← Chapters

အနုပညာအမြင်အပြည့်နဲ့ ကျောက်ဆစ်စွမ်းရည်

Vol. 2 Ch. 29

အနုပညာအမြင်အပြည့်နဲ့ ကျောက်ဆစ်စွမ်းရည်

Vol. 2 Ch. 29

အစပိုင်းတွင် ရှောက်ရွှမ် ကျောက်တုံးကိုထုဆစ်လိုက်တိုင်း ခဲ့ ၏ အမူအယာကို စောင့်ကြည့်နေခဲ့သည်။ အချိန်တစ်ခုကြာလာသည့် အချိန်တွင်မူ ခဲ့ကို လုံးဝ လျစ်လျုရှုထားမိလိုက်ပြီး ကျောက်တုံးထုဆစ်ခြင်း တွင်သာ သူ့ကိုယ်သူနှစ်မြုပ်ထားလိုက်လေသည်။

ထုဆစ်ရခြင်းသည် ခွန်အားများကို အများအပြားအသုံးပြုရပေသည်။ ခန္ဓာကိုယ်အားကို သုံးယုံသာမက စိတ်အားကိုလည်း သုံးနေရသည်။ ထိုအရသည် ခြေလက်များကို သာမာန်လှုပ်ရှားနေရခြင်းနှင့် မတူနေပေ။ ထုနှက်မှုတစ်ခုချင်းစီအတွက်သူသည် ထုရမည့် ထောင့်ချိုး ထည့်သွင်းရမည့် ခွန်အားတို့ကို အသေးစိတ်တွက်ချက်ရသေးသည်။ ကျောက်တုံးတူကို လွဲရမည့် ထော့င်ချိုးနှင့် စိုက်ထုတ်ရမည့်ခွန်အားတို့ကို မျက်တောင်တခတ်အတွင်း ဆုံးဖြတ်ရခြင်းဖြစ်သည်။

မျိုးနွယ်စုမှ လူများသည် ကျော်တုံးထုဆစ်ခြင်းအတွေ့အကြုံများ အနည်းနှင့်အများရှိကြသောလည်း သူတို့၏ ခံစားချက်များပေါ်တွင် မူတည်၍ ရလာဒ်များ ကွဲပြားသွားနိုင်သည်။ သို့သော် ရှောက်ရွှမ်မှာမူ အတွေ့အကြုံရင့်ကျက်ခြင်း မရှိသေးပေ။ သူသည် စိတ်ထဲမှ တွက်ချက်မှုများကိုသာ အားပြုနေရသည်။

ယခုတွင် သူ့ထံ၌ ပိုမိုသန်စွမ်းသည့် ခန္ဓာကိုယ်တစ်ခုရှိနေပြီဖြစ်သော်လည်း သူမမောနိုင်ဟု ဆိုလိုနေခြင်းမဟုတ်ပေ။ အစပိုင်းတွင် သူသည် ကျောက်တုံး တူကိုကိုင်တွယ်ရာတွင် မပင်ပန်းခဲ့ပေ။ သို့သော် သူခနခန ထုနေသည်နှင့်အမျှ ပင်ပန်းမှုကို ခံစားမိလာရသည်။ သူ့လက်ထဲမှ ကျောက်တုံးတူသည်လည်း အလွန်အမင်းလေးလံလာကြောင်းကို သူသိလိုက်သည်။ မှားယွင်းသောခွန်အား သို့မဟုတ် ထောင့်ချို့ဖြင့် ကျောက်တုံး ကို ထုမိပါက မျှော်လင့်ထားသည့် ပုံသဏ္ဍာန် ပေါ်လာတော့မည် မဟုတ်ပေ။

ထို့အချက်များကြောင့် ရှောက်ရွှမ်သည် ခဲ့ကို အာရုံထပ်ပြီး မစိုက်နိုင်တော့ခြင်းဖြစ်သည်။

အစပိုင်းတွင် ရိုက်ချက်တစ်ခုနှင့်တစ်ခုအကြား သူတွေဝေနေမိခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်ရိုက်ချက်၏ အမှားများကို ပြန်ပြီးဝေဖန်နေခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူလေ့ကျင့်သား ရလာသည်နှင့်အမျှ သူပိုပြီးကျွမ်းကျင်လာခဲ့လေပြီ။ ထို့ကြောင့်ပင် ရိုက်ချက်တစ်ခုနှင့် တစ်ခုအကြား ကွာခြားချက်သည် တိုတောင်းလာခဲ့သည်။

သူမည်မျှ ထုနှက်ခဲ့ကြောင်းကိုပင် ရှောက်ရွှမ်မမှတ်မိတော့ပေ။ သူသည်‌ပင်ပန်းလွန်းသဖြင့် မေ့မျောလုဆဲဆဲပင် ဖြစ်နေခဲ့သည်။ သို့သော်လည်း ခဲ့သည် သူ့ကို အနားယူခွင့်မပေးသေးပေ။ ထို့အစားသူသည် ယခင်ရိုက်ချက်များမှ အမှားများကို ညွှန်ပြနေခဲ့သည်။ ထိုအရာသည် မာရသွန်ပေးပွဲပြေးနေရသည်နှင့်တူပေသည်။ ပြိုင်ပွဲဝင်သည် ပင်ပန်းလွန်သဖြင့် နားချင်နေသော်လည်း သူ့နောက်မှလူက သူ့ကို အတင်းဆက်ပြေးခိုင်းနေသကဲ့သို့ ဖြစ်သည်။

ခဲ့၏ စိတ်နေစိတ်ထားကို သိထားပြီး ဖြစ်သဖြင့် အကယ်၍သူသာ ဤနေရာတွင် ရပ်တန့်လိုက်မည်ဆိုလျှင် နောက်ပိုင်းတွင် ခဲ့ ထံမှ ကျောက်ဆစ်ပညာ သင်ယူခွင့်ရတော့မည် မဟုတ်ကြောင်း ရှောက်ရွှမ် သိနေခဲ့သည်။ ထို့ကြောင့် သူမည်မျှ ပင်ပန်းသည်ဖြစ်စေ သူ့အနေဖြင့် ဆက်လက်ထုနှက်ယုံမှ တစ်ပါး အခြားမရှိနေပေ။

သူ့နောက်ဆုံးခွန်အားများ ကုန်ဆုံးသွားပြီဟု ခံစားမိလိုက်သည့်အချိန်တွင် သူသည် ရုတ်တရက်သက်တောင့်သက်သာ ဖြစ်သွားပြီး ကျောက်တုံးများကို ဆက်လက်ထုဆစ်နိုင်သွားသည်။ ကြည့်ရတာ အကန့်အသတ်ကို ကျော်လွန်နိုင်လိုက်တာပဲထင်တယ်.......။

ရှောက်ရွှမ်မသိလိုက်သည်မှာ ထိုကဲ့သို့ သူပြန်လည် လန်းဆန်းသွားပြီး ခွန်အားပြန်ပြည့်သွားသည့်အချိန်တွင် သူ့မျက်နှာပေါ်တွင် နတ်အမှတ်အသားများ ပေါ်လာခြင်း ဖြစ်သည်။

သူသည် မသိလိုက်ပဲနှင့် သူ၏ နတ်စွမ်းအားများကို အသုံးပြုမိနေခဲ့သည်။ သူသည် ကျောက်တုံးထုဆစ်ရာတွင်သာ အာရုံစိုက်နေခဲ့သဖြင့် မည်သို့ဖြစ်နေကြောင်းကို မသိနေခဲ့ပေ။

ခဲ့ သည်ဘေးတွင်ထိုင်နေခဲ့ပြီး အံ့သြသည့်အမူအယာကို ပြနေခဲ့သည်။ သူ ကျောက်တုံးထုဆစ်သူဖြစ်လာခဲ့သည့်နှစ်များစွာ အတွင်း လူများစွာသည် သူ့ထံသို့ လာခဲ့ကြကာ ကျောက်တုံးထုဆစ်သည့်ပညာကို သင်ယူခဲ့ကြသည်။ သို့သော်လည်း သူတို့ထဲမှ အနည်းငယ်သာ ကျောက်တုံးထုဆစ်ရာတွင် နတ်စွမ်းအင်များကို အသုံးပြုနိုင်ကြခြင်းဖြစ်သည်။ အချို့လူများသည် နတ်စွမ်းအင်များကို မြင့်မြတ်သည့် အရာတစ်ခုအဖြစ် ရှုမြင်ထားကြသည်။ သူတို့သည် နတ်စွမ်းအင်ကို အမဲလိုက်ခြင်း၊ မျိုးနွယ်စုကို ကာကွယ်ခြင်း စသည့်နေရာများတွင်သာ အသုံးပြုတတ်ကြပေသည်။ ထို့အပြင် နတ်စွမ်းအင်ကို ကျောက်တုံးထုဆစ်ရာတွင် အသုံးပြုနိုင်ရန်မှာ အလွန်ခက်ခဲ့သည့် ကိစ္စတစ်ခုဖြစ်သည်။ တိကျသော ခွန်အားထိန်းချုပ်မှုကို ပြုလုပ်နိုင်စွမ်း ရှိမှသာ ထိုသို့ပြုလုပ်နိုင်မည် ဖြစ်သည်။ အတွေ့အကြုံမြင့်မားသည့် စစ်သည်တော်များသာ ထိုသို့ပြုလုပ်နိုင်ပေသည်။

သို့သော်လည်း ရှောက်ရွှမ် ကဲ့သို့ ကလေးတစ်ယောက်၊ သို့မဟုတ် လန်ကာ့ကဲ့သို့ ငယ်ရွှယ်သော စစ်သည်တော် တစ်ယောက်သည် ခွန်အားများကို ထိုအဆင့်အထိ ထိန်းချုပ်နိုင်စွမ်းရှိနေခဲ့သည်။ အကယ်၍ အခြားသူများသာ ကျောက်တုံးထုဆစ်ခြင်းတွင် နတ်စွမ်းအင်များကို အသုံးပြုခဲ့ပါက ကျောက်တုံးများကို ထုဆစ်နိုင်မည်မဟုတ်ပဲ ခွန်အား ပိုသုံးမိကာ ကျောက်တုံးများသာ ပျက်စီးသွားမည်ဖြစ်သည်။ အချို့သော စိတ်မရှည်ကြသည့် လူများသည် ကျောက်တုံးများကို ဆက်လက်ထုဆစ်ကြတော့မည် မဟုတ်ပေ။

ဒီအလုပ်ကခက်ခဲလွန်းတယ်၊ ကျောက်တုံးထုနေမယ့်အစား အမဲလိုက်ပြ ထွက်တော့မယ်.......။

သို့သော်‌ ရှောက်ရွှမ်သည် နတ်စွမ်းအားများကို အသုံးပြုနေခဲ့ပြီး ကျောက်တုံးများကိုလည်း ဖျက်ဆီးမိခြင်း မရှိနေသည့်အတွက် ခဲ့ အံ့သြနေခဲ့ရခြင်း ဖြစ်သည်။ သူဖျက်ထုတ်လိုက်သည့် ကျောက်တုံးအစအနများသည် ပုံစံမှန်ကန်နေခဲ့ပြီး အခြားပစ္စည်များ အဖြစ်သို့ ပြောင်းလဲနိုင်ပေသည်။ ထိုအရာများသည် အလကားစွန့်ပစ်လိုက်ရသည့် အမှိုက်များ မဖြစ်နေခဲ့ပေ။

ထိုကဲ့သို့ဖြစ်နေခြင်း သည် ရှားပါးလှပေ၏။

သို့သော်လည်း ရှောက်ရွှမ်သည် ထိုအချက်ကို သတိပြုမိနေခြင်း မရှိနေပေ။ ထို့အစားသူသည် စိတ်နှစ်ဝင်နေခဲ့ပြီး ကျောက်တုံးကိုသာ ဆက်လက်ထုဆစ်နေခဲ့သည်။ ခဲ့၏ အံ့သြနေသည့် အမူအယာများကိုလည်း သူမမြင်နိုင်တော့ပေ။

သာမန်အားဖြင့်ဆိုလျှင် ခဲ့သည် သူ၏မျက်နှာအမူအယာကို ဖော်ပြလေ့မရှိသူတစ်ယောက် ဖြစ်သည်။ သူ၏ သူငယ်ချင်းများနှင့် စကားပြောနေလျှင်သော်မှ အံ့သြသည့်အမူအယာများ ကို ပြသလေ့မရှိသူတစ်ယောက် ဖြစ်သည်။ သူ့အနေဖြင့် အံ့သြနေခြင်းသည် အလွန်ရှားပါးပေသည်။

ကျောက်တုံးပေါ်မှ မျဉ်းကြောင်းများ အားလုံးကို ထုနှက်လိုက်ပြီးသည့်နောက်တွင် ရှောက်ရွှမ် ရပ်တန့်လိုက်သည်။

သူ့ဘေးတွင် ကျောက်စကျောက်နများ စုပုံနေသည်ကို ရှောက်ရွှမ် သတိပြုလိုက်မိသည်။

သူ ခဲ့ကို လှမ်းကြည့်လိုက်သည်။ ခဲ့သည် ထိုအချိန်တွင် မည်သည့်အမူအယာမှ ရှိမနေတော့ပေ။

ရှောက်ရွှမ် အသက်ကိုပြင်းစွာ ရှုလိုက်ပြီး‌ကျောက်တုံးတူကို ဘေးသို့ချထားလိုက်သည်။ သူသည် ခဲ့၏ ဝေဖန်ချက်ကို စောင့်နေခဲ့ပြီး ကျောက်တုံး ထုဆစ်သည့်ပညာသည် ခက်ခဲကြောင်းကို တွေးနေခဲ့သည်။

ဒဏ်ရာရ စစ်သည်တော်မျာထဲမှ အနည်းငယ်သောသူများသာ ကျောက်တုံးထုဆစ်သူ ဖြစ်လာကြသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ အချို့သော ကျောက်တုံးထုဆစ်သူများသည် သူတို့အသုံးပြုရန်အတွက်ကိုသာ ထုဆစ်ကြခြင်းဖြစ်သည်။ မဟုတ်လျှင် သူတို့သည် ကျောက်တုံးထုဆစ်ခြင်းထက် အခြားအလုပ်များကိုသာ ရွှေးချယ်တတ်ကြပေသည်။ ကော သည် လိုဏ်ဂူသို့ စားသောက်စရာများပို့ဆောင်သည့် နေရာတွင် တာဝန်ရှိသူတစ်ယောက် ဖြစ်သည်။ လူအများစုသည် ကျောက်တုံးထုဆစ်ခြင်းကို အသက်မွေးဝမ်းကြောင်းပညာတစ်ခု အနေဖြင့် မရွေးချယ်ကြပေ။ သူတို့၏ ကျောက်တုံး ထုဆစ်သည့်ပညာသည်လည်း ခဲ့ ကဲ့သို့ ကောင်းမွန်နေကြခြင်း မရှိကြပေ။

ခဲ့သည် သူယခင်က ထိုင်နေခဲ့သည့်နေရာတွင်သာ ဆက်လက်ထိုင်နေခဲ့သည်။ သူသည် ရှည်လျားသော တုတ်တစ်ချောင်းကို ယူလိုက်ပြီး ရှောက်ရွှမ် ထုတစ်ထားသည့် ကျောက်တုံး ပုံထဲသို့ ထိုးလိုက်သည်။ ထို့နောက်တွင် သူသည် ချွန်ထက်နေပြီး ထက်ရှသော ကျောက်တုံးတစ်ခုကို ရွေးယူလိုက်သည်။ ရွေးယူလိုက်သည့် ကျောက်တုံးကို သေတ္တာတစ်ခု ထဲသို့ထည့်လိုက်ပြီး ရှောက်ရွမ်ကို တချက်ကြည့်လိုက်သည်။ ထိုကျောက်တုံးများသည် သူတို့၏ ပုံသဏ္ဍာန်များပေါ်တွင် မူတည်ပြီး လှံထိပ်ဖျားများ ၊ မြှားခေါင်းများ အဖြစ် အသုံးပြုနိုင်ပေသည်။

မူလကျောက်တုံးကြီးထံမှ ဖဲ့ယူလိုက်သည့် ကျောက်စကျောက်နများ စွာရှိနေသော်လည်း ခဲ့သည် အလျင်အမြန်ပင် သူတို့ထဲမှ အသုံးဝင်နိုင်မည့်ကျောက်တုံးများကို ရွေးယူလိုက်လေသည်။ ကျောက်တုံးများ သတ္တာထဲသို့ ရောက်သွားကြသည်ကိုကြည့်လိုက်ပြီး ရှောက်ရွှမ် ခေါင်းမူးလာသကဲ့သို့ပင် ခံစားလိုက်ရသည်။

ရှောက်ရွှမ် အသက်ဝဝရှု၍ မပြီးခင်မှာပင် ခဲ့ ကျောက်တုံးများကို ရွေးနေခြင်း ပြီးစီးသွားသည်။

တုတ်ချောင်းကို ပြန်ချထားလိုက်ပြီး ခဲ့ အမူအယာ ကင်းမဲ့စွာဖြင့် ပြောလိုက်သည် “ အသုံးမဝင်တဲ့ ဟာတွေပဲ “

ရှောက်ရွှမ်၏ မျက်လုံးများ တုန်ယင်သွားသည် ၊ သို့သော်လည်း “ အသုံးမဝင်သည့်ပစ္စည်း “ ဟူသည် သူ့ကိုပြောနေခြင်း မဟုတ်မှန်းသိလိုက်ရပြီး အခြားအသုံးမဝင်တော့သည့် ကျောက်စ ကျောက်နများကို ပြောနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုကျောက်စ ကျောက်နများသည် အမှန်တကယ်ပင် အသုံးမဝင်တော့ချေ။

သိသာစွာပင် ခဲ့သည် ရှောက်ရွှမ် ဖန်တီးလိုက်သည့် ကျောက်တုံးများကို စိတ်ကျေနပ်နေခြင်း မရှိကြောင်း သိလိုက်ရသည်။

“ အစကငါ က ဒါက ကျောက်တုံးဘောလုံး တစ်ခုလုပ်မလို့လေ။ ဒါပေမယ့် အခုတော့ ကြည့်လိုက်ပါဦး ..... ဒါကို တံစဉ်တစ်ခုပဲ လုပ်လို့ ရ‌တော့မယ် “ ထုဆစ်ခံလိုက်ရသည့် မူလကျောက်တုံးကြီးကို ကြည့်လိုက်ပြီး ခဲ့ပြောလိုက်သည်။ ဤတစ်ကြိမ်သည် သူစကားရှည်ရှည်ပြောသည့် ရှားပါးသည့် အကြိမ်ဖြစ်သည်။

ရှောက်ရွှမ် စိတ်သက်သာရာရသွားသည်။ အစပိုင်းက သူသည် ခဲ့သူ့ကို တပည့်အဖြစ် လက်မခံမည်ကို စိတ်ပူနေခဲ့သည်။ ယခုတွင် ခဲ့ ထိုသို့ပြောလာပြီ ဖြစ်သဖြင့် သူ့ကို တပည့်အဖြစ် လက်ခံ‌တော့မည့် ပုံရပေသည်။

“ အဲ့ဒါတွေကို ဒီနေရာကို ယူလာခဲ့ “ ရှောက်ရွှမ် ထုဆစ်ထားခဲ့သည့် ကျောက်တုံးကြီးကို ညွှန်ပြလိုက်ပြီး ခဲ့ ပြောလိုက်သည်။

ရှေက်ရွှမ် အလျင်အမြန်ပင် ထိုကျောက်တုံးကိုယူလိုက်ပြီး ခဲ့ရှေ့တွင် ရှိနေသည့် ကျောက်တုံးထဆစ်သည့် ခုံပေါ်သို့ တင်ပေးလိုက်သည်။

“ သေချာကြည့်ထား “

ခဲ့ ရှောက်ရွှမ် ယခင်ကအသုံးပြုခဲ့သည့် ကျောက်တုံးတူကို ယူလိုက်ပြီး ကျောက်တုံးကို ကြည့်လိုက်သည်။ ထိုကျောက်တုံးသည် အတော်လေး ကြီးမားသည့် ကျောက်တုံးတစ်ခု ဖြစ်လေသည်။ သူသည် ကျောက်တုံးကို သေချာ ပွေ့ထားလိုက်ပြီး အနီးကပ်လေ့လာ လိုက်၏။

ရှောက်ရွှမ်သည် လေတိုးသံတစ်ခုကို ကြားလိုက်ရပြီး ကျောက်တုံးတူ လှုပ်ရှားသွားသည်ကို မြင်တွေ့လိုက်ရသည်။

“ တင်း “

တူသည် ကျောက်တုံးပေါ်သို့ကျသွားသည်နှင့် သာယာသော အသံတစ်ခု ထွက်လာခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ကျောက်တုံး အလွှာအချို့သည် မူရင်းကျောက်တုံးဆီမှ ကွာကျလာခဲ့၏။

ထိုကွာကျ လာသည့် ကျောက်တုံးအလွှာသည် မြေပြင်ပေါ်သို့ ကျမသွားပဲ နံရံပေါ်ရှိ သေတ္တာတစ်ခုအတွင်းသို့ ကျသွားခဲ့သည်။

ခဲ့ ၏ ထုနှက်ချက်သည် အလွန်ပင် တိကျပြီး ရှောက်ရွှမ် ထုနှက်ခဲ့စဉ်ကနှင့် မတူနေခဲ့ပေ။ ကြည့်ရသည်မှာလည်း သက်တောင့်သက်သာ ဖြစ်စေပြီး လုပ်ရိုးလုပ်စဉ်ဟုသာ ထင်ရသည်။

ထိုအရာသည် “ အစစ်အမှန် ကျောက်တုံး အလွှာများကို ခွာချခြင်းဖြစ်သည် “ ။ ရှောက်ရွှမ်တုန်းကမူ သူသည် ထုနှက်ချက်များကိုသာ ပြုလုပ်နေခဲ့ပြီး ကွာကျလာသည့် အလွှာများသည်လည်း စွန့်ပစ်ပစ္စည်းများသာ ဖြစ်သွားခဲ့ရသည်။

ပထမရိုက်ချက်အပြီး၊ ရှောက်ရွှမ် အချိန်ကြာကြာတွေးခွင့် မရလိုက်မီမှာပင် ဒုတိယ၊ တတိယ အချက်များကိုလည်း ဆက်တိုက် ထုချလိုက်သည်။

တူ၏ အရိပ်များသည် အဆက်မပြတ်ပေါ်လာခဲ့ပြီး သာယာ‌သော အသံများကိုလည်း ကြားနေရသည်။ ထုနှက်ချက်များ မြန်လာသည်နှင့် အမျှ ရှောက်ရွှမ်သည် အသံများကို ခံစားတတ်လာပြီး မတူညီသည့် ရိုက်ချက်များကြောင့် မတူညီသည့် အသံများဖြစ်လာသည်ကိုလည်း ခွဲခြားတတ်လာခဲ့သည်။

တစ်ချိန်ထဲတွင်ပင် ခွာချလိုက်သည့် ကျောက်တုံးလွှာများသည် သစ်သားသေတ္တာအတွင်းသို့ ဝင်သွားခဲ့ကြလေသည်။ မြန်လွန်းသဖြင့် ထိုအချင်းအရာကို ကြည့်ရသည်မှာ သက်တန့်တစ်စင်းကို ကြည့်နေရသည်နှင့် တူနေခဲ့လေ၏။

ရှောက်ရွှမ်သည် လုံးဝကိုဆွံ့အနေခဲ့မိပြီဖြစ်သည် ခဲ့သည် အရည်အချင်းရှိသော ကျောက်တုံးထုဆစ်သူတစ်ယောက် ဖြစ်ကြောင်းကို သူသိခဲ့ပြီးဖြစ်သည်။ သို့သော်လည်း သူသည် ခဲ့ကို တကယ့်အစစ်အမှန်ထက် ပိုလျော့နည်းစွာ ခန့်မှန်းထားမိခဲ့ကြောင်း ယခုမှသာ သိလိုက်ရသည်။ သူ့ထံတွင် ထိုမျှအံ့သြလောက်စရာ ကျောက်တုံး ထုဆစ်သည့်ပညာ ရှိနေလိမ့်မည်ဟု မည်သူထင်ထားမိမည်နည်း ........။

ထိုအရာသည် ကျောက်တုံးအလွှာများကို ခွာချနေခြင်း မဟုတ်တော့ပေ၊ ထိုအရာသည် ခေါက်ဆွဲမျှင်များကို ပြုလုပ်နေခြင်းပင် ဖြစ်ပေမည်.........။

ယခင်က ရှောက်ရှမ် ခဲ့ကို ထိုင်ကြည့်စဉ်က သူ၏ အစစ်အမှန် အရည်အချင်းများကို မမြင်တွေ့ခဲ့ရပေ။ သူမြင်ခဲ့သည့် အရာများသည် အပေါ်ယံမျှသာ ဖြစ်ကြသည်။ ခဲ့ အမှန်တကယ် လုပ်နိုင်စွမ်းသည် ထို့ထက် အဆများစွာ ပိုနေပေသည်။

အရမ်းကြည့်လို့ကောင်းတယ်၊ အရမ်း သပ်ရပ်တယ် .....။

ရှောက်ရွှမ် အသိပြန်ဝင်လာသည့် အချိန်တွင် ခဲ့သည် ကျောက်တုံးအလွှာများကို ခွာချလိုက်ပြီ ဖြစ်ပြီး သူ့လက်ထဲတွင် ကျန်ရှိနေသည်မှာ ကျောက်တုံး တံစဉ် တစ်ခုအသွင်ရှိသည့် ကျောက်တုံးတစ်ခုသာ ဖြစ်သည်

အချောသတ်ပြီး၊ အ‌ရောင်တင်ပြီးလျှင် ထိုတံစဉ်ကို သစ်သားလက်ကိုင်ရိုးတပ်ရန်သာ ကျန်ပေမည်။

ထိုအရာသည် ပြည့်စုံလွန်းပေ၏။

“ ယူလိုက် “ ခဲ့ ပြီးသွားသည့် ကျောက်တုံးတံစဉ်ကို ရှောက်ရွှမ်အား ကမ်းပေးလိုက်သည်။

“ ကျွန်တော့်အတွက်လား “ ရှောက်ရွှမ် တံစဉ်ကို လှမ်းယူလိုက်သည်။ သူ ခဲ့ကို မော့ကြည့်လိုက်သည့်အချိန်တွင် ခဲ့သည် အခြားအလုပ်တစ်ခုကို လုပ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့နှင့်သူလည်း ကျောက်တုံး တံစဉ်ကို အကြိမ်အနည်းငယ် လွဲယမ်း ကြည့်လိုက်သည်။

မည်သို့ပင် ဖြစ်စေ ဤအရာသည် သူ့အနေဖြင့် တစ်ဝက်တစ်ပျက် ပါဝင်လုပ်ကိုင်ခဲ့သည့် ကိရိယာတစ်ခု ဖြစ်သည်။ ထို့အပြင် သူသည် ခဲ့၏ အလုပ်ကိုလည်း ကြည့်ခွင့်ရခဲ့သည်။ ထို့ကြောင့် ဤပစ္စည်းသည် သူ့အတွက် ထူးခြားသည့် တစ်စုံတစ်ရာ ဖြစ်ပေသည်။

တံစဉ်ကို ပြုလုပ်ခဲ့သည့် ကျောက်တုံးကြီးသည် ကောင်းမွန်ပြီး ချောမွတ်နေခဲ့သည်။ ထူထဲပြီး မာကျောမှုလည်း ရှိသည်။ ကြည့်လိုက်လျှင် မသိသာနေသော်လည်း လက်ထဲတွင် ကိုင်ထားလျှင်မူ အတော်လေး အလေးချိန်စီးသော ပစ္စည်းတစ်ခုဖြစ်သည်။ ကျောက်တုံးသည် သာမန်ထက်အရည်အသွေးကောင်းသော ကျောက်တုံးတစ်ခု ဖြစ်သည်။ ရှောက်ရွှမ်သည် ခဲ့ အနေဖြင့် တံစဉ်ကို သူ့ကိုပေးလိမ့်မည်ဟူ၍ မမျှော်လင့်ထားမိခဲ့ပေ။

“ ကျောက်တုံးအလွှာတွေကို ခွာချရတာက ခက်ခဲတယ်။ မင်းကတကယ်လို့ ကောင်းမွန်တဲ့ ရလာဒ်ကို လိုချင်တယ်ဆိုရင် သာမန်ရိုက်ချက်တစ်ခုလေးကိုတောင် ဆရာကျအောင် ရိုက်တတ်ဖို့ အချိန်အတော်လေး ယူရလိမ့်မယ်။ ဒီအတွက် အမြန်နည်းလမ်းဆိုတာမရှိဘူး။ မင်းက ကျောက်တုံးအလွှာခွာတာကို အရမ်းအာရုံစိုက်ရလိမ့်မယ်။ ပြီးတော့ အမြန်နူန်း ၊ အလေးချိန်၊ ထည့်ရမယ့် ခွန်အား နဲ့ နောက်ဆက်တွဲ အကျိုးရလာဒ်တွေကိုလည်း ထည့်တွေးထားရလိမ့်မယ်။ ပြီးတော့မှ ဒီအရည်အချင်းတွေအပြင် ကျောက်တုံး အရည်အသွေးကိုလည်း အာရုံစိုက်ရမယ်။ အကောင်းမွန်ဆုံးသော ခွန်အားအယူအဆတွေ၊ ထောင့်ချိုးတွေက ကျောက်တုံးတစ်ခုနဲ့ တစ်ခု တူမှာမဟုတ်ဘူး။ မင်းကိုယ်တိုင်လုပ်ကြည့်မှ သိလာမှာ။ မင်းခွန်အား ဘယ်လောက်သုံးရမယ် ၊ ဘယ်ထောင့်ချိုးကနေ ရိုက်ရမယ်၊ ပြီးတော့ ဘယ်လိုရိုက်ရမယ်ဆိုတာကို မင်းကိုယ်တိုင် လုပ်ကြည့်ရင် တတ်လာလိမ့်မယ်။ လေ့ကျင့်မှုများများ လုပ်ပါ “

မှန်ပေသည်။ ကျောက်တုံးများသည် သံများနှင့်မတူပေ။ အကယ်၍ ထုနှက်ပြီးပါက သူတို့ကို ပြန်ပြင်ဆင်၍ မရနိုင်တော့ပေ။ ရိုက်ချက်တစ်ခုသည် ထိုကျောက်တုံး အသုံးဝင်မည်လော၊ ပစ်လိုက်ရမည်လော ဟူသည့်အချက်ကို ဆုံးဖြတ်ပေးလေသည်။

ရှောက်ရွှမ် ကျောက်တုံး တံစဉ်ကို ကြည့်လိုက်ပြီး ခဲ့ကို အရိုအသေပေးလိုက်ကာ ပြောလိုက်သည် “ ဟုတ်ကဲ့၊ နားလည်ပါပြီ “

“ ဒါပေမယ့် “ ခဲ့ ၏လေသံပြောင်းလဲသွားသည်။ ထို့နောက် သူသည် ဆီဆာနှင့်အတူ အခန်းထောင့်တွင် ရှိနေသည့် ငါးများကို လက်ညိုးထိုးပြလိုက်ပြီး “ မင်းက အမှားလုပ်မိတာလည်း ဖြစ်နိုင်ချေရှိတယ်၊ မှားတာက လက်ခံပေးလို့ရတယ်၊ ဒါပေမယ့်မင်းက အမှားတွေဆီကနေ သင်ယူရမယ်။ အဲ့ဒီ ငါးတွေလိုမျိုးမလုပ်နဲ့ “

“ နားလည်ပါပြီ “ ရှောက်ရွှမ် ခဲ့၏ ဆိုလိုရင်းကို နားလည်လိုက်သည်။

ခဲ့သည် ရှောက်ရွှမ်အနေဖြင့် ထိုငါးများကဲ့သို့ တုံးအခြင်း မရှိစေရန်ပြောနေခြင်းဖြစ်သည်။ ထိုငါးများသည် အသက်သေနိုင်သည်ကို သိလျှက်နှင့်ပင် ငါးစာများ ကိုကိုက်မိပါက ပြန်မလွှတ်တတ်ကြပေ။ သူတို့သည် တူညီသည့်အမှားများကိုသာ ပြုလုပ်လေ့ရှိပြီး အသက်ဆုံးရှုံးကြရသည်။

“ ငါးတစ်ကောင်ယူသွားလိုက်ပါ “ ခဲ့ ရှောက်ရွှမ်ကို ထွက်သွားရန် ပြောလိုက်သည်။

“ ကောင်းပါပြီ “

ခဲ့သည်‌ ရှောက်ရွှမ်ကို ငါးတစ်ကောင်ကို အိမ်ပြန်ယူသွားခိုင်းလိုက်သဖြင့် ရှောက်ရွှမ် အနေဖြင့် ငြင်းနေစရာအကြောင်း မရှိနေပေ။ သို့နှင့် သူဆီဆာကို ခေါ်လိုက်ပြီး လက်ထဲတွင် တံစဉ်နှင့် ငါးတစ်ကောင်ဖြင့် အိမ်ပြန်ရန် ပြင်လိုက်သည်။

ခဲ့ အိမ်မှ ထွက်လာစဉ်တွင် သူသည် ခဲ့၏စကားများကို အမှတ်ရနေခဲ့သည်။ သို့နှင့် သူ့လက်ထဲမှ တံစဉ်ဖြင့် ထိုငါးကို ပုတ်လိုက်ပြီး ပြောလိုက်သည် “ အရမ်း တုံးတာပဲ “

ငါးသည် တိတ်ဆိတ်နေဆဲဖြစ်ပြီး “ အဲ့ဒီတော့ ဒါက ငါ့အမှားလား “ ဟုပြောနေသယောင်........။

All Chapters