← Chapters

လက်ချောင်းတစ်ချောင်းရဲ့ အရှည်

Vol. 3 Ch. 33

လက်ချောင်းတစ်ချောင်းရဲ့ အရှည်

Vol. 3 Ch. 33

အမဲလိုက်အဖွဲ့ထွက်ခွာသွားပြီးသည့် အချိန်တွင် ကျန်နေခဲ့သည့်လူများသည်လည်း သာမန်ဘဝများကို ဖြတ်သန်းရန်အတွက် အသီးသီးထွက်ခွာသွားလိုက်ကြသည်။

ယခင်နှစ်ကနှင့်နှိုင်းယှဉ်လျှင် အတော်‌လေးတော့ ကွဲပြားနေခဲ့လေပြီ။ မြစ်ကိုလူအများ ကြောက်ရွံ့ခဲ့ကြသော်ငြား ယခုအခါတွင်မူ ငါးများကို ဖမ်းယူရန် မကြောက်ကြတော့ချေ။

ကြည့်ရသည်မှာ မြစ်ထဲမှ သတ္တဝါများကို မကြောက်ကြတော့သည့် ပုံရှိပေသည်။ တစ်စုံတစ်ယောက်သည် ဂရုစိုက်ပါက လုံလောက်သော ငါးများကို ဖမ်းယူနိုင်ပေသည်။

လိုဏ်ဂူထဲမှ ကလေးများသည်လည်း ထူ နှင့် ပါ တို့၏ ညွှန်ကြားမှုများ အောက်တွင် ငြိမ်းချမ်းစွာဖြင့် နေထိုင်နေကြပြီ ဖြစ်သည်။ နေ့တိုင်း သူတို့ ငါးဖမ်းထွက်ကြပြီး မျိုးနွယ်စုမှ ပေးသော စားစရာများနှင့်ဆိုလျှင် သူတို့သည် ယခင်ကထက် ပိုပြီးသန်မာလာကြပေပြီ။ အချိန်များ ကုန်လွန်လာသည်နှင့် အမျှ သူတို့သည် ပို၍ပင် စည်းလုံးလာကြသေးသည်။ သူတို့သည် ငါးဖမ်းရာတွင် အဆင်ပြေစေရန်အတွက် စည်းလုံးလုပ်ဆောင်ကြရာမှ ထိုအလေ့အကျင့်ကို ရလာခဲ့ကြခြင်း ဖြစ်သည်။

ကျောက်တုံး တီကောင်များ အတွက်မူ ရှောက်ရွှမ်သည် ဆီဆာကို ခေါ်ပြီး နှစ်ရက်ခြားတစ်ခါ တီကောင်တူးပေးတတ်လေသည်။ ထိုတီကောင်များကို အသုံးမလိုသေးလျှင်လည်း သိမ်းထားရန် ကလေးများကို ရှောက်ရွှမ် ပြောလိုက်၏။

သို့သော်လည်း ကျောက်တုံးများသည် တီကောင်များကို ထိန်းထားနိုင်ခြင်း မရှိပေ။ တစ်စုံတစ်ယောက်သည် တီကောင်ကို ကျောက်တုံး ဇလုံတစ်ခုအတွင်းထည့်ထားပါက နောက်နေ့တွင် ဇလုံကွဲနေပြီး တီကောင်မရှိတော့သည်ကို ခနခနတွေ့နေရသည်။ သို့သော်လည်း ထူသည် ဤအချက်မှနေပြီး အရေးကြီးသည့် ရှာဖွေ တွေ့ရှိမှုတစ်ခုကို တွေ့ရှိခဲ့လေ၏။ သစ်သား ဇလုံများနှင့် ကောက်ရိုး ကြိုးထုံးများသည် တီကောင်များကို ထိန်းသိမ်းထားနိုင်ပေသည်။ တီကောင်များကို အချိန်အတန်ကြာသည်အထိ ထိန်းသိမ်းထား၍ မဖြစ်နိုင်သော်လည်း တစ်ရက်နှစ်ရက်တော့ ထိန်းသိမ်းထားနိုင်ပေသည်။ ထို့ကြောင့် ရှောက်ရွှမ်အနေဖြင့် လိုဏ်ဂူထဲသို့ နေ့တိုင်းသွားနေစရာ မလိုအပ်တော့ပေ။

မကြာမီတွင် ရှောက်ရွှမ် အတွက် အလေ့အကျင့်တစ်ခု ဖြစ်သွားခဲ့သည်။ သူသည် မနက်ခင်းတွင် ကျောက်တုံးအကြမ်းတုံးများကို လိုက်လံရှာဖွေပြီး နေ့လည်များတွင် လောင်ခဲ့ ဆီမှ ကျောက်တုံး ထုဆစ်ခြင်းကို သင်ယူလေသည်။

ဆယ်ရက်ခန့်ကုန်ဆုံးလာသည့်အချိန်တွင် ရှောက်ရွှမ် သူ၏ ခွန်အားများသည် စွမ်းအင်နှိုးထချိန်ကထက် များစွာ ပို၍ သန်မာလာသည်ကို ခံစားလိုက်ရသည်။ သူသည် နတ်စွမ်းအားများကို ထိန်းချုပ်ရာတွင်လည်း ပိုမို ကျွမ်းကျင်လာခဲ့ပြီဖြစ်သည်။ ထို့အပြင် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်နှစ်မျိုးကို လျင်မြန်ချောမောစွာ အကူးအပြောင်းလုပ်လာနိုင်ပြီလည်း ဖြစ်သည်။

ကြည့်ရသည်မှာ ကျောက်တုံးထုဆစ်ခြင်းကို သင်ယူခြင်းသည် နတ်စွမ်းအားများကို ထိန်းချုပ်သည်ကို လေ့ကျင့်ရာတွင် အသုံးဝင်ပုံရပေ၏။

ရှောက်ရွှမ် မနေ့က သူကြည့်ထားသော နေရာတစ်ခုဆီသို့သွားလိုက်သည်။ သစ်ပင်တစ်ပင်ကို လက်သီးဖြင့် ထိုးထည့်လိုက်ရာ သစ်ကိုင်းများ အနည်းငယ် လှုပ်ခါသွားခဲ့၏။

ဆီဆာသည် မူ သူ့နောက်တွင် လျှောက်ပြေးနေလေသည်။

မျိုးနွယ်စုမှ စစ်သည်တော်များ စောင့်ကြည့်နေသည့် နေရာနှင့် သိပ်မဝေးသဖြင့် ရှောက်ရွှမ်အနေဖြင့် စိုးရိမ်စိတ် ရှိမနေခဲ့ပေ။ သူသည် သားရဲများ လာမည်ကိုကြောက်နေခြင်း မရှိသကဲ့သို့ ဘာကိုမှလည်း ဂရုစိုက်မနေခဲ့ပေ။ ထို့အစားသူသည် အသံလုံအောင် လေ့ကျင့်နေလေသည်။ အမဲလိုက်ရာတွင် တိတ်တဆိတ် ချည်းကပ်သွားရန် လိုအပ်သဖြင့် စစ်သည်တော်တစ်ဦးသည် လှုပ်ရှားရာတွင် အသံလုံမှ ဖြစ်မည် ဖြစ်သည်။ အနည်းငယ်သော အသံကြောင့် သူတို့လိုက်နေသော သားရဲ ထွက်ပြေးသွားနိုင်ပေသည်။ မဟုတ်လျှင်လည်း ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်ကောင်၏ ရန်ရှာခြင်းကို ခံရနိုင်ပေသည်။

လန်ကာ့နှင့် မိုင်တို့ တိတ်တဆိတ်လှုပ်ရှားနိုင်သည်ကို ရှောက်ရွှမ် တွေ့ခဲ့ရဖူးသည်။ အထူးသဖြင့် မိုင်သည် အသံတစ်ချက်မထွက်ပဲ လှုပ်ရှားနိုင်စွမ်းရှိသည်။ သူတို့ကိုမှီနိုင်ရန်အတွက် ရှောက်ရွှမ် အတော်လေး ကြိုးစားရဦးမည် ဖြစ်သည်။

လေ့ကျင်းရေးကွင်းပြင်များ တွင် သူ့လို စွမ်းအင်နှိုးထသည့်ကလေး များ လေ့ကျင်နေကြသည်ကို ရှောက်ရွှမ် တွေ့နေရသည်။ စိုင်လည်း တစ်ယောက်အပါ အဝင်ဖြစ်လေသည်။

“ ဟေး အဲ့ဒါ အားရွှမ် မဟုတ်လား “ စိုင်၏ ဖခင်က မေးလိုက်သည်။ သာမန်လူများ အတွက် ရှောက်ရွှမ်သည် လျှင်မြန်လွန်းနေပြီး တွေ့ရန် ခက်ခဲမည် ဖြစ်သည်။ သို့သော်လည်း အတွေ့အကြုံရင့်ကျက်သော စစ်သည်တော် တစ်ယောက် ကမူ ရှောက်ရွှမ်ကို အလွယ်တကူ ရှာတွေ့နိုင်သည်။

စိုင်သည် သူ့လက်ထဲတွင် ကြီးမားသော ကျောက်တုံး ကြီးများကို ကိုင်ထားပြီး ခုန်နေခဲ့သည်။ သူခုန်နေခဲ့သည်မှာ အကြိမ်ပေါင်း ရာချီနေခဲ့ပြီ ဖြစ်သည်။ သူ့အဖေ ကြည့်သည့်ဖက်ကို လိုက်ကြည့်လိုက်သည့် အခါ ရှောက်ရွှမ် ကို မတွေ့ရတော့ပေ။

“ မင်းကဘာကြည့်နေတာတုန်း ၊ ဆက်ပြီးခုန်နေစမ်းပါ “ စိုင်၏ ဖခင်သည် သူ့သား၏ ဖင်ကို တုတ်ချောင်းဖြင့် ရိုက်လိုက်ပြီး ပြောလိုက်သည်။ “ မင်းက မင်းထက် နှစ်နှစ်ငယ်တဲ့ အားရွှမ်လောက်တောင် အသုံးမကျဘူး “

“ အဖေ ဘာလို့ အဲ့ဒီလိုပြောတာလဲ “ စိုင် မကျေနပ်ပေ။

“ ဟေး မင်းက ငါ့ကိုတောင် ပြန်ပြောရဲနေပြီပေါ့၊ ငါက ဒီလို ပြောရင် ဒီလိုဖြစ်နေလို့ပဲ ။ အခုဆက်ခုန်နေ၊ အကြိမ်နှစ်ရာ ပြည့်တဲ့အထိ ခုန်နေ “ သူသည် ပြောလည်း ပြော တုတ်ဖြင့်လည်း သူ့သားကို ရိုက်နေလေသည်။

“ ကျွန်တော်ခုန်နေတာ တစ်ရာ့ခုနှစ်ဆယ့် နှစ်ကြိမ်တောင် ရှိနေပြီလေ “ သူ့အနေဖြင့် နောက်ထပ် နှစ်ဆယ့် ရှစ်ကြိမ်သာ ခုန်ရတော့မည်ကို သူသိနေခဲ့သည်။ သူ့အနေဖြင့် ထိုသို့ခုန်ပြီးလျှင် ကစား၍ ရပေမည်။ သူယခင်နေ့က တွေ့ခဲ့သည့် သစ်သီးများကို သွားခူးမည်ဟု စိုင်တွေးနေခဲ့သည်။

သွားရည်များ ထွက်လာခဲ့ပြီးနောက် စိုင် သူ့ဖခင် ရုတ်တရက်အော်လိုက်သည်ကို ကြားလိုက်ရသည်။ “ မင်းကငါ့ကို မ‌ရေတွက်တတ်တဲ့ လူလို့ထင်နေတာလား။ မင်းခုန်နေတာ က တစ်ရာ့နှစ်ဆယ့် ခုနှစ်ကြိမ်ပဲ ရှိသေးတယ် ။ နောက်ထပ် ခုနှစ်ဆယ့် သုံးကြိမ် ထပ်ခုန်ရဦးမယ် “

စိုင်ဒေါသထွက်လာပြီး သူ့လက်ထဲမှ ကျေက်တုံးကိုပင် လွှတ်ချလုနီးနီး ဖြစ်သွားရသည်။ သို့သော်လည်း သူ့ဖခင်သည် ထိုအတိုင်းသာ ဖြစ်သည်။ သူသည် မည်သည့်အခါမှ မမှားပေ။ မည်သို့ပင်ဖြစ်စေ စိုင်သည် သူပြောသည်ကိုပင် လက်ခံရမည် ဖြစ်သည်။ မဟုတ်လျှင် သူ့ဖခင်၏ ရိုက်နှက်ခြင်းကို ခံရလိမ့်မည် ဖြစ်ပေသည်။

လခွမ်းပါကွာ.......။

စိုင်သူ့ဖခင်ကို အပြစ်မတင်ရဲသဖြင့် ရှောက်ရွှမ်ကိုသာ အပြစ်တင်လိုက်သည်။ နောက်မှ တွေ့ကြတာပေါ့ အားရွှမ် .......။

အခြားတဖက်တွင်မူ ရှောက်ရွှမ်သည် သူ့ကို မည်သူက မုန်းတီးနေသည်ကို သတိမပြုမိခဲ့ပေ။ သူသည် ခါတိုင်းကဲ့သို့ ကျောက်တုံးများကိုသာ လိုက်ရှာနေခဲ့သည်။ လေ့ကျင့်ရေးကွင်းပြင်တွင် ကျောက်တုံးများစွာ ရှိနေသော်လည်း ကျောက်ဆစ် ရန်အတွက်သင့်တော်သော ကျောက်တုံးများမှာ ရှားပါးလေသည်။ သူ၏ အထူး အမြင်အာရုံကို အသုံးပြုလိုက်လျှင်သော်မှ သူ့အနေဖြင့် သင့်တော်မည့်ကျောက်တုံးများကို တွေ့ရန် အချိန်အတော် ယူနေရသည်။ မနက်ခင်းတိုင်းတွင် ရှောက်ရွှမ်သည် လေ့ကျင့်ရင်းကျောက်တုံးများကို လိုက်ရှာလေ့ရှိသည်။ ထိုကျောက်တုံးများကို ခဲ့ထံသို့ ယူသွားပြီး ကျောက်တုံးထုဆစ်လေ့ရှိသည်။

ယခုရက်ပိုင်းများ အတွင်း လောင်ခဲ့ထံမှ များစွာသင်ယူနိုင်ခဲ့ပြီး ကျောက်တုံးများကို အမျိုးအစားခွဲခြားသည့် ပညာသည် တိုးတက်လာခဲ့သည်။ သူသည် ယခင်ကကဲ့သို့ ကျောက်တုံး အမျိုးအစားများကို မခွဲတတ်သည့် လူတစ်ယောက် မဟုတ်နေတော့ပေ။

ရှောက်ရွှမ် ကျောက်ကြမ်းတုံးများကို လိုက်ရှာနေချိန်တွင် ဆီဆာသည် မြေတွင်းတူးခြင်း၊ ပျံသန်းနေတတ်သော ကျောက်တုံး ရှဉ့်များကို လိုက်ဖမ်းခြင်းတို့ကို ပျင်းရိစွာဖြင့် လုပ်နေတတ်သည်။ ထို့ကြောင့် ရှောက်ရွှမ် ကျောက်တုံး ရွေးချယ်ပြီးသွားလျှင် ဆီဆာ‌ဘေး၌ ရှဉ့်အသေကောင် အချို့တို့ကို တွေ့ရလေ့ရှိသည်။

တစ်ခါတစ်ရံတွင် ရှောက်ရွှမ်သည် ဆီဆာ အတွက် စိတ်မကောင်း ဖြစ်ရသည်။ သူသည် ကြမ်းတမ်းသော ဝံပုလွေ တစ်ကောင်သာ ဖြစ်သော်လည်း အိမ်မွေးတိရိစ္ဆာန်တစ်ကောင် အနေဖြင့် ညင်သာစွာ နေနေရလေသည်။

ညနေပိုင်းတွင် ရှောက်ရွှမ် စုဆောင်းထားသည့် ကျောက်တုံးများကို ယူလိုက်ပြီး လောင်ခဲ့၏ အိမ်သို့ သွားလိုက်လေသည်။

လောင်ခဲ့သည် ရှောက်ရွှမ်ကို မည်သည့်ထောင့်ချိုးဖြင့် ထုရိုက်ခြင်းက အကောင်းဆုံးဖြစ်မည်၊ မည်သည့် အမျိုးအစား ကျောက်တုံးများကို မည်သည့် ကိရိယာများ ပြုလုပ်သင့်သည် ဟူသည့် အကြောင်းများကို သင်ကြားပေးလေသည်။ ထို့နောက် သူသည် ဘေးတွင် ထိုင်နေပြီး ရှောက်ရွှမ် လုပ်နေသည်ကို ထိုင်ကြည့်ပေးနေလေ့ ရှိသည်။

ရှောက်ရွှမ် အပေါ်ပိုင်း အဝတ်အစားများကို ချွတ်လိုက်ပြီး ကျောက်တုံး တူကို ယူလိုက်ကာ စတင် ထုဆစ်လိုက်သည်။

ယခင်ရက်များက သူအဝတ်မချွတ်ပဲ ထုဆစ်ခဲ့စဉ်က သူ့သားမွေး အင်္ကျီများသည် ချွေးများဖြင့် ရွဲနစ်နေခဲ့ရသည်။ ထို့ကြောင့် နောက်ပိုင်းတွင် သူကျောက်တုံး ထုဆစ်သည့်အချိန်တိုင်း သူ့အင်္ကျီကို ချွတ်ထားလေ့ရှိသည်။ သို့မှသာ ချွေးနံ့မနံမည် ဖြစ်သည်။

တင်း

တင်း

တင်း

......

ညနေခင်းတိုင်းတွင် ထိုကဲ့သို့သော ကျောက်တုံး ထုဆစ်သည့် အသံများကို လောင်ခဲ့၏ အိမ်မှ ထွက်ပေါ်လာသည်ကို ကြားရလေ့ရှိသည်။

တစ်ချက်၊ နှစ်ချက်၊ .... ငါးဆယ်.... တစ်ရာ.... ငါးရာ....

ရှောက်ရွှမ် ကျောက်တုံးကြမ်းကို အကြိမ်များစွာ ထုနှက်လိုက်သည်။ သူသည် ပင်ပန်းရမည်ကိုပင် မသိနေသကဲ့သို့ ရှိသည်။ ကြီးမားသော ကျောက်ကြမ်းတုံးသည် ကျောက်စကျောက်နများ ကွာကျလာခဲ့ပြီး တဖြေးဖြေး သေးငယ်လာခဲ့သည်။

ကျောက်တုံး တစ်ခုကို ထုဆစ်ပြီးသည့်နောက်တွင် နောက်ကျောက်တုံး တစ်ခုကို ယူလိုက်ပြီး ထုဆစ်ပြန်သည်၊ ထို့နောက် တတိယ တစ်တုံး ...... ရှောက်ရွှမ် အနားယူခြင်းကိုပင် မပြုလုပ်‌တော့ပေ။

တတိယ တစ်တုံး ပြီးသွားသည့်အချိန်တွင် ရှောက်ရွှမ်သည် ရေနှစ်ထားသည့်လူတစ်ယောက် ကဲ့သို့ ချွေးများ ရွဲနှစ်နေခဲ့ပြီး ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။

သူရေတစ်ခွက် ခပ်သောက်လိုက်ပြီး ရှောက်ရွှမ် ဘေးဖက်တွင်ရပ်နေလိုက်ကာ လောင်ခဲ့၏ ဝေဖန်သုံးသပ်ပေးမှုကို စောင့်နေလိုက်သည်။ လောင်ခဲ့သည် ဝေဖန်သုံးသပ်ပေးလိုက်ပြီး၊ မည်သည့်ကျောက်စ ကျောက်နများကို မည်သည့် ကိရိယာ များ လုပ်နိုင်သည်၊ ကျန်နေသော ကျောက်တုံး အကြမ်းကို မည်သို့ ဆက်လက်ထုဆစ်သင့်သည် စသည်တို့ကို ပြောပြလိုက်သည်။

လောင်ခဲ့ပြောပြသည်မှာ ကျောက်တုံးတိုင်းသည်သူတို့၏ ကိုယ်ပိုင် ဇာတ်လမ်းများ ရှိကြသည်ဟု ဆိုလေသည်။ ကျောက်တုံး ထုဆစ်သူသည် ထိုဇာတ်လမ်းများ အားလုံးကို နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ လောင်ခဲ့သည် ရှောက်ရွှမ်ကို သင်ပေးသည့်အချိန်တိုင်းတွင် သူသိထားသမျှသော ဗဟုသုတများ အားလုံးကို မချွင်းမချန်ပြောပြလေ့ ရှိသည်။

ထိုအချိန်များတွင်‌ ရှောက်ရွှမ်သည် သူ၏အာရုံစူးစိုက်မှုအပြည့်ဖြင့် နားထောင်လေ့ရှိသည်။ အချို့သော စကားများသည် အရေးမကြီးဟု ထင်ရသော်လည်း များစွာသော ဖုံးကွယ်နေသည့် အဓိပ္ပာယ်များစွာ ပါဝင်နေပေသည်။

ခေတ္တအနားယူလိုက်ပြီး ခဲ့၏ သင်ခန်းစာများကို နားထောင်လိုက်ပြီးသည့်နောက်တွင် ရှောက်ရွှမ် အလုပ်ဆက်လုပ်လိုက်သည်။ သူသည် အဆက်မပြတ်ထုနေမည့်အစား ဤတကြိမ်တွင် ထုပြီးသား များကိုသာ အချောကိုင်လိုက်လေသည်။

လောင်ခဲ့၏ မြင့်မားသော အဆင့်အတန်းသတ်မှတ်ချက်ကို မှီနိုင်စေရန်အတွက် ရှောက်ရွှမ်သည် လုပ်ငန်းစဉ်တစ်လျှောက်တွင် အာရုံစူးစိုက်မှု အများအပြားထားခဲ့ရလေသည်။ သူ၏ နတ်စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းသည်လည်း ပို၍ အသေးစိတ်ဆန်လာခဲ့သည်။

ထိုအရာသည် လွယ်ကူသည့် အရာတစ်ခုတော့ မဟုတ်နေပေ။ ပြန်လည် သန့်စင်ထုလုပ်သည့်အချိန်တွင် ရှောက်ရွှမ်သည် သူ့အာရုံအလုံးစုံကို ကျောက်တုံးပေါ်တွင်သာ ထားနေရသည်။ သူ့အလုပ်ပြီးသွားသည့်အချိန်တွင် သူသည် ခေါင်းအနည်းငယ် မူးဝေနေခဲ့ပြီ ဖြစ်သည်။ အချို့သော အချိန်များတွင် သူသည် မေ့လဲသွားမည်ကဲ့သို့ ခံစားလိုက်ရပြီး ချွေးများစွာသည် သူ့ခေါင်းထက်မျ ကျဆင်းလာလေ့ရှိသည်။

လောင်ခဲ့၏ အပြောအရ ထိုအရာသည် ပုံမှန်သာ ဖြစ်လေသည်။ သူသည်လည်း ငယ်ရွယ်စဉ် သင်ကြားခဲ့စဉ်က ထိုကဲ့သို့ပင် ကြုံတွေ့ခဲ့ရသည်ဟု ပြောလေ၏။

ပင်ပန်းနေသော်လည်း ရှောက်ရွှမ်၏ ကြိုးစားမှုများ အရာထင်လာပေပြီ။ သူသည် သူ၏နတ်စွမ်းအားများကို ပို၍ တိကျစွာ ဖြင့် ထိန်းချုပ်နိုင်လာခဲ့ပြီ ဖြစ်သည်။

လောင်ခဲ့သည့် ဘေးတွင် ထိုင်နေခဲ့ပြီး စိတ်ကျေနပ်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ ရှောက်ရွှမ်၏ တိုးတက်မှုသည် သူခန့်မှန်းထားသည်ထက်ပင် ပို၍ မြန်ဆန်နေခဲ့၏။ ယခုနှစ်များ တွင် လောင်ခဲ့သည် သူ့ထံမှ ပညာသင်ယူလိုကြသည့် လူများစွာနှင့် ကြုံတွေ့ခဲ့ဖူးသည်။ သူတို့ထဲက တစ်ယောက်ကမှ ရှောက်ရွှမ်ကို မမှီကြပေ။

လူများစွာသည် ရှောက်ရွှမ်လောက် မလုပ်နိုင်ကြပဲ တစ်နှစ် နှစ်နှစ်ခန့် ကြိုးစားပြီး ကျောက်ဆစ်ပညာကို သင်ယူကြသည်။ အချို့သော အရည်အချင်းရှိသည့် လူများ ရှိဖူးသည်။ ဥပမာ လန်ဂသည် ရက်ပေါင်းငါးဆယ်ခန့် ကျောက်ဆစ်ပညာကို သင်ယူခဲ့ဖူးသည်။

သို့သော်လည်း ရှောက်ရွှမ်အနေဖြင့် ရက်ပေါင်းမည်မျှ သင်ယူနိုင်မည်နည်း..... ဆယ်ရက်ခန့်လော ......။

အမှန်တကယ်တွင် လောင်ခဲ့သည့် တောင်ထိပ်ဒေသသို့သွားပြီး လေးများကို ပြုလုပ်သည့် သူ့မိတ်ဆွေ တစ်ယောက်နှင့် စကားပြောချင်နေခဲ့သည်။ သို့သော်လည်း သူ့အနေဖြင့် အနည်းငယ် ထပ်စောင့်ရန်လိုနေသေးသည်။ ...... အနည်းငယ်.....

သူသည် ရှောက်ရွှမ်အကြောင်းကိုသာ ပြောပြလိုက်လျှင် ထိုလူအိုကြီး၏ မျက်နှာ မည်သို့ဖြစ်သွားမည်ကို သိလိုနေခဲ့သည်။ ခဲ့၏ အကြည့်များ တခနမျှ ရပ်တန့်သွားပြီး တစ်စုံတစ်ခုကို တွေ့လိုက်ရသည့်နှယ် မျက်လုံးများ ပြူးကျယ်သွားလေသည်။

ရှောက်ရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် နတ်စွမ်းအင်အမှတ်အသားများ ပေါ်လာကြပြီ ဖြစ်သည်။ ထိုအရာသည် ထူးဆန်းသည်ဟုတော့ ပြော၍မရနိုင်ပေ။ ရှောက်ရွှမ်သည် ယခုအချိန်တွင် နတ်စွမ်းအားများကို အသုံးပြုနေသည် မဟုတ်ပေလော.......။ နတ်စွမ်းအင်များကို အသုံးပြုလျှင် နတ်စွမ်းအင်အမှတ်အသားများ ပေါ်လာသည်မှာ သဘာဝသာ ဖြစ်သည်။

လောင်ခဲ့အံ့သြသွားသည်မှာ မျိုးနွယ်စုနတ်အမှတ်အသားများ ပေါ်လာသောကြောင့် မဟုတ်ပေ။ အမှတ်အသားများသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေသောကြောင့် အံ့သြမိနေခြင်း ဖြစ်သည်။ မျိုးနွယ်စုမှ လူများသည် မီးပုံနားတွင် နတ်အမှတ်အသားများ ပေါ်လာစဉ်တခနတွင်ပင် တစ်ကိုယ်လုံး အမှတ်အသားများ ပေါ်ခြင်းဖြစ်သည်။ ထိုအချိန်အခိုက်အတန့်လေးသာ တစ်ကိုယ်လုံး ပေါ်ခြင်းဖြစ်သည်။ မီးပုံပွဲပြီးသွားလျှင် အမှတ်အသားများသည် ပြန်ရှုံ့သွားတတ်ကြ

သည်။ လက်မောင်းတစ်ခုလုံးကို ဖုံလွှမ်းနေသော အမှတ်အသားသည် လက်မောင်းအပေါ်ပိုင်းတွင် သာ ကျန်နေခဲ့သည်။ ခြေထောက်တစ်ခုလုံးကို ဖုံးလွှမ်းသည့် နတ်အမှတ်အသားသည်လည်း ဒူးအထက်ပိုင်းတွင်သာ ကျန်နေခဲ့သည်။

ထို့ကြောင့်ပင် တစ်စုံတစ်ယောက်သာ နတ်စွမ်းအင်များကို အသုံးပြုလိုက်လျှင် ပေါ်လာတတ်သည့် အမှတ်အသားများသည် တံတောင်ဆစ်နှင့် ဒူးကို ကျော်လွန်ခြင်း မရှိကြပေ။ ထိုအရာကို ကနဦး စစ်သည်တော် တစ်ယောက်အဖြစ် ခေါ်ဝေါ်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်၏ နတ်စွမ်းအင်များသည် တံတောင်ဆစ်နှင့် ဒူးကိုကျော်လွန်ပြီးထင်ရှားလာခဲ့လျှင် ထိုသူကို အလယ်အဆင့် စစ်သည်တော် ဖြစ်လာပြီဟု သတ်မှတ်ကြသည်။ အမှတ်အသားများ ဖုံးလွှမ်းမှုကို ကြည့်ခြင်းအားဖြင့် စစ်သည်တော် တစ်ဦး၏ အဆင့်ကို သတ်မှတ်ထားခြင်းပင် ဖြစ်သည်။

နတ်အမှတ်အသားများ ထိုကဲ့သို့ ပြန့်ကားလာခြင်းသည် ထိုစစ်သည်တော်က များစွာသော အန္တရာယ်အခက်အခဲများနှင့် ကြမ်းတမ်းသော သားရဲများကို ရင်ဆိုင်ဖူးခဲ့ပြီး အဆင့်တက်လာခြင်း ဖြစ်ကြောင်းကို ဖော်ပြနေသည်။ ထို့အပြင် အမှတ်အသားများ ပြန့်ကားလာခြင်းသည် ကန့်သတ်ချက်များ ရှိနေပေသည်။ အသက်ဆယ်နှစ်မျှ အရွယ် ရှိသော စစ်သည်တော်တစ်ဦးသည် ထိုကဲ့သို့ တံတောင်ဆစ်များနှင့် ဒူးဆစ်များကျော်အောင် အမှတ်အသားများ ပြန့်ကား လိမ့်မည် မဟုတ်ပေ။

သို့ဆိုလျှင် ရှောက်ရွှမ်၏ ခန္ဓာကိုယ်ပေါ်မှ နတ်အမှတ်အသားများကို မည်သို့ ရှင်းပြရမည်နည်း.......။

လောင်ခဲ့၏ မျက်လုံးများ တဆတ်ဆန်တုန်သွားခဲ့သည်။ သူ့ကိုယ်ပေါ်က အမှတ်အသားတွေက ငါစွမ်းအင်နှိုးထတုန်းကထက်တောင် ပိုများနေသေးသလိုပဲ.......။

ယခုအချိန်တွင် ရှောက်ရွှမ်လက်မောင်းပေါ်မှ အမှတ်အသားများရှည်ထွက်လာခြင်းသည် လက်ညိုးတစ်ချောင်းစာထက်ပင် ပိုနေခဲ့ပြီ ဖြစ်သည်။

ယခင်က လောင်ခဲ့သည် ရှောက်ရွှမ်ကိုယ်ပေါ်မှ အမှတ်အသားများကို ဂရုစိုက်လှခြင်း မရှိခဲ့ပေ။ယခုတွင်မူ သူသည် အံ့သြနေမိလေသည်။ ရှောက်ရွှမ်က အလယ်အဆင့် စစ်သည်တော် တစ်ယောက် ဖြစ်လာတာလား။ သူ၏ တွေ့ရှိချက်ကို သူမယုံကြည်နိုင်တော့ပေ။ လောင်ခဲ့သည် ကျောက်တုံးထုဆစ်ရာတွင် အနည်းငယ်သော ကွာခြားချက်လေးများကိုပင် ပြောနိုင်သူဖြစ်သဖြင့် သူယခင်က အဘယ်ကြောင့် ရှောက်ရွှမ်၏ အမှတ်အသားများကို သတိမထားမိခဲ့လေသနည်း .......။

လက်ညိုးတစ်ချောင်းစာ အရှည်သည် အထင်မသေးသင့်သော ပြန့်ကားမှုတစ်ခုဖြစ်သည်။ အချို့လူများသည် ထိုမျှလောက်သော တိုးတက်မှုကို နှစ်ပေါင်းများစွာကြာအောင် မရနိုင်ကြပေ။

ဒါပေမယ့် ရှောက်ရွှမ် စွမ်းအင်နှိုးထတာ က ဘယ်လောက်များ ကြာသေးလို့လဲ.........။

ဒီလိုအမြန်နူန်းနဲ့ဆိုရင် အစစ်အမှန် အလယ်အဆင့် စစ်သည်တော် တစ်ယောက်ဖြစ်လာဖို့ အချိန်ဘယ်လောက်ပဲ လိုမလဲ.........။

လောင်ခဲ့ သူ၏ မျက်ခွံများ ပို၍ တုန်ခါလာသည်ကို ခံစားမိလိုက်သည်။

All Chapters