← Chapters

အဆင့်မြင့် သားကောင်

Vol. 3 Ch. 43

အဆင့်မြင့် သားကောင်

Vol. 3 Ch. 43

လန်ကာ့နှင့်အခြားသူများ မကြာခင်တွင်ပင် တောဝက်နားသို့ရောက်လာကြသည်။ အမှန်တကယ်တွင် သူတို့သည် နောက်နားတွင်ပင်ရှိနေကြပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။ အစက ထိုတောဝက်ကို ဖမ်းနိုင်ရန်အတွက် အချိန်တစ်ခု ယူရလိမ့်မည်ဟု သူတို့ထင်နေခဲ့ကြသည်။ မမျှောင်လင့်စွာပင် ထိုကလေးနှစ်ယောက်သည် တောဝက်ကို သတ်နိုင်ခဲ့ကြလေသည်။

“ မဆိုးဘူး “ လန်ကာ့ တောဝက်ကို ကြည့်လိုက်ပြီးပြောလိုက်သည်။

ကျောက်တုံးလှံကို အသုံးပြုသည့်အချိန်တွင် တစ်စုံတစ်ယောက်သည် လျင်မြန်ပြီး တိကျမှုရှိရန် လိုအပ်သည်။ ထို့အပြင် ခွန်အားလုံလောက်မှုလည်း ရှိရမည်ဖြစ်ပြီး မဟုတ်လျှင် အကျိုးသက်ရောက်မှုမရှိနိုင်ပေ။ တောဝက်၏ ထူထဲသော အရေခွံကို ဖောက်ပြီး လှံကိုပစ်နိုင်ရန်မှာလွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။ လန်ကာ့သည် ကလေးနှစ်ယောက်အနေဖြင့် လှံအသုံးပြုခြင်းကို ကောင်းစွာကျွမ်းကျင်နေကြပြီဟု ယူဆလိုက်သည်။ လန်ကာ့နှင့် အခြားသူများ သူတို့၏ စိတ်ထဲမှ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။

မောင်သည် ထိုနေရာတွင်ပင် ရပ်နေခဲ့ပြီး သူ့စိတ်များသည် ဗလာကျင်းနေခဲ့သည်။ သူသည် ရှောက်ရွှမ် ထိုမျှလျင်မြန်စွာ လှုပ်ရှားနိုင်လိမ့်မည်ဟု မမျှောင်လင့်ထားမိခဲ့ပေ။ ယခုတစ်ကြိမ်သည် ရှောက်ရွှမ်၏ ပထမဆုံး အမဲလိုက်သည့် အကြိမ်ဖြစ်သည်။ တော်ဝက်ကို လှံဖြင့်ပစ်ရန်နှင့် လည်ပင်းကို လှံဖြင့်ထိုးရန် ရှောက်ရွှမ် အနေဖြင့် အချိန်တစ်ခုကိုသာ ယူလိုက်ရသည်။

ဒါကတကယ်ပဲ သူ့ရဲ့ပထမဆုံးအကြိမ် အမဲလိုက်ခြင်းလား.........။

မောင်တင်မက လန်ကာ့နှင့် အခြားသူများသည်လည်း ကြိတ်ပြီးသက်ပြင်းချလိုက်မိကြသည်။ မိုင်သည် ရှောက်ရွှမ်ကို ဤတစ်ကြိမ်အမဲလိုက်ထွက်ရန် ခွင့်ပြုခဲ့ခြင်းကို မအံ့သြကြတော့ပေ။ အမှန်တကယ်လည်း ထိုကောင်လေး သည် အရည်အချင်းရှိနေခဲ့လေပြီ။

အမှန်တကယ်တွင် ရှောက်ရွှမ်သည် အလိုလိုသိစိတ်ဖြင့်သာ လှုပ်ရှားမိခဲ့ခြင်းဖြစ်သည်။ ယခုတစ်ကြိမ်သည် သူ၏ ပထမဆုံးအမဲလိုက်သည့် အကြိမ်ဖြစ်သည်။ သူ့တွင် အတွေ့အကြုံမျးာစွဦ မရှိနေခဲ့ပေ။ သို့သော်လည်း သူတောဝက်ကို လိုက်ဖမ်းသည့်အချိန်တွင် လှံဖြင့်ပစ်သင့်သည်ဟု ခံစားမိသည့် အချိန်ရှိခဲ့သည်။ ထို့ကြောင့်ပင် သူသည် ထိုခံစားမိသည့်အချိန်၌ သူ၏ နတ်စွမ်းအားများကို လှုံ့ဆော်လိုက်ကာ လှံတိုနှစ်ချောင်းကို ဆက်တိုက်ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက်တွင်မှ လှံရှည်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ အကယ်၍ တောဝက်သာ ခေတ္တမရပ်တန့်သွားပါက သူ့အနေဖြင့် လှံရှည်ဖြင့် တိကျစွာ ပစ်နိုင်ရန်မှာ ခက်ခဲပေသည်။

ရှောက်ရွှမ် သူ့လက်ထဲမှ လှံအကျိုးကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့လှံတိုနှစ်ချောင်းနှင့် လှံရှည်တစ်ချောင်းတို့ သည် ကျိုးပဲ့သွားခဲ့ရပြီဖြစ်သည်။ ပထမဆုံးနှစ်ခုသည် တောဝက်ကြောင့် ကျိုးသွားခဲ့ပြီး နောက်ဆုံးလှံရှည်သည် ရှောက်ရွှမ်၏ နောက်ဆုံးထိုးနှက်ချက်ကို မခံနိုင်သဖြင့် ကျိုးသွားခဲ့ရခြင်းဖြစ်သည်။

ကြည့်ရသည်မှာသူသည် ကျောက်တုံးလှံခေါင်းများအပြင် လက်ကိုင်ရိုးအဖြစ် အသုံးပြုသည့် သစ်သား လက်ကိုင်များကိုလည်း နောက်ပိုင်းတွင် ဂရုစိုက်ရတော့မည် ဖြစ်သည်။

“ စိတ်မပူပါနဲ့ ၊ တောထဲမှာဆိုတော့ သစ်သားပေါပါတယ်။ ငါတို့ သစ်ပင်တချို့ကို ခုတ်လှဲပြီးတော့ လိုဏ်ဂူထဲကို ယူသွားပြီး လက်ကိုင်ရိုးတွေပြန်လုပ်လို့ ရပါတယ် “ လန်ကာ့ သူ့ကို နှစ်သိမ့်လိုက်သည်။

သူတို့မျိုးနွယ်စုပတ်လည်ဒေသတွင် ကောင်းမွန်သော သစ်သားများစွာမရှိနေပေ။ ကောင်းမွန်သော ကျောက်တုံးများ ရှိသော်လည်း သစ်သားများမှာမူ စိတ်ကျေနပ်စရာ မကောင်းပေ။ ထို့ကြောင့် အမဲလိုက်ထွက်တိုင်းသည် လှံခေါင်းများကို ကြိုတင်ပြုလုပ်ပြီး အပိုယူဆောင်သွားကြကာ တောထဲ‌ရောက်မှသာ လက်ကိုင်ရိုးများကို ပြုလုပ်တတ်ကြသည်။

သားရဲအကြီးများကို ကိုင်တွယ်ရာတွင် လန်ကာ့နှင့် အခြားသူများသည် ပထမဆုံးထိုသားရဲကို သွေးထွက်အောင် ပြုလုပ်ကြလိမ့်မည် ဖြစ်သည်။ ထို့နောက် တွင် သွေးများကို ထည့်စရာများဖြင့် ထည့်လိုက်ကြပြီး နောက်ပိုင်းလိုအပ်သည့်နေရာများတွင် အသုံးပြုကြမည်ဖြစ်သည်။ သွေးထည့်သည့် ထည့်စရာပစ္စည်းများကို ဘူးသီးခြောက်နှင့်တူသော အပင်တစ်မျိုးဖြင့် ပြုလုပ်ထားတတ်ကြသည်။ သွေးများကို သောက်သုံး၍ရပြီး အသားများသည်လည်း သွေးထုတ်လိုက်ပါက ပို၍တာရှည်ခံလေသည်။

လန်ကာ့ ရှောက်ရွှမ်ကို ပြောပြလိုက်သည် “ အကြမ်းဖြင်းပြောရရင် တောဝက်တွေက သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာပဲ နေတတ်ကြတယ်။ ပြီးတော့ သူတို့က ရေနဲ့နီးတဲ့ ခြုံတွေထဲမှာ အနားယူတတ်ကြတယ်။ သူတို့စားနေကြအစာက အပြောင်းအလဲ သိပ်မရှိဘူး။ သူတို့နေတဲ့နေရာမှာ အစာမကျန်တော့တာဖြစ်ဖြစ်၊ အန္တရာယ်တစ်ခုခုရှိနေတာဖြစ်ဖြစ် ဖြစ်မှသာ သူတို့က နေရာပြောင်းတတ်ကြတာ။ တောင်ပေါ်မှာ အေးလာပြီဆိုရင် သူတို့က ပိုနွေးတဲ့ တောင်ကြားတွေကို ပြောင်းနေတတ်ကြတယ်၊ ပြီးတော့ နေပူဆာလှုံကြတာပေါ့ “

လန်ကာ့နှင့်အခြားသူများသည် တောဝက်၏ခန္ဓာကိုယ်နွေးနေစဉ်မှာပင် အရေခွံခွာလိုက်ကြပြီး ကလီစာများကို ထုတ်ယူလိုက်ကြသည်။ ထိုအချိန်တွင် မမျှော်လင့်စွာပင် ဝီစီမှုတ်သံများကို ကြားလိုက်ကြရလေသည်။

၎င်းသည် မိုင်ထံမှ အချက်ပေးသံဖြစ်သည်။ သူသည် လန်ကာ့နှင့်အခြားသူများကို လာစေချင်နေသည်။ ကြည့်ရသည်မှာသူတို့ အရွယ်အစားကြီးမားသော သားကောင်တစ်ကောင်ကို တွေ့ထားဟန် ရလေသည်။

ထို့ကြောင့် သူတို့ အ‌ရေခွံခွာနေရန် အချိန်မရတော့သဖြင့် လန်ကာ့နှင့်အခြားသူများ အချင်းချင်းကြည့်လိုက်ကြပြီး ပစ္စည်းများကို ထုပ်ပိုးကာ အသံလာရာဖက်သို့ အလျင်အမြန် သွားလိုက်ကြလေသည်။

“ တောဝက်ကိုထားခဲ့လိုက်ပြီးတော့ ငါတို့နောက်ကို လိုက်ခဲ့ “ လန်ကာ့ပြောလိုက်သည်။

ရှောက်ရွှမ်သည် တောဝက်ထံတွင် အချိန်မဖြုန်းနေတော့ပေ။ သူသည် လန်ကာ့နှင့်အခြားသူများနောက်သို့ နီးကပ်စွာ လိုက်သွားလိုက်သည်။

သားကောင်များကို အဆင့်များခွဲထားလေသည်။ ဆိုလိုသည်မှာ သားကောင်များအဆင့်အရ မတူညီသော စွမ်းအင်အဆင့်များ ပါဝင်နေသည်ဟု ဆိုလိုသည်။ အရွယ်အစားတူညီသော အသားတွင် အဆင့်မြင့် သားကောင်ထံမှ အသားသည် သင့်ဗိုက်ကို အချိန်အတန်ကြာသည် အထိ ဗိုက်ပြည့်နေစေနိုင်သည်။ အကယ်၍ သင်သာ အဆင့်နိမ့်သော သားကောင်၏ အသားကို စားလျှင် အချိန်ခနကြာလျှင် ပြန်ဗိုက်ဆာလာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် စစ်သည်တော်များသည် တောအုပ်ထဲမှ အဆင့်မြင့် သားကောင်များကိုသာ အမဲလိုက်ရန် ဦးစားပေးကြလေသည်။

ကြမ်းတမ်းသောသားရဲများလည်း သီးသန့်ရှိနေသေးသည်။ ဥပမာအားဖြင့် လန်ကာ့မနေ့ညကပြောပြခဲ့သည့် ဟေးစစ်ဖုန်း သည် ကြမ်းတမ်းသော သားရဲတစ်ကောင် ဖြစ်သည်။ မျိုးနွယ်စုမှ လူများသည် ဟေးစစ်ဖုန်းနှင့် အလွယ်တကူရင်ဆိုင်လိုခြင်း မရှိကြပေ။ သူတို့အနေဖြင့် ထိုသားရဲကို အမဲလိုက်ရန်မှာ မဖြစ်နိုင်သလောက် ဖြစ်သည်။

မြေတုန်နေသည့် အသံများကို ကြားနေရသည်။ ကြည့်ရသည်မှာ သားရဲတစ်ကောင်ကောင်သည် မြေကြီးကို ဆောင့်နင်းနေဟန် ရှိသည်။ သစ်ကိုင်းများ ကြိုးပဲ့သံများကိုလည်း ကြားနေရလေသည်။ သေးငယ်သော သတ္တဝါလေးများသည် သူတို့၏ အသက်ဘေးအတွက် အန္တရာယ်များသော ထိုနေရာမှ ထွက်ပြေးပုန်းရှောင်နေကြလေသည်။

“မင်းတို့နှစ်ယောက် သေချာလိုက်လာခဲ့ “ လန်ကာ့ ရှောက်ရွှမ်နှင့် မောင် တို့ကို အနီးကပ် မသွားစေရန် သတိပေးလိုက်သည်။ ထို့နောက် အခြားသူများနှင့် အတူ အသံကြားရာဖက်သို့ သွားလိုက်ကြသည်။

ထိုသားရဲကောင်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် ရှောက်ရွှမ် တံတွေးမျိုချမိလိုက်သည်။

နောက်ဆုံးတွင် လန်ကာ့နှင့် မိုင်တို့ အဘယ်ကြောင့် တောဝက်ကိုသေးငယ်သော အကောင်လေး ဟု ပြောခဲ့သည်ကို သူသိသွားသည်။ သူ့ရှေ့ရှိကြီးမားသော သားရဲကြီးနှင့် ယှဉ်လျှင် ယခင်က သူတို့သတ်ခဲ့သည့် တောဝက်သည် အရုပ်ကားလေး တစ်ရုပ်စာမျှသာ ရှိတော့သည်။ ဤသားရဲသည်ကား ကြီးမားသော တင့်ကားတစ်စီးပင်ဖြစ်ပေလိမ့်မည်။

“ အစွယ်လေးခု တောဝက်ရိုင်းပဲ .... အဲ့ဒါ အစွယ်လေးခု....... “ သူ့ဘေးတွင်ရပ်နေသော မောင် စိတ်လှုပ်ရှားသွားပြီး အံ့သြသင့်သွားလေသည်။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သော သားရဲကိုရင်ဆိုင်ရန်မှာ သူတို့အတွက် မလွယ်ကူနိုင်ပေ။ ကံကောင်းစွာနှင့် သူ၏ဒုတိယ အကြိမ် အမဲလိုက်ခရီးစဉ်တွင် ဤသားရဲကို မြင်ဖူးလိုက်သည်။ သူစိတ်မလှုပ်ရှားပဲ မနေနိုင်တော့ပေ။

ပုံမှန်ဆိုလျှင် တောက်ဝက်ရိုင်း အထီးများသည် အပေါ်ဖက်သို့ ကွေးတက်နေသော အစွယ်များ ရှိကြလေသည်။ ယခု ဆယ်မီတာခန့် တောင်တစ်လုံးခန့် ကြီးမားသော တောဝက်ရိုင်းကြီးတွင်မူ အစွယ်လေးခု ရှိနေခဲ့သည်။ အခြားသာမန် တောဝက်များကဲ့သို့ အစွယ်တစ်စုံသည် ပါးစပ်အတွင်းမှ ထွက်နေခဲ့ပြီး ကျန်သော အစွယ်သုံးစုံသည် သူ၏ မျက်နှာပေါ်တွင် ရှိနေခဲ့သည်။ ထိပ်ဆုံး အစွယ်သည် သူ့နှဖူးထက်တွင် ရှိနေလေသည်။ ထိုအစွယ်သည် အခြားအစွယ်သုံးခုထက် အနည်းငယ် ပိုတိုနေခဲ့သည်။

ထိုအစွယ်လေးစုံတို့သည် တစ်ဖက်တည်းသို့ ကွေးတက်နေခဲ့ပြီး ဒိုင်းကာတစ်ခုနှင့်တူနေခဲ့သည်။ ၎င်းသည် ရှေ့တွင်ရှိသည့် သစ်ပင်များကို အလွယ်တကူပင် ချိုးဖြတ်နိုင်စွမ်း ရှိနေသည်။

ထိုအစွယ်များသည် သူ၏မြင်ကွင်းကို မကွယ်နေဘူးလားဟု ရှောက်ရွှမ် တွေးလိုက်မိသည်။

မျိုးနွယ်စုမှ လူများ၏ အမျိုးအစားခွဲခြားချက်အရ အစွယ်သုံးစုံ တောဝက်ရိုင်းကို ကြမ်းတမ်းသားရဲဟု သတ်မှတ်နိုင်သည်။ အစွယ်လေးစုံဆိုလျှင် ပြောနေစရာပင်မလိုတော့ပေ။

သူ့နောက်ကျောရှိ အမွေးများသည် စိတ်လှုပ်ရှားမှုနှင့် ဒေါသကြောင့် သံမဏိ အပ်ချွန်များကဲ့သို့ ထောင်မတ်နေခဲ့ပြီး တောဝက်ကြီးကို ကြောက်မက်ဖွယ်သွင်ပြင် ဖြစ်နေစေသည်။

ထိုတောဝက်ကို ရှောက်ရွှမ် ကြည့်လိုက်သောအခါ သူ့ခန္ဓာကိုယ်ပေါ်တွင် လှံအချို့စိုက်ဝင်နေပြီး ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုလှံများသည် အသားနက်ထဲသို့ စိုက်ဝင်နေခြင်းမရှိပေ။ သူတို့သည် လှံများကို အသားနက်နက်ထဲသို့ ဝင်သွားစေရန် ကြိုးစားနေကြလေသည်။ ကျိုးကျနေသော လှံများလည်း တောဝက်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် စိုက်ဝင်နေသည်ကို တွေ့နေရသည်။

တောဝက်ပတ်ပတ်လည်တွင် ပုံရိပ်များစွာသည် လှုပ်ရှားတက်ကြွနေခဲ့ကြသည်။

မိုင်သည် တောဝက်ကြီး ရုန်းကန်လိုက်မှုကြောင့် လွင့်ထွက်လာခဲ့သည့် သစ်ကိုင်းကြီးတစ်ခုကို ရှောင်တိမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲမှ ခွန်အားများသည် စုစည်းသွားခဲ့ပြီး အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ ထို့‌နောက်မိုင်သည် တောဝက်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် စိုက်ဝင်နေခဲ့သည့် လှံတစ်ချောင်းပေါ်သို့ ခုန်တက်လိုက်လေသည်။ ထို့နောက်တွင် သူသည် တောဝက်ကြီးကို သူ့လက်သီးများဖြင့် ထိုးချလိုက်သည်။

လက်သီးထိုးချလိုက်သည့်နေရာရှိ အသားများသည်တုန်ခါသွားခဲ့ပြီး လှိုင်းထသကဲ့သို့ဖြစ်သွားခဲ့သည်။

တောဝက်ကြီးသည် လက်သီးချက်ကြောင့် ကျယ်လောင်စွာနှင့် အော်မြည်လိုက်သည်။ သူ့နှုတ်သီးဖျားကို လေမုန်တိုင်းတိုက်ခတ်သကဲ့သို့ ဝှေ့ယမ်းလိုက်ပြီး ဘေးဖက်ရှိသစ်ပင် သစ်ကိုင်းများကို လွင့်စင်သွားစေခဲ့သည်။

မဝေးလှသောနေရာတွင် ရပ်နေသည့် ရှောက်ရွှမ်လည်း ထိုတိုက်ခိုက်မှုကို ကြုံလိုက်ရသည်။

အရမ်းနံတာပဲဟ ........

အထိုးခံနေရသော်ကြောင့် တောဝက်ကြီးဒေါသထွက်လာခဲ့လေပြီ။ လမ်းတွင်ရှိနေသော ကျောက်တုံးများကို သူ၏ ခွာဖြင့် ဖိနင်းလိုက်လေသည်။ ထို့နောက် သူ့ရှေ့တွင် ရှိနေသော အရာအားလုံးနီးပါးကို ဖျက်ဆီးရန်ပြင်လိုက်သည်။ ၎င်းထံတွင် ပြင်းထန်သော အရှိန်နှင့် ခွန်အားများ ရှိနေခဲ့သည်။ ထို့အပြင် တောဝက်ကြီးသည် ယခင်ကထက်ပင် ပို၍ လျှင်မြန်စွာ ပြေးလွှားနိုင်နေလေသည်။

“ သူ့ကို ရေ နားမရောက်စေနဲ့ “ မိုင် အော်လိုက်သည်။

သူ့အနေဖြင့် တောဝက်ကြီးကို တောအုပ်ထဲသို့မောင်းသွင်းရန် အတော်လေး ကြိုးပမ်းထားခဲ့ရသည်။ ထို့ကြောင့် ၎င်းကိုလွယ်လွယ်နှင့် အလွှတ်မပေးနိုင်ပေ။ ထို့အပြင်ရေကန်နားတဝိုက်တွင်လည်း သူတို့ကို အန္တရာယ်ပေးနိုင်သည့် သားရဲများ ပုန်းအောင်းနေနိုင်သည်။ ကံကောင်းစွာနှင်ပင် ထိုသားရဲကြီးများသည် နေ့ခင်းဖက်တွင် ထွက်ပေါ်လာတတ်ကြခြင်း မရှိကြပေ။

စစ်သည်တော် ဆယ့်ငါးယောက် ...... သူတို့ထဲမှ ငါးယောက်သည် အလယ်အလတ်အဆင့် စစ်သည်တော်များ ဖြစ်ကြသည်။ သို့သော်လည်း သူတို့အားလုံးသည် ထိုတောဝက်ကြီးကို ရပ်တန့်ရန် မလုပ်နိုင်ကြပေ။ ကံကောင်းစွာနှင့် ချောင်းနှင့် အခြားသူများသည် ဝီစီသံကြောင့် ရောက်လာခဲ့ကြပြီး အမဲလိုက်ခြင်းကို ပါဝင်ကူညီလိုက်ကြသည်။

သူတို့သည် တူများ၊ ပုဆိန်များ၊ နှင့် ကျောက်တုံး ချိန်းကြိုးများ ၊လက်ထိပ်များ ရှိရှိသမျှအားလုံးကို အသုံးပြုလိုက်ကြလေသည်။ လှံများစွာသည် အမဲလိုက်ခြင်းအတွင်း ကျိုးသွားကုန်ကြပြီဖြစ်သည်။ ထို့နောက်တွင် အစွယ်လေးစုံ တောဝက်ကြီးကို တောအုပ်ထဲမှ ထွက်မပြေးနိုင်စေရန် လုပ်နိုင်ခဲ့ကြပြီဖြစ်သည်။

တောဝက်ကြီး မြေပြင်ပေါ်သို့ လဲကျသွားသည့်အသံကို ကြားလိုက်ရသည့်အချိန်တွင် ရှောက်ရွှမ် ၏ စိတ်နှလုံး ပြန်တည်ငြိမ်သွားခဲ့သည်။ သူသည် စိတ်သက်သာရာ ရသွားခဲ့ပြီဖြစ်သည်။ ထို့နောက် လန်ဂထံမှ “ လုံခြုံသည် “ ဟူသည့် လက်အမူအယာကို မြင်လိုက်ပြီးမှသာ လန်ကာ့ထံသို့ သွားလိုက်သည်။

တောဝက်ငယ်၏ သွေးများထည့်ထားသော ထည့်စရာအတွင်းမှ သွေးများကို မြေကြီးပေါ်သို့ သွန်ချလိုက်ပြီး တောဝက်ကြီး၏ သွေးများကို ထည့်လိုက်သည်။ ထိုသွေးများသည် ပို၍ အာဟာရဖြစ်စေပေသည်။ လန်ကာ့ ရှောက်ရွှမ်ကို တစ်ကြိမ်လျှင် တစ်စက်သာ သောက်ရန် ပြောလိုက်သည်။ အဘယ်ကြောင့် ဆိုသော် စွမ်းအင်နှိုးထသူအသစ်များသည် ထို့ထက်ပိုသောက်နိုင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သူတို့ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။

သူတို့သည် အဆင့်မြင့် အရည်အသွေးရှိသော သားကောင်ကို ဖမ်းဆီးနိုင်ခဲ့သဖြင့် အခြား သတ္တဝါများကိုလိုက်ဖမ်းနေခြင်းကို မလုပ်တော့ပေ။ အကြမ်းဖြင်း လှီးဖြတ်လိုက်ပြီးနောက် လူများသည် တောဝက်ကြီးကို လိုဏ်ဂူဆီသို့ ပြန်ယူသွားလိုက်ကြသည်။

သူတို့လိုဏ်ဂူထံသို့ ပြန်ရောက်သည့်အချိန်တွင် နေမွန်းလွဲနေခဲ့ပြီဖြစ်သည်။ လူတိုင်းသည် ပင်ပန်းနွမ်းနယ်နေခဲ့ကြလေပြီ။

“ ကံကောင်းတာက ငါတို့ သူ့ကို ရေကန်ဆီကု ပြေးမသွားနိုင်အောင် ထိန်းချုပ်ထားနိုင်ခဲ့လို့ပဲ။ မဟုတ်လို့ ဟေးစစ်ဖုန်းကို နှောင့်ယှက်မိမယ်ဆိုရင် ငါတို့ပြဿနာရှိလာနိုင်တယ် “လန်ကာ့ ထိတ်လန့်နေဆဲဖြစ်သည်။

အခြားသူများလည်း သူ့နည်းတူခံစားလိုက်ကြရပြီး သူတို့ကံကောင်းသည်ဟု ယူဆလိုက်ကြသည်။

ထိုတောဝက်ကြီး၏ အသားများကို နေ့လည်စာအဖြစ်ကင်စားလိုက်ကြပြီး စစ်သည်‌တော်များလည်း အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။

သူစားပြီးသည့်အချိန်တွင် သူ့ကိုယ်အတွင်း၌ နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းနေသည်ကို ရှောက်ရွှမ် ခံစားလိုက်ရသည်။ ထိုအရာသည် သက်တောင့်သက်သာ ရှိလှပေသည်။ အဆင့်မြင့် အသားများကို စားလိုက်ရခြင်း၏ အကျိုးကျေးဇူးများ ဖြစ်ကြပေသည်။ ကုန်ဆုံးသွားသော ခွန်အားများသည် တဖြေးဖြေး ချင်းပြန်ပြည့်လာခဲ့သည်။ ထို့နောက် သူသည် အိပ်ငိုက်လာခဲ့လေပြီ။

“အခု တရေးအိပ်ပြီးတော့ အားဖြည့်ထားလိုက်ကြ။ မင်းလို စွမ်းအင်နှိုးထကာစ လူတွေက စွမ်းအင်ပါဝင်မှုများတဲ့ အစာတွေကို ချေဖျက်ဖို့ အချိန်ပိုလိုအပ်တယ် “ မိုင်ပြောလိုက်သည်။

ထိုအချိန်တွင် ချောင်သည် သူမ ဦးချိုကြီး သမင်တစ်ကောင်ကို ခြေရာခံမိထားကြောင်းကို ပြောပြနေခဲ့သည်။ ထိုသမင်ကို နေ့လည်ဖက်တွင် အမဲလိုက်ရန် သူတို့ စီစဉ်လိုက်ကြသည်။ သားကောင်ကြီးဖြစ်သောကြောင့် မိုင်သည် လူအတော်များများကို ခေါ်သွားရန်စီစဉ်လိုက်ပြီး လန်ကာ့နှင့် အခြားသူလေးယောက်ကို လိုဏ်ဂူအစောင့်အဖြစ် ထားခဲ့ရန် စီစဉ်လိုက်သည်။ ထို့အပြင်သူတို့သည် အစာချေဖျက်နေပြီး အိပ်ပျော်နေသည့် ကလေးနှစ်ယောက်ကို စောင့်ရှောက်နိုင်ပေမည်။

သူနိုးလာသည့်အချိန်တွင် လန်ကာ့အပါအဝင် စစ်သည်တော် ငါးယောက်သာ ကျန်နေခဲ့ကြောင်း ရှောက်ရွှမ်သိလိုက်သည်။ ရေသောက်လိုက်ပြီးသော်လည်း ရှောက်ရွှမ် အိပ်ငိုက်နေဆဲဖြစ်သည်။ မိုင်နှင့်အခြားသူများ အမဲလိုက်ထွက်နေကြောင်းကို သိလိုက်ရသဖြင် သူထပ်မံအိပ်စက်ရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်တွင် အန်းသည် အပြင်မှ လေးနက်‌သောမျက်နှာဖြင့် အလောတကြီးဝင်လာခဲ့သည်။

All Chapters