ခင်ဗျားကျုပ်ကို လာနောက်နေတာလား
Vol. 1 Ch. 5
စိုင် ထိုနေရာတွင်ပင်လဲနေလိုက်ပြီး သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ သူ့မျက်နှာသည် ရောင်ကိုင်းနေပြီး နှာခေါင်းမှလည်း သွေးများထွက်နေခဲ့သည်။ သူသည် ရှောက်ရွှမ် ပစ္စည်းများကို ကောက်ယူနေခြင်းကို ကြည့်နေခဲ့သည်။ သို့သော်လည်း သူရှိနေသည့်နေရာမှ ဆိုလျှင် ရှောက်ရွှမ် မည်သည့်အရာများကောက်ယူ နေသည်ကိုမူ မတွေ့ရပေ။ သူ့အနေဖြင့် သေချာနေသည်မှာ ရှောက်ရွှမ်သည် ရက်အနည်းငယ်စားသုံးရန် လုံလောက်သည့်အစားအသောက်များနှင့် လဲလှည်နိုင်သည့် အရည်အသွေးကောင်းသည့် ကျောက်တုံးများကို ကောက်ယူနေခြင်းပင် ဖြစ်လိမ့်မည်။
ရှောက်ရွှမ်သည် စိုင်နှင့်ကျန်းတို့၏ အကြည့်များကို ခံစားမိနေခဲ့သည်။ သို့သော်လည်း သူသည် သူတို့က လျစ်လျူရှုထားလိုက်လေသည်။ ပစ္စည်းအတော်များများကို ကောက်ယူပြီးသည့်အချိန်တွင် အတော်လေး နောက်ကျနေပြီ ဖြစ်ကြောင်း ရှောက်ရွှမ်တွေ့လိုက်ရသည်။ သူ့အနေဖြင့် အိမ်ပြန်ရန် အချိန်ရောက်လာခဲ့ပြီ ဖြစ်၏။ သူ့အမြင်အရ အရည်အသွေးကောင်းမွန်သည့် ကျောက်တုံးများ ကျန်ရှိနေပေသေးသည်။ သို့သော်လည်း သူ့အနေဖြင့်လက်ရှိ ကောက်ယူထားသမျှဖြင့် ဆိုလျှင် ယနေ့အတွက် လုံလောက်နေပြီ ဖြစ်သည်။ သူသည် ငယ်ရွယ်သေးသည်ဖြစ်ရာ သူ့အနေဖြင့် ကျောက်တုံးအများအပြားကို မသယ်နိုင်သေးပေ။
သူ၏လက်ရှိခွန်အားသည် မလုံလောက်သေးပေ။သူ့အနေဖြင့် အလုပ်ပိုလုပ်လိုလျှင် မျိုးနွယ်စုစွမ်းရည်ဟူသည့် အရာနှိုးထမှသာ ဖြစ်နိုင်မည် ဖြစ်သည်။
ဆီဆာ သယ်ဆောင်သွားသည့် ယဲ့ လုံခြုံနေခြင်းရှိမရှိကို ကြည့်လိုက်ပြီး ဆီဆာကို ခေါ်လိုက်ကာ သူစုဆောင်းထားသည့် ကျောက်တုံးများကို သားရေအိတ်ထဲသို့ထည့်လိုက်ပြီး အိမ်ပြန်ရန် ပြင်လိုက်သည်။
ယဲ့ ပြန်ရောက်လာသည့် အချိန်တွင် သူသည် မျက်နှာတွင် သွေးများနှင့် အံကြိတ်နေသည့် စိုင်ကို မြေပြင်ပေါ်တွင် တွေ့လိုက်ရလေသည်။ ကျန်းမှာမူ သူ့ဘေးတွင် ရှိနေပြီး ကြောက်ရွံ့မှုကြောင့် တုန်ယင်နေဆဲဖြစ်သည်။
စိုင်အနည်းငယ် သက်သာလာခဲ့ပြီး အသိစိတ်ပြန်ဝင်လာခဲ့သည်။ ထို့နောက်ချက်ချင်းပင် သူသည် ယဲ့နှင့်ကျန်းတို့က အမိန့်ပေးလိုက်ပြီး ပစ္စည်းချင်းလဲလှယ်နိုင်လောက်မည့် ကျောက်တုံးများကို လိုက်ရှာရန် အမိန့်ပေးလိုက်လေသည်။ သူသည် တီးတိုးရေရွတ်နေခဲ့ပြီး ရှောက်ရွှမ်ကို လက်စားချေရန်အတွက် ကြုံးဝါးနေခဲ့သည်။ သူတို့မသိလိုက်ကြသည်မှာ အဝေးတစ်နေရာတွင် စစ်သည်တော်များသည် သူတို့၏ တိုက်ပွဲ အဖြစ်အပျက် အစအဆုံးကို တွေ့မြင်နေခဲ့ကြခြင်းပင် ဖြစ်သည်။ ရှောက်ရွှမ် ထွက်သွားပြီးနောက်တွင် သူတို့သည်လည်း တစ်ယောက်ချင်းပြန်လည် ထွက်ခွာသွားကြလေသည်။
“ အဲ့ဒီကောင်လေးက ဘယ်သူလဲ “ ငယ်ရွယ်သည့် စစ်သည်တော်တစ်ဦး သူ့အဖော်ကို သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ မင်းပြောချင်တာက ဝံပုလွေနဲ့ ကောင်လေးလား။ ငါသိသလောက်တော့ သူ့နာမည်က ‘ရွှမ်’ တဲ့၊ သူက မိဘမဲ့ လိုဏ်ဂူမှာ နေတယ်၊ တောင်ခြေကလေ။ ဝံပုလွေကတော့ မင်းသူ့ကို မထိတာကောင်းလိမ့်မယ်၊ အဲ့ဒါကို နတ်ဆရာက ပိုင်တာ လေ “ ထိုစစ်သည်တော် ပြောလိုက်သည်။ နတ်ဆရာ၏ အပြုအမူတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များ ရှိမရှိ ကို သူမသိနေခဲ့ပေ။ သူသိသည်မှာ ဝံပုလွေကို နတ်ဆရာပိုင်သည် ..... ထိုဝံပုလွေကို အမဲလိုက်၍ မရ ဟူ၍သာ သိထားသည်။ သူ၏ အမြင်တွင် ထိုကလေးသည် နတ်ဆရာအတွက် ဝံပုလွေကိုထိန်းကြောင်းပေး နေခြင်းဖြစ်သည်။
“ ငါတော့ နတ်ဆရာရဲ့ပစ္စည်းတွေကို မျက်စောင်းတောင် မထိုးမိပါဘူး။ ဟဟ ငါတွေးနေတာက အဲ့ဒီကလေး အကြောင်းပဲ ။ သူခုနကလုပ်သွားတဲ့ ပုံစံအရ သူ့ရဲ့ မျိုးနွယ်စုစွမ်းရည်နှိုးလာခဲ့ရင် သူက စစ်သည်တော်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်လေ။ ငါတို့ သူ့ကို ငါတို့ရဲ့ အမဲလိုက်အဖွဲ့ထဲကို ခေါ်လို့ ရတာပဲ “
“ စောပါသေးတယ်၊ အနည်းဆုံးနှစ်နှစ် သုံးနှစ်တော့လိုသေးတယ်။ မင်းရဲ့ တောင်စောင်းနားက ကလေးတွေကလည်း မဆိုးဘူးလို့ထင်တယ်၊ ဒါပေမယ့် လိုဏ်ဂူထဲက ကလေးတွေကတော့ ..... “ အသက်ပိုကြီးသည့် စစ်သည်တော် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး သူ့စကားများကို အဆုံးသတ်လိုက်သည်။ သူ့စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို လူတိုင်းပင် နားလည်နိုင်ပေသည်။
မျိုးနွယ်စုကို ဒေသသုံးခု ခွဲခြားထားလေသည်။ စစ်သည်တော်တစ်ဦးသည် သန်မာလေလေ သူနေထိုင်ရသည့် ဒေသသည် ပို၍ အဆင့်မြင့်လေဖြစ်သည်။ တောင်ထိပ် ဒေသသည် သူတို့မျိုးနွယ်စု၏ အဓိကနေရာတစ်ခု ဖြစ်သည်။ ပြောကြသည်မှာ မျိုးနွယ်စု၏ မီးတောက် တွင်းသည် ထိုနေရာတွင် ရှိသည်ဟု ပြောကြလေသည်။ ထို့အပြင် ထိုနေရာသည် အအေးဆုံးသော နေရာတစ်ခုလည်း ဖြစ်သည်။
များစွာသော စစ်သည်တော်များ၏ မျက်လုံးထဲတွင် ဂူထဲတွင် နေထိုင်ကြသည့် ကလေးများသည် တောင်ခြေ ဒေသတွင် နေထိုင်ကြသည့်ကလေးများထက် အရည်အသွေးညံ့ဖျင်းကြလေသည်။ သူတို့သည် အခြားသူများကဲ့သို့ နတ်စွမ်းအင်များကို စောလျင်စွာနှိုးထခြင်း မရှိကြပေ။ သူတို့အနေဖြင့် မျိုးနွယ်စုစွမ်းရည်များနှိုးထလာခဲ့လျှင်ပင် သူတို့ကို အမဲလိုက်အဖွဲ့များတွင် အလွယ်တကူလက်ခံကြခြင်း မရှိကြပေ။ အမဲလိုက်သည့်အချိန်တွင် အဖွဲ့အစည်းဖြင့် လုပ်ကိုင်တတ်ရန်မှာ အရေးကြီးပေသည်။ အားနည်းသည့် လူတစ်ယောက်သည် အဖွဲ့အစည်းတစ်ခုလုံးကို ကံဆိုးသွားစေတတ်လေ၏။
ရှောက်ရွှမ်သည် စစ်သည်တော်များ ပြောာနေကြသည့်အကြောင်းအရာများကို သိရှိနေခြင်း မရှိပေ။ သို့သော်သူသည် လူတချို့ရှိနေခဲ့ကြောင်းကို ခံစားမိခဲ့သည်။ သူသည် အသံများကိုလည်း ကြားခဲ့ရသည်။
စစ်သည်တော်များသည် သူတို့လေ့ကျင့်နေကြသည့် အချိန်များတွင် အနားပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ကြသော်လည်း သူတို့အနားယူကြသည့်အချိန်များတွင် တိတ်ဆိတ်နေတတ်ကြသည့် လူများဖြစ်ကြသည်။ ဖြစ်နိုင်သည်မှာ ယဲ့ အော်ဟစ်လိုက်သည့်အချိန်တွင် စစ်သည်တော်များ၏ စိတ်အာရုံကို ဆွဲဆောင်လိုက်ခြင်း ဖြစ်ပုံရပေသည်။
ရှောက်ရွှမ်သည် စစ်သည်တော်များ သူတို့ကို စောင့်ကြည့်နေခဲ့ခြင်းကို သေချာသိနေခဲ့သည်။ ယခင်က သူသည် စိုင်နှင့် ကျန်းတို့ကို တုတ်ချောင်းဖြင့် ရိုက်ရမည့်အစား မြေပြင်ကိုသာ ရိုက်ခဲ့လေသည်။ အကယ်၍ သူသာ သူတို့ကို ရိုက်ခဲ့သည်ရှိသော် စစ်သည်တော်များ ဝင်ပါလာပြီး သူ့ကို တားဆီးကြလိမ့်မည်ဟု ရှောက်ရွှမ် ထင်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုရိုက်ချက်သည် လူသေသည်အထိ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ ရှောက်ရွှမ်သည် မျိုးနွယ်စုအတွင်း ဆက်လက်နေလိုသည်ဆိုလျှင် လူသတ်၍ မရပေ။ ထို့ကြောင့် သူသည် ချိန်းခြောက်သည့်အနေဖြင့်သာ စိုင်နှင့် ကျန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရှောက်ရွှမ်၏ အိမ်အပြန်လမ်းသည် လေးပင်နေခဲ့သည်။ သူ့ထံတွင် ကျောက်တုံးများစွာ ပါနေခဲ့သောကြောင့် အိမ်ပြန်ခရီးသည် ကြန့်ကြာနေရခြင်းဖြစ်သည်။ သူရောက်သည့်အခါတွင် အစောင်များသည် သူ့ကို မေးခွန်းတစ်ခုနှစ်ခုကိုသာ မေးပြီး ဝင်ခွင့်ပြုလိုက်လေသည်။ သူတို့သည် ရှောက်ရွှမ်၏ အိတ်ဖောင်းကားနေသည်ကို မြင်နေသော်လည်း သူတို့၏အမြင်တွင် ထိုပစ္စည်းများသည် အလွန်အမင်း အဖိုးတန်နေခြင်း မရှိသဖြင့် လုယူကြခြင်း မပြုကြပေ။
ရှောက်ရွမ် သည် ကျောက်စရစ်ကွင်းပြင်တွင် ကျောက်တုံးနှစ်ခုကို ရောင်းချရန်အတွက် ယူလာခဲ့ပြီး ကျန်သည့်ကျောက်တုံးများကို မြေမြုပ်ပစ်ခဲ့သည်။ သူ့အနေဖြင့် ထိုကျောက်တုံးများအားလုံးကို လိုဏ်ဂူဆီသို့ ပြန်လည် ယူဆောင်သွားခြင်းသည် တုံးအခြင်းသာဖြစ်သည်။ လိုဏ်ဂူထဲတွင် ဆာလောင်နေကြသည့် လူအများ ရှိနေကြပြီး သူတို့သည် အစားအစာ တစ်ခု အတွက် တိုက်ခိုက်ကြမည့် လူများဖြစ်ကြသည်။ ထို့ကြောင့်ပင် ရှောက်ရွှမ်သည် လိုဏ်ဂူထဲတွင် မည်သည့်ပစ္စည်းကိုမှ ဖွက်ထားခြင်း မရှိပေ။
သူပြန်ရောက်လာသည့်အချိန်တွင် တစ်နေရာတွင် သူထိုင်ချလိုက်သည်။ တောင်တက်ရခြင်းနှင့် တိုက်ခိုက်ရခြင်းများသည် အမှန်ပင် ပင်ပန်းသည့် ကိစ္စများ ဖြစ်ကြလေသည်။
ရှောက်ရွှမ် အဝေးရှိ တောင်တန်းများကိုကြည့်လိုက်ပြီး မျိုးနွယ်စု၏ လူများနေထိုင်သည့် နေရာများကို ပြန်ကြည့်လိုက်သည်။ တောင်ခြေဒေသရှိ နေအိမ်များကို ကြည့်လိုက်ပြီး တဖန် သွေးများခြောက်ကပ်နေသည့် သူ့လက်သီးဆုပ်များကို ပြန်ကြည့်လိုက်သည်။ ယခုတွင် အချိန်နှစ်ဝက်သာ ကုန်ဆုံးခဲ့သေးသော်လည်း သူသည် အစစ်အမှန် လိုဏ်ဂူတွင်းနေ ကျောက်ခေတ်လူသား တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ရှင်သန်နေထိုင်ရန်အတွက် ခက်ခဲလွန်းလှပေသည်။
တိုးတက်ပြီးတဲ့ လူနေမှုစနစ်မှာ နေခဲ့ရတာက ဘယ်လိုမျိုးပါလိမ့် “ ရှောက်ရွှမ်သည် ညဖက်များတွင် သူ၏ ယခင်ဘဝကို အိပ်မက်မက်ခဲ့သည်။ သို့သော်လည်း အချိန်များ ကြာလာသည်နှင့်အမျှ အိပ်မက်များသည် ပို၍ ပို၍ ဝေဝါးလာခဲ့လေပြီ။
ယခုခေတ်ကာလသည် လူသားစားကြသည့် ကျောက်ခေတ် လူရိုင်းများထက်သာလွန်သော်လည်း အလွန်အမင်း ပိုကောင်းနေခြင်းတော့ မဟုတ်နေပေ။
ပတ်ဝန်းကျင်သည် ယခင်နှင့်မတူတော့ပေ။ မျိုးနွယ်စုမှ ကလေးများသည် ယခင်သူ့ဘဝမှ ကလေးများနှင့် မတူနေခဲ့ပေ။ သူတို့သည် သက်တူရွယ်တူများဖြစ်ကြသော်လည်း သူတို့၏ ပင်ကိုယ်စရိုက်များသည် ကွဲပြားကြပေသည်။ လိုဏ်ဂူထဲမှ ကလေးများသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ သင်သည် သူတို့ကို တစ်ကြိမ် တိုက်ခိုက်အနိုင်ယူနိုင်သည်။ သို့သော်လည်း သင့်ထံတွင် စားစရာရှိနေခဲ့လျှင် သူတို့သည် သင့်ကို နောက်တစ်ကြိမ် လာရောက်တိုက်ခိုက်ဦးမည် ဖြစ်သည်။ သူတို့သည် ရှောက်ရွှမ်ကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်း မရှိကြပေ။ သူတို့တိုက်ခိုက်ကြသည့် အချိန်တွင်လည်း သူ့တို့လက်ထဲတွင်ရှိနေသည့် သစ်သားဖြစ်စေ ကျောက်တုံးဖြစ်စေ မည်သည့်အရာဖြင့် ဖြစ်စေ တိုက်ခိုက်လေ့ရှိကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည သနားညာတာတတ်သည်ဆိုလျင် ထိုလူသည် ရှုံးနိမ့်မည် လူသာဖြစ်သည်။ ဥပမာအားဖြင့် သူနှင့်တိုက်ခိုက်ခဲ့သည့် ကျန်းဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသည် လက်နက်ချခဲ့ကာ ကြောက်ရွံ့တုန်ယင်နေခဲ့သော်လည်း နောက်တစ်ကြိမ်ထပ်တွေ့လျှင် သူ၏လက်နက်ကို လွဲယမ်းပြီး လုယက်ခြင်းကို ပြုချင်လည်း ပြုနိုင်နေသည်။
ရှောက်ရွှမ် ပထမဆုံးဤနေရာတွင် နှိုးလာခဲ့သည့်နေ့သည် လူများက လိုဏ်ဂူထဲတွင် အစားအသောက်များ ဝေငှသည့် နေရက်ဖြစ်နေခဲ့သည်။ သူသည် အစပိုင်းတွင် ဝံပုလွေဂူ တစ်ခုခုထဲသို့ ပြုတ်ကျလာသည်ဟု ထင်နေခဲ့သည်။ သူ့ဘေးရှိကလေးများသည် အချင်းချင်း မုန်းတီးနေကြသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ကြပြီး သူတို့အားလုံးသည် အသက်ခြောက်နှစ်မှ ဆယ့်သုံးနှစ်အရွယ် ကလေးများဖြစ်ကြသည်။ (၁၃) နှစ်အရွယ်ကလေးမှာ အနည်းငယ်သာ ရှိလေသည်။
ရိုင်းစိုင်းကြမ်းတမ်းမှုဟူသည် ကူးစက်လွယ်ပေသည်။
သူအနားယူပြီးသည့်အချိန်တွင် ရှောက်ရွှမ်သည် သူ၏ ကောင်းမွန်သော ကျောက်တုံးနှစ်ခုကို ကျောက်တုံးထုဆစ်သူ ထံသွားလဲလှယ်လိုက်ပြီး အသားချောက် လေးချောင်းကို ရခဲ့လေသည်။ နှစ်ခုသည် အရိုးများ ပါနေပြီး အခြားနှစ်ခုတွင် အရိုးမပါရှိပေ။ သူ ဆီဆာကို အရိုးပါသည့် နှစ်ခုကို ပေးလိုက်ပြီး သူ့အတွက် တစ်ခု စားလိုက်သည်။ နောက်ဆုံးတစ်ခုကို စျေးသက်သာပြီး အရွယ်အစား အနေတော်ဖြစ်သည့် သားရေတစ်ခုဖြင့် လဲလှယ်လိုက်သည်။ ဆောင်းရာသီဝင်လာပြီဖြစ်ပြီး သူ့အနေဖြင့် ပြင်ဆင်ထားရန် လိုအပ်ပေသည်။
အစားအသောက်များ ဝေငှတော့မည့် အချိန်လောက်တွင်သူလိုဏ်ဂူဆီသို့ ပြန်လာခဲ့သည်။ တာဝန်ရှိခေါင်းဆောင်သည် အစားအသောက်များကို ပြင်ဆင်ထားပြီး ဖြစ်ပြီး ကြီးမားသည့် ကျောက်သားဇလုံတစ်ခုထဲတွင် ထည့်ထားလေသည်။ ထိုမျှကြီးမားသည့် ကျောက်သားဇလုံကို နတ်စွမ်းအင် နှိုးထပြီးဖြစ်သည့် စစ်သည်တော်များသာ မနိုင်လိမ့်မည် ဖြစ်သည်။
မျိုးနွယ်စုသည် မိဘမဲ့ကလေးများ မျိုးနွယ်စုစွမ်းရည်နှိုးထလာမည့် အချိန်အထိ အစားအသောက်များကို ထောက်ပံ့ပေးတတ်လေသည်။ မျိုးနွယ်စုစွမ်းရည်နှိုးထလာပြီးသည့် ကလေးများသည် လိုဏ်ဂူမှ ထွက်ခွာပြီး သူတို့၏ ကိုယ်ပိုင်အိမ်များကို တည်ဆောက် ရပေလိမ့်မည်။
တစိခါတစ်လေတွင် သူတို့စားရသည်ထဲတွင် အသားများ ပါတတ်သည်။ သို့သော်လည်းလုံလောက်နေခြင်း မရှိပဲ ကလေးများ အတွက် အခြေခံလိုအပ်ချက်ကို ဖြည့်တင်းနိုင်သည်ဆိုယုံမျှသာ ရှိသည်။ အသားသည် ရရှိရန် ခက်ခဲပေသည်။ သူတို့အတွက် အစားအသောက်များသည် အပင်များ အသီးအနှံများသာဖြစ်သည်။ ရှောက်ရွှမ်သည် သူ့ရှေ့တွင် ရှိနေသည့် အနီရောင်အမွေးအမျှင်များနှင့် သစ်သီးကို ကြည့်လိုက်သည်။
ထိုသစ်သီးသည် အမှန်တွင် နီညိုရောင်ရှိသည့် သစ်ပင်တစ်မျိုး၏ သစ်မြစ်ဖြစ်ပြီး သူ့ထံတွင် ဆံပင်များကဲ့သို့သော အမျှင်များ ပါရှိသည်။ ကြီးမားသော သစ်သီးများသည် ရှောက်ရွှမ် အတိတ်ဘဝမှ ဖရုံသီးခန့် အရွယ်အစားရှိသည်။ သေးငယ်သော သစ်သီးများသည် လူကြီးလက်သီးဆုပ် အရွယ်အစားခန့် ရှိသည်။ ၎င်းသည် အာလူးနှင့် အရသာဆင်တူပြီး လူတစ်ယောက်ကို အလွယ်တကူ ဗိုက်ပြည့်စေနိုင်သည်။ မကောင်းသည့်အချက်တစ်ခု မှာ ထိုသစ်သီးများတွင် ဘေးထွက်ဆိုးကျိုး အချို့ရှိနေခြင်းပင် ဖြစ်သည်။
ထိုသစ်သီးများသည် အူလမ်းကြောင်းကို ပြုပြင်ပေးသည်။ အခြားတစ်နည်းဖြင့် ပြောရလျှင် လေပူများကို ထုတ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ထိုသစ်သီးကို စားသည့်လူတိုင်းသည် လေလည်ခြင်းကို ခံစားရလေသည်။ အကယ်၍ ထိုသစ်သီးကို အသားမပါပဲ စားလျှင် လေလည်ခြင်း ပိုဆိုးစေနိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အသားစားထားလျှင်မူ လေလည်ခြင်းသိပ်မဆိုးပေ။
မိဘမဲ့လိုဏ်ဂူအတွင်းမှ ကလေးအများစုသည် စားခြင်းနှင့် အိပ်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးကြ လေသည်။ ကလေးအချို့သာ နောက်ထပ် အစားအစာအပိုရနိုင်ရန်အတွက် အပြင်ထွက်လေ့ ရှိကြခြင်း ဖြစ်သည်။ ကလေးများအတွက် မျိုးနွယ်စုကပေးနိုင်သော အစားအသောက်သည် ထိုသစ်သီးများသာ များသဖြင့် ကလေးများ၏ လိုဏ်ဂူသည် အထူးရနံ့တစ်ခုဖြင့် သင်းပြန့်နေလေ့ရှိပေသည်။
ရှောက်ရွှမ်၏ မျက်နှာ အစိမ်းရောင်ဖြစ်သွားခဲ့ရသည်။
“ ဟေး အားရွှမ်”
အစားအသောက်ဖြန့်ဝေပေးသည့် နေရာတွင် အဓိက ခေါင်းဆောင်ဖြစ်သူမှာ ‘ခူ’ ဖြစ်သည်။ သူသည် ရှောက်ရွှမ်ကို တွေ့လိုက်ရသည့်အခါ သူ့ထံသို့ပြေးလာခဲ့သည်။ သူ့လက်ထဲတွင်လည်း ပြုတ်ထားသည့် အနီရောင် သစ်သီးများကို ကိုင်ထားသေးသည်။ ထိုသစ်သီးများသည် အခြားကလေးများ ရရှိသည့် သစ်သီးများထက် အနည်းငယ်ပို၍ ကြီးမားသည်။
ခူသည် လိုဏ်ဂူအတွင်း ရှိကလေးများအတွင်း၌ အသက်အကြီးဆုံးသော ကလေးတစ်ယောက် ဖြစ်၏။ သူ့အသက်သည် ဆယ့်သုံးနှစ်ရှိပြီဖြစ်သည်။ အခြားအသက်ဆယ့်သုံးနှစ်ရှိပြီဖြစ်သည့် ကလေးနှစ်ယောက်လည်း ရှိကြသေးသော်လည်း သူတို့သည် ခူလောက် သန်မာကြခြင်း မရှိကြပေ။ ထို့ကြောင့်ပင် ကူသည် လိုဏ်ဂူကို စီမံခန့်ခွဲသည့်နေရာတွင် ခေါင်းဆောင်တစ်ယောက် ဖြစ်နေခဲ့ပြီး သူသည် အစားအသောက်ဖြန့်ဝေခြင်းကို နေ့တိုင်းကူညီပေးလေ့ရှိသည်။ ထိုအလုပ်ကို လုပ်ရခြင်းအတွက် ကောင်းကျိုးများစွာ ရှိနေခဲ့သည်။ ကောင်းကျိုးတစ်ခုမှာ သူစားရန်အတွက်အစား အသောက်များကို အခြားသူများထက် ပိုရနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ခူသည် အခြားကလေးများထက် ပို၍သန်မာလာခဲ့ခြင်း ဖြစ်သည်။ သူ့ကိုကြည့်လိုက်လျှင် မိဘရှိနေသည့် ကလေးတစ်ယောက်နှင့်ပင် တူနေခဲ့သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ကူသည် အခြားသူများနှင့် စကားများစွာပြောလေ့မရှိပေ။ သူသည် တစ်နေကုန်နီးပါး ဂူအပြင်တွင်ပင်နေလေ့ရှိပြီး အစားအသောက်များ ပေးဝေသည့်အချိန်မှသာ ပြန်လာတတ်သည်။ သူသည် ရှောက်ရွှမ်နှင့်လည်း စကားများများပြောခြင်းမရှိပေ။ သို့သော် ယခုတွင် သူသည် ကြီးမားသော သစ်သီးများကို ကိုင်ထားပြီး အဘယ်ကြောင့် ရှောက်ရွှမ်ဆီသို့ ချည်းကပ်လာနေခဲ့သနည်း .......။
ရှောက်ရွှမ် ခူ ကိုကြည့်လိုက်ပြီး သစ်သီးများကို ယူလိုက်သည်။
ခူ သည် စိတ်ကောင်းဝင်နေခဲ့ပြီး တစ်နည်းနည်းဖြင့် စိတ်လှုပ်ရှားနေဟန် ရသည်။
“ အားရွှမ် ငါမနက်ဖြန် တောင်စောင်းပေါ်ကို တက်ပြီးတော့ ဆောင်းရာသီတစ်ခုလုံးကို အဲ့မှာပဲ ကုန်ဆုံးတော့မယ်။ မင်းလိုဏ်ဂူကို ယူလိုက်လို့ရတယ် “ ခူ ပြောလိုက်သည်။
ခူ၏ စကားများကို ကြားလိုက်ရသည့်အချိန်တွင် ရှောက်ရွှမ် သူ့လက်ထဲမှ သစ်သီးများကို ပစ်ထုတ်မိတော့မလို ဖြစ်သွားရသည်။ ခူ ထွက်သွားလျှင်သော်မှ အခြားအသက်ကြီးသော ကလေးများက ဂူကို တာဝန်ယူနိုင်ပေသည်။ အသက်ဆယ့်သုံးနှစ်ရှိနေပြီဖြစ်သည့် အခြားကလေးနှစ်ယောက် ရှိနေသေးပေသည်။ ထို့အပြင် ဆယ့်နှစ်နှစ်နှင့် ဆယ့်တစ်နှစ် ကလေးများလည်း ရှိနေကြသေးသည်။ သူသည် ဆယ်နှစ်ပင် မပြည့်သေးရာ ထိုအလုပ်သည် အဘယ်ကြောင့် သူ့ပုခုံးပေါ်သို့ ရောက်လာရလေသနည်း ......။
ထိုကိစ္စသည် ခူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပုံမရပေ။ ထို့ကြောင့် ရှောက်ရွှမ် မေးကြည့်လိုက်သည်။
“ဘယ်သူပြောလိုက်တာလဲ “
သူတို့ထံသို့ နေ့တိုင်း အစားအစာယူလာပေးနေသည့် တာဝန်ရှိသူကို ခူ လက်ညိုးထိုးပြလိုက်သည်။ ထိုလူသည် ကျောက်တုံး ဇလုံကို မှီနေပြီး သူ့ခြေထောက်များကို လှုပ်ယမ်းနေခဲ့ကာ သူ၏ သွားများကို လက်ဖြင့်ကော်နေခဲ့သည်။
လိုဏ်ဂူအတွင်းမှ ကလေးများ အစားအသောက်များ အတွက် ကြမ်းတမ်းစွာတိုက်ခိုက်နေကြသည့် အချိန်တွင် ထိုလူသည် အေးဆေးစွာပင် ရှိနေခဲ့သည်ကို ကြည့်လိုက်ပြီး ရှောက်ရွှမ်ထိုလူကို ကော်လံမှ ကိုင်ကာ အော်ပြောလိုက်ချင်စိတ်များ ပေါ်လာခဲ့သည်။
"ခင်ဗျားကျုပ်ကို လာနောက်နေတာလား"