← Chapters

အရမ်းတော့ မဆိုးနေဘူးမလား

Vol. 3 Ch. 35

အရမ်းတော့ မဆိုးနေဘူးမလား

Vol. 3 Ch. 35

ချီးကျူးသံများ ဝေဆာနေသည့်ကြားတွင် အမဲလိုက်အဖွဲ့သည် “ ဂုဏ်ကျက်သရေ လမ်း “ မှ ပြန်လာနေခဲ့ပြီဖြစ်သည်။ နေဝင်ချိန်ဖြစ်သောကြောင့် သူတို့၏ ခန္ဓာကိုယ်များမှ အရိပ်များကို မြင်နေရသည်။

သန်မာသော စစ်သည်တော်များသည် သူတို့ခန္ဓာကိုယ်ထက်ပင် ကြီးမားသော သားကောင်များကို သယ်ဆောင်လာကြလေသည်။ သူတို့ကို ကြည့်ရသည်မှာ ငုံးဥတစ်လုံးကို ထမ်းလာသည့် ပုရွက်ဆိတ်များနှင့် တူနေခဲ့သည်။ သူတို့သည် သားကောင်များကို ထမ်းပိုး၍ဖြစ်စေ၊ ကြိုးဖြင့်ဆွဲ၍ ဖြစ်စေ သယ်ယူလာခဲ့ကြခြင်း ဖြစ်သည်။

သူတို့အနေဖြင့် ကြီးမားစွာရိတ်သိမ်းနိုင်ခဲ့သော အမဲလိုက်ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။ စစ်သည်တော်များ အားလုံးသည် အထုပ်အပိုးများဖြင့် ဖြစ်ကြလေသည်။

ပြောကြသည်မှာ ဤတစ်ခေါက် တာဝန်တွင် မည်သူမှ သေဆုံးခြင်းမရှိကြဟု ဆိုလေသည်။ သို့‌သော်လည်း စစ်သည်တော် နှစ်ယောက်တို့ ဆိုးဝါးစွာ ဒဏ်ရာရလာခဲ့ကြသည်။ သူတို့ကို နတ်ဆရာထံသို့ပို့လိုက်ကြပြီ ဖြစ်ပြီး အခြေအနေ တည်ငြိမ်သွားကြပြီ ဖြစ်သည်။ သူတို့၏ သန်မာသော စစ်သည်တော် ခန္ဓာကိုယ်များကြောင့် သူတို့အနေဖြင့် အနားယူလိုက်လျှင် ခွန်အားများကို ပြန်လည် ရရှိလာနိုင်မည် ဖြစ်သည်။

ရှောက်ရွှမ်မှာမူ ညနေခင်းတစ်ခုလုံး ကျောက်တုံးထုဆစ်နေခဲ့သောကြောင့် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ လူအုပ်ထဲတွင် လန်ကာ့နှင့် မိုင် တို့ကို တွေ့လိုက်ရသဖြင့် သူ့အိမ်သို့သာ ပြန်သွားလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူတို့ကို နူတ်ဆက်ရန်အတွက် လောနေခြင်းမရှိပေ။ သူသည် အလွန်ပင်ပန်းနေခဲ့ပြီး ဖြစ်လေသည်။

အဖွဲ့၏ ရှေ့ဆုံးတွင် သိသာသော အရပ်ပုသေးသေး လူတစ်ယောက်သည် ကြီးမားသော တောဝက်နှစ်ကောင်ကို သယ်လာခဲ့သည်။ ထိုသူမှာ မောင် ဖြစ်ပြီး သူ့ကိုယ်သူ ကျေနပ်နေခဲ့လေသည်။ သူသည် လူအများ၏ ချီးကျူးစကားများကို ခံယူနေခဲ့ပြီး ပြုံးနေခဲ့သောကြောင့် သူ့ပါးစပ်ကိုပင် မပိတ်နိုင်ဖြစ်နေရသည်။ ခံစားလို့ ကောင်းလိုက်တာ..........။ သူ့နောက်ကျောကို ဆန့်တန်းလိုက်ပြီး ခေါင်းကို စောင်ငှဲ့ကြည့်လိုက်ကာ လူအုပ်ကြီးကို ပြန်ကြည့်လိုက်သည်။ ရှောက်ရွှမ် ဆီဆာနှင့်အတူ ပြန်ထွက်သွားသည်ကို သူမြင်တွေ့လိုက်ရလေ၏။

ရှောက်ရွှမ်သည် ပင်ပန်းသောကြောင့် စိတ်အားတက်ကြွမှုမရှိပဲ ဖြစ်နေခဲ့သည်။ သူ့ကို နောက်ကျောဖက်မှ ကြည့်လျှင် ဝမ်းနည်းနေသလောဟု ထင်စရာပင် ဖြစ်သည်။

သူ တောဝက်နှစ်ကောင်ကို သယ်လာသောကြောင့် ရှောက်ရွှမ် မနာလိုဖြစ်ကာ ပြန်သွားသည်ဟု မောင် တွေးလိုက်သည်။ ထို့နောက် သူသည် ရှောက်ရွှမ် အမဲလိုက်အဖွဲ့ကို ဝင်လာပါက သူ့ကို မခံချင်အောင် ပြိုင်ဆိုင်မည်ဟုလည်း တွေးလိုက်သည်။

တစ်ညတာ နားလိုက်ပြီးနောက်တွင် ရှောက်ရွှမ် စွမ်းအားများ ပြန်ပြည့်လာသည်ဟု ခံစားလိုက်ရသည်။ သူ့ကြွက်သားများ နာကျင်နေခြင်းသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ့အနေဖြင့် ယမန်နေ့က မည်သည့်အလုပ်ကိုမှ မလုပ်ထားသကဲ့သို့ပင် သူခံစားလိုက်ရသည်။

မနက်ခင်း တစ်ခုလုံးကို ကျောက်တုံးများ ရှာသည့်နေရာတွင် အချိန်ကုန်ဆုံးလိုက်ပြီးနောက် ရှောက်ရွှမ် နေ့လည်ဖက်တွင် ထုံးစံအတိုင်း လောင်ခဲ့၏အိမ်သို့ သွားလိုက်သည်။

သို့သော်လည်း လောင်ခဲ့က သူ့အား တစ်ရက်အနားယူခိုင်းလေသည်။

ယခုရက်ပိုင်းများတွင် သူပြီးစီးခဲ့သည့် အလုပ်များကို ကြည့်လိုက်ပြီး အချို့ပစ္စည်းများကို ယူလိုက်ကာ အပြင်သို့သွားရန် ရှောက်ရွှမ် ဆုံးဖြတ်လိုက်သည်။ လောင်ခဲ့ ပစ္စည်းလဲလှယ်ခဲ့သည့် ကျောက်တုံးများသည် ရှောက်ရွှမ်၏ လုပ်အားတစ်ဝက် ပါဝင်ပေသည်။ အခြားတစ်ဝက်ကိုမူ ရှောက်ရွှမ် ယူထားလိုက်ရန် လောင်ခဲ့က ပြောလာခဲ့၏။ သို့နှင့် ယခုတွင် ရှောက်ရွှမ် ထံ၌ သူသုံးရန် ကျောက်တုံးပစ္စည်းတော်တော်များများ ရှိနေခဲ့ပြီ ဖြစ်သည်။

ရွေးချယ်ထားသည့် ကျောက်တုံးပစ္စည်းများကို သားရေအိတ်များဖြင့်ထည့်လိုက်ပြီး တောင်ဘေးဒေသ ဆီသို့ သွားလိုက်သည်။

ရှောက်ရွှမ်ရောက်လာခဲ့သည့်အချိန်အထိ လန်ကာ့သည် အိပ်စက်နေဆဲ ဖြစ်၏။ သူ့တာဝန်မဟုတ်သည့်အချိန်များတွင် လန်ကာ့သည် အမဲလိုက်ခရီးစဉ်မှ ပြန်လာတိုင်း သုံးလေးရက် ဆက်တိုက်အိပ်စက်နေလေ့ရှိသည်။

“ ဘာလဲ “ လန်ကာ့ သမ်းဝေလိုက်ပြီး မျက်လုံး မဖွင့်ပဲ မေးလိုက်သည်။

“ အိုး ခင်ဗျားကို တစ်ခုခုပေးစရာ ရှိလို့ပါ။ ပြန်အိပ်လို့ ရတယ် “ ရှောက်ရွှမ် သားရေအိတ်တစ်လုံးကို စားပွဲပေါ်သို့တင်လိုက်ပြီး ပြောလိုက်သည်။ သူသည် အစက အမဲလိုက်ခရီးစဉ်မှ ဇာတ်လမ်းများကို ကြားလိုနေခဲ့သည်။ ကြည့်ရသည်မှာ လက်ရှိအခြေအနေအရ သူ့အနေဖြင့် နောက်နေ့တွင်မှ ပြန်လာရမည် ဖြစ်သည်။

“ ငါ့အတွက်လား “ လန်ကာ့ ရှောက်ရွှမ် ယူလာပေးသည့်ပစ္စည်းကို စိတ်ဝင်စားသွားသည်။

လန်ကာ့ အိတ်ကိုဖွင့်ကြည့်လိုက်ပြီး အတွင်းမှ ပစ္စည်းများကို တွေ့လိုက်ရသည့်အခါ သူ၏ မှိတ်နေခဲ့သော မျက်လုံးများ ချက်ချင်းပြူးကျယ်သွားခဲ့သည်။ သူ့မျက်လုံးများတွင် အလင်းတန်းများ ဖြတ်သန်းသွားခဲ့ပြီး မြားခေါင်းတစ်ခုကို ထုတ်ယူလိုက်ကာ အနီးကပ်လေ့လာ ကြည့်လိုက်သည်။

မြားခေါင်း၏ အစွန်းနှစ်ဖက်တို့သည် လန်ဂ သဘောကျသည့်ပုံစံဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အရွယ်အစားနှင့် ပုံသဏ္ဍာန်တို့သည် အခြားသာမန်မြားခေါင်းများဖြင့် ကွာခြားနေခဲ့သည်။ ရှောက်ရွှမ်သည် လန်ကာ့ ကြိုက်သော ပုံစံကို ပြုလုပ်ပေးထားခြင်း ဖြစ်သည်။

သူ့လက်ထဲရှိ မြားခေါင်းကို ကြည့်လိုက်ပြီး လန်ကာ့ပို၍ အံ့သြမိသွားလေသည်။

မြားခေါင်းသည် ကောင်းမွန်စွာဖြင့် အရောင်တင်ထား၏။ အရေးအကြီးဆုံးသော အရာမှာ အစွန်းနှစ်ဖက်တို့သည် ပြည့်စုံစွာ ရှိနေကြခြင်းပင်ဖြစ်သည်။ အစွန်းနှစ်ဖက်တို့သည် ပြီးပြည့်စုံသော မျှချေတွင် ရှိနေခဲ့သည်။ အထူးသဖြင့် ပျံသန်းသည့်နေရာတွင် ဖြစ်လေသည်။ ထို့ကြောင့်ပင် ထိုမြားတံသည် ပစ်မှတ်ကို ပိုပြီးတိကျစွာ ထိမှန်နိုင်စွမ်း ရှိလိမ့်မည် ဖြစ်သည်။ အမြီးပိုင်းများကို မှားယွင်းသော အချိုးအစားဖြင့် ပြုလုပ်ထားမိလျှင် အမဲလိုက်သည့်နေရာတွင် အခက်တွေ့နိုင်ပေသည်။ မြားခေါင်း၏ သေစေနိုင်လောက်သည့် စွမ်းရည်သည် အရေးပါသည်။ လန်ကာ့သည် သူကိုယ်တိုင် ကျောက်တုံးမြားခေါင်းများကို ပြုလုပ်နိုင်စွမ်း ရှိပေသည်။

လန်ကာ့ အမြဲတမ်းထင်ထားခဲ့သည်မှာ သူကိုယ်တိုင်ပြုလုပ်သည့် မြားများသာ သူနှင့်ကိုက်ညီလိမ့်မည် ဟု၍ ထင်ထားခဲ့သည်။ သူသည် အခြားသူများပြုလုပ်သည့်မြားခေါင်းများကို ကြိုက်နှစ်သက်လှခြင်း မရှိပေ။ သူ့အဖိုးလုပ်ပေးသည့် မြားခေါင်းများကိုသော်မှ သူကြိုက်နှစ်သက်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့်ပင် လန်ကာ့ ထိုမြားခေါင်းများကို လက်ဖြင့် ဆကြည့်လိုက်ပြီး သူ့အတွက် ပြည့်စုံသော မြားခေါင်းများ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် အံ့သြသင့်သွားခဲ့သည်။

ယခု မြားခေါင်းသည် လန်ကာ့ကိုယ်တိုင် ပြုလုပ်ထားသည့် မြားခေါင်းများနှင့်ထပ်တူ ညီနေခဲ့သည်။ အမှန်တွင် ယခုမြားခေါင်းများသည် ပြည့်စုံသည့်အဆင့်ထက်ပင် ပိုနေသေးသည်။

လန်ကာ့ကိုယ်တိုင် မြားခေါင်းများကို ပြုလုပ်သည့်အချိန်တွင် သူသည်အသေးစိတ် အရောင်တင်ခြင်းကို မပျင်းမရိလုပ်လေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ သူ့ရှေ့ရှိ မြားခေါင်းများသည် ပြည့်စုံသည်ထက်ပင် ပိုနေသည်။

“ ဟေး ကျေးဇူးပဲနော် အားရွှမ် ...... ငါအရမ်းသဘောကျတယ်။ စကားမစပ် ငါ့ကို ဒီလို မြားခေါင်းတွေလုပ်ပေးတဲ့အတွက် လောင်ခဲ့ကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး။

လန်ကာ့၏ မျက်လုံးထဲတွင် ထိုမြားတံများကို ပြုလုပ်သူမှာ လောင်ခဲ့ပင် ဖြစ်ရမည် ဖြစ်သည်။ ရှောက်ရွှမ်က သူ့အတွက် လောင်ခဲ့ထံမှ တောင်းဆိုထားသည်ဟု သူထင်နေခဲ့သည်။

လန်ကာ့ သူ့လက်ချောင်းများဖြင့် မြားတံအစွန်းများကို ထိကြည့်လိုက်သည်။ မြားသွားသည် ထက်ရှလှပေသည်။ ပြုလုပ်သည့်သူမှာ ကျွမ်းကျင်အဆင့်ရှိသည့် လူသာ ဖြစ်ရပေမည်။

ရှောက်ရွှမ် သည်ထိုအချိန်တွင် အိမ်ပြန်ရန် ပြင်နေခဲ့ပြီ ဖြစ်သည်။ သူတစ်ဖက်သို့ပြန်လှည့်လိုက်ပြီး လန်ကာ့ကို ပြုံးပြလိုက်ရင်းပြောလိုက်သည် “ ကျွန်တော် ပြန်ပြောပေးလိုက်ပါ့မယ်။ ဒါပေမယ့် ဒီမြားခေါင်းတွေကို ကျွန်တော် လုပ်ထားတာပါ။ သူတို့တကယ် အသုံးဝင်ရဲ့လား ဆိုတာကို ခင်ဗျား စမ်းကြည့်သင့်တယ်”

ရှောက်ရွှမ်ပြန်ပြောလိုက်သဖြင့် လန်ကာ့ မြားခေါင်းကို ကြည့်နေရင်း ဆွံ့အသွားမိသည်။ သူ့မျက်နှာပေါ်ရှိ ကြွက်သားများပင် တုန်ခါသွားပြီး ရှောက်ရွှမ်ကို ကြည့်လိုက်၏။

“ခနလေးနေစမ်းပါဦး”

လန်ကာ့ ရှောက်ရွှမ် ထံသို့ လှမ်းလာလိုက်သည်။ သူသည် မေးခွန်းများကို တစ်ခုပြီးတစ်ခု မေးလိုက်လေတော့၏

“ဒါကို မင်းလုပ်ထားတာလား “

ရှောက်ရွှမ် ခေါင်းညိတ်ပြလိုက်သည်

“ ဟုတ်တယ်၊ မဆိုးဘူးမလား ..... “

ဘာ... မဆိုးဘူးမလား ... ဟုတ်လား ........။

လန်ကာ့သည် ရှောက်ရွှမ်ကို နီရဲနေသော မျက်လုံးများဖြင့် အသက်ပြင်းပြင်းရှူလိုက်ကာ စိုက်ကြည့်နေလိုက်သည်။

တကယ်လို့ ဒါတွေကိုသာ “ မဆိုးဘူး” လို့ပြောရမယ်ဆိုရင် သူကိုယ်တိုင်လုပ်ထားတဲ့ မြားခေါင်းတွေကို ဘယ်လို ပြောရပါ့မလဲ ...... ကျောက်တုံး အမှိုက်သရိုက်တွေလား ......။

လန်ကာ့မည်သည်ကို ဆိုလိုနေကြောင်း‌ ရှောက်ရွှမ် မသိနေခဲ့ပေ။ သူသိသည်မှာ သူလန်ကာ့ထံမှ မြားခေါင်းများ လက်ဆောင်ရခဲ့ လိုက်ခြင်းပင်။ မြားခေါင်းများကို တစ်ခါ အသုံးပြုပြီးလျှင် လန်ကာ့အနေဖြင့် ထပ်မံအသုံးပြုတော့မည် မဟုတ်ပေ။ သို့ရာတွင် ထိုမြားခေါင်းများကို တစ်ကြိမ်တည်း အသုံးပြုခြင်းသည် ဖြုန်းတီးရာ ကျပေသည်။ ထို့ကြောင့် သူသည် ရှောက်ရွှမ် လေ့ကျင့်ရန်အတွက် ပေးခဲ့လိုက်လေသည်။ သူတို့အားလုံးသည် သုံးပြီးသား ကျောက်တုံးပစ္စည်းများကို လေ့ကျင့်ရာတွင် အသုံးချလေ့ရှိကြသည်။ မျိုးနွယ်စုအတွင်း ထိုအရာသည် သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။

လန်ကာ့ပေးခဲ့သည့် မြားခေါင်းများကို အခြေခံပြီး ရှောက်ရွှမ် ယခုမြားခေါင်းများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြားခေါင်းများတွင် အပြစ်အနာအဆာများ မပါနေပေ။ ပါနေသည့် အနာအဆာများသည်လည်း အသုံးပြုခြင်းကြောင့် ဖြစ်လာရခြင်း ဖြစ်သည်ဟု ရှောက်ရွှမ် ထင်မိသည်။ ရှောက်ရွှမ်ပြုလုပ်ထားသည့် မြားခေါင်းများကို “ သိပ်မဆိုးလှ “ ဟု လောင်ခဲ့က မှတ်ချက်ပြုခဲ့သည်။ ထို့ကြောင့် ရှောက်ရွှမ်ကလည်း “ သိပ်မဆိုးဘူး မဟုတ်လား “ ဟုမေးခဲ့ခြင်း ဖြစ်သည်။

လန်ကာ့သည် ရှောက်ရွှမ်ကို ရှုပ်ထွေးနေသည့်အကြည့်များဖြင့် ကြည့်နေခဲ့သည်။ သူ့အဖိုးသည် ကျောက်တုံး ထုဆစ်သူတစ်ဦးဖြစ်ခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။ သူ့အနေဖြင့် ကျောက်တုံး ထုဆစ်ရာတွင် သိပ်မဆိုးလှဟုလည်း သူ့ကိုယ်သူ ယုံကြည်ထားသည်။ သူသည် ကျောက်တုံး ကိရိယာများကို ကိုယ်တိုင်ပြုလုပ်တတ်ပြီး ထိုနယ်ပယ်တွင် ခြေတစ်လှမ်းလှမ်းနိုင်နေပြီလည်း ဖြစ်သည်။ သူ၏ အရည်အချင်းသည် သူ့အဖိုးလောက်တော့မကောင်းနေသော်လည်း ဆယ်နှစ်ခန့်ကြာလျှင် သူ့အဖိုးထက်ပင် သာကောင်းသာလာနိုင်သည် ဟု ယုံကြည်ထားသည်။ သူသည် လူအများစုထက် ပိုပြီး ကျောက်တုံးထုဆစ်ခြင်းနှင့်ပတ်သက်လျှင် ပိုသာလွန်သည့် လူတစ်ယောက်လည်း ဖြစ်သည်။ အထူးသဖြင့် မြှားခေါင်းများ ပြုလုပ်ရာတွင်ဖြစ်သည်။ မည်သူမှ သူ့ထက်ပိုပြီး ကောင်းအောင် လုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော်လည်း ယခုတွင် စွမ်းအင်နှိုးထစသာ ရှိသေးသည့် ကလေးတစ်ယောက်သည် သူ့ထက်သာနေခဲ့လေပြီ။ ရှောက်ရွမ်သည် အသက်ဆယ်နှစ်သာ ရှိသေးပြီး ကျောက်ဆစ်ပညာ သင်နေသည်မှာလည်း ရက်ပေါင်း သုံးဆယ်မပြည့်သေးပေ။ သူလုပ်သည့် မြားခေါင်းများသည် သူကိုယ်တိုင် လုပ်သည်ထက်ပင် ကောင်းမွန်နေခဲ့သည်။ သူ့အမြင်အရ ယခုမြားခေါင်းများကို လုံလောက်သော အချိန်နှင့် စွမ်းအားများ သုံးမှသာ ရရှိနိုင်လိမ့်မည် ဖြစ်သည်။ မြားခေါင်းများသည် မျက်နှာပြင်တွင်လည်း ချောမွတ်နေခဲ့ပြီး ပြောင်ချောနေခဲ့ကာ အပြစ်အနာအဆာမရှိခဲ့ပေ။ ကြည့်ရသည်မှာ မြားခေါင်းများကို လျင်မြန်ပြီး တိကျသော ခွန်အားဖြင့် ပြုလုပ်ထားဟန် ရပေသည်။

သူအမဲလိုက်တာဝန်က အခုမှပြန်လာတာလေ၊ ဒီလောက်တောင် ကွာခြားသွားတယ်လား ......။

ငါထွက်သွားတာ ရက်ပေါင်းနှစ်ဆယ်ပဲ ရှိသေးတယ်လေ၊ နှစ်နှစ်မှ မဟုတ်တာ.......။

လန်ကာ့၏မျက်နှာ နီမြန်းသွားသည်။ သူသည် ကျောက်တုံးပစ္စည်းများနှင့်ပတ်သက်ရာတွင် ချေးများသူတစ်ယောက်ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူ့အဖိုး၏ အကျင့်စရိုက်များ ပါလာဟန်ရပေသည်။

အသက်ကို ပြင်းပြင်းရှူလိုက်စမ်း.......။

နောက်တစ်ခေါက် ထပ်ရှူလိုက်ဦး .......။

လန်ကာ့ အပြင်ဖက်သို့ လက်ညိုးထိုးပြလိုက်ပြီး “ မင်း .... မင်းငါ့ဆီ သုံးရက်အတွင်းမလာခဲ့နဲ့ “

စကားဆုံးသည်နှင့် လိုက်ကာကို ဆွဲချလိုက်ပြီး အထဲပြန်ဝင်လိုက်သည်။ သူဆက်မအိပ်နိုင်တော့ချေ။ ထို့နောက် သူ့အလုပ်ခန်းထဲသို့ ဝင်သွားလိုက်ပြီး ကျောက်တုံး ထုဆစ်ရန် ပြင်ဆင်လိုက်သည်။

လန်ကာ့အခန်းမှ သိပ်မဝေးသည့်နေရာတစ်ခုတွင် အညိုရောင်ဆံပင်များနှင့် လူအိုကြီးတစ်ယောက် ထွက်လာခဲ့သည်။ ထိုလူသည် အသက်ကြီးနေပြီဖြစ်သော်လည်း လူငယ်တစ်ယောက်ကဲ့သို့ ကျန်းမာ သန်စွမ်းလှပေသည်။ ကီလိုဂရမ် ရာပေါင်းများစွာလေးသည့် အရာများကိုပင် သူကောင်းစွာ သယ်နိုင်သေးသည်။

ထိုလူကြီးသည် လန်ကာ့၏ အဖိုးဖြစ်သည်။ သူသည် ယခုမှသာ အိပ်ယာထလာခဲ့ခြင်း ဖြစ်ပြီး သူ့သူငယ်ချင်းများဖြင့် စကားသွားပြောရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူ့သားများသည် အမဲလိုက်ရာသီအတွက် ပြင်ဆင်နေကြလိမ့်မည်ဟု သူတွေးနေခဲ့သည်။ ထိုအချိန်တွင်ပင် သူသည် ကျောက်တုံးများကို ထုဆစ်နေသည့် အသံများကို ကြားလိုက်ရလေသည်။ ပြတင်းပေါက်မှ ကြည့်လိုက်သည့်အချိန်တွင် သူ့မြေး လန်ကာ့ဖြစ်နေသည်ကို သူတွေ့လိုက်သည်။ ယခုတွင် လန်ကာ့သည် အိပ်စက်နေခြင်း မရှိတော့ပဲ ကျောက်တုံး ထုဆစ်နေလေသည်။

သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထို့နောက် သူသည် လန်ကာ့ကို အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့သည်။ ဘာတွေ ဖြစ်နေတာလဲဟ .......။

ထိုကောင်လေးသည် အမဲလိုက်ရာမှ ပြန်လာလျှင် သုံးလေးရက်ဆက်တိုက် အိပ်နေလေ့ရှိသည်။ သူ့ကို ရိုက်ပုတ်ပြီး နှိုးလျှင်သော်မှ အိပ်ယာ မထတတ်ပေ။ ယခုဘာတွေများ ဖြစ်နေလေသနည်း ......။

အခြားတဖက်တွင် ရှောက်ရွှမ်သည် လန်ကာ့ပြောလိုက်သည့် “ နောက်သုံးရက်အတွင်းပေါ်မလာနဲ့ “ ဟူသည့်စကားကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည်။ လန်ကာ့ ဘာတွေများ ဖြစ်နေတာလဲ။ အိပ်ရေးပျက်သွားလို့များ သွေးပေါင်တွေဘာတွေ ကျသွားတာလား.......။

ရှောက်ရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး နောက်ထပ်အိတ်တစ်လုံးကို မလိုက်ကာ တောင်ပေါ်သို့ တက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် မိုင်သည် တောင်ပေါ်တွင် နေထိုင်သောကြောင့် ဖြစ်သည်။

All Chapters