← Chapters

နှင်းတောင်ပြိုခြင်း

Vol. 4 Ch. 49

နှင်းတောင်ပြိုခြင်း

Vol. 4 Ch. 49

သူ့နောက်ကျောဖက်ရှိ အိတ်ထဲတွင် လှံခေါင်းအပို သုံးခုရှိနေသေးသည်။ အမှန်တယ် လိုဏ်ဂူထဲတွင် ပစ္စည်းအများအပြားထည့်ထားသည့် အိတ်တစ်လုံးကို ကျန်နေခဲ့ခြစ်ဖြစ်သည်။ သူထွက်ပြေးသည့်အချိန်တွင် ထိုအိတ်ကို ယူဆောင်ရန် အချိန်မမှီခဲ့ပေ။

ရှောက်ရွှမ် သူ့အိတ်ကို လှမ်းယူလိုက်သည်။

လှံခေါင်းများအားလုံးကို သူကိုယ်တိုင် ပြုလုပ်ထားပြီး အချောကိုင်ထားခြင်း ဖြစ်သည်။ သူတို့ကို လက်ထဲတွင် ကိုင်ထားလိုက်သည့်အချိန်တွင် ရင်းနှီးနေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ သူလှံခေါင်းများကို မပစ်ခင်တွင်ပင် လှံခေါင်းများနှင့် ရင်းနှီးနေခြင်းသည် ကောင်းသည့်အချက်တစ်ခုသာ ဖြစ်သည်။

လောင်ခဲ့ပြောဖူးသည်မှာ ကျောက်တုံးပစ္စည်းများအားလုံးသည် ကိုယ်ပိုင် မတူညီသည့် ဇာတ်ကြောင်းများ ရှိကြသည်ဟု ဆိုသည်။ ထူးချွန်သည့် ကျောက်တုံးထုဆစ်သူသည် ထိုမတူညီသည့် ဇာတ်ကြောင်းများကို ခံစားကြည့်နိုင်သည်။ ဤအရာသည် ဖန်တီးသူတစ်ယောက်၏ စွမ်းအားများပင်ဖြစ်သည်။

ယခင်က ထိုခံစားချက်ကို ရှောက်ရွှမ် နားမလည်ခဲ့ပေ၊ သို့သော်လည်း ယခုတွင် သူသည် စတင်နားလည်စပြုလာခဲ့ပြီ ဖြစ်သည်။

သူ့ထံတွင် လက်ကိုင်ရိုးမပါသည့် လှံခေါင်းများ ရှိနေလေပြီ။ သူ့ထံတွင် သူတို့ကို အသုံးပြုရန် နည်းလမ်း ရှိပေသည်။

ဟေးစစ်ဖုန်းသည် သူ့ခေါင်းတွင် စိုက်ဝင်နေခဲ့သည့် သွားဓါးကို ဆွဲနူတ်ရန် ကြိုးစားနေချိန်တွင် ရှောက်ရွှမ် လှံခေါင်းများကို ယူလိုက်ပြီး ဟေးစစ်ဖုန်း၏ မျက်လုံးကို ချိန်ရွယ်လိုက်ကာ နှစ်ခု ဆက်တိုက် ပစ်လွှတ်လိုက်လေသည်။

လှံခေါင်းတစ်ခုသည် ပစ်မှတ်နှင့် လွဲသွားခဲ့သော်လည်း နောက်တစ်ခုသည် မျက်လုံးတည့်တည့်ကို စိုက်ဝင်သွားခဲ့လေသည်။

အူး.........။

နှင်းတောင်တစ်ခုလုံးတွင် နာကျင်စွာ အော်ဟစ်လိုက်သည့် အော်သံကျယ်ကြီးတစ်ခု ပဲ့တင်ထပ်လျက် ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြောင့် ထိုနေရာတစ်ခုလုံး တုန်ယင်သွားခဲ့သည်။

ရှောက်ရွှမ်သည် နောက်ဆုံးကျန်နေသေးသည့် လှံခေါင်းတစ်ခုကို နောက်ထပ်မျက်လုံးကို ချိန်ရွယ်ပစ်ခတ်ရန် ကြံစည်နေခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် တစ်ခုခုအက်ကွဲသွားသည့် အသံကဲ့သို့ အသံတစ်ခုကို သူ့ခေါင်းထက်မှ ကြားလိုက်ရလေသည်။ တစ်ခုခု ကွဲသွားသည့် အသံပင် ဖြစ်သည်။

ထိုအသံကိုကြားလိုက်ရပြီးနောက် ရှောက်ရွှမ် ရင်တုန်သွား၏။ ထို့နောက်တွင် သူ့ခန့်မှန်းထားသည့်အတိုင်း တစ်စုံတစ်ခု လိမ့်ဆင်းလာသည့် အသံကို ကြားလိုက်ရလေ၏။

ရှောက်ရွှမ် သူ့ခေါင်းပင် ကွဲထွက်တော့မည်ဟု ခံစားလိုက်ရသည်။ သူသည် ဟေးစစ်ဖုန်းကို ကိုင်တွယ်ရန်အတွက် စွမ်းအားများ ကျန်ရှိနေခြင်း မရှိနေတော့ပေ။

“ ငါ့နောက်ကလိုက်ခဲ့ “

ရှောက်ရွှမ် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး မောင်ကို သူ့နောက်သို့ လိုက်ခဲ့ရန် ပြောလိုက်သည်။

သူတို့ပြေးနေခဲ့သည့် နေရာသည် ယခင်နေရာထက် အနည်းးငယ် ပိုမြင့်ပေသည်။ သူတို့ပြေးနေစဉ်တွင် ပို၍ ပြင်းထန်သော လေသည် သူတို့မျက်နှာကို တိုက်ခတ်နေခဲ့သည်ကို ခံစားလိုက်ကြရလေသည်.

ဘာတွေဖြစ်နေတာလဲ ဟ ........။

မောင်သိလိုစိတ်များ ဖြစ်လာရပြီး ရှောက်ရွှမ်ကို တိုက်ရိုက်မေးချင်နေခဲ့သည်။ ဟေးစစ်ဖုန်းသည် ယခုအချိန်တွင် သူတို့နှင့် အတော်လေး ဝေးသည့်နေရာတွင် ရှိနေပြီဖြစ်သည်။ သူ့အသံကို နားထောင်ခြင်းအရ ထိုအကောင်သည် ပြင်းထန်သော နာကျင်မှုကို ခံစားနေရဟန် ရသည်။ သိသာစွာပင် ရှောက်ရွှမ်သည် သူ့အသက်အတွက် အားစိုက်ပြေးနေခဲ့၏။

လှိမ့်ဆင်းလာသည့် တုန်ယင်သံများ သည် တဖြေးဖြေး ကျယ်လောင်လာခဲ့ပြီး မောင်၏ စိတ်လှုပ်ရှားမှုသည်လည်း ပို၍ ကြီးထွားလာခဲ့သည်။

ရှောက်ရွှမ် သူ၏သွေးများ ဆူပွက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ယခင်က သူတို့သည် ဟေးစစ်ဖုန်းကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ ယခုတွင် သူတို့သည် နှင်းတောင်ပြိုခြင်းနှင့် ရင်ဆိုင်နေရလေပြီ။ သူ့အာရုံကြောများသည် တင်းမာနေခဲ့

ပြီး သက်တောင့်သက်သာ မဖြစ်နေခဲ့ပေ။ သူအသက်သွင်းထားသည့် နတ်စွမ်းအားများသည်လည်း ကုန်ဆုံးလုမတတ်ဖြစ်နေခဲ့ပြီဖြစ်သည်။ အမှန်တကယ်တွင် သူလုပ်သင့်သည်မှာ နေရာကောင်းတစ်ခုကို ရှာလိုက်ပြီး အနားယူရန်နှင့် အားပြန်မွေးရန်ဖြစ်သည်။ သို့သော်လည်း အခြေအနေသည် သူတို့ကို အနားယူခွင့်မပေး ခဲ့ပေ။

ဟေးစစ်ဖုန်း၏ မြေတုန်လောက်သည့် ဟိန်းဟောက်မှုကြောင့် ရှောက်ရွှမ် သွေးများပင် အန်ထုတ်လိုက်ရသည်။ တောင်ထိပ်တစ်နေရာမှ နှင်းပုံတစ်ခုသည်လည်း ထိုအော်သံကြောင့် ပြုတ်ကျလားခဲ့သည်။ ရှောက်ရွှမ် ကြားလိုက်ရသည့် အက်ကွဲသောအသံသည် နှင်းပုံနှင့် ရေခဲလွှာများ အက်ကွဲသွားသောကြောင့် ထွက်ပေါ်လာသည့် အသံဖြစ်သည်။ ရေခဲလွှာကွဲအက်သွားသည်နှင့် နှင်းများသည် ပို၍ ပြုတ်ကျလာခဲ့ပြီး နှင်းတောင်ပြိုခြင်း ဖြစ်စဉ် ဖြစ်လာရခြင်းဖြစ်သည်။ ထို့နောက် တောင်စောင်းတစ်လျှောက် ပိုများသော နှင်းခဲများ စုဝေးသွားကြပြီး ကြီးမားသော တောင်ပြိုမှုတစ်ခု ဖြစ်လာခဲ့သည်။

ဟေးစစ်ဖုန်းသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်ဟန် ရသည်။ ထို့ကြောင့် ၎င်းသည် ခေါင်း ပေါ်မှဓါးကို ဆွဲနူတ်နေခြင်းကို ရပ်တန့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြုမူနေခဲ့သည်။ ၎င်းသည် အန္တရာယ်ကြီးတစ်ခု သူ့ထံချည်းကပ်လာနေပြီကို သိရှိနေပြီး သူ့ခန္ဓာကိုယ်သည်လည်း တုန်ယင်နေခဲ့သည်။ ၎င်းကဲ့သို့ကြမ်းတမ်း သည့်သတ္တဝါတစ်‌ကောင်ပင် ထွက်ပြေး၇န် ကြံစည်နေခဲ့ပြီဖြစ်သည်။

သူ့ခေါင်းနှင့် မျက်လုံးရှိ ဒဏ်ရာများကို လျစ်လျူရှုလိုက်ပြီး ကောင်လေးနှစ်ယောက် ပြေးသွားသည့်ဖက်ကို အာရုံခံကြည့်လိုက်သည်။ ၎င်းသည် တောင်အောက်ပြန်ဆင်းရမည်လော သူတို့နောက်သို့ လိုက်ရမည်လောဟု ရွေးချယ်ရခက်နေခဲ့လေသည်။

ချက်ချင်းပင် ဟေးစစ်ဖုန်း ဆုံးဖြတ်ချက်ချလိုက်ပြီး ရှောက်ရွှမ် ရှိရာဖက်သို့ ပြေးသွားလိုက်လေသည်။ သူ့အလိုလိုသိစိတ်အရ ထိုကလေးနှစ်ယောက်ထံတွင် လွတ်မြောက်နိုင်မည့် နည်းလမ်းရှိနိုင်မည်ကို သိနေခဲ့သည်။ ထို့အပြင် ၎င်းသည် ဤနေရာအထိ ရောက်လာနိုင်ရန်အတွက် ဒုက္ခများစွဦ ခံခဲ့ရသည်။ ယခုအချိန်တွင်မှ လက်လျော့လိုက်လျင် နှမြောစရာကောင်းပေသည်။ သူသည် ထိုကလေးနှစ်ယောက်ကို သေသည်အထိ ကိုက်သတ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

ထိုအချိန်တွင် ရှောက်ရွှမ်သည် ဟေးစစ်ဖုန်းကို အာရုံမစိုက်နိုင်သေးပေ။ သူလုပ်ချင်နေသည်မှာ ကြီးမားသော ကျောက်တုံးကြီး၏နောက်တွင် ပုန်းနေပြီး တောင်ပြိုခြင်းမှ ရှောင်နိုင်ရန် ဖြစ်သည်။ ထိုကျောက်တုံးကြီးသည် သူတို့အနေဖြင့် အကာအကွယ်ယူနိုင်သည့် တစ်ခုတည်းသော နေရာ ဖြစ်နေခဲ့၏။

ကြီးမားသော နှင်းခဲများသည် တုန်ခါနေသည့်အသံများဖြင့် တောင်စောင်းတစ်လျှောက် ဆင်းလာနေခဲ့၏။

မောင်သည် ရှောက်ရွှမ် နောက်သို့ ပြေးလိုက်နေခဲ့ပြီး ပို၍ ပင်ပန်းနေခဲ့ပြီဖြစ်သည်။ သို့သော်လည်း ရောက်လာနေသည့် အန္တရာယ်ကြောင့် သူတောင့်ခံထားခဲ့လေသည်။ ရှောက်ရွှမ်သည် ဟေးစစ်ဖုန်းနှင့် တိုက်ရိုက်တိုက်ခဲ့သည့် လူဖြစ်ပေရာ သူ ပို၍ ပင်ပန်းနေပေလိမ့်မည်။ သူ့အနေဖြင့် အမြန်နူန်းကို နှေးကွေးလိုက်ရန် အစီအစဉ်မရှိပဲ အသုံးမဝင်သော အတွေးများကိုလည်း ဘေးထုတ်ထားလိုက်လေသည်။ သူ အံကိုကြိတ်လိုက်ပြီး ရှောက်ရွှမ် နောက်မှ လိုက်သွားခဲ့လေ၏။

တုန်ယင်နေသော အသံများကြောင့် တောင်တစ်ခုလုံများ ပြိုကျနေသလောဟု မောင် တွေးလိုက်မိသည်၊ သူသည် မည်သည့်အရာများ ဖြစ်နေသည်ကို မသိနေပေ။ သို့သော်လည်း ကြီးမားသော အန္တရာယ်ဟူသည်ကိုတော့ သိနေခဲ့၏။

၎င်းသည် နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။

နီးကပ်လာပေပြီ.........။

ရှောက်ရွှမ် ကျောက်တုံး၏နောက်သို့ အလျင်အမြန် ဝင်လိုက်သည်။ ကျောက်တုံးသည် တောင်အထဲတွင် မြုပ်ဝင်နေခဲ့ပြီး ထိုနေရာသည် အလုံခြုံဆုံးသော နေရာတစ်ခု ဖြစ်နိုင်ပေသည်။

“ ကျောက်တုံးကို ဆုပ်ကိုင်ထားပြီးတော့ မင်းပါးစပ်ကို ပိတ်ထားလိုက်။ အသက်ရှု နည်းနည်း အောင့်ထားနော် ... “ ရှောက်ရွှမ် မောင်ကို ပြောလိုက်သည်။

ကြီးမားသော နှင်းထုကြီးသည် အလျင်အမြန်ပင် နီးကပ်လာခဲ့ပြီဖြစ်သည်။ ဟေးစစ်ဖုန်းသည်လည်း သူတို့ထံသို့ နီးကပ်လာနေပေပြီ။

ထို ကံဆိုးစေသည့် ဟေးစစ်ဖုန်းကို ကြည့်လိုက်ပြီး ရှောက်ရွှမ် ကျိန်ဆဲလိုစိတ်များ ဖြစ်လာသည်။ မည်သို့ပင်ဖြစ်စေ သူတို့ ဤကျောက်တုံးနားမှ ခွာ၍မရပေ။ အခြား လုံခြုံသော နေရာလည်း မရှိပေ.......။

ထိုအချိန်တွင် ရှောက်ရွှမ် ရင်ထဲမှ ဆုတောင်းလိုက်မိသည်။ သူ့အနေဖြင့် နှင်းတောင်ပြိုခြင်း စောစောဖြစ်ခဲ့လျှင် သူတို့၏ ပြဿနာများ ပြေလည်သွားမည်ဟု ယူဆသည်။

ဟေးစစ်ဖုန်းသည် အရှိန်မြင့်လာခဲ့ပြီး ရှောက်ရွှမ်တို့နှင့် ဆယ်မီတာခန့်သာ ကွာဝေးတော့သည်။

နှင်းမှုံများသည် လေထဲလွင့်ဝဲနေခဲ့သည်။ များစွာသော ချွန်ထက်သည့် သွားများရှိနေသည့် သတ္တဝါကြီးသည်လည်း သူတို့ထံ ပြေးဝင်လာနေခဲ့သည်။

ရှောက်ရွှမ် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ကျောက်တုံးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားလိုက်သည်။ ဆူညံသံများ သူ့ထံရောက်လာသည့်အချိန်တွင် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။

နှင်းတောင်ပြိုမှု ရောက်လာသည့်အချိန်တွင် ရှောက်ရွှမ်သည် ဟေးစစ်ဖုန်း၏ ငြင်းဆန်နေသည့် အသံအပြင် ဆိုးဝါးသည့် အသက်ရှုအနံ့ကိုပါ ရလိုက်လေသည်။

ဟေးစစ်ဖုန်းသည် နှင်း‌တောင်ပြိုမှုအတွင်း နစ်မြုပ်သွားခဲ့ပြီး အော်သံတစ်ခုကို ပြုလုပ်လိုက်သည်။ ထို့နောက်တွင် ကြမ်းတမ်းသော ကြောက်မက်ဖွယ်ကောင်းသည့် အသံမျးာကိုသာ ကြားလိုက်ရပြီး ကမ္ဘာတစ်ခုလုံး အဆုံးသတ်သွားဟန် ရသည်။

သူတို့နှစ်ယောက်သည် ကြီးမားသော ကျောက်တုံးကြီးနောက်တွင် ပုန်းနေကြခြင်း ဖြစ်သော်လည်း အချိန်တစ်ခုကြသည်အထိ နှင်းထဲတွင် နှစ်မြုပ်နေခဲ့၏။ မည်မျှကြာသည်ဟု မသိရသည့် အချိန်အထိ နေလိုက်ပြီး ရှောက်ရွမ် သူ့အပေါ်မှ နှင်းခဲများကို ဘေးသို့တွန်းဖယ်လိုက်ကာ ခေါင်းမော့ကြည့်လိုက်သည်။

အေးစက်သော လေသည် သူ့အဆုတ်အတွင်းသို့ ဝင်သွားခဲ့ပြီး ထုံကျဉ်မှုကိုလည်း ခံစားလိုက်ရသည်။ သို့သော်လည်း နောက်ဆုံးတွင် ရှောက်ရွှမ် စိတ်ချနိုင်ပြီဖြစ်သည်။

သူ့မြင်ကွင်းအတွင်း၌ ဟေးစစ်ဖုန်းကို မမြင်ရတော့ပေ။ သိသာစွာပင် ထိုအကောင်ကြီးသည် နှင်းတောင်ပြိုမှုနှင့်အတူ တစ်နေရာသို့ လွင့်စင်သွားဟန် ရသည်။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ၎င်းသည် လတ်တလောတွင်တော့ ရှောက်ရွှမ်နှင့် မိုင်တို့အတွက် ချိန်းခြောက်မှု မဟုတ်နေတော့ပေ။

“ အခု .....ငါတို့လုံခြုံပြီလား “ မောင် သည် ထိတ်လန့်နေဆဲဖြစ်သည်။ သူသည် ဤကဲ့သို့သော အရာမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။

“ ဟုတ်တယ်၊ လက်ရှိတော့ ငါတို့ လုံခြုံပြီ “

ရှောက်ရွှမ်၏ စကားများကြောင့် မောင် ခနတာ စိတ်သက်သာရာရသွားသည်။

“ အဲ့ဒီ...အဲ့ဒီဟာက ဘာလဲ “ ခန အနားယူလိုက်ပြီးနောက် မောင် မေးလိုက်သည်။

“ နှင်းတောင်ပြိုတာလေ “

“ နှင်းတောင်ပြိုတာ ဟုတ်လား “မောင် ပြန်တွေးကြည့်လိုက်ရာ ထိုကဲ့သို့သော အသုံးအနူန်း မျိုးကို သူမကြားဖူးခဲ့ကြောင်း သိလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့အဖိုး မျိုးနွယ်စု ခေါင်းဆောင် လွန်ခဲ့သည့် အတန်ကြာက ပြောပြခဲ့ဖူးသည့် အကြောင်းကိုတော့ ပြန်အမှတ်ရလိုက်သည်။ သူသည် ထိုစဉ်က သူ့အဖိုးပြောပြသည်ကို စိတ်ထဲသိပ်မထားခဲ့ပေ။ ထို့အစားသူသည် ကြမ်းတမ်းသော သားရဲများနှင့် ယှဉ်ပြိုင်ရသည့် ဇာတ်လမ်းမျိုးကိုသာ ပိုသဘောကျလေသည်။ ယခုတွင် သူ့ကိုယ်ပိုင် အတွေ့အကြုံဖြင့် ကြုံရလေပြီ။ သဘာဝတရားကြီးသည် မည်သည့် ကြမ်းတမ်းသည့်သားရဲထက်မဆို ပို၍ ကြမ်းတမ်းလေသည်။ အချိန်တစ်ခုကြာသည် အထိ သူသည် တောင်တစ်ခုလုံးပြိုကျလာနိုင်သည်ဟု ထင်နေဆဲဖြစ်သည်။

သူတို့အနေဖြင့် ဒုတိယအကြိမ် ရှင်သန်နိုင်ခွင့်ရခဲ့လေပြီ။ သို့သော်လည်း ရှောက်ရွှမ်နှင့်မောင်တို့သည် အခြားနေရာသို့ မသွားရဲကြသေးပေ။ သူတို့အနေဖြင့် ဒုတိယအကြိမ် တောင်ပြိုမှု မဖြစ်နိုင်ဟု မပြောနိုင်ပေ။ အကယ်၍ နောက်တစ်ကြိမ်သာ တောင်ပြိုခဲ့ပါက သူတို့အနေဖြင့် သင့်တော်သည့် ပုန်းအောင်းရာ နေရာတစ်ခုကို အချိန်မှီ မတွေ့လိုက်ရသည် ဖြစ်နိုင်သည်။

သူတို့သည် အိပ်စက်ခြင်းကိုလည်း မပြုလုပ်ရဲကြပေ။ အကယ်၍ သူတို့သာ အိပ်ပျော်သွားခဲ့လျှင် နောက်တစ်ကြိမ် ဘယ်တော့မှ ပြန်မနှိုးလာမှာလည်း ဖြစ်ကောင်းဖြစ်နိုင်သည် မဟုတ်ပေလော။ ခနတာ အနားယူလိုက်ပြီးနောက် ရှောက်ရွှမ် ဟေးစစ်ဖုန်း၏ အကြောင်းကို မောင့်နား မေးလိုက်လေသည်။ မောင်သည် ဟေးစစ်ဖုန်းကို ယခင်က လူကိုယ်တိုင် မမြင်ဖူးခဲ့ပေ။ သို့သော်လည်း ယခင်အမဲလိုက် ချိန်က ဖြစ်ခဲ့သည့် ဇာတ်လမ်းကို ရှောက်ရွှမ်ကို ပြန်ပြောပြလိုက်သည်။ သူသည် ထိုအကြောင်းကို သူ့ဖခင်ထံမှ ကြားလာခဲ့ခြင်းဖြစ်သည်။ ယခုတွင် အားဖေး စတင်ခဲ့သည့် ပြဿနာသည် သူတို့ကိုပါ ရန်လာရှာနေခဲ့ပြီဖြစ်သည်။

“ လခွမ်း “ ရှောက်ရွှမ် လေသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။ “ ငါတို့ပြန်ရောက်ရင် ငါသူ့ကို သွားထိုး ဦးမယ်”

All Chapters