← Chapters

ပြဿနာ

Vol. 1 Ch. 6

ပြဿနာ

Vol. 1 Ch. 6

လိုဏ်ဂူထဲတွင် နေထိုင်သည့်ကလေး စုစုပေါင်းမှာ ရှောက်ရွှမ်အပါအဝင် ဆိုလျှင် (၂၇) ယောက် ဖြစ်သည်။ သူတို့အားလုံးသည် ကြမ်းတမ်းကြသူများ ဖြစ်ကြသည့်အတွက် ရှောက်ရွှမ်သည် သူ၏ ပိန်လှီနေသော လက်မောင်းများ ခြေထောက်များဖြင့် လိုဏ်ဂူကို မည်သို့ တာဝန်ယူရပေမည်နည်း။

လိုဏ်ဂူထဲမှ ကလေးအများစုသည် အစားအစာပိုရနိုင်ရန်အတွက် ခူ ၏ နေရာကို လိုချင်နေကြပေသည်။ အကယ်၍ ရှောက်ရွှမ်သာ သူ၏အသက်အရွယ် ခွန်အားလေးဖြင့် ထိုနေရာကို ယူလိုက်ပါက ပြဿနာများတန်းစီတက်လာမည်မှာ ထင်ရှားနေပေသည်။ တိုက်ခိုက်အနိုင်ကျင့်မှုများကို ရှောင်လွဲ၍ရနိုင်လိမ့်မည် မဟုတ်ချေ။

“ ပြဿနာတက်ခြင်း “ ဟူသည့် စကားလုံးသည် ရှောက်ရွှမ်၏ အခြေအနေကိုကိုယ်စား ပြုနေလေပြီ။

‘ကော ‘ ဟုခေါ်သည့် သက်လတ်ပိုင်းအရွယ်လူကြီးသည် မိဘမဲ့လိုဏ်ဂူဆီသို့ အစားအသောက်များကို ပို့ဆောင်ရာတွင် အဓိက တာဝန်ရှိသူတစ်ယောက် ဖြစ်သည်။ သူသည် မိုင် လောက် သန်မာခြင်းမရှိသည့်အပြင် ပိုဆိုးသည်မှာ သူ့လက်မောင်းတစ်ဖက်ကို အမဲလိုက်ရာတွင် ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့်သူသည် အမဲလိုက် စစ်သည်တော် တစ်ယောက် မဖြစ်နိုင်တော့သည့်အတွက် အစားအသောက်များကို ပို့ဆောင်ရာတွင်သာ တာဝန်ယူထား ရခြင်းဖြစ်သည်။

ရှောက်ရွှမ် အကြောင်းပြချက်ကို သွားမေးလိုက်သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ ပြန်မရခဲ့ပေ။

အစားအသောက်များကို ဖြန့်ဝေပေးပြီးသည့်အချိန်တွင် ကော သည် လက်တစ်ဖက်တည်းဖြင့် ကျောက်ဇလုံကို မလိုက်ပြီး ပြန်လည်ထွက်ခွာ သွားခဲ့သည်။ သူသည် လက်မောင်းတစ်ဖက်မရှိနေတော့သော်လည်း သူ့ခန္ဓာကိုယ်၏ ခွန်အားများသည် အကောင်းပကတိကျန်ရှိနေဆဲဖြစ်ကာ ထိုကြီးမားသည့် ကျောက်ဇလုံကြီးကို လက်တဖက်တည်းဖြင့် မတင်နိုင်နေဆဲဖြစ်သည်။

ကော ထွက်ခွာသွားပြီးသည့် အချိန်တွင် ခူ သည် လိုဏ်ဂူအတွင်းသို့ဝင်လာခဲ့ကာ သူ၏နေရာကို မည်သူက ရယူလိမ့်မည် ဟူသည့် ဆုံးဖြတ်ချက်ကို ပြောကြားလိုက်လေသည်။

“ မနက်ဖြန်က စပြီးတော့ အားရွှမ်က ငါ့အစား အစားအသောက်တွေကို ဖြန့်ဝေပေးတဲ့ တာဝန်ကို ယူလိမ့်မယ် “

လိုဏ်ဂူအတွင်းမှ လေထု၏အခြေအနေ ချက်ချင်းတည်ငြိမ်သွားခဲ့သည်။ သို့သော်လည်း ခူ၏ ဆုံးဖြတ်ချက်ကို ကြောငြာပြီးသည့်အချိန်တွင် လေထုသည် ချက်ချင်းပင် ပြန်လည် တင်းမာလာခဲ့လေသည်။ ကလေးများသည် ငြင်းခုန်ရာတွင် မကျွမ်းကျင်ကြသည့်အတွက် အော်ဟစ်ခြင်းဖြင့်သာ သူတို့၏မကျေနပ်မှုများကို ထုတ်ပြကြလေသည်။ သူတို့ကို ကြည့်ရသည်မှာ စိတ်ကျေနပ်နေခြင်း မရှိပဲ သူစိမ်းများသဖွယ် ဖြစ်နေခဲ့ကြသည်။

ခူ ဆက်မနေ‌တော့ပဲ ဆက်ပြီး ရှင်းပြနေခြင်းလည်း မရှိတော့ပေ။ သူပိုင်ပစ္စည်းများ အားလုံးကို သိမ်းယူလိုက်ပြီး သာမန်သာ ထွက်သွားခဲ့သည်။ သူသည် လူကြီးတစ်ယောက် ဖြစ်နေပြီဖြစ်ပြီး အကယ်၍ မတော်တဆ တစ်ခုခုသာ မဖြစ်ခဲ့လျှင် သူ၏ နတ်စွမ်းအင်သည် ဤနှစ်ဆောင်းရာသီတွင် နှိုးထလာပေလိမ့်မည်။ သူထွက်သွားခြင်းမှာ ကောင်းသော အရာတစ်ခုပင်ဖြစ်သည်။

ခူ အလွယ်တကူပင် ထွက်ခွာသွားသော်လည်း ရှောက်ရွှမ်သည် ဖိအားများဖြင့် ကျန်နေခဲ့ရလေသည်။

ကောင်းကင်ကို မော့ကြည့်လိုက်ပြီး နေ့လည် သုံးနာရီခန့်ရှိနေလောက်ပြီ ဖြစ်ကြောင်းကို တွက်ဆမိလိုက်သည်။ သူ့အနေဖြင့် နေမဝင်မှီ အချိန်တချို့ ရနိုင်ပေသေးသည်။

ဆီဆာကို ကြိုးဖြင့် ဆွဲခေါ်လိုက်ပြီး ရှောက်ရွှမ် ကျောက်စရစ်ကွင်းပြင်ဆီသို့ နောက်တစ်ကြိမ် ထွက်ခွာလာလိုက်သည်။ ထိုကွင်းပြင်တွင်ပင် ထိုင်နေလိုက်ပြီး နောက်ထပ်သူဘာကို လုပ်ရမည်ကို တွေးနေလိုက်သည်။

အစက သူတွေးထားသည်မှာ သူသည် သာမန်ဘဝကိုသာ ဖြတ်သန်းရလိမ့်မည် ဟူ၍ဖြစ်သည်။နှစ်အနည်းငယ်ကြာလျှင် သူ၏နတ်စွမ်းအင် နှိုးထလာပေမည်။ ထိုအချိန်တွင် သူ၏ ဘဝကို ပြင်ပလောကတွင် ရှင်သန်ရပေလိမ့်မည်။ သူသည် အိမ်တစ်လုံးကို တည်ဆောက်ပြီး အမဲလိုက်အဖွဲ့တစ်ခုကို ဝင် ပေမည်။ အကယ်၍ သူသာ တိုးတက်မှုနောက်ကျနေသူ တစ်ယောက် ဖြစ်နေခဲ့လျှင်ပင် ခူ ၏အသက်အရွယ်သို့ရောက်သောအခါတွင် နတ်စွမ်းအား နှိုးထလာလိမ့်မည် ဖြစ်ပေသည်။ သို့သော် လက်ရှိအခြေအနေများအရ သူ့အတွက် ထိုသာမန်ဘဝကို ရနိုင်တော့မည့်ပုံ မပေါ်နေပေ။ ဥပမာအားဖြင့် သူဆီဆာနှင့် အပြင်ထွက်သည့်အချိန်တွင် ကလေးအချို့သည် သူတို့ကို မနှစ်လိုသည့်အကြည့်များဖြင့် ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

“ သူတို့ညလယ်မှာ အိပ်ယာထလာပြီးတော့ မင်းကိုစားလိမ့်မယ်လို့မင်းထင်လား “

ရှောက်ရွှမ် ဆီဆာကို‌ မေးကြည့်လိုက်သည်။

ယခင်က ခူရှိနေခဲ့သည့် အချိန်တွင် ထိုကလေးများသည် မည်သည့်ပုံမမှန်သည့်လှုပ်ရှားမှုကိုမှ မလုပ်ရဲခဲ့ကြပေ။ ယခု ခူထွက်ခွာသွားပြီ ဖြစ်သဖြင့် သူတို့မည်သို့လုပ်မည်ကို သူမခန့်မှန်းနိုင်တော့ပေ။ လိုဏ်ဂူထဲမှ ကလေးများသည် ပြင်ပမှ လူများထက် ရက်စက်တတ်ကြလေသည်။ ထို့အပြင် သူတို့သည် အလွန်အမင်း တုံးအကြသေးသည်။ ထို့ကြောင့် သူတို့သည် နတ်ဆရာဆီမှ အမှတ်အသားကိုလည်း ကြောက်ရကောင်းမှန်း သိကြလိမ့်မည် မဟုတ်‌ပေ။ အကယ်၍ သူတို့အားလုံးသာ ပေါင်းစည်းလိုက်ကြပြီး ဆီဆာကို ချက်စားလိုက်ကြလျှင် မည်သို့လုပ်ရမည်နည်း........။ ရှောက်ရွှမ်အနေဖြင့် ဒါဇင်ပေါင်းများစွာသော ကလေးများကို တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ဆီဆာမှာမူ ရောက်လာတော့မည့် ပြဿနာများကို သိထားခြင်းမရှိပဲ ကျောက်တုံးများကြားမှ တီကောင်များကိုသာ ရှာစားနေခဲ့လေသည်။ သူသည် ရှေ့နောက် ခုန်ပေါက်ပြေးလွှားနေခဲ့ပြီး တီကောင်များကို လိုက်ရှာနေခဲ့သည်။

မျိုးနွယ်စုအတွင်းတွင် တားမြစ်နေရာ နှစ်ခုရှိနေခဲ့သည်။ တစ်ခုသည် ကြီးမားသည့် အနက်ရောင် နွံအိုင်ကြီးဖြစ်သည်။ ထိုနေရာတွင် လူအများသည် သတိမထားမိကြပဲ နှစ်မြုပ်သွားတတ်ကြသည်။ ထိုသို့ နှစ်မြုပ်သွားခြင်းသည် သေဆုံးခြင်းပင်ဖြစ်သည်။ နောက်တစ်ခုမှာ တောင်ကုန်းရှေ့တွင်ရှိနေသည့် မြစ်တစ်ခုဖြစ်သည်။ ထိုမြစ်၏ တဖက်ကမ်းကိုမူ မမြင်ဖူးကြပေ။ ထိုမြစ်ထဲတွင် များစွာသော ရေနေ မွန်းစတားကောင်များ ရှိနေခဲ့သည်။ ကောလာဟလများအရ စွမ်းအားကောင်းသည့် စစ်သည်တော်အချို့တို့သည် ထိုမြစ်ထဲတွင် ငါးဖမ်းရန်သွားခဲ့ကြပြီး သူတို့ကို ပြန်မတွေ့ရတော့ပေ။ မသိနိုင်သော အန္တရာယ်များစွာ ရှိနေခဲ့သဖြင့် မျိုးနွယ်စု အကြီးအကဲသည် ထိုနေရာကို သွားခြင်းကို တားဆီးပိတ်ပင်ထားခဲ့သည်။

ထို့ကြောင့်ပင် တိရိစ္ဆာန်သားရေများကို တခါတရံရေသွားဆေးကြသည့် အမျိုးသမီးအချို့တို့မှ လွဲလျှင် မည်သူမှ မြစ်ကမ်းဆီသို့ သွားရောက်ခြင်း မရှိကြပေ။ မျိုးနွယ်စု၏ သောက်သုံးရေအတွက်မူ တောင်ထိပ်ဆီမှ စီးဆင်းလာသည့် ချောင်းငယ်တစ်ခု ရှိနေခဲ့သည်။

သိသာစွာပင် မည်သူမှ အန္တရာယ်များသည့် မြစ်ထဲသို့ သွားလိုကြခြင်း မရှိကြပေ။

အနက်ရောင် နွံအိုင်နှင့် မြစ်ကမ်းပါးများဆီတွင် ကင်းလှည့်နေတတ်ကြသည် အစောင့်တချို့ရှိနေတတ်ကြသည်။ မမျှော်လင့်သော အန္တရာယ်တစ်ခုခု သို့မဟုတ် တစ်စုံတစ်ယောက်သည် မသိလိုက်ပဲ ထိုနေရာများဆီသို့ သွားမိလိုက်မည်ကို စိုးရိမ်သဖြင့် စောင့်ကြည့်နေကြသည့် အစောင့်များ ဖြစ်ကြသည်။

အမဲလိုက်ခြင်းနှင့် ငါးမျှားခြင်းတို့သည် သဘောတရားအတူတူပင်ဖြစ်သည်။ သို့သော် ငါးမျှားခြင်းမှာ အာမခံချက်မရှိပေ။ ထို့ကြောင့် မျိုးနွယ်စုသည် အမဲလိုက်ခြင်းကိုသာ အဓိက အားထားတတ်ကြသည်။ သူတို့ထံတွင် ခေတ်မှီ မြို့ပြစနစ်နှင့် လယ်ယာထွန်ယက် စိုက်ပျိုးခြင်းလည်း မရှိကြပေ။ ထို့ကြောင့်ပင် မျိုးနွယ်စုသည် စားနပ်ရိက္ခာပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်လေသည်။

အစားအစာသည် အရာအားလုံး၏ အရင်းအမြစ်ဖြစ်သည်။ ဆီဆာသည် အသားလုံးကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ဖြင့် လိုဏ်ဂူထဲမှ ကလေးများသည် ဆီဆာကို သွားရည်တမြားမြားဖြင့် ကြည့်နေခဲ့ကြသည်။

“ ငါဘာလုပ်သင့်လဲ..... “ ရှောက်ရွှမ် သက်ပြင်းချလိုက်ပြန်သည်။ ထို့နောက်သူသည် အမှတ်အသားပေးခဲ့ပြီး သူ့ထံသို့ နောက်တစ်ခေါက်ရောက်မလာခဲ့သည့် နတ်ဆရာကိုသာ အပြစ်တင်နေလိုက်တော့သည်။

နတ်စွမ်းအား မနှိုးထသေးသည့် ကလေးများကို အနက်ရောက် ရွံ့နွံအိုင် သို့မဟုတ် မြစ်အနီးတဝိုက်သွားလာခြင်းကို တားမြစ်ထားပေသည်။ သို့သော်လည်း မည်သူမှ ဝံပုလွေများ အကြောင်းကို ပြောကြခြင်း မရှိကြပေ။ ထို့ကြောင့်ပင် ဆီဆာသည် ကိုက်ခဲရန်အတွက် ထူးဆန်းသည့် ပိုးတောင်မာများကဲ့သို့သော အရာများကို မြစ်ကမ်းနားတွင် ရှာဖွေတတ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အစောင့် စစ်သည်များသည် ဆီဆာ ရောက်လာတတ်ခြင်းကို မမြင်ချင်ယောင် ဆောင်တတ်နေပြီဖြစ်သည်။

တိရိစ္ဆာန်များသည် အန္တရာယ်နှင့်ပတ်သက်လျှင် စူးရှသည့် အလိုလို သိစိတ်များ ရှိတတ်ကြသည်။ ထို့ကြောင့်ပင် ဆီဆာ သည် ကမ်းပါးတွင်သာ သွားလာလေ့ရှိပြီး အနက်ရောင် ရွံ့အိုင်ထဲသို့ သွားလာခြင်း မရှိပေ။

ဤတစ်ကြိမ်တွင် ဆီဆာသည် သူ့ပါးစပ်ထဲတွင် တစ်စုံတစ်ခုကို ကိုက်ချီထားပြီး ပြန်လာခဲ့သည်။ အနားသို့ ရောက်လာသည့် အချိန်တွင် သူသည် သူ့ပါးစပ်ထဲမှ အနက်ရောင် အသားလုံးတစ်ခုကို ထေါးထုတ်လိုက်သည်။

၎င်းသည် ရှောက်ရွှမ်တစ်ခါမှ မမြင်ဖူးသည့် ပိုးကောင်တစ်မျိုးဖြစ်လေသည်။ ယခင် အကြိမ်များမှ ပိုးတောင်မာများဖြင့် မတူသည်မှာ ဤပိုးကောင်သည် ပို၍ပျော့ပြောင်းပြီး ရှောက်ရွှမ်၏ လက်ဖဝါး အရွယ်အစားခန့်ရှိကာ ဘဲဥပုံ ခပ်ပြားပြား အကောင်တစ်ကောင် ဖြစ်နေခြင်းပင်ဖြစ်သည်။ ၎င်းထံတွင် သေးငယ် ရှည်လျားသည့် ခြေထောက်များ ရှိနေခဲ့ပြီး မဲနက်နေခဲ့လေသည်။

ထိုပိုးကောင်သည် ဆီဆာ၏ပါးစပ်ထဲတွင် ရှိနေစဉ်တွင် သူ၏ခြေလက်များဖြင့် ဆီဆာ၏ နှာခေါင်းကို တွန်းထိုးနေခဲ့သည်။

ဆီဆာသည် ယခင်အကြိမ်များကလည်း ပိုးကောင်များကို ယူဆောင်လာပေးလေ့ရှိသည်။ သူ့အနေဖြင့် ထိုသို့ယူဆောင်လာပေးရခြင်းကို ကျေနပ်နေဟန် ရလေသည်။ မည်သို့ပင်ဖြစ်စေ မျိုးနွယ်စု ၏ အနီးတဝိုက်တွင် ပိုးကောင်များကို သိပ်တွေ့ရလေ့ မရှိပေ။ ဆီဆာအနေဖြင့် အိပ်မက်ထဲတွင် ယုန်များကို အမဲလိုက်နေရခြင်းသည် သူ့အတွက် ဖျော်ဖြေမှု တစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် ဆီဆာသည် ပိုးကောင်များဖြင့်သာစိတ်ကျေနပ် စေရန် ဆော့ကစားနေရသည်။

လွတ်ထွက်သွားသည့် ပိုးကောင်ကို ပြန်ဖမ်းရန်ကြိုးပမ်းလိုက်ပြီး ထိုအချိန်တွင် ပိုးကောင်သည် သူ့ပါးစပ်မှ ပူပေါင်းများကို မှုတ်ထုတ်ကာ တစ်ကိုယ်လုံးကို ဖုံးလွမ်းလိုက်ကြောင်းကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ ဆီဆာသည် ထိုပူပေါင်းများကို နှစ်သက်ခြင်းမရှိသဖြင့် ပိုးကောင်ကို လွတ်ပေးလိုက်လေသည်။

အနက်ရောင်ပူပေါင်းများသည် ကြီးမားလာခဲ့ပြီး ဘောလုံးတစ်လုံးအရွယ် ဖြစ်လာခဲ့ကာ ပိုးကောင်သည် အလယ်တွင် ရှိနေခဲ့၏။ ဆီဆာသည် ထိုဘောလုံးကို ပတ်ပေးနေခဲ့ပြီး ပိုးကောင်ကို ကိုက်ခဲခြင်း မရှိပေ။ ဆီဆာသည် ထိုပူပေါင်းကို မုန်းတီးနေသဖြင့် ပူပေါင်းများ၏ အရသာသည် ဆိုးဝါးဟန် ရပေသည်။

ဆယ့်ငါးမိနစ်ခန့် ကြာသွားပြီးသည့်အချိန်တွင် ဆီဆာ ပူပေါင်းထဲမှ ပိုးကောင်ကို လက်လျော့လိုက်သည်။ ထို့နောက် သူသည် ကျောက်စရစ် ကွင်းပြင်ဆီသို့ပြန်သွားလိုက်ကာ တီကောင်များကိုသာ ရှာဖွေနေလိုက်သည်။

သို့သော်လည်း ရှောက်ရွှမ်သည် ထိုပိုးကောင်ကို အတော်လေးစိတ်ဝင်စားနေခဲ့သည်။ ထို့ကြောင့် သူ၏ ကျောက်တုံး ဓါးတိုလေးကို ထုတ်ယူလိုက်ကာ ပူပေါင်းကို ထိုးခွဲကြည့်လိုက်သည်။ အံ့သြဖွယ်ပင် ပူပေါင်းသည် မာကျော ကြွတ်ယွနေခဲ့လေသည်။ ရှောက်ရွှမ်၏ ဓါးဖြင့်ထိုးနှက်လိုက်မှုကြောင့် ပူပေါင်းသည် နှစ်ခြမ်း ကွဲသွားခဲ့ရသည်။ အထဲမှ ပိုးကောင်သည် ထိတ်လန့်စွာဖြင့် ညွှံအိုင်အတွင်းသို့ ပြန်ပြေးရန် ပြင်ဆင်လိုက်သည်။ ထိုပိုးကောင်သည် ယခင် အရွယ်အစား၏ တဝက်ခန့်သာရှိတော့ပြီး တုန်ယင်နေခဲ့လေသည်။

ရှောက်ရွှမ် ထိုင်ချလိုက်ပြီး ပိုးကောင်နောက်သို့ မလိုက်တော့ပဲ အက်ကွဲသွားခဲ့သည့် ပူပေါင်းကို သာ ကြည့်နေလိုက်သည်။

ထို့နောက် သူ့ဓါးဖြင့်ပင် ပူပေါင်းအကွဲ တစ်ခြမ်းကို မတင်ကြည့်လိုက်သည်။ ထို ကွဲအက်သွားသည့် ပူပေါင်းအခြမ်းများသည် အတော်လေးပေါ့ပါးနေခဲ့သည်။ ထိုအရာများကို ဖျက်ဆီးရန်မှာမူ ခွန်အား အနည်းငယ် လိုအပ်ပေသည်။

ပူ‌ပေါင်းတစ်ခြမ်းကို ဖျက်ဆီးကြည့်လိုက်ပြီး အခြားကျန်ရှိနေသည့် တခြမ်းကို ကြည့်လိုက်သည်။ ထို့နောက် ဆီဆာကို ခေါ်လိုက်ပြီး ပူပေါင်းခြမ်း တစ်ဝက်ဖြင့် မြစ်ကမ်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။ မျိုးနွယ်စုမှ လူများသည် မြစ်ကမ်းဆီသို့လာခဲ့သည်ရှိသော် သူတို့သည် ရေတိမ်သည့် သောင်ခုံတွင်အထိသာ သွားလေ့ရှိကြသည်။ မည်သို့ပင်ဖြစ်စေ သောင်ခုံသည် အနည်းငယ် လုံခြုံသည်ဟု ပြော၍ရပေသည်။

ရှောက်ရွှမ်သည်လည်း ပြဿနာများကို မလိုလားသဖြင့် သောင်ခုံတွင်သာ နေနေလိုက်သည်။ ရေထဲတွင် မည်သို့ ထူးဆန်းသည့် သတ္တဝါများ ရှိနေကြောင်းကို ဘုရားမှသာ သိလိမ့်မည် ဖြစ်သည်။ ရှောက်ရွှမ် လုပ်ချင်နေသည်မှာ သူတွေးထားသည်မှာ မှန်မှန်ကို စမ်းသပ်လိုနေခြင်းဖြစ်သည်။

ရှောက်ရွှမ် သူ့ခါးတွင် ပတ်ထားသည့် ကောက်ရိုးကြိုးကို ထုတ်ယူလိုက်ပြီး အစွန်းတဖက်ကို ပိုးကောင်ချန်ထားခဲ့သည့် ပူပေါင်းတစ်ခြမ်းကို ပတ်ချည်လိုက်သည်။ အခြားအစွန်းတဖက်ကိုမူ သူ့လက်ထဲတွင် ကိုင်ထားလိုက်သည်။ ထို့နောက်တွင် သူသည် ပူပေါင်းကို ချည်ထားသည့် အစွန်းတဖက်ကို ရေထဲသို့ ပစ်ချလိုက်လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် အနက်ရောင် ပူပေါင်းတစ်ခြမ်းသည် ရေထဲတွင် မျောပါနေခဲ့သည်။

ဤအရာကို ငါးမြှားရန်အတွက် အသုံးပြုနိုင်ပေသည်။

All Chapters