← Chapters

မော့-အာ

Vol. 1 Ch. 13

မော့-အာ

Vol. 1 Ch. 13

စိုင် နှင့် သူ့လူနှစ်ယောက်တို့သည် လိုဏ်ဂူထဲမှ ကလေးများ၏ လိုက်လံဖန်းဆီးခြင်းကို ခံလိုက်ရပြီး ကြွက်များကဲ့သို့ထွက်ပြေး သွားကြလေသည်။

နေ့လည်ဖက်သို့ရောက်သည့် အချိန်တွင် မျိုးနွယ်စုမှ လူများအားလုံးသည် အံ့သြဖွယ် မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရ၏။ ယခင်က စိုင်၊ ကျန်းနှင့် ယဲ့တို့သည် အခြားသူများကို အနိုင်ကျင့်ကြသည့် လူများ ဖြစ်ကြသည်။ ယခင်က လိုဏ်ဂူထဲမှ ကလေးများသည် ထိုမျှလောက် စည်းလုံးကြခြင်းလည်း မရှိကြပေ။ သူတို့သည် တစ်ယောက် ချင်းစီသာ နေထိုင်လေ့ရှိကြပြီး သူတို့ထဲမှ တစ်ဝက်ခန့်သည် စိုင် ရိုက်ပုတ်သည်ကို ခံခဲ့ဖူးသူများ ဖြစ်ကြသည်။ သို့သော်လည်း ယခုတွင် သူတို့သည် စည်းလုံးနေကြလေပြီ။ အယောက်နှစ်ဆယ်ကျော်သည့် ကလေးများသည် စိုင်နှင့် ကျန်နှစ်ယောက်တို့ကို လိုက်လံဖမ်းဆီးနေကြ၏။ အချိန်တိုလေး အတွင်းမှာပင် စိုင်တို့သုံးယောက်လုံး အရိုက်ခံလိုက်ကြရသည်။ သူတို့၏ မိဘများ လာရောက်ကယ်တင်ခြင်း မရှိခဲ့လျှင် သူတို့သည် ထို့ထက်ပိုပြီးနာကျင်ကြရပေလိမ့်မည်။

ထိုမြင်ကွင်းသည် တောင်ခြေဒေသတွင် နေထိုင်ကြသည့် မျိုးနွယ်စုများကို လိုဏ်ဂူထဲမှ ကလေးများနှင့် ပတ်သက်ပြီး အမြင် အသစ်များကို ဖြစ်စေခဲ့သည်။ ကြည့်ရသည်မှာ ထိုကလေးများသည် ဘုံရန်သူတစ်ယောက်ကို တိုက်ခိုက်ရာတွင် စည်းလုံးကြသည့်ဟန် ရှိသည်။ ထိုအခြေအနေများကို မြင်လိုက်ရပြီး မကောင်းသည့်စိတ်ရှိနေခဲ့ကြသည့် လူအများသည် သူတို့၏ အတွေးများကို ပြန်လည် ပြင်ဆင်လိုက်ကြရသည်။

တိုက်ခိုက်ရန်ဖြစ်ခြင်းသည် မည်သို့မှ ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။ မျိုးနွယ်စုမှကလေးများသည် တိုက်ခိုက်ရန် တွေဝေနေကြခြင်း မရှိကြပေ။ လူကြီးများသည်လည်း ထိုကိစ္စများကို အ‌ရေးမလုပ်ကြပေ။ သို့သော်လည်း ထိုအရာသည် လူတစ်ယောက်ကို လူအယောက် နှစ်ဆယ်ခန့်က ဝန်းရံတိုက်လိုက်သည့် အချိန်တွင် ပြောင်းလဲသွားခဲ့သည်။ တုံးအသည့်လူများသာ ထိုကဲ့သို့သော ပြဿနာမျိုးကို ရှာပေလိမ့်မည်။

စိုင်ကို ကိုင်တွယ်ပြီးနောက်တွင် ရှောက်ရွှမ် ဒေါသထွက်နေကြသေးသည့် ကလေးများကို လိုဏ်ဂူဆီသို့ ပြန်ခေါ်လာလိုက်သည်။ သူတို့၏ စိတ်များသည် အနည်းငယ် တည်ငြိမ်သွားကြပြီဖြစ်သည်။ သူတို့အနေဖြင့်လုပ်ရန် အလုပ်များ ရှိနေကြပေသေးသည်။

ရှောက်ရွှမ် သူ၏ငါးများကို တိရိစ္ဆာန်သားရေများ ဖြင့် လဲလှယ်နေသည်ကို ကလေးများ တွေ့ဖူးခဲ့ကြသည်။ ထို့ကြောင့် သူတို့လည်း သူတို့၏ ငါးများကို ယူလာပြီးထိုသို့လဲလှယ်ပေးရန် ရှောက်ရွှမ်ကို ပြောလာကြသည်။ အုပ်စုခွဲခေါင်းဆောင် ကလေးများသည် အရူးများမဟုတ်ကြပေ။ သူတို့အနေဖြင့် မျိုးနွယ်စုမှ အခြားသူများနှင့်ဆက်ဆံလိုစိတ်သိပ်မရှိသည့် အတွက် ရှောက်ရွှမ်ကိုသာ သူတို့အစား ကုန်သွယ်မှုကို လုပ်ခိုင်းကြလေသည်။

ကလေးများ၏ မှတ်ဉာဏ်များအတွင်းတွင် သူတို့အနေဖြင့် ဆောင်းရာသီမရောက်လာမီ မှတ်သားထားရမည့် အချက်နှစ်ခု ရှိနေသည်ကို မှတ်မိနေကြသည်။ တစ်ခုသည် အစားအသောက် ဖြစ်ပြီး နောက်တစ်ခုသည် တိရိစ္ဆာသားရေများ ဖြစ်ကြသည်။ အစားအစာသည် သူတို့ကို ငတ်ပြတ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး၊ သားရေချပ်များသည် သူတို့ကို အေးခဲမှုမှ ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။ မျိုးနွယ်စုသည် သူတို့ကို ဆောင်းတွင်းအသုံးပြုနိုင်ရန်အတွက် သားရေချပ်များကို ပေးလေ့ရှိသော်လည်း ရာသီဥတုကြမ်းတမ်းမှုနှင့် သားရေချပ်ပြားမလုံလောက်မှုကြောင့် ဖျားနာကြသည့် ကလေးများရှိကြလေ၏။ အချို့ကလေးများသည် အရှုံးပေးလိုက်ကြရပြီး သေဆုံးကုန်ကြလေသည်။ ထိုမှတ်ဉာဏ်များသည် ကလေးများတွင် ရှိနေဆဲဖြစ်ပြီး ဆောင်းရာသီ မည်မျှ ကြောက်စရာကောင်းကြောင်းကို သူတို့နားလည် နေကြသည်။ သူတို့၏ အဖော်များသည် အချိန်မရွေးသေဆုံးနိုင်သည် ဆိုသည်ကိုလည်း သူတို့သိထားကြသည်။ ထို့ကြောင့် သူတို့တွင် ယခု အစားအသောက်များ အပိုရှိနေလျှင် သားရေချပ်များဖြင့် လဲလှယ်ထားခြင်းသည် ကောင်းမွန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်လေသည်။

ကလေးတစ်ယောက် ရှောက်ရွှမ်ကို အကူအညီတောင်းလိုက်သည်နှင့် အခြားကလေးများလည်း လိုက်လုပ်လိုက်ကြသည်။

ရှောက်ရွှမ်သည် ကျောက်တုံးနံရံပေါ်တွင် မည်သည့်အုပ်စုက ငါးဘယ်နှကောင် ပိုသည်ကို မှတ်တမ်းတင်လိုက်သည်။ ထို့နောက်တွင် သူသည် သားရေချပ်များနှင့်လဲလှယ်လိုက်ပြီး သက်ဆိုင်ရာအုပ်စုများကို ဝေငှပေးလိုက်သည်။

သူနံရံပေါ်တွင် ရေးခြစ်နေစဉ်မှာပင် တစ်စုံတစ်ယောက် လိုဏ်ဂူထဲသို့ ဝင်လာခဲ့သည်။

ထိုလူဝင်လာသည်ကို တွေ့လိုက်သဖြင့် ကလေးများအားလုံးအသက်အောင့်ထားမိကြပြီး ထိုလူကို စိုက်ကြည့်နေမိကြသည်။ ထို့နောက် ကလေးများသည် ငါးယောက်တစ်စု မတ်တပ်ရပ်လိုက်ကြလေသည်။

ရှောက်ရွှမ် ဝင်လာသည့် လူကိုသိလိုက်သည်။ သူသည် လိုဏ်ဂူထဲတွင်ပင်နေထိုင်သည့် ကလေးတစ်ယောက် ဖြစ်ပြီး သူ့နာမည်သည် ‘မော့အာ ‘ ဖြစ်သည်။ သူ၏ဖခင်သည် ထက်မြက်သည့် စစ်သည်တော်တစ်ယောက် ဖြစ်ခဲ့သော်လည်း သူသည် အမဲလိုက် တာဝန်တစ်ခုတွင် မတော်တဆတစ်ခုကို ကြုံခဲ့ရသည်။ ထို့နောက်တွင် မော့အာ၏ မိခင်သည် နောက်တစ်ကြိမ် လက်ထပ်လိုက်သည်။ မျိုးနွယ်စုစည်းကမ်းများအရ မော့အာသည် သူ့မိခင် နောက်ထပ်လက်ထပ်လိုက်သည့် မိသားစုထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။ သို့သော်လည်း ထိုမိသားစုတွင် ကလေးတစ်ယောက်ထက်မက များနေခဲ့သည်။ အငြင်းပွားမှုများလည်း ရှိနေပြီး တိုက်ခိုက်ခြင်းနှင့် အကြမ်းဖက်ခြင်းတို့ကို ရှောင်လွဲ၍မရနိုင် ဖြစ်နေခဲ့သည်။

မောအာ၏ နာမည် အစစ်အမှန်သည် ‘အာ’ ဖြစ်သည်။ သို့သော် သူ့ဖခင်၏အမည်သည် ‘မော့’ ဖြစ်သဖြင့် သူသည် နာမည်နှစ်ခုကို ပေါင်းလိုက်ပြီး သူ့ကိုယ်သူ မော့အာ ဟု ခေါ်တွင်ခဲ့သည်။

မော့အာသည် သူ့အရပ်ခန့်ရှိမည့် ကျောက်တုံး ဓါးတစ်ချောင်းကို သယ်ဆောင်ထားခဲ့သည်။

ထို့နောက်တွင် သူသည် လိုဏ်ဂူတစ်ခုလုံးကို အကဲခတ်နေလိုက်သည်။ သူသည် စပ်စုစွာဖြင့် ကြည့်နေလိုက်ပြီး နံရံပေါ်တွင် ကြီးမားသော ပါးစပ်ကြီးများနှင့်ငါးများသည် နက်မှောင်သော မျက်လုံများနှင့် သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။

မော့အာ ချက်ချင်းပင် နောက်သို့ဆုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် တောင့်တင်းသွားခဲ့ပြီး သူ့နောက်ကျောတွင် ချိတ်ဆွဲထားသည့် ကျောက်တုံးဓါးရှည်ကို ဆွဲယူလိုက်သည်။

မော့အာ ဓါးဆွဲထုတ်လိုက်သည်ကို လိုဏ်ဂူထဲမှ ကလေးများ နားလည်မှုလွဲသွားခဲ့သည်။ သူတို့သည် မော့အာက သူတို့၏ ငါးများကို လုယက်ရန် လာသည်ဟု ထင်သွားကြပြီး သူတို့လက်ထဲတွင် တုတ်ချောင်းများကို ဆုပ်ကိုင်လိုက်ကြကာ မတ်တပ်ရပ်လိုက်ကြပြီး မော့အာကို စိုက်ကြည့်နေလိုက်ကြသည်။

ဘာလဲ.... ငါတို့ရဲ့ ငါးတွေကို လုချင်တာလား .... ။

သူတို့သည် လိုဏ်ဂူတစ်ခုထဲတွင် နေကြသော်လည်း ရှောက်ရွှမ်သူတို့ကို ငါးယောက် တစ်အုပ်စုအဖြစ် ခွဲလိုက်ပြီးသည့် အချိန်မှ စကာ သူတို့အနေဖြင့် သူတို့၏ အုပ်စုထဲတွင် မပါသည့်လူများသည် အပြင်လူများသာ ဖြစ်ကြလေသည်။

“ ကောင်းပြီလေ မင်းတို့လက်ထဲက ဓါးတွေနဲ့ တုတ်ချောင်းတွေကို ချထားလိုက်ကြပါ။ ဟေး ဟိုက ကျောက်တုံးနဲ့တစ်ယောက် ... ငါမင်းလက်ထဲမှာ ဖွက်ထားတဲ့ ကျောက်တုံးကို မမြင်ဘူးလို့ထင်နေတာလား .... လွှတ်ချထားလိုက်စမ်း “ ရှောက်ရွှမ် လိုဏ်ဂူထဲမှ ကလေးများကို အော်ပြောလိုက်သည်။ ထို့နောက် သူ မော့အာ ထံသို့ လမ်းလျှောက်လာလိုက်ပြီး နံရံတွင် ချိတ်ဆွဲထားသည့် ငါးများကို လက်ညိုးထိုးပြလိုက်ကာ ပြောလိုက်သည်

“ သေနေပြီ “။

မော့အာ မျက်မှောင်ကြုတ်သွားခဲ့ပြီး ကြီးမားသည့်ပါးစပ်များနှင့် သေးငယ်ချွန်ထက်သည့် သွားများရှိနေသည့် ငါးများကို စိုက်ကြည့်လိုက်သည်။ သူတို့သေနေပြီဖြစ်ပြီး သူ့ကို အန္တရာယ်‌ မပေးနိုင်တော့ကြောင်းသေချာ သွားသည့်အချိန်မှသာ သူ့လက်ထဲမှ ဓါးကို နောက်ကျောတွင် ပြန်ချိတ်ထားလိုက်သည်။ သူ့အနေဖြင့် ထိုမျှကြီးမားသည့် ဓါးကြီးကို ရေရှည်ကိုင်ထားရန်မှာ မဖြစ်နိုင်ပေ။ ဓါးကိုသိမ်းလိုက်ပြီးနောက် မော့အာသည် သူ့ပတ်ဝန်းကျင်ကို နောက်တဖန် ပြန်ကြည့်လိုက်သည်။

ထို့ကြောင့် ရှောက်ရွှမ် အနေဖြင့် သူသည် ‘ခူ’ ကိုလိုက်ရှာနေခြင်းဖြစ်ကြောင်း ခန့်မှန်းလိုက်သည်။

“ခူက တောင်ဘေးဒေသ ကို ဆောင်းရာသီတစ်ခုလုံး သွားနေနေပြီ။ ဆောင်းရာသီပြီးမှ သူပြန်လာမှာ။ ဦးလေး ကောက ဒီလိုဏ်ဂူရဲ့ခေါင်းဆောင်အဖြစ် ငါ့ကိုခန့်ထားတယ် “

မော့အာ ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှ မပြောခဲ့ပေ။ သူ့အနေဖြင့် လိုဏ်ဂူခေါင်းဆောင် မည်သူဖြစ်ဖြစ် အရေးမကြီး‌ပေ။ ဓါးကိုပြန်သိမ်းလိုက်ပြီး မော့အာလိုဏ်ဂူအနက်ပိုင်းဆီသို့ ပြန်ဝင်သွားလိုက်သည်။ ယခင်အကြိမ်များနှင့်မတူသည်မှာ မျက်လုံးများစွာသည် သူ့ကို မလိုလားသည့် အကြည့်များဖြင့် စိုက်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။ ယခင်က သူပြန်လာသည်ဖြစ်စေ မပြန်လာသည်ဖြစ်စေ လိုဏ်ဂူထဲမှ မည်သူမှ စိတ်မဝင်စားခဲ့ပေ။ သူတို့သည် ဖာသိဖာသာသာ နေနေခဲ့ကြသည်။

မော့အာ ပျောက်သွားတတ်ခြင်းကို ယခင်ကသူတို့ စိတ်မဝင်စားခဲ့ကြသော်လည်း ယခင်တွင်မူ ကလေးများသည် မော့အာ အကြောင်းကို ထည့်စဉ်းစားလာကြပြီဖြစ်သည်။

လူတစ်ယောက်ပိုလာခြင်းသည် အစားအသောက်များကို ခွဲဝေပေးရခြင်းကို ဆိုလိုနေသည်။ လူတိုင်းသည် ကိုယ်ပိုင်အတွေးများ ရှိနေကြပြီး ရှောက်ရွှမ်ကို စိုက်ကြည့်လိုက်ကြသည်။ ထို့နောက်တွင် ရှောက်ရွှမ် မည်သို့ဆုံးဖြတ်မည်ကို သူတို့သိလိုနေခဲ့သည်။

ရှောက်ရွှမ်ယခင်က ခူ ထံမှ ကြားခဲ့ရဖူးသည်မှာ မော့အာ၏ ဖခင်ဖြစ်သူသည် မော့အာကို ပစ္စည်းကောင်းများစွာ ချန်ထားပေးခဲ့သည်ဟု ဆိုသည်။ မော့အာ စောစောက အသုံးပြုခဲ့သည့် ဓါးသည် သူ့ဖခင်ထံမှ အမွေဆက်ခံရရှိခဲ့သည့် ဓါးဖြစ်သည်။ ထို့ကြောင့်ပင် လိုဏ်ဂူထဲမှ ကလေးများနှင့် နှိုင်းယှဉ်ပါက မော့အာသည် ငွေဇွန်းကိုက် မွေးဖွားလာသည့် သူဌေးလေးတစ်ယောက် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း လူချမ်းသာများနှင့် မတူစွာပင်သူသည် လိုဏ်ဂူထဲသို့ လာရောက်နေထိုင်ခဲ့သည်။ တစ်ခါတစ်ရံတွင် သူ၏ နောက်တစ်ကြိမ်လက်ထပ်လိုက်သည့် အမေသည် သူ့ကို လိုဏ်ဂူထဲမှ ဆွဲခေါ်သွားပြီး သူတို့အိမ်သို့ ခေါ်သွားတတ်သည်။ သို့သော်လည်း အချိန်တစ်ခု ကြာပြီးလျှင် မော့အာသည် လိုဏ်ဂူဆီသို့သာ ပြန်လာတတ်သည်။

ဖြစ်နိုင်သည်မှာ သူသည် မိသားစုထဲမှ အခြားကလေးများနှင့် တိုက်ခိုက်ရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် တခြားအကြောင်းများကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် သူသည် လိုဏ်ဂူထဲသို့သာ ပြန်ပြန်လာတတ်သည်။ မော့အာသည် သူ့ဘဝဇာတ်ကြောင်းကိုမည်သူ့ကိုမှ မပြောပြတတ်ပေ။ သူသည် စကားနည်းသူဖြစ်ပြီး အခြားသူများနှင့် ဆက်သွယ်ရာတွင် ခေါင်းညိတ်ခေါင်းခါ ကိုသာ ပြုလုပ်တတ်သည်။ မဟုတ်လျှင်လည်း တိုက်ခိုက်ခြင်းကိုသာ ပြုလုပ်တတ်သည်။ သူ့ကို ဂူထဲမှ ကလေးများအားလုံး လက်ခံထားကြသည်မှာ သူသည် တိုက်ခိုက်သည့်နေရာတွင် အတော်လေး ကျွမ်းကျင်ခြင်းပင်ဖြစ်သည်။ ခူ အပါအဝင်မည်သူမှ သူ့ကို အနိုင်မတိုက်ခိုက်နိုင်ပေ။ ထို့ကြောင့်ပင် ဂူထဲမှ မည်သူမှ မော့အာထံမှ လုယူရန် မကြိုးစားကြပေ။ သဘာဝအရ တစ်စုံတစ်ယောက် လုယက်ခြင်း ဆိုသည်မှာ သူ့ထက်အားနည်းသူထံမှသာ ဖြစ်သည်။ ဦးနှောက်မကောင်းသည့် ကလေးများသာ မော့အာထံမှ လုယက်ပေလိမ့်မည်။

“ မင်း ဆောင်းရာသီ လိုဏ်ဂူထဲ လာနေမလို့လား “ ရှောက်ရွှမ်မေးလိုက်သည်။

မော့အာ ခေါင်းညိတ်ပြလိုက်သည်။

“ ကောင်းပါတယ်။ အရင် က ကလေး (၂၅) ယောက်ဖြစ်နေလို့ငါက ငါးယောက်တစ်အုပ်စု ဖွဲ့ထားပေးလိုက်တာ။ အခုမင်းပြန်လာပြီဆိုတော့ ..... “

လိုဏ်ဂူထဲမှ လေထုသည်တင်းမာသွားပြီး လူတိုင်း ရှောက်ရွှမ်ကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ကြသည်။ အချို့သည် ခေါင်းများကိုပင် ယမ်းခါပြနေကြလေသည်။ သူတို့သည် သူတို့၏ အုပ်စုများတွင လူသစ်ထပ်မံလက်ခံလိုခြင်း မရှိကြတော့ပေ။

“ ဒါဆိုရင်လည်း မင်းငါတို့အုပ်စုထဲ ဝင်လိုက်ပေါ့“ ရှောက်ရွှမ် ပြောလိုက်သည်။

အခြားအုပ်စုလေးခုတို့မှ ကလေးများ စိတ်သက်သာရာရသွားကြသည်။ သူတို့သည် ပျော်ရွှင်စွာဖြင့် ပြုံးနေကြလေသည်။ ရှောက်ရွှမ်၏အုပ်စုမှ ကလေးကြီးနှစ်ယောက်မှာမူ ပျော်ရွှမ်ခြင်းမရှိကြသော်လည်း ရှောက်ရွှမ်၏ ဆုံးဖြတ်ချက်ဖြစ်နေသဖြင့် သူတို့လည်း မည်သည်ကိုမှ ထပ်မပြောကြတော့ပေ။ သို့သော်လည်း သူတို့သည်မော့အာကို စိုက်ကြည့်လိုက်ကြပြီး ကောက်ရိုးကြိုးများကို ဆက်ကျစ်နေလိုက်ကြသည်။

မော့အာ သည် အခြားသူများ၏ အမူအယာများကို ဂရုစိုက်နေခြင်း မရှိခဲ့ပေ။ သူသည် ယခင်ကကဲ့သို့ တိတ်ဆိတ်နေဆဲသာ ဖြစ်သည်။

ညဖက်ရောက်သည့်အခါတွင် အချို့ကလေးများသည် အိပ်စက်နေကြပြီး အချို့ကလေးများသည် နောက်နေ့ ငါးဖမ်းထွက်လျှင် ဤနေ့ကဲ့သို့ အဆင်မပြေဖြစ်မည်ကို စိတ်ပူနေခဲ့ကြသည်။ အချို့သည် စိတ်များပြန့်လွင့်နေခဲ့ပြီး ကောက်ရိုးကြိုးများကို ကျစ်နေခဲ့ကြသည်။ သူတို့စိတ်တိုလာသည့်အချိန်များတွင် ကောက်ရိုးကြိုးများကို ပါးစပ်များဖြင့် ကိုက်ကြလေသည်။ ရှောက်ရွှမ် ထိုအရာကို မြင်လိုက်ရပြီး စိတ်အနှောင့်အယှက် ဖြစ်သွားမိသည်။ ဒီလို ကိုက်ထားတဲ့ကြိုးတွေကို ငါတို့ဘယ်နေရာမှာ သုံးရပါမလည်း .......။

ဝင်ပေါက်အနီးရှိ မီးပုံကို ငြိမ်းသတ်ရသေးခြင်းမရှိသေးပေ။ မီးပုံအနီးတွင် လင်းထိန်နေခဲ့ပြီး ပြင်ပကမ္ဘာသည် မှောင်မဲနေခဲ့လေသည်။ ညပျံ့လွှားများသည် မီးပုံအလင်းရောင်ကို ရှောင်တိမ်းလိုကြပြီး အဝေးတစ်နေရာမှသာ လိုဏ်ဂူထဲကို စူးစမ်းနေကြလေသည်။

မော့အာ သူ့ဓါးကို သယ်ယူလိုက်ပြီး ဝင်ပေါက်ဆီသို့ လျှောက်လာခဲ့သည်။ ဓါးရှည်ကြီးကို သူ့နောက်ကျော်တွင် လွယ်ပိုးထားလိုက်ပြီး သူ့လက်နှစ်ဖက်တွင် ဓါးတိုနှစ်ချောင်းကို ကိုင်ဆွဲထားလေ၏။ သူသည် မျိုးနွယ်စုစစ်သည်များကဲ့သို့ သားကောင်မရိပ်မိအောင် လှုပ်ရှားနိုင်ခြင်း မရှိသေးသည့်အတွက် ညပျံလွှားငှက်သည် သူ၏လှုပ်ရှားမှုများကို သတိပြုမိသွားခဲ့သည်။

ရှောက်ရွှမ်သည် မီးပုံဘေးတွင်ပင်ထိုင်နေလိုက်ပြီး ကောင်းကင်ကို ကြည့်နေလိုက်သည်။

ကောင်းကင်ထက်တွင် လခြမ်းကွေးနှစ်ခု ရှိနေခဲ့သည်။ မှန်ပေသည် လခြမ်း နှစ်ခု ရှိနေခြင်း ဖြစ်လေသည်။

ထိုလနှစ်ခုကို ကြည့်လိုက်ပြီး ရှောက်ရွှမ် ဤကမ္ဘာသည် သူ့ယခင်ဘဝမှကမ္ဘာနှင့် လုံးဝကွဲပြားသည့် ကမ္ဘာတစ်ခုဖြစ်ကြောင်းကို သိလိုက်သည်။ သူတစ်ချိန်က လေ့လာသင်ယူခဲ့သည့် အတိတ်ဘဝအတွေ့အကြုံများသည် ဤနေရာနှင့် လုံးဝသက်ဆိုင်နေခြင်း မရှိနေပေ။

ဤရာသီတွင် လနှစ်ခုသည်ကောင်းကင်ထက် ဆန့်ကျင်ဖက်နေရာတွင် ရှိနေခဲ့ကြသည်။ လများ၏ အလင်းရောင်သည် လုံလောက်ခြင်းမရှိနေခဲ့သဖြင့် ပတ်ဝန်းကျင်သည် မှောင်မြဲ မှောင်နေဆဲသာ။

ထိုလနှစ်ခုပျောက်ကွယ်သွားလျှင် ဆောင်းရာသီ ဝင်ရောက်ပြီဟု ပြော၍ရပေသည်။

မော့အာ လိုဏ်ဂူထဲမှ ထွက်သွားသည်ကို ရှောက်ရွှမ် ကြည့်နေမိသည်။ သူ၏လှုပ်ရှားမှု များကို ကြည့်ခြင်းအားဖြင့် မော့အာသည် တိုက်ခိုက်သည့်နေရာတွင် အတွေ့အကြုံများသည့် လူတစ်ယောက် ဖြစ်ကြောင်းကို သိနိုင်ပေသည်။ အခြားကလေးများ အိပ်ပျော်နေကြသည့်အချိန်တွင် သူသည် မအိပ်ပဲ လေ့ကျင့်ရန် ထွက်လာခဲ့ခြင်းဖြစ်ပေမည်။ သူ့ဖခင် မရှိတော့သော်လည်း တစ်စုံတစ်ယောက်သည် သူ့ကို သင်ပြပေးခဲ့သည်။

ဓါးတိုလေးများကို ကိုင်စွဲထားလိုက်ပြီး မော့အာ ထိုနေရာတွင်ပင် တိတ်ဆိတ်စွာဖြင့်ရပ်နေလိုက်သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကို မျှော်လင့်နေသည့် ဟန်ဖြင့် အမှောင်ထဲသို့ စိုက်ကြည့်နေခဲ့၏။ မော့အာ ကစားပွဲကို စတင်နိုင်ရန် ပြင်ဆင်နေပေပြီ။

အမှောင်ထဲတွင် ညပျံလွှားများသည် အလျင်အမြန် ပျံသန်းနိုင်ကြလေသည်။ သူတို့၏ခန္ဓာကိုယ်များကို မတွေ့ရနိုင်ပဲ အနည်းငယ်သော အသံကိုသာ ကြားရနိုင်သည်။

လိုဏ်ဂူအပြင်ဖက်တွင် ညပျံလွှားအချို့ရှိနေခဲ့လေသည်။ အချို့ငှက်များသည် အခြေအနေကိုလေ့လာနေကြပြီး အချို့ငှက်များသည် မော့အာကို စတင်တိုက်ခိုက်လိုက်ကြလေ၏။

တိုးတိတ်သော အသံတချို့ကို ကြားလိုက်ရသည်။ ငှက်များ ရောက်လာကြပေပြီ။

မော့အာ အလျင်အမြန်လှုပ်ရှားလိုက်ပြီး သူ့ဘယ်ဖက်လက်မှာ ဓါးဖြင့် ဘယ်ဖက်ကို ထိုးထည့်လိုက်သည်။

ထိုတိုက်ခိုက်မှုသည် တုန့်ဆိုင်နေခြင်း မရှိသည့် တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

တင်း

သူလွဲသွားခဲ့၏.......။

သူသည် လိုဏ်ဂူအဝနှင့် နီးကပ်စွာ ရပ်နေခြင်းဖြစ်သည့်အတွက် သူ့ဓါးသည် လိုဏ်ဂူနံရံကို ထိုးမိသွားခဲ့လေသည်။

တိုက်ခိုက်လိုက်သည့် ညပျံလွှားသည် ပျံသန်းသွားပြီဖြစ်သည်။ သို့သော်လည်း ထိုငှက်သည် မော့အာ၏ လက်တွင် ကြီးမားသော ဒဏ်ရာတစ်ခုကို ချန်ထားခဲ့လေ၏။

ထိုဒဏ်ရာသည် ညပျံလွှား၏ ဂေါ်ပြားပုံစံ နှုတ်သီးကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ သို့သော်လည်း ပျံလွှားသည် ဓါးဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်ကို ရှောင်လိုက်ရသဖြင့် ထိုငှက်၏ တိုက်ခိုက်မှုသည် အနည်းငယ်လွဲသွားခဲ့သည်။ ထို့ကြောင့် မော့အာ၏ လက်ပေါ်မှဒဏ်ရာသည် နက်ရှိုင်းလှခြင်းတော့ မရှိပေ။ သာမန်အပေါ်ယံ ဒဏ်ရာတစ်ခုသာဖြစ်သည်။

မုဆိုးကောင်းတစ်ယောက်သည် သည်းခံနိုင်မှုရှိရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် မော့အာသည် နာကျင်သည့် အရိပ်အယောင်ကို မပြခဲ့ပေ။ သူ၏အကြည့်များသည် ယခင်က အတိုင်းသာဖြစ်သည်။ သူသည် ဒဏ်ရာကို ကုသခြင်းမပြုသေးပဲ သွေးများသည် ဒဏ်ရာဆီမှ စီးကျနေခဲ့သည်။

ညပျံလွှားများသည် သွေးနံ့ကို အာရုံခံမိလိုက်ကြပြီး စတင် စိတ်လှုပ်ရှားလာခဲ့ကြသည်။

ရှောက်ရွမ် လေထဲတွင် များစွာသော ငှက်များ၏ လှုပ်ရှားမှုများကို သတိပြုလိုက်မိသည်။

လိုဏ်ဂူထဲမှ အခြားကလေးများနှင့်နှိုင်းယှဉ် ရလျှင် မော့အာသည် ပို၍ ကြံ့ခိုင်ပေသည်။ လိုဏ်ဂူထဲမှ ကလေးများ၏ အမြင်အရမူ မော့အာသည် သေကြောင်းကြံစည်နေခြင်းသာ ဖြစ်သည်။ မော့အာ မရှိနေသည့် အချိန်များတွင် သူတို့သည် မိုအာ အဘယ်ကြောင့် ထိုသို့ခက်ခက်ခဲခဲ လေ့ကျင့်နေရကြောင်းကို အံ့သြတကြီး ပြောနေတတ်ကြသည်။ သူ့အနေဖြင့် ပို၍ သက်တောင့်သက်သာ ဖြစ်သော ဘဝတွင် နေထိုင်နိုင်သည် မဟုတ်ပေလော......။

ဆီဆာသည်လည်း ထိုငှက်များကြောင့် နှိုးလာခဲ့လေပြီ။ ရှောက်ရွှမ် ဆီဆာကို လိုဏ်ဂူထဲတွင်သာ ရှိနေစေရန် ထိန်းထားလိုက်ရလေ၏။

ထိုအချိန်တွင်ပင် ရှောက်ရွှမ် စူးရှသည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။

အစပိုင်းတွင် ရှောက်ရွှမ်သည် ထိုအသံကို ထင်ယောင်ထင်မှားဖြစ်နေမိသည်ဟု ထင်လိုက်သည်။ နားအူချင်းသို့မဟုတ် တခြား တစ်ခုခုဟု သူထင်လိုက်ခြင်းဖြစ်သည်။ သို့သော်လည်း မကြာခင်မှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူသတိပြုလိုက်မိသည်။ ထိုစူးရှသည့်အသံသည် တဖြေးဖြေး ကျယ်လောင်လာခဲ့ပြီး နီးကပ်လာသည့်ပုံ ရပေသည်။

တင်း.....

ဓါးသည် နံရံနှင့် ရိုက်ခတ်မိလိုက်သဖြင့် နောက်ထပ်အသံတစ်ခု ထွက်လာပြန်သည်။ တစ်ချိန်တည်းတွင်ပင် ရှောက်ရွှမ် ကြားနေခဲ့ရသည့် စူးရှသည့်အသံ တိတ်ဆိတ်သွားခဲ့သည်။

ရှောက်ရွှမ် လှမ်းကြည့်လိုက်မိ၏။

မော့အာသည် ဓါးကို ခိုင်မြဲစွာကိုင်ထားခဲ့ပြီး ထိုဓါးသည် ညပျံလွှား၏ခန္ဓာကိုယ်ထဲတွင် ထိုးစိုက်နေခဲ့သည်။ ငှက်သည် တာင်ပံအနည်းငယ် ခတ်လိုက်ပြီး သေဆုံးသွားလေ၏။ ထို့နောက်တွင် ကျောက်တုံးဓါးဆီမှ သွေးများ စီးကျလာလေသည်။

ချည်းကပ်လာနေကြသည့် ညပျံလွှားငှက်များ ပြန်လည် ထွက်ပြေးသွားကြလေပြီ။ သူတို့သည် လေထဲတွင်ပင် မျောလွင့်နေခဲ့ကြ၏။

မော့အာ ဓါးကို ပြန်ထုတ်ယူလိုက်ပြီး ငှက်ကို အဝေးတစ်နေရာသို့ပစ်လိုက်၏။ ထို့နောက်တွင် သူသည် နောက်ထပ် ငှက်တစ်ကောင်ကို စောင့်နေပြန်လေသည်။

ဆီဆာသည် ထိုငှက်သေကို ဆွဲယူလိုက်ပြီး ကိုက်စားရန်ကြံနေခဲ့လေသည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် ထိုငှက်၏ ဂေါ်ပြားပုံစံ ငှက်နှုတ်သီးကို ကြည့်လိုက်ပြီး အတွေးထဲတွင် နှစ်မြုပ်သွားလေတော့၏။

All Chapters