← Chapters

တစ်ဘဝလုံးသင်ပေးမယ်

Vol. 14 Ch. 193

တစ်ဘဝလုံးသင်ပေးမယ်

Vol. 14 Ch. 193

အခန်း (၁၉၃) တစ်ဘဝလုံးသင်ပေးမယ်

ပဉ္စမတောင်ထွတ်၏ မှော်ရုံနယ်မြေ…

ကျန်းလန် ရေတွန်းကန်ပုလဲကို သိမ်းဆည်းလိုက်သည်။ ထိုပုလဲက သူ့အတွက်တော့ အသုံးမဝင်လှပေ။

သူက တန်ခိုးစွမ်းအား နိမ့်ပါးသူဆိုလျှင်တော့ ရေတွန်းကန်ပုလဲကို လိုအပ်မည် ဖြစ်သည်။ သို့သော် လူသားအင်မော်တယ် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုသို့သောပစ္စည်းမျိုးကို မလိုအပ်ပေ။

အမှန်တော့ မြူခိုးဝင်္ကပါထဲတွင် သူလိုအပ်သည့် မှော်ဝင်ပစ္စည်းတစ်ခုမှ ရှိမည် မဟုတ်ပေ။

ဤပုလဲလုံးလေး၏ ထူးခြားချက်မှာ ရှောင်ယွိက သူ့ကိုပေးသည့်လက်ဆောင် ဖြစ်နေခြင်းပင် ဖြစ်သည်။

ရှောင်ယွိက သူ့ကို လက်ဆောင်များစွာ ပေးခဲ့ဖူးသည်။ ထိုလက်ဆောင်များထဲတွင် အဖိုးအတန်ဆုံးကတော့ အကြီးအကဲများနှင့် တောင်သခင်များ၏ သင်ကြားပို့ချမှုများကို မှတ်တမ်းတင်ထားသည့် မှော်ဝင်ပစ္စည်းများပင် ဖြစ်သည်။

ရှောင်ယွိရေချိုးနေသည့် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးသည်လည်း အရေးကြီးလေသည်။

ကျန်းလန် မော့ကြည့်လိုက်တော့ ရှောင်ယွိက ရေထဲတွင် ကလေးတစ်ယောက်ပမာ လမ်းလျှောက်သွားနေဆဲ ဖြစ်သည်။

ကျောက်စိမ်းရေကန်တွင်တော့ ရှောင်ယွိ ယခုလိုမျိုး ဆော့ကစား မနေဘူး မဟုတ်လားဟု ကျန်းလန် တွေးလိုက်မိသည်။

ထိုသို့တွေးမိသည့်အခါ ကျန်းလန် စိတ်ရှုတ်ထွေးသွားလေသည်။

ရှောင်ယွိ ကျောက်စိမ်းရေကန်တွင် ဒီလိုပဲ ဆော့ကစားနေမည်ဆိုလျှင်လည်း သူက ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားမှတစ်ဆင့် တွေ့မြင်ရသည်မှ မဟုတ်ဘဲလေ။

နဂါးတစ်ကောင်က ရေပြင်ကို လက်သည်းဖြင့်ကုတ်နေသည်ကို တွေ့မြင်ခဲ့ခြင်း တစ်ခါမှ မရှိခဲ့ပေ။

ကျန်းလန် လျှောက်မတွေးတော့ဘဲ ရှောင်ယွိကို လှမ်းကြည့်လိုက်သည်။

"ဂိုဏ်းတူအစ်မ… မှော်ရုံနယ်မြေခရီးစဉ်က ဘယ်တော့လောက် အဆုံးသတ်မှာလဲ…"

ကျန်းလန်ကို အဖြေမပေးခင် ရှောင်ယွိက ရေထဲတွင် တစ်ချက်ခုန်ပေါက်လိုက်သည်။

ပြီးမှ…

"(၁၀)ရက်ကနေ လဝက်လောက်အထိ အများဆုံး ကြာနိုင်တယ်…"

လဝက်ဆိုတော့ အတော်လေး အချိန်ကြာသည်ပဲဟု ကျန်းလန် စဉ်းစားလိုက်သည်။ သို့သော် ထိုမျှလောက်သောအချိန်က ကျန်းလန်အတွက် မည်သည့်သက်ရောက်မှုမှ မရှိပေ။

ကျန်းလန် ခေါင်းညိတ်လိုက်ပြီး ရှောင်ယွိကို ကြည့်နေလိုက်သည်။

ရှောင်ယွိက ရိုင်းစိုင်းသည်ဟု အပြစ်တင်ထားသည့်အတွက် သူ့အနေဖြင့် စာအုပ်ဆက်ဖတ်ရန် အစီအစဉ်မရှိတော့ပေ။

ခဏမျှ ရေထဲတွင် ဆော့ကစားပြီးနောက် ရှောင်ယွိ ကျန်းလန်ရှေ့သို့ ရောက်လာသည်။

"ဂိုဏ်းတူမောင်လေး အားတယ်မဟုတ်လား…"

ကျန်းလန်က ခေါင်းညိတ်ရင်း…

"အားပါတယ်…"

သူက ရှောင်ယွိလိုလည်း လိုက်မဆော့နိုင်သလို စာလည်းဖတ်ရခြင်း မရှိလေရာ အားနေသည်ဟု ဆိုနိုင်သည်။

"ဒါဖြင့်… အရင်က ရှင့်ကို ကျွန်မပေးထားတဲ့ နဂါးဘာသာစကားစာအုပ် ရှိသေးလား…"

ရှောင်ယွိက ကျန်းလန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုုင်ရင်း မေးလိုက်သည်။

"ဂိုဏ်းတူမောင်လေး အားနေတယ်ဆိုတော့… ကျွန်မ နဂါးဘာသာစကား သင်ပေးမယ်လေ…"

ကျန်းလန် ဆွံ့အသွားစဉ် ရှောင်ယွိက ဆက်ပြောသည်။

"နဂါးဘာသာစကားက ရေးရတာ မလွယ်ဘူး… ၊ ရှင့်ရဲ့လက်ရေးတော့ အစပိုင်းမှာ လှမှာမဟုတ်ဘူး… ၊ အရမ်းရုပ်ဆိုးလိမ့်မယ်…"

ရှောင်ယွိက တည်ကြည်သည့်မျက်နှာထားဖြင့် ပြောနေပြီး ကျန်းလန်ကတော့ ခေါင်းညိတ်လျှက် ရှိသည်။

ကျန်းလန်လည်း အခုချိန် အတော်လေး အားနေလေသည်။

သူ့အဖွဲ့ဝင် (၃)ယောက် ကို အမြဲတမ်းအာရုံခံလျှက် ရှိသော်လည်း လောလောဆယ်တွင် ထို (၃)ယောက် အဆင်ပြေလျှက်ရှိကြောင်း အာရုံခံမိသည်။

(၃)ရက်ခန့် ကြာပြီးနောက်…

"ရှင်က သင်ယူတာ မြန်တာပဲ… ၊ ဒါပေမဲ့…"

ရှောင်ယွိက ကျန်းလန်ရေးထားသည့် လက်ရေးကိုကြည့်ပြီး မည်သို့ ဆက်ပြောရမည်မသိ ဖြစ်နေသည်။

"လက်ရေးက အဆင်တော့ပြေပါတယ်… ၊ ဒါပေမဲ့ အခြေခံစုတ်ချက်တွေကစပြီး လေ့လာသင့်တယ်… ၊ အခြေခံကနေလေ့ကျင့်ပြီးရင် ရှင့်နာမည်ကို အရင်ရေးကြည့်လေ… ၊ ပြီးရင်တော့ ကျွန်မနာမည်ရေးကြည့်ပေါ့…"

ကျန်းလန် ခေါင်းညိတ်လိုက်ရင်း…

"ကောင်းပြီ…"

နောက်ထပ် (၃)ရက် ကြာပြီးနောက်…

"ဂိုဏ်းတူမောင်လေး… ၊ ကျွန်မ သင်ပေးလိုက်တာ အရမ်းများ မြင့်နေလို့ မလိုက်နိုင်တာလား… ၊ အစကနေ ပြန်သင်ရအောင်… ၊ ကျွန်မ ကလေးဘဝတုန်းကဆိုရင် အရမ်းအခြေခံကျတဲ့အဆင့်ကနေစပြီး လေ့လာခဲ့ရဖူးတယ်… ၊ သာမန်စုတ်ချက်တွေ လေ့ကျင့်တယ် ၊ ပြီးတော့ သာမန်စာလုံးနဲ့ ဂဏန်းအရေအတွက်တွေ ရေးတယ်… ၊ ပြီးမှ ရှုပ်ထွေးတဲစာလုံးတွေ ရေးတာ… ၊ ဂိုဏ်းတူမောင်လေးက ဉာဏ်ကောင်းတာပဲ… ၊ သေချာပေါက် သင်ယူနိုင်မှာပါ…"

ရှောင်ယွိက မြေပြင်ထက်တွင် ကျန်းလန်ရေးသားထားသည့် ပေစုတ်စုတ်လက်ရေးကို တစ်ချက်ကြည့်ပြီး ကျန်းလန်ကို အခြေခံအဆင့်မှ စတင် သင်ပြပေးရမည်ဟု နားလည်လိုက်သည်။

ကျန်းလန် လက်ရေးမလှသည့် ပြဿနာကို သူမက အမြစ်ကစပြီး ဖြေရှင်းရမည် ဖြစ်သည်။

ကျန်းလန်က မည်သည့်စကားမှ မပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။

နောက်ထပ် အချိန်(၃)ရက် ထပ်မံကုန်ဆုံးသွားသည်။

ရှောင်ယွိ၏ သင်ပြပေးမှုအောက်တွင် ကျန်းလန် (၉)ရက်ခန့် အချိန်ယူ လိုက်ရသည်။ (၉)ရက်လုံးလုံး အချိန်တိုင်း စာသင်နေသည်တော့ မဟုတ်ပေ။

တစ်ခါတစ်ရံ ရေကန်နံဘေးတွင် ရှောင်ယွိက လျှောက်ပြေးနေပြီး ကျန်းလန်က နောက်မှလိုက်လေ့ ရှိသည်။

သို့သော် အချိန်အများစုကတော့ သူမက ကျန်းလန်ကို နဂါးဘာသာစကား စာရေးစာဖတ်များ သင်ကြားပေးနေခဲ့လေသည်။

အချိန် (၉)ရက်တိတိကြာမြင့်ပြီးသည့်နောက်…

ရှောင်ယွိက ကျန်းလန်၏အတွင်းစိတ်ကို သိမြင်သည့်အလား မျက်လုံးပြူးကာ ကြည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေး… တမင်သက်သက် လက်ရေးကို စုတ်စုတ်ပြတ်ပြတ်ရေးနေတာလား…"

"………………"

ဤရက်ပိုင်းက သူတို့ (၂)ယောက် အတူတူ အချိန်ဖြုန်းခဲ့ကြသည့် အရှည်ကြာဆုံး အချိန်များ ဖြစ်လေသည်။

ယခင်က သူတို့ (၃)နှစ်တစ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ယခုတော့ (၉)ရက်တိုင်တိုင် အတူတူ ရှိနေခဲ့ကြသည်။ ဤသည်က ယခင်နှစ်ပေါင်းများစွာ အတူတူ အချိန်ဖြုန်းခဲ့ကြသည်နှင့် ညီမျှလေသည်။

ထို့ပြင် သူတို့ အချိန် (၉)ရက်အတွင်း လုံး၀ မခွဲမခွာ အတူတူ ရှိနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ ဆက်ဆံရေးက အရင်ကထက်ပိုပြီး ချောမွေ့ရင်းနှီးလာခဲ့သည်။

ယခုတော့ သူတို့ (၂)ယောက် ပြောမနာ ဆိုမနာ အတော်လေး ရင်းနှီးနေကြပြီ ဖြစ်သည်။

ရှောင်ယွိ၏စကားကြောင့် ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားမိလေသည်။

ကျန်းလန်က သူရေးထားသည့် စာလုံးများကိုကြည့်ရင်း ရှောင်ယွိ သူ့ကို သေသေချာချာ သင်မပေးသောကြောင့်သာ သူ့လက်ရေးစုတ်ပြတ်ရသည်ဟု တွေးလိုက်သည်။

တပည့်ဖြစ်သူက ကောင်းကောင်းမသင်ယူနိုင်ခြင်းသည် ဆရာဖြစ်သူ၏ တာဝန်ပင် မဟုတ်ပါလား။

သူက ရှောင်ယွိပြောသလို တမင်သက်သက် လက်ရေးစုတ်စုတ်ပြတ်ပြတ်ရေးသည်ဟု ပို၍ပင် ဖြစ်ချင်သေးသည်။

ရှောင်ယွိက ကျန်းလန်ရှေ့တွင်ထိုင်ချလိုက်ပြီး ပါးပြင်လေးကို လက်နှစ်ဖက်ပေါ်အပ်ရင်း စဉ်းစားနေ၏။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ… ဘာတွေ စဉ်းစားနေတာလဲ…"

ရှောင်ယွိက ကျန်းလန်ရေးထားသည့် စာလုံးများကို ကြည့်လိုက်ရင်း…

"ကျွန်မ ဘယ်လောက်ကြာအောင် ရှင့်ကို သင်ပေးရမှာလဲ…"

ပြီးမှ သူမက ထပ်ပြောလိုက်သည်။

"ဂိုဏ်းတူမောင်လေးက တစ်ဘဝလုံး သင်ချင်တယ်ဆိုရင်လည်း ကျွန်မ တစ်ဘဝလုံးသင်ပေးလို့ ရတယ်နော်…"

ကျန်းလန်က အေးဆေးစွာဖြင့်…

"တစ်ဘလုံးကတော့ ကြာလွန်းပါတယ်ဗျာ…"

သူက အစစ်အမှန် အင်တော်တယ် ဖြစ်လာတော့မည် ဖြစ်သည်။ အစစ်အမှန်အင်မော်တယ် ဖြစ်လာလျှင် သင်ယူရပိုပြီး မြန်ဆန်လာမည်ဟု ယူဆလိုက်သည်။

ထို့ပြင် စာရေးသင်ရခြင်းက ခက်ခဲသည့် အလုပ်မဟုတ်ပေ။ နဂါးဘာသာစကားကိုက အရေးပိုင်းတွင် အတော်လေး ခက်ခဲဟန် ရှိသည်။

ရှောင်ယွိက မေးကိုလက်ဖြင့် ထောက်ထားလိုက်ပြန်ရန်း ကျန်းလန်ရှိရာသို့ ခေါင်းမော့ကြည့်လိုက်သည်။

သူမ၏မျက်ဝန်းများတွင် ပြုံးရိပ်သန်းလျှက် ရှိသည်။

"ဒါဖြင့်လည်း ပြီးတာပဲ… ၊ ကျွန်မတို့မှာ အချိန်တွေအများကြီး ကျန်သေးတာပဲလေ… ၊ အလျှင်လိုစရာမရှိပါဘူး… ၊ တစ်ဘဝလုံး သင်ဖို့လိုတယ်ဆိုရင်လည်း ဘယ်တတ်နိုင်မလဲ သင်ကြတာပေါ့…"

ကျန်းလန် အံ့သြမှင်တက်သွားရသည်။ ထိုခဏတွင် ရှောင်ယွိက သူ့အပေါ် အလွန်ကောင်းသည်ဟု ခံစားလိုက်ရသည်။

ကျင့်စဉ်လမ်းကို စတင်လျှောက်လှမ်းစဉ်က သူ့တွင် အခြားအတွေးများ မရှိခဲ့ပေ။ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့သည်။

ခံစားချက် များနှင့် အချစ်ဆိုသည်က သူ့အတွက် ဝန်ထုပ်ဝန်ပိုးများပမာ ဖြစ်ခဲ့သည်။

ခွန်လွန်တောင်၏ စေခိုင်းမှုကြောင့် တာဝန်အရ ရှောင်ယွိနှင့် စေ့စပ်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် သူက စေ့စပ်ပွဲကို အလေးအနက်ထားခဲ့ပါ၏။

ရှောင်ယွိက ရည်ရွယ်ချက်ကောင်းဖြင့် သူ့ကို ပတ်သက်လာသည်ကိုလည်း သူက အကောင်းဆုံးတုံ့ပြန်နိုင်ရန် ကြိုးစားခဲ့သည်။

ကျန်းလန်က သူတို့ (၂)ယောက် လျှောက်လှမ်းရမည့်လမ်းကို အကောင်းဆုံး ဖြစ်စေချင်လေသည်။

ရှောင်ယွိက အလွန်တရာ လှပချောမောသူလေး ဖြစ်သည်။

သို့သော် ရှောင်ယွိ၏အလှက သူ၏ ကျင့်ကြံခြင်းကို ထိခိုက်စေမည်ဟု မယူဆခဲ့ပေ။

ယခု အချိန်အတန်ကြာ အတူတူ ရှိခဲ့ပြီးသည့်နောက် ရှောင်ယွိက သူထင်ထားသည်ထက် သူ့အပေါ် ပိုမိုကောင်းမွန်သူဖြစ်ကြောင်း သိခဲ့ရသည်။

ဒီအတိုင်းသာ ဆက်သွားလျှင် သူ ရှောင်ယွိအပေါ် သဘောထားပြောင်းတော့မည်လား မပြောတတ်ပေ။

"ဂိုဏ်းတူမောင်လေး… ဘာတွေ စဉ်းစားနေတာလဲ…"

ရှောင်ယွိအသံ ထွက်ပေါ်လာသည်။

"ဂိုဏ်းတူအစ်မအကြောင်း စဉ်းစားနေတာလေ… ၊ မင်းက ကိုယ်မျှော်လင့်ထားတာထက်ပိုပြီး အများကြီး ကောင်းလွန်းနေတယ်…"

ကျန်းလန်က သူ့အတွေးများကို ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။

နေရောင်အောက်တွင် ရှောင်ယွိက တောက်ပစွာ ပြုံးလိုက်ရင်း စိတ်ရူးပေါက်စွာ ထခုန်လိုက်ပြန်သည်။

"ဂိုဏ်းတူမောင်လေးလည်း ကျွန်မအပေါ် အရမ်းကောင်းခဲ့တာပါပဲ… ၊ ဒါနဲ့ အရင်ကဆိုရင် ကျွန်မနဲ့ပတ်သက်ပြီး ရှင့်ရဲ့အမြင်လေး သိပါရစေ…"

ထိုကိစ္စနှင့်ပတ်သက်ပြီး ရှောင်ယွိ အတော်လေး သိချင်မိသည်။

ချောမောလှပတယ် ၊ အေးစက်တယ် ၊ အလုပ်များနေတတ်တယ်…

ကျန်းလန် တွေးတောနေမိသော်လည်း မေးခွန်းကို အဖြေပြန်မပေးမိပေ။

ရှောင်ယွိက ခန္ဓာကိုယ်ကိုကိုင်းလိုက်ပြီး ကျန်းလန် မျက်ဝန်းများကို စူးစိုက်ကြည့်လိုက်သည်။

"ဂိုဏ်းတူမောင်လေးရဲ့ မျက်လုံးတွေကို ကြည့်ရတာ… အရင်ကတော့ ကျွန်မကို အကောင်းမြင်ခဲ့ဟန် မတူဘူး…"

ရှောင်ယွိ  ခန္ဓာကိုယ်ကိုင်းပြီး သူ့ကိုကြည့်ခြင်းကြောင့် ကျန်းလန် မည်သည့် ခံစားချက်မှ ထူးခြားပြီး မခံစားရပေ။ ရှောင်ယွိက ဆယ်ကျော်သက်လေးတစ်ယောက်သာ ဖြစ်သည်။

သို့သော် လုန်ယွိ ပုံစံနှင့်ဆိုလျှင်တော့…

သူ တစ်ခုခု အမှားမှားအယွင်းယွင်း ခံစားမိမည် ဖြစ်သည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မကို ရုပ်တည်ကြီးနဲ့လို့ ထင်တာလေ…"

တကယ်လည်း ထိုသို့ ထင်ခဲ့သည်ပဲလေ။

လုန်ယွိက အမြဲတမ်း အေးစက်တိတ်ဆိတ်သည့် ခံစားချက်ကိုသာ ပေးသည်။ သို့သော် သူမက တာဝန်ကျေရန် အကောင်းဆုံး ကြိုးစားသူ ဖြစ်သည်။

ထိုအချက်ကို တတိယတောင်ထွတ် ၊ မှော်ရုံနယ်မြေတွင် ကျန်းလန် သိခဲ့ရခြင်း ဖြစ်၏။

တတိယတောင်ထွတ် မတော်တဆမှုတွင် ရှောင်ယွိ၏ လည်ပင်းနှင့်မျက်နှာတွင် ဒဏ်ရာရခဲ့သည်ကိုလည်း ကျန်းလန် အမှတ်ရမိသည်။ ထိုဒဏ်ရာက ယခုအချိန်ထိ  ရှိနေဆဲ ဖြစ်သည်။

သို့သော် သာမန်အချိန်ဆိုလျှင် ထိုဒဏ်ရာများကို တွေ့မြင်ရခြင်း မရှိပေ။

"ဟွန့်…"

ရှောင်ယွိက ကျန်းလန်ကို လျှာထုတ်ကာ ပြောင်ပြလိုက်သည်။

သို့သော် ဟွန့်ခနဲလုပ်လိုက်သောကြောင့် ကျန်းလန်၏စကားများနှင့်ပတ်သက်ပြီး အနည်းငယ်တော့ မကျေမနပ်ဖြစ်နေဟန် ရှိသည်။

ရှောင်ယွိပုံစံ သူ၏ ဂိုဏ်းတူအစ်မဖြင့် အပေါင်းအသင့်လုပ်ရသည်မှာ အလွန်ပင် ပျော်စရာကောင်းသည်။ ရှောင်ယွိက လုန်ယွိနှင့် အလွန်ပင် ကွဲပြားခြားနားလေသည်။

ရှောင်ယွိနှင့် လုန်ယွိက တစ်ယောက်တည်းဆိုသည့်အချက်ကို သူကိုယ်တိုင် မျက်လုံးဖြင့် တွေ့မြင်ခဲ့ရခြင်း မဟုတ်လျှင် ယုံကြည်နိုင်မည် မဟုတ်ပေ။

ကျန်းလန်ကို ပြောင်ပြပြီးနောက် ရှောင်ယွိက သူမ၏ မျက်ဝန်းအိမ်လှလှလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။

"ဂိုဏ်းတူမောင်လေး… လက်ရေးလေ့ကျင့်လိုက်ဦးနော်… ၊ ကျွန်မ ရေကန်ထဲမှာ ငါးသွားဖမ်းလိုက်ဦးမယ်…"

ထို့နောက် ရှောင်ယွိ ရေကန်ဆီသို့ ထွက်ခွာသွားပြီး ရေကန်ထဲ ခုန်ဆင်းလိုက်သည်။ ရေကန်ထဲရောက်သည်နှင့် ရှောင်ယွိက အဖြူရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ငါးတစ်ကောင်ဖမ်းဖို့အရေး ရေကန်အောက်ခြေအထိ ရေငုပ်နေဟန် ရှိ၏။

ကျန်းလန်က လူသားအင်မော်တယ်နောက်ဆုံးအဆင့် တန်ခိုးစွမ်းအားများဖြင့် ရေကန်ထဲတွင် အန္တရယ်မရှိကြောင်း စစ်ဆေးပေးထားသည့်အတွက် ရှောင်ယွိ အနေဖြင့် အန္တရယ်ကင်းကင်း စိတ်ချလက်ချ ရေငုပ်နိုင်မည် ဖြစ်သည်။

ထို့နောက် ကျန်းလန်က စာလုံးများကို ဆက်ရေးနေလိုက်သည်။

မှော်ရုံနယ်မြေ ခရီးစဉ်ပြီးဆုံးလျှင် ဘာဖြစ်မည်လဲဆိုသည်ကို သူ တွေးနေခဲ့သည်။

နတ်မိစ္ဆာများက ငရဲတံခါးကို တိုက်ခိုက်ရန် ထူးခြားသည့် နည်းလမ်းများကို အသုံးပြုမည်ဆိုပါက သူ့အနေဖြင့် အစစအရာရာ ပြင်ဆင်ထားရန် လိုအပ်သည်။

သူသာ အစစ်အမှန်အင်မော်တယ် ဖြစ်လာမည်ဆိုလျှင် နတ်မိစ္ဆာများကို ပိုပြီးလွယ်လွယ်ကူကူ ရင်ဆိုင်နိုင်မည် ဖြစ်၏။ လူသားအင်မော်တယ်ဖြစ်ခြင်းက မလုံလောက်သေးဟု သူ ခံစားနေရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်ခန့်က သူ နတ်မိစ္ဆာများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။

ထိုအချိန်က သူရရှိခဲ့သည့် သတင်းများအဆိုလျှင် နတ်မိစ္ဆာများက ခွန်လွန်တောင်သို့ လူသားအင်မော်တယ်များပင် စေလွှတ်ခဲ့ကြသည်။

ယခုဆိုလျှင် ပိုမိုအဆင့်မြင့်မားသူများ စေလွှတ်ကြမည် ဖြစ်လေရာ အနည်းဆုံး အစစ်အမှန်အင်မော်တယ်များ ပါဝင်လာကြပေလိမ့်မည်။

ထို့ကြောင့် တန်ခိုးစွမ်းအား မြင့်မားနေခြင်း မရှိဘဲ ထိုကိစ္စကို သူ ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။

မှော်ရုံနယ်မြေမှ ပြန်လျှင်တော့ တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

နောက်ထပ်အနည်းငယ်အတွင်းတော့ မည်သည့်ထူးခြားမှုမှ ဖြစ်မလာစေရန် သူ မျှော်လင့်မိလေသည်။

All Chapters