← Chapters

ထွက်ခွာခြင်း

Vol. 3 Ch. 39

ထွက်ခွာခြင်း

Vol. 3 Ch. 39

စိတ်ရှုပ်ထွေးနေသော်လည်း နတ်ဆရာ လာမေးနေခြင်းမရှိပေ။ သူ့အလုပ်ကိုသာ ပုံမှန်အတိုင်းဆက်လုပ်နေခဲ့သည်။

ယခုနုတ်ဆက်ပွဲသည်လည်း ယခင်နေ့များကဲ့သို့ လူပေါင်းထောင်ချီတက်ရောက်နေခဲ့ခြင်း မရှိပေ။ အမဲလိုက် တာဝန်တိုင်းအတွက် စစ်သည်တော်နှစ်ရာဝန်းကျင်သာ ပါရှိတတ်သည်။ ယခင် အမဲလိုက်ထွက်စဉ်က ဒဏ်ရာရရှိခဲ့သည့် စစ်သည်တော်များသည် သူတို့၏အိမ်များတွင်သာ နားနေခဲ့သည်။ ထို့ကြောင့် သူတို့သည် ယခုတစ်ကြိမ်တွင် ပါဝင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ အခြေအနေမတည်ငြိမ်သေးသော စစ်သည်တော်များနှင့် အခြားအလုပ်တာဝန်များရှိနေကြသည့် စစ်သည်တော်များသည်လည်း အမဲလိုက်ထွက်ရာတွင် မပါဝင်ကြပေ။ ထို့ကြောင့် အမဲလိုက်ထွက်ရာတွင် အဖွဲ့တူသော်လည်း မတူညီသော လူများပါဝင်နေခဲ့လေသည်။

လန်ကာ့နှင့်အခြားသူများသည် သူတို့၏နေရာများတွင်ပင် မတ်တပ်ရပ်နေကြသည်။ ရှောက်ရွှမ်လည်း သူတို့ဘေးတွင် သွားရပ်နေလိုက်သည်။

အဖွဲ့၏ ရှေ့ဆုံးတွင်မူ အရေးပါသောလူများရပ်နေကြသည်။ ထိုနေရာတွင် စစ်သည်တော် ဆယ်ယောက်ခန့်ရှိနေပြီး မိုင်သည်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

နတ်ဆရာသည် မီးပုံဘေးတွင်ရပ်နေခဲ့သည်။ သူ့လက်ထဲတွင်မူ ကျောက်တုံး ပန်းကန်တစ်ခုကို ကိုင်ထားလေသည်။ ပန်းကန်လုံးထဲတွင် အပင်များမှ ထုတ်ယူထားသည့် စိမ်းနက်ရောင် ဆိုးဆေးတစ်ချို့ရှိနေခဲ့သည်။

ထိုဆိုးဆေးဖြင့် အမှတ်အသားများကို ရေးဆွဲခံရန်အတွက် စစ်သည်‌တော်များ တစ်ဦးပြီးတစ်ဦး ရှေ့သို့ထွက်သွားကြသည်။

ထိုအမှတ်အသားများသည် သူတို့၏ နတ်အမှတ်အသားများနှင့် ဆင်တူနေခဲ့သည်။ နတ်ဆရာသည် ဆေးဆိုးပေးနေရင်းဖြင့် တစ်စုံတစ်ခုကိုလည်း မန်းမှုတ်နေခဲ့သေးသည်။ မည်သည်ကို မန်းမှုတ်နေကြောင်း ရှောက်ရွှမ် မကြားရပေ။ ကြားရလျှင်သော်မှ မည်သည်ကိုဆိုလိုသည်ကို သူသိလိမ့်မည် မဟုတ်ပေ။

အမဲလိုက်အဖွဲ့မှ လူအားလုံးကို နတ်ဆရာက ဆေးချယ်ပေးခြင်း မရှိပေ။ ရှေ့ဆုံးတွင် ရပ်နေခဲ့ကြသည့် အရေးကြီးသည့်လူများကိုသာ ဆေးချယ်ပေးခြင်းဖြစ်သည်။ ယခုတွင် သူတို့၏ အမူအယာမျးသည် အလေးအနက်ဖြစ်လာကြပြီး လေးစားသည့်အမူအယာများလည်း ဖြစ်လာကြသည်။

လန်ကာ့နှင့် အခြားသူများမှာမူ မျက်လုံးများ အတွင်းမှ အားကျနေသည့်အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။ သူတို့၏ ရင်ထဲတွင် တစ်နေ့ သူတို့သည်လည်း အုပ်စုရှေ့ဆုံးတွင် မတ်တပ်ရပ်နိုင်ပြီး ထိုကဲ့သို့ ဆေးဆိုးခံရရန် ဆုတောင်းနေကြဟန် ရပေသည်။ ရှောက်ရွှမ်ထံတွင် သူ့ကိုယ်ပိုင်အမြင်ရှိနေပြီး သူ၏အမူအယာသည် အခြားသူများနည်းတူဖြစ်နေခဲ့သည်။ လေးနက်နေသကဲ့သို့ လေးစားမှုများလည်း ရှိနေခဲ့သည်။

စစ်သည်တော်ဆယ်ယောက်လုံးကို ဆေးဆိုးပြီးသည့်အချိန်တွင် သူတို့၏ နေရာများတွင် ပြန်ရပ်လိုက်ကြသည်။ လေထုသည် တင်းကျပ်နေမှုများ လျော့နည်းသွားလေသည်။ ထို့နောက် မျိုးနွယ်စုခေါင်းဆောင်၏ ဦးဆောင်မှုဖြင့် လူအများသည် အမဲလိုက်သီချင်းကို သီဆိုလိုက်ကြသည်။

ရှောက်ရွှမ်မှာမူ မည်သို့ဆိုရမည်ကို မသိနေခဲ့ပေ။

ယခင်က အမဲလိုက်သီချင်းကို ရှောက်ရွှမ် အကြိမ်အနည်းငယ်ကြားဖူးခဲ့သည်။ သို့သော် သူသည် သီချင်းကို သေချာသင်ကြားခဲ့ရခြင်းမရှိပေ။ ထို့အပြင် အမဲလိုက်မထွက်ခင် စစ်သည်များအနေဖြင့် ထိုသီချင်းကိုသီဆိုရကြောင်းကိုလည်း သူမသိထားခဲ့ပေ။

ထို့ကြောင့် သူသည် နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် နိုင်ငံတော်သီချင်းကို မဆိုနိုင်သည့်ကလေးတစ်ယောက် ကဲ့သို့ဖြစ်နေခဲ့ရသည်။

သာမန်အားဖြင့်ဆိုလျှင် မိဘများနှင့်အခြားအကြီးအကဲများသည် ကလေးများကို သီချင်းသင်ပေးထားတတ်ပေသည်။ ရှောက်ရွှမ်မှာမူ မိဘမဲ့လိုဏ်ဂူမှ လာသူဖြစ်သည်။ သူသည် သီချင်းသင်ပေးခြင်းကိုမခံခဲ့ရပေ။ လန်ကာ့နှင့်အခြားသူများသည်လည်း ရှောက်ရွှမ်ကို သီချင်းသင်ထားပေးရန် မေ့လျော့နေခဲ့ကြသည်။

သို့သော်လည်း ရှောက်ရွှမ်သည် ကလေးအစစ်တစ်ဦးမဟုတ်သဖြင့် သူသည် သီချင်းကို မသိနေသော်လည်း သိချင်ဟန်ဆောင်တတ်ခဲ့သည်။

သူသည် တည်ငြိမ်စွာရှိနေဆဲဖြစ်ပြီး သူ့ပါးစပ်များသည် တိတ်ဆိတ်စွာဖြင့် ဖွင့်ချီပိတ်ချီဖြစ်နေခဲ့သည်။ အကယ်၍ သေချာမကြည့်ပါက ရှောက်ရွှမ် လိုက်ဝါးနေခြင်းဖြစ်ကြောင်းကို သိနိုင်မည်ဖြစ်သည်။

“ကမ္ဘာကြီးစတင်ကတည်းက ကျုပ်တို့ဘိုးဘေးတွေနဲ့ မျိုးနွယ်စုဟာ စတင်ကြီးထွားလာကာ အမဲလိုက်ခြင်းဖြင့် အသက်မွေးခဲ့ကြတာ နွေဦးပေါက်လို့ လေထုနွေး ရေခဲများ အရည်ပျော်ကြသည် အထိပါ ကလေးလူကြီး ခုန်ပေါက်ပျော်ရွှင်နေကာ သားရဲဟိန်းသံများကြား ငှက်ကလေးများက ကျီကျီကျာ မုဆိုးများ အမဲလိုက်ကြရာ...."

အစက ရှောက်ရွှမ်ထင်ထားသည်မှာ သီချင်းသည် စာပိုဒ်အနည်းငယ်သာရှိလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း အချိန်ကြာလာသည့်အခါ သီချင်းသည် အတော်လေး ရှည်လျားကြောင်းကို သိလာရသည်။ ကြည့်ရသည်မှာ ဇာတ်လမ်းတစ်ခုကို ပြောပြနေသည်နှင့် တူနေသည်။ ထို့အပြင် သီချင်းစာသားများသည် နွေရာသီ၊ မှအခြေအနေများ၊ ဆောင်းရာသီ၏ အခြေအနေများကိုလည်း ထည့်သွင်းစပ်ဆိုထားသေးသည်။ နောက်ဆုံးတွင် ဆောင်းရာသီ၌ အဆုံးသတ်လေသည်။

ထိုဇာတ်လမ်းသည် ရှည်လျားသည်သာမက ဝမ်းနည်းဖွယ်ပင်ကောင်းနေပေ၏။

နားထောင်ရသည်မှာ စစ်သည်တော်များသည် အသက်သွားအသေခံနေကြသည်နှင့် တူနေခဲ့သည်။

မည်သည့် ပါရမီရှင်က ထိုသီချင်းကိုရေးခဲ့ကြောင်းကို သူသိချင်နေမိသည်။

သီချင်းသည် အမဲလိုက်ထွက်သည့်အချိန်တွင် ကြုံတွေ့ရသည့် အခြေအနေများကို ထည့်သွင်းစပ်ဆိုထားပြီး လူများကို သတိထားကြရန်လည်း သတိပေးနေခဲ့သည်။ အထူးသဖြင့် ဆောင်းရာသီတွင်ဖြစ်သည်။ ရှောက်ရွှမ် အတော်လေး ပျင်းရိနေပြီဖြစ်၏။ သို့သော် စစ်သည်တော်များ မှာမူ သူတို့၏ လည်ပင်းများ နီလာကြသည်အထိ စိတ်လှုပ်ရှားနေခဲ့ကြလေသည်။

ရှောက်ရွှမ် ထိုလူများ၏ ခံယူချက်များကို သဘောမပေါက်နေခဲ့ပေ။ ကြည့်ရသည်မှာ မျိုးနွယ်စု၏ အတွင်းလူနှင့် အပြင်လူများအကြားကွာခြားချက်ပင်ဖြစ်ပေလိမ့်မည်။

လူအုပ်ထဲတွင် ရှောက်ရွှမ် ပါးစပ်အဖွင့်အပိတ်လုပ်နေပြီး သီချင်းကို ဝါးချနေခဲ့စဉ် နတ်ဆရာသည် သူ့ဖက်ကို မကြာခနကြည့်နေခဲ့သည်။ ရှောက်ရွှမ် နတ်ဆရာကြည့်နေသည်ကို ရိပ်မိသော်လည်း မသိသလိုသာ ဆက်နေလိုက်ကာ လန်ကာ့နှင့်အခြားသူများထံမှ သင်ယူနေလိုက်သည်။ အခြားသူများ စိတ်လှုပ်ရှားလျှင် သူလည်း စိတ်လှုပ်ရှားပေသည်။ အခြားသူများ လှံများကို ကိုင်လိုက်ပြီး ကောင်းကင်ဘက်သို့ ထောင်လိုက်ကာ ကြုံးဝါးလိုက်ကြစဉ်တွင် ရှောက်ရွှမ်လည်း သူတို့နည်းတူလိုက်လုပ်လိုက်သည်။ လန်ကာ့သည် ရှောက်ရွှမ်ကို အမှားမလုပ်မိရန်အတွက် သူလုပ်သည့်အတိုင်းလိုက်လုပ်ရန် မှာထားခဲ့ပေသည်။

ရှောက်ရွှမ်ကို စောင့်ကြည့်နေသည့် နတ်ဆရာ၏ မျက်နှာအနည်းငယ်တွန့်ကွေးသွားလေသည်။ သူသည် ရှောက်ရွှမ် အမဲလိုက်သီချင်းကို လိုက်ဝါးနေကြောင်း သတိပြုလိုက်မိလေ၏။ ရှောက်ရွှမ်ထိုမျှအထိ အရှက်မဲ့လိမ့်မည်ဟု သူမထင်ထားမိခဲ့ပေ။ သူ့ကိုကြည့်ရသည်မှာ သီချင်းကို အမှန်တကယ်ကျွမ်းကျင်စွာဆိုနေသည့်ပုံပေါ်နေသည်။ အကယ်၍ ရှောက်ရွှမ်နေရာတွင် အခြားကလေးများသာ ဆိုလျှင် ထိတ်လန့်ကြောက်ရွံ့ နေကြလောက်ပြီဖြစ်သည်။

အမဲလိုက်သီချင်းပြီးသွားသည့်အချိန်တွင် ရှောက်ရွှမ်မနက်က သူစားခဲ့သည့် အစာများအားလုံး အစာကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက် မျိုးနွယ်စုခေါင်းဆောင်သည် ယခုအမဲလိုက်အဖွဲ့၏ ခေါင်း‌ဆောင်ကို ဦးဆောင်ပြီး ထွက်ခွာခွင့်ပြုလိုက်လေသည်။ အမဲလိုက်ထွက်ရာတွင် အချိန်အခါကိုက်ညီရမည်ဖြစ်ပြီး မကိုက်ညီခဲ့လျှင် အခက်အခဲများကို ကြုံတွေ့ရနိုင်ပေသည်။

ရှောက်ရွှမ် ခြေထောက်ကို မလိုက်ပြီး လန်ကာ့နောက်သို့လိုက်သွားလိုက်သည်။

သူ့ကိုကြည့်နေသည့် အကြည့်တစ်ခုကို အာရုံခံမိလိုက်ပြီး ကြည့်နေသူမှာ မောင် ဖြစ်လေသည်။

မောင်သည် ရှောက်ရွှမ်ကဲ့သို့ စွမ်းအင်နှိုးထသူ အသစ်တစ်ယောက်က အမဲလိုက်အဖွဲ့ထဲတွင်ပါလာ ခဲ့သည်ကို အံ့သြသင့်နေခဲ့သည်။ ဖေး၏ အဖြစ်အပျက်ကြောင့် စွမ်းအင်နှိုးထသူ အသစ်များကို အမဲလိုက်အဖွဲ့တွင် လိုက်ပါခိုင်းခြင်းမရှိပေ။ မောင်သည် သူ့ဖာသာ စွမ်းအင်နှိုးထသူ အသစ်တစ်ယောက် အဖြစ် သတ်မှတ်ထားခြင်း မရှိကြောင်း သိသာနေပေသည်။

ရှောက်ရွှမ် မောင်ကိုကြည့်လိုက်သည်။ ထို့နောက် သူသည် လန်ကာ့နောက်သို့သာ ပြန်လိုက်သွားလိုက်ပြီး မောင်ကို လျစ်လျုရှုထားလိုက်သည်။

တောင်ထိပ်မှ အမဲလိုက်အဖွဲ့တောင်အောက်ကိုဆင်းလာခဲ့ပြီဖြစ်သည်။ ဂုဏ်ကျက်သရေ လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်တွင် လူများစွာစောင့်နေခဲ့သည်။ ဤအမဲလိုက်အဖွဲ့တွင် မောင်နှင့် ရှောက်ရွှမ်ကဲ့သို့ စွမ်းအင်နှိုးထသူအသစ် နှစ်ယောက်သာ ပါခဲ့သည်။ ထို့ကြောင့်သူတို့နှစ်ယောက်သည် စစ်သည်တော်များ ကြားထဲတွင် သိသာထင်ရှားနေခဲ့လေသည်။

တောင်ထိပ်တွင်နေထိုင်ကြသည့်လူများသည် ရှောက်ရွှမ်ကို ရင်းနှီးနေကြခြင်း မရှိကြပေ။ ထို့ကြောင့် သူတို့သည် ရှောက်ရွှမ်ကို ကြည့်လိုက်ကြပြီး စွမ်းအင်နှိုးထပွဲတွင် နောက်ဆုံးမှ ပါလာခဲ့သည့် ကလေးဖြစ်ကြောင်းကို မှတ်မိသွားကြသည်။

ယခုတစ်ကြိမ်သည် ရှောက်ရွှမ် လူအများကြားထဲတွင် အာရုံစိုက်ခံရသည့် ဒုတိယအကြိမ်ဖြစ်သည်။ အမဲလိုက်အဖွဲ့နှင့်အတူ ချီတက်ခွင့်ရခြင်းသည် သူ့ထံတွင် စွမ်းရည်များရှိနေသည်ကို ဖော်ညွှန်းနေသည်။ လူများသည် သန်မာသော သူများကို လေးစားတတ်ကြပေသည််။

အဖွဲ့သည် ဆင်းလာခဲ့ကြပြီး ရင်းနှီးသော မျက်နှားများကို ပိုတွေ့လာရသည်။ လူမျးသည် အားပေးသည့်အနေဖြင့် ရှောက်ရွှမ်ဖက်သို့ လက်သီးများကို ထောင်ပြနေကြလေသည်။

သူအံ့သြရသည်မှာ မိဘမဲ့လိုဏ်ဂူမှကလေးများလည်း ရောက်နေကြသောကြောင့် ဖြစ်သည်။ သူတို့သည်လည်း လေးစားအားကျသည့် မျက်လုံးများဖြင့် ကြည့်နေကြကာ လက်သီးများကို ဆုပ်ပြနေကြသည်။

သူများစွာမကူညီပေးနိုင်ခဲ့သော်လည်း သူတို့သူ့ကို လိုက်ပို့ကြသဖြင့် ရှောက်ရွှမ် ရင်ထဲခံစားမိသွားသည်။

ထို့အပြင် လူအုပ်ထဲတွင် စိုင် ကိုလည်း ရှောက်ရွှမ်တွေ့လိုက်ရသည်။

သို့သော်လည်း စိုင်ဤနေရာသို့လာရခြင်းမှာ သူ့ဆန္ဒမဟုတ်ပဲ၊ သူ့အဖေက အတင်းဆွဲခေါ်လာခဲ့ခြင်းဖြစ်သည်။ သူသည်အိပ်စက်ရန်ပြင်နေ ခဲ့သော်လည်း သူ့ဖခင်သည် သူ့ကို ဆွဲခေါ်လာခဲ့သည်။ သူသည် စစ်သည်တော်များကို ပျင်းရိစွာဖြင့် ကြည့်နေခဲ့ပြီး သမ်းဝေနေခဲ့သည်။ ရုတ်တရက် သူသည် ရှောက်ရွှမ်ကိုလူအုပ်ထဲတွင် တွေ့လိုက်ရပြီး သမ်းဝေနေသည်ကိုပင် မေ့သွားခဲ့သည်။ ထို့နောက် သူသည် သူ့ဖခင်ကို စိုက်ကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် စိုင်၏ ဖခင်သည် ရှောက်ရွှမ်ကို လူအုပ်ထဲတွင် မြင်လိုက်ရသဖြင့် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ မှန်ပေသည်။ သူသည် ပြန်ရောက်လျှင် စိုင်ကို အပြင်းအထန်လေ့ကျင့်ပေးရန် တွေးနေခဲ့ပြီဖြစ်သည်။

အမဲလိုက်အဖွဲ့ ဂုဏ်ကျက်သနေရလမ်းမ ၏ အဆုံးသို့ရောက်သွားသည့်အခါ အသံများကိုဆက်ပြီးမကြားရတော့ပဲ ပရိသတ်လူအုပ်ကြီးသည် ကျန်နေခဲ့လေပြီ။

ရှောက်ရွှမ် သူ့ပစ္စည်းများ အားလုံးကိုနောက်ကျောဖက်တွင် သယ်လာခဲ့ပြီး လန်ကာ့နောက်မှ လိုက်လာခဲ့သည်။ ယခုသူတို့ရောက်နေကြသည့်နေရာသည် မျိုးနွယ်စု စစ်သည်တော်များ ကင်းလှည့်လေ့ရှိသည့် နေရာမှာသာ ရှိနေသေးသည်။ ယခုနေရာကို ဖြတ်ကျော်ပြီးမှသာ မျိုးနွယ်စု၏ ပြင်ပ ဧရိယာနေရာသို့ ရောက်သွားမည် ဖြစ်သည်။

ထိုပြန့်ပြူးနေသည့် နေရာမှ တောအုပ်ဆီသို့ရှောက်ရွှမ် လှမ်းကြည့်လိုက်သည်။

မြူခိုးများသည် ထွက်ပေါ်နေခဲ့ပြီး လေထုထဲတွင် ရပ်တန့်နေခဲ့လေသည်။ တောအုပ်တစ်ခုလုံးနီးပါးကို မြူခိုးများက ဖုံးလွှမ်းထားခဲ့ခြင်း ဖြစ်သည်။ မြူခိုးများ ထဲတွင် တောင်ထိပ်များသည် အနက်ရောင်မျက်လုံးများဖြင့် ငုံ့ကြည့်နေသည့်နှယ် ရှိနေခဲ့သည်။

တောအုပ်ထဲသို့မဝင်ရသေးမီမှာပင် ရှောက်ရွှမ် အရှင်လတ်လတ် မြုပ်နှံခြင်း ခံလိုက်ရသူတစ်ယောက်ကဲ့သို့ဖိအားများကို ခံစားလိုက်ရသည်။

အမှန်တကယ်တွင် တောအုပ်ထဲသို့မဝင်မီ သူတို့ခန နားကြသည့်နေရာတစ်ခုရှိသည်။ ခေါင်းဆောင်များသည် ထိုနေရာတွင် ခနနားပြီး တာဝန်များကို ခွဲဝေ‌ပေးတတ်သည်။

ရှောက်ရွှမ် ထိုအခွင့်အရေးကို အရယူပြီး လန်ဂကို မေးခွန်းမေးရန် ပြင်လိုက်သည်။ လန်ကာ့သည် ထိုအချိန်တွင် သူ၏ လေးမြားများကို ပြင်ဆင်နေခဲ့လေသည်။

“ဒီတော့ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ “

လန်ကာ့ ပြုံးလိုက်ပြီး “ မင်းသိပ်တွေးနေဖို့မလိုပါဘူး။ မင်းလုပ်ရမှာက အဖွဲ့နဲ့အတူတူ ရှိနေဖို့ပဲ လိုအပ်တာပါ”

All Chapters