ဟေးဖုန်း
Vol. 3 Ch. 41
ယခုတစ်ကြိမ်သည် ရှောက်ရွှမ်ထိုသေးငယ်သည့် သားရဲကောင်လေးကို တွေ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုသားရဲကို သစ်ပင် ကြောင်ကတိုး ဟု ခေါ်လေသည်။ ထိုအကောင်လေးသည် လူကြီးလက်ဖဝါးတစ်ခု အရွယ်သာရှိပေသည်။ သူ့ခန္ဓာကိုယ်ကိုမူ အညိုရောင် နှင့် ခဲရောင်မျဉ်းကြောင်းများ ပါဝင်သည့် သားမွေးဖြင့်ဖုံးအုပ်ထားသည်။ သူ၏ သေးငယ်ပြီး အမွေးထူထဲသည့် ဦးခေါင်းပေါ်တွင် ကြီးမားသော မျက်လုံးတစ်စုံရှိနေခဲ့သည်။ ထိုမျက်လုံးကြီးများဖြင့် လူများကို ကြည့်နေသည့်အခိုက်တွင် ထိုအကောင်လေးသည် အပြစ်ကင်းစင်ဟန်ပုံပေါ်နေပေသည်။ ဘေးနှစ်ဖက်မှ နားရွက်များမှာမူ အနည်းငယ် အောက်သို့ကျနေခဲ့ကြသည်။ ထိုအကောင်လေးသည် အနည်းဆုံးဆယ်မီတာခန့် အမြင့်ရှိလောက်သည့် သစ်ကိုင်းတစ်ခုပေါ်တွင် ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ သူ့လက်များဖြင့် သစ်ကိုင်းတစ်ခုကို ဖက်ထားပြီး အောက်ဖက်ရှိလူများ ကို မမှိတ်မသုံ စိုက်ကြည့်နေခဲ့လေ၏။
“ ကြည့်မနေနဲ့ အဲ့ဒီကောင်လေးက စားလို့မကောင်းဘူး “ လန်ကာ့ ရှောက်ရွှမ်ကို တီးတိုးပြောလိုက်သည်။ သူတို့ခေတ္တအနားယူနေသည့်အချိန်တွင် စကားပြောခြင်းကို မတားမြစ်ထားပေ။ သို့သော်လည်း လူတိုင်းသည် တိုးတိတ်သော လေသံဖြင့်သာ စကားပြောကြလေသည်။
ခြုံပြောရလျှင် မျိုးနွယ်စုမှလူများသည် သားကောင်များ၏ အသားများကို အရသာခံနေခြင်းသိပ်မရှိကြပေ။ သူတို့သည် စွမ်းအင် ရနိုင်သည့် အသားမှန်သမျှကို စားသုံးကြသည်။ “ စားမကောင်း “ ဟု လန်ကာ့ပြောလိုက်ခြင်းသည် အရသာဆိုးခြင်းကို ဖော်ပြယုံသာမက လူတစ်ယောက်ကို ထိခိုက်စေနိုင်သောကြောင့်လည်း ဖြစ်နိုင်သည်။
“ အဲ့ကောင်လေးတွေက လူတွေကို မကြောက်ကြဘူးလား “ ရှောက်ရွှမ် မေးလိုက်သည်။
“ သားရဲတော်တော်များများ က ပထမဆုံးအကြိမ်လူတွေကို မြင်လိုက်ရင် မကြောက်ကြဘူးလေ။ သူတို့က သတိတော့ရှိကြတယ်။ တကယ်လို့ မင်းက သာ သတ်ဖြတ်ချင်တဲ့ အသိစိတ်ကို ထုတ်ဖော်လိုက်မယ်ဆိုရင် အခြေအနေကလုံးဝကွာခြား သွားလိမ့်မယ် “ လန်ကာ့ပြောလိုက်ပြီး သူ့လက်ထဲမှ မြားတံကို သစ်ပင်ပေါ်မှ ကြောင်ကတိုးကို ချိန်ရွယ်လိုက်သည်။
ယခင်က ကြောက်ကတိုးလေးသည် အပြစ်ကင်းစင်ပုံရပြီး အန္တရာယ်မပေးနိုင်သည့်ပုံရှိသည်။ ယခုတွင်မူ ကြောင်ကတိုးသည် သူ့ပါးစပ်ကို ဟထားပြီး ကြမ်းတမ်းသည့် ပုံပေါ်လာခဲ့သည်။ သူ့ပါးစပ်အတွင်းတွင် ချွန်ထက်သော အစွယ်များကိုတွေ့လိုက်ရလေသည်။
လန်ကာ့ မြားဖြင့် ကြောင်ကတိုးကို မပစ်တော့ပဲ ပြန်သိမ်းထားလိုက်သည်။
“ အသားနည်းပြီးတော့ စားလို့လည်း မကောင်းဘူး ။ ပြီးတော့ သူ့အသံကလည်း နားထောင်မကောင်းဘူး “ လန်ကာ့ ထိုသို့ပြောလိုက်ပြီး တဖက်သို့လှည့်သွားသည်။ ထို့နောက် သူ၏ မြားတံများကိုသာ ပြင်ဆင်နေလိုက်သည်။
လန်ကာ့ထွက်သွားသည့်အချိန်တွင် သစ်ပင်ပေါ်မှ ကြောင်ကတိုးသည် သူ့မူလပုံစံပြန်ဖြစ်သွားလေသည်။
ထိုနေရာတွင် လက်ညိုးတစ်ချောင်းအရွယ်ရှိသော ပိုးကောင်တစ်ကောင် ပျံသန်းနေခဲ့လေသည်။ သူ၏ တောင်ပံများသည် တဖျတ်ဖျတ်လှုပ်ခတ်နေခဲ့သည်။ တောင်ပံများ၏ အပေါ်တွင် ပါးလွှာသော အကြေးခွံအလွှာ တစ်ခုရှိနေခဲ့ပြီး နေအလင်းရောင်ကို ရောင်ပြန်ဟပ်နေခဲ့သည်။ ၎င်းသည် အလွန်လျင်မြန်စွာဖြင့် ပျံသန်းနေခဲ့လေသည်။ အစက ဤနေရာတွင်ရှိနေသောလည်း နောက်တစ်စက္ကန့်တွင် အခြားနေရာတစ်ခုသို့ ရောက်သွားပြန်သည်။ သူ့ကိုကြည့်ရသည်မှာ လျင်မြန်လွန်းလှပေသည်။
ဝုရှ်......
ကြောင်ကတိုး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ကြည့်ရသည်မှာ သူသည် ပိုးကောင် မည်သည့်နေရာသို့ ပျံသန်းနေကြောင်းကို ခန့်မှန်းမိဟန်ရသည်။
မျက်တောင်တစ်ခတ်အတွင်း၌ပင် ပိုးကောင်သည် ကြောင်ကတိုး၏ လက်ထဲသို့ ကျရောက်သွားလေသည်။
ကြောင်ကတိုး အနည်းငယ်လှုပ်ရှားလိုက်ပြီး ပိုးကောင်၏ တောင်ပံများကို ဆုတ်ဖြဲလိုက်ကြောင်းကို ရှောက်ရွှမ် တွေ့လိုက်ရသည်။ ထို့နောက်တွင် ပိုးကောင်ကို လက်ထဲတွင် ထည့်လိုက်ပြီး တစ်ကိုက်ပြီးတစ်ကိုက် ကိုက်စားနေခဲ့သည်။ စားနေစဉ်တွင်လည်း ကြောင်ကတိုးသည် မျက်တောင်မခတ်တမ်း ရှောက်ရွှမ်ကို စိုက်ကြည့်နေခဲ့သည်။
ပိုးကောင်၏ အမြီးသာကျန်တော့သည့်အချိန်တွင် ကြောင်ကတိုး ကိုက်ဝါးနေသည်ကို ရပ်တန့်လိုက်သည်။ သူ့လက်ဖဝါးထဲမှ အမြီးကို ကြည့်လိုက်ပြီး တဖန် ရှောက်ရွှမ်ကို ကြည့်လိုက်ကာ သူ့လက်ထဲမှ ပိုးကောင်အမြီးကို ရှောက်ရွှမ်ထံသို့ ပစ်ချလိုက်လေသည်။
သူ့မျက်နှာထံသို့ ပိုးကောင်အမြီးကျလာသည်ကို ခံစားမိလိုက်သဖြင့် ရှောက်ရွှမ် ရှောင်တိမ်းလိုက်ရာ ပိုးကောင် အမြီးသည် သူနှင့် ခြေတစ်လှမ်းအကွာသို့ ပြုတ်ကျသွားလေသည်။
“ ကျာ့....ကျာ့.....ကျာ့..... “ ကြောင်ကတိုး စတင်အော်ဟစ်လိုက်သည်။
သူရှောင်တိမ်းလိုက်သည်ကို ကြောင်ကတိုးစိတ်တိုသွားကြောင်း ရှောက်ရွှမ် တွေးမိလိုက်သည်။ အန်းသည် အသံကို အာရုံစိုက်လိုက်သည်။ ကြောင်ကတိုးကို ပြန်ကြည့်လိုက်သည့် အချိန်တွင် ၎င်းသည်တစ်ခုခုကို ရှောင်တိမ်းသလို ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။
အန်း ကြောင်ကတိုးထွက်သွားသည့်ဖက်ကို လိုက်သွားလိုက်သည်။ ထို့နောက် သူသည် သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်သွားလေသည်။ သူ့နောက်ကျောတွင် သာမန်လှံများ၏ တစ်ဝက်ခန့်သာ ရှိသော လှံတိုငါးချောင်းကို ချိတ်ဆွဲထားသည်။ ၎င်းတို့ကို ပစ်ခတ်ရာတွင် အသုံးပြုနိုင်ပေသည်။
အမဲလိုက်အုပ်စုမှ အခြားသူများအားလုံး တိတ်ဆိတ်နေကြသည်။ သူတို့သည် သူတို့၏ အသက်ရှူသံများကိုပင် ထိန်းထားကြလေသည်။ ထိုနေရာတွင် လူများရှိနေသည်ကိုပင် ရှောက်ရွှမ် သံသယဝင်မိသွားသည်။
အန်း သည် တစ်စုံတစ်ခုကို မြင်လိုက်သည့်ပုံရှိပြီး လှံတိုကို ဆွဲထုတ်လိုက်ကာ ပစ်လွှတ်ရန် ချိန်ရွယ်လိုက်သည်။ သို့သော်လည်း ပစ်လွှတ်လုဆဲဆဲတွင် ရပ်တန့်လိုက်ပြီး အခြားသူများကို လက်ဟန်တစ်ခု ပြလိုက်သည်။
မိုင် ခနစဉ်းစားလိုက်ပြီးနောက် အန်း ကိုပြန်ခေါ်လိုက်သည်။
အန်း သည်နောင်တရနေသည့် မျက်နှာဖြင့် သစ်ပင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။ ထိုအချိန်တွင် အုပ်စုအတွင်းမှ အခြားသူများသည် ကျောက်တုံးကြီးများ၊ သစ်မြစ်ကြီးများ နောက်တွင်ပုန်းအောင်းရန် ကြံနေကြလေပြီ။ ရှောက်ရွှမ်လည်း အများနည်းတူ လိုက်လုပ်လိုက်သည်။
အသက်ရှူကြိမ် နှစ်ကြိမ်ခန့်အကြာတွင် ရှောက်ရွှမ် မြေခွေးနှင့်တူသော တစ်စုံတစ်ရာ ခြုံပုတ်များကြားမှ ခုန်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် အနံ့ခံကြည့်နေပြီး ဦးတည်ချက်တစ်ခုဆီသို့ ပြေးထွက်သွားခဲ့သည်။
လန်ကာ့ ရှောက်ရွှမ်ကို ဆက်ပြီးစောင့်နေရန် ပြောလိုက်သည်။
နောက်တစ်ခနကြာပြီးနောက်တွင် ရှောက်ရွှမ် အသံတစ်ချို့ကို ကြားလိုက်မိသည်။ ထိုအသံမှာ သားရဲတစ်ကောင်ကောင် လမ်းလျှောက်နေသည့်အသံဖြစ်ပြီး သစ်ရွှက်များနှင့် သစ်ကိုင်းများကို နင်းလာသည့် အသံဖြစ်သည်။
သူတို့၏ မြင်ကွင်းအတွင်းသို့ (၇) မီတာခန့်ရှိသည့် သားရဲကောင်တစ်ကောင်ပေါ်လာ ခဲ့သည်။ ၎င်းတွင် အညိုရောင်သားမွေးများ၊ တုတ်ခိုင်သော ခြေလက်များ ရှိကြသ်ည။ ပြီးလျှင် သူ၏အမြီးသည်လည်း အလွန်ပင် ရှည်လျား ပေသည်။ ၎င်းသည် ကြမ်းတမ်းသော ပုံစံရှိသော်လည်း သူ၏ နှေးကွေးခြင်းနှင့် လေးလံသော ခန္ဓာကိုယ်အရ အနည်းငယ်ပျင်းရိနေပြီး တုံးအသည့်ပုံပေါ်နေခဲ့သည်။
သူ့နှာခေါင်းဖြင့် အနံ့ခံကြည့်လိုက်ပြီး သစ်ပင်အချို့နားသွားလိုက်ကာ သူ့နောက်ခြေထောက်များဖြင့် မတ်တပ်ရပ်လိုက်သည်။ သူ့အမြီးသည် မြေကြီးကို ထောက်ထားပြီး သူ့ခြေထောက်များဖြင့် ဆိုလျှင် တြိဂံပုံ ဖြစ်နေခဲ့သည်။ သူ့ရှေ့လက်များတွင်မူ ချွန်ထက်သော လက်သည်းများ ရှိနေခဲ့ပြီး ကြီးမားသော တံစဉ်များနှင့် တူနေခဲ့သည်။ ထိုတံစဉ်များဖြင့် သစ်ကိုင်းတစ်ခုကို ကုတ်ဆွဲလိုက်ပြီး သစ်ရွက်များကို ပိုင်းဖြတ်ကာ ထိုသားရဲသည်စားသောက်နေခဲ့လေသည်။
ထိုသားရဲသည် အရွက်စားသတ္တဝါတစ်မျိုးဖြစ်သည်။ မိုင်၏ တုန့်ပြန်ချက်အရ ထိုအကောင်သည် ကိုင်တွယ်ရန် မလွယ်ကူသည့် သားရဲတစ်ကောင်ဖြစ်ကြောင်းကို ရှောက်ရွှမ် သိလိုက်ရသည်။ သူယခင်က ကြားဖူးခဲ့သည့် အမဲလိုက်ဇာတ်လမ်းများကို ပြန်စဉ်းစားကြည့်လိုက်ပြီး ထိုသတ္တဝါသည် လက်သည်းကြီး သားရဲကောင် ဖြစ်ကြောင်းကို မှတ်မိလိုက်သည်။ ရှောက်ရွှမ်၏ မျက်စိထဲတွင် ထိုသားရဲကောင်သည် ကြီးမားနေခဲ့ပြီးဖြစ်သော်လည်း အမှန်တကယ်တွင် ဤအကောင်သည် အသက်သိပ်မကြီးသေးသည့် ကလေးသာသာ အကောင်တစ်ကောင်သာဖြစ်သည်။ အရွယ်ရောက်ပြီးသား လက်သည်းကြီး သားရဲကောင်သည် ဤထက်အဆများစွာ ပို၍ ကြီးမားပေသည်။
ထို့အပြင် ထိုသတ္တဝါသည် အပြင်ပန်းတွင်သာ ပျင်းရိလေးလံသည့် ပုံစံရှိနေခြင်းဖြစ်သည်။အကယ်၍ အန္တရာယ်တစ်ခုခုနှင့်သာ ရင်ဆိုင်ရပါက သူတို့သည် လျင်မြန်စွာ တုန့်ပြန်နိုင်ကြသည်။ သူ၏ လက်သည်းကြီးများသည် သစ်ပင်တစ်ပင်ကိုပင် အလွယ်တကူ အမြှစ်မှ ဆွဲလှန်ပစ်နိုင်လေသည်။
အမှန်တကယ်တွင် လက်သည်းကြီးသားရဲများသည် အမဲလိုက်အဖွဲ့ အမဲလိုက်ရမည့်စာရင်းထဲတွင် ပါဝင်ပေသည်။ သို့သော်လည်း မိုင်သည် ယခုအချိန်အထိ အဖွဲ့ကို တိုက်ခိုက်ရန် မပြောသေးပေ။
ထိုနေရာရှိသစ်ပင်များသည် လုံလောက်အောင် ကြီးမားနေခြင်း မရှိပေ။ အကယ်၍ ထိုသတ္တဝါသည် စားသောက်ခြင်းပြီးဆုံးသွားပါက သစ်ပင်များကို ဂရုစိုက်တော့မည် မဟုတ်ပေ။ သူသည် သူ့ခြေထောက်လေးချောင်းဖြင့် ပျင်းရိစွာပင် ဆက်လက် သွားလာနေခဲ့သည်။
၎င်းထွက်သွားသည့်အချိန်တွင် မိုင်သည် အခြားသူများကို ဦးဆောင်လိုက်ပြီး တောင်ပေါ်သို့ဆက်တက်လိုက်သည်။
သူတို့တောင်ထိပ်သို့ တက်လာကြစဉ်တွင် လန်ကာ့ သူယခင်က ထောင်ထားခဲ့သည့် ထောင်ချောက်အဟောင်းများကို လေ့လာကြည့်လိုက်သည်။ ထောင်ချောက်များ အထဲတွင် သနားစရာ သတ္တဝါ အချို့ရှိနေခဲ့သည်။ သူတို့ထောင်ချောက်မိသည်မှာ အချိန်သိပ်မကြာသေးသဖြင့် သူတို့အားလုံး အသက်ရှင်နေကြသေးသည်။ ထို့နောက် အမဲလိုက်အဖွဲ့မှ စစ်သည်တော်များက သူတို့ကို သတ်ဖြတ်လိုက်ကြသည်။
ထိုထောင်ချောက်များသည် ကြီးမားလှခြင်းမရှိနေပေ။ ထို့ကြောင့်ဖမ်းမိသည့် သတ္တဝါများသည်လည်း သေးငယ်သော အကောင်လေးများသာ ဖြစ်ကြသည်။
ထိုထောင်ချောက်များကို စီစဉ်နေရင်း လန်ကာ့ သူ၏ အတွေ့အကြုံများကို ရှောက်ရွှမ်ကို ပြောပြပေးနေခဲ့သည်။
သားကောင်များကို စီစဉ်နေကြသည့် စစ်သည်တော်များကို ညွှန်ပြလိုက်ပြီး လန်ကာ့ ရှင်းပြလိုက်သည်။ “ မင်း တစ်ကောင်ကောင်ကို ဖမ်းမိပြီဆိုတာနဲ့ အရင်ဆုံးလုပ်သင့်တာက အဲ့ဒီအကောင်က ဖျားနာနေလားဆိုတာကို ကြည့်ဖို့ပဲ။ ဥပမာ ပြောရရင် ခုနက ငါတို့ဖမ်းမိတဲ့ သတ္တဝါတစ်ကောင်ဆို
ရင် မျက်လုံးအရောင်တွေ မရှိနေဘူး၊ ပြီးတော့ သူ့သားမွေးတွေပေါ်မှာလည်း အစက်အပျောက်တွေ ပေါ်နေကြတယ်။ တကယ်လို့ မင်းသူ့ကို ပိုင်းဖြတ်ကြည့်မယ်ဆိုရင် ထူးခြားတဲ့အနံ့တစ်ခုခုကို ရလိမ့်မယ်။ အဲ့ဒီလိုမျိုးသတ္တဝါက အသက်ရှင်နေပေမယ့် အကြာကြီးတော့ အသက်ရှင်မှာမဟုတ်တော့ဘူး။ တကယ်လို့ တစ်ယောက်ယောက်သာ အဲလိုမျိုးအသားကို စားမယ်ဆိုရင် အဲ့ဒီသတ္တဝါနဲ့ တူညီတဲ့ ရောဂါ ရနိုင်တယ် “
ထိုအချိန်တွင် သားကောင်များကို အမဲဖျက်နေခဲ့ကြသည့် စစ်သည်တော်များ သူတို့၏ အလုပ်များ ပြီးသွားကြပြီဖြစ်သည်။ သားကောင်များကို ရင်ခွဲထားကာ ကလီစာများကို ထုတ်လိုက်ကြသည်။ ထို့နောက် အသားများကို အသားချောင်းများအဖြစ် ပြုလုပ်လိုက်ကြကာ အနံပျောက်စေရန် အမွေးအကြိုင် အရွက်တစ်ချို့ ကြိုထည့်ထားသည့် သားရေအိတ်ထဲသို့ ထည့်ထားလိုက်ကြသည်။
မိုင်သည် အုပ်စုကို ဆက်လက်ဦးဆောင်နေခဲ့ပြီး တောင်ထိပ်သို့ တက်လာခဲ့သည်။ သူတို့သည် လမ်းတစ်လျှောက်တွင် ကြီးမားသောသားကောင်များကို အမဲလိုက်ခြင်းမျိုး မပြုလုပ်ခဲ့ပေ။
တောင်ထိပ်ရာသီဥတုသည် တောင်ခြေရာသီဥတုလောက် မငြင်သာနေခဲ့ပေ။ နေရောင်အောင်တွင် နှင်းများ ကိုတွေ့နေရသည်။
နောက်ဆုံး နေမဝင်မှီတွင် အမဲလိုက်အဖွဲ့သည် တောင်၏ တစ်ဖက်သို့ ရောက်အောင် သွားနိုင်ခဲ့ကြပြီဖြစ်သည်။ ထိုနေရာတွင် လိုဏ်ဂူတစ်ခု ရှိနေခဲ့သည်။ ထိုလိုဏ်ဂူသည် အမဲလိုက်အဖွဲ့အတွက် ခံတပ်တစ်ခုလည်း ဖြစ်သည်။ သူတို့အုပ်စုသည် ယခုညတွင် ဤလိုဏ်ဂူထဲတွင်သာ အိပ်စက်ကြပေမည်။ သူတို့အနေဖြင့် ညတစ်ညအတွက် မှီခိုရာနေရာတစ်ခု ရထားသဖြင့် အဆင်ပြေနေလေပြီ။
တစ်ရက်တာ ပင်ပန်းသော ခရီးအပြီးတွင် စစ်သည်တော်များသည် သက်တောင့်သက်သာ နေနေကြသည်။ သူတို့အနေဖြင့် ယခုတွင် အနားယူနိုင်ကြပြီဖြစ်သည်။
“ ဒီလိုဏ်ဂူထဲမှာ ဝက်ဝံတစ်ကောင် နေခဲ့ဖူးတယ်။ ငါတို့ အမဲလိုက်အဖွဲ့တွေက ဝက်ဝံကိုသတ်လိုက်ပြီးတော့ လိုဏ်ဂူကို လုယူထားလိုက်တာ “ လန်ကာ့ လိုဏ်ဂူ၏ အကြောင်း ရှောက်ရွှမ်ကို ရှင်းပြလိုက်သည်။
“ အိုး လန်ကာ့ရေ စကားမစပ် .... နောက်ဆုံး တစ်ခေါက်အမဲလိုက်ထွက်တုန်းက အားဖေး က ဘာအမှားတွေကို လုပ်ခဲ့တာလဲ .....”
လွန်ခဲ့သည့် တစ်စက္ကန့်က လန်ကာ့သည် သူ့အမဲလိုက်အတွေ့အကြုံများကို ကြွားဝါနေခဲ့သည်။ ယခုတွင်မူ သူသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီး သူ့အပြုံးများလည်း ပျောက်ကွယ်သွားခဲ့သည်။ သူရှောက်ရွမ်ကို လေသံတိုးတိုးဖြင့် ပြောပြလိုက်သည် “ ဟေး မင်းပဲစဉ်းစားကြည့်တော့ကွာ၊ အားဖေးက တောအုပ်ထဲမှာ လျှောက်လုပ်တယ်၊ ဒါကလက်ခံလို့ရသေးတယ် ၊ ဒါပေမယ့် သူက ဟေးစစ်ဖုန်းကို သွားနှောင့်ယှက်တယ်လေ “
ဟေးဖုန်း သည် သားရဲတစ်မျိုးကို ခေါ်ဆိုခြင်း မဟုတ်ပဲ ညဖက်တွင် အမဲလိုက်တတ်သည့် သားရဲများကို စုစည်းပြီးခေါ်ဝေါ်သည့် အမည် တစ်မျိုးဖြစ်သည်။ သာမန်အားဖြင့် သူတို့သည် “ ဟေးဖုန်း... ဟုသာ ခေါ်ပြီး .... ဟေးစစ်ဖုန်းသည် သူတို့ထဲမှ အမျိုးအစားတစ်မျိုးသာ ဖြစ်သည်။
နေဝင်သွားသည်နှင့် အပူချိန်ကျဆင်းလာခဲ့သည်။ ထို့ကြောင့် စစ်သည်တော်များသည် လိုဏ်ဂူ၏ အဝင်ဝကို ကျောက်တုံးကြီးတစ်ခုဖြင့် ကာဆီးထားလိုက်ကြသည်။ သို့သော်လည်း အစွန်းများမှ လေအေးများ တိုးဝင်တိုက်ခတ်နေဆဲဖြစ်သည်။ လိုဏ်ဂူထဲတွင် မီးပုံတစ်ခု ရှိနေခဲ့ပြီး များစွဦသော လူများသည် မီးပုံဘေးတွင် ဝိုင်းပတ်ထိုင်နေခဲ့သည်။ အပြင်ဖက်ရှိ ကောင်းကင်ထက်တွင် လနှစ်စင်း ရှိနေကြောင်းကို ရှောက်ရွှမ် သိလိုက်ရသည်။
လန်ကာ့နှင့် အခြားသူများ၏ အပြောအရ မနက်ဖြန်တွင် ရာသီဥတု သာယာလိမ့်မည် ဖြစ်သည်။
လိုဏ်ဂူ၏ အပြင်ဖက် တောအုပ်ထဲတွင်မူ ညဖက်ကျက်စားသည့် သတ္တဝါများသည် နှိုးထလာခဲ့ကြပြီး လှည့်လှည် သွားလာနေခဲ့ကြသည်။
တောင်ခြေဒေသတစ်နေရာရှိ အလယ်အလတ်အရွယ်အစားရှိသည့် ရေကန်တစ်ကန်တွင် ရေလှိုင်းများ လှုပ်ခတ်နေခဲ့သည်။ ကြီးမားသော ခန္ဓာကိုယ်ကြီးတစ်ခုသည် ရေထဲမှ တက်လာခဲ့ပြီး ကမ်းပေါ်သို့ ရောက်လာခဲ့လေသည်။ ရေသောက်နေကြသည့် ညဖက်ကျက်စားသည့်သတ္တဝါများသည် တိတ်ဆိတ်စွာဖြင့် ထွက်ပြေးလိုက်ကြလေသည်။
ထိုသားကောင် အသေးလေးများကို လိုက်ဖမ်းရမည့်အစား ကြီးမားသော သားရဲကြီးသည် ရေကန်ဘေးတွင် မတ်တပ်ရပ်လိုက်လေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်မှ ရေများ အောက်သို့ကျသွားပြီး ခြောက်သွေ့သွားရန် စောင့်ဆိုင်းနေခဲ့၏။ လရောင်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ ရောင်ပြန်ကျနေခြင်း မရှိတော့သည့် အချိန်မှသာ သားရဲကြီးသည် အမှောင်ထုအတွင်း ပျောက်ကွယ်သွားခဲ့လေ၏။