← Chapters

အခန်း (၂၀၄)

Vol. 14 Ch. 204

အခန်း (၂၀၄)

Vol. 14 Ch. 204

လျိုစစ်ယွီ ပြောလိုက်သည်။ "သေစမ်း၊ နင့်ရဲ့ယောကျ်ားပေါ့။ ကျီဝမ် နဲ့ ငါက နင့်ကို မြေအောက်လောင်းကစားရုံဆီ အဖော်လိုက်ပေးခဲ့တယ်ဆိုတာသာ သူသိသွားရင် ငါတို့နှစ်ယောက်ကို ကြံရာပါလို့ သတ်မှတ်လိမ့်မယ်။ ငါတို့သုံးယောက်လုံး ပွဲသိမ်းသွားလိမ့်မယ်!"

ညီအစ်မနှစ်ယောက်က တံခါးဝတွင်ရပ်ကာ တစ်ယောက်ကို တစ်ယောက် စကားစမြည်ပြောနေကြစဥ် မျက်နှာပေါ်မှာ ခြယ်ထားတာတွေက သူတို့ကို အမေရိကန်လူမျိုး များကဲ့သို့ ဖြစ်နေစေခဲ့သည်။

“အဲဒါကို ထပ်မပြောနဲ့တော့။ မြန်မြန်အဝတ်လဲဖို့ နေရာရှာ။ ငါ့အစ်ကိုရဲ့ အကာအကွယ်ကို ငါ ရှာလိုက်ဦးမယ်” လျိုစစ်ယွီပြောလိုက်သည်။

သူတို့နှစ်ယောက် အများသုံးသန့်စင်ခန်းကို တွေ့ပြီး အဝတ်တွေလဲဖို့ ဝင်သွားလိုက်ကြသည်။

လျိုစစ်ယွီပြောလိုက်သည်။ "ရှောင်နွမ်၊ နင့်ယောကျ်ား ငါ့ကို မှတ်မိလောက်တယ်။ သူက ငါ့ကို ရှောင်ယွီလို့တောင် ခေါ်ပေမယ့် ငါ ဘာမှ မတုံ့ပြန်လိုက်ဘူး။ ငါတို့ပြန်သွားတဲ့အခါ ငါတို့ အဝတ်အစားလဲထားတဲ့အကြောင်း နင် သူ့ကို ပြောလို့မဖြစ်ဘူးနော်။ မဟုတ်ရင် ငါ အဲဒီမှာရှိနေတယ်ဆိုတာ သူသိသွားလိမ့်မယ်။”

ဖန့်ရှောင်နွမ် သဘောတူလိုက်သည်။ နှစ်ယောက်သား အဝတ်အစားလဲပြီး သူတို့ရဲ့ မျက်နှာပေါ်က ဆေးတွေကိုရေဖြင့်ဆေးကြောလိုက်ကြသည်။

ထို့နောက် tank top ဝတ်ထားသည့် လျိုစစ်ယွီက တက္ကစီတစ်စီးကို လှမ်းခေါ်လိုက်သည်။ "ဆရာ၊ ပြည်သူ့လုံခြုံရေးဌာနကို သွားမယ် "

လျိုစစ်ယန်က tank top နှင့် မျက်နှာပေါ်ဆေးခြယ်ထားတဲ့ မိန်းကလေးတစ်ယောက် ရုတ်တရက်ဝင်လာသောအခါ အလုပ်ရှုပ်နေသည်။ သူက မိန်းကလေး၏ မေးစေ့ကို မော့ကာ မိန်းကလေး၏မျက်နှာကို ကြည့်လိုက်သည်။ "လျိုစစ်ယွီ၊ ငါ့ကို အမှန်အတိုင်းပြော။ မင်းဘာလုပ်ခဲ့လဲ" လျိုစစ်ယန် ချက်ချင်းပင် ဒေါသထွက်သွားသည်။

လျိုစစ်ယွီ ကြောက်ရွံ့တုန်လှုပ်သွားသည်။ “အစ်ကို တောင်းပန်ပါတယ်။ ညီမမှားတာ သိပါတယ်။"

လျိုစစ်ယန်က သူမ tank top သေးသေးလေးသာ ၀တ်ထားသည်ကို မြင်လိုက်ရသောကြောင့် သူ့ဂျာကင်အင်္ကျီကို အမြန်ချွတ်ကာ လျိုစစ်ယွီရဲ့ကိုယ်ပေါ်ခြုံပေးကာ သန့်စင်ခန်းမှန်ထဲသို့ လျိုစစ်ယွီကို ခါ်သွားခဲ့သည်။ "မင်းမျက်နှာကို မြန်မြန်သစ်ပြီး မင်းဘယ်ကို သွားခဲ့တယ် မင်းဘာတွေ လုပ်ခဲ့လဲဆိုတာ ငါ့ကို ရိုးရိုးသားသားပြောပြ"

လျိုစစ်ယွီ ခေါင်းငိုက်စိုက်ချကာ ရေဘားကိုဖွင့်ကာ မျက်နှာကို လေးလေးနက်နက် ဆေးကြောလိုက်သည်။ "အစ်ကို၊ ညီမ အစ်ကို့ရဲ့အင်္ကျီလက်ကို မတော်တဆ စိုအောင်လုပ်မိသွားပြီ"

လျိုစစ်ယန် ဒေါသထွက်သွားသည်။ သူ့အသက်ရှုထုတ်လိုက်တဲ့လေတောင်မှ ပူနေတယ်လို့တောင် ခံစားမိပေမယ့် ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ သူ ဘာလုပ်နိုင်မှာလဲ။ သူမက သူ့ရဲ့ညီမ။

လျိုစစ်ယန် က သူ့အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး လျိုစစ်ယွီကို အမိန့်ပေးခဲ့သည်။ "မင်းရဲ့ ခေါင်းကိုငုံ့"

လျိုစစ်ယွီ စကားနာခံစွာ ခေါင်းငုံ့လိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်သည်။ ခဏကြာတော့ သူမမျက်နှာကို သူ့လက်ကြီးတွေနဲ့ ပွတ်ခဲ့သည်။ မိန်းကလေး၏ ပါးနှစ်ဖက်မှာ ဆေးတွေကို မဆေးကြောရသေးပေ။ လျိုစစ်ယန်က သူမမျက်နှာကို သေသေချာချာ ဆေးကြောပေးခဲ့သည်။

ဒီအချိန်မှာ သန့်စင်ခန်းထဲက ထွက်လာတဲ့ လက်အောက်ငယ်သားတစ်ယောက်က ဒါကို မြင်သွားသည်။ သူအရမ်းအံ့သြသွားပြီး မယုံကြည်နိုင်စွာမေးခဲ့သည်။ "ဗိုလ်ကြီး၊ ဘယ်သူ့မျက်နှာကိုသစ်ပေးနေတာလဲ"

“ဒါက ငါ့မိသားစုရဲ့ မင်းသမီးလေး၊ ဒါပေါ့။ တခြားဘယ်သူရှိမှာလဲ " လျိုစစ်ယန် အနည်းငယ် ဒေါသထွက်သွားသည်။

သူ့အစ်ကိုက သူမကို “မင်းသမီးလေး” လို့ ခေါ်တာကိုကြားတော့ လျိုစစ်ယွီ ပြုံးလိုက်မိသည်။

မျက်နှာကို သစ်ပေးပြီးနောက် လျိုစစ်ယန်က သူမမျက်နှာကို သုတ်ပေးခဲ့သည်။ "လျိုစစ်ယွီ၊ ငါ့ရုံးခန်းကို ပြန်သွားမယ် ပြီးရင် မင်း ဒီနေ့ ဘာလုပ်ခဲ့လဲဆိုတာ ငါ့ကို ချက်ချင်းပြော။ ငါ ရှာတွေ့သွားမယ်ဆိုရင် မင်းအတွက် မကောင်းဘူး။ ငါတို့မိဘတွေက ငါ့ကိုဖုန်းဆက်တယ်။ သူတို့ တစ်ပတ်လောက် ပြန်မလာဘူး။ သူတို့ပြန်လာရင် ငါတို့ကိုပြောလိမ့်မယ်"

တစ်နည်းဆိုရသော် လျိုစစ်ယွီက သူ့အစ်ကိုရဲ့နှာခေါင်းအောက်မှာ နောက်တစ်ပတ်အတွက် နေထိုင်ရပေမည်။ သူမရဲ့မိဘတွေ မပြန်လာရင် အစ်ကို့ရဲ့ အမိန့်ကို လိုက်နာရမည်။ သူမ ကောင်းကောင်းမစွမ်းဆောင်နိုင်ရင် ညစ်ပတ်တဲ့ခြေအိတ်တွေကို ဆေးကြောတာ ဒါမှမဟုတ် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ခြင်းဖြင့် အပြစ်ပေးခံရနိုင်သည်။

လျိုစစ်ယွီ ရုံးခန်းထဲသို့ ဝင်လာပြီး လျိုစစ်ယန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူမ ခေါင်းငုံ့ကာ သူ့ရဲ့ ရဲယူနီဖောင်း၏ ထောင့်စွန်းကို ဆွဲလိုက်သည်။ သူမ တိုးတိုးလေးပြောလိုက်သည်။ “ညီမ ညီမ ဟိုကို သွားခဲ့တာ ”

ဘုန်း! လျိုစစ်ယန် ဒေါသတကြီးနဲ့ စားပွဲကို ဆောင့်ရိုက်လိုက်သည်။

လျိုစစ်ယွီ အလွန်ကြောက်သွားသဖြင့် သူမ လျင်မြန်စွာ ရှင်းပြခဲ့သည်။ "ညီမ၊ ညီမ သွားကြည့်ရုံလေးပဲ။ မဟုတ်ဘူး၊ ညီမ ပြိုင်ပွဲမှာ မပါခဲ့ဘူး။ ညီမမှာ အရည်အချင်းမရှိဘူး”

လျိုစစ်ယန်က သူ့ရဲ့စကားနားမထောင်တဲ့ညီမကို ဒေါသတကြီး လက်ညှိုးထိုးခဲ့သည်။ "မင်းက ချတာကို အရမ်းကြိုက်တဲ့အတွက် အိမ်ပြန်ရောက်တဲ့အခါကျရင် ထိုင်ထတစ်ရာ၊ ဒိုက်ထိုးတာတစ်ရာနဲ့ အိပ်ထမတင်အခါတစ်ရာလုပ်"

"အာ။ အစ်ကို ညီမ မှားသွားပါပြီ။ ညီမ အဲ့တာကိုမလုပ်နိုင်ဘူး!" လျိုစစ်ယွီ ခါးခါးသီးသီး အော်ဟစ်လိုက်သည်။

…

ကျီမိသားစုအိမ်၌။

ဤအခိုက်အတန့်သည် မုန်တိုင်း၏ အကြိုကာလကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။

ကျီဝမ် ပြန်ရောက်နေပြီ။ စာကြည့်ခန်းထဲ ဆွဲသွင်းခံရလို့ ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။

ဖန့်ရှောင်နွမ်က သခင်ကြီး ကျီ၏ နံဘေးတွင် ထိုင်လျက် ဧည့်ခန်းထဲတွင် ခွေနေသည်။

" ရှောင်နွမ် ဒီနေ့ဘာလို့ အိမ်ပြန်နောက်ကျနေတာလဲ။ လင်းချန် မင်းကို စောင့်ဖို့ အတွက် စောစောပြန်လာတာ။ ငါ မင်းကို ရှာမတွေ့ခဲ့ဘူး"

ဖန့်ရှောင်နွမ် အရမ်းစိတ်မကောင်းဖြစ်သွားသည်။ သူမ သူ့အစီအစဉ်ကို မကြည့်ဘဲ ဒီနေ့ အပြင်ထွက်သွားတာဖြစ်ရမည်။ ကံဆိုးလိုက်တာ။

စာကြည့်ခန်းထဲတွင် ကျီလင်းချန်က ကျီဝမ်ကို တင်းမာသောအမူအရာဖြင့် စိုက်ကြည့်ကာ အေးစက်စွာမေးခဲ့သည်။ "ပြော သူမရဲ့ကုဒ်နာမည်က ဘာလဲ"

" ဖန့်ရှောင်နွမ်မှာ ကုဒ်နာမည် မရှိဘူး၊ သူမ အဲဒီနေရာမှာလည်း မရှိနေခဲ့ဘူး" ကျီဝမ် ခေါင်းမာမာနဲ့ ပြောခဲ့သည်။

ကျီလင်းချန်ရဲ့ မျက်လုံးတွေ အေးစက်လာပြီး သူ့အသံမှာ ဖိနှိပ်မှု ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ "ငါနည်းနည်း သက်ညှာမိနေတဲ့ပုံပဲ!"

ကျီဝမ်က သူ့ဦးလေးအား မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲစွာ ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ သူ ခေါင်းမာမာနဲ့ပြောနေဆဲပင်။ “ ဖန့်ရှောင်နွမ် ဒီနေ့ မသွားဘူး။ ဒီနေရာကို သူမ လုံးဝ မသိဘူး”

"ကျီဝမ် မင်းဘာလို့ နောက်ထပ်လိမ်ပြောဖို့မကြိုးစားတာလဲ" ကျီလင်းချန် ခြိမ်းခြောက်လိုက်သည်။

All Chapters