အခန်း (၂၁၀)
Vol. 14 Ch. 210
ဖန့်ရှောင်နွမ် ရှိုက်ကြီးတငင် အသံနဲ့ပြောလိုက်သည်။ "ဒါပေမယ့် မနေ့က ရှင် ကျွန်မကို အော်တယ်..."
ကျီလင်းချန် သူ့မိန်းမကို သူ့ရင်ခွင်ထဲသို့ အမြန်ဆွဲခေါ်လိုက်သည်။ "တောင်းပန်ပါတယ်။ ကိုယ် ဒါကိုဘယ်တော့မှထပ်မလုပ်တော့ဘူး။"
ဖန့်ရှောင်နွမ် စားပွဲတွေကို နောက်တစ်ကြိမ် အောင်မြင်စွာ လှည့်လိုက်သည်။ ခင်ပွန်းဖြစ်သူကို တောင်းပန်ဖို့ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ရှိခဲ့သော်လည်း သူမ၏ မကျေနပ်ချက်များကို ထုတ်ဖော်ခဲ့သည်။ နောက်ဆုံးမှာတော့ ကျီလင်းချန်က က သူမကို တောင်းပန်ခဲ့သည်။
သူမ သူမယောကျ်ားရဲ့ နှုတ်ခမ်းတွေကို ကြည့်လိုက်သည်။ ပထမဦးဆုံးအကြိမ်၊ သူမက သူ့ကိုနမ်းဖို့ အစပြုခဲ့သည်။ “ယောကျ်ား၊ ဒါကို ကျော်သွားရအောင်။”
ကျီလင်းချန်က သူမကို သဝန်တိုအောင် လှည့်ဖြားဖို့ အမျိုးသမီးတစ်ဦးကို အသုံးပြုခဲ့ခြင်းအတွက် သူမ စိတ်ဆိုးတော့မည်မဟုတ်ပေ။ ကျီလင်းချန်က Silver Field ပြိုင်ပွဲတွင် သူမ၏ ပါဝင်ခြင်းကိုမေ့ထားချင်ခဲ့သည်။
ဒါက ကမ္ဘာနှစ်ခုလုံး၏ အကောင်းဆုံးဖြစ်သည်။ ဖန့်ရှောင်နွမ်က ဤအကြံအစည်သည် အထူးကောင်းမွန်သည်ဟု ခံစားမိသည်။ ကံမကောင်းစွာပဲ၊ အရမ်းနောက်ကျသွားပြီ။
ကျီလင်းချန်သည် မနေ့ညက သူ့မိန်းမနောက်ကွယ်မှာ လုပ်ခဲ့သမျှကို သိရှိထားပြီးဖြစ်သည်။ စိတ်အနှောင့်အယှက်ပေးတဲ့ ကလေးမလေးကို သူ ကြည့်လိုက်မိသည်။ သူမက အလွန်နူးည့ပြီး ပျင်းရိနေသည်။ သူ့ရဲ့ ချစ်စရာကောင်းတဲ့ ကြောင်ပေါက်လေး။ သူမသည် Silver Field တွင် အဆင့်မြင့်လက်ဝှေ့သမားတစ်ဦးဖြစ်လာခဲ့သည်။ ပြီးတော့ သူမ အဲဒီမှာ တော်တော်နာမည်ကြီးသည်။
ကျီဝမ် စောစောက သူ့ကိုမေးခဲ့သည်။ "ဦးလေး၊ ဦးလေး Silver Field အကြောင်း ဘယ်လိုသိတာလဲ"
လျိုစစ်ယွီက သူမရဲ့အစ်ကိုက အရမ်းထိန်းချုပ်နိုင်တာကို သိပြီး သူမရှိရာအရပ်နှင့် သူမဘာလုပ်နေခဲ့သည်ကို သိရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူမသည် အစ်ကိုဖြစ်သူကို ရှာဖွေတွေ့ရှိခြင်းမှ ကာကွယ်ရန် သတင်းအတုများကို အသုံးပြုခဲ့သည်။
အခန်းယူဖို့ ဟိုတယ်ကို သွားခဲ့ကြတာ တကယ်တော့ ကာဗာတစ်ခုပဲ။ သူ့ဦးလေးက သူနဲ့ ဖန့်ရှောင်နွမ်ရဲ့ အခန်းမှတ်တမ်းများအကြောင်းကို အမှန်တကယ် သိရှိခဲ့လျှင်ပင်၊ သူ ဟိုတယ်အခန်းကို အရင်သွားသင့်သည်။ ဒါပေမယ့် ဘာကြောင့် မြေအောက်ကြိုးဝိုင်းထဲ တိုက်ရိုက်ရောက်လာခဲ့တာလဲ။
ထို့အပြင်၊ ၎င်းသည် Silver Field ဖြစ်သည်။ တစ်နည်းတစ်ဖုံ မပါဝင်ဖူးသူတိုင်း ထိုအကြောင်းကို မသိပေ။ ဖြစ်နိုင်ခြေက တစ်ခုပဲရှိသည်။ ကျီလင်းချန် သည် အနည်းဆုံး Silver Field ရှိ အလယ်အလတ်အဆင့်တွင် ကျွမ်းကျင်သူဖြစ်မည်။ ဒီလိုမှမဟုတ်ရင် ကျီလင်းချန် ဒီလိုအဆင့်မြင့်ပြိုင်ပွဲကို ဝင်ရောက်ဖို့ အရည်အချင်းရှိဖို့က မဖြစ်နိုင်ဘူး။
ကွင်းထဲရှိလူတိုင်း ဝင်ဖို့ ကတ်တစ်ခုကို ပွတ်ဆွဲရမည်။ အရည်အချင်းမရှိရင် တံခါးပွင့်မှာမဟုတ်ပေ။
“ဦးလေး၊ ဦးလေးမှာ စိန်ကတ်ရှိလား” ကျီဝမ်က သူ့ဦးလေးရဲ့ အဆင့်အတန်းနဲ့ စိန်ကဒ်တစ်ကဒ်သာ ထိုက်တန်တယ်လို့ ခံစားမိခဲ့သည်။
ကျီလင်းချန် ပြောစရာစကားမဲ့သွားသည်။
သူလိုလူတစ်ယောက်က တခြားသူတွေ ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ဘယ်လိုလုပ် ချုပ်နှောင်ခံရနိုင်မလဲ။
စည်းကမ်းအရ ပထမဆုရတဲ့သူတွေက စိန်ကတ်ရရှိမည်ဖြစ်သည်။
သူသည် စည်းမျဥ်းစည်းကမ်းများ ချမှတ်ထားသူများထဲမှ တစ်ဦးဖြစ်သည်။ စိန်ကတ်တစ်ကတ်ကို သူဘယ်လိုလုပ် စိတ်ဝင်စားနိုင်မလဲ။ သူက စိန်ကတ်ကို ထုတ်ပေးတဲ့သူ။ သူသည် Silver Field ၏ နောက်ကွယ်မှ သူဌေးဖြစ်သည်။
စိန်ကတ်ကိုင်သူသည် Silver Field ရဲ့ဘုရင်ဖြစ်ခဲ့လျှင် သူက ဘုရင်ကို ဖန်ဆင်းတဲ့နတ်ဘုရားပင် ဖြစ်သည်။
ကျီလင်းချန်က အမြင်အာရုံမရှိတဲ့ သူ့တူလေးကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းထွက်သွားဖို့ ပြောလိုက်သည်။ သူ့မိန်းမနဲ့ပဲ စကား ပြောချင်သည်။
…
လက်ရှိအချိန်ကို ပြန်သွားကာ ချွဲနေတဲ့ဇနီးလေးကို မျက်နှာမူကာ ကျီလင်းချန် နူးညံ့စွာပြောလိုက်သည်။ " ရှောင်နွမ်၊ နောက်ကျ ဒီလိုနေရာမျိုးတွေကို ထပ်သွားလို့မရတော့ဘူးနော် "
ဖန့်ရှောင်နွမ် စကားတစ်ခွန်းမှ မပြောဘဲ သူမရဲ့နှုတ်ခမ်းတွေကိုဖိခဲ့သည်။
ကျီလင်းချန် ပြောလိုက်သည်။ "မင်း Silver Field ပျောက်ကွယ်သွားတာကို မမြင်ချင်ဘူးဆိုရင် အခုကတည်းက အိမ်မှာနေပြီး စကားနားထောင်"
ဖန့်ရှောင်နွမ် ပြောစရာစကားမရှိဖြစ်သွားသည်။
လွယ်လား? သူက Silver Field ကို ပျောက်ကွယ်သွားအောင် လုပ်နိုင်လား? အဆင့်ကိုးဆင့်ရှိပြီး ပြိုင်ပွဲဝင်ထောင်ပေါင်းများစွာ ပါထားတာ။ ၎င်းတို့သည် ၎င်းတို့၏ လက်ရှိအတိုင်းအတာအထိ ကြီးထွားရန် ဆယ်စုနှစ်များစွာ အချိန်ယူခဲ့ရသည်။ သူမယောကျ်ားက သူတို့ကို ဒီအတိုင်း ပျောက်အောင် ဘယ်လိုလုပ်နိုင်မလဲ။ ယောက်ျားတွေက စိတ်ကြီးဝင်ကြတာပဲ။
ကျီလင်းချန် ပြောလိုက်သည်။ "ကိုယ် အတည်ပြောနေတာ"
Silver Field က သူ့ကြောင်ပေါက်လေးကို ထိခိုက်အောင်လုပ်ခဲ့သည်။ အဲ့တာ ပျောက်သွားရင် သူ့အတွက်တော့ အရေးမကြီးဘူး။
သူ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ သူ နှုတ်ဆိတ်နေသည်။
အထဲမှာ ကျီလင်းချန်နဲ့ သူ့မိန်းမက အချိန်အတော်ကြာ စကားပြောနေခဲ့သည်။ လက်ဝှေ့အကြောင်းတွေ အများကြီးပြောကြသည်။
သူမက လေးနက်တဲ့အမူအရာဖြင့် နားထောင်နေသော်လည်း စိတ်ထဲတွင်တော့ သူမ ကွန်မလိန်းတက်နေသည်။ 'နားမထောင်ဘူး၊ နားမထောင်ဘူး။ ခွေးသား'
"ရှောင်နွမ် ကိုယ်ဘာပြောလိုက်တာလဲ" ကျီလင်းချန် ရုတ်တရက် မေးလိုက်သည်။
သူမ ကြက်သေသေသွားသည်။ 'သေစမ်း၊ စာမေးပွဲရှိမယ်လို့ သူ မပြောခဲ့ဘူး!' သူမ လုံးဝ နားမထောင်ခဲ့ဘူး!
CEO ကျီက သူ့ဇနီးရဲ့အမူအရာကိုကြည့်ပြီး သဘောပေါက်သွားသည်။ 'သူ ပြောခဲ့တာတွေက နားတစ်ဖက်ကဝင်ပြီး တစ်ဖက်ကနေ အပြင်ကို ထွက်သွားတာ ဖြစ်နိုင်တယ်။ ဒါက လုံးဝအဓိပ္ပာယ်မဲ့ခဲ့တာ။'
…
အခုကျီလင်းချန် အိမ်သို့ပြန်လာပြီး အမှတ်ပေးဖို့ အချိန်တန်ပြီဖြစ်သည်။ ဖန့်ရှောင်နွမ် အတွက် ပထမဆုံး မတ်တပ်ရပ်မယ့်သူကတော့ သခင်ကြီး ကျီပဲ။
သခင်ကြီး ကျီက ကျီလင်းချန်ကို ဒေါသတကြီး လက်ညှိုးထိုးပြီးပြောလိုက်သည်။ "မင်းက အကြင်နာမဲ့သူ။ ရှောင်နွမ်က အရမ်းကောင်းပေမယ့် မင်းက သူမငိုမချင်း သူ့ကိုအော်တယ်။ ငါ့ချွေးမကို စိတ်ဆိုးအောင်ပြီး သူ့ကိုထွက်ပြေးသွားအောင်လုပ်ရင် မင်း ဒီအိမ်ကနေ ထွက်သွား!”
ကျီလင်းချန် မျက်မှောင်ကြုတ်ကာ အေးစက်စွာပြောလိုက်သည်။ "ကျွန်တော် သူ့ကို နှစ်သိမ့်ပြီးပြီ"
သခင်ကြီး ကျီကရှည်လျားတဲ့ lecture ကို ပြင်ဆင်ထားသော်လည်း မစတင်မီတွင် သူ့စကားများကို မျိုသိပ်ထားလိုက်ရသည်။
"ဒီလောက်မြန်လား။ ဒါကို မြန်မြန် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား” သခင်ကြီး ကျီက သူ့မျက်နှာပေါ်တွင် သံသယစိတ်ဖြင့် ကြည့်နေသည်။
သူ ကျီလင်းချန် အနားမှာ ရပ်နေတဲ့ ဖန့်ရှောင်နွမ်ကို လှည့်ကြည့်လိုက်သည်။ သူမက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အဖေ၊ တကယ်ပြေလည်သွားပြီ"
သခင်ကြီး ကျီ ချက်ချင်း စိတ်ပျက်သွားသည်။ သူက သူ့သားအတွက် ကျိန်ဆဲဖို့စကားလုံးများစွာကို ရှင်းရှင်းလင်းလင်း ပြင်ဆင်ထားသော်လည်း သူဘာမှ မပြောမီခင်မှာ သူတို့က ပြေလည်သွားကြပြီ။ အရမ်းမြန်တယ်မဟုတ်ဘူးလား သူတို့က တစ်ရက်မပြည့်ခင်မှာပဲ ပြေလည်သွားကြပြီ! သူ သူ့နှုတ်ခမ်းကို ဖိလိုက်ပြီး အရမ်းက်ုမပျော်ရွှင်နေပေ။ ဒါပေမယ့် ၎င်းကိုစဉ်းစားလိုက်သောအခါ ကျီလင်းချန်သည် အနာဂတ်တွင် အမှားများပြုလုပ်မည်မဟုတ်ကြောင်း သူ မယုံခဲ့ပေ။ အနှေးနဲ့အမြန်ဆိုသလိုပင် သူ့အား ထပ်မံကျိန်ဆဲဖို့ အခွင့်ရှိပေလိမ့်မည်။
သခင်ကြီး ကျီ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဖန်ချီလည်း ရောက်လာသည်။
ဖန့်ရှောင်နွမ် သူ့ယောက်မကိုယ်စား ကျီဝမ်၏လွတ်လပ်မှုအတွက်ပင် တောင်းပန်ခဲ့သည်။ သူမက ကျီဝမ်ကို အမှောင်ခန်းထဲမှ ကယ်ထုတ်ရန် ကူညီချင်ခဲ့သည်။