← Chapters

မင်းဘာပြောပြော ငါတို့ယုံတယ်၊ ကောင်းတာဆိုရင်ပေါ့

Vol. 1 Ch. 9

မင်းဘာပြောပြော ငါတို့ယုံတယ်၊ ကောင်းတာဆိုရင်ပေါ့

Vol. 1 Ch. 9

ရှောက်ရွှမ် လောလောဆယ်တွင် လိုဏ်ဂူ၏ အရှင်သခင် ဖြစ်လာနိုင်ခဲ့ပြီဖြစ်သည်။ သူအုပ်ချုပ်ရမည့် လိုဏ်ဂူသည် စရိုက်အမျိုးမျိုးရှိနေသော ကလေးများ စုပေါင်းနေကြသည့် ဂူတစ်ခုဖြစ်သည်။

ရှောက်ရွှမ် သူယူလာသည့် ငါးကို ခွဲခြမ်းပိုင်းဖြတ်လိုက်ပြီး အတွင်း ကလီစာများကို ထုတ်လိုက်သည်။ သူသည် ထိုအရာကို စစ်သည်များထံမှ သင်ယူလာခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် အမှိုက်များကို အမှိုက်ပစ်သည့် နေရာတွင် ပစ်ထားလိုက်သည်။ လိုဏ်ဂူအတွင်း၌ အမှိုက်ပစ်သည့် နေရာတစ်ခုရှိနေပြီး ထိုနေရာတွင် စားကြွင်းစားကျန်အမှိုက်များ စုပုံနေခဲ့ကာ မျိုးနွယ်စုမှ တစ်စုံတစ်ယောက်သည် လာပြီးသိမ်းဆည်းလေ့ရှိသည်။

စား၍မရနိုင်သည့် အစိတ်အပိုင်းများမှ လွဲ၍ ငါးတစ်ကောင်လုံး တစ်ခနအတွင်းမှာပင် ကုန်သွားခဲ့သည်။ အသုံးမဝင်သည့် ငါးအရိုးများနှင့် ကြီးမားသော ပါးစပ်မှလွဲလျှင် မည်သည့်အရာမှ ကျန်ရှိနေခြင်း မရှိတော့ပေ။

ကလေးများအားလုံး ငါးကို ဝေမျှစားသောက်လိုက်ကြပြီးနောက် အိပ်စက်လိုက်ကြလေသည်။ ရှောက်ရွှမ် မီးပုံကို မီးမငြိမ်းမီ မီးတုတ်တစ်ခုကို ထွန်းညှိလိုက်ပြီး ဂူအတွင်းသို့ ယူသွားလိုက်သည်။ အစကမူ သူသည် ဆောင်းရာသီမရောက်မီတွင် အစားအစာအချို့နှင့် တိရိစ္ဆာန် သားရေများကို စုဆောင်းထားရန် စီစဉ်ထားခဲ့သည်။ ယခုတွင်မူ သူသည် လိုဏ်ဂူကို အုပ်ချုပ်နေရပြီ ဖြစ်ပြီး ငါးမျှားသည့်နည်းလမ်းကိုလည်း ရှာတွေ့ခဲ့ပြီဖြစ်သဖြင့် သူ့အနေဖြင့် ကလေးတချို့ကို မြစ်ကမ်းဆီသို့ ခေါ်ဆောင်သွားပြီး ငါးအချို့ကို ဖမ်းယူရန် တွေးတောနေခဲ့သည်။ မျိုးနွယ်စုတစ်ခုတည်းအနေဖြင့် လုံလောက်‌သော အစားအစာများကို ပေးဝေနိုင်ခြင်း မရှိပေ။ အကယ်၍ သူတို့ဖာသာ စားနပ်ရိက္ခာအချို့တို့ကို စုဆောင်းထားနိုင်ခဲ့လျှင် ဆောင်းတွင်း အတွက် ဖူလုံနိုင်ပေသည်။

မျိုးနွယ်စုမှ လူတိုင်းသည် ဆောင်းရာသီအတွက် ပြင်ဆင်နေကြလေသည်။ လူတိုင်းသည် ပို၍တာရှည်ခံနိုင်သည့် အသားချောက်များကို နေ့စဉ်နေ့တိုင်း ပြုလုပ်နေကြလေသည်။ အသားချောက်သည် အသားစိမ်းထက် ပို၍တာရှည်ခံပေ၏။ အကယ်၍ ရှောက်ရွှမ်သာ ငါးများကို ယခုထက်ပိုမို ဖမ်းယူနိုင်ခဲ့လျှင် သူတို့အနေဖြင့် စားနပ်ရိက္ခာ လုံလောက်ယုံသာမက မျိုးနွယ်စုမှ လူများဖြင့် သားမွှေးများ ၊ တိရိစ္ဆာန် သားရေများဖြင့် လဲလှယ်နိုင်ပြီး ဆောင်းရာသီတွင် နွေးထွေးစွဦ နေထိုင်နိုင်ပေလိမ့်မည်။ ရှောက်ရွှမ်အနေဖြင့် ဆောင်းရာသီတွင် ချမ်းအေးနေရမည့် အဖြစ်ကို မလိုလားပေ။

သူ့လက်ထဲမှ မီးအားသိပ်မကောင်းသည့် မီးတုတ်မှ အလင်းရောင်ကို အားပြု၍ ရှောက်ရွှမ် လိုဏ်ဂူအတွင်း သို့ ဝင်လာခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် ဤလိုဏ်ဂူထဲတွင်ပင် နှိုးထလာခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် လိုဏ်ဂူအနက်ပိုင်းထဲသို့ မဝင်တော့ပေ။

အရာရှိအသစ်သည် စည်းမျဉ်းများ ပိုတင်းကြပ်သည် ဆိုသည့်အတိုင်းပင် ရှောက်ရွှမ်သည် လိုဏ်ဂူခေါင်းဆောင် တစ်ယောက်အနေဖြင့် သူ၏ကိုယ်ပိုင်စည်းမျှဉ်းများကို ထုတ်ပြန်ချင်နေသည်။ လိုဏ်ဂူအနေဖြင့် တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာရန်လိုအပ်ပြီး စနစ်တကျ ဖြစ်နေသင့်သည်ဟု သူထင်သည်။

ယခင်က မျိုးနွယ်စုသည် သေးငယ်ခဲ့ပြီး လူအမြောက်အများမရှိခဲ့ပေ။ လူတိုင်းသည် လိုဏ်ဂူထဲတွင်သာ နေတတ်ကြပြီး ပြင်ပတွင် မနေထိုင်ကြပေ။ ထို့ကြောင့် လိုဏ်ဂူထဲတွင် အစားအသောက်များ၊ ထင်း၊ သားမွေး၊ တိရိစ္ဆာသားရေများ၊ လက်နက်ကိရိယာများ ထားရန်နေရာများနှင့် အိမ်သာများပင် ရှိနေခဲ့သည်။ သို့သော်လည်း လူဦးရေများပြားလာခဲ့သဖြင့် လူများသည် ပြင်ပတွင် ထွက်၍ နေထိုင်လာကြပြီး သူတို့၏ ကိုယ်ပိုင်အိမ်များကို စတင်ဆောက်လုပ်လာခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့သည် လိုဏ်ဂူကို မိဘမဲ့ကလေးများကို ပျိုးထောင်သည့်နေရာတစ်ခု အဖြစ် ပြောင်းလဲအသုံးပြုလိုက်ကြသည်။ နေရာအများစုသည် အလွတ်ဖြစ်နေပြီး ကလေးများသည် ဝင်ပေါက်နှင့် အနီးဆုံးနေရာတွင်သာ နေထိုင်လေ့ရှိကြသည်။ ထို့ကြောင့် အသုံးမပြုရသေးသည့် နေရာအများစု ကျန်နေသေးသည်။

လိုဏ်ဂူ၏အနက်ပိုင်းတွင် လေဝင်ပေါက်များ ရှိနေခဲ့သည်။ သို့သော်လည်း အနက်ပိုင်းတွင် ရှိနေသဖြင့် ထိုလေဝင်ပေါက်များသည် မှောင်မဲနေခဲ့ပြီး နေရောင်ခြည် မဝင်နိုင်ဖြစ်နေခဲ့သည်။

ရှောက်ရွှမ် ပတ်ကြည့်လိုက်ပြီးနောက် ဝင်ပေါက်ဆီသို့ ပြန်လာခဲ့သည်။ ထို့နောက် သူ့လက်ထဲမှ မီးတုတ်ကို မီးငြိမ်းလိုက်ပြီး ကောက်ရိုး အိပ်ယာကို ပြင်ဆင်လိုက်ကာ အိပ်စက်ရန် ပြုလုပ်လိုက်သည်။ သို့သော်လည်း ထိုညတွင် သူသည် အကြောင်းပြချက်မရှိပဲ အိပ်ပျော်ရန် ခက်ခဲနေခဲ့သည်။ သူ၏ စိတ်သည် လိုဏ်ဂူထဲမှ အရာများ၊ မြစ်ထဲမှ ငါး၊ နှင့် ငါးဖမ်းစဉ်က တွေ့ကြုံခဲ့သည့် အဖြစ်အပျက်များကို ပြန်လည် တွေးတောနေမိခဲ့၏။

သူတွေးနေစဉ်မှာပင် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုသည် သူ့ကိုစိုက်ကြည့်နေခဲ့သည်ကို ရှောက်ရွှမ် ခံစားမိလိုက်သည်။ သူသည် ထိုအရာကို မည်သည့်အရာမှန်း မသိနေခဲ့ပေ။

မီးပုံကို ငြိမ်းသတ်လိုက်ပြီဖြစ်သဖြင့် လိုဏ်ဂူသည် မှောင်မဲနေခဲ့၏။ လေဝင်ပေါက်များဆီမှ မှိန်ဖျော့ဖျော့ လရောင်သည် ထွန်းလင်းနေခဲ့လေသည်။

ကလေးများအားလုံးသည် အိပ်ပျော်နေကြပြီဖြစ်ပြီး နေရာစုံမှ ဟောင်သံများကိုပင် ကြားနေရသည်။ ဝင်ပေါက်ကို ကြီးမားသည့် ကောက်ရိုးလိုက်ကာတစ်ခုဖြင့် ပိတ်ထားလိုက်ပြီးဖြစ်သည်။ မည်သည့် ပုံမမှန်သည့် မြင်ကွင်း သို့မဟုတ် အသံကို မှ မကြားရပေ။

ရှောက်ရွှမ်၏ ဘေးတွင် ဆီဆာသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ ဆီဆာ မည်သို့မှ အချက်မပေးသဖြင့် ကြည့်ရသည်မှာ မည်သည့် အန္တရာယ်မှ ရှိနေသည့်ပုံ မပေါ်ပေ။

ကလေး တစ်ယောက်ယောက်များ ငါ့ကို စိုက်ကြည့်နေတာများလား.......။

ရှောက်ရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်သည်။ သူ့အနေဖြင့် အိပ်စက်မှ ဖြစ်ပေမည်။ သူသည် မနက်ဖြန်တွင် ကလေးအချို့ကို ခေါ်ပြီး ငါးဖမ်းသွားရန် ကြံစည်ထားပေသည်။

သို့သော်လည်း သူ့မျက်လုံးများ မှိတ်လိုက်ပြီး မကြာမှီတွင် အနက်ရောင် အရိပ်တစ်ခု သူ့ဘေးဖက်မှ ပျံသန်းသွားကြောင်းကို ရှောက်ရွှမ် ခံစားလိုက်မိသည်။ ထိုအရာသည် မြန်လွန်းသဖြင့် ရှောက်ရွှမ်သည် မည်သည့်အရာဖြစ်ကြောင်းကို သေချာမကြည့်နိုင်လိုက်ပေ။ ထိုအရိပ်ဖြတ်သန်းသွားပြီးသည့် နောက်တွင် အပြာဖျော့‌ရောင် တောက်ပနေသည့် မျက်လုံးတစ်စုံ ပေါ်လာခဲ့သည်။

ဘာများလဲ..... ရှောက်ရွှမ် ဇဝေဇဝါ ဖြစ်သွားပြီး သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်သည် ယခင်အတိုင်း မပြောင်းမလဲ ရှိနေဆဲဖြစ်သည်။ ဂူအတွင်းတွင် မှောင်မဲနေခဲ့ပြီး လရောင်သည် ကျဆင်းနေခဲ့သည်။

ယခုတွင် ရှောက်ရွှမ် အိပ်ချင်စိတ်များ လုံးဝမရှိနေတော့ပေ။ သူတစ်ဖက်သို့ လှည့်လိုက်စဉ် နံရံအပေါ်တွင် တူးဖော်ထားသည့် လေဝင်ပေါက်ကို မြင်လိုက်ရသည်။

ပုံမှန်ဆိုလျှင် လေဝင်ပေါက်သည် အန္တရာယ် မဖြစ်စေနိုင်ပေ။ ထို့ကြောင့် ၎င်းကို ညဖက်များတွင် ပိတ်ဆို့ထားခြင်း မရှိပေ။

ခနတာ တွေးတောလိုက်ပြီး ရှောက်ရွှမ် ထထိုင်လိုက်သည်။ သူသည် လေဝင်ပေါ်မှ တဆင့် အပြင်ဖက်ကို တွေ့နိုင်ပေသည်။ အပြင်ဖက်တွင် လရောင်ဖြာကျနေပြီး ပြင်ပရှိမြင်ကွင်းများကို သေချာတွေ့နိုင်ပေသည်။

လိုဏ်ဂူ၏အပြင်ဖက်တွင် ငါးမီတာခန့် အမြင့်ရှိသည့် ကျောက်တိုင် တစ်ခုရှိနေခဲ့သည်။ ထိုကျောက်တိုင်သည် ရှေးယခင် ကာလများကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် ထိုကျောက်တိုင်ကို နေနာရီအဖြစ် မျိုးနွယ်စုက လူများ အသုံးပြုခဲ့ကြသည်။ လူအများသည် ထိုကျောက်တိုင်၏ အရိပ်ကို ကြည့်ပြီး မည်သည့်အချိန်ရောက်ပြီကို ခန့်မှန်းကြခြင်း ဖြစ်သည်။ ယခုတွင် လိုဏ်ဂူအတွင်း၌ နေထိုင်သည့် လူကြီးများ မရှိကြတော့သဖြင့် ကလေးများသည် ထိုကျောက်တိုင်ပေါ်တွင် ပုံများရေးဆွဲခြင်း ၊ ထွင်းထုခြင်းများကို ပြုလုပ်ကစားခဲ့ကြသည်။ ထိုကျောက်တိုင်သည် ယခင်အချိန်များနှင့် မတူတော့ပေ။ ကျောက်တိုင်သည် ချိုင့်ခွက်များ ၊ အစင်းကြောင်းများဖြင့် ပြည့်နှက်နေခဲ့ပြီး သူ၏ ယခင် ပုံသဏ္ဍာန် ရှိမနေတော့ပေ။

ထိုအချိန်တွင် ငှက်တစ်ကောင်သည် ကျောက်တိုင်၏ ထိပ်တွင် နားခိုနေခဲ့သည်။

ရှောက်ရွှမ် မည်သည့်အရာဖြစ်သည်ကို သိလိုက်သည်။ သူသည် အစက ထိုအရာကို လင်းနို့တစ်ကောင် ဖြစ်လိမ့်မည်ဟု ထင်နေခဲ့သည်။ ထို့နောက် ထိုအရာသည် ပျံလွှားငှက်တစ်ကောင်နှင့် တူသော ငှက်တစ်မျိုးသာဖြစ်ကြောင်းကို သိလိုက်ရသည်။ ထိုငှက်သည် ပျံသန်းရာတွင် အလွန်လျင်မြန်ပြီး ညအချိန်မှသာ ထွက်လာတတ်လေသည်။ ထိုငှက်သည် အသားစားငှက်တမျိုး ဖြစ်လေ၏။

မျိုးနွယ်စုမှ လူများသည် ထိုငှက်ကို ‘ ညပျံလွှား’ ငှက်ဟု ခေါ်ကြလေသည်။ ထိုငှက်များသည် ရက်စက်ကြမ်းတမ်းပြီး အစုအဖွဲနှင့် နေတတ်သည့် ငှက်များဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ကို ရွံ့နွံအိုင်များတွင် တွေ့ရနိုင်လေသည်။

ထို့ကြောပင် မျိုးနွယ်စုမှ လူများသည် ညဖက်တွင် မီးတုတ်မပါပဲ မသွားလာကြခြင်း ဖြစ်လေသည်။ သူတို့အနေဖြင့် ထို ညပျံလွှားငှက်များ၏ တိုက်ခိုက်မှုကို အချိန်မရွေး ခံရနိုင်ပေ၏။

ပုံမှန်ဆိုလျှင် ညပျံလွှားများ၏ အသံကို မကြားရနိုင်ပေ။ သို့သော်ပြောကြသည်မှာ မျိုးနွယ်စုမှ စွမ်းအားကောင်းသည့် စစ်သည်တော်များသည် ညပျံလွှား၏ အော်မြည်သံကို ကြားရနိုင်သည်ဟု ပြောကြ၏။ ထိုအသံသည် နားမခံသာသည့် အသံတစ်ခုဖြစ်ကြောင်းကို ပြောကြသော်လည်း မည်သူမှ သေချာမသိကြပေ။

ရှောက်ရွှမ် ကျောက်တိုင်ကို ကြည့်နေစဉ်မှာပင် ကျောက်တိုင်ထိပ်မှ ညပျံလွှားသည်လည်း ရှောက်ရွှမ်ကို တည့်တည့်ပင် စိုက်ကြည့်နေခဲ့လေသည်။

လရောင်အောက်တွင် ၎င်း၏မျက်လုံးများသည် အပြာရောင်အလင်းပြန်နေခဲ့ပြီး ရှောက်ရွှမ် မျက်လုံးမှိတ်လိုက်လျှင်ပင် ထိုမျက်လုံးများ သူ့စိတ်ထဲ စွဲထင်နေလေ၏။

ညပျံလွှားများသည် လေဝင်ပေါက်များမှ ဝင်လာလေ့မရှိကြပေ။ သူတို့သည် များသောအားဖြင့် အုပ်စုဖြင့်သာ တိုက်ခိုက်တတ်ကြသည့် ငှက်များ ဖြစ်ကြသည်။ နှစ်ဝက်ကျော်ကာလအတွင်း ရှောက်ရွှမ်သည် ထိုငှက်များ လိုဏ်ဂူအတွင်း ဝင်လာသည်ကို မမြင်ဖူးခဲ့ချေ။ သို့သော်လည်း မီးတုတ်မပါပဲ ညဖက် အပြင်ထွက်သည့် လူများကို တိုက်ခိုက်တတ်ကြောင်းကိုတော့ ရှောက်ရွှမ် သိနေခဲ့သည်။

ရှောက်ရွှမ် ပြန်အိပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ထိုငှက်၏ မျက်လုံးအကြည့်များကို သူ့စိတ်ထဲတွင် စွဲနေခဲ့ပြီး အိပ်မပျော်နိုင် ဖြစ်နေခဲ့ရလေသည်။

နောက်နေ့မနက်တွင် ရာသီဉတုသည် သာယာနေခဲ့သည်။ ရှောက်ရွမ် သူ၏ ကောက်ရို ကြိုးထုံးကို ပြင်ဆင်လိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။

သူ့လက်ဝါးများကို တဖက်ဖက် တီးလိုက်ပြီး မြေပြင်ပေါ်တွင် လဲနေသည့် ကလေးများကို နှိုးလိုက်သည်။ “ ထကြတော့.....ထကြတော့..... ။ မင်းတို့ ဘယ်နှယောက် နိုးပြီလဲ ..... အခုထပြီးတာ့ ငါနဲ့ ငါးမျှားလိုက်ခဲ့..... “

မည်သူမှ တုံ့ပြန်ခြင်း မရှိကြပေ။

“ ငါးတွေက စားလို့ရတယ်၊ မနေ့ကလိုပဲ .... “ ရှော

က်ရွှမ် ဆက်ပြောလိုက်သည်။

လှုပ်ရှားမှု အနည်းငယ် ရှိသွားသောလည်း အများစုသည် တုန့်ပြန်ကြခြင်း မရှိကြပေ။

အချို့ကလေးများသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေကြဆဲဖြစ်သည်။ ရှောက်ရွှမ်၏ စကားများကြောင့် အချို့ကလေးများသည် တုန့်ဆိုင်းနေခဲ့ကြပြီး စဉ်းစားနေကြလေသည်။ မည်သို့ပင်ဖြစ်စေ အစာစားချိန်မှ လွဲပြီး အိပ်စက်သည့် အကျင့်ကို သူတို့ပျိုးထောင်ထားခဲ့သည် မဟုတ်ပေလော......။ ထိုအကျင့်ကို ရှောက်ရွှမ်၏ စကားအနည်းငယ်ဖြင့်‌ပြောင်းလဲပစ်ရန် မဖြစ်နိုင်ချေ။ သူတို့အနေဖြင့် နေ့လည်ခင်းအထိ အိပ်စက်ကြသည့် အကျင့်ရှိနေပြီဖြစ်သည်။ နေ့လည်ခင်း အိပ်ယာထပြီးလျှင် အစာစားကြပေမည်။ အချို့ကလေးများသည် မသိစိတ်ဖြင့် မျက်လုံးဖွင့်လိုက်မိကြသည်။ ထို့နောက် တွင် သူတို့သည် သမ်းဝေလိုက်ပြီး ပြန်အိပ်ပျော်သွားကြ ၏။

နောက်ဆုံးတွင် ကလေးနှစ်ဆယ်ကျော်ထဲမှ လေးယောက်သာ ရှောက်ရွှမ်နှင့်အတူ လိုဏ်ဂူအပြင်သို့ ပါလာခဲ့သည် ။ ထိုအထဲတွင် အသက်အကြီးဆုံးသော ကလေး နှစ်ယောက်လည်း ပါဝင် ပေသည်။ ကျန်ကလေး နှစ်ယောက် မှာ ‘ထူ’ နှင့် ‘ ပါ‘ တို့ဖြစ်ကြသည်။ "ထူ"သည် အားနည်းသည့်ကလေးတစ်ယောက် ဖြစ်ပြီး သူ့အမည်သည် သားသတ်သမားဟူသည့် အဓိပ္ပာယ် ရ‌ပေရာ နာမည်နှင့် မလိုက်ဖက်နေသည့် ကလေးတစ်ယောက် ဖြစ်နေခဲ့သည်။ "ပါ" မှာမူ အစားအသောက်နှင့် မပတ်သက်လျှင် နူးညံ့မှုရှိသည့် ကလေးတစ်ယောက် ဖြစ်သည်။ ထိုကလေး နှစ်ယောက်လုံးသည် အသက်ဆယ့်တစ်နှစ်စီ ရှိနေကြပြီ ဖြစ်သည်။ သို့သော်လည်း သူတို့၏ ပုံပန်း သဏ္ဍာန်သည် လုံးဝကွဲပြားနေခဲ့၏။ ပါ သည် တူ ထက် အရပ်ရှည်ပြီး အသက်ဆယ့်သုံးနှစ်ခန့်ရှိပြီဟု ထင်ရသည်။ နှိုင်းယှဉ်ကြည့်ရလျှင် ထူသည် ပိုပိန်ပြီး ပိုအားနည်းကာ ရှောက်ရွှမ်နှင့် ဆင်တူပေသည်။

ရှောက်ရွှမ် ဆီဆာကို ကျောက်တုံးတီကောင် အချို့ကို တူးဖော်ပေးရန် ပြောလိုက်သည်။ သူ၏ ကောက်ရိုး ကြိုးနှင့် ယခင်နေ့မှ ပူပေါင်းအကွဲကို ထုတ်ယူလိုက်ပြီး ကလေးလေးယောက်နှင့်အတူ မြစ်ကမ်းဆီသို့ သွားလိုက်ကြသည်။

အစောင့်စစ်သည်များသည် ယခင်နေ့မှ စစ်သည်များပင် ဖြစ်ကြသည်။ သူတို့အနေဖြင့် သုံးရက်ပြည့်မှသာ အခြား သူများနှင့် နေရာအလဲအလှယ် ပြုလုပ်မည်ဖြစ်သည်။ ရှောက်ရွှမ် ရောက်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့သည် ရှောက်ရွှမ်ကို နူတ်ဆက်လိုက်ကြပြီး စကားလာပြောကြလေသည်။

ထိုအရာသည် အခြားကလေးငယ်များ၏ မျက်စိထဲတွင် ထူးဆန်းနေသည့် အရာတစ်ခုဖြစ်သည်။ သူတို့သည် ယခုကဲ့သို့ အခြေအနေမျိုးကို ယခင်က မကြုံခဲ့ရဖူးကြပေ။ မနေ့ကအဖြစ်အပျက်ကြောင့် ကလေးကြီးနှစ်ယောက်တို့သည် ရှောက်ရွှမ်ကို တိုက်ခိုက်လိုကြခြင်း မရှိကြတော့ပေ။ ယခုလက်ရှိ အခြေအနေကို တွေ့မြင်လိုက်ရသည့်အခါ သူတို့၏ တိုက်ခိုက်လိုစိတ်များသည် လုံးဝပျောက်ကွယ်သွား ရပြီဖြစ်သည်။ သူတို့၏ အမြင်အရ စစ်သည်‌တော်များ၏ အသိအမှတ်ပြုခြင်းကို ခံရခြင်းသည် ကိစ္စကြီးတစ်ခုဖြစ်သည်။ သူတို့သည် သင်ဒုက္ခရောက်နေသည့် အချိန်များတွင် သင့်ကို ကူညီနိုင်ပေသည်။ ယခင်က ကူသည် တောင်စောင်းတွင် နေထိုင်သည့် စစ်သည်တော် တစ်ယောက်နှင့် သိကျွမ်းသဖြင့် အခြားကလေးများ၏ လေးစားမှုများကို ခံခဲ့ရလေသည်။

ရှောက်ရွှမ် သူ့ပစ္စည်းများကို ပြင်ဆင်လိုက်ပြီး အခြားကလေး လေးယောက်ကို မည်သို့လုပ်ရမည်ကို ညွှန်ကြားလိုက်သည်။

“ ဒါက ရိုးရှင်းပါတယ်။ နောက်ပိုင်းကျရင် ငါ့အမိန့်အတိုင်းပဲ လုပ်။ ပြီးတော့ ငါတို့ ဝေမျှပြီးတော့ ဖမ်းမိတဲ့ငါးကို စားကြတာပေ့ါ “

မျှော်လင့်ထားသည့် အတိုင်းပင် ကလေးလေးယောက်တို့၏ မျက်လုံများသည် ‘စား’ ဟူသည့် စကားကို ကြားလိုက်ရသည်နှင့် တောက်ပသွားခဲ့ကြလေသည်။ သူတို့၏ ရေကို ကြောက်နေသည့် စိတ်များသည်လည်း ပျောက်ကွယ်သွားကြပြီဖြစ်သည်။

ကြိုးသည် အရှည်ကန့်သတ်ချက်ရှိနေပေသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ငါးစာကို ဝေးသည့်နေရာတွင် မချိတ်တော့ပေ။ ထို့အပြင် ဤတစ်ကြိမ်တွင် သူသည် ဆီဆာ၏ အကူအညီကို တောင်းခံခြင်းလည်း မလုပ်တော့ပေ။ ဆီဆာသည်သူတို့ဘေး တွင် သူတို့လုပ်နေသည်များကို ထိုင်ကြည့်နေခဲ့လေသည်။

ကလေးလေးယောက်တို့သည် ကြိုးကိုဆုပ်ကိုင်ထားလိုက်ကြပြီး စိတ်လှုပ်ရှားနေကြလေသည်။ သူတို့အနေဖြင့် ပထမဆုံးအကြိမ်နေနှင့် ရေနေ သတ္တဝါကြီးများကို တွေ့မြင်ရတော့မည့် အချိန်ဖြစ်သည့်အပြင် ငါးမျှားသည်မှာလည်း ပထမဆုံးအကြိမ်သာ ဖြစ်လေသည်။

“ အိုကေ.... ငါတို့အခု တည်တည်ငြိမ်ငြိမ်ရပ်နေရမယ်။ ငါအချက်ပြတာကို စောင့်နေ....... “ ရှောက်ရွှမ် ငါးစာကို ရေထဲသို့ ပစ်ချလိုက်ပြီး ရေမျက်နှာပြင်ကို ကြည့်နေလိုက်သည်။

မကြာမီတွင် ရေအောက်တွင် လှုပ်ရှားမှုအချို့ရှိလာခဲ့လေသည်။ ဤတကြိမ်သည် သူ၏ တတိယအကြိမ် ငါးမျှားခြင်း ဖြစ်သည့်အတွက် ရှောက်ရွှမ်သည် အတွေ့အကြုံရှိနေခဲ့ပြီဖြစ်ကာ နှောင့်နှေးနေခြင်းမရှိပဲ အော်ဟစ်လိုက်သည် “ အခုပဲ ဆွဲတော့ ...... “

ရှောက်ရွှမ်အမိန့်ပေးလိုက်သည်နှင့် ကလေးလေးယောက်တို့သည် ကြိုးကို တင်းကျပ်စွာကိုင်ထားလိုက်ကြပြီး နောက်သို့ခွန်အားအပြည့်ဖြင့် ဆွဲလိုက်ကြသည်။ သူတို့လေးယောက်ပေါင်း၏ ခွန်အားသည် ဆီဆာထက်များပေရာ သူတို့သည် လွယ်ကူစွာဖြင့်ပင် ငါးကို ကုန်းပေါ်သို့ ဆွဲတင်နိုင်ခဲ့သည်။ ထိုငါးသည် မနေ့ကငါးနှင့် အရွယ်အစားအတူတူလောက်သာဖြစ်သည်။

ထိုငါးသည် သေစေနိုင်လောက်သည့် ငါးတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ် သူတို့ကို ရပ်ရန်အမိန့်ပေးလိုက်သည်နှင့် သူတို့သည် ငါးကို သစ်သားတုတ်များဖြင့် ထုရိုက်လိုက်ကြလေသည်။ အထူးသဖြင့် ‘ထူ’ ဖြစ်သည်။ ထူသည် ကြောက်ရွံ့နေခဲ့သော်လည်း ငါးကို ပြင်းထန်စွာဖြင့် ထုရိုက်လိုက်လေသည်။ ထုနေသည့် အချိန်တွင် သူသည် ပြင်းထန်စွာဖြင့်အော်ဟစ်နေခဲ့သည်။ ရှောက်ရွှမ်သည်ပင် သူ့အသံကြောင့် ဒေါသထွက်လာရလေသည်။

“ ရပြီ ရပြီ ... ရပ်လိုက်တော့ “

ရှောက်ရွှမ်သူတို့ကို တားဆီးလိုက်သည်။

အစပိုင်းတွင် ရှောက်ရွှမ်သည် သူတို့ကို ငါးမှာကြမ်းတမ်းနိုင်ကြောင်း‌ ပြောထားခဲ့သည်။ ထို့ကြောင့် သူတို့အနေဖြင့် ရှည်လျားသော လက်နက်များကို ယူဆောင်ထားရန် လိုအပ်ပြီး သူတို့သည် ပြင်ဆင်းသည့်အတိုင်း ကြောက်အားလန့်အားဖြင့် ထုရိုက်ခဲ့သည်။ သူတို့ခွန်အားကုန်ဖြင့် ရိုက်လိုက်ကြခြင်း ဖြစ်ပေရာ ရှောက်ရွှမ် သူတို့ကို တားဆီးလိုက်သည့်အချိန်တွင် ငါးသည် အသားပြားတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။

ထိုအသားပုံကြီးကို မည်သို့ စားရပေတော့မည်နည်း။

ပထမဆုံးငါးကို ပစ်လိုက်ရလေပြီ။ ရှောက်ရွှမ် သူတို့ကို ညွှန်ကြားလိုက်ပြီး နောက်တစ်ကောင် ဖမ်းရန်ပြင်လိုက်သည်။ ဒုတိယတကြိမ်တွင် သူတို့သည် ပို၍ တည်ငြိမ်သွားခဲ့ပြီဖြစ်ပြီး ငါး၏အခြေအနေသည် သိပ်ဆိုးမနေတော့ပေ။ ရှောက်ရွှမ် ငါးကို ရင်ခွဲလိုက်ပြီး အူများနှင့် ကလီစာများကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် စစ်သည်တော်များထံမှ မီးမွေးသည့် အမှုန့်အနည်းငယ်ကို ငှားယမ်းလိုက်ပြီး ငါးကို မီးကင်လိုက်သည်။

ရှောက်ရွှမ် ယမန်နေ့ညက ယူလာခဲ့သည့် ငါးသည် ကြီးမားသည့်ငါးတစ်ကောင်ဖြစ်သည်။ သို့သော်လည်း အရိုးများလွန်းနေပြီး စားသောက်မည့်ကလေးများလည်း များနေခဲ့သည်။ လူတိုင်း စားလိုက်ကြရသည့် ငါးသည် အစိတ်အပိုင်းအနည်းငယ်စီသာ ဖြစ်သည်။ ယခုတွင်ကား ယမန်နေ့ညကနှင့် မတူတော့ပေ။

လူငါးယောက်သည် ငါးမီတာ ရှည်သည့်ငါးတစ်ကောင်ကို စားသောက်လိုက်ကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် အရိုးများပါသော်လည်း အတော်လေး လောက်လောက်ငှငှ စားသောက်လိုက်ရသည်။

ကလေးလေးယောက်စလုံး စိတ်လှုပ်ရှားနေခဲ့ကြသည်။ သူတို့သည် သူတို့၏ စိတ်လှုပ်ရှားမှုများကို မဖော်ပြတတ်တော့သဖြင့် ကျယ်လောင်စွာသာရယ်မော နေလိုက်ကြလေသည်။

“ အရသာ အရမ်းရှိတယ် “ ထူ ပြောလိုက်သည်။

“ ဟုတ်တယ်၊ ဒါက ဦးနှောက်အတွက် ကောင်းတယ် “ ရှောက်ရွှမ် ပြန်ဖြေလိုက်သည်။

“ ဦးနှောက်ဆိုတာ ဘာလဲ .... ။ ဦးနှောက်အတွက်ကောင်းတယ်လား... “ ကလေးတစ်ယောက်က မေးလိုက်သည်။

ရှောက်ရွှမ် တွေးကြည့်လိုက်ပြီး ရိုးရိုးရှင်းရှင်းသာ ရှင်းပြရန် ဆုံးဖြတ်လိုက်သည် “ ဆိုလိုတာကမင်းက ပိုပြီးတော့ သန်မာလာမယ်လို့ ဆိုလိုတာပဲ “

“ ပို... ပို... ပိုသန်မာလာမယ် ဟုတ်လား...... ။ ဆိုလိုတာက ငါတို့ ခွန်အားတွေ ကောင်းလာမှာလား.... ။ မျိုးနွယ်စု စစ်သည်တော်တွေလိုပေါ့ ဟုတ်လား..... “

‘ပါ’ ၏ စကားများကိုကြားလိုက်ရသည့် အချိန်တွင် အခြားကလေးများ ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် တောက်ပနေခဲ့လေသည်။

လိုဏ်ဂူထဲမှ ကလေးများသည် ကြမ်းတမ်းကြပြီး စိတ်မြန်လက်မြန် ရှိကြသော်လည်း သူတို့သည် ခံစားချက်များကို ဖုံးကွယ်ခြင်းမျိုးကို မလုပ်တတ်ကြပေ။ ထို့ကြောင့်ပင် တစ်စုံတစ်ယောက်သည် သူတို့၏ မျက်နှာ အမူအယာများကို ကြည့်ခြင်းအားဖြင့် သူတို့၏စိတ်ကို သိနိုင်ပေသည်။

ကလေးလေးယောက်တို့၏ အမူအယာသည် 'ပြောပြပါ။ ငါတို့ကို ပြောပြပါ...' ဟူသည့် အမူအယာဖြစ်နေခဲ့သည်။ ငါတို့ မင်းဘာပြောပြောယုံတယ်..... ကောင်းတာဆိုရင်ပေါ့......။

ထို့ကြောင့်ပင် ရှောက်ရွှမ် သူ့စကားများကို ပြန်လည် မျိုချထားလိုက်ပြီး ခေါင်းသာညိတ်ပြလိုက်လေသည်။

ရေသည် မြစ်ကမ်းတစ်လျှောက်တွင် တည်ငြိမ်စွာ စီးဆင်းနေခဲ့သည်။ ရေမျက်မှာပြင်သည်လည်း တည်ငြိမ်နေခဲ့လေသည်။

ဤမြစ်ကမ်းတစ်လျှောက်တွင် များစွာသောအန္တရာယ်များ ရှိနေသကဲ့သို့ အခွင့်အရေးများလည်း ရှိနေခဲ့လေသည်။

ဤနေရာတွင် သူတို့သည် ဆောင်းတွင်းကို ဖြတ်ကျော် နိုင်ရန်အတွက် လုံလောက်သည့် အစားအစာများကို ရှာဖွေ၍ ရနိုင်ပေသည်။

All Chapters