ကျောက်ဆစ် ပန်းပုသမား
Vol. 1 Ch. 14
နောက်နေ့မနက်စောစော၊ နေမထွက်ခင်တွင် လိုဏ်ဂူထဲမှ ကလေးများအားလုံး နှိုးနေကြပြီဖြစ်သည်။ အချို့သည် စိတ်လှုပ်ရှားမှုကြောင့် ညဖက်အိပ်မပျော်ခဲ့သဖြင့် မျက်လုံးများသည် မဲနက်နေခဲ့ကြ၏။
မော့အာ သည်လည်း နှိုးထလာခဲ့ပြီး သူသည် သိလိုစိတ်များ ပြင်းပြနေခဲ့လေသည်။ ထိုကဲ့သို့သော အခြေအနေသည် ယခင်က မဖြစ်ခဲ့ဖူးသည့် အခြေအနေဖြစ်သည် မဟုတ်ပေလော........။ သူသည် ယမန်နေ့ညက ညပျံလွှားအချို့ကို လေ့ကျင့်သည့်အနေဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။ သူ့လက်မောင်းများတွင် အတိမ်အနက်မတူညီသည့် ဒဏ်ရာများစွာ ရှိနေခဲ့ပြီး သူသည် ထိုဒဏ်ရာများကို ဆေးပင်များဖြင့် အုပ်ထားခဲ့သည်။
သိလိုစိတ်များဖြင့် မော့အာသည် အိပ်ယာထလာခဲ့ပြီး သူ့ကျောက်တုံးလက်နက်များကို ကောက်ယူလိုက်ကာ နောက်ထပ် ဘာဖြစ်လာမည်ကို စောင့်ကြည့်နေခဲ့သည်။ သူတွေ့လိုက်ရသည်မှာ ကလေးများသည် ငါးယောက်တစ်အုပ်စု မတ်တပ်ရပ်လိုက်ကြခြင်း ဖြစ်သည်။ ထိုကလေးများ၏ လက်မောင်းများနှင့် ကျောဖက်တွင် ကောက်ရိုးကြိုးများနှင့် အနက်ရောင် ပူပေါင်းတချို့တို့ကို ချိတ်ဆွဲထားကြ၏။ သူတို့သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လိုဏ်ဂူအဝတွင် မတ်တပ်ရပ်နေခဲ့ကြပြီး ရှောက်ရွှမ်ကို စိုက်ကြည့်နေခဲ့ကြကာ တစ်စုံတစ်ခုကို ဆွေးနွေးနေခဲ့ကြလေသည်။
“နေထွက်လာပြီ။ ဒီနေ့ရာသီဥတုကောင်းလိမ့်မယ် ထင်တယ်။ ငါတို့ ငါးဖမ်းသွားလို့ရတယ် “ ကလေးတစ်ယောက် မိုးကောင်းကင်ကိုမော့ကြည့်လိုက်ပြီးပြောလိုက်သည်။
“ ဒါပေမယ့် မနေကလည်း ရာသီဥတု ကောင်းနေခဲ့တာပဲလေ။ ဒါပေမယ့် ငါတို့ ငါးဖမ်းလို့မှ မရခဲ့တာ။ ဒီနေ့ကော မနေ့ကလိုပဲ ဖြစ်နေဦးမလား ... “ အခြားကလေးတစ်ယောက် ပြန်ပြောလိုက်သည်။
ကလေးများအားလုံး ထိုတစ်ယောက်ကို စိုက်ကြည့်လိုက်ကြပြီး “ မနေ့ကလိုပဲ ဟုတ်လား .... “
သူတို့အနေဖြင့် ငါးဖမ်းသွားမှသာ စားသောက်စရာရလိမ့်မည်ဖြစ်သည်။ သို့မှသာ သူတို့အလုပ်လုပ်နိုင်ပေမည်။ ရှောက်ရွှမ်သည် မနက်စာစားခြင်း ဓလေ့ကို စတင်ခဲ့သည်။ အချို့ကလေားများသည် အကျင့်မရှိသဖြင့် မနက်စာကို မစားကြပေ။ အချို့ကလေးများမှာမူ ရှောက်ရွှမ်လုပ်သည်ကို ကြည့်ပြီး လိုက်လုပ်ကြကာ မနက်စာ စားပြီးမှ ငါးဖမ်းထွက်ကြသည်။ မနက်စာစားလာကြသူများသည် မစားသူများထက် ပိုမို အားပြည့်နေပြီး သူတို့ဖမ်းနိုင်သည့်ငါးများသည် မနက်စာမစားလာသည့် ကလေးများထက် ပိုများနေခဲ့သည်။ အစားအစာမစားခြင်းသည် ခွန်အားမရှိခြင်းကို ဖြစ်စေသည်။ ခွန်အားမရှိပါက စားသောက်ရန်အတွက် အမဲမလိုက်နိုင်တော့ပေ။ ထိုသည်မှာ သံသရာတစ်ခုသာ ဖြစ်သည်။
သူတို့အားလုံး စားသောက် လိုက်ကြပြီး အားပြည့်နေကြပြီဖြစ်သည်။
မော့အာသည်လည်း လုပ်နိုင်ကိုင်နိုင်ရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည့်အချိန်တွင် ရှောက်ရွှမ် သူ့ကိုပါ ငါးဖမ်းအဖွဲ့ထဲသို့ ခေါ်လာခဲ့လိုက်သည်။ မော့အာသည် သူညက ဖမ်းဆီးခဲ့သည့် ညပျံလွှားငှက်များကို အုပ်စုအတွက် မနက်စာအဖြစ် ပေးခဲ့သည်။ ထို့ကြောင့်ပင် ရှောက်ရွှမ်တို့အုပ်စုထဲမှ ကလေးများသည် မော့အာနှင့်ပတ်သက်ပြီးစိတ်သဘောထားများပျော့ပြောင်းလာခဲ့ ကြပြီဖြစ်သည်။
ကလေးများသည် ခိုးစရာဘာမှ မရှိနေသည့် လိုဏ်ဂူကို အစောင့်မချန်ပဲ ထားခဲ့လိုက်ကြပြီး ထွက်လာခဲ့ကြသည်။ သူတို့သည် ကောက်ရိုးကြိုးများနှင့် အနက်ရောင်ပူပေါင်းများ အားလုံးကို ယူလာခဲ့ကြပြီဖြစ်သည်။ မျိုးနွယ်စုမှ လူများသည် သူတို့ဂူထဲရှိ ငါးများကို ခိုးယူကြလိမ့်မည် မဟုတ်ပေ။ သူတို့သည် ငါးများကို အခြောက်ခံထားခဲ့ကြလေသည်။ လိုဏ်ဂူထဲရှိ မက်လောက်စရာမှာ ငါးများသာ ရှိပေသည်။ မည်သူမှ ခိုးယူမည်မဟုတ်သဖြင် သူတို့သည် လိုဏ်ဂူကို အစောင့်ထားခဲ့ခြင်း မလုပ်တော့ပေ။ ဆီဆာသည်လည်း ရှောက်ရွှမ်နှင့်အတူ လိုက်ပါလာခဲ့သည်။
ယနေ့တွင်လည်း မြစ်ရေပြင်သည် တည်ငြိမ်နေဆဲဖြစ်သည်။ သို့သော်လည်း ယမန်နေ့ကလောက် ချောက်ခြားဖွယ် တည်ငြိမ်နေခြင်း မဟုတ်တော့ပေ။ ရေမျက်နှာပြင်ကို ကြည့်လိုက်ပြီးရှောက်ရွှမ် စိတ်သက်သာရာ ရသွားခဲ့သည်။ သူသည် ပါနှင့် ထူ တို့ကို ခေါ်လိုက်ပြီး ကျောက်တုံးတီကောင် ချိတ်ဆွဲထားသည့် ကောက်ရိုးကြိုးကို ယူလာရန်အမိန့်ပေးလိုက်ကာ စမ်းသပ်သည့်အနေဖြင့် ရေထဲသို့ ပစ်ချလိုက်သည်။
ရှောက်ရွှမ်၏နောက်တွင် ကလေး နှစ်ဆယ်ကျော် မတ်တပ်ရပ်နေခဲ့ကြပြီး တီကောင်ကို မျက်တောင် မခတ်တမ်း ကြည့်နေခဲ့ကြသည်။ တီကောင် ရေထဲသို့ နှစ်မြုပ်သွားသည့်အချိန်တွင် သူတို့သည် ရေမျက်နှာပြင်ကို ဆက်ပြီးကြည့်နေခဲ့ကြသည်။
“ ဘယ်လိုနေလဲ အားရွှမ် “
“ အဆင်ပြေလား “
“ ငါးတွေပြန်လာပြီလား “
စိတ်မရှည်သည့်ကလေးအချို့ မေးလိုက်ကြသည်။
ရှောက်ရွှမ် ရေမျက်နှာပြင်ကို ကြည့်နေခဲ့ပြီး ဤတကြိမ်တွင် သူသည် ထူးဆန်းသည့် လက်တံများဖြင့် သတ္တဝါများကို မမြင်တွေ့ရတော့ပေ။ အနက်ရောင်ပူပေါင်းများ၏ အခြေအနေသည်လည်း ယခင်ကကဲ့သို့ပုံမှန်သာ ဖြစ်သည်။ ဆိုလိုသည်မှာ ကျောက်တုံးတီကောင်သည် ရေအောက်တွင် လှုပ်ရှားရုန်းကန်နေခြင်းပင် ဖြစ်သည်။
“ ပြဿနာမရှိလောက် .... “ သူ့စကားမဆုံးခင်မှာပင် ရေမျက်နှာပြင်ပေါ်တွင် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။
အနက်ရောင်ပူပေါင်းသည် နှစ်မြုပ်သွားခဲ့ပြီး သူတို့အားလုံးသည် ရင်းနှီးနေသည့် ရုန်းကန်မှုတစ်ခုကို ခံစားလိုက်ကြရလေသည်။ ရှောက်ရွှမ် အာရုံပြန်စိုက်ထားလိုက်ပြီး ပါ နှင့်အတူ ကြိုးကို ဆွဲတင်လိုက်သည်။
“ ငါးပဲ “
“ အဲ့ဒါ ငါးပဲ “
“ ငါးတွေ ပြန်လာပြီ “
ထိုအရာကို မြင်တွေ့လိုက်ရသည်နှင့် ကလေးများအားလုံး စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်ကြသည်။ ရင်းနှီးနေပြီဖြစ်သည့် ငါး၏ပုံရိပ်ကို သူတို့တွေ့လိုက်ရပြီးနောက် သူတို့ စိတ်သက်သာရာ ရသွားကြပြီဖြစ်သည်။
သူတို့သည် တစ်ရက်သာ ငါးမဖမ်းလိုက်ရခြင်း ဖြစ်သော်လည်း သူတို့အနေဖြင့် ကြာညောင်းနေပြီဟု ထင်နေမိကြသည်။ ရှောက်ရွှမ်၏ အမိန့်အောက်တွင် ကလေးများ အားလုံးသည် ကောက်ရိုးကြိုးကို ဆွဲတင်လိုက်ကြလေသည်။
“ မော့အာ မင်းသူတို့နဲ့ အတူတူလုပ်လိုက်။ ထူ မင်းက မော့အာကို သူဘာလုပ်ရမယ် ဆိုတာကို ပြောပြပေးလိုက်။ ငါ ဆီဆာကိုခေါ်ပြီးတော့ ကျောက်တုံးတီကောင်တွေ သွားဖမ်းလိုက်ဦးမယ်။ ဒါပေမယ့် သတိရပါ .... ဘယ်သူမှ ရေထဲကို မဆင်းရဘူး ပြီးတော့ ရန်လည်း မဖြစ်ရဘူး။ ရန်ဖြစ်မယ့်အစား ငါးတွေကိုပဲ ဆွဲတင်နေလိုက်။ နောက်ထပ် ရက်နည်းနည်းဆိုရင် ဆောင်းရာသီ ဝင်ပြီ။ ပြီးတော့ တစ်ခုခု မှားနေတယ်ဆိုရင် အစောင့်တွေကို သွားပြော .... “ ရှောက်ရွှမ် ကလေးများအားလုံးကို အမိန့်ပေးလိုက်သည်။
ရှောက်ရွှမ်အနေဖြင့် ထိုမျှ ပြောနေစရာပင် မလိုတော့ပေ။ ကလေးများ အားလုံးသည် ယမန်နေ့က ငါးမမျှားလိုက်ရသောကြောင့် ယနေ့ငါးမျှားရသည်ကို အလွန်ပျော်နေကြသည်။ မနက်ဖြန်တွင် ငါးများ ပျောက်ကွယ်သွားနိုင်သည် မဟုတ်ပေလော..........။ ထို့ကြောင့်ပင် သူတို့များများ ဖမ်းမိထားလေလေ သူတို့အတွက် ကောင်းလေလေ ဖြစ်သည်။ မည်သူမှ ရန်ဖြစ်ချင်စိတ် မရှိကြပေ။
ကလေးများငါးဖမ်းနေကြစဉ်တွင် တောင်ခြေဒေသမှ ဒေသခံမျိုးနွယ်စုများလည်း ရောက်လာကြပြီး ကလေးများနှင့်အတူ ငါးဖမ်းလိုက်ကြသည်။
ယခုသည် ယခင်အချိန်များနှင့် မတူတော့ပဲ အစောင့်များသည်လည်း ထိုလူများကို မောင်းနှင်ထုတ်ခြင်းမျိုးကို မလုပ်ကြတော့ပေ။ သူတို့သည် ဝေးတစ်နေရာတွင်သာ စောင့်ကြည့်နေကြပြီး ရေထဲမဆင်းရန်ကိုသာ သတိပေးနေကြသည်။ အကယ်၍ မူမမှန်သည့် တစ်စုံတစ်ခုကို တွေ့လျှင် သူတို့ သတိပေးကြပေလိမ့်မည်။
ဤငါးများသည် လူတော်တော်များများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ မျိုးနွယ်စု အိမ်များတွင် အချို့သော စစ်သည်တော်များသည် ဒဏ်ရာရရှိနေခဲ့ခြင်းများ ရှိခဲ့သည်။ သို့ကြောင့် သူတို့သည် ဆောင်းရာသီမတိုင်ခင် အမဲလိုက်ခြင်းကို မလုပ်ဆောင်နိုင်ခဲ့ကြပေ။ အမဲလိုက်မထွက်နိုင်ခြင်းသည် စားစရာမရှိခြင်းကို ဆိုလိုသည်။ မိသားစုများသည် ဆောင်းရာသီ အစာငတ်ပြတ်မှုကို သည်းခံကြရမည်ဖြစ်သည်။ သို့သော်လည်း သူတို့သည် မြစ်ကမ်းတွင် ငါးမျှားထွက်နိုင်ခဲ့သဖြင့် စိတ်သက်သာရာ ရနိုင်ကြသည်။ အနည်းဆုံးတော့ ဆောင်းရာသီအတွက် ငါးများကို ဖမ်းဆီးသိမ်းဆည်းထား၍ ရနိုင်ပေသည်။ မျိုးနွယ်စုမှ အားနည်းသူများနှင့် သက်ကြီးရွယ်အိုများပင် ငါးဖမ်းသည်ကို လာကူခဲ့ကြလေသည်။
ရှောက်ရွှမ်သည်လည်း တောင်ခြေဒေသတွင် လူသိများသူ တစ်ဦးဖြစ်လာခဲ့သည်။ ယခင်က သူတို့ သူ့ကိုသိထားသည်မှာ ဝံပုလွေတစ်ကောင်နှင့် လျှောက်သွားနေတတ်သည့်ကလေး တစ်ယောက် အနေဖြင့်သာ ဖြစ်သည်။ ယခုတွင် ငါးဖမ်းနည်းနှင့်အတူ ရှောက်ရွှမ်၏ အနက်ရောင်ပူပေါင်းများကြောင့် သူတို့သည် ရှောက်ရွှမ်၏ နာမည်ကို ရင်းနှီးလာခဲ့ကြပြီဖြစ်သည်။ ရှောက်ရွှမ် သားရေများကို လဲလှယ်နေကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် မိသားစုများသည် သူတို့အသုံးမလိုသဖြင့်သိမ်းထားခဲ့ကြသည့် သားရေများကို လဲလှယ်ပေးကြလေသည်။
ရှောက်ရွှမ် ကျောက်စရစ် ကွင်းပြင်သို့ရောက်သည့်အချိန်တွင် လူခုနစ်ယောက် ရှစ်ယောက်ခန့် ရှိနေပြီးသား ဖြစ်သည်။ သူတို့သည် ရှောက်ရွှမ်ကို နူတ်ဆက်လိုက်ကြပြီး ယနေ့သည် ငါးမျှားရန်နေ့ကောင်းတစ်နေ့ ဖြစ်သည်ကို ကြားလိုက်ရသည့်အချိန်တွင် သူတို့၏ မျက်လုံးများသည် ပိုမို နူးညံ့သွားခဲ့ကြသည်။ သူတို့သည် ကျောက်တုံးတီကောင်များကို လိုက်ရှာလိုက်ကြပြီး ငါးဖမ်းသွားရန် လောနေကြလေသည်။
လတ်တလောတွင် ကွင်းပြင်အတွင်းရှိ တီကောင်များအတွက်မူ နေ့ရက်ဆိုးများ ဖြစ်နေခဲ့ကြသည်။ သူတို့သည် မြေကြီးထဲမှ ခေါင်းထွက်လိုက်သည်နှင့် လူများသည် အလျင်အမြန်လာကြပြီး သူတို့ကို တူးထုတ်ကြလေသည်။ လျင်မြန်သည့်အကောင်များသည် အလျင်အမြန်ပင် နှစ်ပိုင်းခွဲလိုက်ကြပြီး လွတ်မြောက်နိုင်ကြသောလည်း အများစုသည် အဖမ်းခံလိုက်ကြရသည်။ လွန်ခဲ့သည့် နှစ်များတွင် သူတို့ကို မည်သူမှ စိတ်မဝင်စားခဲ့သဖြင့် သူတို့အေးချမ်းစွာနေနိုင်ခဲ့လေသည်။ သို့သော်လည်း ယခုရက်များတွင် ထိုအခြေအနေသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လူအများသည် လှုပ်ရှားမှုအနည်းငယ်ကို အာရုံခံမိလိုက်သည်နှင့် တီကောင်များကို ဖမ်းဆီးရန် ကြိုးပမ်းလာကြပေသည်။
ဆီဆာနှင့် နှိုင်းယှဉ်ရလျှင် ထိုလူများသည် ကလေးများသို့သာဖြစ်နေခဲ့ကြသည်။ ဆီဆာသည် နှာခေါင်းရှုံ့လိုက်ရုံမျှဖြင့် တီကောင်များ မည်သည့်နေရာတွင် ရှိနေသည်ကို အလွယ်တကူဖြင့်သိနိုင်ပြီး ဖမ်းဆီးရာတွင်လည်း လျင်မြန်ပေသည်။
ဒီဝံပုလွေမှာနှာခေါင်း ကောင်းကောင်းတစ်ခု ရှိနေတာပဲ ... ။
တစ်စုံတစ်ယောက်သည် အဘယ်ကြောင့် ပိုက်ကွန်များကို ရက်လုပ်ခြင်းမပြုကြောင်းကို တွေးမိနိုင်လေသည်။ သူတို့သည် ပိုက်ကွန်များကို ရက်လုပ်နိုင်ကြသော်လည်း ထိုပိုက်ကွန်များသည် ငါးများ၏ ရုန်းကန်မှုများကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် လူများသည် ပိုက်ကွန်အစား တစ်ကောင်ချင်း ဖမ်းဆီးသည့် နည်းလမ်းကိုသာ အသုံးပြုနေရခြင်း ဖြစ်သည်။
နေ့လည်ရောက်သည့်အခါတွင် ရှောက်ရွှမ် ကလေးများကို လိုဏ်ဂူထဲသို့ပြန်ခေါ်လိုက်သည်။ မျိုးနွယ်စုမှ ကြွေးမွေးသည့် အစားအစာများကို စားသုံးလိုက်ပြီးနောက်တွင် မည်သည့်ကလေးမှ ကြိုးများကို ရက်လုပ်လိုကြခြင်း မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မနေ့တစ်နေ့လုံး လုံလောက်သည့်ကြိုးများကို ရက်လုပ်ခဲ့ကြပြီး ဖြစ်သော်ကြောင့်ဖြစ်သည်။ သူတို့သည် မမှောင်ခင်တွင် မြစ်ကမ်းဆီသို့ပြန်သွားပြီး ဆက်လက်ငါးဖမ်းလိုနေခဲ့သည်။
ရှောက်ရွှမ် ငြင်းဆန်ခြင်းမပြုတော့ပေ။ သူ့အနေဖြင့် လုံလောက်သည့် ကျောက်တုံး တီကောင်များကို ရရှိထားပြီးသားဖြစ်သဖြင့် ထိုတီကောင်များကို အုပ်စုငါးစုဆီသို့ ဝေငှပေးလိုက်လေသည်။
ယမန်နေ့ညက လ နှစ်စင်း ၏အကွာအဝေးအရ ဆောင်းရာသီသည် နီးကပ်နေခဲ့ပြီဖြစ်သည်။ သူတို့အနေဖြင့် ဆောင်းရာသီမရောက်မီ ငါးပို၍ ဖမ်းမိထားလျှင်ကောင်းပေလိမ့်မည်။ ဆောင်းရာသီတွင် ပြင်ပ အပူချိန်သည် ကျဆင်းသွားမည်ဖြစ်ပြီး မြစ်ပြင်သည်လည်း ရေခဲများဖြင့် ဖုံးလွှမ်းသွားပေလိမ့်မည်။ ထိုအချိန်တွင် မျိုးနွယ်စုစွမ်းရည် နှိုးထခြင်းမရှိသေးသည့် လူများအနေဖြင့် လိုဏ်ဂူအတွင်း၌သာ နေကြရပေမည်။ အကယ်၍ အပြင်တွင်နေလျှင် သူတို့လွယ်ကူစွာပင် အေးခဲပြီး သေဆုံးသွားနိုင်လေသည်။
ထိုကလေးများနှင့် မြစ်ကမ်းဆီသို့လိုက်သွားရမည့်အစား ရှောက်ရွှမ် ငါးနှစ်ကောင်ကိုယူလိုက်ပြီး လိုဏ်ဂူထဲမှ ထွက်ခွာသွားလိုက်သည်။ တစ်ကောင်ကို သူယူလိုက်ပြီး ကျန်တစ်ကောင်ကို ဆီဆာကို ဆွဲလာခိုင်းလိုက်၏။ သူနှင့်အတူ တိရိစ္ဆာန်သားရေ အိတ်ကိုလည်း ယူလာခဲ့ပြီး လေ့ကျင့်ရေးကွင်းပြင်များ ဆီမှ အရည်အသွေးကောင်းသည့် သူစုဆောင်းထားခဲ့သည့်ကျောက်တုံး များကိုလည်း ယူလာခဲ့လိုက်သည်။ ကျောက်စရစ် ကွင်းပြင်တွင် လူများစွာသည် ကျောက်တုံးတီကောင်များကို လိုက်လံရှာဖွေနေကြသဖြင့် ထိုနေရာသည် ပစ္စည်းများ ဖွက်ထားရန် နေရာကောင်းတစ်ခု မဟုတ်နေတော့ပေ။ သို့နှင့်ရှောက်ရွှမ်သည် သူစုဆောင်းထားခဲ့သည့် ကျောက်တုံးများကို လိုဏ်ဂူထဲတွင်ပင် ထားထားခဲ့ခြင်းဖြစ်သည်။ ယခုတွင် မည်သည့်ကလေးမှ ရှောက်ရွှမ်၏ ပစ္စည်းများကို ခိုးယူရဲကြခြင်း မရှိတော့ပြီ မဟုတ်ပေလော........။
ရှောက်ရွှမ် ကိရိယာများပြုလုပ်နိုင်သည့် အရည်အသွေးကောင်းသည့် ကျောက်တုံးများကို တွေ့ရှိတိုင် ကျောက်တုံးထုဆစ်သူထံသို့ သွားကာ အစားအသောက်များဖြင့် လဲလှယ်လေ့ရှိခဲ့သည်။ သူသည် ထိုလူတစ်ယောက်တည်းနှင့်သာ ပစ္စည်းများကို လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် တောင်ခြေဒေသရှိ ကျောက်တုံးထုဆစ်သူအများအပြားကို လေ့လာပြီးမှ ထိုလူကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထိုကျောက်တုံး ထုဆစ်သူ၏ နာမည်မှာ ‘ ခဲ့ “ ဖြစ်သည်။ လူအများပြောကြသည်မှာ သူသည် အမဲလိုက်အဖွဲ့များတွင် ထောင်ချောက်များကို ပြုလုပ်ပေးရသူ ဖြစ်သည်ဟု ဆိုသည်။ သူတို့၏ ခရီးစဉ်တစ်ခုတွင် သူသည် သူ၏ခြေထောက်များကို ဆုံးရှုံးခဲ့ရသည်။ သို့နှင့်သူသည် အမဲလိုက်အဖွဲ့ထဲမှ အနားယူခဲ့ပြီး တောင်ခြေ ဒေသတွင် ကျောက်တုံးထုဆစ်သူ၊ ကျောက်တုံးများကို ကိရိယာများအဖြစ်သို့ ပြောင်းလဲပေးသည့် ပန်းပုဆရာတစ်ဦးအဖြစ် အသက်မွေးနေခဲ့ခြင်း ဖြစ်သည်။
ရှောက်ရွှမ် ကျောက်တုံးအိမ်တော်တစ်ခု၏ရှေ့သို့ ရောက်လာခဲ့သည်။ အိမ်အများစုတွင် တံခါးများ မရှိကြပဲ သားရေဖြင့် ပြုလုပ်ထားသည့် တံခါးလိုက်ကာများ၊ သစ်ပင် သစ်ရွက်များဖြင့် ပြုလုပ်ထားသည့် တံခါးလိုက်ကာများကိုသာ အသုံးပြုလေ့ရှိကြသည်။ ‘ခဲ့’ ၏အိမ်သည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ရှောက်ရွှမ် အော်ပြောလိုက်သည် ‘ ဦးလေး ခဲ့ ‘ ..... ။ သူသည် အိမ်အတွင်းမှ ကျောက်တုံး ကိုပွတ်တိုက်နေသည့် အသံများကို ကြားနေရလေသည်။
အိမ်အတွင်းမှ မည်သူမှ ပြန်ဖြေခြင်းမရှိခဲ့ပေ။ သို့သော်လည်း လိုက်ကာစသည် အနည်းငယ်လှုပ်ရှားသွားခဲ့လေသည်။ ဆိုလိုသည်မှာ အိမ်ပိုင်ရှင်သည် သူ့ကို ဝင်ခွင့်ပြုလိုက်ခြင်းပင် ဖြစ်သည်။ ခွင့်ပြုချက်သာမရခဲ့လျှင် ရှောက်ရွှမ်အနေဖြင့် ထိုလိုက်ကာများကို မတင်နိုင်သည့် ခွန်အားမရှိနေပေ။ ‘ ခဲ့ ‘ အသုံးပြုသည့် အရာတော်တော်များများသည် ရိုးရှင်းဟန် ရပေသည်။ သို့သော်လည်း ထိုပစ္စည်းများသည် အခြား သူများအသုံးပြုသည့်ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် အတော်လေး ရှုပ်ထွေးသည့်အရာများ ဖြစ်ကြ၏။ သင်သည် အခြားသူများ၏ အိမ်မှ လိုက်ကာများကို မကောင်းမတင်နိုင်ပေလိမ့်မည်။ သို့သော် ‘ခဲ့’ ၏အိမ်မှ တံခါးလိုက်ကာကိုမူ မတင်နိုင်လိမ့်မည် မဟုတ်ပေ။
သူ့ထံတွင် ခြေထောက်တစ်ဖက်သာ ကျန်ရှိနေတော့သော်လည်း ‘ ခဲ့’သည် တစ်ချိန်က အမဲလိုက်အဖွဲ့၏ ထောက်ချောက်များကို အသုံးပြုသည့်နေရာတွင် ပါဝင်ခဲ့သည့်လူတစ်ယောက် ဖြစ်သည်။ သူ့အနေဖြင့် အသုံးဝင်သည့် အရည်အချင်းတချို့ ကျန်ရှိနေပေသေးသည်။