အခန်း (၁၉၈)
Vol. 14 Ch. 198
ဆရာကြီး ကျီ က သူ့လက်ကို ဝှေ့ယမ်းပြီး ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။ "အဲ့တာကဘယ်လိုခေါ်လဲဆိုတာ ဘယ်သူက ဂရုစိုက်မှာတုန်း။ ငါ့ချွေးမက တကယ်အရမ်းတော်တယ်"
ပျော်ရွှင်စွာ ကစားနေတဲ့ သခင်ကြီးကျီက သူ့သားထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ သူ စပီကာခလုတ်ကို စိတ်မရှည်စွာ နှိပ်လိုက်ပြီး ပြောခဲ့သည်။ "ဘာလို့ group chat ထဲ စာမပို့တာလဲ။ ဖုန်းခေါ်ပြီး ဂိမ်းဆော့တာကို နှောင့်ယှက်ရလား"
ကျီလင်းချန်က သူ့အဖေသူ့ကိုဆူလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ မေးလိုက်သည်။ " ရှောင်နွမ် အိမ်ပြန်ရောက်ပြီလား"
"မရောက်သေးဘူး။ သူ လမ်းမှာရောက်နေတာဖြစ်မယ် ” သခင်ကြီးကျီ ပြောလိုက်သည်။ သူ ဂိမ်းဆော့နေတုန်းပဲ။ "မင်းဘယ်မှာလဲ။ ဘာလို့ဒီလောက်ဆူညံနေတာလဲ"
ကျီလင်းချန် ပြောလိုက်သည်။ " ကျွန်တော် ရှောင်နွမ် အတွက် နို့လက်ဖက်ရည်ဝယ်နေတာ"
သခင်ကြီး ကျီက သူ နို့လက်ဖက်ရည် ဝယ်နေတယ် ဆိုတာကို ကြားတော့ ဂိမ်းထဲကနေ ချက်ချင်း ထွက်လိုက်သည်။ ဖုန်းကို ကောက်ကိုင်ပြီး နားရွက်နားကို ကပ်လိုက်သည်။ "သား အဖေ့အတွက်လည်း တစ်ခွက်လောက်ဝယ်လာပေး"
ကျီလင်းချန် ပြောစရာစကားမဲ့သွားသည်။
သခင်ကြီး ကျီ ဆက်ပြောခဲ့သည်။ " ရှောင်နွမ် သောက်တဲ့ဟာမှန်သမျှ ငါလည်းသောက်မယ်။ တစ်ခါက ပုလဲလုံးလေးတွေပါတာလည်း ငါ့အတွက်သူ ဝယ်ပေးဖူးတယ်။ အရသာတော်တော်ကောင်းတယ်။ အဲဒီအထဲက တစ်ခုကိုလည်း ဝယ်ခဲ့ပေး"
ကျီလင်းချန် ပြောစရာစကားမဲ့သွားသည်။ သူ ဒီဖုန်းကိုမဆက်ခဲ့သင့်ဘူး။ ဖုန်းချပြီးနောက် ကျီလင်းချန်က သူ့အဖေအတွက် တူညီတဲ့သောက်စရာနှစ်ခွက်ကို ဆောင်ရွက်ပေးရန် ဝန်ထမ်းအား တောင်းဆိုနိုင်ခဲ့သည်။ အဲ့တာတွေ အားလုံးကိုရပြီးနောက် သောက်စရာလေးဘူးနဲ့ ကားပေါ်သို့ ပြန်လာခဲ့သည်။ ကားပေါ်တက်ပြီးနောက် ကျီဝမ်ကို ထပ်ပြီးဖုန်းခေါ်လိုက်ပေမယ့် မကိုင်ခဲ့ပေ။ သူ ဖန့်ရှောင်နွမ်ကို ဖုန်းထပ်ခေါ်လိုက်ပေမယ့် မကိုင်ခဲ့ပေ။ ကျီလင်းချန် အချိန်ကို ကြည့်လိုက်သည်။ လေးနာရီထိုးနေပြီ။ ကျောင်းဆင်းပြီးနေပြီမို့ သူ အိမ်ကို ပြန်မောင်းသွားခဲ့သည်။
အိမ်ပြန်ရောက်သောအခါ သခင်ကြီး ကျီက သူ့သား ကိုင်ထားတဲ့ဟာတွေကို မြင်တွေ မျက်လုံးအရောင်က တောက်ပသွားသည်။ တကယ်ကို ရှောင်နွမ် သူ့အတွက် အရင်က ဝယ်ပေးခဲ့ဖူးတဲ့သောက်စရာပဲ!
အသက်ခြောက်ဆယ်နဲ့ ခုနစ်ဆယ်နီးပါးရှိတဲ့ ဒီအဖိုးကြီးက ဒီလိုအစားအစာအမျိုးအစားကို အမှန်တကယ်နှစ်သက်ကြောင်းကို မည်သူမျှ မသိခဲ့ကြပေ။
ကျီလင်းချန် ဖန့်ရှောင်နွမ်ကို လက်ထပ်ပြီးကတည်းက သခင်ကြီးကျီက တစ်နေ့ထက်တစ်နေ့ ပိုပို၍စားလာခဲ့သည်။ ဒါပေမယ့်၊ ငါးဥဆားနယ်၊ ဒရယ်ဦးချို၊ ဂျင်ဆင်း အစရှိသည့်အရာတွေက သခင်ကြီး ကျီဆီက ကျောက်ပုစွန်တစ်ပန်းကန်နှင့် နှိုင်းယှဉ်စရာမရှိပေ။
ကဏန်းဘုရင်ကကော။ သွားရေစာလမ်းမှာ သူ့ချွေးမက သူ့ကို မိတ်ဆက်ပေးတဲ့ အစားအသောက်ကို သဘောကျသည်။ ကဏန်းဘုရင်က အဲ့တာနဲ့ ယှဉ်လို့မရပေ။
"ဟေ့ မင်းဘာလို့ သောက်စရာလေးခွက်ဝယ်လာတာလဲ။" သခင်ကြီးကျီက သောက်စရာအရေအတွက်ကို ကြည့်ပြီး အရှက်မရှိ သုံးခွက်သောက်ချင်နေသည်။
ကျီလင်းချန်က နို့လက်ဖက်ရည်တစ်ခွက်နှင့် သစ်သီးလက်ဖက်ရည်တစ်ခွက်ကို ချပေးလိုက်သည်။ သူ အချိန်ကိုကြည့်ပြီးပြောလိုက်သည်။ "အဖေ၊ ရှောင်နွမ်နဲ့ ကျီဝမ် ပြန်မရောက်သေးဘူးလား"
“သူတို့ ပြန်မလာကြသေးဘူး” သခင်ကြီး ကျီ က ဒီလိုပြောပြီးနောက် နို့လက်ဖက်ရည်ကို ကောက်ယူပြီး ကြည့်လိုက်သည်။ ဒါက ရှောင်နွမ် သူ့အတွက် နောက်ဆုံးအကြိမ်ဝယ်ပေးခဲ့တဲ့ဟာဆိုတာ သေချာသည်။ သူပိုက်ကို ထိုးစိုက်ပြီး ချက်ချင် သောက်တော့သည်။ သူ နို့လက်ဖက်ရည်ကို တကယ်ကြိုက်ပုံရသည်။
ကျီလင်းချန် ညနေ 5:30 အထိ စောင့်ဆိုင်းခဲ့သော်လည်း ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့ အိမ်ပြန်မရောက်လာကြသေးပေ။
ထို့အပြင် သူတို့နှစ်ဦးက သူတို့ရဲ့ဖုန်းတွေကို ဖြေကြားခြင်းမရှိပေ။ သူတို့နှစ်ယောက်ဆီမှာ တစ်ခုခုများဖြစ်နေလို့လား။ ကျီလင်းချန် အဲ့အကြောင်းကို ပိုတွေးလေလေ သူစိတ်အနှောင့်အယှက် ဖြစ်လာလေလေပင်။ သောက်စရာတွေ အိပ်ခန်းထဲထည့်ကာ ကားသော့ကိုယူပြီး အိမ်မှထွက်လာခဲ့သည်။ သူ သူ့ဇနီးရဲ့ကျောင်းသို့ တိုက်ရိုက်မောင်းသွားပြီး ဆိုင်းဘုတ်ပေါ်အခြေခံထားသော သူတို့၏ နောက်ဆုံးအတန်းဖြစ်သည့် စာသင်ခန်းကို ရှာခဲ့သည်။ စာသင်ခန်းထဲမှာ တစ်ယောက်မှမရှိသလို လမ်းမှာ ခြေရာလည်းမရှိ၊ သူတို့နှစ်ယောက် တစ်ချိန်တည်းမှာ ဘယ်လို ပျောက်သွားကြတာလဲ။
ယခုအချိန်တွင် Silver Field ၌ စင်မြင့်ပေါ်တွင် ပွဲသုံးပွဲကျင်းပပြီးဖြစ်သည်။ ဖန့်ရှောင်နွမ်က နောက်တစ်ပွဲမှာ။
ကျီဝမ်နဲ့ လျိုစစ်ယွီတို့ ဖန့်ရှောင်နွမ်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ လျိုစစ်ယွီ ပြောလိုက်သည်။ "ရှောင်နွမ်၊ နင်ယုံကြည်မှုရှိရဲ့လား"
ထိုကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင်၊ လျိုစစ်ယွီက ဖန့်ရှောင်နွမ် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျပြီး မထနိုင်သည့်နှစ်က အကြောင်းကို အမြဲတွေးနေမည်ဖြစ်သည်။ သူမ၏ လက်ကောက်ဝတ်မှာ နီရဲနေပြီး လက်မောင်းလည်း ရောင်ရမ်းနေခဲ့သည်။
ဖန့်ရှောင်နွမ်က သူမ၏ ပြိုင်ဘက်ကို အကဲခတ်နေခဲ့သည်။ သူမ ယုံကြည်မှုရှိစွာပြောလိုက်သည်။ “ဒါက ပြဿနာကြီးကြီးမားမားတော့ မဟုတ်ဘူး။ ဒီအဆင့်ကို တက်ဖို့ သူ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲကို ငါ မြင်ဖူးတယ်။ သူ့မှာ အားနည်းချက်တွေ အများကြီးရှိတယ်။ အချိန်တိုအတွင်းမှာပဲ သူအကုန်လုံးကို ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး။”
ကျီဝမ်က သူမဘေးမှာ ရပ်ပြီးပြောလိုက်သည်။ "ဒီလူက ဂျူဒိုပညာ တတ်တယ်။ ပြိုင်ဘက်က သူ့ကို လျှော့တွက်ထားတာကြောင့် အဲ့ပွဲကို အနိုင်ရတာ။ မင်းရဲ့ကာကွယ်ဖို့အသင့်အနေအထားကို မင်းလက်လျှော့လိုက်လို့ မဖြစ်ဘူး။ ဒီကောင်က တော်တော်လိမ္မာပါးနပ်တဲ့လူနဲ့တူတယ်။ မင်းကို စိတ်ရှုပ်သွားအောင် သူ့ခွန်အားကို ဖုံးကွယ်ထားလိမ့်မယ်"
ဖန့်ရှောင်နွမ် ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူမ သူတို့နှစ်ယောက်ကို ပြောလိုက်သည်။ “စိတ်မပူနဲ့။ သူ ငါ့ကို စိတ်ရှုပ်ထွေးအောင် လုပ်ချင်ရင်တောင် ငါအရူးလုပ်ခံရလိမ့်မယ် ထင်လား" ဘယ်သူက လျှို့ဝှက်ချက်မရှိမှာလဲ။
အချိန်သိပ်မကျန်တော့တာကို မြင်လိုက်ရတော့ ဖန့်ရှောင်နွမ် ထပြီး သူမရဲ့ဂျာကင်အကျီကို ချွတ်လိုက်သည်။ သူမ စစ်ယွီ၏ အနက်ရောင်vestကို ဝတ်ကာ စောင့်ဆိုင်းနေသည့်နေရာဆီသို့ လျှောက်သွားခဲ့သည်။ သူမနဲ့ ချခဲ့တဲ့လူက “ရန်” လို့ နာမည်ပေးထားသည်။ ထိုအမျိုးသား၏ မျက်နှာပေါ်မှာ Spongebob တက်တူးတစ်ခုရှိသည်။ ဖန့်ရှောင်နွမ်က သူမပြိုင်ဘက်ရဲ့ အသက်နှင့် ခွန်အားကို မခန့်မှန်းနိုင်ပေ။ သူမ ၎င်း၏ အရပ်နှင့် ကိုယ်အလေးချိန်အပေါ် မူတည်၍ ခန့်မှန်းချက်အချို့ကိုသာ ပြုလုပ်နိုင်သည်။
" 'နန်နန်' က မာကင်ရာနဲ့ လာပြိုင်လိမ့်ဖို့ မမျှော်လင့်ထားဘူး။ အိပ်ရာထဲမှာ မင်းရဲ့ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်တဲ့ပုံရတယ်။ မင်းရဲ့စိတ်ဖိစီးမှုတွေကို ပြေပျောက်စေချင်တာလား။" ရန် က ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က သူမ၏ ပြိုင်ဘက်၏ အကြည့်က သူအ လည်ပင်းပေါ်ကျသွားသလို ခံစားလိုက်ရသည်။
ရန်၏ စကားတွေက သူမကို အရှက်ရစေရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ သူက ဖန့်ရှောင်နွမ် ကို လှောင်ပြောင်နေပြီး သူမကို ကြောက်အောင် လုပ်ဖို့ ကြိုးစားနေသည်။ သူမက စိတ်ဖိစီးလွန်းနေပြီး ဖိအားများကို ကိုင်တွယ်ဖြေရှင်းရန် အခြားလူတစ်ဦး လိုအပ်ကြောင်း ၎င်းက အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။