← Chapters

ဖြူလျော်နေသော မျက်နှာများ

Vol. 4 Ch. 46

ဖြူလျော်နေသော မျက်နှာများ

Vol. 4 Ch. 46

ဂူအဝကို ပိတ်ထားခဲ့သည့် ကျောက်တုံးကြီးအနည်းငယ် ရွေ့သွားပြန်သည်။ ထို့နောက် တုန်ယင်နေသော အသံသည် ပို၍ ကျယ်လောင်လာခဲ့ကာ ထင်ရှားလာလေသည်။

ထိုအသံကို နား‌ထောင်ရခြင်းအားဖြင့် ပြင်ပမှ မည်သည့် သတ္တဝါသည် ကျောက်တုံးကို ရွေးနေခဲ့ကြောင်းကို မောင် ခန့်မှန့် နိုင်လိုက်သည်။

ထို့ကြောင့်ပင် မောင်၏ မျက်နှာ ချက်ချင်း ဖြူလျော်သွားခဲ့၏။ သူ့သွေးများ အားလုံးသည် အေးခဲသွားသကဲ့သို့ဖြစ်နေခဲ့ကာ သူ၏ နေရာတွင်ပင် မတ်တပ်ရပ်နေမိ၏။ သူ့မျက်လုံးများမှာမူ ဂူအဝကိုသာ စိုက်ကြည့်နေခဲ့လေသည်။

အပေါ်ဖက်ရှိ လေဝင်ပေါက်ကို လေ့လာကြည့်ပြီးနောက်တွင် ရှောက်ရွှမ် ပြန်ခုန်ဆင်းလာခဲ့ပြီး မောင်၏ ပုခုံးကို ပုတ်လိုက်လေသည်။ မောင်သည် ကြောက်ရွံ့မှုကြောင့် ထခုန်လုမတတ်ပင်ဖြစ်သွားရသည်။

တုန်ယင်နေသည့် နူတ်ခမ်းများဖြင့် မောင် ဘာပြောရမည်ကို မသိနေခဲ့ပေ။ မည်သို့ပြင်ဖြစ်စေ သူနှင့်ရှောက်ရွှမ်တို့ နှစ်ယောက်လုံးသည် စွမ်းအင်နှိုးထသူ အသစ်လေးများသာ ဖြစ်ကြသည်။ သူတို့၏ ခွန်အားဖြင့် အပြင်ဖက်တွင်ရှိနေသည့် သတ္တဝါကြီးကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့၏ ခွန်အားကွာဟချက်သည် ကြီးမားပြီး သူတို့မည်မျှပင် ရဲရင့်သည်ဖြစ်စေ အမှန်တရားကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ရှောက်ရွှမ် သူ့ဓါးကိုထုတ်ယူလိုက်ပြီး မောင်ကို အပေါ်ဖက်မှတဆင့် လွတ်မြောက်နိုင်ကြောင်း ညွှန်ပြလိုက်သည်။ သူသည် နေရာတစ်ခုလုံးကို သေချာလေ့လာထားခဲ့ပြီး ဖြစ်ပြီး လေဝင်ပေါက်များ တွင် မည်သည့်အန္တရာယ်ပေးနိုင်သည့် သတ္တဝါကိုမှ မတွေ့ရပေ။ သူတို့အနေဖြင့် လေဝင်ပေါက်များ မှ တဆင့်ထွက်သွားခြင်းသည် လိုဏ်ဂူထဲတွင် အစားခံရန် စောင့်နေသည်ထက်တော့ ပိုကောင်းပေလိမ့်မည်။

လိုဏ်ဂူအဝသည် ပိုဟလာခဲ့ပြီး လေများ အတွင်းဖက်သို့ တိုက်ခတ်လာလေသည်။ မီးတောက် သည် ပို၍ ကြမ်းတမ်းစွာပင် ကခုန်နေခဲ့လေပြီ။

သူတို့အနေဖြင့် ကြောက်နေရန် စဉ်းစားတွေဝေနေရန် အချိန်မရနိုင်တော့ပေ။ မောင် သူ့ဖာသာ တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။ ထို့နောက် သူ ရှောက်ရွှမ် နောက်သို့ သူ့အရိုးဓါးကို ယူလိုက်ပြီး လိုက်တက်သွားလိုက်သည်။ စစ်သည်တော်များက တောအုပ်ထဲတွင် အန္တရာယ်များကြောင်း ပြောခဲ့သော်လည်း သူတို့အနေဖြင့် အပြင်သို့

ထွက်ရန်သာ ရွေးချယ်စရာ ရှိနေခဲ့သည်။

အကယ်၍ သူတို့သာ လေဝင်ပေါက်များမှ တဆင့်ထွက်သွားခဲ့လျှင် အသက်ရှင်နိုင်သည့် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။ အတွင်း ၌သာ စောင့်နေခဲ့လျှင် သူတို့အနေဖြင့် ကံကြမ္မာဆိုးကို ကြုံရနိုင်သည်။ သူတို့ ခွန်အား မထုတ်လိုက်နိုင်မှီမှာပင် ထို ဟေးစစ်ဖုန်း၏ လက်ချက်မိသွားနိုင်သည် မဟုတ်ပေလော။

လေဝင်ပေါင်သည် ရှောက်ရွှမ် နှင့် မောင်တို့ တစ်ကိုယ်ရေ ဝင်စာလောက်သာ ကျယ်ပြန့်သည်။ အကယ်၍ သူတို့သာ ယခုထက်ပိုပြီး အသက်ကြီးနေခဲ့လျှင် သူတို့ ဤလေဝင်ပေါက်မှ ထွက်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့လေဝင်ပေါက်မှ တိုးထွက်နေစဉ်မှာပင် ဂူအဝသည် တစ်ဝက်ခန့် ပွင့်သွားခဲ့ပြီဖြစ်သည်။

ဦးချိုများ လှုပ်ခါနေသည့်အသံသည် လေထုထဲတွင် ပဲ့တင်ထပ်နေခဲ့၏။ ကြည့်ရသည်မှာ ထိုဟေးစစ်ဖုန်းသည် စိတ်လှုပ်ရှားနေဟန် ရပေသည်။ လိုဏ်ဂူတစ်ခုလုံး ထိုအသံဖြင့် ပြည့်နေခဲ့လေပြီ။

တော်အုပ်ထဲမှ သတ္တဝါများသည် မီးကို ကြောက်လန့်တတ်ကြလေသည်။ သို့သော် အကုန်တော့မဟုတ်ပေ။ ထို့အပြင် ဂူထဲမှ မီးပုံသည် အလွန်အမင်း ကြီးမားနေခြင်း မရှိပေ။ ခန္ဓာကိုယ်အလျား ဆယ်မီတာထက်ကျော်နေသော ဟေးစစ်ဖုန်းတစ်ကောင်အတွက် ထိုမီးသည် ချိန်းခြောက်မှုတစ်ခု မဖြစ်နိုင်ပေ။

သူသည် ဗလာကျင်းနေသော ဂူတစ်ခုကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားဟန်တူသည်။ ဟေးစစ်ဖုန်းသည် သိလိုစိတ်များ ဖြင့် ပြည့်နှက်နေခဲ့လေ၏။ ၎င်းသည် အတွင်းသို့တဖြေးဖေး လှမ်းဝင်လာခဲ့သည်။ ထို့နောက် အတွင်း မှ အနံကို အာရုံခံနိုင်ရန်အတွက် သူ၏ ခွပုံစံလျှာ အရှည်ကြီးကို ထုတ်လိုက်လေသည်။ ထို့နောက် သူ၏ ရေဒါနှင့်တူသော နားများဖြင့် အသံများကို ဂရုတစိုက်နားထောင်နေခဲ့လေသည်။ မီးတောက်များသည် သူ့အတွက် စိတ်ရှုပ်ထွေးစရာတစ်ခုဖြစ်နေခဲ့၏။ သို့နှင့် ၎င်းသည် မီးပုံဆီသို့ လျင်မြန်သော အရှိန်ဖြင့် ပြေးလာခဲ့ပြီး မီးပုံကို ခြေထောက်များဖြင့် နင်းကာ ငြိမ်းသတ်လိုက်သည်။

ဘန်း.....

သူ၏အကြေးခွံများသည် မီးတောက်များလောင်ကျွမ်းခြင်းမှ ကာကွယ်ထားပေးခဲ့၏။ ထို့နောက် ခြေတစ်လှမ်းတည်းဖြင့်ပင် မီးပုံကို မီးငြိမ်းလိုက်လေသည်။ လိုဏ်ဂူတစ်ခုလုံး အမှောင် ဖုံးသွားပေပြီ။

အတွင်း ၌ မည်သည့်လူမှ ရှိမနေခဲ့ပဲ၊ အစွယ်လေးစုံတောဝက်၏ အသားညှီနံ့များသာ ရှိနေခဲ့သည်။ သို့သော်လည်း ၎င်းသည် လူများစွာ၏ ကျန်နေခဲ့သည့် အနံ့များကို ရလိုက်သည်။ သူရင်းနှီးနေသာ လူများ၏ အနံ့များပင် ပါဝင်နေပေသေးသည်။

ထိုလူများနှင့် နောက်ဆုံးတစ်ကြိမ်က ဆုံတွေ့ခဲ့သည်ကို ပြန်တွေးမိလိုက်သဖြင့် သူ့ခန္ဓာကိုယ်မှ ဆူးချွန်များ နောက်တစ်ကြိမ် တုန်ခါလာပြန်သည်။

ရှ...ရှ.....ရှ........

ဆူးချွန်များ တုန်ခါနေခြင်း သည် ယခင်အကြိမ်များထက်ပင် ပိုပြင်းထန်လာခဲ့သည်။

လေဝင်ပေါက်၏ အပြင်ဖက်တွင် ရှောက်ရွှမ်နှင့် မောင်တို့သည် ကျောက်တုံးနံရံကို မှီထားပြီး မတ်တပ်ရပ်နေခဲ့ကြသည်။ သူတို့ လိုချင်နေသည်မှာ ထို ဟေးစစ်ဖုန်းပြန်ထွက်သွားရန်သာ ဖြစ်သည်။ မိုင်နှင့်အခြားသူများသာ ပြန်လာခဲ့လျှင်လည်း အဆင်ပြေနိုင်ပေသည်။

ရှောက်ရွှမ် အသက်အောင့်ထားမိသည်။ ထို့နောက်သူသည် လိုဏ်ဂူထဲမှ အသံများကို နားစွင့်နေလိုက်၏။ တစ်ခါတစ်ရံတွင် အသံတချို့ သူ့နားထဲသို့ ဝင်လာခဲ့သည်။ သို့သော် ဂူအတွင်း၌ မည်သည့်အရာများ ဖြစ်နေသည်ကို သူမသိနေပေ။ မီးပုံကို ခြေထောက်ဖြင့် နင်းလိုက်ပြီး မီးငြိမ်းလိုက်သည်ကိုလည်း ရှောက်ရွှမ် သိလိုက်သည်။ သူသည် သူ့ကြွက်သားများကို တင်းမာနေသည့် အ‌ခြေအနေတွင် ထားရှိလေသည်။

အချိန်တစ်ချို့ ကြာသွားပြီးနောက် မည်သည့်အသံကိုမှ မကြားရတော့ပေ။ ဟေးစစ်ဖုန်း ထွက်ခွာသွားပြီလော.......။ ကောင်းကင်သည် ပိုမှောင်နေခဲ့ပြီဖြစ်သည်။ အကယ်၍ အလင်းတချို့ရှိနေလျှင်ပင် ဂူထဲမှ အခြေအနေများကို သူတို့သေချာတွေ့ရလိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူတို့ရောက်နေသည့်နေရာသည် ဂူအဝကို မမြင်နိုင်သည့်နေရာတွင် ဖြစ်သည်။

ရှောက်ရွှမ် စဉ်းစားနေခဲ့ရင်း သူ့ဦးရေပြားများ ထုံကျဉ်သွားသည်ကို ခံစားလိုက်ရသည်။ သူ့ကျောရိုးတစ်လျှောက် အေးစက်မှုများဖြတ်သန်းသွားသည်။

လေဝင်ပေါက်မှ အနည်းငယ်ကွာဝေးသည့်နေရာတစ်ခုကို သူသွားလိုက်သည်။ သူသွားနေစဉ် မောင်ကိုပါ ဆွဲခေါ်လာခဲ့ရန်ကိုမူ သူမမေ့ခဲ့ပေ။ ထို့နောက် မောင်ကို လေဝင်ပေါင်အနီး သိပ်မကပ်ရန် သူသတိပေးလိုက်သည်။

မောင် ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။

ထို့နောက် ခန္ဓာကိုယ်အမူအယာဖြင့် ရှေက်ရွှမ်ကို မေးလိုက်လေသည်။ ရုတ်တရက် သူ့နားရွက်ဘေးမှ လေပြင်းတစ်ချက် တိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။ ထိုလေပြင်းထဲတွင် သတ်ဖြတ်လိုသော အေးစက်သည့် ခံစားချက်များ ပါဝင်နေခဲ့သည်။ မောင် သူ၏ မွှေးညှင်းများအားလုံးပေါက်ကွဲထွက်သွား သကဲ့သို့ ခံစားလိုက်ရသည်။

တင်း....

သတ္တဝါကြီး၏ လက်သည်းများသည် တောင်စောင်းကို ကုတ်ချစ်လာခဲ့သည်။ ထို့နောက် မောင့်ကိုယ်ပေါ်သို့ ကျောက်တုံး အစအနများ ပြုတ်ကျလာလေသည်။ သူ့လက်မောင်းသည်ပင် ကျောက်တုံးများကြောင့်အနည်းငယ် ခြစ်မိသွားခဲ့သည်။ မောင့်အနေဖြင် ထိုဒဏ်ရာကို ဂရုစိုက်နေရန် အချိန်မရတော့ပေ။

သူ့နှလုံးသားသည် ပြင်းထန်စွာဖြင့် တုန်ယင်နေခဲ့လေပြီ။

သတ္တဝါကြီး၏ လက်သည်းများ လေဝင်ပေါက်ထဲမှ ထွက်လာသည်ကို သူမမြင်လိုက်ပေ။

ထို့အပြင် မည်သည့်အသံကိုမှလည်း မကြားခဲ့ပေ။

ထိုအရာများဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ အကယ်၍ ရှောက်ရွှမ်သာ သူ့ကို ဘေးဖက်သို့ မဆွဲသွားခဲ့လျှင် အကယ်၍ လေဝင်ပေါက်သာ သတ္တဝါကြီး၏ လက်တစ်ချောင်းလုံး ဝင်ဆန့်နေခဲ့လျှင် သူသည် ထိုကြီးမားသော အနက်ရောင် လက်သည်းကုတ်ချက်ကြောင့် သေဆုံးနေပြီး ဖြစ်ပေလိမ့်မည်။

လက်သည်းကြီးသည် လေဝင်ပေါက်မှ တဆင့်ထွက်ပေါ်လာခဲ့ပြီး ကျောက်တုံးများကို ဖဲ့ယူလိုက်ကာ အတွင်းသို့ပြန်ဝင်သွားခဲ့သည်။

လက်သည်းသည် ရှောက်ရွှမ်တို့ကို မထိခိုက်မိခဲ့သော်လည်း ကျောက်တုံးများ ပဲ့ကုန်ကြပြီဖြစ်ပြီး လေဝင်ပေါက်သည် အနည်းငယ် ကျယ်ပြန့်လာခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ မတားဆီးခဲ့လျှင် သတ္တဝါကြီးသည် လေဝင်ပေါက်ကို ထပ်ပြီး ချဲ့ထွင်နေမည်လော.......။

သိသာသည်မှာ ဟေးစစ်ဖုန်းသည် ရှောက်ရွှမ်နှင့်မောင်တို့ လေဝင်ပေါက်မှတဆင့် အပြင်သို့ ရောက်နေသည်ကို သိထားပြီး ဖြစ်ပေမည်။ သူသည် လေဝင်ပေါက်ကို သာ အာရုံစိုက်နေခဲ့ပြီး ရှောက်ရွှမ်တို့ကို အမိဖမ်းလိုနေခဲ့သည်။

“ သွား..... “

ရှောက်ရွှမ်နှင့်မောင်တို့ အလျင်အမြန်လှုပ်ရှားလိုက်ကြသည်။

သူတို့အနေဖြင့် ဂူအပြင်ဖက် တောင်စောင်းတစ်လျှောက်ပြေးလွှားရန်မှာ အလွန်မခက်ခဲနေပေ။ သူတို့အနေဖြင့် အမှားအယွင်းမလုပ်မိရန်သာ လိုအပ်သည်။ သူတို့သာ တစ်စုံတစ်ခုမှားယွင်းခဲ့လျှင် တောင်စောင်းမှ ပြုတ်ကျသွားမည် ဖြစ်သည်။ သူတို့ပြုတ်ကျလျှင်သော်မှ သူတို့၏ ခွန်အားများနှင့်လျင်မြန်မှုအရ သေသည်အထိတော့ ဖြစ်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ဟေးစစ်ဖုန်းက သူတို့ကို ဖမ်းမိသွားနိုင်ပေသည်။

“ ငါတို့ဘယ်ဖက်ကိုသွားကြမလဲ “ မောင်မေးလိုက်သည်။ သူသည် ရှောက်ရွှမ်ကို ပိုပြီးယုံကြည်လာခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် မည်သည့်အရာကိုမှ သတိပြုမိခဲ့ပဲ ရှောက်ရွှမ်ကြောင့်သာ ယခုအချိန်အထိ အသက်ရှင်နေရခြင်းဖြစ်သည်။

“ အပေါ်ကို တက်သွားရအောင် “ ရှောက်ရွှမ်ပြောလိုက်သည်။

ရှောက်ရွှမ် ထိုအကြောင်းကို ယခင်ကတည်းကပင် စဉ်းစားထားခဲ့ပြီးဖြစ်သည်။

မိုင်နှင့်အခြားသူများသည် တောင်ခြေတွင် ရှိနေကြလောက်သည်။ မိုင့်ထံသို့သွား၍ အကူအညီတောင်းခြင်းသည် အကြံကောင်းတစ်ခုဖြစ်သည်။ အကယ်၍ သူတို့သာ တောင်အောက်သို့ ဆင်းပြေးမည်ဆိုလျှင် ဟေးစစ်ဖုန်းက မလိုက်လာဟု မပြောနိုင်ပေ။ ထိုသတ္တဝါတွင် အနံ့ခံကောင်းသော အာရုံခံစနစ်များ ရှိသည်။ ထို့ကြောင့် ၎င်းကို မျက်ချေဖြတ်နိုင်လိမ့်မည်ဟု ရှောက်ရွှမ်ယုံကြည်မှု မရှိနေပေ။ ထို့အပြင် မိုင်နှင့်အခြားသူများ ယခုအထိ ဂူဆီသို့ပြန်မလာသေးသည်ကို ကြည့်လျှင် သူတို့သည်လည်း မမျှော်လင့်ထားသည့် အခြေအနေများကို ကြုံနေရခြင်းဖြစ်နိုင်သည်။ တောင်ခြေမှ အခြေအနေကို သေချာမသိရသေးသဖြင့် သူတို့အနေဖြင့် တောင်ခြေသို့ အလျင်စလို ထွက်ပြေးခြင်းသည် အကြံကောင်းတစ်ခု မဟုတ်ပေ။

နောက်ထပ်အကြောင်းပြချက်တစ်ခုမှာ ရှောက်ရွှမ်၏ သံသယတစ်ခုဖြစ်သည်။

သူတို့အပေါ်သို့ တက်လာခဲ့ကြပြီးနောက် ရှောက်ရွှမ် မေးလိုက်သည် “ ဟေးစစ်ဖုန်းတွေက အအေးကို မကြိုက်ဘူးလား “

ရှောက်ရွှမ်၏ မေးခွန်းကို ကြားလိုက်သည့်အခါ မောင်တစ်ခုခုကို စဉ်းစားမိလိုက်သည် “ ငါကြားဖူးတာတော့ ဟေးစစ်ဖုန်းတွေက နွေးထွေးပြီးတော့ စိုစွတ်တဲ့နေရာတွေကို ကြိုက်တယ်တဲ့ ၊သူတို့ အနေနဲ့ တောင်ပေါ်ကို တက်လာတာက ရှားပါးတယ် “

မောင် ပြောလိုက်ပြီး ရှောက်ရွှမ် မည်သည့်အရာကို တွေးနေသည်ကို စဉ်းစားမိလိုက်သည်။

အကယ်၍ သူတို့သာ အထက်သို့ ဆက်တက်သွားလျှင် အပူချိန်သည် ကျဆင်းသွားမည်ဖြစ်သည်။ တောင်တန်းဒေသများဖြစ်သဖြင့် အပူချိန်ပြောင်းလဲမှုသည် ကြီးမားပေသည်။ တောင်တန်း၏ အပေါ်ပိုင်းများသည် နှင်းများဖြင့် ဖုံးလွှမ်း နေခဲ့ပြီး ရှေးဦးရေခဲပြင် အလွှာများပင် ရှိနေတတ်သေးသည်။ တောင်ထိပ်ဖျားတွင်

အန္တရာယ်များသော သတ္တဝါများ နေထိုင်ကြလေ့ မရှိပေ။ အစစ်အမှန်အန္တရာယ်သည် နွေးထွေးသည့်အပူချိန်နှင့် သာယာသည့်ပတ်ဝန်းကျင်သာ ဖြစ်သည်။

အကယ်၍ သူတို့သာ တောင်အောက်ဆင်းသွားလျှင် ဟေးစစ်ဖုန်းသည် သူ၏ သားကောင်များကို သေချာလိုက်ဖမ်းမည်ဖြစ်သည်။ သူတို့၏ အနံ့ခံအာရုံသည် ကောင်းမွန်သဖြင့် သူ့သားကောင်များကို အလွယ်တကူ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ တောက်အောက်ခြေ‌ဒေသသည် ဟေးစစ်ဖုန်း၏ သဘာဝ စားကျက်ပိုင်နက်ပင်ဖြစ်သည်။ ညသည်လည်းသူတို့အစာရှာထွက်တတ်ကြသည့် အချိန်ဖြစ်သည်။ ယခုတွင် ညဖြစ်နေသဖြင့် သူတို့သာ တောင်အောက်သို့ ဆင်းမည်ဆိုလျှင် ဟေးစစ်ဖုန်း ၏ အစာအိမ်ထဲသို့ ဆင်းသည်နှင့် တူနေပေမည်။

သူတို့ရွေးချယ်ရမည်မှာ အအေးခံ၍သေမည်လော အစားခံ၍ သေမည်လော သာဖြစ်သည်။ အကယ်၍ မောင်သာ ဆိုလျှင် အသက်ရှင်နိုင်ခွင့် ပိုမြင့်သော တောင်ထိပ်သို့သာ တက်သွားမည်ဖြစ်သည်။ ဟေးစစ်ဖုန်း အနေဖြင့် ထိုအအေးပိုင်း တောင်ထိပ်ဆီသို့ လိုက်လာမည် မဟုတ်သည့်အတွက် သူတို့ အသက်ရှင်နိုင်ခွင့် ပိုများနိုင်ပေသည်။

ထိုအချိန်တွင် ကျောက်တုံးများ ကွဲကျေသံများကို ကြားလိုက်ရလေသည်။ ကြည့်ရသည်မှာ လေဝင်ပေါက်သည် တဖြေးဖြေး ပိုကြီးလာဟန် ရသည်။ ဟေးစစ်ဖုန်းသည် ပို၍ ပို၍ စိတ်လှုပ်ရှားလာနေခဲ့လေပြီ။

အမှန်တကယ်တွင် ၎င်းသည် လှိုဏ်ဂူ အဝမှ ပြန်လည် ထွက်သွားပြီး ရှောက်ရွှမ်တို့နောက်ကို လိုက်နိုင်ပေသည်။ သို့သော်လည်း ၎င်းသည် ထိုသို့လုပ်ရန်ကို မရွေးချယ်ခဲ့ပေ။ ဖြစ်နိုင်သည် မှာ ထိုသို့လုပ်ရန် စဉ်းစားနိုင်စွမ်း မရှိသည်လော၊ လေဝင်ပေါက်ကို ချိုးဖျက်ရသည်မှာ ပိုလွယ်၍လော မပြောနိုင်ပေ။

ထိုအချိန်တွင် ရှောက်ရွှမ်နှင့် မောင်တို့သည် သူတို့၏ အသက်ဘေးအတွက် တောင်ထိပ်ဆီသို့ တွားတက်နေကြလေပြီ။ မိုင်နှင့်အခြားသူများသည်လည်း ဟေးစစ်ဖုန်းနှစ်ကောင်ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်သည်။ သားရဲကောင်နှစ်ကောင်တို့သည် ယခုတွင် မိုင်တို့ကို တားဆီးထားရန်ကို တုံ့ဆိုင်းနေကြလေပြီ။

မိုင် ခေတ္တ ပျော်ရွှင်သွားပြီး သူ့မျက်နှာသည် ပြန်လည်တည်ငြိမ်သွားပြန်သည်။

တောင်ဘေးဒေသမှအသံများသည်ကျယ်လောင် လှခြင်း မရှိနေပေ။ သို့သော် မိုင်၏ အထူးအကြားစွမ်းရည်အရ သူသည် ကျောက်တုံးများ ကွဲကြေသံများကို ကြားနေခဲ့ရသည်။

မိုင်ကြားလိုက်ပြီးနောက် အခြားသူများလည်း ကြားလာခဲ့သည်။ သူတို့၏ မျက်နှာများ အားလုံး အစိမ်းရောင်ဖြစ်သွားကြသည်။

“အဲ့ဒါ လိုဏ်ဂူဆီကနေ ထွက်လာတဲ့အသံမလား“ ချောင် တအံ့တသြ ရေရွတ်လိုက်သည်။

“ အိုး မဟုတ်သေးဘူး၊ အားရွှမ် တို့ ဂူထဲမှာ ရှိနေသေးတယ် “ လန်ကာ့ လက်ထဲမှ ဓါးသည်ပင် တုန်ယင်သွားသည်။

“ တောင်ပေါ်အမြန်ပြန်တက်ကြ “ မိုင် အော်ဟစ်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ တုံ့ဆိုင်းနေကြသည့် ဟေးစစ်ဖုန်းနှစ်ကောင်တို့သည် သူတို့အား တားဆီးနေခြင်း မရှိတော့ပေ။

မိုင်သည် အခြားသူများကို ဦးဆောင်ပြီး တောင်ပေါ်သို့အမြန်ပြေးတက်လာခဲ့လေသည်။

ကျောက်တုံးများကို ထုခွဲနေသည့်အသံများသည် သိပ်ကြာကြာ မကြားရပေ။ ပတ်ဝန်းကျင်သည် တဖန်ပြန် တိတ်ဆိတ်သွားခဲ့သည်။ မိုင်နှင့်အခြားသူများသည် ပို၍ပင် စိတ်ပူလာခဲ့ကြလေ၏။ ကျောက်တုံးများကို ထုခွဲနေသံများကို ကြားနေရလျှင် ရှောက်ရွှမ်တို့နှစ်ယောက် အဆင်ပြေနေသေးသည်ဟု တွေးနိုင်သည်၊ သို့သော် တိတ်ဆိတ်သွားလျှင်မူ ကလေးနှစ်ယောက်သည် သတ္တဝါများ ၏ လက်ထဲသို့ကျရောက်သွားသည်လော.......။

မိုင် ဆက်မတွေးရဲတော့ပဲ လိုင်ဂူထံသို့သာ အလျင်အမြန်ပြန်လိုက်သည်။

သူတို့ လိုဏ်ဂူအဝသို့ ရောက်သည့်အချိန်တွင် လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားကြလေတော့၏။

ရှောက်ရွှမ်နှင့် မောင်တို့၏ ခွန်အားဖြင့် သူတို့သည် လိုဏ်ဂူကို ဖုံးထားသည့် ကျောက်တုံးကြီးကို ဖယ်ရှားနိုင်ကြလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူတို့ ဂူကို ဖွင့်လျှင်သော်မှ ကျောက်တုံးကို ဝေးဝေး ရွေ့ထားနိုင်လိ့မ်မည် မဟုတ်‌ပေ။ အနည်းငယ်ဟသွားသည်နှင့် သူတို့၏ သေးငယ်သော ခန္ဓာကိုယ်လေးများဖြင့် ဝင်နိုင်ထွက်နိုင်ကြပေသည်။ ထို့အပြင် လိုဏ်ဂူအဝကို ပိတ်ထားသည့် ကျောက်တုံးပေါ်တွင် ကြီးမားသောလက်သည်းရာများကိုလည်း တွေ့လိုက်ရလေ၏။

ရွေ့နေသော ကျောက်တုံးနှင့် လတ်လတ်ဆတ်ဆတ် လက်သည်းရာများကို ကြည့်လိုက်ပြီး လန်ကာ့ ၏ ခြေထောက်များ အားပျော့သွားကြကာ မတ်တပ်ပင် ကောင်းစွာ မရပ်နိုင်တော့ပေ။

မိုင်သည် မီးတုတ်ကိုပင် မယူတော့ပဲ လိုဏ်ဂူထဲသို့ဝင်သွားလိုက်သည်။ သို့သော်လည်း အတွင်းဖက်တွင် ဖရိုဖရဲဖြစ်နေသည်ကို သူတွေ့လိုက်ရလေသည်။

ဝင်ပေါက်နှင့် လေဝင်ပေါက်ဆီမှ အေးစက်သော လေပြင်းများ တိုက်ခတ်နေခဲ့ကာ သူတို့အားလုံး၏ နှလုံးသားများ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

All Chapters