အခန်း (၂၀၉)
Vol. 14 Ch. 209
ကျီဝမ် ဆက်ပြောလိုက်သည်။ “ဦးလေး၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိလာတာ နှစ်အတော်ကြာခဲ့ပြီ။ ကျွန်တော် သိထားတဲ့အထဲမှာ ဦးလေးက သူရဲ့ ခံစားချက်ကို ထိခိုက်စေနိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ ဦးလေးရဲ့ခံစားချက်တွေက သူ့စိတ်ခံစားချက်တွေကို ထိခိုက်စေပြီး ဦးလေးပြောသမျှအရာတိုင်းကို သူမှတ်မိတယ်။ ကျွန်တော်တို့ ဦးလေးအကြောင်းပြောတိုင်း သူအမြဲပြုံးနေပြီး ဦးလေးအကြောင်း ကျွန်တော်တို့ကို မကောင်း ပြောခွင့်မပေးဘူး။ သူကပဲ ဦးလေးအကြောင်း ဒီလိုပြောနိုင်တာ"
"သူက ဦးလေးကိုပဲ သူ့ကမ္ဘာမှာ နိုင်ထက်စီးနင်းလုပ်ဖို့နေရာပေးထားတာ။ ကျွန်တော်တို့အားလုံးက အပြင်လူတွေ။ သူ ဦးလေးကို အရမ်းချစ်တယ်။ ဦးလေး အဲ့တာကို ခံစားမိသင့်တယ် "
ထိုစကားကိုကြားတော့ ကျီလင်းချန် ကြက်သေသေသွားခဲ့သည်။
သူ့ဇနီးလေးက သူ့ကိုချစ်မှန်း သူသိပေမဲ့ သူ့တူလေးဆီက ဒီစကားကြားတော့ သူ အရမ်းရှောခ့်ရသွားခဲ့သည်။ ရှောခ့်ရသွားပြီးနောက် သူ အလွန်ဝမ်းသာသွားသည်။ လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ဝေမျှလာတဲ့အခါ ဒါက ခံစားချက်ဖြစ်နိုင်သည်။
ကျီဝမ် မှန်ကန်ကြောင်းပြောလိုက်သည်။ “ဦးလေးက သူ့ရဲ့အချစ်ဦး။ သူ အရင်က တစ်ခါမှရည်းစား မထားခဲ့ဖူးတဲ့အတွက် ဒါက အချစ်ဆိုတာကို သူ လုံးဝမသိဘူး။ ဒါပေမယ့် ကျွန်တော်တို့လို ဆက်ဆံရေးအပြင်က လူတွေကတော့ သူ အရင်တုန်းက တခြားတစ်ယောက်နဲ့ ပတ်သက်ပြီး ဒါကို သိပ်ဂရုမစိုက်ဖူးဘူးဆိုတာ သိနိုင်တယ်။ မနေ့က သူ ဦးလေးရဲ့ လျစ်လျူရှုထားတာကိုခံရပြီးကတည်းက သူ အရမ်းဝမ်းနည်းနေခဲ့တာ။ မနက်အိပ်ရာနိုးတော့ သူ ပထမဆုံးလုပ်ခဲ့တာက ဦးလေးဘယ်တော့ပြန်လာမလဲလို့ မေးတာပဲ။ နေ့ခင်းဘက်ကျတော့ သူ့ဖုန်းကို ဆက်တိုက်ကြည့်နေခဲ့တာ။ သူ အကြိုက်ဆုံး မုန့်တွေကိုတောင် မစားဘူး။ အိမ်ပြန်ရောက်တော့ တံခါးကိုကြည့်ရင်း အချိန်ဖြုန်းနေခဲ့တာ။ ဦးလေးပြန်လာတော့ သူအရမ်းသတိထားပြီးနေတယ်၊ ဦးလေးကို ထပ်ပြီးစိတ်မပျော်အောင်လုပ်မိမှာကို သူကြောက်နေတာ "
“ဦးလေး သူ့ကို ဖက်ထားရင် သူ ပျော်လိမ့်မယ်။ သူ့ကို လျစ်လျူရှုရင် သူထပ်ပြီး ဝမ်းနည်းနေလိမ့်မယ်။ ဦးလေး၊ ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ လက်တွဲဖော်က တစ်ဖက်လူကို အရမ်းချစ်ရင် ဒါတွေသတိထားရလိမ့်မယ်။ ဦးလေးလည်း သူ့ကိုကြိုက်တာပဲ။ ဦးလေးဘာလို့ သူ့ကို ကောင်းကောင်း မဆက်ဆံနိုင်ရတာလဲ"
ကျီဝမ်က အရူးမဟုတ်ပေ။ သူ့အဒေါ်အတွက် သူ့ဦးလေး ဘယ်လောက်ခံစားခဲ့ရလဲ ဆိုတာကိုလည်း သူပြောပြနိုင်သည်။
အိမ်ထောင်မပြုဘူးလို့ ကတိသစ္စာပြုခဲ့တဲ့ အမျိုးသားတစ်ယောက်က ဇနီးဖြစ်သူအား ပွေ့ဖက်ကာ လွန်စွာတုန်းနေအောင်ချစ်တဲ့ အမျိုးသားအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ ပုံမှန်အားဖြင့် သူသည် သူမကို အမြဲတစေ နမ်းလေ့ရှိပြီး ရံဖန်ရံခါတွင် သူမကို အနမ်းအနည်းငယ်တောင်ပေးတတ်သည်။
သူမကို နှစ်သိမ့်ပေးဖို့ သူ တတ်နိုင်သမျှ သူမကိုပျော်အောင် လုပ်ပေးသည်။ ကားမောင်းနည်းကိုလည်း ကိုယ်တိုင် သင်ပေးခဲ့သည်။ သူက သေသပ်လွန်းတာကို အရူးအမူးဖြစ်နေတဲ့ လူထူးလူဆန်းဖြစ်ပေမယ့်လည်း သူက သူမနဲ့ညစ်ပတ်တာတွေနဲ့ ကစားပေးခဲ့သည်။
…
ကျီလင်းချန် ရှောင်နွမ်ကို ချစ်ကြောင်း သက်သေပြခဲ့သော သာဓကများစွာရှိသည်။ နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် အရမ်းဂရုစိုက်တယ်ဆိုတာ ထင်ရှားသည်။
"ငါ သူ့ကို လျစ်လျူမရှုပါဘူး။" ခဏတာ တိတ်ဆိတ်ပြီးနောက် ကျီလင်းချန် စကားပြောလိုက်သည်။
မနေ့ကသူတွေ့တဲ့ ကောင်မလေးကို သူ မမှတ်မိပေ။ သူမရဲ့လက်မောင်းပေါ်က ကိုက်ထားတဲ့ ဒဏ်ရာကိုပဲ မှတ်မိသည်။ ဒါပေမယ့် ဆယ်နှစ်ကျော်ကြာ လိုက်ရှာခဲ့တဲ့ လူက သူတို့ရှေ့မှာ ရုတ်တရက် ပေါ်လာရင် ဘယ်သူက အချစ်တွေနဲ့ပြည့်နေမှာလဲ။
ကျီလင်းချန်က အချစ်ရေးမှာ သိပ်ပြီးစိတ်ခံစားချက်မရှိပေ။ ဇနီးသည်အပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်က သူလုပ်ချင်ရာလုပ်မယ့်ပုံစံနဲ့ ရပ်တည်မှာမဟုတ်ဘူး။
အခုတော့ သူ့အတွက် ပိုအရေးကြီးတဲ့ အရာတွေ ရှိနေပြီလေ။ ဒီအခွင့်အရေးကို လွတ်သွားခဲ့ရင် နောက်တစ်ကြိမ် အခွင့်အရေးရလာမယ် ဆိုတာတော့ မပြောတတ်ပါဘူး။ ထို့ကြောင့် သူ့ဇနီးကို ဦးစွာ လျစ်လျူရှုခဲ့သည်။
ဖန့်ရှောင်နွမ်က ရေတစ်ခွက်နဲ့ တံခါးနားမှာ ရပ်ပြီး အကြာကြီး စောင့်နေသည်။ အဆုံးတွင် သူမ စိတ်အားငယ်စွာဖြင့် ခေါင်းငိုက်စိုက်ကျနေပြီ။ သူမ ယောကျ်ားက သူမကို ခွင့်မလွှတ်ချင်သေးဘူးလို့ သူမထင်ခဲ့သည်။ သူမ လှည့်ပြီးထွက်သွားဖို့လုပ်လိုက်တော့ တံခါးပွင့်လာခဲ့သည်။
ကျီလင်းချန် သူမကို ကြည့်လိုက်သည်။ “အရင်တုန်းကတော့ မင်း ကိုယ့်ရဲ့စာကြည့်ခန်းထဲဝင်လာရင် ဘယ်တော့မှ ယဉ်ကျေးမနေခဲ့ဘူး။ ဒီနေ့ တံခါးခေါက်ပြီး ဝင်လာလို့ရလားလို့ မေးဖို့ ဘာကြောင့် သင်ယူခဲ့တာလဲ။"
ဖန့်ရှောင်နွမ် တိုးတိုးလေး ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ အရင်တုန်းက အမှားမလုပ်ခဲ့ဖူးဘူး။ အဲဒီတုန်းက ကျွန်မမှာ အပြစ်ရှိတယ်လို့ မခံစားခဲ့ရဘူး"
ထို့ကြောင့် သူမရောက်လာတိုင်း ပေါ့ပေါ့ပါးပါး တစ်ခုခုပြောပြီး လမ်းလျှောက်လာတတ်သည်။ ဒါပေမယ့် အခုတော့ သူမအမှားတစ်ခုခု လုပ်မိသွားသဖြင့် သူမအမှားကို ဝန်ခံရန် ဤနေရာ၌ ရှိနေခဲ့သည်။ ဟုတ်ပါတယ် သူမ သဘောထားကို ပြင်ရမယ်။
ကျီလင်းချန် သူမလက်ထဲက ခွက်ကို ကြည့်လိုက်သည်။အဲ့တာက အငွေ့တွေထွက်နေတုန်းပဲ။ သူမရဲ့လက် အပူလောင်သွားမှာကို ကြောက်လို့ ချက်ချင်း သူလက်တစ်ဖက်နဲ့ ယူလိုက်သည်။ တခြားလက်တစ်ဖက်နဲ့ သူမကို သူ့ စာကြည့်ခန်းထဲဆွဲခေါ်သွားသည်။
ကျီလင်းချန် ကျီဝမ်ကို စိုက်ကြည့်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ “မြန်မြန် ထွက်သွား”
ကျီဝမ် ပြောလိုက်သည်။ "ဦးလေး၊ ဦးလေး ကျွန်တော့်ကို အပြစ်မပေးတော့ဘူးဆိုရင် ကျွန်တော်..."
"မင်းကို အမှောင်ခန်းကျဉ်းလေးမှာ တစ်ရက် ကြီးကြပ်မယ်" ကျီလင်းချန် လျစ်လျူရှုကာ ပြောလိုက်သည်။
ကျီဝမ် စိတ်အနှောင့်အယှက်ဖြစ်လွန်းလို့ သူ့လျှာကို ဆွဲထုတ်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်ပစ်ချင်နေပြီ။ သူ အခုတော့ ထွက်သွားနိုင်ပေမယ့် ပြစ်ဒဏ်တစ်ခု တောင်းရမယ်။ သူက ပါးစပ်ကြီးတယ်။
ကျီဝမ် ထွက်သွားပြီးနောက် ကျီလင်းချန် ခွက်ကိုချ၍ ဇနီးလေးနှင့်အတူ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူမ၏ မျက်လုံးတွေမှာ မျက်ရည်တွေ စီးကျနေပြီး ရှောင်တိမ်းဖို့ကြိုးစားနေသည်။ သူမ သူ့ကို မကြည့်ရဲပေ။
"ယောကျ်ား၊ ရှောင်ဝမ်ကို အပြစ်မတင်ပါနဲ့" ဖန့်ရှောင်နွမ်က ကျီဝမ် ကိုယ်စား တောင်းဆိုလိုက်သည်။
ကျီလင်းချန်က သူမစကားပြောလို့ပြီးတာနဲ့ သူမကို နမ်းလိုက်သည်။ သူ သူမ၏ နူးညံ့တဲ့ နှုတ်ခမ်းတွေနဲ့ အလွန်ရင်းနှီးသည်။ သူ သူမကို ပွေ့ဖက်ကာ သူမနဲ့ခွဲခွာဖို့ ဆန္ဒမရှိမီ အချိန်အတော်ကြာ နမ်းခဲ့သည်။
"ကိုယ့်ရဲ့ကြောင်လေးက ကိုယ့်ကိုလွမ်းလို့ ငိုနေတယ်လို့ကြားတယ်"
ဖန့်ရှောင်နွမ် ဒီဖူးဖူးမှုတ်ထားတဲ့ လေသံကိုကြားလိုက်ရပြီး ချက်ချင်း နှိပ်စက်ညှဉ်းပန်းခြင်းကို ခံစားလိုက်ရသည်။ သူမချွဲကာပြောလိုက်သည်။ "ဟုတ်တယ်၊ သူငိုနေတာကြာပြီ"
ကျီလင်းချန်ရဲ့ နှုတ်ခမ်းတွေက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ "ဘာလို့မအိပ်ထားတာလဲ"
ဖန့်ရှောင်နွမ် ရှိုက်ကြီးတငင် လေသံနဲ့ပြောလိုက်သည်။ "ရှင်မှပြန်မလာတာ။ ကျွန်မအတွေးတွေ ရိုင်းလာပြီး အိပ်လို့မပျော်တော့တာ"
ကျီလင်းချန် သူ့ဇနီးရဲ့ဆံပင်ကို ပွတ်သပ်လိုက်သည်။ "ကိုယ် လက်ထောက် လျိုနဲ့ပဲရှိနေတယ်လို့ ပြောခဲ့တာယ် မဟုတ်ဘူးလား။ ကိုယ်နဲ့ ဘယ်သူမှ မရှိနေပါဘူး၊ အမျိုးသမီးက ပိုနည်းတယ်"