အခန်း(၁၃၀၃)ပြီး၏။

အခန်း(၁၃၀၄)

"ဒါ..ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရှောင်မိသားစုဘိုးဘေးရှောင်ယန်ဝူသည် ထိုမြင်ကွင်းကို မှင်တက်စွာ ငေးကြည့်နေရင်း မျက်လုံးထဲတွင် ထိတ်လန့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

လွန်ခဲ့သောနှစ်လက ကျန်းချန်သည် ယန်ဒီမြို့တော်ကို တစ်ကိုယ်တော် ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

ထိုအချိန်က ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်သည် ကောင်းကင်ကိုပင် ဆန့်ကျင်နေပြီ ဖြစ်သော်လည်း သူ့ကို ရင်ဆိုင်ရန်အတွက် ဝှက်ဖဲအားလုံးကို ထုတ်သုံးကာ အစွမ်းကုန် ကြိုးစားခဲ့ရသည်။

သို့သော်လည်း နှစ်လအတွင်းမှာပင် ကျန်းချန်၏ ခွန်အားသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိလာလိမ့်မည်ဟု ရှောင်ယန်ဝူ လုံးဝမထင်ထားခဲ့ပေ။

ယခုအခါ သူ့ထက် အနည်းငယ် သာလွန်သော လဲ့ကျိခွမ်းကိုပင် ကျန်းချန်သည် အလွယ်တကူပင် အနိုင်ယူသွားခဲ့သည်။

ဤကောင်လေး၏ ကြီးထွားနှုန်းသည် တကယ်ကိုကြောက်စရာကောင်းသည်ဟုသာ ဆိုရပေတော့မည်။

"ဓားနယ်မြေကို ထုတ်ဖော်ဖို့မလိုဘဲ ဓားနယ်မြေရဲ့စွမ်းအားကို ကြိုက်သလို ထိန်းချုပ် တိုက်ခိုက်နိုင်တယ်.. ဒီကောင်လေးရဲ့ဓားနယ်မြေက အလယ်အလတ် နယ်မြေအဆင့်ကို တကယ်ပဲရောက်ရှိနေခဲ့ပြီ"

ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကို အကဲခတ်ပြီးနောက်တွင် ဝူစန်းကျန့်၏ အိုမင်းသော မျက်ဝန်းသည် ချက်ချင်းပင် လေးနက်သွားခဲ့သည်။

"အလယ်အလတ် နယ်မြေစွမ်းအားကို ထုတ်ဖော်နိုင်တဲ့ နတ်သန္ဓေအင်ပါယာ"

ဖုန်းရွှယ်ခွင်းနဲ့ အခြားသူများ၏ အမူအရာများသည်လည်း လေးနက်သွားခဲ့ကြ၏။

ဆိုရလျှင် အလယ်အလတ် နယ်မြေစွမ်းအားသည် သာမန်နယ်မြေစွမ်းအားထက် ဆယ်ဆမျှ ပို၍ အားကောင်း၏။

ထို့ကြောင့် အလယ်အလတ် နယ်မြေစွမ်းအားကို ထုတ်ဖော်နိုင်သော နတ်သန္ဓေအင်ပါယာများသည် တုနှိုင်းမဲ့ ပါရမီရှင်များ ဖြစ်ကြပြီး နတ်ဆိုးများဟုပင် တင်စားကြလေ့ ရှိသည်။

၎င်းတို့က အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်းတွင်လည်း ထူးချွန်ကြသည်။

ထို့ကြောင့် ဤကောင်‌‌လေးက နတ်သန္ဓေအင်ပါယာနယ်ပယ် တတိယအဆင့် ကျင့်ကြံသူသာ ဖြစ်သော်လည်း တိုက်ပွဲဝင်စွမ်းရည်သည် သူတို့ထက် လုံးဝ နိမ့်ကျလိမ့်မည်မဟုတ်ပေ။

"ကျန်းချန် မင်းကို ငါသတ်ပစ်မယ်"

ဤအချိန်တွင် လဲ့ကျိခွမ်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး ကျန်းချန်ကို ဒေါသတကြီး ကြည့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

သူက ကျင့်လဲ့မြို့တော်မှ လဲ့မိသားစုဘိုးဘေး ဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာကတည်းကပင် နတ်သန္ဓေအင်ပါယာ အဆင့်ကို ရောက်ရှိကာ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရိုသေလေးစားခြင်းကို ခံခဲ့ရသည်။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်ကဲ့သို့ ကောင်လေးတစ်ယောက်သည် လူအများရှေ့တွင် သူ့ကို အပြတ်အသတ် အနိုင်ယူခဲ့၏။

သို့ဖြစ်ရာ လဲ့ကျိခွမ်းသည် ကျန်းချန်ကို မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

လဲ့ကျိခွမ်းသည် ယခုအခါတွင် အလွန် ဒေါသထွက်နေသော်လည်း မိုက်ရူးရဲမဆန်ခဲ့ပေ။

သူက တစ်ယောက်တည်းခွန်အားဖြင့် ကျန်းချန်၏ ပြိုင်ဘက်မဟုတ်နိုင်မှန်း ကောင်းစွာသိ၍ ဖုန်းရွှယ်ခွင်းကို အော်ဟစ်ကာ အကူအညီ တောင်းလိုက်သည်။

"အဘိုးကြီးဖုန်း.. မင်းဘာတွေ တုံ့ဆိုင်းနေတာလဲ.. ဒီကလေးက အရမ်းကို နတ်ဆိုးဆန်လွန်းတယ်.. ဒီနေ့ သူ့ကို မဖယ်ရှားနိုင်ဘူးဆိုရင် အနာဂတ်မှာ ငါတို့မြို့တော်ငါးခုအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မှာ မဟုတ်ဘူး"

"ကျန်းချန်.. မင်းက အရမ်းကိုပါရမီရှိတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုတာ ငါဝန်ခံတယ်.. ဒီအဘိုးကြီးက အသက်(၈၀၀)ရှိခဲ့ပေမဲ့ ဘဝတစ်လျှောက်လုံးမှာ မင်းလို ပါရမီထူးချွန်တဲ့သူကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး.. ဒါပေမဲ့ မင်းက ဘယ်လောက်ပဲ ပါရမီထူးချွန်ပါစေ.. ငါတို့မြို့တော်ငါးခုနဲ့ ယှဥ်ပြိုင်ဖို့အတွက်ကတော့ အရည်အချင်း မပြည့်မီသေးဘူး"

ဖုန်းရွှယ်ခွင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။

"ကျန်းချန်ကို ငါနဲ့လွှဲထားလိုက်.. မင်းတို့က ရှောင်တုလီနဲ့ တခြားသူတွေကို အမြန်ဆုံးသတ်ပစ်"

ဖုန်းရွှယ်ခွင်း၏ စကားသံ အဆုံးသတ်သည်နှင့် မြို့တော်ငါးခု၏ ဘိုးဘေးများထံကနေ အစွမ်းထက်သော အရှိန်အဝါများသည် တစ်ချိန်တည်းမှာပင် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

"ကြည့်ရတာ မြို့တော်ငါးခုရဲ့ ဘိုးဘေးတွေအားလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားတော့မယ်ထင်တယ်.. ဒီပုံအတိုင်းဆို ကျန်းချန်တော့ ဒုက္ခရောက်တော့မယ်.. သူက အရမ်းသန်မာတယ် ဆိုပေမဲ့လည်း ဘိုးဘေးငါးယောက်နဲ့ တစ်ပြိုင်နက်တည်း ယှဥ်ပြိုင်ဖို့ကတော့ သူ့အတွက် အရမ်းခက်ခဲလိမ့်မယ်"

".............."

လူတိုင်းက ထိုမြင်ကွင်းကိုကြည့်ကာ ခေါင်းခါရမ်း၍ သက်ပြင်းချလိုက်ကြသည်။

ကျုံးကျိုးကုန်းမြေရှိ သူတော်စင်မြို့တော် ငါးမြို့သည် ရှန်းဝူတိုက်ကြီးတွင် နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှိသည့် ကြယ်လေးပွင့်အဆင့် သူတော်စင်နယ်မြေများ ဖြစ်ကြသည်။

ထို့ကြောင့် မြို့တော်ငါးခု၏ ဘိုးဘေးများကို ကျန်းချန်တစ်ယောက်တည်း ရင်ဆိုင်ရန်မှာ လွယ်ကူမည် မဟုတ်လောက်ပေ။

"ဘာလဲ မင်းတို့က တစ်ယောက်ချင်းမနိုင်လို့ အုပ်စုဖွဲ့ပြီး တိုက်ခိုက်တော့မလို့လား.. ငါကျန်းချန်ဘက်မှာ ဘယ်သူမှမရှိဘူးလို့ မင်းတို့တကယ်ပဲ ထင်နေတာလား"

ဖုန်းရွှယ်ခွင်းတို့ လူစုက သူ့ကို ပူးပေါင်း၍ တိုက်ခိုက်တော့မည်ကို သိနေသော်လည်း ကျန်းချန်၏ အမူအရာသည် ‌အေးအေးဆေးဆေးပင် ဖြစ်နေခဲ့သည်။

မကြာခင်မှာပင် သူက မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ လက်ကိုမြှောက်ကာ အချက်ပြလိုက်သည်။

"ဝုန်း.."

ကျန်းချန်၏ အချက်ပြမှုကို ရသည်နှင့် အဝေးတစ်နေရာရှိ ကောင်းကင်ယံကနေ ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေသော ပုံရိပ်ဆယ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် လူသားဧကရာဇ်နန်းတော် ဆီသို့ ပျံသန်းလာခဲ့ကြသည်။

"နတ်သန္ဓေအင်ပါယာတွေပါလား"

ပုံရိပ်ဆယ်ခု၏ အရှိန်အဝါကို ခံစားမိလျှင် ဖုန်းရွှယ်ခွင်းတို့ ငါးဦး၏ အမူအရာသည် အကြီးအကျယ်ပင် ပြောင်းလဲသွားခဲ့သည်။

ယခုရောက်လာသည်မှာ နတ်သန္ဓေအင်ပါယာ ဆယ်ပါးဖြစ်သည်။

မြို့တော်ငါးခုထဲတွင် အားအကောင်းဆုံး ဖြစ်သည့် ရှန်းဖုန်းမြို့ပင် နတ်သန္ဓေအင်ပါယာဆယ်ပါး မရှိပေ။

ကျန်းချန်သည် ဤမျှလောက် များပြားသည့် နတ်သန္ဓေအင်ပါယာကို မည်သည့်နေရာက ရှာ‌ဖွေခဲ့ပါသနည်း။

ကျန်းချန်က လျှို့ဝှက်နယ်မြေမှ ဘိုးဘေးများနှင့် ဆက်နွှယ်ပတ်သတ်မှုရှိပြီး ၎င်းတို့၏ အကူအညီများကို ရရှိထားခြင်းဖြစ်နိုင်ပါသလော။

ဤအချိန်တွင် အတွေ့အကြုံရင့်ကျက်သော ဖုန်းရွှယ်ခွင်းတို့ ငါးဦး၏မျက်နှာထက်တွင် ထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာကြသည်။

"ဘုရားသခင် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူတွေ အများကြီးပါလား.. ကျန်းချန်ဆီမှာ နတ်သန္ဓေအင်ပါယာတွေ ဒီလောက် အရေအတွက်များများ ရှိနေလိမ့်မယ်လို့ တကယ်ထင်မထားမိဘူး.. လူသားဧကရာဇ်နန်းတော်က မြို့တော်ငါးခုကို ရင်ဆိုင်ရဲတာ အံ့သြစရာမဟုတ်တော့ဘူးပဲ.. ဒီတစ်ခါမြို့တော် ငါးမြို့တော့ ရန်မစသင့်တဲ့လူကို သွားစမိပြီထင်တယ်"

".........."

လူတိုင်းက သူတို့ရှေ့မှ တုန်လှုပ်ခြောက်ခြားဖွယ် မြင်ကွင်းကိုကြည့်ကာ တအံ့တသြ ရေရွတ်လိုက်ကြသည်။

ကျန်းချန်၏ အနောက်ဘက်ရှိ လုံထျန်းဝူနှင့် စန်းဝူဟန်တို့၏ မျက်နှာထက်တွင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့ကြသည်။

ကျန်းချန်က အချက်ပြလိုက်သည်နှင့် နတ်သန္ဓေအင်ပါယာဆယ်ပါးကို ဆင့်ခေါ်နိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ဤသည်က နတ်သန္ဓေအင်ပါယာ ဆယ်ပါး ဖြစ်သည်။

ထို့ကြောင့် ယခုအခါ သူတို့သည် မြို့တော်ငါးခုနှင့် ယှဥ်ပြိုင်ရန် လုံလောက်သည့် ခွန်အား ရှိနေချေပြီ။

ရေတွက်၍မရနိုင်သော အံ့သြထိတ်လန့်နေသော အကြည့်များအောက်မှာပင် နတ်သန္ဓေအင်ပါယာ ဆယ်ပါးသည် မိုင်ပေါင်းထောင်ချီ ဝေးကွာသော လေထုကို ဖြတ်ကျော်ကာ လူတိုင်း၏ ရှေ့တွင် ပေါ်လာခဲ့ကြသည်။

၎င်းတို့၏ ခေါင်းဆောင်ဖြစ်ဟန် တူသည့် ခက်ထန်သောမျက်နှာအမူအရာ ရှိသော ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်၏ ရှေ့တွင် ဒူးထောက်လိုက်ပြီး လေးစားသော အမူအရာဖြင့် ပြောလိုက်သည်။

"ယဲ့ချန်ကျွင်းက နန်းတော်သခင်ကို ဂါဝရပြုပါတယ်"

‌ရွှေရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အနောက်ဘက်ရှိ နတ်သန္ဓေ အင်ပါယာများသည်လည်း ကျန်းချန်၏ ရှေ့တွင် ဒူးထောက်ကာ ဂါဝရပြုလိုက်ကြသည်။

လူအုပ်ကြီးသည် လေထုထဲတွင် ဒူးထောက်ကာ ဂါဝရပြုနေကြသည့် နတ်သန္ဓေအင်ပါယာ အုပ်စုကို မြင်လျှင် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြပြီး အချိန်အတော်အကြာ မှင်တက်သွားခဲ့ကြသည်။

သူတို့ရှေ့မှ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများသည် လူသားဧကရာဇ်နန်းတော်မှ ဖြစ်နေပါသလော။

သို့ဆိုလျှင် ကျန်းချန် တည်ထောင်သည့် လူသားဧကရာဇ်နန်းတော်တွင် နတ်သန္ဓေအင်ပါယာဆယ်ပါးကျော် ရှိနေသည်ဟု အဓိပ္ပါယ် သက်ရောက်နေသည် မဟုတ်ပါလား။

"တကယ်ကို ကြောက်စရာကောင်းလိုက်တဲ့ အင်အားပဲ.. ဒီလိုခွန်အားမျိုးက မြို့တော်ငါးခုရဲ့ အင်အားထက်တောင် ပိုသာနေပြီ"

"ဒါက နိဗ္ဗာန်မြို့တော် အရှင်သခင် ယဲ့ချန်ကျွင်း မဟုတ်လား"

ဤအချိန်တွင် လင်ရှီမြို့တော်၏ ဘိုးဘေး လင်ချန်ယိုသည် တစ်စုံတစ်ရာကို သတိထားမိသွားပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဖုန်းရွှယ်ခွင်းနှင့် အခြားသူများသည်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပြီး သူတို့၏ အိုမင်းသောမျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ကြ၏။

ယဲ့ချန်ကျွင်းသည် နိဗ္ဗာန်မြို့တော်၏မြို့သခင် ဖြစ်ပြီး အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းတွင် အဆင့်(၈၁) နေရာ၌ ရှိသော နတ်သန္ဓေအင်ပါယာ တစ်ပါး ဖြစ်သည်။

ဤကဲ့သို့သောလူကို မြို့တော်ငါးမြို့၏ ဘိုးဘေးများသည် လုံးဝ မစိမ်း‌ပေ။

သို့သော်လည်း ယဲ့ချန်ကျွင်းက နိဗ္ဗာန်မြို့တော်မှ အစွမ်းထက်ကျင့်ကြံသူများကို ဦးဆောင်ကာ ကျန်းချန်တည်ထောင်သော လူသားဧကရာဇ်နန်းတော်တွင် ပါဝင်လိမ့်မည်ဟု သူတို့ မည်သို့မျှ မထင်ထားခဲ့ပေ။

သိထားရမည့်အချက်မှာ နိဗ္ဗာန်မြို့တော်သည် နှစ်ပေါင်းထောင်ချီကြာသည် အထိ ဆိတ်ငြိမ်နယ်မြေကို ထိန်းသိမ်းထားသော မြို့တော် ဖြစ်သည်။

မြို့တော်ငါးခုဖြစ်စေ၊ လျှို့ဝှက်နယ်မြေရှစ်ခုမှ ကျင့်ကြံသူများဖြစ်စေ ဆိတ်ငြိမ်နယ်မြေမှ စည်းမျဥ်းများကို မည်သူမှ မချိုးဖောက်ရဲပေ။

ယခုအခါတွင် ယဲ့ချန်ကျွင်းသည် သူ၏ လက်အောက်ငယ်သားများနှင့်အတူ ကျန်းချန်ဆီသို့ ခိုလှုံသွားခဲ့ပြီဖြစ်သည်။

"ဒါ..ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အခန်း(၁၃၀၄)ပြီး၏။

အခန်း(၁၃၀၅)

"ယဲ့ချန်ကျွင်း မင်းဒါဘာအဓိပ္ပါယ်လဲ"

ဖုန်းရွှယ်ခွင်းသည် ယဲ့ချန်ကျွင်းတို့ လူစုကို ဒေါသတကြီး ကြည့်ကာ ရေရွတ်လိုက်သည်။

"မြို့တော်ငါးခုနဲ့ နိဗ္ဗာန်မြို့တော်က ကိုယ့်စည်းနဲ့ကိုယ် အမြဲတမ်းနေခဲ့ကြတယ်.. အခုမင်းက ကျန်းချန်ဘက်ကနေ ရပ်တည်လိုက်တယ်ဆိုတော့ ငါတို့ မြို့တော်ငါးခုနဲ့ တကယ်ပဲ ရန်သူ ဖြစ်ချင်နေတာလား"

နိဗ္ဗာန်ဓားဧကရာဇ်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် နိဗ္ဗာန်မြို့တော်ကို တည်ထောင်ခဲ့သည်။

ထိုအချိန်မှစ၍ နိဗ္ဗာန်မြို့တော်၏ ခွန်အားကို မည်သူမှ အထင်မသေးရဲပေ။

ကုန်ကုန်ပြောရလျှင် လျှို့ဝှက်နယ်မြေ ရှစ်ခုသည်ပင် နိဗ္ဗာန်မြို့တော်ကို သွားမထိရဲချေ။

တခြားအရာကို ထည့်မတွက်လျှင်ပင် ဤနတ်သန္ဓေအင်ပါယာဆယ်ပါး ဟူသော ခွန်အားတစ်ရပ်ထဲကပင် ရှန်းဖုန်းမြို့တော်ထက် လုံးဝသာလွန်နေခဲ့ပြီ ဖြစ်သည်။

နိဗ္ဗာန်မြို့တော်သခင် ယဲ့ချန်ကျွင်းသည် အထွတ်အထိပ်နတ်သန္ဓေအင်ပါယာစာရင်းတွင် သူ့ထက် အနည်းငယ် နိမ့်ကျသော်လည်း ဖုန်းရွှယ်ခွင်းသည် ၎င်းကို အနိုင်ရရန် မသေချာပေ။

ဖုန်းရွှယ်ခွင်းကို ပို၍ စိုးရိမ်စေသောအချက်မှာ နိဗ္ဗာန်မြို့တော်၏ နောက်ဆုံးမြို့သခင် ဖြစ်သည့် ယဲ့ထျန်းကျိသည် လွန်ခဲ့သောနှစ်ပေါင်း(၅၀၀)ခန့်က အထွတ်အထိပ် နတ်သန္ဓေအင်ပါယာစာရင်း၏ ထိပ်ဆုံး(၅၀)စာရင်းတွင် ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်ကာ ဤကမ္ဘာကြီးတွင် ယခုထိ အသက်ရှင်နေနိုင်ခြင်း အလွန်မြင့်မားနေခြင်း ဖြစ်သည်။

ထို့ကြောင့် နိဗ္ဗာန်မြို့တော် ဤကိစ္စထဲတွင် ပါဝင်ပတ်သက်လာခြင်းသည် သူတို့အတွက် ကောင်းမွန်သောအရာ မဟုတ်ပေ။

"ဟားဟား ဖုန်းရွှယ်ခွင်း.. မင်းအခုထိ နားမလည်သေးဘူးလား.. ငါယဲ့ချန်ကျွင်းက နဂိုကတည်းက လူသားဧကရာဇ်နန်းတော်ရဲ့ အဖွဲ့ဝင်တစ်ဦးပဲ.. ဒီနေ့ ငါတို့လူသားဧကရာဇ်တည်ထောင်တဲ့အခမ်းအနားမှာ မင်းတို့မြို့တော်ငါးခုက အနှောင့်အယှက် လာပေးတာဆိုတော့ လူသားဧကရာဇ်နန်းတော်ဘက်ကနေ ငါတို့က မင်းကို တိုက်ခိုက်ရမှာပဲ.. အခုအချိန်ကစပြီး ဒီရှန်းဝူတိုက်ကြီးမှာ နိဗ္ဗာန်မြို့တော်သခင် ဆိုတာမရှိတော့ဘူး.. လူသားဧကရာဇ်နန်းတော်ရဲ့အကြီးအကဲ ယဲ့ချန်ကျွင်းပဲ ရှိတော့မယ်"

ယဲ့ချန်ကျွင်းက တစ်ဖက်မှ ဖုန်းရွှယ်ခွင်းကို စူးရှစွာ ကြည့်လိုက်သည်။

သူ၏စကားသံသည် ပတ်ဝန်းကျင်တစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး လူတိုင်း၏ ရင်ထဲကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။

"နိဗ္ဗာန်မြို့တော်လား.. ဒါဆို ဒီနတ်သန္ဓေအင်ပါယာတွေက နိဗ္ဗာန်မြို့တော်ကနေ လာခဲ့ကြတာပေါ့"

ဖုန်းရွှယ်ခွင်းနှင့် ယဲ့ချန်ကျွင်းတို့၏ စကားကိုကြားလျှင် လူတိုင်းသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။

နိဗ္ဗာန်မြို့တော်သခင် ယဲ့ချန်ကျွင်းသည် နိဗ္ဗာန်မြို့တော်မှ အင်အားကောင်းသော ကျင့်ကြံသူများကို ခေါ်ဆောင်ကာ ကျန်းချန်တည်ထောင်သည့် လူသားဧကရာဇ် နန်းတော်ထဲကို ဝင်ရောက်ခဲ့ပါသလော။

အသက်(၂၀)အရွယ်သာရှိသော ကျန်းချန်သည် ရှန်းဝူတိုက်ကြီးတွင် နှစ်ပေါင်းထောင်ချီကြာအောင် တည်ရှိခဲ့သည် ကြယ်လေးပွင့်အဆင့် သူတော်စင်နယ်မြေများထက် ခွန်အားမနိမ့်ကျသော အင်အားစုတစ်ခုကို မည်ကဲ့သို့ သိမ်းသွင်းလိုက်ပါသနည်း။

"ဒါက တကယ်ကို မယုံနိုင်စရာပဲ.. ကျန်းချန်က နိဗ္ဗာန်မြို့တော်ကို သိမ်းသွင်းလိုက်တာလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လဲ့ကျိခွမ်းက မယုံကြည်နိုင်သော လေသံဖြင့် ‌ရေရွတ်လိုက်သည်။

"ဘာလို့မဖြစ်နိုင်ရမှာလဲ.. နိဗ္ဗာန်မြို့တော်ကို ငါတို့နှစ်ခါ ဆက်သွယ်ဖူးပေမဲ့ နိဗ္ဗာန်မြို့တော်ရဲ့ အရင်က သဘောထားနဲ့ နောက်ပိုင်း သဘောထားက လုံးဝကို ကွာခြားနေခဲ့တယ်.. ကြည့်ရတာ ယဲ့ချန်ကျွင်းက အဲဒီအချိန်ကတည်းက ကျန်းချန်ဆီမှာ ခိုလှုံနေပြီ ထင်တယ်"

လင်ရှီမြို့တော်၏ ဘိုးဘေးလင်ချန်ယိုသည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ပြီး ဖုန်းရွှယ်ခွင်းကို လေးနက်စွာကြည့်၍ ပြောလိုက်သည်။

"အဘိုးကြီးဖုန်း.. အခု ငါတို့တိုက်ရမလား ဒါမှမဟုတ် ဆုတ်ရမလား.. မင်းပဲ ဆုံးဖြတ်လိုက်ပါ"

ဤအချိန်တွင် ဖုန်းရွှယ်ခွင်းသည်လည်း မရေမရာဖြစ်နေခဲ့သည်။

တစ်ခဏမျှ စဥ်စားပြီးနောက်တွင် သူက သင့်တော်သည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။

"ဒီကောင်လေးက နိဗ္ဗာန်မြို့တော်ရဲ့ အကူအညီကို ရရှိသွားခဲ့ပြီ ငါတို့တွေ သူရဲ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး အရင်ဆုံးဆုတ်ခွာကြတာပေါ့"

ယခုအခါတွင် ကျန်းချန်သည် နိဗ္ဗာန်မြို့တော်၏အကူအညီကို ရရှိပြီး လူသားဧကရာဇ် နန်းတော်တွင် နတ်သန္ဓေအင်ပါယာဆယ်ပါးကျော် ရှိနေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ကျန်းချန်၊ ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီတို့သည် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ စာရင်းထဲမှ ကျင့်ကြံသူများ ဖြစ်ကြသည်။

အထူးသဖြင့် ကျန်းချန်နှင့် ယဲ့ချန်ကျွင်းတို့ နှစ်ဦးစလုံးသည် သူနှင့် အဆင့်တူများ ဖြစ်ကြပြီး မြို့တော်ငါးခုတွင် သူကလွဲလျှင် ထိုနှစ်ယောက်၏ ပြိုင်ဘက် ဖြစ်နိုင်မည့်သူ မရှိပေ။

ဆိုရလျှင် ဤတိုက်ပွဲတွင် သူတို့အတွက် အနိုင်ရနိုင်ခြေ အလွန်တရာနည်းပါးနေပြီ ဖြစ်၏။

အကယ်၍ အနိုင်ရခဲ့လျှင်ပင် ကြီးကြီးမားမား ပေးဆပ်ရမည်ဖြစ်ပြီး ထိုတန်ဖိုးသည် မြို့တော်ငါးခုက တတ်နိုင်သည့်အရာမဟုတ်လောက်ပေ။

"ဒီလိုပဲ နောက်ဆုတ်တော့မလို့လား.. ဒီလိုသာ နောက်ဆုတ်လိုက်မယ်ဆိုရင် ငါတို့ငါးယောက်အနေနဲ့ ကျုံးကျိုးကုန်းမြေမှာ ဘယ်လိုမျက်နှာနဲ့ ဆက်လက် ရပ်တည်နိုင်တော့မှာလဲ"

လဲ့ကျိခွမ်း၏ လေသံက ဆက်လက် တိုက်ပွဲဝင်ရန် ပြင်းပြနေမှန်း သိသာနေသည်။

ဝူစန်းကျန့်၏ မျက်လုံးတွင်လည်း ဓားကဲ့သို့ ထက်ရှသောအလင်းများ တောက်ပလာခဲ့သည်။

"ငါတို့မြို့တော်ငါးခုရဲ့ဂုဏ်သိက္ခာကို ဘယ်သူမှထိပါးခွင့်မရှိဘူး.. တိုက်ခိုက်ကြစို့"

၎င်းတို့ထဲတွင် ယန်ဒီမြို့တော်မှ ရှောင်ယန်ဝူ တစ်ဦးတည်းသာ တိတ်ဆိတ်နေခဲ့သည်။

ဤအချိန်တွင်‌ ရှောင်ယန်ဝူ၏ ရင်ထဲ၌ နောင်တအနည်းငယ် ရရှိနေခဲ့၏။

သူသာ အစကတည်းက ကျန်းချန်နှင့် ရှောင်တုလီ တို့ကို အပြည့်အဝ ကာကွယ်ပေးခဲ့လျှင် ယန်ဒီမြို့တော်သည် အထွတ်အထိပ် နတ်သန္ဓေအင်ပါယာ သုံးပါးကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ထိုနှစ်ယောက်ကို အချိန်တစ်ခု ပေးလိုက်သည်နှင့် ယန်ဒီမြို့တော်သည် ရှန်းဖုန်းမြို့တော်ကို ကျော်လွန်ပြီး မြို့တော်ငါးခု၏ နံပါတ်တစ် မဖြစ်လာနိုင်ဟု ပြော၍ မရပေ။

"ဟားဟား မင်းတို့အဘိုးကြီးငါးယောက် ဘာမှ ဆွေးနွေးနေစရာမလိုဘူး.. ဒီနေ့က လူသားဧကရာဇ်နန်းတော် တည်ထောင်တဲ့နေ့ပဲ.. ဘယ်လိုလူကမှ ငါ့ရဲ့ အခမ်းအနားကို ရိုင်းပြခွင့်မရှိဘူး.. မင်းတို့ ဒီကိုလာပြီး ငါ့ကို ရန်ရှာလိုက်ကတည်းက မင်းတို့ရဲ့အသက်ကို ဒီမှာပဲ ထားခဲ့ရလိမ့်မယ်"

ထိုအချိန်တွင် ကျန်းချန်၏ ခပ်ထေ့ထေ့ ရယ်သံသည် သူတို့၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

"ဟမ့် ကျန်းချန် နိဗ္ဗာန်မြို့တော်ရဲ့အကူအညီရခဲ့ရင်တောင် ငါက ထွက်သွားချင်တယ်ဆိုရင် မင်းမှာ ငါ့ကို တားဆီးနိုင်တဲ့စွမ်းရည်မရှိဘူး"

ဖုန်းရွှယ်ခွင်းက ကျန်းချန်ကို ခနဲ့တဲ့တဲ့အပြုံးဖြင့် ကြည့်ကာ ပြောလိုက်၏။

ကျန်းချန်က လေထုထဲတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့ပြီး ဝင့်ကြွားသော အမူအရာဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။

"မင်းတို့ကို တားဆီးဖို့ ငါတစ်ယောက်တည်းနဲ့တောင် လုံလောက်တယ်.. ဘာလို့ တခြားသူတွေရဲ့ အကူအညီ လိုအပ်ဦးမှာလဲ"

"ကောင်လေး လေလုံးထွားလှချည်လား..မင်းက ဒီလောက်ထိ ကိုယ်ရည်သွေးနေမှတော့ ငါဖုန်းရွှယ်ခွင်း မင်းနဲ့တိုက်ခိုက်မယ်"

ဖုန်းရွှယ်ခွင်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှ အသက်စွမ်းအင်များသည် ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး မီတာရာချီ အချင်းဝက်အတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအားများသည် သူ၏ ကျောပြင်တွင် ရူးသွပ်စွာ စုစည်းသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စိမ်းပြာရောင် တောင်ပံတစ်ဆယ့်နှစ်စုံသည် ဖုန်းရွှယ်ခွင်း၏ ကျောပြင်တွင် တိုက်ရိုက်ဖြစ်ပေါ်လာခဲ့၏။

"ကျန်းချန် ငါ့ရဲ့ လေနတ်ဘုရားတောင်ပံ စွမ်းအားကို မြည်းစမ်းကြည့်လိုက်စမ်း"

ဖုန်းရွှယ်ခွင်းက အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ ကျောဘက်ရှိ အတောင်ပံ တစ်ဆယ့်နှစ်စုံသည် ရုတ်တရက် တုန်ခါသွားခဲ့သည်။

ထောင်ချီသော လေဓားများစွာသည် သိပ်သည်းသော မိုးသီးမိုးပေါက်များ ကဲ့သို့ ကျန်းချန်ဆီ လွင့်စင်လာခဲ့သည်။

ထိုလေဓားတစ်ခုစီတိုင်းတွင် အာကာပြင်ကို ဆုတ်ဖြဲနိုင်သည့် စွမ်းအားများ ပါဝင်နေပြီး ၎င်းတို့ လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်မတတ် ဖြစ်နေခဲ့၏။

တုနှိုင်းမဲ့ပါရမီရှင်တစ်ဦး ဖြစ်ပြီး ကြောက်မက်ဖွယ်စွမ်းအားများကို ပိုင်ဆိုင်ထားသော ကျန်းချန်နှင့် ရင်ဆိုင်ရာတွင် ဖုန်းရွှယ်ခွင်းသည် ရှန်းဖုန်းမြို့တော်၏ အင်ပါယာတစ်ပိုင်းအဆင့် ကျင့်စဥ်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။

"မင်းရဲ့ လေနတ်ဘုရားတောင်ပံလောက်ကို မပြောနဲ့.. တကယ့်လေနတ်ဘုရား အစစ် ကြွလာရင်တောင် ငါကျန်းချန်က ဓားတစ်ချက်တည်းနဲ့ ခုတ်သတ်ပစ်မယ်"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် လေထုထဲ၌ မီးလျှံဓားထောင်ပေါင်း များစွာသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မီးလျှံဓားထောင်ပေါင်းများစွာသည် လေထုထဲတွင် ပြည့်နှက်နေသည်မှာ ကျိုင်းကောင်အုပ်စုများ ကဲ့သို့ပင် မြင်ရသူကို ခေါင်းကျိန်းမတတ် ခံစားရစေခဲ့သည်။

"ပိုင်းဖြတ်စမ်း"

ကျန်းချန်က သူ့ထံသို့ ဦးတည်လာသော လေဓားများကို စူးစိုက်၍ ကြည့်လိုက်သည်။

ထို့နောက်တွင် လေဓားနှင့် မီးလျှံဓားတို့ လေထဲတွင် ထိပ်တိုက်ဆုံမိသွားပြီး လေထုထဲ၌ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် မီးလျှံဓားသည် လေဓားများကို စက္ကူစုတ် ကဲ့သို့ ချေမှုန်းပစ်လိုက်ပြီး ဖုန်းရွှယ်ခွင်း ဆီသို့ ဆက်လက်ဦးတည်သွားခဲ့သည်။

ဖုန်းရွှယ်ခွင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ၏ ကျောဘက်ရှိ စိမ်းပြာရောင်တောင်ပံ တစ်ဆယ့်နှစ်စုံကို ရုတ်တရက် လှုပ်ရှားလိုက်ကာ သူ၏ ရှေ့တွင် ကြီးမားသော အတောင်အပံ အကာအရံ တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

"ဝုန်း..ဝုန်း..ဝုန်း.."

မီးလျှံဓားများသည် တောင်ပံ အကာအရံပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ပေါက်ကွဲသံများ ဖြစ်ပေါ်လာခဲ့သော်လည်း တောင်ပံ အကာအကွယ်ကို မဖျက်ဆီးနိုင်ခဲ့‌ပေ။

ဖုန်းရွှယ်ခွင်းက ရုတ်တရက် မထီမဲ့မြင်ပြုံးကာ ကျန်းချန်ကို ခနဲ့လိုက်၏။

"ကျန်းချန် မင်းရဲ့ အလယ်အလတ်နယ်မြေက အားကောင်းတယ်ဆိုပေမဲ့ ငါ့ရဲ့ တောင်ပံ အကာအရံကိုတော့ အလွယ်တကူ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"

"တကယ်လား"

ကျန်းချန်က ခပ်ထေ့ထေ့ ရေရွတ်လိုက်သည်။

ထို့နောက်တွင် မီးလျှံဓားထောင်ပေါင်း များစွာသည် ချက်ချင်းဆိုသလိုပင် တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားခဲ့ပြီး အဆုံးသတ်တွင် သုံးပေခန့် ရှည်လျားသည့် ရိုးရှင်းသော ဓားရှည်တစ်လက် အဖြစ်သို့ ပြောင်းလဲသွားကာ တောင်ပံအကာအရံကို ထိုးခွင်းလိုက်သည်။

"ဝုန်း.."

သုံးပေခန့်ရှည်လျားသော ဓားရှည်၏ တိုက်ခိုက်မှုအောက်တွင် တောင်ပံ အကာအရံသည် ရုတ်တရက် ကြေမွသွားခဲ့၏။

ချက်ချင်းဆိုသလိုပင် ဖုန်းရွှယ်ခွင်း၏ ပုံရိပ်သည် တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် မီတာရာချီ အကွာသို့ နောက်ပြန် လွင့်စင်သွားခဲ့သည်။

ထို့နောက်တွင် ဖုန်းရွှယ်ခွင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

အခန်း(၁၃၀၅)ပြီး၏။

All Chapters