အခန်း (၂၀၆)
Vol. 14 Ch. 206
"မငိုနဲ့၊ လိမ္မာတယ်။ မနက်ဖြန် လင်းချန်နဲ့ စကားပြောကြည့်လိုက်မယ်။ သူ အလုပ်အရမ်းရှုပ်နေတာဖြစ်မယ်။ မဟုတ်ရင် သူဘာလို့ မင်းကို လျစ်လျူရှုမှာလဲ" ဖန်ချီက သူမကို နှစ်သိမ့်ပေးလိုက်သည်။
ဖန့်ရှောင်နွမ် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ "မဟုတ်ဘူး၊ ကျွန်မက သူ့ကိုလိမ်နေလို့ ကျွန်မကို သူမုန်းနေပြီ။"
ဖန်ချီ က သူမကို နှစ်ပဲနှစ်သိမ့်နိုင်ခဲ့သည်။
Blue Water Luxury Court ၌။
ကျီလင်းချန် ရောက်ရှိလာပြီး သူ့ရှေ့မှာ စာရွက်စာတမ်းတွေထူထပ်စွာ ရှိနေသည်။ အဲဒီမှာ အနည်းဆုံး စာမျက်နှာငါးဆယ် ရှိသည်။ သူ စာရွက်စာတမ်းများထဲမှ တစ်ခုကို ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်သည်။ ထို့နောက် တစ်ဖက်သို့ ပစ်ချလိုက်သည်။ ထို့နောက် နောက်ထပ် တစ်ခုကို ကောက်ယူပြီး တစ်ဖက်သို့ ပစ်ချလိုက်သည်။
“စီအီးအို၊ ဒီည ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူတွေအကြောင်း အချက်အလက်တွေပါ။ သူတို့တွေကြားမှာ ဘာကွာခြားချက်မှ မရှိဘူး။ သူတို့အားလုံး ဒီမှာပါ” လက်ထောက် လျိုက ပြောလိုက်သည်။
ကျီလင်းချန် အချက်အလက်တွေကို ဆက်ကြည့်ခဲ့သည်။ သူလိုချင်တာကို ရှာမတွေ့တော့ အများစုကို ကြမ်းပြင်ပေါ် ပစ်ချခဲ့သည်။ နောက်ဆုံးတော့ ကျီဝမ်ရဲ့ အချက်အလက်ကို သူတွေ့လိုက်သည်။ သူ့ကုဒ်နာမည်က “သခင် ကျီ ” တဲ့။
ယင်းတွင် ကျီဝမ်၏ တိုက်ခိုက်ရေးစွမ်းရည် ဆန်းစစ်ချက် ပါဝင်သည်။ ကျီလင်းချန် ၎င်းကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက ကျီဝမ် ၏ဖိုင်ကို လက်ထောက် လျို၏ လက်ထဲသို့ ပစ်လိုက်သည်။ "သူ့ကို အနာဂတ်မှာ ပြိုင်ပွဲဝင်ဖို့ ခွင့်မပြုဘူး။"
“ဟုတ်ကဲ့။ ပြန်သွားပြီး သခင်လေး ကျီဝမ်ရဲ့ အချက်အလက်တွေကို သူတို့ရဲ့ စနစ်ကနေ ဖယ်ရှားလိုက်ပါမယ်” လက်ထောက် လျို ပြောလိုက်သည်။
ကျီလင်းချန် စာရွက်စာတမ်းတွေကို ဆက်လက်လှန်ကြည့်နေသည်။ "မဒမ်ရဲ့ အချက်အလက်တွေကရော။"
"အာ " လက်ထောက် လျို စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ကျီလင်းချန် ထပ်မေးလိုက်သည်။ " မဒမ်ရဲ့ အချက်အလက်တွေရော "
လက်ထောက် လျို ချက်ချင်း ထိတ်လန့်သွားသည်။ “CEO၊ သူ့ရဲ့အချက်အလက်တွေ ဒီမှာ မရှိဘူး”
ကျီလင်းချန် မျက်မှောင်ကြုတ်ပြီး လက်ထောက် လျို ကို ကြည့်လိုက်သည်။ "သူ့အချက်အလက်တွေ ပျောက်သွားတာလား"
လက်ထောက် လျို ပြောလိုက်သည်။ “သူမက အဆင့်မြင့်နယ်ပယ်က ပြိုင်ပွဲဝင်ဆိုရင် ဒီမှာ သူမအကြောင်း ဘာမှမရှိဘူး။ အဲဒီအခါမှာ သူမရဲ့ အချက်အလက်အားလုံးကို တံဆိပ်ခတ်ပြီး လျှို့ဝှက်ထားမှာ”
ကျီလင်းချန် ပြောစရာ စကားပျောက်ရှသွားသည်။
သူ့အိမ်က နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးက တစ်စုံတစ်ယောက်ကို လက်သည်းတွေနဲ့ ကုတ်ခြစ်ဖို့ ကြိုးစားခြင်းမှာ ယားယံအောင်လုပ်ခြင်းကဲ့သို့ပင် ဖြစ်လေသည်။ သူမက Silver Field ရဲ့ advancedအဆင့်မှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ဖို့ သူ မမျှော်လင့်ထားပေ။
ကျီလင်းချန် ပြောလိုက်သည်။ “ချက်ချင်း သွားစုံစမ်း”
လက်ထောက် လျို ချက်ချင်း ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ "CEO၊ ကျွန်တော် အမြင့်ဆုံး အမိန့်စာလိုအပ်တယ်"
ကျီလင်းချန်က ချက်ချင်းပင် စားပွဲပေါ်မှ A4 စာရွက်တစ်ရွက်ကို ထုတ်ကာ ဂဏန်းအချို့ကို ချရေးပြီး လက်ထောက်လျိုအား ပေးလိုက်သည်။
…
ကျန်းနန် နေအိမ်၌
“၂၇၊ ၂၈၊ ဆက်လုပ်မယ်။ ပြိုင်ပွဲတွေကို မကြိုက်ဘူးလား။ ငါ မင်းကို အခု လေ့ကျင့်ပေးမယ်။ ပြီးရင် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်လို့ရတယ်။” လျိုစစ်ယန်က ဘေးတွင်ရပ်နေပြီး လျိုစစ်ယွီကို ထိုင်ထလေ့ကျင့်ခန်း ဆက်လုပ်ခိုင်းနေသည်။
လျိုစစ်ယွီက ဧည့်ခန်းထဲတွင် ထိုင်ထလုပ်ကာ ခေါင်းကို လက်ဖြင့် အုပ်ထားသည်။ ငိုချင်သော်လည်း မျက်ရည်မကျပေ။ “အစ်ကို၊ ညီမခြေထောက်တွေ ထုံနေပြီ။ ဆက်မလုပ်နိုင်တော့ဘူး။"
လျိုစစ်ယန် ပြောလိုက်သည်။ “မရပ်နဲ့။ ဆက်လုပ်။”
လျိုစစ်ယွီ ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီး နောက်တစ်ကြိမ် ထိုင်ထလုပ်လိုက်ပြန်သည်။ နောက်ဆုံးတော့ သူမ တကယ် မလုပ်နိုင်တော့ဘူး။ လျိုစစ်ယန်က သူမရဲ့ကော်လာကနေ မခဲ့သည်။
"ညီမရဲ့အရမ်းကောင်းတဲ့ အစ်ကိုကြီး ကမ္ဘာပေါ်မှာအကောင်းဆုံးအစ်ကို။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ သနားပါနော်။ နောင်လည်း ထပ်မလုပ်ရဲတော့ပါဘူး” လျိုစစ်ယွီ တောင်းပန်ခဲ့သည်။
"လျိုစစ်ယွီ၊ မဟုတ်တာတွေ လာပြောမနေနဲ့။ မင်း ပြီးခဲ့တုန်းကလည်း ကျိန်ဆိုခဲ့တယ်မဟုတ်လား"
လျိုစစ်ယွီက လျိုစစ်ယန်ရဲ့လက်ကို ပွေ့ဖက်ထားပြီး သူ့ကို မှီလိုက်သည်။ "အစ်ကို၊ ညီမ ကိုယ့်စကားကို မတည်ခဲ့မိဘူး ဒါပေမယ့် ဒီတစ်ခါတော့ ညီမ အတည်ပြောတာ "
လျိုစစ်ယန်က သူမကို လုံးဝမယုံပေ။ “၂၉၊ ဆက်လုပ်။”
လျိုစစ်ယွီ ကြမ်းပြင်ပေါ်တွင်သာ လှဲလျောင်းပြီး လူဆိုးတစ်ယောက်လိုသာ ပြုမူနိုင်ခဲ့သည်။ သူမ မလုပ်ချင်ဘူး။ ဘာပဲဖြစ်ဖြစ် လျိုစစ်ယန်က သူမကို ဘာမှမလုပ်နိုင်ပေ။
ရုတ်တရက် သူ့အစ်ကိုက သူမရဲ့ပေါင်ကို ရိုက်ခဲ့သည်။ သူမက ညဝတ်ဘောင်းဘီအပါးကိုသာ ၀တ်ထားသည်။လျိုစစ်ယွီ အရမ်း နာသွားကာ စူးရှစွာ အသက်ရှူသွင်းလိုက်သည်။ "အစ်ကို! ညီမကို တကယ်ရိုက်တယ်ပေါ့!"
လျိုစစ်ယန် ပြောလိုက်သည်။ "မတ်တပ်ရပ်ပြီး ဆက်လုပ်၊ မဟုတ်ရင် ထပ်ရိုက်မှာ"
လျိုစစ်ယွီ ဒေါသအရမ်းထွက်ပြီး ချုပ်နှောင်မှုကနေ လွတ်မြောက်ချင်ခဲ့သည်။ ဒါပေမယ့် သူမရဲ့အစ်ကိုက သူမရဲ့ခြေထောက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် သူမလွတ်မြောက်ဖို့ မျှော်လင့်ချက်မရှိပေ။
"လျိုစစ်ယန်၊ အမေတို့ကို တိုင်ပြောမှာ။ မလုပ်ရဲဘူးလို့ ထင်နေလား" လျိုစစ်ယွီ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်။ သူမ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်တော့မည်။
လျိုစစ်ယန်က ရှေ့ဘက်ကိုကိုင်းပြီး ဖုန်းကို လုယူလိုက်သည်။ လျိုစစ်ယွီက သူမ၏ ခြေထောက်များကို အနည်းငယ် လှုပ်ရှားနိုင်သောကြောင့် သူမ အမြန်ထလိုက်သည်။ သူမ လှည့်ကြည့်လိုက်ပြီး ဖုန်းကို ပြန်သိမ်းချင်နေသည်။ "ဖုန်းပြန်ပေး။ အစ်ကို ဘယ်လိုအနိုင်ကျင့်နေတယ်ဆိုတာ ဖုန်းဆက်ပြောပြမှာ"
လျိုစစ်ယန်၏ မျက်နှာက ညိုမှိုင်းနေသည်။ သူမကို အနိုင်ကျင့်နေတာလား။ သူမက သူ့မင်းသမီးလေးဖြစ်ကြောင်း ရုတ်တရက် သူ မခံစားမိတော့ပေ။ “မင်း တကယ်ခေါ်မှာလား” ရှင်းရှင်းလင်းလင်း မေးလိုက်သည်။
လျိုစစ်ယွီ ဒေါသတကြီး ခေါင်းညိတ်လိုက်သည်။
သူမဖုန်းဆက်ချင်တာကြောင့် လျိုစစ်ယန်က လျိုစစ်ယွီ၏ ဖုန်းကိုယူကာ ၎င်းတို့၏မိဘတွေရဲ့နံပါတ်ကိုရှာဖွေခဲ့သည်။ “ပြီးပြည့်စုံတယ်။ ဒီနေ့ မင်းဘာတွေလုပ်ခဲ့လဲ သူတို့ကို ငါပြောပြလိုက်မှာ"
လျိုစစ်ယွီ ချက်ချင်း ထိတ်လန့်သွားသည်။ ဒါက မဖြစ်နိုင်ဘူး။ အကယ်၍ သူမ ထိုကဲ့သို့သော နေရာကို ရောက်သွားကြောင်း မိဘတွေ သိသွားပါက သူတို့ သုံးယောက်စခုံး သူ့ကို အပြစ်ပေးကြမှာ။
"အစ်ကို၊ ကျွန်မရဲ့အရမ်းကောင်းတဲ့အစ်ကို၊ ညီမကို မရိုက်ပါနဲ့။" လျိုစစ်ယွီ အမြန်ရပ်လိုက်သည်။ သူမက လျိုစစ်ယန်ရဲ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် ရစ်ပတ်ထားပြီး သူ့ကို ငုံ့စေခဲ့သည်။ သူမ ဖုန်းကို လုယူဖို့ အခွင့်အရေးယူခဲ့သည်။
“အစ်ကို၊ ညီမတို့က ဒီကိစ္စနဲ့ ပတ်သက်နေတယ်။ မတိုင်လိုက်ပါနဲ့။ အစ်ကို ညီမကို ရိုက်လိုက်တာကို သူတို့ကို ပြန်မပြောဘူး။ ဘယ်လိုလဲ "