← Chapters

မပြည့်စုံသည့်မီးတောက်

Vol. 2 Ch. 26

မပြည့်စုံသည့်မီးတောက်

Vol. 2 Ch. 26

နောက်တစ်နေ့တွင် ကလေးများတစ်ယောက်ပြီး တစ်ယောက်နိုးလာကြသည်။ သူတို့သည် နိုးသည်နှင့် သူတို့၏ နတ်စွမ်းအားများကို လေ့ကျင့်လိုက်ကြသည်။

မနေ့ညက တစ်ညလုံးလေ့ကျင့်အပြီးတွင် ကလေးများသည် သူတို့ခန္ဓာကိုယ်များအတွင်း၌ ရှိနေသည့် နတ်စွမ်းအားများနှင့် ရင်းနှီးကျွမ်းဝင်လာခဲ့ကြပြီဖြစ်သည်။

ရှောက်ရွှမ်သည်လည်း အတော်လေးကျွမ်းကျင်နေခဲ့လေပြီ။ သူသည် နတ်အမှတ်အသားကို လွှမ်းခြုံနေခဲ့သည့် ကြက်ဥကိုလည်း ဆက်တိုက်လေ့လာနေခဲ့သည်။

နတ်စွမ်းရည်များကို အသုံးပြုလိုက်သည့်အချိန်တွင် ထို “ကြက်ဥ” အပေါ်မှ တောက်ပနေသော အလင်းများသည် အနည်းငယ် မှိန်ဖျော့သွားတတ်ကြလေသည်။ “ကြက်ဥ” ၏ စွမ်းအားများကို အသုံးပြုလိုက်သည့်အချိန်တိုင်းတွင် နတ်အမှတ်အသားသည် ပိုမိုတောက်ပလာခဲ့သည်။ မည်သိုပင်ဖြစ်စေ မည်သည့်စွမ်းအင်ကို ရှောက်ရွှမ် အသုံးပြုသည်ဖြစ်စေ နတ်အမှတ်အသားသည် ကြက်ဥထဲတွင်သာ ရှိနေခဲ့သည်။ ထိုအရာကို မည်သို့မျှပြောင်းလဲ၍ မရနိုင်ပေ။

သူသည် မျက်တောင်တခတ်အတွင်း စွမ်းအားများကို ပြောင်းလဲလိုက်ခြင်းကို မပြုလုပ်နိုင်သော်လည်း လုံလောက်သည့်အချိန်ကိုသာပေးမည် ဆိုလျှင် ရှောက်ရွှမ်သည် ထိုနှစ်ခုလုံးမှ စွမ်းအားများကို ထုတ်ယူနိုင်ပေသည်။ ရှောက်ရွှမ် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် နောက်ထပ် အရိုးစုများကို မြင်တွေ့နေရခြင်း မရှိတော့‌ပေ။

ရင်းနှီးနေသည့် ကမ္ဘာကြီးကို ပြန်တွေ့လိုက်ရမှသာ ရှောက်ရွှမ် စိတ်အေးသွားခဲ့သည်။ အကယ်၍ သူသာ တစ်ချိန်လုံး အရိုးများကိုသသာ မြင်တွေ့နေရလျှင် သူ့ဘဝသည် သနားစရာကောင်းနေပေလိမ့်မည်။ ကံကောင်းစွာဖြင့် သူသည် အရောင်အသွေးစုံလင်သည့် ကမ္ဘာကြီးကို နောက်တစ်ကြိမ်ပြန်တွေ့ခွင့် ရနေခဲ့လေသည်။

သူ၏ အဓိကပြဿနာမရှိတော့သဖြင့် ရှောက်ရွှမ် စိတ်အေးသွားခဲ့သည်။ ထို့နောက် သူသည် ရင်းနှီးကျွမ်းဝင်နေသည့် မျက်နှာများကို မြင်လိုက်ရသည်။ မော့အာ ၊ စိုင်နှင့် အခြားကလေးများကို သူစိုက်ကြည့်လိုက်သည်။

သူတို့၏ မျက်နှာအမူအယာများကို ပြန်မြင်ရခြင်းသည် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်ပေသည်။

ထိုအချိန်တွင် ရှောက်ရွှမ်သည် ‘မောင် ‘ ၏ အကြည့်ကိုလည်း မြင်နိုင်နေခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူ မောင် ကို လျစ်လျုရှုထားလိုက်၏။

ရှောက်ရွှမ်ထိုသို့ လျစ်လျုရှုလိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ မောင် အလွန်ဒေါသထွက်သွားမိသည်။ သူသည် ရှောက်ရွှမ်နှင့် ‘စကားကောင်း ‘ ပြောရန် ကြံစည်နေခဲ့သည်။ သို့သော် ထိုအချိန်တွင် နတ်ဆရာ အခန်းထဲသို့ ဝင်လာပြီဖြစ်သဖြင့် မောင်သည် သူ့ဒေါသများကို သိမ်းဆည်းထားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ နတ်ဆရာအိုကြီး၏ ရှေ့တွင် မည်သူမှ မလေးမစားမပြုရဲကြပေ။

နတ်ဆရာသည် သူတို့မည်သို့ခံစားနေရသည်ကို မေးလိုက်သည်။ ပုံမှန်မဟုတ်သော အရာများ မရှိကြောင်းကို သေချာသွားသည့်အခါတွင် ကလေးများကို ထွက်သွားခွင့် ပေးလိုက်လေ၏။ သူတို့သည် နောက်ပိုင်းတွင် အမဲလိုက်တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် သူတို့၏ အခြေအနေများကို ချိန်ညှိရန် လိုအပ်ပေမည်။ ဆရာသည် သင်ကြားပြသခြင်းကိုသာ ပြုနိုင်ပေသည်။ ကလေးများသည် သူတို့ကိုယ်တိုင် အရည်အချင်းတက်လာ‌အောင် လေ့ကျင့်ယူကြရမည်ဖြစ်သည်။ သူတို့သည် တစ်နှစ်တည်းတွင် နတ်စွမ်းရည်နှိုးထခဲ့ကြသော်လည်း စစ်သည်တော်တစ်ဦး၏ ဘဝအတွေ့အကြုံများသည် ကွာခြားသွားကြလိမ့်မည် ဖြစ်သည်။ ထိုသို့ဖြင့် သူတို့၏ ဘဝအဆင့်အတန်းများသည်လည်း ကွာခြားသွားကြပေလိမ့်မည်။ ကြွားဝေနေခြင်းသပ်သပ်ဖြင့် မည်သူမှ ရဲရင့်‌သော စစ်သည်တော်တစ်ယောက် မဖြစ်လာနိုင်ပေ။

အမှန်အတိုင်းပြောရလျှင် ရှောက်ရွှမ်သည် နတ်ဆရာအိုကြီးကို အတော်လေး လေးစားမိနေခဲ့သည်။ အစာရေစာငတ်ပြတ်မှုနှင့် အေးခဲမှုတို့ကို ကြုံတွေ့ခဲ့ကြရသည့် လိုဏ်ဂူထဲမှကလေးများသည် စိတ်မြန်လက်မြန်ရှိကြသူများ ဖြစ်ကြသော်လည်း သူတို့သည် ကောင်းကင်ဘုံကို ရန်ရှာခြင်း၊ အခြားသူများကို အပြစ်တင်ခြင်း တို့ကို လုပ်လေ့ မရှိကြပေ။ သူတို့တွင် လိမ်လည်ကောက်ကျစ်သည့် စိတ်နေစိတ်ထားများလည်း မရှိကြပေ။ သူတို့၏ နတ်စွမ်းအားများ နှိုးထလာပြီးသည့်အချိန်တွင် ကောင်းမွန်သော စိတ်ဆန္ဒများနှင့် မျှော်လင့်ချက်များ ရှိနေကြသည့် စစ်သည်တော်များ ဖြစ်လာရန်အတွက် အသင့်ဖြစ်နေကြပြီဖြစ်သည်။ နတ်ဆရာသည် ကလေးများ ထိုသို့ ခံယူချက်ရှိနေရခြင်း၏ အဓိက အကြောင်းပြချက်ဖြစ်သည်။

မျိုးနွယ်စုခေါင်း‌ဆောင်သည် မျိုးနွယ်စုမှ လူများကို ရုပ်ပိုင်းဆိုင်ရာ ဦးဆောင်သည်ဟု ဆိုလျှင် နတ်ဆရာသည် သူတို့၏ စိတ်ပိုင်းဆိုင်ရာကို ဦးဆောင်မှုပေးသူ၊ သင်ကြားပေးသူ ဖြစ်သည်။ နတ်ဆရာတစ်ယောက်၏ တာဝန်များသည် ကြီးမားလေးလံလွန်းပေသည်။

ကျောက်တုံးခန်းနှင့် မနီးမဝေးတစ်နေရာတွင် မျိုးနွယ်စုစွမ်းရည်နှိုးထလာသည့် ကလေးများကို စောင့်နေကြသည့် လူတစ်ချို့ရှိနေခဲ့သည်။ ထိုအထဲတွင် ရှောက်ရွှမ် ရင်းနှီးနေသည့် လူအချို့ကိုလည်း မြင်တွေ့လိုက်ရသည်။ သူ့ကို မမှတ်မိရန်မှာ ခက်ခဲပေသည်။ အ‌ကြောင်းပြချက်တစ်ချို့ကြောင့် သူသည် ကြီးမားသော ဝက်ဝံဦးခေါင်းဖြင့် လူအုပ်ထဲတွင် သိသာထင်ရှားနေခဲ့သည့် ကလေးတစ်ယောက်ကို သတိထားမိလိုက်သည်။

မောင်သည်လည်း ထိုသူကို သတိပြုလိုက်မိသည်။ သူ့မျက်နှာပေါ်မှ ဒေါသများသည် ချက်ချင်းပျောက်ကွယ်သွားခဲ့ပြီး ထိုဖက်သို့ အပြုံးတစ်ခုဖြင့် လမ်းလျှောက်သွားလိုက်လေသည်။

“ မျိုးနွယ်စုစစ်သည်တော် ဖြစ်လာပြီပေါ့ အကိုကြီး ... “ ဝက်ဝံဦးခေါင်းနှင့် ကလေးက မေးလိုက်လေသည်။

“ ဟုတ်တာပေါ့ ၊ ကြည့်လေ... ငါက ဘယ်သူမို့လို့လဲ “ မောင် သည် ယခင်ကထက်ပင် ဂုဏ်ယူဝင့်ကြွားနေဟန်ရပေသည်။

သူတို့သည် ညီအကိုအရင်းများဖြစ်ကြလေသည်။ ရှောက်ရွှမ်အနေဖြင့် မောင်ကို တွေ့ပြီး ဖြစ်သဖြင့် ထိုကလေးကို ရင်းနှီးနေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

စစ်သည်တော်လေးများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြသည်။ ရှောက်ရွှမ်လည်းသွားရန် ဟန်ပြင်လိုက်သည်။ သို့သော် မမျှော်လင့်စရာပင် နတ်ဆရာ ရှောက်ရွှမ်ကို ဟန့်တားထားလိုက်သည်။

“ ခနလေးနေဦး အားရွှမ် “

နတ်ဆရာ သူ့ဆီကို လာခဲ့ပြီး အမှတ်အသားထွင်းထုထားသည့် တံဆိပ်ပြားတစ်ခုကို ကမ်းပေးလိုက်သည်။ “ မင်းက ဆီဆာကို ကောင်းကောင်းထိန်းသိမ်းပေးခဲ့တယ်။ နောက်ပိုင်း မင်းတစ်ခုခု အခက်အခဲရှိရင် ငါ့ဆီ လာတွေ့ပါ “

မနက်ခင်းအစောပိုင်းတွင်ပင် နတ်ဆရာသည် ဆီဆာ၏ အခြေအနေကို စုံစမ်းလာခဲ့ပြီးဖြစ်သည်။ ထို့အပြင်သူသည် ရှောက်ရွှမ် ၏ ယခင်နှစ်တစ်ခုလုံး ပြုမူဆောင်ရွက်ခဲ့သည်များကိုလည်း သိလာခဲ့ပြီးဖြစ်သည်။ အမှန်တကယ်တွင် ငါးဖမ်းသည့် ကိစ္စသည် တောင်ထိပ်‌ဒေသအတွက်တော့ အ‌ရေးပါသည့် ကိစ္စတစ်ခု မဟုတ်ပေ။ နတ်ဆရာသည်လည်း သူ့အာရုံကို ဆေးပင်ဝါးပင်များ စိုက်ပျိုးရာတွင်သာ ထားထားနေခဲ့သဖြင့် သူသည်လည်း သိပ်စိတ်ဝင်စားနေခြင်း မရှိ‌ပေ။ ယနေ့မနက်တွင်မှ သူသည် တောင်ခြေဒေသမှ လူများအကြောင်း တစ်ခုနှစ်ခုကို သိလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ နတ်ဆရာသည် ငါးဖမ်းသည့် ဖြစ်ရပ်ထက် ဆီဆာကိုသာ ပို၍ စိတ်ဝင်စားနေခဲ့လေသည်။ ရှောက်ရွှမ်သည် ဆီဆာကို ထိန်းကြောင်းပေးခဲ့သဖြင့် သူသည် ရှောက်ရွှမ်ကို အသိအမှတ်ပြုလိုနေသည်။

ယခင်က နတ်ဆရာထံမှ သူရခဲ့သည့် အမှတ်အသား ဆွဲပြားကို ဆီဆာ၏ လည်ပင်းတွင် ချိတ်ထားပေးခဲ့သည်။ ယခုတစ်ကြိမ်တွင် နတ်ဆရာသည် ရှောက်ရွှမ်အတွက် ကိုယ်ပိုင်ဆွဲပြားတစ်ခုကို ပေးနေလေပြီ။

ထို့အပြင် နတ်ဆရာက ရှောက်ရွှမ်သူ့ကိုယ်ပိုင်အိမ်ကို ဆောက်လုပ်ပြီးလျှင် အစားအသောက်တချို့ကို ပေးမည်ဖြစ်ကြောင်းကိုလည်း ပြောခဲ့သေးသည်။ ရှောက်ရွှမ် နတ်ဆရာအိုကြီး၏ ကြင်နာမှုကို မငြင်းဆန်နေတော့ပေ။ ထို့နောက်တွင် ကျေးဇူးတင်ကြောင်းပြသလိုက်ပြီး သူလည်း ထွက်ခွာလာလိုက်သည်။

ရှောက်ရွှမ်ထွက်သွားပြီးနောက်တွင် မျိုးနွယ်စု ခေါင်း‌ဆောင် အော့သည် နတ်ဆရာထံသို့ရောက်လာခဲ့ပြီး မီးလောင်ထားသည့် သူ့လက်ဝါးများကို ပြလိုက်လေသည်။ ထို့နောက် ယမန်နေ့ညက အဖြစ်အပျက်ကိုလည်း ပြန်ပြောပြလိုက်သည်။

နတ်ဆရာသည် အချိန်အတန်ကြာသည်အထိ ထိုအကြောင်းကို စဉ်းစားနေခဲ့သည်။ ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး အော့ကို ခေါ်လိုက်ကာ အခန်းအတွင်း ဝင်သွားခဲ့ကြသည်။

“ မင်းပြောပြတာက ငါ့ကို တစ်ခုခုကို သတိရလာစေတယ်။ ပြောကြတာကတော့ ‘မူလမီးတောက် ‘ ဆိုရင် ဒီလိုအခြေအနေကို ဖြစ်စေနိုင်တယ်တဲ့ “ နတ်ဆရာ ဖြေးညှင်းစွာ ပြောလိုက်သည်။

“ ခင်ဗျားပြောနေတာက ... “ အော့ အလွန်အမင်း အံ့သြသွားသည်။

နတ်ဆရာသည် “မူလမီးတောက် “ အကြောင်းကို ပြောလာခဲ့သည်။ သူသည် မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သဖြင့် ထိုအကြောင်းကို ကောင်းစွာနားလည်ထားပေသည်။

မျိုးနွယ်စုခေါင်းဆောင်များနှင့် နတ်ဆရာများသာ သိထားကြသည့်အ အချက်တစ်ခုရှိပေသည်။ ထိုအရာမှာ သူတို့မျိုးနွယ်စု ၏ မီးတောက်သည် ပြည့်စုံမှု ရှိမနေခြင်းပင်ဖြစ်သည်။

“ မီးတောက်များသည် ထိခိုက်စေနိုင်ခြင်း မရှိ “ ဟူသည့် အယူအဆ၏ နောက်တွင် ပျံသန်းနေ‌သော မီးတောက်များသည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့လျှင် ထိုသူကို မထိခိုက်စေနိုင်ကြောင်းကိုသာ ဆိုလိုသည်။ သို့သော်လည်း ထိုအရာသည် အခြားသူများအတွက်တော့ မတူညီသော အရာသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူတိုင်း၏ ခန္ဓာကိုယ်များထဲမှ စွမ်းအား ရင်းမြစ်သည် အတူတူသာဖြစ်သည်။ သို့သော်လည်း စွမ်းအားသည် လူတစ်ယောက်နှင့်တစ်ယောက် ပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားမှုရှိသည်။ စွမ်းရည်နှိုးထလာသူ၏ စွမ်းအားသည် သူ့ကိုယ်သူကာကွယ်ပေးသော်လည်း အခြားသူများကိုမူ ထိခိုက်စေနိုင်ပေသည်။

မီးတောက်မှ မီးများသည် သေဆုံးပြီးသားအရာများကို ထိခိုက်နိုင်ခြင်း မရှိကြပေ။ သို့ရာတွင် သက်ရှိများကိုမူ အတော်လေး ထိခိုက်စေနိုင်ပေသည်။ မျိုးနွယ်စုမှ လူများသည် မီးတောက်များ၏ လောင်ကျွမ်းမှုများကို ခံရနိုင်သည်။ အော့ သည် မျိုးနွယ်စုမှ လူတစ်ယောက်သာဖြစ်သည်။ ဆိုရလျှင် နှိုးထလာသော စွမ်းအားများ၏ အရင်းအမြစ်သည် အတူတူသာ ဖြစ်သည်။ မျိုးနွယ်စု၏ မီးတောက် ဖြစ်သဖြင့် ထိခိုက်နိုင်ခြင်းသည် မပြင်းထန်ပေ။ မည်သို့ပင်ဖြစ်စေ အော့သည် အရင်ကတည်းက ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသူ တစ်ယောက်ဖြစ်သည်။ ထို့ကြောင်ပင် သူသည် ဒဏ်ရာအပြင်းအထန်ရမည့်အစား နီမြန်းသော အရာများကိုသာ ရရှိခဲ့သည်။

ထိုညတွင် ညပျံလွှားများသည် လူနေထိုင်သော နေရာများသို့ ဝင်လာရဲကြခြင်း မရှိကြပေ။

အကယ်၍ သူတို့သာ ဝင်လာခဲ့လျှင်လည်း သူတို့သည် ပြန့်လွင့်နေခဲ့သော မီးတောက် များကြောင့် မီးလောင် သေဆုံးသွားကြပေလိမ့်မည်။

ထို့အကြောင်း ပြချက်ကြောင့်ပင် ကောသည် ဆီဆာကို လိုဏ်ဂူထဲတွင် ထားခဲ့ရန် ရှောက်ရွှမ်ကို ပြောခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ပိုင်ဆိုင်သူကို ကာကွယ်ပြီး အခြားသူများကိုမူ အန္တရာယ်ပေးနိုင်သည့် မီးတောက်များသည် မပြည့်စုံကြသည့်အတွက် ထိုမျှ သိသာထင်ရှားနေခြင်း မဖြစ်နိုင်ပေ။

“ ဒါဆိုရင် မီးတောက်တွေက ပြည့်စုံသွားမယ်ဆိုရင် စွမ်းအင်နှိုးထခြင်း ဖြစ်စဉ်က အားရွှမ်နဲ့ တူသွားပြီးတော့ တစ်ကိုယ်လုံး မီးတောက်တွေ ဖုံးလွှမ်းသွားမှာလား “ အော့ အံ့သြနေခဲ့သည်။

“ ဖြစ်နိုင်တယ်..... တော်တော်လေးကို ဖြစ်နိုင်ချေရှိတယ်။ ငါတို့ ဒီကိစ္စကို လျှို့ဝှက်ချက်အနေနဲ့ပဲ ထားထား ရအောင်။ ဘယ်သူ့ကိုမှ သိခွင့်ပေးလို့မဖြစ်ဘူး။ ငါရှေးဟောင်းစာလိပ်တွေထဲမှာ ဒီကိစ္စအကြောင်းကို ရှာကြည့်လိုက်ဦးမယ်၊ ပြီးမှ ဆက်ပြောကြတာပေ့ါ “ နတ်ဆရာအလေးအနက်ပြောလိုက်လေသည်။

အော့ ခေါင်းညိတ်လိုက်သည်။ ဤကိစ္စသည် အချိန်တို‌လေးတစ်ခုအတွင်း ဖြေရှင်းနိုင်မည့် ကိစ္စတစ်ခု မဟုတ်ပေ။ မကောင်းသည့်ကိစ္စလည်း မဟုတ်သဖြင့် အ‌ရေးတကြီးစိတ်ပူနေစရာ မလိုအပ်ပေ။ မျိုးနွယ်စုမှ အခြားလူများ မေးလာခဲ့ပါက အော့နေဖြင့် ရှောက်ရွှမ်၏ စွမ်းအင်နိုးထခြင်းသာမန်သာဖြစ်ကြောင်း ပြောလိုက်၍ ရပေသည်။

ရှောက်ရွှမ်တောင်စောင်းတစ်လျှောက် လမ်းလျှောက်ဆင်းလာခဲ့သည်။ သူသည် နတ်ဆရာတို့ ဆွေးနွေးနေခဲ့ကြသည်ကို မသိနေခဲ့ပေ။ ထိုအရာသည် ပြည့်စုံသော မီးတောက်ဖြင့် သက်ဆိုင်နေသည်ကိုလည်း သူမသိနေခဲ့ပေ။ ယခင်နေ့က အဖြစ်အပျက်ကို နတ်ဆရာတို့က အသေးစိတ်မမေးသဖြင့် ရှောက်ရွှမ်သည်လည်း ထိုကိစ္စကို အခြားသူများကို လျှောက်ပြောပြနေလိမ့်မည် မဟုတ်ပေ။ ထို့အစားသူသည် နတ်စွမ်းအင်နှိုးထလာသည့် သာမန် စစ်သည်တော် ကလေးတစ်ယောက်သာ ဖြစ်သည်။

သူ့ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး ရှောက်ရွှမ် အကြောလျော့လိုက်သည်။ အရိုးများ၏ အသံများကို ကြားနေရသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်သည် စွမ်းအားများ ခွန်အားများဖြင့်ပြည့်နှက်နေခဲ့ သဖြင့် သူပျော်နေမိသည်။

သူနှင့် လုံးဝအစိမ်းသက်သက်ဖြစ်နေသော ဂြိုလ်သားနေရာတွင် ရောက်နေခဲ့ရသည့်အတွက် စိတ်ဓါတ်ကျဆင်းနေခဲ့ရခြင်းများသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူလမ်းလျှောက်လျှင်လည်း ခြေလှမ်းများ ပေါ့ပါးသွက်လက်နေခဲ့သည်ကို သူခံစားလိုက်မိသည်။ တောင်ထိပ်တစ်နေရာတွင် ရပ်နေလိုက်ပြီး အဝေးတစ်နေရာမှတောင်တန်းများကို သူလှမ်းကြည့်လိုက်သည်။ ဂုဏ်ယူဝင့်ကြွားမှုတစ်ခု သူ့ရင်ထဲတွင် ဖြစ်ပေါ်လာခဲ့လေ၏။

သူသည် ယခင်ကမ္ဘာသို့ မပြန်နိုင်‌တော့ သဖြင့် ဤကမ္ဘာတွင်သာ ကောင်းကောင်းမွန်မွန်နေထိုင်ရန် တွေးလိုက်သည်။

ရှောက်ရွှမ်လက်များကို လွဲယမ်းလိုက်ပြီး ခြေလှမ်းများကို မြန်မြန်ဆန်ဆန် လျှောက်လှမ်းလိုက်သည်။ တစ်ချက်ခုန်လိုက်ယုံဖြင့် သူသည် အတော်လေး အလှမ်းဝေးသည့်နေရာ တစ်ခုဆီသို့ ရောက်သွားခဲ့သည်။ ပြေးသွားပြန်လျှင်လည်း သူသည် ယခင်ကနှင့်မတူသော သက်တောင့်သက်သာရှိမှုများကို ခံစားနေရပြန်သည်။

လူများပြောကြသည်မှာ မျိုးနွယ်စုနတ်စွမ်းရည်နိုးထပြီးလျှင် လူတစ်ယောက်သည် ငှက်တစ်ကောင်၏ အမြန်နူန်းဖြင့် ပျံသန်းနိုင်သည်ဟု ဆိုကြလေသည်။ သူတို့၏ လက်သီးချက်များသည်လည်း သားရဲများ၏ ရိုက်ပုတ်မှုလောက် စွမ်းအား

ကောင်းသည်ဟု ဆိုကြလေ၏။ ယခုတွင် ရှောက်ရွှမ်သည် ထိုသို့မလုပ်နိုင်သေးသော်လည်း နောင်လာမည့် အနာဂတ်တွင် ကျိန်းသေလုပ်နိုင်လိမ့်မည် ဖြစ်သည်။

All Chapters