← Chapters

ကံမကောင်းစွာနဲ့

Vol. 4 Ch. 55

ကံမကောင်းစွာနဲ့

Vol. 4 Ch. 55

တစ်ညအိပ်ပြီးတဲ့နောက် အမဲလိုက်အုပ်စုက သူတို့ပစ္စည်းတွေ သိမ်းကာ မနက်စောစောမှာ တောင်ကိုဖြတ်သွားဖို့ပြင်ကြလေသည် ။

ရှောက်ရွှမ်ကတော့ အိပ်ရေးဝအောင် အိပ်ခဲ့ရပြီး အိပ်မက်ဆိုးမက်ခြင်းပင် မရှိပေ ။

" အားလုံး အတူတူနေကြ..အထူးသဖြင့် အားရွှမ် နဲ့မောင် ဒါ မင်းတို့ ဒီလမ်းကသွားဖူးတာ ပထမဆုံးပဲ ၊ ဒီတော့ နောက်မှသာ ကျန်ခဲ့မယ်ဆိုရင် ပြန်ထွက်ဖို့ လမ်းမမြင်တော့ဘူးမို့လို့ ငါ့ကို မင်းတို့ အာရုံစိုက်ပါ့မယ်လို့ ကတိပေးပါ "

မိုင်က လေးလေးနက်နက် မှာကြား၏ ။

သူက ခြိမ်းခြောက်နေတာမဟုတ်ပဲ အမှန်ကို ပြောနေခြင်းသာ ဖြစ်ပေသည် ။ သူတို့ဘိုးဘေးတွေ ဒီအမဲလိုက်လမ်း ကြောင်းကို ပထမဆုံးရှာတွေ့တုန်းကဆိုရင် အပြင်ထွက်ဖို့လမ်းကို ရှာတွေ့နိုင်ဖို့အတွက် အရင်းအနှီးများခဲ့လေ၏ ။ ဒီလို ဝင်္ကပါကြီးထဲမှာ မရေမတွက်နိုင်တဲ့ စစ်သည်တွေ ဝင်သွားပြီး ဘယ်တော့မှ ပြန်မထွက်နိုင်ကြတော့သည်များလည်း ရှိပေသည် ။

" ကျနော်တို့ သေချာ အာရုံစိုက်ထားပါ့မယ် ၊ စိတ်ချထားပါ "

ရှောက်ရွှမ် က ပြောသည် ။ မောင်ကလည်း ခေါင်းညိတ်ပြသည်။ ဒီအမဲလိုက်အုပ်စုထဲ သူက အမြဲတမ်းစည်းကမ်းလိုက်နာပြီး စစ်သည်ကြီးတွေရဲ့စကားကို နားထောင်တာက ပိုကောင်းမယ်မှန်းလည်း သိလေသည် ။

အထဲကိုရောက်လေ ပို၍မှောင်လာလေပင် ဖြစ်၏။

အမဲလိုက်အုပ်စု ထဲက လူတွေမှာ အုပ်စုငယ်လေးတွေဖွဲ့၍ အုပ်စုတစ်စုစီက မီးတုတ်တစ်ချောင်းစီ ကိုင်ဆောင်ကြလေသည် ။

သူတို့ ဂူအဝင်ဝကို ကျောခိုင်းပြီးတဲ့နောက် မီးတုတ်ကသာ တစ်ခုတည်းသော အလင်းရောင် ဖြစ်လေသည် ။ အရမ်းထွန်းလင်းသည် မဟုတ်သော်လည်း သူတို့ခြေကိုသူတို့ ပြန်မြင်ဖို့ရာတော့လုံလောက်ပါသည် ။

မိုင်က ရှောက်ရွှမ်ကို ရှင်းပြခဲ့သည့်အတိုင်း ဂူထဲသို့ နက်အောင်သွားမိလေလေ ပိုပြီး ရှုပ်ထွေးတယ်ဆိုတာကို သိလာလေလေ ဖြစ်သည် ။ အထဲတွင် လမ်းဖြတ်တွေ ၊ ကန့်လန့်ဖြတ်လမ်းတွေ များစွာရှိလေသည် ။ တစ်ခါတစ်လေ ကွေ့လိုက်ရင် လမ်းသုံးခွဆုံများကိုပင် တွေ့ရတတ်သည် ။ သို့သော်လည်း အမဲလိုက်အုပ်စုက ၄င်းတို့အထဲက အရင်ထဲက ရွေးနေကျ တစ်လမ်းကိုသာရွေး၍ သွားကြပေမည်။

အကယ်၍ အပြင်ထွက်ဖို့လမ်းတွေ တစ်လမ်းထက်ပိုပြီး ရှိလျှင်တောင်မှပဲ လမ်းမသိတဲ့သူဆိုရင် အထဲဝင်သွားသည်နှင့် လမ်းပျောက်သွားမည်ပင်။ သူသာ ပတ်ပတ်လည်လျှောက်ပြီးတဲ့နောက် လာရာလမ်းကိုသာ ပြန်လှည့်နိုင်ရုံသာတတ်နိုင်သည် ။

တစ်ခုထက်ပိုသော ထွက်ပေါက်တွေ ရှိတဲ့အတွက်ကြောင့်လည်း တိရိစ္ဆာန်ကြီးတကောင်အသက်ရှူနေတယ်လို့ထင်ရတဲ့ စည်းချက်ကျကျ မြည်နေတဲ့လေတိုးသံတွေအမြဲရှိနေကာ လူတွေမှာလည်း အသက်ရှူကြပ်သည်ဟု မခံစားရလေခြင်း ဖြစ်လေသည် ။

ဂူထဲမှာ တချို့ပိုးကောင်နဲ့ ပင့်ကူတွေရှိတယ်လို့ပြောကြပေမဲ့ လက်ရှိမှာတော့ သူတို့အား ရန်လိုတဲ့သတ္တဝါတစိကောင်မှ မတွေ့ရသေးပေ။

လမ်းကြောင်းတွေက ကောက်ကွေ့ရုံတင်မဟုတ်ပဲ မကြာမကြာ နိမ့်လိုက်မြင့်လိုက်လည်း ဖြစ်သေးသည်။ တစ်ခါတစ်ရံ ထိုးဆင်းသွားတတ်ပြီး တစ်ခါတစ်ရံမက်စောက်တဲ့လမ်းကုန်းစောင်းတွေ တက်ရသည့်အတွက် မျိုးနွယ်စုစစ်သည်တော်တွေတောင်မှ အာရုံတချက်မလစ်ဟင်းရအောင် နောက်မှာမကျန်ခဲ့စေရန် ဂရုစိုက်နေရလေသည် ။ အမဲလိုက်အုပ်စုထဲက အသက်ကြီးရင့်တဲ့ အတွေ့အကြုံရှိ မျိုးနွယ်စုစစ်သည်တွေသာ ဒီလမ်းတွေနဲ့ ရင်းနှီးနေသည် ။ လန်ကာ့တို့လို အသက်ငယ်သေးတဲ့စစ်သည်တွေကတော့ လမ်းကိုသေချာမမှတ်မိကြသေးပေ ။

တကယ်တော့ နံရံပေါ်မှာ အမှတ်အသားပြုလုပ်ဖို့အတွေး အရက်ကရှိခဲ့ကြသည် ။ သို့သော်လည်း နောက်တခါအထဲ ပြန်ရောက်သည့်အခါတွင် နောက်ဆုံးလုပ်ခဲ့သော အမှတ်အသားတို့မှာ လုံးဝပျောက်သွားတတ်ကြသည် ။ ဒီလိုအဖြစ်တွေကြောင့် သူတို့ဘိုးဘေးတွေထင်ခဲ့သလို ကျောက်တုံးတီကောင်ဘုရင်တစ်ကောင် တောင်ထဲမှာနေသည်ဆိုသည့် အဖြေကို အမဲလိုက်အသင်းတွေက ပို၍ယုံကြည်လာစေသည် ။ မည်သူမှတော့ မြင်ဖူးခြင်းမရှိသေးချေ ။

နောက်ပိုင်းတွင် အမဲလိုက်စစ်သည်တွေက နံရံပေါ် အမှတ်အသားလုပ်ဖို့ မကြိုးစားကြတော့ပေ၊ ဒါ့ကြောင့် သူတို့ဂူကိုဖြတ်သွားတဲ့အခါ ဒီသတ္တဝါကြီးနိုးမလာစေရန် အသံတိတ်တိတ် နဲ့ ဖြတ်သွားရန်ကြိုးစားကြ၏ ။

မျိုးနွယ်စုထဲကလူတွေကတော့ ကျောက်တုံးတီကောင်တွေကို အန္တရာယ်မရှိဘူးလို့ မြင်ကြသည် ။ သို့သော်လည်း ကျောက်တုံးတီကောင်ဘုရင်ကတော့ မတူပါချေ ၊ မဟုတ်လျှင် ဘုရင်ဟု အဘယ်ကြောင့်ခေါ်ကြမည်နည်း ။

သူတို့တောအုပ်ထဲကိုဖြတ်သွားကြတုန်းကလိုပင် ရှောက်ရွှမ် နဲ့ မောင်ကို အခြားသူများက ပိုကာကွယ်ပေးလို့ရစေရန်အတွက် အုပ်စုအလယ်ကသွားရသည်။

ရှောက်ရွှမ်က သူ့အထူးအရည်အသွေးကို ဂူရဲ့တခြားအပိုင်းတွေကို ရှာဖွေဖို့ သုံးလေသည် ။ တစ်ခါတစ်ရံ တချို့ အရွယ်အစားကြီးတဲ့ ပိုးကောင်များကို မြင်မိသော်လည်း သူတို့မှာ အမဲလိုက်အုပ်စုကို ရန်ပြုခြင်းမရှိသလို အမဲလိုက်အုပ်စုကလည်း သူတို့ကို ရန်မစပေ ။

ပထမဆုံး သူတို့ ဒီဂူကြီးထဲမှာ ဒီလိုမျိုး အင်းစက်တွေ ဘယ်လောက်ရှိနေကြမလဲ မသိသလို သူတို့သာ ဒီအကောင်တွေအာရုံစိုက်အောင်လုပ်မိပါရင် အတော် စိတ်ရှုပ်စရာကောင်းမည်ဖြစ်သည် ။ ဒုတိယက တောင်ထဲက အကောင်ကြီးကို နိုးသွားရင် ဒုက္ခအကြီးအကျယ်ရောက်မည် ဖြစ်သဖြင့် ဘယ်သူကမှ ပေါက်ကရလျှောက်မလုပ်ချင်ကြပေ ။

အကယ်၍ လမ်းကသာ တဖြောင့်တည်းဆို အပြင်ရောက်ဖို့ ဒီလောက်ကြာမည်မဟုတ်ပေ ။ ဒါပေမဲ့ ပြောရရင် နေ့တဝက်လောက်လမ်းလျှောက်ပြီးတဲ့နောက်မှ မိုင်က " ရောက်တော့မှာပါ " လို့ပြောသံ ကြားရတော့သည် ။

နောက်တစ်ကွေ့ရောက်တဲ့အခါ သူတို့ လမ်းခွဆုံ ဂူနှင့်တွေ့ပြန်သည် ။ သူတို့ထဲက တစ်လမ်းကသာ အပြင်သို့ထွက်လမ်းဖြစ်ပေမဲ့ အခု နှစ်လမ်းလုံးကို ပင့်ကူများက ပိတ်ဆို့ထားလေသည် ။

ဒါတွေက မျက်လုံးမဲ့ပင့်ကူအမျိုးအစားတွေဖြစ်ကြသည် ။ ဖြစ်နိုင်တာက အမှောင်ထဲမှာ မျိုးဆက်ပေါင်းများစွာနေခဲ့တဲ့အတွက် သူတို့မျက်လုံးတွေက ဆုတ်ယုတ်လာခြင်းဖြစ်မည် ။ ပင့်ကူတွေက အကောင်မကြီးသော်လည်း ခြေတံလက်တံရှည်များက ဂူပေါက်ကိုပိတ်ထားနိုင်သည့်အထိ ရှည်လျားကြလေသည် ။

အုပ်စု အရှေ့က မိုင်နဲ့အခြား စစ်သည်နှစ်ယောက်ကတော့ မီးတုတ်နဲ့လှံရှည်တွေကို သုံးကာ လမ်းပိတ်နေတဲ့ပင့်ကူတွေကို အသံတိတ် ခြောက်လှန့်နေကြလေသည် ။ ပင့်ကူများသည် သူတို့နားတွင် ယမ်းနေသည့်မီးတောက်မှ အပူပြင်းပြင်းကို ခံစားမိသည်နဲ့နောက်ဆုတ်သွားကြလေသည်။

အပြင်အထိပေါက်တဲ့ လမ်းကိုတော့ မျက်လုံးမဲ့ပင့်ကူ နှစ်ကောင်သာ ပိတ်ဆို့ထားလေသည် ။ အခြားလမ်းနဲ့ယှဥ်ရင် ပင့်ကူများ ပိုနည်းလေသည် ။ မီးတုတ်တွေ လှုပ်ယမ်းနေတဲ့အတွက် ပင့်ကူနှစ်ကောင်လုံးက စတင်လှုပ်ရှားလာပြီး သူတို့လက်တံတွေ အစွယ်တွေလှုပ်ယမ်းကာ ပြန်လည်ခြောက်လှန့်ကြလေသည် ။

" ဂရုစိုက် မနေနဲ့ ၊ သွားကြ "

မိုင်က သူ့ဘက်ခြမ်းက ပင့်ကူတွေကိုမောင်းထုတ်လိုက်ပြီးတဲ့နောက် သူ့ဘက်ကို လာဖို့တခြားစစ်သည်တွေကိုအော်ပြောလိုက်သည် ။ သူ့အတွေ့အကြုံအရဆိုရင် ဒီမျက်လုံးမဲ့ပင့်ကူတွေက လူသားတွေကို တိုက်ခိုက်ခဲလှပြီး သူတို့သားကောင်က ဂူထဲက ပိုးကောင်တွေသာ ဖြစ်လေသည် ။ ထို့ကြောင့် သဘောတရားအရ သူတို့သာ အေးအေးဆေးဆေးနေပြီး သူတို့ကို မခြောက်လှန့်ဘူးဆိုရင် သူတို့က နှစ်ဖက်လုံးပြသာနာတက်ရမယ့်အရေးကို ရှောင်နိုင်ပေလိမ့်မည် ။

သို့သော်လည်း ထိုအချိန် ထင်မထားတာ ဖြစ်သွားလေသည် ။

အုပ်စုအလယ်က ရှောက်ရွှမ်က သူ့ဂုတ်ပေါ်မှ အေးကနဲ ခံစားလိုက်ရပြီး ချက်ချင်းလန့်သွားလေသည် ။ လက်တံတွေတုန်တုန်ယင်ယင်ဖြစ်နေတဲ့ မျက်လုံးမဲ့ပင့်ကူတွေကို စိုက်ကြည့်လိုက်တဲ့အခါ ဒါ သူတို့လက်ချက်မဟုတ်ဘူးဆိုတာ သဘောပေါက်သွားသည် ။

ရှောက်ရွှမ်က အောက်ကိုမိုးကြိုးပစ်သလိုကျလာတဲ့ အနက်ရောင်ကြာပွတ်အရိပ်လို အရာကိုရှာဖို့ အပေါ်ကိုချက်ချင်းမော့ကြည့်လိုက်ပြီး သူ့ဓားနဲ့ကာကွယ်ရုံပဲ တတ်နိုင်လေသည် ။ သို့ပေမဲ့ သူ ကြာပွတ်ကြီးနဲ့ ရစ်ပတ်ခံလိုက်ရပြီး အပေါ်သို့ အဆွဲခံလိုက်ရသည် ။

မျက်စိတမှိတ်အတွင်း ဖြစ်သွားကာ စစ်သည်တော်အများစုမှာ အနီးနားက ပင့်ကူတွေရန်က ကာကွယ်ဖို့သာ အာရုံစိုက်နေတဲ့အတွက် ဘယ်သူကမှ သူတို့အပေါ်မှာ တခုခုရှိနေမယ်လို့မထင်ကြပေ ။ မျက်လုံးမဲ့ပင့်ကူတွေနဲ့တော့ မတူပေမဲ့ သူတို့ကို မြင်လိုက်တဲ့သူတိုင်း ရပ်အောင်လုပ်ဖို့အချိန်မရလိုက်ပေ ။

" အားရွှမ် "

" မိုင်...အားရွှမ် ပါသွားပြီ "

" ဘာလို့အပေါ်မှာ အပေါက်ကြီး ရှိနေတာလဲ

အရင်တခါငါတို့လာတုန်းကတောင် မရှိဘူး "

" အဲ့တာ ဘာကြီးလဲ "

အဲ့ဒီအချိန် လူအုပ်က ဘာအပေးအယူမှလုပ်ချင်စိတ်မရှိတော့ပေ။

သူတို့က မျက်လုံးမဲ့ပင့်ကူများကို အညှာအတာမဲ့တိုက်ခိုက်ကြပြီး အချို့ဆို ဒဏ်ရာ ရအောင်ပါ လုပ်ကြသည် ။ သို့သော်လည်း ရှောက်ရွှမ်ကတော့ အပေါ်ကနေ အဝေးသို့ဆွဲခေါ်သွားခံရပြီး သူတို့လိုက်တက်ဖို့လည်း မလွယ်ကူပါချေ ။ မိုင်က တခြားလူတွေကို ပင့်ကူတွေနဲ့ရင်ဆိုင်ဖို့အမိန့်ပေးပြီး သူကတော့ နံရံပေါ်က အပေါက်ထဲကို တက်လေသည် ။ ခဏကြာသော် မိုင်က သွေးမရှိတဲ့မျက်နှာနဲ့ပြန်ရောက်လာသည် ။

ရှောက်ရွှမ် ကို ဆွဲခေါ်သွားတဲ့အကောင်ကြီးက ဘာဖြစ်ဖြစ် သူ့နောက်ကို မိုင်လိုက်ဖို့အတွက် မြန်လွန်းနေသည် ။ မိုင်လိုက်တက်သွားတဲ့အခါ ၄င်းက မရှိတော့သည့်အပြင် ရှောက်ရွှမ်၏ အော်သံကိုပင် မကြားရတော့ပေ ။ ထိုထက်ပိုဆိုးသည်က မိုင် တက်သွားတော့ အဲ့မှာ လမ်းခွဲတွေ ထပ်ရှိနေသေးသည် ။ လမ်းခွဲတွေက မတူညီတဲ့ဘက်တွေကိုခွဲကာ မတူညီတဲ့နေရာတွေကိုရောက်စေလိမ့်မည် ။ အကြိမ်တော်တော်များများ ကြိုးစားကြည့်ပြီးတဲ့နောက် မိုင်ဟာ အရှုံးနဲ့ပြန်လာရ၏ ။

တောင်ရဲ့အတွင်းဗဟိုမှာ ဒီသတ္တဝါတွေဟာ အမှောင်ထုထဲ ဒီဂူအကြောင်းမသိကြခင်တည်းက နေလာခဲ့သည်မှာ ကြာမြင့်လွန်းလှပြီဖြစ်သည် ။

မိုင်က အခြားသူတွေစိတ်မပူနေရအောင် အုပ်စုဆီ ပြန်လာခဲ့သည် ။ ခြုံရရင် သူက ခေါင်းဆောင်သာဖြစ်ပြီး အခြား စစ်သည်သုံးဆယ်အတွက်ပါ တာဝန်ရှိလေသည် ။

မိုင်က ဒေါသတကြီး နံရံကို လက်သီးနဲ့ထိုးလိုက်ပြီးနောက် တစ်စတစ်စများလာသည့် မျက်လုံးမဲ့ပင့်ကူတွေကို အခြားသူတွေနဲ့အတူ ရင်ဆိုင်ဖို့ ပြင်လိုက်လေသည် ။

အခြေအနေတွေက ပို ပိုဆိုးလာသည့်အတွက် အမဲလိုက်အုပ်စုအနေနဲ့ ဂူထဲကနေ အမြန်ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ ။ အပြင်နဲ့ သိပ်မဝေးတော့သည့်အပြင် ပင့်ကူတွေက အလင်းကိုမခံနိုင်တာကြောင့် အပြင်ထိလိုက်မလာမှာကိုလည်း သူတို့သိကြသည် ။

အမဲလိုက်အုပ်စုထဲ တယောက်နှစ် ယောက်လောက်ထိခိုက်သွားပြီး အများအပြားဖြစ်ပျက်သွားခဲ့သည် ။ ဒီအချိန် ရှောက်ရွှမ်မှာလည်း အခြားသူတွေလို ကံဆိုးမိုးမှောင်ကျနေလေသည် ။ လန်ကာ့တို့လို ငယ်ရွယ်ပြီး မစဥ်းစားတတ်သေးတဲ့ စစ်သည်တွေက အထဲကို တစ်ခါပြန်သွားပြီး ရှောက်ရွှမ်ကို ရှာဖွေချင်နေသည် ။ သို့သော်လည်း ဒီလိုခွဲခွာရခြင်းမျိုးအသားကျနေတဲ့ စစ်သည်အိုကြီးတွေက သူတို့ကို တားထားလိုက်ကြသည် ။

စစ်သည်တော်တော်များများက သက်ပြင်းချနေကြသည် ။ အားရွှမ်ဘာလို့ဒီလောက်ကံဆိုးရတာလဲ ၊ သူ့ပထမဆုံးအမဲလိုက် ခရီးမှာ သူက အမြဲပြသာနာတွေရဲ့သားကောင်ဖြစ်နေလေသည် ။

သိပ်မကြာခင်ပဲ အမဲလိုက်အုပ်စုက အလင်းရောင်တွေ မြင်လိုက်ကြပြီး မျက်လုံးမဲ့ပင့်ကူများကလည်း ဆက်မလိုက်ကြတော့ပေ ။

တဖက်မှာ အဆွဲခံနေရတဲ့ ရှောက်ရွှမ်ကတော့ အဆင်မပြေချေ ။

သူ့ကို ဆွဲခေါ်လာတဲ့အကောင်က ဂူထဲမှာနေသည့် အင်းဆက်တမျိုးဖြစ်သည် ။ ပင့်ကူတွေထက် အကောင်သေးသော်လည်း လျင်မြန်ကာ အညာအတာမဲ့လေသည် ။

ရှောက်ရွှမ်ကို ပတ်ထားတာက သူ့ရဲ့ ချိတ်ကောက်ပုံအသွားလေးတွေပါတဲ့ သူ့ဥမှင် ထိပ်ဖျားဖြစ်သည် ။ အကယ်၍ ရှောက်ရွှမ်သာ ဓားနဲ့ မြန်မြန်မခုခံနိုင်ခဲ့ရင် ဒီလိုဆွဲခေါ်သွားတဲ့အခါ သူဒဏ်ရာရဖို့ အလွန်လွယ်ကူသွားပေလိမ့်မည် ။ ဓားနဲ့အသွားတွေ တခုခုနဲ့ပွတ်တိုက်နေလို့ အသံလေးတွေတောင်ထွက်နေသည် ။

မနည်းရုန်းကန်ပြီးတဲ့နောက် ရှောက်ရွှမ်ကိုပတ်ထားသည်မှာ နည်းနည်းပြေလျော့သွားသည် ။ သို့သော် ချက်ချင်း ရှောက်ရွှမ်အား နံရံနှင့်ရိုက်ပစ်လေရာ မနက်စာတွေတောင် ပြန်အန်ထွက်တော့မလို ဖြစ်သွားလေသည် ။

သူ့တစ်ကိုယ်လုံး နာကျင်နေပြီး ရှောက်ရွှမ်က သူ့ကိုယ်သူပြင်ဆင်ကာအဖျားပဲ့နေတဲ့ သူ့အစွယ်ဓားကို ဆွဲထုတ်လိုက်ပြီး ဥမှင်ထိပ်ဖျားကို အညှာအတာမဲ့ ခုတ်ချလိုက်လေသည် ။

ဖောက်!

ရှောက်ရွှမ်ကို ပတ်ထားတဲ့ဥမှင်က အခုတ်ဖြတ်ခံလိုက်ရပြီး အကောင်ကလည်း သူ့ဥမှင်အဖြတ်ခံရတဲ့အတွက် နာကျင်မှုကြောင့် ခုန်ပေါက်နေလေသည် ။ အဲ့ဒီအချိန် ရှောက်ရွှမ်က လွတ်လပ်သွားကာ ကိုယ်ကိုလှိမ့်ပြီးအနီးနားက ဇောက်ထိုးမက်စောက်နေတဲ့ အပေါက်ထဲခုန်ချသွား၏ ။ သူ့ခြေထောက်ပေါ်သူမတ်တပ်ပြန်မရပ်နိုင်သေးခင်အချိန်အထိ ကုန်းဆင်းတလျှောက်လိမ့်သွားလေသည် ။

သူ့ဘယ်လောက်အထိ လိမ့်ဆင်းနေလဲမသိပေမဲ့ သူမတ်တပ်ပြန်ရပ်နိုင်တဲ့အချိန်ကျ ခေါင်းတွေမူးကာ မျက်လုံးများပြာဝေနေသည်။ အဆွဲခေါ်ခံရတဲ့တစ်လျှောက် နံရံနဲ့အကြိမ်များစွာအရိုက်ခံလိုက်ရတဲ့အတွက် သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေလေသည် ။

ဒီမှာ ကြာကြာနေလေ အန္တရာယ်များလေ ဖြစ်တဲ့အတွက် နောက်ပြန်လှည့်ပြေးပြီးတဲ့နောက် အသက်ပင်မနည်းလုရှူနေရလေသည် ။

သူ ကုန်းတက်ကို တွယ်တက်မလို လုပ်နေတဲ့အချိန် သူ့ကျောဘက်က ဂူကနေ လာတဲ့လေတိုးသံကို ကြားလိုက်ရသည် ။ လေတိုးသံလိုပဲ ဆိုပေမဲ့ ထိုအသံက အသက်ရှူသံလို စည်းချက်ကျကျဖြစ်နေပေသည်။

All Chapters