အခန်း (၂၀၃)
Vol. 14 Ch. 203
ကျီလင်းချန်က မိန်းကလေး၏ လက်မောင်းတွင် ထူးဆန်းသော အမာရွတ်ကို ရုတ်တရက်တွေ့လိုက်သောအခါ အဝေးကို အကြည့်လွှဲလိုက်သည်။
ဒီအမာရွတ်က... ကျီလင်းချန် အတွက် အမှတ်ရစရာကို ရုတ်တရက် ဖြစ်ပေါ်စေသည်။ ထိုနှစ်တွင် သူသည် ပျောက်ဆုံးသွားသော ကလေးမလေးအား ဆယ့်ငါးနှစ်တာလုံး ရှာဖွေခဲ့သည်။
ကျီလင်းချန်၏ အသက်ရှူသံ မြန်လာသည်။ သူသည် အမေရိကန်လူမျိုး ကဲ့သို့ ၀တ်စားထားသော မိန်းကလေးကို ကြည့်ပြီး ကောင်မလေး၏ လက်မောင်းကို ဆုပ်ကိုင်ရန် ရှေ့သို့ လျှောက်သွားခဲ့သည်။ သူ မေးလိုက်သည်။ "မင်းက ဘယ်သူလဲ"
လျိုစစ်ယွီရဲ့ မျက်လုံးတွေ ထိတ်လန့်စွာ ပြူးကျယ်သွားသည်။ 'အိုးမိုင်ဂေါ့၊ ဒါက ရှောင်နွမ်ရဲ့ အိမ်က ရွံစရာကောင်းတဲ့သူ မဟုတ်လား?!' သူမက ကွင်းထဲတွင် တိုက်ခိုက်ဆဲဖြစ်သော ဖန့်ရှောင်နွမ်ကို အမြန်လှည့်ကြည့်လိုက်သည်။
"အိုးမိုင်ဂေါ့ !" လျိုစစ်ယွီက ကျီလင်းချန်၏ ချုပ်ကိုင်မှုမှလွတ်မြောက်ရန် ရုန်းကန်ပြီး လူအုပ်ထဲသို့ အမြန်ပြေးသွားခဲ့သည်။
"ရှောင်ယွီ !" ကျီလင်းချန်က ထွက်ပြေးသွားတဲ့ မိန်းကလေးကို ကြည့်ရင်း အော်လိုက်သည်။
မူလက သူ့မိန်းမကို လိုက်ရှာဖို့ လာခဲ့ပေမယ့် ဒီကောင်မလေးကို တွေ့တော့ သူ့မိန်းမကို လုံးဝ မျက်ကွယ်ပြုသွားမိသည်။ အခုအချိန်မှာ သူ့ကမ္ဘာမှာ "ရှောင်ယွီ" ဆိုတဲ့ မိန်းကလေးတစ်ယောက်ပဲ ရှိတော့သလိုပဲ။ ထိုပုံပန်းသဏ္ဍာန်နောက်သို့ လိုက်သွားခဲ့သည်။
လျိုစစ်ယွီ လှည့်ကြည့်လိုက်တော့ သူ သူမနောက်ကို လိုက်နေတာကို တွေ့လိုက်ရသည်။ သူမ အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။ “ငါတော့သွားပြီ။ လုံးဝသွားပြီးပဲ!"
သူမ လူအုပ်ကို ဖြတ်ကာ ကွင်းဘက်သို့ ပြေးသွားခဲ့သည်။ "ရှောင်ဝမ်၊ မကောင်းတော့ဘူး။ မကောင်းတော့ဘူး။ ကျီလင်းချန် ရောက်နေတယ် !"
ကျီဝမ်က သူနားကြားမှားသွားတယ်လို့ ထင်ခဲ့သည်။
လျိုစစ်ယွီက သူမနောက်ကို ညွှန်ပြလိုက်သည်။ "ငါ နင့်ကိုလိမ်နေတာမဟုတ်ဘူး။ နင့်ဦးလေး အဲ့မှာ။ ငါ့မျက်စိနဲ့ မြင်ခဲ့တာ။"
သူ့ဦးလေး ဒီမှာရှိနေတာကို ကျီဝမ် ကြားတဲ့အခါ သူ့ခြေထောက်တွေ အားနည်းသွားခဲ့သည်။ "F*ck! စစ်ယွီ၊ ငါ့ကို မခြောက်နဲ့။ ငါ့ဦးလေးက ဒီနေရာကို ဘယ်လိုလုပ်သိနိုင်မှာလဲ။ သူ့မှာ ကတ်လည်း မရှိဘူး။ သူဘယ်လိုဝင်လာတာလဲ"
လျိုစစ်ယွီ လှည့်ကြည့်လိုက်တော့ ကျီလင်းချန်ကို ထပ်တွေ့လိုက်ရသည်။
ကျီဝမ်က သူမအကြည့်နောက်ကို လှမ်းကြည့်လိုက်တော့ သူ့ဦးလေး မျက်နှာကို ဆေးမခြယ်ထားဘဲ မြင်လိုက်ရသည်။ ဒီအခိုက်အတန့်မှာ သူ့အခေါင်းကို ရွေးရမလားတောင် တွေးနေခဲ့သည်။
လျိုစစ်ယွီက ယခုအချိန်တွင် သူမ တတ်နိုင်သမျှ မြန်မြန်ပြေးရမည်ဟု တွေးထင်ခဲ့သည်။ သူမ ပြောလိုက်သည်။ "ရှောင်ဝမ်၊ သစ္စာမဲ့မိလို့ ငါ့ကို အပြစ်မတင်ပါနဲ့။အခု ကပ်ဘေးကနီးလာပြီဆိုတော့ ငါတို့ ခွဲပြီးတော့ပဲ ပြေးနိုင်တော့မယ်။ နင်နဲ့ ရှောင်နွမ် ကံကောင်းပါစေ။ ငါအရင်ထွက်သွားတော့မယ်။ နောက်နေ့မှတွေ့ကြမယ်!”
ထိုစကားကိုပြောပြီးနောက် သူမ လှည့်ပြီးထွက်ပြေးသွားကာ ကျီဝမ်ကို ထိုနေရာတွင် ထားခဲ့သည်။ သူ ဒူးတွေ တုန်နေပြီ။ သူ့ဦးလေးက ဓားမြှောင်မျက်လုံးတွေနဲ့ စိုက်ကြည့်နေသည်။
ကျီလင်းချန်က သူ့တူလေး ကျီဝမ် ဘယ်လောက်ပဲ ရုပ်ဖျက်ထားပါစေ သူ့တူလေးကိုတော့ မှတ်မိနေသေးသည်။
သူ ကျီဝမ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ သူ့အမူအရာက မှုန်မှိုင်းသွားသည်။ သူတစ်ချက်လှမ်းလိုက်တိုင်း၊ ကျီဝမ်က သူ့ဘဝတစ်စက္ကန့်မျှ တိုတောင်းသွားသလို ခံစားလိုက်ရသည်။ သူ့နှလုံးခုန်သံ မြန်လာသည်။ သူ့ဦးလေး၏ အစွမ်းထက်သော အရှိန်အဝါကြောင့် သေသည်အထိ ကြောက်လန့်နေပေတော့မည်။
ကွင်းအတွင်းရှိ အမျိုးသမီး အောင်ပွဲခံခါနီးတွင် လူအုပ်ကြီးထဲတွင် special ယောက်ျားတစ်ဦးကို ရုတ်တရက်တွေ့လိုက်ရသည်။ သူမပါးစပ်ကို ထိတ်လန့်စွာဟလိုက်ပြီး ပြိုင်ဘက်ကိုလိုက်ဖို့ အခြေအနေကို အခွင့်ကောင်းယူဖို့ မေ့သွားခဲ့သည်။
အဲ… အဲဒီလူက… ငါ့ယောကျ်ားပဲ။ ဒီနေရာကို သူဘယ်လိုရှာတွေ့သွားတာလဲ။ ပြိုင်ဆိုင်မှုက အရေးမကြီးတော့သလို အဆင့်တက်ဖို့ကလည်း အရေးမကြီးတော့ပေ။ သူမ စင်ပေါ်မှ တိုက်ရိုက်ခုန်ဆင်းခဲ့သည်။
T နဲ့ ပရိတ်သတ်တွေ အရမ်းအံ့သြသွားကြသည်။ 'နန်နန်' ဘာလုပ်နေတာလဲ။
ဖန့်ရှောင်နွမ် ဂရုမစိုက်နိုင်တော့ဘဲ တိုက်ပွဲကို စွန့်ခွာလိုသော သူမ၏ အပြုအမူများဖြင့် တိုက်ရိုက်ဖော်ပြခဲ့သည်။ အကယ်၍ သူမ အခုချိန်မပြေးဘဲ ဆက်တိုက်ခိုက်ခဲ့ရင် အသက်ဆုံးရှုံးသွားနိုင်သည်။ သူမ ဂရုမစိုက်နိုင်တော့ဘူး။ ကျီဝမ်ကို ဖမ်းပြီး ပြေးဖို့က သူမအတွက် မဖြစ်နိုင်ဘူး။ သူမရဲ့အသက်ကို အရင်ကယ်တာက ပိုကောင်းသည်။ သူမ အခင်းဖြစ်ပွားရာနေရာမှ အမြန်ထွက်ပြေးသွားခဲ့သည်။
ဒါက ကွင်းထဲမှာ အတော်လေး လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့သည်။ စင်ပေါ်မှာ ထိုင်းစကား စပြောခဲ့ကြသည်။
ကျီလင်းချန်က သူ့တူလေးရှေ့ကို လျှောက်သွားနေပြီ။ ကျီဝမ် ချက်ချင်း လက်ကို မြှောက်ကာ အရှုံးပေးသည့် အမူအရာ လုပ်လိုက်သည်။
"မင်းအဒေါ် ကော "
ကျီဝမ် မသိစိတ်ကနေ ကြိုးဝိုင်းထဲက အမျိုးသမီးကို လိုက်ရှာခဲ့ပြီး ထိတ်လန့်သွားသည်။ 'F*ck သူမ ဘယ်မှာလဲ'
ထိုမှသာ ဖန့်ရှောင်နွမ်နဲ့ လျိုစစ်ယွီဆိုတဲ့ အသင်းဖော်တွေက သူ့ကိုလှည့်စားသွားကြောင်း ကျီဝမ် သဘောပေါက်သွားခဲ့သည်။ အသီးသီး မိမိတို့၏ အသက်အတွက် ပြေးသွားကြပြီ။ သူကတော့ အဖမ်းခံရလောက်တဲ့ထိ ကံမကောင်းခဲ့ပေ။
ဖန့်ရှောင်နွမ် ပြေးထွက်လာသောအခါတွင် သူမက အင်္ကျီလက်ပြတ်ကိုသာ ၀တ်ထားသည်။ သူမလက်ကို တင်ပါးပေါ်တင်ကာ လေကိုရှူထုတ်လိုက်သည်။ သူမ အသက်ရှုမဝလုနီးပါး ဖြစ်နေသည်။
"နင်လည်း ထွက်လာတာလား" ရုတ်တရက် သူမရဲ့အနောက်ဆီမှ အသံတစ်ခုထွက်လာသည်။
ဖန့်ရှောင်နွမ် ထိတ်လန့်သွားသည်။ သူမ လှည့်ကြည့်လိုက်တော့ သူမရဲ့အချစ်ဆုံးသူငယ်ချင်း လျိုစစ်ယွီ ဖြစ်နေသည်။ တူညီသော သစ္စာစောင့်သိမှု ကင်းမဲ့မှုကြောင့် သူတို့နှစ်ဦး အပြင်တွင် တွေ့ဆုံခဲ့ကြသည်။
"ရှောင်ယွီ၊ f*ck you! နင်ထွက်ပြေးတဲ့အချိန်တုန်းက ငါ့ကိုဘာလို့ အကြောင်းမကြားတာလဲ။ စင်ပေါ်မှာ တိုက်ခိုက်ရင်း ပျော်နေတဲ့အချိန်ကြီး ရုတ်တရက် ငါ့ယောကျ်ား လမ်းလျှောက်လာတာကို မြင်လိုက်ရတာပဲ ”
“ငါ့ စိတ်တွေ ဗလာဖြစ်သွားပြီး စင်ပေါ်ကနေ ချက်ချင်း ခုန်ဆင်းပြီး ပြေးထွက်လာခဲ့တာ။ လောလောဆယ်တော့ အတွင်းထဲမှာ ရှုပ်ယှက်ခတ်နေတော့မှာပဲ။ ဒီနေ့ အဆင့်တက်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး။”
လျိုစစ်ယွီ ဘေးမှာရပ်လိုက်ပြီး ကတ်သီးကတ်ဖဲ့ပြောလိုက်သည်။ "နင့် ငါ့အကြောင်းပြောဖို့ သတ္တိရှိသေးတာလား။ နင့်ယောကျ်ားရဲ့မျက်လုံးတွေကို ငါကြည့်ပြီး သူ့ကိုတောင် စကားပြောလိုက်မိသေးတယ်။ သူက ငါ့ကို ဖမ်းချင်နေတာ။ ငါမပြေးရင် ငါသေလိမ့်မယ်။ ငါအဲဒါကိုစောင့်နေရမှာလား"
“အဲဒါ ငါ့ယောက်ျားလေ။ နင်က ဘာကိုကြောက်တာလဲ။ သူက ဘာလို့ နင့်ကိုသတ်မှာလဲ။" ဖန့်ရှောင်နွမ် ပြောလိုက်သည်။