← Chapters

ခေါင်းတလား

Vol. 170 Ch. 2537

ခေါင်းတလား

Vol. 170 Ch. 2537

“သိုဝှက်​လေဟာနယ်... ခင်ဗျားဘာလို့မဝင်သေးတာလဲ”

ခဏမျှအနားယူပြီးနောက် မိစ္ဆဘုရင်လုစန်းက မေးလိုက်၏။

“ဒီမှာ နန်းတော်တံခါးကိုးပေါက်ရှိနေတယ်... ဘယ်တံခါးပေါက်ကနေဝင်ရမလဲ ငါမသိဘူး”

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က ​ပြန်ပြောလိုက်၏။

လူတိုင်း ပထမဆုံးတွေးမိသည့်အရာမှာ လူစုခွဲ၍ ရှာဖွေဖို့ဖြစ်၏။ သို့သော်လည်း ထိုလုပ်ရပ်သည် ရှောင်လွှဲ၍မရနိုင်သော ပြဿနာတစ်ခုဆီ ဦးတည်သွားနိုင်သည်။

လက်ရှိသူတို့မှာ လူအရေအတွက်အကန့်အသတ်ရှိနေ၏။ သူတို့က လူခွဲဝင်ကြသည်နှင့် နန်းတော်တံခါးပေါက်တစ်ခုစီမှာ မိစ္ဆာဘုရင်သုံးဦးသာ ဝင်ရောက်နိုင်ပေလိမ့်မည်။ သူတို့သည် ငရဲဖိနှိမ်မီးဖိုကို ကိုင်ဆွဲထားသည့် အထီးကျန်သိုင်းသခင်နှင့် ကြုံတွေ့ရလျှင် သူတို့က သတ်ဖြတ်ခံရခြင်းပင်ဖြစ်နိုင်၏။

လက်ရှိမိစ္ဆာဘုရင်များစွာသည် စေ့စေ့စပ်စပ်စဥ်းစားတွေးတောနေပြီး တစ်စုံတစ်ရာကို ဖော်ပြကြခြင်းမရှိပေ။

မိစ္ဆာဘုရင်လုစန်းက ခဏမျှစဥ်းစားတွေးတောပြီးနောက် ပြောလိုက်၏။

“ဒီပုံစံအရဆို နန်းတော်တံခါးကိုးပေါက်ထဲမှာ ထွက်ပေါက်တစ်ပေါက်ပဲရှိလိမ့်မယ်...ကျုပ်တို့တွေက မှန်ကန်တဲ့တံခါးပေါက်ကို ဝင်ရောက်နိုင်တာနဲ့ အဆင်ပြေမယ်”

“အထီးကျန်သိုင်းသခင်နဲ့ နတ်ဆိုးမကျိက မှားယွင်းတဲ့လမ်းကြောင်းကို ရွေးချယ်မိခဲ့မယ်ဆိုရင် သူတို့တွေက ကျုပ်တို့မတိုက်ခိုက်ရင်တောင် သေချာပေါက်သေရလိမ့်မယ်... သူတို့တွေက ကံကောင်းထောက်မပြီး လမ်းကြောင်းမှန်ကို ရွေးချယ်ခဲ့မယ်ဆိုရင်လည်း ကျုပ်တို့တွေက နောက်ဆုံး သူတို့ကို လိုက်မီသွားဦးမှာပဲ”

“အတိအကျပဲ”

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က ခေါင်းညိတ်ပြလိုက်၏။

“ဒီမှာ စုစုပေါင်း နန်းတော်တံခါးပေါက်ကိုးပေါက်ရှိနေတယ်... ငါတို့က ဘယ်တစ်ခုကို ရွေးချယ်ရမလဲ”

“ခင်ဗျားမှာ ကမ္ဘာဖျက်မိစ္ဆာကားချပ်ရှိတယ်မဟုတ်ဘူးလား... အဲဒီမှာ သဲလွန်စတစ်ခုခုရှိမလား ထုတ်ကြည့်ရတာပေါ့”

မိစ္ဆာဘုရင်လုစန်းက ပြောလိုက်၏။

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်က နားလည်သဘောပေါက်သွားပြီး သူ၏ ပြည့်စုံသော ကမ္ဘာဖျက်မိစ္ဆာကားချပ်ကို အလောတကြီးထုတ်ယူလိုက်၏။

မိစ္ဆာဘုရင်သိုဝှက်လေဟာနယ်နှင့် လုစန်းက အာရုံစိုက်၍ ကြည့်ရှုလိုက်ကြ၏။

မိစ္ဆာကားချပ်ပေါ်မှာ လမ်းညွှန်ပြသမှုတချို့ တကယ်ပင်ရှိနေ၏။

“ညာဘက်ခြမ်းက စတုတ္ထမြောက်တံခါးပေါက်ပဲ”

သိုဝှက်လေဟာနယ်နှင့် လုစန်းက အကြည့်ချင်းဖလှယ်ပြီးနောက် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ မိစ္ဆာဘုရင်များနှင့်အတူ ထိုတံခါးပေါက်ရှိရာသို့ ဝင်ရောက်လိုက်ကြ၏။

မိစ္ဆာဘုရင်မဟူရာကောင်းကင်နှင့် အခြားသောမိစ္ဆာဘုရင်များက အလျင်စလိုမဝင်ရောက်ရဲကြပေ။ သူတို့က အကြည့်ချင်းဖလှယ်ပြီးနောက် မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှ မိစ္ဆာဘုရင်များနောက် လိုက်ပါသွားကြ၏။

သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိသည် နန်းတော်တံခါးပေါက်ထဲကနေ ဝင်ရောက်လာပြီးနောက် သူတို့က ရှေ့ကိုဆက်တက်လာကြ၏။

သိပ်မကြာခင် သူတို့ရှေ့မှာ နောက်ထက်ခန်းမတစ်ခုပေါ်ထွက်လာ၏။ ဆင်တူစွာပင် ထိုနေရာမှာ နန်းတော်တံခါးပေါက်ကိုးပေါက်ရှိနေပြီး သူတို့နှစ်ယောက်က နောက်တစ်ဖန်ရွေးချယ်စရာတစ်ခုနှင့် ကြုံတွေ့လိုက်ရ၏။

သူတို့သည် ကမ္ဘာဖျက်မိစ္ဆာကားချပ်ကိုထုတ်ယူပြီး စစ်ဆေးကြည့်လိုက်၏။ သူတို့နှစ်ယောက်သည် လျင်မြန်စွာအကဲဖြတ်မှုတစ်ခုကို ပြုလုပ်ပြီး အလယ်မှုရှိသော နန်းတော်တံခါးပေါက်ရှိရာသို့ ဦးတည်လိုက်လေသည်။

လမ်းတစ်လျှောက်မှာ မည်သည့်အန္တရာယ်မှရှိမလာခဲ့ပေ။

ခဏကြာလျှောက်လှမ်းလာပြီးနောက် သူတို့နှစ်ယောက်သည် နန်းတော်တံခါးပေါက်ကိုးပေါက်နှင့် နောက်ထပ်ခန်းမတစ်ခုထဲသို့ ရောက်ရှိလာကြ၏။

“ကျွန်မတို့တွေက ဒီနေရာကိုပဲပြန်ရောက်နေတာလား”

နတ်ဆိုးမကျိက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“မဟုတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်သောအမူအရာနှင့်ပြောလိုက်၏။

“စောစောက ခန်းမသုံးခုထဲမှာ နံရံဆေးရေးပန်းချီကားတွေရှိတယ်... ခန်မတစ်ခုချင်းမှာရှိတဲ့ ပန်းချီကားတွေက မတူကြဘူး”

“ကောင်းပြီလေ... အဲဒါဆိုလည်း ဆက်သွားကြတာပေါ့”

သူတို့နှစ်ယောက်က မိစ္ဆာကားချပ်မှ လမ်းညွှန်မှုအရ နန်းတော်တံခါးပေါက်တစ်ခုထဲသို့ ဝင်ရောက်လိုက်ကြ၏။

ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် တစ်နေရာရာသို့ရောက်တိုင်း တူညီသော ရွေးချယ်စရာများနှင့် ကြုံတွေ့ရတတ်၏။

အခြားတစ်ဘက်မှာ မိစ္ဆာဘုရင်များကလည်း အလွန်တရာဆင်တူသောအခြေအနေနှင့် ကြုံတွေ့နေရသည်။

သို့သော်လည်း နှစ်ဘက်စလုံးသည် ကြီးမား၍ ရှုပ်ထွေးပွေလီသော ဂေဟာထဲမှာ တဖြည်းဖြည်းဝေးကွာသွားကြ၏။

နောက်ဆုံး နဝမမြောက်ခန်းမကို ဖြတ်ကျော်လာပြီးနောက် သိုင်းတာအိုပင်မခန္ဓာနှင့် နတ်ဆိုးမကျိသည် စက်ဝိုင်းပုံသဏ္ဌာန်အမိုးခုံးနှင့် ဗလာကျင်းနေသော အခန်းတစ်ခန်းထဲသို့ ရောက်ရှိလာကြ၏။

ထိုအခန်းကို ချိပ်ပိတ်ထားပြီး အခြားမည်သည့်ထွက်ပေါက်မှ မရှိပေ။ အလယ်မှာ လူတစ်ယောက်၏ ခါးလောက်မြင့်သော ဧရာမခေါင်းတလားတစ်လုံးရှိနေ၏။ ထိုအရာကလွဲလျှင် တခြားမည်သည့်အရာမှ မရှိပေ။

ခေါင်းတလားကို တွေ့မြင်သောအခါ နတ်ဆိုးမကျိက ရုတ်တရက်ရယ်မော၍ တဖျတ်ဖျတ်လက်နေသောမျက်လုံးများဖြင့် သိုင်းတာအိုပင်မခန္ဓာကို လှည့်ကြည့်လိုက်၏။

“မင်းဘာကိုရယ်တာလဲ”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ကျွန်မတစ်ခုခုကို ရုတ်တရက်သတိရသွားလို့”

နတ်ဆိုးမကျိက တောက်ပစွာပြုံးပြလိုက်၏။

“ကျွန်မတို့ ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပထမဆုံးစတွေ့ပြီး မိစ္ဆာဂိုဏ်းတွေရဲ့ အမွေအနှစ်ကုန်းမြေဆီ ရှင့်ကိုဖိတ်ခေါ်ခဲ့တာ မှတ်မိသေးလား”

သိုင်းတာအိုပင်မခန္ဓာက ငေးငိုင်သွားပြီး ထိုအတိတ်ကို ချက်ချင်းပင်အမှတ်ရသွား၏။

နတ်ဆိုးမကျိက ပြုံးပြလိုက်၏။

“အဲဒီအချိန်တုန်းက ကျွန်မတို့တွေက မြေအောက်အနက်ပိုင်းထဲကိုရောက်လာပြီး အခုလိုမျိုးခေါင်းတလားတလုံးကို တွေ့မြင်ခဲ့ရတယ်... အဲဒါက ကျွန်မတို့ရှေ့ကဒီမြင်ကွင်းနဲ့ တူမနေဘူးလား”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာခေါင်းညိတ်ပြီး နတ်ဆိုးမကျိနှင့် အကြည့်ချင်းဖလှယ်လိုက်၏။ သူတို့နှစ်ယောက်၏ ရင်ထဲတွင် ဖော်မပြတတ်သောခံစားချက်တစ်ခုက တစ်ချိန်တည်းမှာ ထွက်ပေါ်လာကြ၏။

အောက်ဘုံလောကမှာတုန်းက သူတို့နှစ်ယောက် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့စဥ် သူတို့သည် မြေအောက်သို့ အတူတကွဝင်ရောက်ကာ ကျောက်သားခေါင်းတလားတစ်လုံးကို မြင်တွေ့ခဲ့ရ၏။

အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် သူ​တို့ပထမဆုံးတွေ့ဆုံသည့်အချိန်မှာ သူတို့သည် မြေအောက်တွင် ခေါင်းတလားတစ်လုံးကို တွေ့မြင်ရပြန်လေသည်။

သို့သော်လည်း ထိုအချိန်တုန်းက ခေါင်းတလားကို ချိန်းကြိုးများဖြင့် ရစ်ပတ်ထားပြီး အထဲမှာ ကိုယ်တော်တာမင်းကို ပိတ်လှောင်ထားကာ သွေးကန်ထဲမှာ လွင့်မျောနေခဲ့၏။

ထိုစဥ်တုန်းက ဘေးပတ်ဝန်းကျင်က သွေးချီဖြင့် ပြည့်နှက်နေပြီး လေထုက ကြောက်စရာကောင်းနေခဲ့၏။ ထိုအရာသည် ယခုသူတို့ရှေ့မှ တိတ်ဆိတ်ငြိမ်သက်မှုနှင့် ကွဲပြားခြား​နားနေ၏။

နတ်ဆိုးမကျိက ဆက်ပြောလိုက်၏။

“အဲဒီအချိန်တုန်းက.. ခေါင်းတလားထဲမှာ မိစ္ဆာတစ်ကောင်ပေါ်ထွက်လာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တယ်... ကျွန်မတို့နှစ်ယောက်က နောက်ဆုံးကျောက်သားခေါင်းတလားထဲမှာ ဝင်ရောက်ပုန်းကွယ်ပြီး ကပ်ဘေးကနေလွတ်မြောက်နိုင်ခဲ့ကြတယ်”

ထိုစဥ်တုန်းက သူတို့နှစ်ယောက်သည် ကျဥ်းကျုတ်လှသော ကျောက်သားခေါင်းတလားထဲမှာ ဝင်ရောက်ခဲ့ရပြီး သူတို့၏ အရေပြားများက ပွတ်သီးပွတ်သပ်ပုံစံဖြင့် မလွဲမသွေထိတွေ့ခဲ့ရ၏။

နတ်ဆိုးမကျိက ဤအကြောင်းကို ပြောဆိုချိန်မှာ သိုင်းတာအိုပင်မခန္ဓာက ထိုမြင်ကွင်းကို အမှတ်ရသွားပြီး ပြန်မဖြေဖြစ်ပေ။

နတ်ဆိုးမကျိကပြုံး၍ ဟာသနှောကာပြောလိုက်၏။

“ဟေး... အခုဒီမှာလည်း တစ်ခုခုဖြစ်လာနိုင်တယ်လို့ ရှင်တွေးမိလား... ဥပမာ မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက အသက်ပြန်ရှင်လာပြီး ခေါင်းတလားထဲက ထွက်လာမယ်ဆိုရင်ပေါ့”

“အဲလိုသာဆိုရင်တော့.. ငါတို့နှစ်ယောက်လုံး သေရလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက သူမ၏ စကားကို ဖြတ်ပြောလိုက်၏။

“မိစ္ဆာဧကရာဇ်တစ်ပါးက ပုရွက်ဆိတ်နှစ်ကောင်ကိုသတ်သလို ငါတို့ကို သတ်လိုက်လိမ့်မယ်”

နတ်ဆိုးမကျိက လျှာကိုတစ်လစ်ထုတ်ပြီး ဆက်လက်၍ စဥ်းစားတွေးတောမနေတော့ပေ။

ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်သည် လိုက်လံဖမ်းဆီးမှုကနေ ထွက်ပြေးလွတ်မြောက်လာပြီးနောက် စိတ်လက်ပေါ့ပါးနေကာ ခေါင်းတလားကိုကြည့်ဖို့ အလောတကြီးရှိမနေပေ။

နတ်ဆိုးမကျိက သိုင်းတာအိုပင်မခန္ဓာကို ထပ်မံ၍ကြည့်ပြီး ရုတ်တရက်မေးလိုက်၏။

“ရှင်က ကျွန်မကို အိမ်ကိုခေါ်သွားမယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ”

ထိုစကားကိုကြားချိန်မှာ သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။

“ငါနင့်ကိုမေးရဦးမယ်... ထျန်ဟွမ်ဂိုဏ်းက ဝေးကွာတဲ့အစွန်အဖျားဒေသမှာ တည်ရှိတယ်ဆိုပေမဲ့ ဒီနှစ်တွေထဲမှာ ငါနဲ့ ထျန်ဟွမ်ဂိုဏ်းရဲ့နာမည်ဂုဏ်သတင်းက မိစ္ဆာမဟာနယ်မြေမှာ ပျံ့နှံ့နေခဲ့ပြီ... မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှာ နင်က အဲဒါကို မကြားမိဘူးလား”

အထီးကျန်သိုင်းသခင်သည် သန်မာသော မိစ္ဆာတစ်သန်းစစ်တပ်နှင့် အန္တိမပကတိမိစ္ဆာကို တစ်ယောက်တည်းတိုက်ခိုက်သတ်ဖြတ်ခဲ့သည့် တိုက်ပွဲက ကောင်းကင်ဘုံကမ္ဘာမှာ ပျံ့နှံ့နေခဲ့ပြီဖြစ်၏။

မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှာ ရောက်ရှိနေသောနတ်ဆိုးမ​ကျိက ထိုအကြောင်းကို မကြားမိဖို့ မဖြစ်နိုင်ပေ။

“ဒါပေါ့... ကျွန်မကြားမိတာပေါ့”

နတ်ဆိုးမကျိက ပြောလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“အဲဒါဆိုရင် နင်ဘာလို့ငါတို့ကို လာမရှာတာလဲ”

နတ်ဆိုးမကျိက နှုတ်ခမ်းစူပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။

“ကျွန်မတက်လှမ်းလာပြီးတဲ့နောက် ကျွန်မကိုလင်းရှန်က မျက်စိအောက်က အပျောက်မခံဘူး... သူက ကျွန်မနဲ့ မရမကတူနှစ်ကိုယ်ကျင့်ကြံချင်နေတာ... အဲဒါကြောင့် ကျွန်မက သူ့ကိုအတတ်နိုင်ဆုံးတားထားဖို့ပဲ ကြိုးစားနေရတယ်”

“ကျွန်မက ထျန်ဟွမ်ဂိုဏ်းရဲ့သတင်းကိုကြားတာတောင်မှ ရှင်တို့ကိုလာရှာရဲမှာ မဟုတ်ဘူး”

“မိုးကောင်းကင်တက်လှမ်းခြင်းနန်းတော်မှာ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ မိစ္ဆာဧကရာဇ်တစ်ပါးရှိတယ်... သူကကြောက်စရာကောင်းလောက်အောင်သန်မာတယ်... ကျွန်မက ရှင်တို့ကိုလာရှာမယ်ဆိုရင် မိစ္ဆာဧကရာဇ်က သူ့ရဲ့အမျက်ဒေါသတွေကို ရှင်တို့ပေါ်ပုံချပြီး ရှင်တို့ပါဒုက္ခရောက်မှာကို ကျွန်မစိုးရိမ်နေခဲ့ရတာ”

သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်သွား၏။

ဤကိစ္စမှာ တကယ်ပင်ပြဿနာတချို့ရှိနေသော်လည်း ယခုအချိန်မှာတော့ အဲဒါကို ရှောင်လွှဲ၍မရတော့ပေ။

သူသည် စောစောကလင်းရှန်ကို မသတ်ဖြတ်လျှင်တောင် ထိုမင်းသားက သူတို့ကို ဒီအတိုင်းလွှတ်ပေးထားလိမ့်မည် မဟုတ်ပေ။

သူတို့က မိစ္ဆာဧကရာဇ်တစ်ပါးကို အမှန်တကယ်ရန်စမိမည်ဆိုလျှင် သူသည် မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသနှင့်အတူ နတ်ဘုရားစွမ်းအားများကိုထုတ်ဖော်ကာ ထျန်ဟွမ်ဂိုဏ်းကို အဝီစိသို့ ယာယီရွှေ့ပြောင်းထားဖို့သာ တတ်နိုင်ပေမည်။

မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်​မြေမှာ အင်မော်တယ်မဟာနယ်မြေကိုးခုကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် အင်မော်တယ်ဧကရာဇ်ကိုးပါးရှိလေသည်။

မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ လူသိမခံဘဲ သိုသိုဝှက်ဝှက်နေထိုင်သည့် အခြာသော အင်မော်တယ်ဧကရာဇ်များကလည်း သေချာပေါက်ရှိနေပေလိမ့်မည်။ သူတို့အားလုံးကို စုပေါင်းလိုက်မည်ဆိုလျှင် သူတို့၏ အရေအတွက်က သေချာပေါက်ဆယ်ယောက်ကျော်ရှိနေပေလိမ့်မည်။

သုခဘုံသန့်စင်ကုန်းမြေမှာလည်း ထို့အတူပင်။

မိစ္ဆာမဟာနယ်မြေမှာရှိသည့် မိစ္ဆာဧကရာဇ်ကလည်း လင်းရှောင်တစ်ယောက်တည်းသာ မဟုတ်ပေ။ သို့သော်လည်း အခြားသောမိစ္ဆာဧကရာဇ်များအနေဖြင့် သူတို့သည် မဟာတာအိုနောက်ကို လေ့လာလိုက်စားရန် တောင်တန်းများမှာ တံခါးပိတ်ကျင့်ကြံလျှင်ကျင့်ကြံ မဟုတ်လျှင် တစ်နေရာရာမှာ ကျက်စားသွားလာနေတတ်၏။

ဤကဲ့သို့အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားသည့်သူက မိစ္ဆာဧကရာဇ်လင်းရှောင်သာရှိလေသည်။

မိစ္ဆာတာအို၏ အာရုံစိုက်မှုက မိစ္ဆာဒိဋ္ဌိလမ်းကြောင်းနှင့် စွဲလမ်းမှုဥပါဒါန်ဖြစ်လေသည်။ သူတို့သည် အနှောင်အဖွဲ့ကင်းမဲ့သည့် လွတ်လပ်မှုကိုရှာဖွေနေကြပြီး ကျင့်ဝတ်ထုံးတမ်းများနှင့် စည်းမျဥ်းစည်းကမ်းများကို ဂရုမစိုက်တတ်ကြပေ။

အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ခြင်းသည် ပိုင်နက်နယ်မြေများစွာကို အုပ်စိုးနိုင်ပြီး အလွန်ကြီးမားကျယ်ပြန့်သည့် အာဏာစက်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သော်လည်း ထိုလုပ်ရပ်သည် မိစ္ဆာတာအိုနှင့် အတော်လေးကွဲလွဲဆန့်ကျင်နေ၏။

မိစ္ဆာဧကရာဇ်များသည် သူတို့၏​ လက်အောက်မှ မိစ္ဆာများစွာ၏ အသက်များကို ဂရုစိုက်ခြင်း ရှိသည်၊ မရှိသည်ကို အသာထား ထိုလုပ်ရပ်မှာ မရေမတွက်နိုင်သောကမ္မများက မလွဲမသွေ ပါဝင်ပတ်သက်လာပေလိမ့်မည်။

ထို့ကြောင့်ပင် မိစ္ဆာဧကရာဇ်အများစုသည် လောကမှာ တစ်ယောက်တည်း ကျင်လည်ကျက်စားသွားလာတတ်ကြလေသည်။

All Chapters