အခန်း (၂၀၈)
Vol. 14 Ch. 208
ကျီလင်းချန်က သူ့လက်ထဲမှာ စာမျက်နှာတစ်ခုတည်းကို ကိုင်ထားသည်။ ဖတ်ရင်းနဲ့ သူ့ဇနီးလေး မကြောက်သွားအောင်လို့ နူးညံ့တဲ့လေသံနဲ့ ပြောဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ “လက်ထောက် လျိုနဲ့ ကိုယ် အလုပ်ရှုပ်နေတယ်။ ကိုယ် တခြားမိန်းမနဲ့ မတွေ့ဘူး။ မင်းရဲ့ စိတ်ကူးတွေကို အရိုင်းဆန်အောင်လွှတ်ထားမနေနဲ့။ သွားအိပ်တော့ "
ဖုန်းချရန် ဖန့်ရှောင်နွမ်ကို ချော့ပြီးနောက် ကျီလင်းချန်က စာမျက်နှာတစ်ခုတည်းကို သူ့လက်ထဲတွင် ကိုင်ထားပြီး ဆယ်ကြိမ်ထက်မနည်းဖတ်ခဲ့သည်။
လက်ထောက် လျိုက စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။ "CEO၊ မဒမ် ရဲ့ ခန္ဓာကိုယ်သေးသေးလေးမှာ ဒီလိုပေါက်ကွဲနိုင်တဲ့ စွမ်းအားတွေ ရှိလိမ့်မယ်လို့ ကျွန်တော်တို့လည်း မထင်ထားခဲ့ဘူး ဟုတ်တယ် မလား။"
တစ်ခုတည်းသော စာမျက်နှာပေါ်ရှိ အချက်အလက်များက သူ၏ သေးငယ်လှတဲ့ ဇနီးလေးက တကယ်ကို လက်ဝှေ့ထိုးကြောင်း ပြောပြနေသည်။
မျှော်လင့်ထားသည့်အတိုင်း ကျီလင်းချန် တစ်ညလုံး အိမ်မပြန်ခဲ့ပေ။
နောက်တစ်နေ့တွင် သူငယ်ချင်း သုံးယောက် စာသင်ခန်းထဲတွင် တွေ့ကြသည်။
လျိုစစ်ယွီ ပျော်ရွှင်စွာ ပြောလိုက်သည်။ "ငါတို့ သုံးယောက် အသက်ရှင်နေသေးလို့ ငါအရမ်းဝမ်းသာတယ်"
ကျီဝမ် သက်ပြင်းချပြီး ပြောလိုက်သည်။ "မှားတယ်။ မင်းတို့နှစ်ယောက်ပဲ အသက်ရှင်နေသေးတာ။ ငါကသေသွားပြီ။”
ဖန့်ရှောင်နွမ် စကားမပြောဘဲ စားပွဲပေါ်လှဲနေသည်။ lecture ကို နားထောင်ရင်း မျက်လုံးတောင်မှိတ်ထားသည်။
လျိုစစ်ယွီက ကျီဝမ်ကို ပုတ်ပြီးမေးလိုက်သည်။ " ရှောင်နွမ် ဘာဖြစ်နေတာလဲ"
"ငါ့ဦးလေး သူ့ကို သင်ခန်းစာတစ်ခု သင်ပေးထားတာပဲဖြစ်မယ်" ကျီဝမ် ပြန်ဖြေလိုက်သည်။
လျိုစစ်ယွီက ဖန့်ရှောင်နွမ်ရဲ့ ဘက်သို့ ချက်ချင်းသွားပြီးမေးလိုက်သည်။ "ကျီလင်းချန် နင့်ကို မနေ့ညက ရိုက်ခဲ့လို့လား"
ဖန့်ရှောင်နွမ် မျက်လုံးတွေကိုတောင် မဖွင့်ခဲ့ပေ။ သူမ ခေါင်းခါရုံခါခဲ့သည်။
လျိုစစ်ယွီ မေးလိုက်သည်။ "ဒါဆို သူ နင့်ကိုဆူလို့လား။"
ဖန့်ရှောင်နွမ် သူမရဲ့ခေါင်းကို ဆက်ပြီးခါနေခဲ့သည်။
လျိုစစ်ယွီ ဆက်ပြီး ခန့်မှန်းခဲ့သည်။ "မနေ့က ပြိုင်ပွဲကို လက်လွှတ်လိုက်ရလို့ သူ စိတ်မကောင်းဖြစ်နေတာလို့ ထင်လား"
"ရှောင်ယွီ၊ ငါ့ယောကျ်ားက ငါ့ကို လျစ်လျူရှုနေတယ်"
ဖန့်ရှောင်နွမ်၏ အသံက သြရှနေခဲ့သည်။ သူမ စားပွဲပေါ် မှီပြီး ငိုခဲ့သည်။ “မနေ့ညက ငါနဲ့ အိမ်မှာနေမယ့်အစား အချိန်ပို အလုပ်လုပ်ဖို့ ရုံးကို ပြန်သွားလိုက်တယ်။ ငါ အမှားလုပ်မိလို့ ငါ အဲ့တာကိုဝန်ခံခဲ့တယ်၊ ဒါပေမယ့် သူက နားမထောင်ဘူး။”
“ဒီမနက် ငါဖုန်းဆက်တော့ သူ အလုပ်ရှုပ်နေတယ် လို့ ပြန်ဖြေတယ်။ ဆက်ဆံရေးက ဘာကြောင့် ဒီလောက်ခက်ခဲရတာလဲ။ ငါသာ Single ဖြစ်ခဲ့တုန်းကသာဆိုရင် သူ့ခံစားချက်တွေကို ငါဂရုစိုက်မှာမဟုတ်ဘူး”
ကျီဝမ် ပြောလိုက်သည်။ "မင်းရဲ့အမှားကို မင်းဘယ်လို ဝန်ခံခဲ့တာလဲ။ မင်းက 'နန်နန်' လို့ ဝန်ခံလိုက်တာလား ဒါမှမဟုတ် ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တာကို ဝန်ခံခဲ့တာလား။ အဲဒီနေရာကို မင်းဘယ်လိုရှာတွေ့ခဲ့တယ်၊ အဲဒီအကြောင်းကို ဘယ်သူပြောခဲ့တယ်၊ ဘာကြောင့် ပြိုင်ပွဲမှာ မင်းပါခဲ့တာလဲဆိုတာကိုလည်း မင်း ရှင်းပြရလိမ့်မယ်။ ဒါတွေအားလုံးကို ရှင်းပြဖို့ စဉ်းစားပြီးပြီလား။"
လျိုစစ်ယွီ မျက်မှောင်ကြုတ်လိုက်သည်။ အရမ်းကိုမှနာကျင်နေတဲ့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းကို ကြည့်လိုက်မိသည်။ "ရှောင်နွမ်၊ ဒါက အရမ်းများလွန်းတယ်ဆိုရင် CEO ကျီကို နင့်ကို ငါ ခေါ်သွားတာလို့ ပြောလိုက်။ နင့်ယောက်ျားက ငါ့ကိုလာရှာရင် ငါ့အစ်ကိုက ငါ့ကို အဲ့ကိုခေါ်သွားတာဆိုပြီး သူ့ကိုပြောလိုက်မယ်။ ငါ့အစ်ကိုက ငါ့ကို သေချာပေါက် လျစ်လျူရှုမှာမဟုတ်ဘူး”
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်ပြန်သည်။ “မလိုပါဘူး။ ငါသူ့ကိုဆက်လိမ်နေရင် ငါ ခံစားရတာ ပိုဆိုးလိမ့်မယ်"
ကျီဝမ် ပြောလိုက်သည်။ "ဒါဆို ဘာမှ မပြောနဲ့။ ငါ အရိုက်ခံခဲ့ပြီးပြီ။ အဲဒါကို အချည်းနှီး မဖြစ်စေချင်ဘူး။ မနေ့က မင်း မသွားခဲ့ဘူးလို့ ဟန်ဆောင်လိုက်။ ငါ တစ်ယောက်တည်းပဲ သွားခဲ့တာ။"
ဖန့်ရှောင်နွမ် လှည့်လာခဲ့သည်။ "ကျီဝမ် နင်ဘာလို့ ငါ့အတွက်အပြစ်ပေးခံတာလဲ"
ကျီဝမ် ပြောလိုက်သည်။ "မင်း ဒီအကြောင်းကို မင်းမိဘတွေကိုတောင် မပြောပြခဲ့ပေမယ့် ငါနဲ့ စစ်ယွီကိုတော့ ပြောပြထားတယ်။ မင်း ငါ့ကို အရမ်းယုံကြည်ပေးတဲ့အတွက် မင်းအတွက် အပြစ်ဒဏ်ခံပေးတာ "
ဖန့်ရှောင်နွမ် ကျီဝမ်ကို တရားမျှတစွာကြည့်ကာ အပြစ်ရှိစွာပြောလိုက်သည်။ "ရှောင်ဝမ်၊ မနေ့က နင့်ကိုပစ်ထားခဲ့မိတဲ့အတွက် ငါ တောင်းပန်ပါတယ်"
သူမ အဲ့တာကို မဖော်ပြခဲ့ရင် ပိုကောင်းလိမ့်မယ်။ ဒါပေမယ့် ကျီဝမ်က ၎င်းကို ပြောလာသောအခါ ဒေါသထွက်သွားသည်။
ဒါပေမယ့် သူသာဆိုရင်လည်း သူလည်း တူညီတဲ့ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိမ့်မည်။ နောက်ဆုံးတော့ သူက ကျီလင်းချန် ရဲ့တူပဲ။ သူပဲ အရိုက်ခံရလိမ့်မယ်!
…
မွန်းလွဲပိုင်းတွင် ကျီလင်းချန် အိမ်ပြန်လာခဲ့သည်။ ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်တို့လည်း အိမ်ပြန်ရောက်နေကြပြီပင်။
ကျီလင်းချန် ပြန်လာတာကိုမြင်တော့ ဖန့်ရှောင်နွမ်က သူ့ဆီ ချက်ချင်းပြေးသွားလိုက်သည်။ "ယောကျ်ား ပြန်လာပြီလား"
ကျီလင်းချန် သူမ၏ မျက်လုံးတွေထဲက သတိထားမှုကို မြင်လိုက်ရသည်။ ဇနီးဖြစ်သူကို ပွေ့ဖက်ဖို့ လက်လှမ်းခဲ့ပေးမယ့် အမြန်ပြန်လွှတ်ခဲ့သည်။ “လိမ္မာတယ်။ ကိုယ့်မှာ လုပ်စရာတွေ ရှိသေးလို့။ ခဏလောက် ကိုယ့်ဘာသာကိုယ်နေလိုက်ဦး"
ထို့နောက် သူက ကျီဝမ်ကို လက်ညှိုးထိုးပြီး အကျယ်ကြီးပြောခဲ့သည်။ "ငနုံကောင် အခုချက်ချင်း တက်လာခဲ့"
ကျီဝမ်က ဆိုဖာပေါ်တွင် ထိုင်ပြီး အေးအေးဆေးဆေး ဖုန်းနဲ့ကစားနေခဲ့သည်။ သူ့ဦးလေးရဲ့ခေါ်သံကိုကြားတော့ သူချက်ချင်းထပြီး ကျီလင်းချန်နဲ့ အပေါ်ထပ်က စာကြည့်ခန်းထဲ လိုက်သွားခဲ့သည်။
“ဦးလေး၊ ကျွန်တော့်ကို သင်ခန်းစာပေးချင်ရင် စောစော ပြောသင့်တယ်။ ကျွန်တော့်ကို စိတ်ပူရအောင်တော့မလုပ်ပါနဲ့။" ကျီဝမ်က သူ့ပြစ်ဒဏ်ကိုခံယူရန် အမှောင်ခန်းကျဉ်းကျဉ်းလေးထဲသို့ ၀င်သွားခဲ့သည်။
ကျီလင်းချန် ပြောလိုက်သည်။ "မင်းဘာလုပ်နေတာလဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့် မင်းကို ငါသတိပေးလိုက်မယ်။ မင်းအဒေါ် တစ်ခုခုဖြစ်သွားရင် ငါ မင်းကို သင်ခန်းစာပေးပြမယ်။ အဲဒီနေရာကို ထပ်သွားဖို့ စဥ်းတောင်မစဉ်းစားနဲ့တော့။"
ကျီဝမ် သူ့ဦးလေးရဲ့ ရဲရင့်တဲ့ဇနီးကို တွေးနေမိသည်။ သူမ သူပြောတာကို နားထောင်မှာလား။
ဖန့်ရှောင်နွမ်သာ သူ့စကားကို နားထောင်ခဲ့မည်ဆိုလျှင် သူမ ဟိုးအရင်ကတည်းက အရွက်သစ်တစ်ရွက်ကို လှန်မိသွားလိမ့်မည်။ သူမက နှစ်ပေါင်းများစွာ သူ့ကို အမြတ်ထုတ်ခဲ့မည်မဟုတ်ပေ။
"မင်းနားလည်လား" ကျီလင်းချန် အေးစက်စွာ မေးလိုက်သည်။
ကျီဝမ် သဘောမတူရဲပေ။ သူ့စကားကို မလိုက်နာရင် သူ့ဦးလေး သူ့ကို ပိုလို့တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မည်။ သူ အစကတည်းက သဘောမတူတာလည်း ဖြစ်နိုင်သည်။
ဒီအချိန်မှာ တစ်စုံတစ်ယောက်က စာကြည့်ခန်းတံခါးကို လာခေါက်ခဲ့သည်။ အသံတိုးတိုးလေးဖြင့် ပြောခဲ့သည်။ "ယောကျ်ား၊ ကျွန်မ ဝင်လာလို့ရလား"
ကျီဝမ် ပြောလိုက်သည်။ "ဦးလေး၊ မနေ့ညက သူ ဦးလေးကို တညလုံး စောင့်နေခဲ့တာ။ သူ ဒီနေ့ ကျောင်းက စားပွဲပေါ်မှာ ငိုနေတာ"
ဒါကိုကြားတော့ ကျီလင်းချန် မျက်မှောင်ကြုတ်သွားသည်။ မနေ့ညက သူ သူမကို အရင်အိပ်ဖို့ ပြောခဲ့တယ်မဟုတ်ဘူးလား။
ဒါပေမယ့် သူမ တစ်စုံတစ်ယောက်အကြောင်း တွေးနေချိန်မှာ သူမ ဘယ်လိုလုပ် အလွယ်တကူ အိပ်ပျော်နိုင်မှာလဲ။