← Chapters

အခန်း (၁၉၇)

Vol. 14 Ch. 197

အခန်း (၁၉၇)

Vol. 14 Ch. 197

လျိုစစ်ယွီ ခေါင်းယမ်းလိုက်သည်။ ကျီဝမ်က ဖန့်ရှောင်နွမ် ကိုယ်ပေါ် သူ့ကုတ်အင်္ကျီကို ဘာကြောင့် ခြုံပေးတယ်ဆိုတာကို သူမ သိသည်။ သူမ ပြောလိုက်သည်။ "ရှောင်နွမ်၊ နင် ခဏနေရင် ပြိုင်ရတော့မှာ။ နင့်ရဲ့ပြိုင်ဘက်ဘယ်သူလဲဆိုတာ ဘယ်သူမှမသိကြဘူး။ နွေးနေအောင် ကုတ်အင်္ကျီ ၀တ်ထား။ နင် အရမ်းအေးရင် နင့်ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်စေလိမ့်မယ်။”

ကျီဝမ်က သံယောင်လိုက်ပြောခဲ့သည်။ “ကုတ်အင်္ကျီကို ၀တ်ထားလိုက်။ ငါစစ်ယွီကို ဖက်ထားလိုက်မယ်"

သူ စကားပြောလိုက်ပြီး ကျီဝမ်ကသူ့လက်ကို ဆန့်ကာ လျိုစစ်ယွီ ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး ပြောခဲ့သည်။ "စစ်ယွီ၊ ဒီဟာကို သိပ်အများကြီး ဖတ်ကြည့်မနေနဲ့။ မင်းအေးနေလို့ မင်းကို ဖက်ပေးတာ။ ဒီအကြောင်းကို အိမ်ပြန်ရောက်ရင် မင်းအစ်ကို့ကို ပြန်သွားပြောမနေနဲ့။ ငါအရိုက်မခံချင်ဘူး။”

လျိုစစ်ယွီက ကျီဝမ်ရဲ့လက်ကို ပုတ်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ့ကို နွေးအောင်လုပ်ပေးဖို့ နင်ငါ့ကို ဖက်ထားစရာမလိုဘူး။ ငါ့ကိုယ်ငါ ထိန်းနိုင်တယ်။"

လျိုစစ်ယွီက vest အသေးလေးနဲ့ ကုတ်အင်္ကျီပါးပါးလေးသာ ဝတ်ထားသည်ကို ဖန့်ရှောင်နွမ် မြင်လိုက်သည်။

"စစ်ယွီ အဝတ်အစားလဲရအောင်"

ဖန့်ရှောင်နွမ် ချက်ချင်းရှင်းပြခဲ့သည်။ "ငါက လည်ပင်ခေါက်ဆွယ်တာ ဝတ်ထားတာ။ ဒါကနောက်ပိုင်း စင်ပေါ်မှာ ငါ့ရဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှု ရှိစေလိမ့်မယ်။ နင့်ရဲ့အဝတ်အစားတွေက ပိုပြီးလိုက်ဖက်တယ်။ လဲရအောင်။ နင့်ရဲ့အဝတ်အစားတွေနဲ့ဆို ငါလှုပ်ရှားရတာ ပိုလွယ်လိမ့်မယ်၊ ငါ့အဝတ်တွေက နင့်အဝတ်တွေထက် ပိုထူတယ်။ ဒီနည်းနဲ့ ဆို နင် ပိုနွေးလာလိမ့်မယ်။"

လျိုစစ်ယွီက သူတို့ရဲ့ အဝတ်အစားတွေကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက် နှစ်ယောက်သား အဝတ်အစားလဲဖို့ သန့်စင်ခန်းသို့ သွားကြသည်။

သူတို့ထွက်လာတော့ ကျီဝမ်က သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြောခဲ့သည်။ "မင်းတို့နှစ်ယောက်ကြားက ဘယ်သူက ဘယ်သူလဲဆိုတာ ငါမပြောနိုင်တော့ဘူး"

နောက်ဆုံးတော့ သူတို့အားလုံးရဲ့ မျက်နှာတွေက အခုအချိန်မှာ တူညီလုနီးပါးဖြစ်နေသည်။ ကျီဝမ်က သူတို့နှစ်ယောက်ကို ခွဲဖို့ ခက်တာကို တွေ့လိုက်ရသည်။

လျိုစစ်ယွီက ကျီဝမ်ကို အကြည့်တစ်ချက်ပေးခဲ့ပြီး ကျီဝမ်ကို ဖန့်ရှောင်နွမ်ရဲ့ လည်ပင်းအား မကောင်းဆိုးဝါးဆန်တဲ့ အပြုံးနဲ့ ကြည့်ပေးလိုက်သည်။ ဖန့်ရှောင်နွမ်ကက မရေရာတဲ့မာကင်ရာတွေကို ဖုံးရန် သူမရဲ့ လည်ပင်းခေါက်ဆွယ်တာကို တစ်နေ့လုံး ဝတ်ထားတာကြောင့် အဲ့တာတွေကို ဘယ်သူမှ မမြင်ခဲ့ရပေ။ ယခု သူမက အင်္ကျီသေးလေးကို လဲထားတာကြောင့် သူမလည်ပင်းပေါ်က မရေရာတဲ့မာကင်ရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီဖြစ်သည်။

ကျီဝမ်က အဲ့တာကို မြင်ပြီးနောက်ပြောခဲ့သည်။ "ဒီတော့ ငါ့ဦးလေးက ခွေးတစ်ကောင်ပဲ"

ဖန့်ရှောင်နွမ်လည်း ပြောလိုက်သည်။ "ဒါတော့မှန်တယ်၊ ဘယ်ခွေးမှမဟုတ်ဘူး"

သူ့ရဲ့ဇနီးနဲ့ တူဖြစ်သူ “ခွေး” လို့ ခေါ်တဲ့ သူကတော့ အလုပ်က ဆင်းသွားပြီပင်။ ကျီလင်းချန်က သူကြိုတင်ပြင်ဆင်ထားသည့် ရုပ်ရှင်လက်မှတ်များကို ကောက်ယူလိုက်ပြီး သူ့ဇနီးလေးကို လာကြိုဖို့ စိတ်မရှည်စွာဖြင့် အိမ်ပြန်သွားခဲ့သည်။ အိမ်အပြန်လမ်းမှာ သူ့မိန်းမအတွက် နို့လက်ဖက်ရည်ဝယ်ဖို့ တန်းစီနေသေးသည်။ နို့လက်ဖက်ရည်ကို သူပထမဆုံးဝယ်တာ လည်းဖြစ်သည်။ သူ့ဇနီးသည်က ဘယ်လိုအရသာမျိုး ကြိုက်မှန်း မသိတာကြောင့် အကြံပြုချက်တစ်ခုသာတောင်းနိုင်ခဲ့သည်။

“ဒါက ကျွန်မတို့ရဲ့ signature ပဲ။ ဒါက အကောင်းဆုံးရွေးချယ်မှုပဲ”

ကျီလင်းချန်က ဝန်ထမ်းတစ်ဦး၏ အကြံပြုချက်ကို နားထောင်ပြီး ဆိုင်၏ signature ဖြစ်တဲ့ နို့လက်ဖက်ရည်တစ်ခွက်ကို မှာခဲ့သည်။

“ဆရာ၊ အခန်းအပူချိန်နဲ့ ဒါမှမဟုတ် ရေခဲနဲ့ လိုချင်လား” လို့ဝန်ထမ်းက မေးလိုက်သည်။

ကျီလင်းချန် ပြောလိုက်သည်။ "အခန်းအပူချိန်"

နို့လက်ဖက်ရည်သောက်ဖို့ တန်းစီနေတဲ့ မိန်းကလေးတွေက အေးစက်ပြီး ရုပ်ရည်ချောမောတဲ့ ယောက်ျားကို နောက်ထပ် အနည်းငယ် လှမ်းကြည့်ရုံဖြင့် မကူညီနိုင်ခဲ့ပေ။

အချို့က သူ့ကို လျှို့ဝှက်စွာ ကြည့်နေကြပြီး အချို့က သူ့ကို ပွင့်ပွင့်လင်းလင်း ကြည့်နေကြသည်။

“သူက အရမ်းချောတာပဲ” တစ်ယောက်ယောက်က မထိန်းနိုင်ဘဲ ပြောလိုက်သည်။

“ဒီလူကိုကြည့်လိုက်။ သူက ကျီလင်းချန်နဲ့တူတယ်နော်"

ဒီစကားကြားတော့ အားလုံး ငြိမ်သွားကြသည်။

အားလုံးက သူ့ကိုကြည့်တဲ့ပုံစံက ပြောင်းသွားသည်။ ပထမတော့ သူက ချောမောလွန်းပြီး နို့လက်ဖက်ရည်ကို ဝတ်စုံပြည့်နဲ့ လာဝယ်နေတာကြောင့်ပင်။ ဤအရာက သူ နေရာလွတ်သွားသည်ဟု လူတိုင်းကို ခံစားရစေသည်။ သို့သော်လည်း တစ်စုံတစ်ယောက်က သူတို့၏ဖုန်းမှာ ကျီလင်းချန်ရဲ့ဓာတ်ပုံကို ဆွဲယူပြီး ၎င်းတို့ရှေ့မှလူနှင့် နှိုင်းယှဥ်ကြည့်သောအခါတွင် သူတို့ရဲ့မျက်လုံးတွေက ပြောင်းလဲသွားခဲ့သည်။ သူတို့ လုံးဝ အံသြသွားသည်။ သူတို့မှာ တုံ့ပြန်ဖို့ အချိန်တောင် မရှိပေ။

ကျီလင်းချန်က သူ၏အထောက်အထားကို ဖုံးကွယ်ထားခြင်းမရှိသည့်အပြင် မည်သူနှင့်မျှ စကားမပြောပေ။ ဒီအခိုက်အတန့်မှာ သူ့အကြည့်တွေက သူ့ရှေ့ကလူ ခုနကလုပ်ထားတဲ့ သစ်သီးလက်ဖက်ရည်ကို ရုတ်တရက် စိုက်ကြည့်နေသည်။ သစ်သီးလက်ဖက်ရည်၏ အရောင်က အလွန်ဆွဲဆောင်မှုရှိသည်။ ပန်းရောင်လေးဖြစ်ပြီး သူ့မိန်းမ ကြိုက်တဲ့ဟာလိုမျိုးလေး။

ကျီလင်းချန်က ထွက်သွားတော့မယ့် ကောင်မလေးကို တားပြီးမေးလိုက်သည်။ "ခွင့်ပြုပါ၊ မင်းရဲ့သောက်စရာရဲ့ နာမည်က ဘာလဲ"

ကောင်မလေးက ချက်ချင်း လွှမ်းမိုးခံလိုက်ရသည်။ သူမ မြေပြင်ပေါ်တွင် အမြစ်တွယ်လျက် မတ်တပ်ရပ်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည်။ “white၊ white peach…”

“white peach fruit tea ပါ ” ဝန်ထမ်းက ချက်ချင်းပြောလိုက်သည်။

ကျီလင်းချန် ထိုစကားကိုကြားပြီးနောက် ဝန်ထမ်းကိုပြောလိုက်သည်။ "အဲ့တာတစ်ခွက်ပေး။ ငါ့မိန်းမ အဲ့တာကိုသဘောကျမှာ သေချာတယ်"

"CEO ကျီ၊ CEOရဲ့မိန်းမအတွက် နို့လက်ဖက်ရည်ဝယ်ဖို့လာတာလား။" ဝန်ထမ်းက မေးလိုက်သည်။

ကျီလင်းချန်က အိမ်က သူ့ရဲ့ကိုယ်လုံးကိုယ်ပေါက်ကျစ်လျစ်သေးသွယ်တဲ့ ဇနီးလေးကို တွေးတောနေခဲ့သည်။ သူမက အလွန်နူးညံ့ပြီး ချစ်ဖို့ကောင်းသည်။ သူ တုန်နေအောင်ချစ်သလို ပြောလိုက်သည်။ “သူမက စားကြူးပြီး နို့လက်ဖက်ရည်သောက်ရတာကို သဘောကျတယ်။ ဒီနေ့ ကျွန်တော် အလုပ်က စောစောထွက်လာပြီး နှစ်ခွက် အိမ်ပြန်သယ်သွားချင်လို့"

ဝန်ထမ်းတွေက အဲ့တာကိုကြားတာနဲ့ ချက်ချင်းလှည့်ပြီး သောက်စရာတွေ လုပ်ပေးခဲ့သည်။

မကြာခင်မှာပဲ ကျီလင်းချန် မှာခဲ့တဲ့ signature ဖြစ်တဲ့ နို့လက်ဖက်ရည်နဲ့ white peach fruit teaက အဆင်သင့်ဖြစ်နေပြီ။ နို့လက်ဖက်ရည်နဲ့ သစ်သီးလက်ဖက်ရည်ကို ကိုင်ကာ သူ သူ့အဖေကို ဖုန်းဆက်လိုက်သည်။

ထိုအချိန်တွင် သခင်ကြီးကျီက ဂိမ်းအနည်းငယ်ကစားနေပြီး သူ ပျော်ရွှင်နေသည်။

“ဒီဂိမ်းလေးကို ဒီလောက်ထိပျော်စရာကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ Sheep and Sheep လို့ ခေါ်တဲ့ ဒီဂိမ်းကို တစ်နေ့ခင်းလုံး ကစားပြီးတာတောင် ငါ မပျင်းသေးဘူး။”သခင်ကြီး ကျီက အိမ်တော်ထိန်းနဲ့အတူ ဆိုဖာပေါ်တွင် ထိုင်ကာ မရပ်မနား ကစားနေသည်။

" ရှောင်နွမ်က အရမ်းတော်တယ်။ သူ ဒီပျော်စရာကောင်းတဲ့ဂိမ်းတွေကို ငါ့ကို နေ့တိုင်း မျှဝေပေးပြီး အဲ့ skydiving ဂိမ်းကို ဘယ်ကစားရမလဲဆိုတာလည်း သင်ပေးတယ်"

“ သခင်ကြီး၊ သခင်မလေးက အဲဒါကို Skydiving လို့ မခေါ်ဘူး၊ ကြက်ကိုစားတာလို့ခေါ်တယ်လို့ ပြောထားတယ်လေ ” အိမ်တော်ထိန်းက သူ့ကို အမှန်ပြင်ပေးလိုက်သည်။

All Chapters