← Chapters

ကမ္ဘာဖျက်မိစ္ဆာသုတ္တန်

Vol. 170 Ch. 2536

ကမ္ဘာဖျက်မိစ္ဆာသုတ္တန်

Vol. 170 Ch. 2536

သိုင်းတာအိုပင်မခန္ဓာသည် လင်းရှန်ကို သတ်ဖြတ်ပြီးနောက် အသက်ရှင်လျက်ပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်သောအခါ နတ်ဆိုးမကျိက အံ့အားသင့်သလို ကျေနပ်သဘောကျသွား၏။

သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ပြီး ဤနေရာမှာရှိသောလေဟာနယ်ကို ချိုးဖျက်ဖို့ ကြိုးပမ်းကြည့်လိုက်၏။ သူသည် နတ်ဆိုးမကျိကို အဝီစိသို့ ခေါ်ဆောင်သွားလိုလေသည်။

သို့သော်လည်း ငရဲဖိနှိမ်မီးဖိုသည် လေဟာနယ်ကိုထိခတ်သောအခါ ဝဲဂယက်တစ်ခုကိုသာ ဖန်တီးလိုက်နိုင်၏။ ၎င်းသည် လေဟာနယ်ကိုချိုးဖျက်၍ အဝီစိသို့ချိတ်ဆက်ထားသော အာကာသဥမင်တစ်ခုကို ဖန်တီးနိုင်ခြင်းမရှိပေ။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်ငြိမ်နေပြီး အံ့အားသင့်သွားခြင်းမရှိပေ။

တကယ်တော့ ယခင် ဂူသင်္ချိုင်းစင်္ကြံလမ်းထဲမှာကတည်းက မိစ္ဆာဘုရင်တချို့သည် သူတို့၏ ကောင်းကင်လိုဏ်ဂူများကို မထုတ်ဖော်နိုင်သည့်အခါ သူသည် ဤနေရာကနေ အချိန်မရွေးထွက်ခွာဖို့ မဖြစ်နိုင်လောက်တော့ဟု အကြမ်းဖျင်းခန့်မှန်းမိခဲ့ပြီးသားဖြစ်သည်။

အတိအကျဆိုရလျှင် မည်သည့်အာကာသနည်းစနစ်ကိုမှ ဤမိစ္ဆာဂူသင်္ချိုင်းထဲမှာ ထုတ်ဖော်လို့ရနိုင်​မည် မဟုတ်ပေ။

သူက ဖြစ်နိုင်ခြေတစ်ခုကို ခပ်ရေးရေးတွေးမိသွား၏။ သို့သော်လည်း အခြေအနေက သေရေးရှင်ရေး​ဖြစ်နေပြီး သူတို့နှစ်ယောက်က အန္တရာယ်ကနေ ယခုအချိန်ထိ မလွတ်မြောက်သေးပေ။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက နတ်ဆိုးမကျိနှင့်အတူ အရင်ဆုံးပြေးထွက်လိုက်၏။

ကောင်းကင်တက်လှမ်းခြင်းနန်းတော်မှာ မိစ္ဆာဘုရင်ခြောက်ပါးရှိနေဆဲဖြစ်ပြီး မဟူရာမိစ္ဆာဂိုဏ်းနှင့် အခြားသောမိစ္ဆာဂိုဏ်းများမှာလည်း မိစ္ဆာဘုရင်ဆယ်ပါးကျော်ရှိနေ၏။ သူတို့က ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် သူသည် ငရဲဖိနှိမ်မီးဖိုနှင့်အတူ သူ့ကိုယ်သူကာကွယ်နိုင်ဆဲဖြစ်သော်လည်း နတ်ဆိုးမကျိ၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်မည်မဟုတ်ပေ။

“ဒီလမ်းပဲ”

နတ်ဆိုးမကျိက အလွန်တရာပါးနပ်ပြီး လျင်မြန်စွာတုံ့ပြန်ကာ ရှေးဟောင်းမြို့တော်၏ အနက်ပိုင်းထဲသို့ လက်ညှိုးထိုးပြလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ပြန်မဖြေဘဲ သူ၏ လက်ကို ဆန့်ထုတ်ကာ နတ်ဆိုးမကျိ၏ သေးသယ်ပျော့ပျောင်းသောခါးကို ညင်သာစွာထိန်းပြီး ရှေ့သို့ပြေးတက်သွား၏။

နတ်ဆိုးမကျိ၏ လှုပ်ရှားမှုနည်းစနစ်က လှပကြော့ရှင်းသော်လည်း အလျင်အဟုန်မှာ သူမသည် များစွာနိမ့်ကျနေဆဲဖြစ်သည်။

ထူးဆန်းစွာဖြင့် ရှေးဟောင်းမြို့စောင့်တပ်သားများက သိုင်းတာအိုပင်မခန္ဓာ၏ နတ်ဆိုးမကျိကို လျစ်လျူရှုပြီး မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်နှင့် အခြားသောမိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းမှ မိစ္ဆာဘုရင်များထံ ပြေးဝင်သွားကြ၏။

သိုင်းတာအိုပင်မခန္ဓာက တွေးကြည့်ရင်း ဖြစ်နိုင်ခြေတစ်ခုကို ခန့်မှန်းမိသွား၏။

နတ်ဆိုးမကျိနှင့် သူ့မှာ တစ်ပိုင်းတစ်ပျက်မိစ္ဆာကားချပ်များရှိနေ၏။ ထို့ကြောင့်ပင်လျှင် ရှေးဟောင်းမြို့စောင့်တပ်သားများက သူတို့ကို မတိုက်ခိုက်ခြင်းဖြစ်ပေလိမ့်မည်။

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ မိစ္ဆာဘုရင်ခြောက်ပါး၏ အမူအရာများက သုန်မှုန်လာခဲ့၏။

သူတို့၏ ကာကွယ်မှုအောက်မှာ မင်းသားသည် ပကတိမိစ္ဆာတစ်ဦး၏ အတင်းအကျပ်သတ်ဖြတ်ခြင်းခံခဲ့ရ၏။

မိစ္ဆာဧကရာဇ်လင်းရှောင်က ဤအကြောင်းကိုကြားသိမည်ဆိုလျှင် သူတို့​ခြောက်ယောက်က အပြစ်ပေးခံရနိုင်၏။

သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိက ထွက်ပြေးသွားသည်ကို တွေ့မြင်သောအခါ မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်နှင့် အခြားသူများက တွေဝေတုံ့ဆိုင်းမနေရဲဘဲ လင်းရှန်၏ အလောင်းကို ခပ်မြန်မြန်သိမ်းဆည်းပြီး သူတို့နောက်သို့ ပြေးလိုက်သွားကြ၏။

ယခု မင်းသားက သေဆုံးသွားပြီဖြစ်ပြီး သူတို့က အထီးကျန်သိုင်းသခင်ကို ပို၍ပင် ထွက်ပြေးခွင့် မပေးနိုင်တော့ပေ။

သို့သော်လည်း မိစ္ဆာလိုဏ်ဂူ၏ အောက်ဘက် ဤရှေးဟောင်းမြို့တော်မှာ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အသုံးမပြုနိုင်ပေ။ မိစ္ဆာဘုရင်များသည် သူတို့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးစွမ်းအားများနှင့် သိုင်းတာအိုပင်မခန္ဓာကို လိုက်မမီနိုင်ပေ။

ဒါ့အပြင် သူတို့ကို ဟန့်တားနှောက်ယှက်နေသော ရှေးဟောင်းမြို့စောင့်တပ်သားများက အတောမသတ်နိုင်အောင်ရှိနေ၏။

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်မှာ ပြည့်စုံသော ကမ္ဘာဖျက်မိစ္ဆာကားချပ်တစ်ခုရှိနေပြီး ဘေးပတ်လည်မှာရှိသော ရှေးဟောင်းမြို့စောင့်တပ်သားများက သူ့ကို မတိုက်ခိုက်ကြပေ။ သို့သော်လည်း သူသည် သိုင်းတာအိုပင်မခန္ဓာနောက်ကို မျက်ခြည်မပြတ်ရုံသာ လိုက်လာနိုင်၏။

ရှေးဟောင်းမြို့တော်က အရမ်းကိုကြီးမားပြီး သိုင်းတာအိုပင်မခန္ဓာက နတ်ဆိုးမကျိကိုခေါ်ကာ နှစ်နာရီတိတိကြာအောင် ပြေးလွှားပြီးမှ နောက်ဆုံး ရှေးဟောင်းမြို့တော်၏ အစပ်မှာ ဧရာမ​နန်းတော်တစ်ခုကို တွေ့မြင်လိုက်ရ၏။

“ဒါက... မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးရဲ့ ဂေဟာဖြစ်ရမယ်... အထဲကို သွားကြတာပေါ့”

နတ်ဆိုးမကျိက ပြောလိုက်၏။

သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိသည် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ ဂေဟာထဲသို့ ဝင်ရောက်လာပြီး လှည့်ပတ်ကြည့်ရှုလိုက်၏။ သူတို့သည် နေရာမှာပင် ငေးမောမှင်တက်သွားရ၏။

အခန်းတစ်ခုထဲသို့ ဝင်ရောက်လာပြီးနောက် သူတို့ပထမဆုံးတွေ့မြင်ရသည်မှာ ဗလာကျင်းနေသော ခန်းမတစ်ခုဖြစ်၏။

ဤနေရာတွင် ခန်းမဘေးပတ်လည်ရှိ နံရံများပေါ်မှာ နန်းတော်တံခါးပေါက်ကိုးပေါက်ကလွဲလျှင် တခြားဘာမှမရှိပေ။

ထိုတံခါးပေါက်များက အထဲမှာ မှောင်မည်နက်ရှိုင်းပြီး ဘယ်ဆီဘယ်ဝယ်မသိသောနေရာများကို ဦးတည်နေ၏။

များသောအား​ဖြင့် ဂူသင်္ချိုင်းတစ်ခုထဲမှာ ဤကဲ့သို့သော စီစဥ်ထားမှုတစ်ခုရှိနေမည်ဆိုလျှင် တံခါးပေါက်ကိုးပေါက်ထဲမှာ တစ်ခုတည်းကသာ ရှင်သန်ခြင်းဆီသို့ ဦးတည်နေပေလိမ့်မည်။

သူတို့က မှားယွင်းသောဆုံးဖြ​တ်မှုကို ပြုလုပ်မိမည်ဆိုလျှင် သူတို့သည် ဤနေရာမှာ သေသွားရဖို့များလေသည်။

သူတို့နှစ်ယောက်သည် ခဏကြာသည်အထိ သေချာမဝေခွဲနိုင်ကြပေ။

နတ်ဆိုးမကျိက ပြောလိုက်၏။

“ကျွန်မမှာ... ပြည့်စုံတဲ့ ကမ္ဘာဖျက်မိစ္ဆာကားချပ်ရှိမယ်ဆိုရင် အရိပ်အမြွက်တချို့ကို တွေ့ရနိုင်လောက်တယ်”

“ပြည့်စုံတဲ့ ကမ္ဘာဖျက်မိစ္ဆာကားချပ်ဆိုတာ ဘာအဓိပ္ပါယ်လဲ”

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်မေးလိုက်၏။

နတ်ဆိုးမကျိက ရှင်းပြလိုက်၏။

“လွန်ခဲ့တဲ့နှစ်ပေါင်းသန်းဆယ်ချီကာလတုန်းက မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက သေဆုံးခဲ့တယ်... မိစ္ဆာဧကရာဇ်သေဆုံးတဲ့အချိန်မှာ သူ့ရဲ့အရေပြားကလည်း ကမ္ဘာဖျက်မိစ္ဆာကားချပ်ဆယ့်ရှစ်ခုအဖြစ် ပြောင်းလဲပြီး မိစ္ဆာမဟာနယ်မြေရဲ့ နေရာအနှံ့ပြန့်ကျဲသွားတယ်လို့ဆိုကြတယ်”

“ကမ္ဘာဖျက်မိစ္ဆာကားချပ် တစ်ခုချင်းစီမှာ ကမ္ဘာဖျက်မိစ္ဆာသုတ္တန်ရဲ့ တစ်စိတ်တစ်ပိုင်းစီ ပါဝင်နေတယ်... ရှင်က မိစ္ဆာကားချပ်ဆယ့်ရှစ်ခုလုံးကို စုဆောင်းနိုင်မယ်ဆိုရင် ရှင်က ပြည့်စုံတဲ့ ကမ္ဘာဖျက်မိစ္ဆာသုတ္တန်ကို ရရှိလာနိုင်လိမ့်မယ်”

“ကမ္ဘာဖျက်မိစ္ဆာသုတ္တန်က တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုနဲ့ ယှဥ်နိုင်တယ်လို့ လူတိုင်းက ပြောကြတယ်... ဒါပေမဲ့ ဒီလောက်နှစ်တွေကြာပြီးတာတောင် ဘယ်သူကမှ မိစ္ဆာကားချပ်ဆယ့်ရှစ်ခုလုံးကို မစုဆောင်းနိုင်ခဲ့ဘူး”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။

“ကမ္ဘာဖျက်မိစ္ဆာကားချပ်ဆယ့်ရှစ်ခုကို ရမှလား”

“အတိအကျတော့ မဟုတ်ဘူး”

နတ်ဆိုးမကျိက ပြောလိုက်၏။

“ကမ္ဘာဖျက်မိစ္ဆာကားချပ်မှာ အတွဲနှစ်တွဲရှိတယ်လို့ပြောတယ်... ရှင်က မိစ္ဆာကားချပ်ကိုးခုကို စုဆောင်းနိုင်မယ်ဆိုရင် ပြည့်စုံတဲ့အတွဲတစ်တွဲက ပေါ်ထွက်လာလိမ့်မယ်”

“ကိုးခုလား”

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးက ဝင်းလက်သွား၏။

နတ်ဆိုးမကျိသည် သိုင်းတာအိုပင်မခန္ဓာ၏ တစ်မူထူးခြားမှုကို သတိမထားမိပေ။ သူမက သူမ၏ သိုလှောင်အိတ်ထဲကနေ တစ်ပိုင်းတစ်ပျက်အနက်ရောင်ကားချပ်တစ်ခုကိုထုတ်ယူပြီး ဆက်ပြောလိုက်၏။

“ကံဆိုးတာကတော့... ကျွန်မက လင်းရှန်ဆီက တစ်ခုကိုပဲ ကလိမ်ကျပြီးယူလာနိုင်ခဲ့တယ်”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ငါ့မှာလည်းရှစ်ခုရှိနေတာနဲ့အတော်ပဲ”

သူ့မှာအစကတည်းက မိစ္ဆာကားချပ်တစ်ခုရှိခဲ့၏။ နောက်ပိုင်း သူသည် မိစ္ဆာဂိုဏ်းများမှ သခင်လေးများကို အမဲလိုက်ပြီး စုစုပေါင်း မိစ္ဆာကားချပ်ရှစ်ခုကို စုဆောင်းမိလာခဲ့၏။

နတ်ဆိုးမကျိ၏ လက်ထဲမှ မိစ္ဆာကားချပ်နှင့်ထပ်ပေါင်းပါက စုစုပေါင်းကိုးခုရှိလာခဲ့ပြီဖြစ်သည်။

“အာ...”

နတ်ဆိုးမကျိက ကျေနပ်သဘောကျသွားသော အမူအရာဖြင့် အံ့အားတသင့်ရေရွတ်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာက မိစ္ဆာကားချပ်ရှစ်ချပ်ကို ထုတ်ယူလိုက်သည့်ခဏမှာပင် နတ်ဆိုးမကျိ၏ လက်ထဲမှ မိစ္ဆာကားချပ်က သူမလက်ထဲကနေထွက်ခွာပြီး မိစ္ဆာကားချပ်ရှစ်ခုနှင့် ချိတ်ဆက်သွား၏။

ကံဆိုးစွာနှင့်ပင်။

၎င်းပေါ်မှာ မည်သည့်ကမ္ဘာဖျက်မိစ္ဆာသုတ္တန်ကမှ ပေါ်ထွက်မလာဘဲ မြေပုံတစ်ခုနှင့်ဆင်တူသော အမှတ်အသားများသာရှိလာခဲ့၏။

နတ်ဆိုးမကျိက ပြောလိုက်၏။

“မိစ္ဆာဧကရာဇ်လင်းရှောင်မှာ ကမ္ဘာဖျက်မိစ္ဆာသုတ္တန်ရဲ့ ပထမအတွဲကို ဖြစ်ပေါ်စေခဲ့တဲ့ တစ်ပိုင်းတစ်ပျက်ကားချပ်ကိုးခုရှိတယ်လို့ ကျွန်မကြားထားတယ်... သူ ဧကရာဇ်တစ်ပါးဖြစ်လာခဲ့တာလည်း အဲဒါကြောင့်ပါတယ်”

“ဒါပေမဲ့... ဒီတစ်ခေါက်မှာ တစ်ပိုင်းတစ်ပျက်ကားချပ်တွေက တစ်နည်းတစ်ဖုံပြောင်းလဲသွားပြီး သူတို့ပေါ်မှာရှိတဲ့ မိစ္တာသုတ္တန်တွေကလည်း ပျောက်ကွယ်သွားခဲ့တယ်... အဲဒါကြောင့်လည်း မိစ္ဆာဧကရာဇ်လင်းရှောင်က ဒီနေရာမှာရှိတဲ့အခြေအနေကို စစ်ဆေးဖော်ထုတ်ဖို့အတွက် မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်နဲ့ တခြားသူတွေလက်ထဲ ပထမအတွဲထည့်ပေးပြီး စေလွတ်လိုက်တာပဲ”

သိုင်းတာအိုပင်မခန္ဓာက မိစ္ဆာကားချပ်ကိုးချပ်ပေါ်မှ အမှတ်အသားများကိုကြည့်ပြီး ရုတ်တရက်ပြောလိုက်၏။

“ဒီမြေပုံက ဒီအခန်းနဲ့နဲနဲတူတယ်... သူ့ပေါ်မှာရှိတဲ့ အမှတ်အသားတွေအရဆိုရင် ငါတို့တွေက ဘယ်ဘက်ခြမ်းမှာရှိတဲ့ ဒုတိယမြောက်တံခါးပေါက်ကို ဝင်ရလိမ့်မယ်”

နတ်ဆိုးမကျိကလည်း မိစ္ဆာကားချပ်ပေါ်မှ အမှတ်အသားများကို သတိထားမိသွားပြီး ကျေနပ်နှစ်ခြိုက်သွား၏။

“အဲဒါဆိုလည်း မြန်မြန်သွားကြတာပေါ့”

သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိက ဘယ်ဘက်ခြမ်းရှိ ဒုတိယမြောက်နန်းတော်တံခါးပေါက်ထဲသို့ ဝင်ရောက်ပြီး သိပ်မကြာခင် ပျောက်ကွယ်သွား၏။

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်မှာ မိစ္ဆာကားချပ်ရှိပြီး သူ့ကိုရှေးဟောင်းမြို့စောင့်တပ်သားများက တားဆီးခြင်းမရှိပေ။ သူက အရင်ဆုံးရောက်ရှိလာ၏။

သူသည် ခန်းမထဲသို့ ဝင်ရောက်လာပြီး တူညီသောနန်းတော်တံခါးကိုးပေါက်ကို တွေ့မြင်သည့်အခါ သူက မျက်မှောင်ကြုတ်လိုက်၏။

ခန်းမက မည်သူတစ်ဦးတစ်ယောက်မှမရှိဘဲ ဗလာကျင်းနေ၏။

အထီးကျန်သိုင်းသခင်နှင့် နတ်ဆိုးမကျိသည် နန်းတော်တံခါးပေါက်များထဲမှတစ်ပေါက်ထဲသို့ ဝင်ရောက်ထွက်ပြေးသွားသည်မှာ သိသာလေသည်။ မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်သည် ဘယ်တံခါးပေါက်က အမှန်ဖြစ်သည်ကို အကဲမဖြတ်နိုင်ဘဲ အရမ်းကာရော တိုးဝင်မသွားရဲပေ။

သူသည် အခန်း၏ ဝင်ပေါက်ဝကိုသာ စောင့်ကြပ်ပြီး မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ တခြားသူများရောက်အလာကို စောင့်ဆိုင်းနေလိုက်၏။

ခဏနေပြီးနောက် မိစ္ဆာဘုရင်လုစန်းနှင့် အခြားသူများသည် နောက်ဆုံးမှာ ရှေးဟောင်းမြို့စောင့်တပ်သားများ၏ ဟန့်တားနှောက်ယှက်မှုကို ဖြတ်ကျော်လာနိုင်ခဲ့၏။ သူတို့က သွေးများနှင့် ပေကျံ၍ မောဟိုက်နေကြ၏။

မည်သည့်အဟန့်အတားမှမရှိလျှင် ဤနေရာကို ရောက်ရှိလာဖို့ နှစ်နာရီမျှသာအချိန်ယူရပေမည်။

သူတို့လာရာလမ်းမှာ ရှေးဟောင်းမြို့စောင့်တပ်သားများက အတောမသတ်နိုင်အောင်ရှိနေပြီး သူတို့သည် နှစ်နာရီကျော်ကြာအောင်တိုက်ခိုက်ခဲ့ပြီးမှ စွမ်းအင်အမြောက်အမြားသုံးစွဲကာ ရောက်ရှိလာကြ၏။

ထူးဆန်းစွာပင် ရှေးဟောင်းမြို့စောင့်တပ်သားများသည် ဤအခန်းရှေ့သို့ ရောက်ရှိလာသောအခါ သူတို့က သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်ပြီး မည်သူကမှ အထဲကို ရောက်မလာကြပေ။

သူတို့က သေဆုံးခဲ့ပြီးသားဖြစ်လျှင်တောင် သူတို့၏ နောက်ဆုံးအတွေးများထဲမှာ ဤနေရာသည် သူတို့ခြေချလို့မရနိုင်သည့် တားမြစ်နေရာတစ်ခုဖြစ်နေ၏။

မိစ္ဆာဘုရင်မဟူရာကောင်းကင်နှင့် အခြားသောမိစ္ဆာဘုရင်များကလည်း သူတို့၏ လမ်းတစ်လျှောက်တိုက်ခိုက်ပြီး နောက်ဆုံးရောက်ရှိလာခဲ့၏။

လူတိုင်းက အင်မော်တယ်ဆေးလုံးတချို့ကိုထုတ်ယူကာ မျိုချပြီး ခဏမျှအနားယူလိုက်ကြ၏။

သူတို့၏ ကိုယ်ကာယနှင့်မျိုးဆက်သွေးများအရ သူတို့သည် သိပ်မကြာခင် သက်သာပျောက်ကင်းသွားပေလိမ့်မည်။

All Chapters