ကမ္ဘာဖျက်ကပ်ဘေးဆင်းသက်လာခြင်း
Vol. 170 Ch. 2543
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ကာ လေဟာနယ်ကို ချိုးဖျက်၍ နတ်ဆိုးမကျိနှင့်အတူ ထွက်ခွာဖို့ပြင်လိုက်၏။
မိစ္ဆာဧကရာဇ်တစ်ပါး၏ အစွမ်းအစများအရ သူတို့နှစ်ယောက်သည် သိပ်ကြာကြာပုန်းကွယ်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့သည် မိစ္ဆာဧကရာဇ်လင်းရှောင်၏ ရှာဖွေတွေ့ရှိခြင်းခံရမည်ဆိုပါက သိုင်းတာအိုပင်မခန္ဓာသည် လေဟာနယ်ကို ချိုးဖျက်နိုင်မည်ဆိုလျှင်တောင် သူသည် ထိုသူ၏ စောင့်ကြည့်မှုအောက်ကနေ အဝီစိသို့ ပြန်သွားနိုင်ချင်မှ သွားနိုင်ပေလိမ့်မည်။
ယခုတင် ပြသလိုက်သော မိစ္ဆာဧကရာဇ်၏ စွမ်းအားအရ သူတို့နှစ်ယောက်သည် ရှာဖွေတွေ့ရှိခံရသည်နှင့် သူက အာကာသဥမင်ထဲသို့ ဝင်ရောက်နိုင်မည်ဆိုလျှင်တောင် မိစ္ဆာဧကရာဇ်လင်းရှောင်က ထိုအရာကို ဖြတ်တောက်ပြီး သူတို့နှစ်ယောက်ကို ဖမ်းဆီးလိုက်နိုင်မည်ကို သိုင်းတာအိုပင်မခန္ဓာက သံသယမရှိပေ။
ထိုစဥ်မှာပင် နတ်ဆိုးမကျိက ရုတ်တရက်ပြောလိုက်၏။
“ငါမှတ်မိလာသလိုပဲ”
“ဘာလဲ”
သိုင်းတာအိုပင်မခန္ဓာက အလိုလိုမေးလိုက်လေသည်။
နတ်ဆိုးမကျိက တည်တံ့စွာပြောလိုက်၏။
“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးရဲ့အောက်ဘက်က ဒီဂူသင်္ချိုင်းက မဟာဧကရာဇ်တစ်ပါးရဲ့ ဂူသင်္ချိုင်းဖြစ်လောက်တယ်”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
သည့်ယခင်က မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ ဂူသင်္ချိုင်းအောက်တွင် မဟာဧကရာဇ်တစ်ပါး၏ ဂူသင်္ချိုင်းကို ဖုံးကွယ်ထားလိမ့်မည်ဟု ဘယ်သူက တွေးမိပါ့မလဲ။
သို့သော်လည်း တစ်ဖန်ပြန်တွေးကြည့်လျှင် မဟာဧကရာဇ်တစ်ပါးကသာ သူနှင့်အတူ ဧကရာဇ်ပေါင်းတစ်ထောင်ကျော်ကို မြှုပ်နှံထားနိုင်ပေလိမ့်မည်။
သို့သော်လည်း ဤမျှများပြားသော ဧကရာဇ်များကိုသတ်ဖြတ်ခဲ့ရန် အတိတ်ကာလတုန်းက ဤမဟာဧကရာဇ်သည် ဘယ်လောက်ကြောက်စရာကောင်းသည့် တည်ရှိမှုဖြစ်ခဲ့သလဲ သူမသိပေ။
“ဒီမဟာဧကရာဇ်က ဘယ်သူလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
နတ်ဆိုးမကျိက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေသည့်အလား တွေဝေတုံ့ဆိုင်းနေ၏။
ထိုစဥ်မှာပင် အပေါ်ဘက်ရှိ မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်းကနေ ကျယ်လောင်သောပေါက်ကွဲသံထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်းပင် မီးကျည်တစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး တောက်ပသောအရောင်အဝါတစ်ခုနှင့်အတူ တိမ်စိုင်များကြားမှာရှိနေသည့် မိစ္ဆာဧကရာဇ်လင်းရှောင်ထံသို့ ပစ်ဝင်သွားလေသည်။
မီးကျည်က ချစ်ချစ်တောက်ပူလောင်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေပြီး ၎င်းထုတ်ဖော်ထားသောစွမ်းအားက မိစ္ဆာဧကရာဇ်တစ်ပါး၏ စွမ်ပကားကို ယှဥ်နိုင်နေ၏။
ခမ်းနားထည်ဝါသော စွမ်းပကားက လေဟာနယ်ကိုဆုတ်ဖြဲပြီး သိသာရှင်းလင်းသောအက်ကွဲကြောင်းများ ထွက်ပေါ်လာ၏။
“ဟမ့်..”
“မင်းက ပိုင်ရှင်မရှိဘဲ ဘယ်လိုတောင် မောက်မာဝင့်ကြွားရဲတာလဲ”
မိစ္ဆာဧကရာဇ်လင်းရှောင်က အေးစက်စွာနှာတစ်ချက်မှုတ်ပြီး ရုတ်တရက် သူ၏ လက်ဖဝါးထဲမှာ မိစ္ဆာချီများလွှမ်းခြုံထားသည့် ဆေဘာတစ်လက် ရုတ်တရက်ပေါ်ထွက်လာ၏။ ထိုအရာက ကောင်းကင်ထက်ကနေ ဆင်းသက်ပြီး မိုးကောင်းကင်ကို နှစ်ပိုင်းခွဲထုတ်တော့မည့်အလားပင်။
ချွမ်း...
မိစ္ဆာဧကရာဇ်လင်းရှောင်၏ မဟူရာဆေဘာက မီးကျည်နှင့်ထိခတ်မိပြီး ၎င်း၏ အစစ်အမှန်ပုံစံကို ပေါ်ထွက်လာစေ၏။ ထိုအရာက စစ်မီးတောက်လှံဖြစ်လေသည်။
မိစ္ဆာဧကရာဇ်လင်းရှောင်ကတော့ သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွားပြီး ပေါ်ထွက်လာကာ သူ၏ မျက်လုံးထဲရှိ တုန်လှုပ်မှုအရိပ်အယောင်တစ်ခုနှင့်အတူ လေထဲမှာ မတ်တတ်ရပ်နေ၏။
ဘုန်း...
စစ်မီးတောက်လှံက မြေပြင်ပေါ်သို့ ကျဆင်းလာပြီး မြေပြင်ကိုထိုးဖောက်ကာ ၎င်း၏ ဘေးပတ်ချာလည်တွင် ပင့်ကူအိမ်ပုံစံအက်ကွဲကြောင်းများ ပေါ်ထွက်လာစေပြီး မြေပြင်က တသိမ့်သိမ့်လှုပ်ခါသွား၏။
လှံပေါ်ရှိ မီးတောက်များက သိပ်သည်းစုဖွဲ့လာ၏။
မီးတောက်များကြားမှာ စစ်မီးတောက်လှံသည် လောင်ကျွမ်းနီရဲ၍ ထွင်းဖောက်မတတ်ကြည်လင်ကာ ၎င်း၏ အော်ရာက အဆက်မပြတ်မြင့်တက်လာ၏။
သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိက အကြည့်ချင်းဖလှယ်ပြီး တုန်လှုပ်သွားကြသည်။
ဤဧကရာဇ်လက်နက်သည် နှစ်ပေါင်းသန်းဆယ်ချီကြာ မြှုပ်နှံခံရပြီးနောက် ပေါ်ထွက်လာသည့်ခဏမှာပင် ဤမျှအထိကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်နိုင်နေသည့်ဆိုတော့..။
သိုဝှက်လေဟာနယ်နှင့် အခြားသောမိစ္ဆာဘုရင်များက အောက်ဘက်ကနေစောင့်ကြည့်ပြီး တုန်လှုပ်နေကြ၏။
သူတို့သည် ဤအဆင့်တိုက်ပွဲတစ်ခုမှာ ဝင်မပါနိုင်ကြပေ။
“ဒါက... ဘယ်လိုစွမ်းအားမျိုးလဲ”
မိစ္ဆာဧကရာဇ်လင်းရှောင်က အမူအရာကင်းမဲ့နေသော်လည်း သူ၏ ရင်ထဲမှာ လှုပ်ခတ်လာ၏။
ထိုအရာက ဧကရာဇ်လက်နက်တစ်ခုမျှသာဖြစ်သည်။
အထဲမှာရှိသော စိတ်ဝိညာဥ်အသိစိတ်က ပျက်စီးမသွားလျှင်တောင် ထိုအရာသည် တစ်ယောက်ယောက် ထိန်းချုပ်ထားခြင်းမရှိဘဲ ဤမျှအထိကြောက်စရာကောင်းသောစွမ်းအားကို ထုတ်ဖော်နိုင်မည်မဟုတ်ပေ။
“မင်းသခင်က သေသွားတာနှစ်ပေါင်းသန်းဆယ်ချီ ကြာသွားခဲ့ပြီ... မင်းလိုမျိုးလက်နက်တစ်ခုက ငါ့ရဲ့ စွမ်းပကားကို ဘယ်လိုတောင် စိန်ခေါ်ရန်စရဲတာလဲ
မိစ္ဆာဧကရာဇ်လင်းရှောင်က ဒေါသူပုန်ထနေသော မီးတောက်များဖြင့်လောင်ကျွမ်းနေသည့် တိုက်ပွဲဝင်လှံကို စိုက်ကြည့်ကာ အော်ငေါက်လိုက်၏။
“ငါဒီကိုရောက်လာပြီ... မြန်မြန်အညံ့ခံလိုက်စမ်း”
“စစ်မီးတောက်ဖြတ်သွားရာနေရာတိုင်း အဲဒါက ငါ့ရဲ့ပိုင်နက်နယ်မြေဖြစ်လာလိမ့်မယ်”
ရုတ်တရက်ဆိုသလို...။
မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်း၏ အပျက်အစီးပုံများကြားကနေ နက်ရှိုင်းသောအသံတစ်သံထွက်ပေါ်လာ၏။ ထိုအသံမှာ မနာခံ၍မရနိုင်သော အဆုံးမဲ့စွမ်းပကားတစ်ခုပါဝင်နေသည်။
နတ်ဆိုးမကျိက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက်ပြောလိုက်၏။
“အဲဒီစကားက အရင်တုန်းက မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး ပြောလေ့ရှိတဲ့စကားမျိုးပဲ... ဘယ်လိုလုပ်ပြီး...”
နတ်ဆိုးမကျိက ဆက်လက်၍မစဥ်းစားရဲတော့ဘဲ ဆက်မပြောနိုင်တော့ပေ။
ထိုစကားကိုကြားသောအခါ မိစ္ဆာဧကရာဇ်လင်းရှောင်၏ အမူအရာက သုန်မှုန်တည်တံ့လာပြီး မိစ္ဆာဧကရာဇ်ဂူသင်္ချိုင်း၏ အပျက်အစီးပုံကို စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်၏။
“ဟန်ဆောင်မနေနဲ့... မင်းဘယ်သူလဲ... မင်းဘာလို့ ရုပ်လုံးထွက်မပြတာလဲ”
အရင်တုန်းက မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးသည် နယ်မြေဒေသတစ်ခုကို သိမ်းပိုက်အုပ်စိုးတိုင်း သူသည် စစ်မီးတောက်လှံကိုအရင်ဆုံး ထိုနေရာသို့ ပစ်ထုတ်တတ်၏။ ထိုအခါ ထိုပိုင်နက်နယ်မြေမှာရှိသော သက်ရှိများမှာ ရွေးချယ်စရာနှစ်ခုသာရှိလေသည်။ အညံ့ခံမလား သို့မဟုတ် ထွက်ပြေးမလား။
တစ်ယောက်ယောက်က ခုခံဆန့်ကျင်ရဲမည်ဆိုလျှင် ဖျက်ဆီးခြင်းပုဆိန်က ကပ်ဘေးတစ်ခုနှင့်အတူတွဲဖက်၍ ဆင်းသက်လာပေလိမ့်မည်။
မရေမတွက်နိုင်သော သက်ရှိများက သတ်ဖြတ်သုတ်သင်ခံရပြီး သွေးများက ချောင်းများမြစ်များလို စီးဆင်းလာပေလိမ့်မည်။
စောစောကအပြုအမူသည် တကယ်ပင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ ပုံစံဖြစ်လေသည်။ သို့သော်လည်း အဲဒါကို သူကိုယ်တိုင်မြင်တွေ့ရခြင်းမရှိဘဲ မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးသည် ယခုအချိန်ထိ ရှင်သန်နေနိုင်ဦးမည်ဟု မိစ္ဆာဧကရာဇ်လင်းရှောင်က ယုံကြည်လိမ့်မည်မဟုတ်ပေ။
ဧကရာဇ်များနှင့် မဟာဧကရာဇ်များ၏ ဘဝသက်တမ်းများက နှစ်ဆယ်သန်းဖြစ်လေသည်။
မဟာဧကရာဇ်ဒီဃာယုဟု အမည်ရသောသူပင်လျှင် နှစ်ပေါင်းသန်းဆယ်ချီကြာအောင် ရှင်းသန်နိုင်လိမ့်မည်မဟုတ်ပေ။
(ဒီဃာယုသည် အသက်ရှည်ခြင်း သို့မဟုတ် အသက်ရှည်သူဟု အဓိပ္ပာယ်ရပါသည်။)
“မင်းက... ငါ့မိစ္ဆာသုတ္တန်ရဲ့ တစ်ဝက်ကိုပဲကျင့်ကြံပြီး ငါ့ရှေ့မှာ ဘယ်လိုတောင်ဟောင်ဖွာဟောင်ဖွာလုပ်ရဲတာလဲ”
ဂူသင်္ချိုင်း၏ အပျက်အစီးပုံထဲကနေ နက်ရှိုင်းသောအသံက တစ်ဖန်ထွက်ပေါ်လာ၏။
ထိုစကားမှာ ပို၍ပင်ကြောက်စရာကောင်းသော ပိုမိုကြီးမားသည့် သတင်းအချက်အလက်တစ်ခုပါဝင်နေ၏။
ကမ္ဘာဖျက်မိစ္ဆာသုတ္တန်ကို.. ထိုစကားကိုပြောလိုက်သောသူက ဖန်တီးထားခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် ထိုအသံပိုင်ရှင်၏ သရုပ်သကန်က သိသာထင်ရှားနေလေပြီ။
မိစ္ဆာဧကရာဇ်လင်းရှောင်က ထိုစကားကိုကြားသောအခါ သူက အနည်းငယ် မလုံမလဲခံစားလာရပြီး တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ အပျက်အစီးပုံကို စိုက်ကြည့်နေ၏။
ဘုန်း... ဘုန်း...
ဂူသင်္ချိုင်း၏ အပျက်အစီးပုံများထဲမှာ မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများက လွင့်စင်ထွက်လာပြီး မြင့်မား၍ သန်မာတုတ်ခိုင်သောပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လာ၏။ သူ၏ အနက်ရောင်ဆံပင်က ကခုန်နေပြီး သူ၏ မျက်လုံးများက နီရဲနေကာ သူက ဧရာမဟူရာပုဆိန်တစ်လက်ကို ကိုင်ဆွဲထား၏။
ထိုပုံရိပ်သည် ဂူသင်္ချိုင်း၏ အပျက်အစီးပုံများထဲမှာ မတ်တတ်ရပ်နေသော်လည်း သူ၏ အော်ရာက လေထဲမှာရှိနေသော မိစ္ဆာဧကရာဇ်လင်းရှောင်ထက်ပင် ပို၍စီးပိုးဖြယ်လှယ်နိုင်ကာ ပို၍ကြောက်စရာကောင်းနေ၏။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ ရုပ်ရည်သွင်ပြင်ကို အရင်ကဘယ်သူကမှ မတွေ့မြင်ဖူးခဲ့ပေ။ သို့သော်လည်း လူများစွာသည် ထိုသူကိုတွေ့မြင်သောအခါ သူသည် လွန်ခဲ့သည့်နှစ်ပေါင်းသန်းဆယ်ချီကာလက ရက်စက်ကြမ်းတမ်းသော ပုဂ္ဂိုလ်ဖြစ်သည်ဆိုတာကို သေချာပြောလိုက်နိုင်ကြသည်။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး...။
သိုင်တာအိုပင်မခန္ဓာသည် အရင်က မဟူရာမိစ္ဆာကားချပ်ကို တွေ့မြင်ထားခဲ့၏။ မိစ္ဆာကားချပ်ထဲမှာ ရေးဆွဲထားသောပုံစံသည် သူ့ရှေ့မှာရှိသော မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးနှင့် ထပ်တူကျလုနီးပါးပင်။
အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက မသေသေးဘူးလား။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့သင့်သော မိစ္ဆာဧကရာဇ်တစ်ပါးက နှစ်ပေါင်းသန်းဆယ်ချီအကြာမှာ ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။
ပေယင်တောင်၏ ဘေးနားဝန်းကျင်မှာရှိသော သက်ရှိများအားလုံးသည် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး ထုတ်ဖော်ထားသည့်အော်ရာမှာ မှင်တက်၍ လှုပ်ရှားရဲခြင်းမရှိကြပေ။
ထိုအခိုက်အတန့်မှာ မည်သည့်အပြုအမူမဆို သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်၏။
လောကက တိတ်ဆိတ်ငြိမ်သက်သွားပုံရပြီး လေထုက အေးခဲရပ်တန့်သွားသည့်အလားပင်။
မဟာဧကရာဇ်ဂူသင်္ချိုင်းထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် နောက်ဆုံးတစ်စုံတစ်ရာကို နားလည်သဘောပေါက်သွား၏။
မိစ္ဆာလိုဏ်ဂူထဲသို့ ဝင်ရောက်လာပြီးနောက် မိစ္ဆာဘုရင်များသည် သူတို့၏ ကောင်းကင်လိုဏ်ဂူများကို မထုတ်ဖော်နိုင်သည့် အကြောင်းအရင်းဖြစ်လေသည်။
အကြောင်းအရင်းမှာ မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက လုံးဝမသေဆုံးသေးသောကြောင့်ဖြစ်၏။ သူတို့ဝင်ရောက်ခဲ့သည့် မိစ္ဆာလိုဏ်ဂူသည် တကယ်တော့... မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး ဆင့်ခေါ်ထားသည့် လောကတစ်ခုဖြစ်ရပေမည်။
မိစ္ဆာဧကရာဇ်တစ်ပါး၏ လောကထဲမှာ မိစ္ဆာဘုရင်များ၏ ကောင်းကင်လိုဏ်ဂူများကို ဘယ်လိုလုပ်ထုတ်ဖော်နိုင်ပါ့မလဲ။
သူနှင့်နတ်ဆိုးမကျိကတော့... သူတို့သည် အောက်ဘက်ရှိဂူသင်္ချိုင်းထဲသို့ ကျဆင်းလာပြီးနောက် ပုံမှန်လောကသို့ ပြန်လည်ရောက်ရှိလာပြီး သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်နိုင်ကြ၏။ ယခု သူတို့ရောက်ရှိနေသော ဂူသင်္ချိုင်းသည် မဟာဧကရာဇ်တစ်ပါး၏ ဂူသင်္ချိုင်းဖြစ်နေသောကြောင့်လည်း ပါလေသည်။
မိစ္ဆာဧကရာဇ်တစ်ပါး၏ လောကက သန်မာသည်ဆိုသော်လည်း ၎င်း၏ စွမ်းအားက မဟာဧကရာဇ်တစ်ပါး၏ ဂူသင်္ချိုင်းကို ဖုံးလွှမ်းနိုင်မည်မဟုတ်ပေ။
ကောင်းကင်ထက်မှာ မိစ္ဆာဧကရာဇ်လင်းရှောင်သည် ဂူသင်္ချိုင်း၏ အပျက်အစီးပုံများကြားမှ လူကို ငုံ့ကြည့်နေ၏။
ထိုအခိုက်အတန့်မှာ အောက်ဘက်မှာရှိသောလူသည် အေးစက်နေသောအကြည့်နှင့် သူ့ကို ငုံ့ကြည့်နေသည်ဟု သူက ထင်ယောင်မိလာ၏။
သူက အဲဒါကို မယုံကြည်နိုင်သေးပေ။
မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးသည် အသက်ရှင်နေသေးသည်ဆိုလျှင် သူက နှစ်ပေါင်းသန်းဆယ်ချီကြာအောင် နေထိုင်လာခဲ့ပြီဖြစ်သည်။
မိစ္ဆာဧကရာဇ်လင်းရှောင်သည် အချက်တစ်ချက်ကို သေချာပြောနိုင်၏။ မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက အသက်ရှင်နေဦးမည်ဆိုလျှင်တောင် သူသည် မဟာဧကရဇ်တစ်ပါး၏ အဆင့်သို့ မရောက်ရှိသေးပေ။
လူတစ်ယောက်သည် မဟာဧကရာဇ်တစ်ပါးဖြစ်လာသည်နှင့် အထက်ဘုံလောက်မှာရှိသော ဧကရာဇ်များအားလုံးက လျှို့ဝှက်ဆန်းကြယ်သော ချိတ်ဆက်မှုတစ်ခုကို ရရှိလာပေလိမ့်မည်။