← Chapters

နံပါတ်များကို မှတ်သားခြင်းနှင့် ရေတွက်ခြင်း

Vol. 1 Ch. 11

နံပါတ်များကို မှတ်သားခြင်းနှင့် ရေတွက်ခြင်း

Vol. 1 Ch. 11

ထိုရက်များအတွင်း၌ လိုဏ်ဂူထဲနေကြသည့်ကလေးများ အားလုံး အလွန်အမင်းစိတ်လှုပ်ရှားနေကြ၏။ ဆင်းရဲသားတစ်ယောက် ညတွင်းချင်းချမ်းသာသွားသည့် အတိုင်းပင် သူတို့သည် အလွန်အမင်း တက်ကြွနေခဲ့ကြ၏။

ထိုစိတ်လှုပ်ရှားမှုကို ဖော်ပြသည့် နည်းလမ်းမှာမူ တစ်ခုတည်းသာ.... ရန်ဖြစ်ကြခြင်းပင် ။

သူတို့ ငါးမမျှားသည့် အချိန်များတွင် သူတို့သည် လိုဏ်ဂူထဲတွင် ရန်ဖြစ်ခြင်းဖြင့်သာ အချိန်ကို ကုန်ဆုံးစေခဲ့လေ၏။

ယခင်က သူတို့သည် အစားအစာများအတွက် တိုက်ခိုက်ရန်ဖြစ်ခဲ့ကြသည်။ ယခုတွင်မူ သူတို့သည် သူတို့၏ ကိုယ်ပိုင်အစားအသောက်များကို ကာကွယ်ရန်အတွက် တိုက်ခိုက်ကြလေသည်။ တစ်ခါ တစ်ရံတွင် သူတို့သိမ်းထားသည့် ငါးချောက်များကို မှားယွင်းယူဆောင်မိသည့် အချိန်များတွင်လည်း တိုက်ခိုက်ကြပေသေးသည်။

ရှောက်ရွှမ်သည် သေးငယ်သည့်အမဲလိုက်အဖွဲ့များကို ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သဖြင့် သူတို့ရန်ဖြစ်ကြသည့် အချိန်များတွင် တစ်ဦးတစ်ယောက်ချင်း ဖြစ်ရမည့်အစား ကိုယ့်အုပ်စု သူ့အုပ်စု တိုက်ခိုက်ရန်ဖြစ်ခြင်းသို့ ပြောင်းလဲသွားခဲ့ရ၏။ သို့ကြောင့်ပင် အုပ်စုမတူညီသည့် ကလေးများ သည် ရန်ဖြစ်သောအခါတွင် ယခင် အကြိမ်များထက် ပိုမိုပြင်းထန်သည့် တိုက်ပွဲများ ဖြစ်လာကြလေသည်။

ရှောက်ရွှမ် ထိုင်နေလိုက်ပြီး သက်ပြင်းချလိုက်မိသည်။ ဤအရာများကို ဖြစ်စေခဲ့သည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။

ထိုအချိန်တွင် အုပ်စုနှစ်ခု ရန်ဖြစ်နေသည်ကို ကြည့်နေလိုက်ပြီး ဝင်ပေါက် အနီးရှိ ချောမွေ့နေသည့် နံရံကိုသာ ပြန်ကြည့်နေလိုက်သည်။ သူသည် လိုဏ်ဂူထဲမှ ရန်ပွဲကို လုံးဝလျစ်လျု ရှုထားလိုက်၏။

ယခင်က မျိုးနွယ်စုမှ လူများအားလုံး လိုဏ်ဂူထဲတွင် နေထိုင်ခဲ့ကြသည့် အချိန်တွင် သူတို့သည် နံရံများကို ပြောင်ချောနေစေရန် ပွတ်တိုက်ထားခဲ့ကြပြီး အချို့သော လက္ခဏာများကို ထွင်းထုထားခဲ့ကြသည်။ ယခုတွင် ဆက်လက်နေထိုင်ကြသူများသည် ကလေးများသာဖြစ်သဖြင့် နောက်ထပ် ကျောက်ထွင်း အက္ခရာများကိုမတွေ့နိုင်တော့ပေ။ သူတို့အနေဖြင့် တစ်စုံတစ်ခုကို ရေးခြစ်ချင်စိတ်ပေါ်လာသည့်အခါတွင် နံရံအောက်ခြေတွင်သာ ရေးခြစ်ကြလေသည်။ နံရံ၏ မြင့်မားသည့်နေရာများတွင် ရှေးဟောင်းလက်ရာ အကြွန်းအကျန်များသာ ရှိနေခဲ့သည်။

နံရံပေါ်ရှိ လက်ရာများသည် အနက်မတူကြပဲ မတူညီသည့် ပုံစံများကို ရေးဆွဲထားခဲ့ခြင်း ဖြစ်သည်။ အချို့သော ပုံများကို အပင်များမှ ရရှိသော ဆိုးဆေးများဖြင့် ရေးဆွဲထားပြီး အချို့ကို ကျောက်တုံးဓါးများဖြင့် ရေးထွင်းထားကြသည်။ လက်ရာအများစုသည် အ‌ရောင်အဆင်း မရှိကြတော့ပဲ ပုံပျက်နေကြပြီဖြစ်သည်။ သူတို့၏ မူလ ဆိုလိုရင်း အဓိပ္ပာယ်များကိုပင် မသိနိုင်ကြတော့ပေ။

ရှောက်ရွှမ် အလွန်အမင်းတက်ကြွနေခဲ့ကြသည့် ကလေးများကို ခေါ်ယူစုဝေးစေလိုက်ပြီး ကျောက်တုံးများဖြင့် နံရံကို ပြောင်ချောနေစေရန် ပွတ်တိုက်ခိုင်းလိုက်လေသည်။

လိုဏ်ဂူထဲတွင် အနည်းငယ်ကြီးမားသည့် ကျောက်တုံး တစ်ချို့ရှိနေခဲ့သည်။ ကလေးများသည် ထိုကျောက်တုံးများကို အတူအကွ သယ်ယူလိုက်ကြလေသည်။ ကလေးများ၏ အရပ်သည် ပုနေသေးသဖြင့် သူတို့ ထိုကျောက်တုံးများပေါ်သို့ တက်မှသာ နံရံ၏ အမြင့်ပိုင်းနေရာများကို လက်လှမ်းမီနိုင်လိမ့်မည် ဖြစ်သည်။

သူတို့၏ အားလပ်ချိန်တွင် လုပ်စရာ တစ်ခုကို ရသွားသဖြင့် ကလေးများ အနည်းငယ်ငြိမ်သက်သွားကြလေသည်။ ထို့အပြင် ထိုအရာကို လုပ်ဆောင်ရန် အမိန့်ပေးသူမှာ ရှောက်ရွှမ်ဖြစ်သဖြင့် သူတို့ အနေဖြင့် ငြင်းပယ်ရန် ဆန္ဒမရှိကြပေ။ သူတို့ ကျောက်တုံးများကို ကောက်ကိုင်လိုက်ကြပြီး နံရံကို ပြောင်ချောစေရန် စတင်လုပ်ဆောင်လိုက်ကြသည်။

ယခင်နေထိုင်သွားကြသူများကြောင့် နံရံသည် ပြောင်ချောနေပြီးသား ဖြစ်နေခဲ့သည်။ သူတို့အနေဖြင့် ကျောက်တုံးအချို့ဖြင့် ယခင်အကြွင်းအကျန် အမှတ်အသားများကို ပွတ်တိုက်ဖျက်ဆီးရန်သာ လိုအပ်ပေသည်။ သူတို့အလုပ်ပြီးလု အချိန်တွင် ရှောက်ရွှမ် ကျောက်တုံးကြီးတစ်ခုပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး လက်ထဲတွင် မီးကျွမ်းသစ်သားစ တစ်ခုကို ဘောပင်တစ်ခုအနေဖြင့် ကိုင်ထားလိုက်သည်။ သူသည် နံရံထက်တွင် အုပ်စုငါးခုကို ကိုယ်စားပြုသည့် ဂဏန်း ငါးခုကို ရေးလိုက်၏။ ထို့နောက်တွင် ကလေးများကို သူတို့မည်သည့်အုပ်စုတွင် ပါဝင်နေသည်ကို ရှင်းပြလိုက်လေသည်။ ထို့နောက် ရှောက်ရွှမ်သည် အုပ်စုတွင်ပါဝင်နေသည့် ကလေးများ၏ အမည်များကိုပင် ရေးချလိုက်သေးသည်။

မကြာခန မျိုးနွယ်စုသည် တစ်စုံတစ်ယောက်ကို စေလွှတ်တတ်ပြီကလေးများကို သင်္ချာရေတွက်ခြင်းနှင့် အခြေခံ ဗဟုသုတများကို သင်ကြားပေးတတ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် သူတို့မျိုးနွယ်စု၏ ဘာသာစကားကို တတ်ကျွမ်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လိုဏ်ဂူထဲမှ ကလေးအများစုသည် သင်ယူလိုစိတ်မရှိကြပေ။ သူတို့အနေဖြင့် အရာအားလုံးသည် အသစ်အဆန်းများ ဖြစ်နေခဲ့၏။ ရှောက်ရွှမ် တစ်ယောက်သာ မျိုးနွယ်စုမှ ဆရာလာရောက်သင်ကြားပေးသည့် အချိန်တွင် အာရုံစိုက်တတ်ခြင်း ဖြစ်သည်။

လိုဏ်ဂူထဲမှ ကလေးများတွင် သူတို့အမည်ကို ရေးထွင်းထားသည့် ကျောက်ပြားများရှိနေကြသည်။ သူတို့အားလုံးသည် စာရေးစာဖတ် မတတ်ကျွမ်းကြသော်လည်း သူတို့၏ အမည်များကိုမူ သိထားကြလေသည်။

အုပ်စုများနှင့် အမည်များကို ရေးချထားလိုက်ပြီးနောက် သူတို့ဖမ်းယူလာခဲ့ကြသည့် ငါးများ၏ အရေအတွက်များကို နံရံပေါ်တွင် မှတ်တမ်းတင်လိမ့်မည် ဖြစ်သည်။ အစပိုင်းတွင် ရှောက်ရွှမ်သည် သူတို့ဖမ်းယူလာခဲ့သည့်ငါးများကို မှတ်သားရန်အတွက် ရိုးရှင်းသော စကားလုံးများကို အသုံးပြုရန် စီစဉ်ခဲ့သည်။ သို့သော်လည်း ကလေးများသည် ထိုမျှဖြင့် ကျေနပ်နေကြခြင်း မရှိကြပေ။ နံရံပေါ်တွင် ချိတ်ဆွဲထားသည့် ငါးများကို ကြည့်လိုက်ပြီး ရှောက်ရွှမ် ငါးများကို တုတ်ချောင်းပုံသဏ္ဍာန်ဖြင့် နံရံပေါ်တွင် ရေးဆွဲလိုက်သည်။ ထိုငါးသည် အလွယ်တကူ သိရှိနိုင်ပြီး ရေးဆွဲရန်လည်း လွယ်ကူပေသည်။

နောက်ဆုံးတွင် ကလေးများအားလုံး ကျေနပ်သွားကြ၏။ ထို့နောက် သူတို့သည် အုပ်စုထဲမှ အတော်ဆုံးသော ကလေးကို ခေါ်လိုက်ကြပြီး ချိတ်ဆွဲထားသည့် ငါးများနှင့်နံရံပေါ်တွင် ရေးဆွဲထားသည့် ငါးများ အရေအတွက် ကိုက်ညီမှု ရှိမရှိကို စစ်ဆေးစေလိုက်သည်။

ရှောက်ရွှမ်သည် ငါးတစ်ကောင်ကို တစ်ချက်တည်းဖြင့်‌ရေးဆွဲထားခြင်းဖြစ်ပြီး နံရံပေါ်တွင် ငါးဒါဇင်ပေါင်းများစွာ ရှိနေခဲ့သည်။ ထို့ကြောင့် သူသည် ရေးဆွဲခြင်းကို အချိန်အတန်ကြာ ယူလိုက်ရလေသည်။ ထို့အပြင် နံရံသည် အလွန်ပင် ကြီးမားကျယ်ပြန့်လေ၏။ ရေးဆွဲမည်ဆိုလျှင် ငါးထောင်ပေါင်းများစွာ၏ ပုံရိပ်များကို ရေးဆွဲနိုင်ပေသည်။

နံရံ၏အထက်တွင် လေဝင်ပေါက် တစ်ခုရှိနေခဲ့သည်။ နေ့အခါတွင် နေရောင်သည် နံရံပေါ်သို့ ဖြာကျလေသည်။ ထို့ကြောင့် ရေးဆွဲထားသည့် ငါးပုံများကို ရှင်းလင်းစွာပင် မြင်နေရလေ၏။

ထို့ကြောင့် ငါးဖမ်းမထွက်ဖြစ်သည့် နေ့တိုင်းတွင် ကလေးများသည် ထိုင်နေကြပြီး ကောက်ရိုးကြိုးများကို ပြုလုပ်နေကြကာ နံရံပေါ်မှ ငါးပုံများကို ကြည့်ပြီး နံရံတွင် ချိတ်ဆွဲထားသည့် ငါးများနှင့် အရေအတွက် တူမတူကို စစ်ဆေးနေလေ့ ရှိကြသည်။ ထို့ကြောင့်ပင် သူတို့၏ သင်္ချာရေတွက်ခြင်း အလေ့အထသည် လျင်မြန်စွာပင် တိုးတက်လာခဲ့လေသည်။

အစပိုင်းက ရေတွက်ခြင်းကို မတတ်ခဲ့ကြသည့် ကလေးများပင် ယခုဆိုလျှင် ကိန်းဂဏန်းများကို ရေတွက်တတ်နေကြပြီ ဖြစ်သည်။

“ အားရွှမ် .... ဆယ့်နှစ်ကလေ ၊တစ်ဆယ်ပြီးရင်လာတဲ့ဟာလား “

“ မဟုတ်ဘူး တစ်ဆယ်ပြီးလာတာက ဆယ့်တစ် “

“ ဟုတ်ပြီလေ၊ ဆယ့်တစ်၊ ဆယ့်နှစ်၊ ဆယ့် သုံး ၊ ဆယ့်လေး ..... မဟုတ်သေးဘူ။ အားရွှမ် ဘာလို့ ငါတို့အုပ်စုမှ ငါး ဆယ့်လေးကောင်ပဲရှိနေရတာလဲ။ နံရံပေါ်မှာ ရှိနေတာက ဆယ့်ငါးကောင်လေ။ တစ်ကောင်ပျောက်နေတာပေါ့ ၊ ဘယ်သူငါတို့ ငါးကိုယူသွားတာလဲ “

စကားမဆုံးသေးမီမှာပင် ထိုကလေးသည် သူ့အုပ်စုထဲမှ ကလေးလေးယောက်နှင့်အတူ တုတ်များ ကျောက်တုံးများကို ကိုင်လိုက်ပြီး ကြောက်မက်ဖွယ် အကြည့်များ ဒေါသထွက်နေသည့် မျက်လုံးများဖြင့် လိုဏ်ဂူထဲမှ ကလေးများကို လိုက်ကြည့်နေလေ၏။

ရှောက်ရွှမ် သက်ပြင်းချလိုက်ပြီး သစ်ကိုင်းဖြင့် နံရံကို ညွှန်ပြလိုက်သည် ။ “ နံရံပေါ်က ငါးကို ခြစ်ထားတာကို မင်းတို့မတွေ့ဘူးလား။ ဆိုလိုတာက မင်းတို့အဲ့ဒီငါးကို စားလိုက်ပြီလို့ ဆိုလိုနေတာပဲ။ မနေ့ညကပဲ မင်းတို့ စားလိုက်ကြတာလေ။ မယုံရင် ပြန်အန်ထုတ်ကြည့်ကြပါလား .... “ ငါ မင်းတို့ကို ကူညီပေးနိုင်ပါတယ် “

“ ... ဟုတ်တယ်ဟ “ ကလေးတစ်ယောက် ခေါင်းကုတ်လိုက်ပြီး ပြန်စဉ်းစားလိုက်ကာ ပြောလိုက်သည်။ သူသည် လက်ထဲမှ တုတ်ချောင်းကို ပြန်ချထားလိုက်ပြီး အခြားကလေးများနှင့်အတူ ထိုင်နေလိုက်သည်။ သူတို့သည် ကောက်ရိုးကြိုးများကို ဆက်လက်ပြုလုပ်နေကြပြီး မည်သည့်ကိစ္စမှ မဖြစ်ခဲ့သည့် ပုံဖြင့် နေနေခြင်း ဖြစ်လေသည်။

“ အားရွှမ် ငါ ဦးလေး ကော ဆီကနေ ကြားတာတော့ မနက်ဖြန် ရာသီဥတုသာယာမယ်တဲ့။ ငါတို့မနက်ဖြန် မြစ်ကမ်းနားသွားကြမလား” ကလေးတစ်ယောက် မျှော်လင့်ချက်ကြီးစွာဖြင့် မေးလာခဲ့သည်။

ကလေးများ အားလုံး၏ အာရုံသည် ရှောက်ရွှမ်ဆီသို့ ကျလာခဲ့ပြီး သူ့ကို စိုက်ကြည့်နေခဲ့ကြလေသည်။ အကယ်၍ ရှောက်ရွှမ်သာ ‘ မသွားဘူး ‘ဟု ပြောလာခဲ့လျှင် သူတို့၏ နှလုံးသားများ ကွဲကြေတော့မည့် ပုံစံဖြင့် ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

“ အေး... မနက်ဖြန်ငါတို့ ငါးဖမ်းထွက်ကြတာပေါ့ “

ရှောက်ရွှမ် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး လိုဏ်ဂူအပြင်ဖက်သို့ထွက်လာ ခဲ့လိုက်သည်။

ယခုတွင် ထိုဒါဇင်များစွာသော ကလေးများသည် အတူတကွ အလုပ်လုပ်နေခဲ့ကြပြီ ဖြစ်သည်။ သူတို့သည် ငါးဖမ်းရမည်ကို တက်ကြွနေခဲ့ကြ၏။ သူတို့အနေဖြင့် အတူတူလုပ်‌ဆောင်ခြင်းဖြင့် အားလုံး အကျိုးရှိကြောင်းကို သိလာခဲ့ကြပြီဖြစ်သည်။

ရှောက်ရွှမ်သည် ငါးဖမ်းရန်အတွက် မျိုးနွယ်စုထဲမှ ပိုးကောင်အမျိုးမျိုးနှင့် စမ်းသပ်ကြည့်ခဲ့သည်။ သို့ရာတွင် ကျောက်တုံးတီကောင်များလောက် ကောင်းသည့် ပိုးကောင် မရှိနေပေ။ အမိန့်ကို မနာခံပဲ တစ်‌ဦးတစ်ယောက်တည်း လုပ်ဆောင်တတ်သည့်ကလေးများကို ကျောက်တုံးတီကောင် မပေးပေ။

“ စည်းကမ်းမလိုက်နာဘူး၊ ဒါကိုတောင် မင်းက ကျောက်တုံးတီကောင် လိုချင်သေးတာလား ။ ကောင်းပြီလေ မင်းဘာသာ သွားရှာပေါ့ “ ။

ဆီဆာသာမရှိလျှင် သူတို့သည် ကျောက်တုံး တီကောင် အနည်းငယ်ကို ရရှိနိုင်ရန်အတွက် တစ်နေကုန် အချိန်ပေးရလိမ့်မည် ဖြစ်သည်။ ထိုကျော်တုံးတီကောင်များသည် သာမန်တီကောင်များထက် ပိုမို လျင်မြန်ကြသည်။ သူတို့ကို မြင်သည်နှင့် ချက်ချင်းမဖမ်းနိုင်လျှင် ဖမ်းယူနိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် လူတိုင်းသည် ကျောက်တုံးတီကောင်များကို ရနိုင်ရန်အတွက် ဆီဆာကိုသာ အားကိုးနေရလေသည်။

သူတို့အတူတူအလုပ်လုပ်ကြသည့် ဒုတိယ အကြောင်းပြချက်တစ်ခုမှာ သူတို့အနေဖြင့် အနက်ရောင်ပူပေါင်းများကို ကိုယ်တိုင် မရှာနိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့အနေဖြင့် ထိုအရာမရှိပဲ နှင့် ငါးမြားရန်မဖြစ်နိုင်ပေရာ။ သူတို့ထိုပူပေါင်းကို ရယူလိုလျှင် အနက်ရောင် ရွံ့နွံအိုင်သို့ ကိုယ်တိုင်သွားမှသာ ဖြစ်နိုင်လိမ့်မည် ဖြစ်သည်။ ရှက်ဖွယ်တစ်ခုမှ ဆီဆာမှလွဲ၍ မည်သူမှ ထိုနေရာသို့ သွားရဲကြခြင်း မရှိခြင်းပင်ဖြစ်သည်။

ထိုအကြောင်းပြချက်များကြောင့် ဆီဆာသည် လိုဏ်ဂူထဲတွင် အဆင့်အတန်းမြင့်သည့် နေရာတစ်ခုကို ရလာခဲ့သည်။ အနည်းဆုံးတော့ ကလေးများသည် သူ့အား အစာအသောက်တစ်ခုအဖြစ် မမြင်ကြတော့ပေ။ အချို့ထက်မြက်သည့် က‌လေးများသည် ဆီဆာကို ဖားလျားရန်ပင် သင်ယူနေကြပြီဖြစ်သည်။ ဆီဆာ တိရိစ္ဆာန် အရိုးများကို ကြိုက်နှစ်သက်သည်ကို သိထားကြသဖြင့် သူတို့သည် သူ့အား ငါးအရိုးများကို ပစ်ကျွေးကြလေသည်။ သို့သော်လည်း ဆီဆာသည် ငါးအရိုးများကို စိတ်ဝင်စားခြင်း မရှိပေ။

မည်သို့ပင်ဖြစ်စေ ထိုကလေးများသည် ဆီဆာနှင့် ဆက်ဆံရေးအဆင်ပြေလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ် အနေဖြင့် သူတို့စုပေါင်းပြီး ဆီဆာကို စားသောက်လိုက်မည်ကို ကြောက်နေစရာ မလိုတော့ပေ။

နော်တစ်နေ့တွင် ရှောက်ရွှမ်ကို ကလေးများ လာနှိုးကြလေသည်။ ထို့နောက်တွင် သူတို့အားလုံး ကျောက်တုံးတီကောင်များကို ရယူနိုင်ရန်အတွက် ကျောက်စရစ်ခဲ ကွင်းပြင်ဆီသို့ သွားလိုက်ကြသည်။ ဆီဆာ တစ်ကောင်ဖမ်းမိတိုင်း ရှောက်ရွှမ်သည် အုပ်စုတစ်ခု၏ ခေါင်း‌ဆောင်ကို မျှဝေပေးလေသည်။

ကျောက်တုံးတီကောင်တစ်ကောင်ကို နှစ်ကြိမ် သုံးကြိမ်ခန့်အထိ အသုံးပြုနိုင်ပေသည်။ တီကောင်တစ်ကောင်ကို တူးလိုက်ပြီးသည့် အချိန်တိုင်း ကလေးများသည် တီကောင်ကို နှစ်ပိုင်းပိုင်း လိုက်ကြသည်။ မိနစ်အနည်းငယ် ကြာပြီးသည့် အချိန်တွင် တီကောင်သည် မတူညီသည့် အကောင်နှစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အချိန်လုံလုံလောက်လောက်သာ ပေးမည်ဆိုလျှင် ထိုတီကောင်များသည် ယခင် အရွယ်အစား အတိုင်း ပြန်လည် ကြီးထွားလာနိုင်ပေသည်။

သူတို့အားလုံးကို ပြင်ဆင်ပြီးသည့်အချိန်တွင် ရှောင်ရွှမ် သူတို့အားလုံးကို မြစ်ကမ်း‌ဘေးသို့ ခေါ်သွားလိုက်သည်။

အစောင့်များသည် ယခင်က အစောင့်များ မဟုတ်ကြ‌တော့ပေ။ သို့သော်မကြာခင်ပင် ရှောက်ရွှမ် သူတို့နှင့် ရင်းနှီးသွားလေသည်။

ဤနေ့ရက်များတွင် သူတို့အားလုံးသည် ဤကလေးများ ငါးမျှားနေကြသည်ကို မြင်တွေ့နေခဲ့ရသည်။ ရှောက်ရွှမ်သည် သူတို့ကို ငါးတစ်ကောင် လက်ဆောင်ပေးလေ့ရှိပေသည်။ ထို့ကြောင့်ပင် စစ်သည်တော်များသည် ရှောက်ရွှမ်တို့အပေါ်တွင် အကောင်းမြင်စိတ်ရှိနေကြသည်။ သူတို့အနေဖြင့် လိုဏ်ဂူအတွင်းမှကလေးများကို မြင်သည့်အမြင်သည်လည်း ပြောင်းလဲလာခဲ့လေပြီ။

မြစ်ပြင်ကျယ်ကို မြင်တွေ့လိုက်ရသဖြင့် ကလေးများအားလုံး စိတ်လှုပ်ရှားသွားကြလေသည်။ သူတို့သည် ငါးမျှားရန် ပြင်ဆင်လိုက်သော်လည်း ရှောက်ရွှမ် သူတို့ကို တားဆီးထားလိုက်သည်။

“ ရပ်လိုက်။ နောက်ပြန်ဆုတ်... မင်းတို့အားလုံး ..... ရေကို သွားမထိသေးနဲ့ဦး။ ငါးစာကို ရေထဲမချသေးနဲ့ “

ရှောက်ရွှမ် ရှေ့ဆုံးမှ ကလေးတစ်ယောက်ကို ဆွဲယူကာ နောက်သို့ပို့လိုက်ပြီး ရေမျက်နှာပြင်ကို ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ယနေ့တွင် တစ်စုံတစ်ခု မှားယွင်းနေလေပြီ။

All Chapters