ကျောက်တုံးပိုးကောင်ဘုရင်ကြီး
Vol. 4 Ch. 56
အစကတည်းက တဝီဝီမြည်သံဟာ မထင်မရှား ခပ်ဝေးဝေးကကြားနေရတာဖြစ်ပြီး ဂူထဲက အခြားအသံများနှင့် ရော၍သွားတတ်သည်။ သို့ပေမဲ့ ယခု တဖြည်းဖြည်း ပို၍ ပြတ်ပြတ်သားသား ကြားလာရလေသည်။
ရှောက်ရွှမ်က လန်ကာ့ပြောပြဖူးသည့် ဂူထဲတွင် နေသည့် ကျောက်တုံးပိုးကောင်ဘုရင်ကြီးအကြောင်းကို တွေးမိသွားသည် ။ အစက ဒီလိုဒဏ္ဏာရီလာကျောက်ပိုးကောင်ဘုရင်ကြီးကို အရင်တည်းက ဘယ်သူမှအထောက်အထားမပြနိုင်တဲ့အတွက် လုံးဝ မယုံကြည်ခဲ့ပေ။ ဘိုးဘေးတွေ ပြောခဲ့ကြတယ်ဆိုရင်တောင်မှ ဒါ ထင်ကြေးတခုသာ ဖြစ်မည်ဟု ထင်ခဲ့၏။
ဒီတဝီဝီအသံဟာ ဂူထဲကိုဖြတ်တိုက်တဲ့လေကြောင့်ဟု ထက်ပေမဲ့ အခု ဒီအသံဟာ လေတစ်ခုတည်းကြောင့်တင်မဟုတ်ပဲ အသက်ရှူသံတစ်ခုကပါ ရောပါနေကြောင်း တွေးမိလိုက်သည်။ ဒီ့ထက်ပိုတာက ပို၍နီးကပ်လာလေ အသံက ထင်ရှားလာလေ ဖြစ်သည်။
ရှောက်ရွှမ်က သူ့တစ်ကိုယ်လုံးကို အကြောဖျော့ထားလိုက်ပြီး ကုန်းစောင်းကို သူ့ခြေထောက်နှင့် တက်ဖို့လုပ်လေသည် ။ ကုန်းစောင်းနဲ့နံရံက အမဲလိုက်အုပ်စု လျှောက်ခဲ့ကြတဲ့လမ်းထက် မက်စောက်ကာ ချော်၍နေလေသည်။ ထို့ကြောင့်ပင် ကုန်းစောင်းပေါ်တက်ရသည်မှာ အလွန်ခက်ပါ၏။ ရှောက်ရွှမ်က အသံထွက်လာပြီး ကျောက်ပိုးကောင်ဘုရင်ကြီး နိုးမသွားစေရန်အတွက် သူ့ဓားကို ထုတ်မသုံးရဲပါပေ ။ မိုင်နှင့်တခြားသူတွေ တတ်နိုင်သမျှကြိုးစားပြီး အသံမထွက်အောင် လမ်းလျှောက်ကြသည်မှာ ရည်ရွယ်ချက်ရှိပါသည်။
အသက်ရှူသံမှာ ပိုပို၍ နီးလာကာ ရှောက်ရွှမ် ထင်ထားသည်ထက် မြန်နေလေကာ မျက်စိတစ်မှိတ်အတွင်း ရောက်လာတော့မလို ထင်ရပေသည် ။
အထဲတွင် အစိုဓာတ်အနည်းငယ်ရှိသည် ။ ထုံးကျောက်ရနံ့မှာ လေထုထဲ ပြည့်နေပြီး အချိန်ကြာလာလေ အနံ့ ပြင်းလာလေပင် ။
ရှောက်ရွှမ်က လေထုထဲ အစိုဓာတ်မြင့်တက်လာတာကို သိသိသာသာ ခံစားမိသည် ။ အကြောင်းမှာ သူတက်နေတဲ့နံရံမှာ ရေပေါက်ကလေးတွေရှိနေပြီး ၄င်းက နံရံကိုပိုချောအောင် ပြုလုပ်နေသောကြောင့်ပင် ။ ထို့ကြောင့် တွယ်တက်ရသည်မှာ အရင်ကထက် ပိုခက်ခဲလာပြီး အကြိမ်ရေနည်းနည်းငယ် ချော်ကျပြီးမှသာ သူ့ကိုယ်သူငြိမ်အောင်ပြန်ထိန်းနိုင်သွားသည် ။
သူထက်ပြီး တက်ဖို့တော့ မဖြစ်နိုင်တော့ချေ ။
သူကတော့ သူ့လက်ဖဝါးနဲ့နံရံကြားမှာ ခပ်ချွဲချွဲအရည်လွှာတခု ရှိနေသည်ဟု ခံစားရပြီး သူ့ခြေထောက်တွင်လည်း ထိုကဲ့သို့ပင် ။ သူ့အတွက် ငြိမ်ငြိမ်ရပ်နေဖို့ပင် ခက်ခဲလှသည် ။ သူနည်းနည်းလေးတောင် အားမလျှော့ရဲပေ ၊ သူသာ အားလျှော့လိုက်ရင် လမ်းတစ်လျှောက် ထပ်ပြုတ်ကျသွားနိုင်လေသည် ။
သောက်ကျိုးနည်း..
အဓိပ္ပါယ် မရှိဘူး
စောစောကဆိုလျှင် နံရံမှာ အဆင်ပြေပြေရှိသေးသည် ။ သူတို့လျှောက်ခဲ့တဲ့လမ်းတွေက ချော်နေပြီး မတ်စောက်နေတယ်ဆိုရင်တောင် ရှောက်ရွှမ်စွမ်းရည်နှင့်ဆိုရင် တွယ်တက်ဖို့မှာ ခက်ခဲသည့်ကိစ္စ မဟုတ်ပါပေ ။ သို့ပေမဲ့ သိပ်မကြာသေးခင်တွင်ပင် နံရံမှာ အများကြီးပြောင်းလဲသွားလေသည် ။
သို့သော်လည်း ဒီအချိန်မှာ တွေးနေဖို့ ရှောက်ရွှမ်အတွက် အချိန်မရှိပေ။ စည်းချက်ကျကျ အသက်ရှူသံကြီးက သူ့ခန္ဓာကိုယ်အောက် နီးကပ်လာလေသည် ။
ရှောက်ရွှမ် ချော်ကျကာ လိမ့်သွားပြီး အနီးက မြေပြန့်ပေါ်ကျသွားလေသည် ။ ဒါပေမဲ့ ခြေလှမ်းနည်းနည်းလှမ်းပြီးသည့်နောက် ဂူမှာအောက်သို့နိမ့်ဆင်းသွားသည်ကို တွေ့လိုက်ရသည် ။ သူရပ်နေသည့်နေရာမှ ရှောက်ရွှမ် ဂူကို နည်းနည်းသာ မြင်နိုင်လေရာ ဂူလမ်းမှာ လမ်းခွဲတွေ ရှိနေနိုင်မလား သူမသိပေ ။ အကယ်၍ ရှိတယ်ဆိုရင်ကော ဘယ်နှစ်ခု ရှိနေမလဲ ၊ အကယ်၍ ကျောက်ပိုးကောင်ဘုရင်ကြီးသာ အပေါ်တက်လာရင် သူဘာလုပ်ရမလဲ ၊ ကျောက်ပိုးကောင်ဘုရင်ကြီးသာ သူနဲ့ ဂူလမ်းကြောင်းတခုတည်းကနေ တွားသွားလာရင် သူဘာလုပ်ရမလဲ။
ရှောက်ရွှမ် သူ့မှာ ရှိသမျှအားကုန်ကို သူ့လက်ချောင်းတွေကို ပို့လိုက်ပြီး သူ့လက်ချောင်းထိပ်တို့မှာ နံရံထဲဝင်လုနီးနီးဖြစ်နေသည်။ သို့သော်လည်း သူ့လက်ချောင်းထိပ်များမှာ ဒီ့ထက်နက်နက် မကုတ်ဖဲ့နိုင်တော့ပေ ။ ကျောက်သားများမှာ အလွန်မာလေသည် ။ သူသာ သူ့မျိုးနွယ်စုနတ်စွမ်းအင်သာ ရှိရင် ဒီ့ထက်ပိုနက်နက်တူးနိုင်ပေလိမ့်မည် ။ သို့သော်လည်း သားရဲဆိုးကြီးများမှာ မျိုးနွယ်စုစွမ်းအင်ကို အာရုံခံနိုင်သည့်အတွက် ရှောက်ရွှမ်ထုတ်သုံးဖို့ မရဲပါပေ ။ မိုင်နှင့် အခြားစစ်သည်တွေသည်ပင် တောင်ကိုဖြတ်လျှောက်တုန်းက မျိုးနွယ်စုစွမ်းအားကို မသုံးရဲကြပေ ။
ရှောက်ရွှမ် သူ့ကိုယ်သူ နံရံပေါ်တွယ်ကပ်ထားရသည် ။ သူ့တစ်ကိုယ်လုံးလည်း အနည်းငယ်တောင့်တင်းကာ အကြံအိုက်နေလေသည်။ သူ့မျက်နှာမှာလည်း စိုစိစိဖြစ်နေပြီး သူ့ချွေးတွေလည်း ဖြစ်နေနိုင်သည်။
ဂူထဲတွင် မအိုက်ပါပေ၊ ထိုအစား အထဲတွင် တဖြည်းဖြည်းအေးလာသည်ဟု ရှောက်ရွှမ် ထင်မိလာသည် ။ ဒါ တကယ်ပင် အေးလာနေတာလား သူ့စိတ်ထင်လားတော့ သူကိုယ်တိုင်လည်းသေချာမသိပေ။ ထို့အပြင် ထုံးကျောက်နံ့ကလည်း ကြာလေ ပိုပြင်းလာလေပင်။
ရှောက်ရွှမ် မော့ကြည့်လိုက်သောအခါ သူ့အမြင်မှာ မြင်ကွင်းက ပြောင်းလဲသွားလေသည် ။
ရှောက်ရွှမ်အမြင်တွင် နံရံပေါ်က မီးခိုးရောင်ကျောက်တုံးတွေနဲ့မတူပဲ ရေစက်ကလေးများမှာ အဖြူဖျော့ဖျော့လေးဖြစ်နေသည် ။ အဖြူရောင်ဟာ မြန်မြန်ဆန်ဆန်ပဲ မီးခိုးရောင်ကျောက်နံရံကိုဖုံးအုပ်သွားကာ ရှောက်ရွှမ် တွယ်တက်ခဲ့တဲ့ကျောက်နံရံကဲ့သို့ပင် ဂူထိပ်ကိုလည်း လျင်လျင်မြန်မြန် ချဲ့ကားဖုံးအုပ်ပစ်လိုက်သည် ။
ဝီ..ဝီ...
အသံက ပို၍နီးလာပြီး ရှောက်ရွှမ်အောက်တည့်တည့်တွင်ရှိနေသကဲ့သို့ဖြစ်နေသည် ။
အသက်ရှူသံကြီးနှင့်အတူ အခြားသတ္တဝါများ ကုတ်ဖဲ့နေသလို တွားသွားသံကြီးတစ်ခုပါကြားရလေသည်။
ရှောက်ရွှမ်က နံရံအနားသို့ အသံတိတ်ကပ်သွားလိုက်ပြီး သု့အသက်ရှူသံနဲ့ နှလုံးခုန်သံကို ထိန်းချုပ်ထားပြီး သူကိုယ်သူအယောင်ဖျောက်ထားလိုက်လေ၏ ။ သူ့ကိုယ်သူ ပတ်ဝန်းကျင်နဲ့တသားတည်း ဖြစ်သွားအောင်ပေါင်းစပ်လိုက်သလို ဖြစ်နေပြီး လန်ကာ့နှင့်အခြားသူများအနားလာရပ်လျှင်တောင် သူရှိနေမှန်းကို သတိထားမိရန်မလွယ်ပါချေ။
အသက်ရှူသံကိုနားထောင်ကြည့်တော့ ထိုအရာကြီးက တကယ်ကို သူ့လမ်းကိုလာနေပြီလို့ ရှောက်ရွှမ်ထင်သည် ။ စွန့်စားကြည့်ဖို့ကလွဲရင် အခြား ရွေးချယ်စရာ မရှိတော့ပေ ။ သူ့လက်ချောင်းများမှာ အသုံးမဝင်တော့သဖြင့် သူ့ဓားကို အဆင်သင့်ဖြစ်အောင်ဆောင်ထားလိုက်သည် ။ ဓားနှင့်မရလျှင် လှံထိပ်ကို သုံးမည် ။ ထိုသို့လုပ်ပြီး သူအပေါ်ကို တက်လို့ရမည်မဟုတ်ပါလား။
သူ အင်းဆက်ကောင်ကြီး ဆွဲခေါ်သည်အား ခံခဲ့ရသော်လည်း သူ့ပစ္စည်းအစုံပါလာခဲ့သေးသည် ။ ထိုကိရိယာများသုံးလိုက်ရင် အကောင်ကြီးကို အာရုံစိုက်မိအောင် လုပ်လိုက်မိသလို ဖြစ်နိုင်သော်လည်း ဒီနည်းလမ်းနဲ့သာ ရှောက်ရွှမ်အသက်ကို ဦးစားပေးကာ လုပ်ဆောင်နိုင်ရန်ရှိသည်။
အသက်ရှူသံကြီးအပြင် နှလုံးခုန်သံကြီးလည်း ကြားရသေးသည် ။
ဒုတ်..ဒုတ်...ဒုတ်..ဒုတ်..
ပြောရအောင်အသံကျယ်ကြီးမဟုတ်သော်လည်း ရင်ဘတ်ကို တူနဲ့ထုနေသကဲ့သို့ ခံစားရသည် ။ တူတစ်ချက်ပြီး တစ်ချက်ထုကာ နှလုံးသားကို သွေးထွက်အောင်ပြုနေသကဲ့သို့ပင် ။
တိတ်ဆိတ်တဲ့စစ်မြေပြင်မှာ စစ်ချီဗုံတွေ တီးနေသကဲ့သို့ဖြစ်နေပြီး ဂူတစ်ခုလုံးမှာလည်း ထိုအသံနှင့်အတူ တုန်ခါလာလေတော့သည် ။
အသံ၏ နောက်တွင် ဖိအားပါ ပါလာခဲ့သည် ။
အရှိန်အဝါဟုများ ခေါ်လေမလား ။
ရှောက်ရွှမ် သူ့ခေါင်းပေါ်မှာ သိပ်သည်းလေးလံတဲ့တိမ်မည်းတွေ ဖိထားသကဲ့သို့ပင် ခက်ခဲစွာ အသက်ရှူနေရလေသည် ။ မျိုးနွယ်စု စွမ်းအင်အပေါ် မှီခိုမထားလျှင် ရှောက်ရွှမ်ကိုယ်လုံးမှာ အနည်းငယ်အားနည်းနေသေးသည် ။
ရှောက်ရွှမ် အနားကပ်လာသည့် အသံကြီးကို အာရုံစိုက်ထားပြီး သူ့ဓားကို ထုတ် သူ့မျိုးနွယ်စုစွမ်းအင်ကိုသုံးပြီး တွယ်တက်ဖို့လုပ်နေချိန်မှာ အသက်ရှူသံကြီးနှင့် မိုးခြိမ်းသံကဲ့သို့ နှလုံးခုန်သံကြီးမှာ တဖြည်းဖြည်း ဝေး၍သွားလေသည် ။
ကြည့်ရတာ ဒီဂူရဲ့အောက်မှာ လမ်းခွတစ်ခုရှိနေပြီး ကံကောင်းစွာနှင့် ရှောက်ရွှမ် ရှိနေတဲ့
လမ်းကြောင်းထဲကို ကျောက်ပိုးကောင်ဘုရင်ကြီး ဝင်မလာခဲ့ပေ ။
အသံကြီးပျောက်ကွယ်သွားသောအခါ ရှောက်ရွှမ် သူ့ကြွက်သားများအား ဖြေလျော့လိုက်သည်။ အစောပိုင်းမှာ သူ့အားအကုန်လုံး တွယ်ထားဖို့ ကုန်ခဲ့ရတဲ့အတွက် ယခု မောဟိုက်နေသလိုခံစားရ၏။
တိုက်ခိုက်လှုပ်ရှား သတ်ဖြတ်ရခြင်းလုံးလုံး မရှိပေ ။ သူလုပ်ရတာက သူ့အားရှိသမျှနှင့် နံရံကို တွယ်တက်ရခြင်းသာ ဖြစ်သော်လည်း ဟေးစစ်ဖုန်းနှင့် တိုက်ခိုက်ခဲ့တုန်းကထက် ပိုပင်ပန်းလေသည် ။ ရှောက်ရွှမ် သူ့လက်ကို သေချာမထိန်းနိုင်တဲ့အတွက်ကြောင့် ခဏနှင့် ချော်ကျကာ သူရပ်ခဲ့သည့်နေရာကိုသာ ပြန်လဲကျသွားတော့သည် ။
ရှောက်ရွှမ် နှလုံးခုန်သံမှာလည်း ဗုံတီးသကဲ့သို့ မြည်ဟီးနေသည် ။ ခဏမျှ သူအနားယူလိုက်ပါ၏ ။
ရှောက်ရွှမ် တစ်ခုခုအား သတိထားမိပြီး နောက်ပြန်ကြည့်လိုက်သည့်အခါ သူတွယ်တက်ခဲ့တဲ့နံရံမှာ ပထမက အဖြူရောင်အလွှာဖုံးအုပ်နေရာမှ အဖြူရောင်များပျောက်ကွယ်သွားကာ တဖြည်းဖြည်းနှင့်ပြောင်းလဲလာပြီး အဖြူများတစနဲ့တစပျောက်သွားလေသည် ။
ဂူထဲမှ လေထုကလည်း အရင်အတိုင်းပြန်ဖြစ်လာပြီး အစိုဓာတ်နည်းလာလေကာ ထုံးနံ့များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည် ။
မျက်နှာပေါ်မှာ ယားကျိကျိခံစားရတာကြောင့် ရှောက်ရွှမ် မော့ကြည့်လိုက်ပြီး နံရံကိုပွတ်ကြည့်လိုက်သောအခါ ကျောက်ပြားလေးများနှင့် အမှုန့်လေးများ ကြွေကျလာတာကိုသာတွေ့ရသည် ။ သူ့လက်ဖဝါးနှစ်ဖက်လုံးမှာ အမှုန်လေးတွေနဲ့ကျောက်ပြားမာမာလေးတွေ အလွှာလေး ပေါ်လာသည် ။ သူက လက်သီးဆုပ်ကာ အမှုန်နဲ့ကျောက်ပြားလေးများကို ခါချလိုက်လေသည် ။
ရှောက်ရွှမ် တစ်ခုခုအား တွေးမိကာ အထက်သို့ တက်လိုက်လေသည် ။ ပျစ်ချွဲချွဲအရည်များမရှိတော့သည်နှင့် တက်ရသည်မှာ ပို၍လွယ်ကူလာလေသည် ။
နံရံကို သေချာ အပြန်အလှန်စစ်ဆေးကြည့်ပြီးတဲ့နောက် သူတက်ခဲ့တဲ့နံရံမှာ သူ့လက်ရာတွေက သူဘယ်တုန်းကမှ မရောက်ခဲ့ဖူးသလို ပျောက်သွားသည်ကို သတိထားမိလေသည် ။
အရင်တစ်ခါက အမှတ်အသားချန်ထားခဲ့လျှင်နောက်တခါ ပြန်လာသည့်အခါ ပျောက်သွားသည်မှာ အံ့သြစရာမရှိ ။ ထိုကဲ့သို့ ဖြစ်သွားသည်ပင် ဖြစ်မည် ။
ဘယ်သတ္တဝါမှာ မလာခဲ့တဲ့အတိုင်း ဂူကြီးက သူ့နဂိုပုံစံကို ပြန်လည်ထိန်းသိမ်းထားတတ်လေသည် ။
ရှောက်ရွှမ် အောက်သို့မဆင်းတော့ပဲ အပေါ်တက်ဖို့သာ ရွေးလိုက်သည်။ အမဲလိုက်အုပ်စု ဘယ်သွားသလဲဆိုတဲ့နောက်ကို သူလိုက်လိုလျှင် အပေါ်တက်ပြီး ကြည့်ဖို့လိုလေသည် ။
သူ အပေါ်ကို ခက်ခက်ခဲခဲ ကြိုးစားတက်ပြီး သူ့ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ရှောက်ရွှမ် လုံးလုံး ဆွံ့အသွားသည် ။
ဒီနေရာဟာ သူ အင်းဆက်ကြီးရဲ့ ဥမင်တံကို ဖြတ်ခဲ့သည့်နေရာ ဖြစ်သင့်သည် ၊ သို့သော် ဒီမှာ ဖြတ်ခံထားရတဲ့ ဥမင်တံကော တခြားအရာကော ဘာမှရှိမနေပေ ။ အင်းစက်တွေ ၊ မျက်လုံးမဲ့ပင့်ကူတွေ ၊ အသံနဲ့ ခြေရာလက်ရာတွေ ဘာမှ မရှိပေ။
အရာအားလုံးက ပြန်ပြင်ထားသည့်အတိုင်း ပင် ။
ရှောက်ရွှမ် ရှေ့တွင် လမ်းခွသုံးခု ရှိနေပြီး အတော်ဆင်တူကြသည် ။ တခြားဘယ်တိရိစ္ဆာန်ရဲ့ခြေရာလက်ရာကိုမှ မတွေ့ရပေ ၊ ထို့ကြောင့် ဤလမ်းသုံးခုကို သူမခွဲတတ်တော့ပေ ။
ဘယ်လမ်းကနေ သူဆွဲခေါ်ခံလိုက်ရတာလဲ ၊
သူ ပြန်မှတ်မိဖို့ ကြိုးစားသော်လည်း မဖြစ်နိုင်တော့တာကိုသာ တွေ့ရသည် ။ ဘယ်လမ်းကို ရွေးရမလဲ သူလုံးဝမသိပေ ။
အသက်ကို ဝဝရှူကာ လက်သီးဆုပ်လိုက်ပြီး အသံတိုးတိုးနဲ့ရှောက်ရွှမ်ပြောလိုက်မိသည်။
" သောက်ကျိုးနည်းပဲ“