← Chapters

အလိုလိုသိစိတ်

Vol. 4 Ch. 57

အလိုလိုသိစိတ်

Vol. 4 Ch. 57

မိုင် ၊ လန်ကာ့ နှင့် အခြားသူများသည် ဂူအပြင်ဝတွင်စောင့်နေကြ၏။

အမဲလိုက်ရိုးရာအရ တစ်ယောက်ယောက်က အတွင်းထဲတွင် မတော်တဆဖြစ်လျှင် ကျန်သူများက တစ်ရက်တိတိအပြင်တွင်စောင့်ဆိုင်းရမည် ဖြစ်ပြီး နောက်နေ့မှသာ ဆက်အမဲလိုက်ရပေမည်။

နှစ်တိုင်း သူတို့ရဲဘော်တစ်ချို့ ဆုံးရှုံးတတ်ကြသော်လည်း တာဝန်ကိုဆက်လက်ထမ်းဆောင်ကြလေပြီး အားလုံးအတူတူပင်ဖြစ်သည်။

" အားရွှမ် အဆင်ပြေမှာပါ ၊ ဟုတ်တယ်မလား "

လန်ကာ့ စိတ်ရှုပ်နေသည့်ပုံဖြင့် ဂူအဝကိုကြည့်ပြီး အရှေ့လျှောက်လိုက်အနောက်လျှောက်လိုက် လုပ်နေလေသည်။ သူကိုယ်တိုင်အထဲသို့ ဝင်ရှာလိုက်ချင်သော်ငြား လမ်းမှန်မသိလျှင် သူလည်းအထဲတွင် အကူအညီပေးနိုင်မည်မဟုတ်ပေ။ သူ ကြားထဲက လမ်းဆုံလမ်းခွတွေ ၊ ကွေ့ရတာတွေကို ထားလိုက်ဦး ၊ ဝင်ပေါက်ထွက်ပေါက်အနားကလမ်းကိုပင် သေချာမမှတ်မိပေ ။ မိုင်တို့လို ဝါရင့်စစ်သည်တို့လို ဂူနဲ့လမ်းကြောင်းတွေအကြောင်း သူ သေချာမသိသေးပေ ။ အခုအတွေ့အကြုံ ရှိသူများကပင် လက်လျော့ထားကြလေရာ သူလည်းစောင့်ရုံမှလွဲ၍ လုပ်စရာမရှိပေ ။

" အားရွှမ် က ကံကောင်းတတ်တဲ့ကလေးပါ ၊ သူက ဟေးစစ်ဖုန်းကိုတောင် သတ်နိုင်ခဲ့သေးတာပဲ ၊ သူတောင်ထဲက ထွက်လာနိုင်လောက်ပါတယ် " အန်းကပြောသည် ။

တခြားသူတွေလည်း အတွေးတူကြလေပြီး ဝါရင့်စစ်သည်တော်အချို့မှာတော့ မတူတဲ့အတွေးများရှိသည် ။ လန်ကာ့တို့လို ဝါနုစစ်သည်တော်တွေလိုမဟုတ်ပဲ ဝါနုသူတွေထက် သူတို့ကအများကြီး ကြုံဖူးခဲ့ကြပြီ ၊ ပြီးတော့ နှဖူးတွေ့ဒူးတွေ့မကြုံဖူးကြသည့်တိုင် ကြားဖူးနားဝ ရှိကြလေသည်။

တောင်ရဲ့မြေပြင်အနေအထားမှာ ဟေးစစ်ဖုန်းကို ရင်ဆိုင်ရခြင်းထက် ရှုပ်ထွေးလေသည် ။ ရှောက်ရွှမ် အဓိကသတ်နိုင်ရခြင်းအကြောင်းဖြစ်တဲ့ ဟေးစစ်ဖုန်းများက အေးတဲ့ဒေသမှာဆိုရင် တိုက်ခိုက်နိုင်စွမ်းအားနည်းသည်ကို ဖယ်လိုက်လျှင် ဟေးစစ်ဖုန်းကို သတ်နိုင်ခြင်းက ကံကောင်းမှုထက်ပိုပေသည် ။ သို့သော် အထဲက အခြေအနေနှင့် တော့ မတူပါချေ။

ဘိုးဘေးတွေ အမဲလိုက်လမ်းကြောင်းတွေ ရှာတုန်းကဆိုရင် အဆင်ပြေတဲ့လမ်းတွေကို ရှာတွေ့ဖို့လူပေါင်းများစွာ အသက်တို့ စတေးခဲ့ရလေသည်။ သို့သော် ရှောက်ရွှမ်က ဘာမှမဟုတ်ပေမဲ့ အမဲလိုက်ခရီးကို ပထမဆုံးလိုက်ပါသော စွမ်းအင်နိုးထကာစကောင်လေး ဖြစ်လေသည်။ စွမ်းဆောင်ရည်ချင်းတွက်ဆလျှင် သူက အမဲလိုက်အုပ်စုထဲက ဘယ်သူထက်မှ မသာပေ။

လန်ကာ့နှင့် အခြားဝါနုသည့်စစ်သည်တော်လေးများအား အားရွှမ်က ကံကောင်းပါတယ်ဟု နှစ်သိမ့်ပေးနေသော်လည်း ဝါရင့်စစ်သည် တော်တို့စိတ်ထဲမှာတော့ ဒီကလေးဘာလို့ ဒီလောက်ကံဆိုးရသလဲ တွေးနေကြသည်။

အစောပိုင်းတုန်းက ဟေးစစ်ဖုန်း လက်က လွတ်မြောက်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပဲ အမှတ်မထင် ဘယ်နေရာမှာ ရှာရမှန်းမသိတဲ့ တောင်ထဲမှာ ပိတ်မိလို့နေပြန်သည်။

အခုမှ ပါဝင်လာတဲ့လူသစ်လေးတွေ ကျန်ခဲ့မလား သေကြမလားကတော့ သူတို့ကံအပေါ်မှာ မူတည်ပေသည် ။ ဘိုးဘေးတွေပင် သူတို့ကံကြမ္မာကို မလွန်ဆန်နိုင်ခဲ့ပေရာ ရှောက်ရွှမ် အဘယ်သို့ရှင်နိုင်မည်နည်း ၊ ဒီလမ်းကို စအသုံးပြုချိန်မှစ၍ ဒီနေ့အထိ ကျန်ခဲ့သူများ အသက်ရှင်လျက်ထွက်မလာဘူးကြပေ ၊ ဒီလိုအရည်အချင်းရှိတဲ့ကောင်လေး ပျောက်သွားသည်ကတော့ နှမြောစရာပင်ဖြစ်သည် ။သူတို့ပြန်လာတဲ့အခါ ဒီကောင်လေးကို အောင်မြင်မှုတွေနဲ့မြင်ရဖို့ဆုတောင်းမိကြသော်လည်း ဒီလိုတောင်ကြီးမှာ ထာဝရအနားယူသွားလိမ့်မည်ဟုတော့ ဘယ်သူမှ ထင်မထားကြပေ ။

မိုင်ကတော့ တောင်ထဲတွင် တစ်ယောက်ပျောက်သွားခဲ့ရသည့်အတွက် စိတ်မကြည်ဖြစ်နေ၏။ ဒါ့အပြင် ထိုကလေးက သူသဘောအကျဆုံးကလေးပင်ဖြစ်နေသေးသည် ။ ရှောက်ရွှမ် ဘာတွေရင်ဆိုင်ရမလဲ သူသိသည့်အပြင် သူ့အရင် မည်သူကမျှ အသက်ရှင်လျက်ထွက်လာနိုင်ခဲ့တာမျိုး မရှိခဲ့ဖူးတာကို သိနေသည့်အတွက် မိုင် ထိုနေရာတွင်သာ အသံတိတ်ထိုင်နေမိလေသည် ။

သူ သေချာသတိမထားမိသည့်အတွက် သူ့ကိုယ်သူ အလွန်နောင်တရနေမိသည် ။ သူသာ အပေါ်မှာအပေါက်ရှိတာကို သတိထားမိလျှင် ၊ မျက်လုံးမဲ့ပင့်ကူတွေကိုပဲ အာရုံစိုက်မထားလျှင် ယခုလို ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည် ။

အဲ့ဒီအချိန် ရှောက်ရွှမ်ကတော့ ဘယ်လမ်းကို ရွေးရမှန်းမသိ ဒွိဟဖြစ်နေလေသည် ။

လမ်းခွဲသုံးခု ရှိနေပြီး တစ်ခုကသာ သူ့ကိုဆွဲခေါ်လာတဲ့နေရာကနေ အပြင်ကိုရောက်စေမည်ဖြစ်သည် ။ အခြားလမ်းနှစ်ခုက ဘယ်ကိုရောက်မလဲ ဘယ်သူမှမသိကြပေ ။ လမ်းမှားသွားရင် အသက်ရှင်လျက်ပြန်ထွက်နိုင်ဖို့မသေချာပေ ။

ရှောက်ရွှမ်က သူ့စိတ်ရှုပ်နေသည်ကို သက်သာစေရန် အသက်ဝဝရှုလိုက်သည် ။

သူ့အတွေ့အကြုံတွေကို ပြန်တွေးလိုက်တဲ့အခါ သူတို့စွမ်းအင်နိုးထလာကာစ ညက နတ်ဆေးဆရာပြောခဲ့သည့် သင်ခန်းစာများကို ရှောက်ရွှမ် မှတ်မိလာသည် ။

" ရှေးအခါက ဘိုးဘေးတွေဟာ ညကို အလင်းရစေဖို့ မီးကိုအသုံးပြုခဲ့ကြသလို မီးတောက်ရဲ့အစွမ်းက မင်းတို့ကို လမ်းပြပါလိမ့်မယ် "

အလိုလို သိစိတ်...

မီးတောက်ကပေးတဲ့ အလိုလိုသိစိတ်...

ရှောက်ရွှမ် သူ့ကိုယ်ထဲက မျိုးနွယ်စုစွမ်းအင်တွေကို နှိုးဆော်လိုက်ပြီး သူ့စိတ်ထဲက မီးတောက်ဦးချိုအရုပ်ကြီးကို ရစ်ပတ်ထားတဲ့မီးတောက်များသည် ပိုမိုတောက်ပလာလေသည် ။

ရှောက်ရွှမ် လမ်းသုံးခုကို အသံတိတ်ငေးကြည့်နေလိုက်သည်။

ခဏကြာသော် ရှောက်ရွှမ်က သူ့ခြေကို ကြွလိုက်ပြီး အလယ်ကလမ်းထဲသို့ လျှောက်သွားလေသည် ။

ဂူထဲမှာ အတော်တိတ်ဆိတ်နေပြီး ပင့်ကူများရော ပိုးကောင်များရော မတွေ့ရပေ။ ရှောက်ရွှမ် လမ်းတစ်လျောက် လျှောက်သွားလိုက်သော်ငြား တအောင့်ကြာသော်...

သေစမ်း!

ဘာ အလိုလိုသိစိတ်လဲ!

ဘာ မီးတောက်ရဲ့အစွမ်းက မင်းကိုလမ်းပြမယ် လဲ!

အကုန်လုံး အလိမ်အညာချည်းပဲ!

နတ်ဆေးဆရာက အလကားအိုနေတဲ့ဘဲတစ်ကောင်ပဲ!

သူသာ ကျောက်ပိုးကောင်ဘုရင်ကြီးကို နှိုးမိမှာ မကြောက်ရင် ရှောက်ရွှမ် အကျယ်ကြီးအော်၍ ကျိန်ဆဲနေလောက်လေပြီ။

သူဆွဲခေါ်လာခံရတဲ့ လမ်းနဲ့ အတူတူမဟုတ်ကြောင်းကို သူသေချာအောင်လုပ်လိုက်လေသည်။ လမ်းက ဘယ်ဟာလဲ သူမမှတ်မိရင်တောင် သူ့ခန္ဓာကိုယ်က နံရံတွေနှင့်ရိုက်မိသည့်အကြိမ်ရေကိုသူမှတ်မိသည် ။

သူ့ကို အင်းဆက်ကြီးဆွဲခေါ်သွားတဲ့လမ်းတစ်လျောက် သူနံရံတွေနဲ့ရိုက်မိသည့်အချိန်တိုင်းတွင် လမ်းကွေ့ရှိသည် ။ သို့သော်လည်း သူအခု ဖြတ်လာခဲ့သမျှ လမ်းကွေ့တွေက အရင်ကထက်များလေသည် ။ ပြီးတော့ ပတ်ပတ်လည်ကလည်း သူ့အတွက်ထူးဆန်းနေပြီး ရင်းနှီးတဲ့ခံစားချက်မျိုး မရှိပေ ၊ ဒီတော့ သူ့အလိုလိုသိစိတ်က ကန့်လန့်တိုက်နေတာလား။

ရှောက်ရွှမ် နံရံကိုခေါင်းနှင့်တိုက်လိုက်သည် ။

ဘာလို့ သူဒီလောက် ကံဆိုးရပါလိမ့်။

မျိုးနွယ်စုထဲလည်း သူ ဘယ်သူ့ကိုမယုတ်မာဖူးသည့်အပြင် မိဘမဲ့ဂူက အားနည်းတဲ့ ကလေးတွေကိုတောင် ကူညီပေးပါသေးသည် ။ အဘယ်ကြောင့် သူ့မှာ ဆိုးတာတွေပဲ ကြုံနေရပါလိမ့်။

မဟုတ်ရင်...

နှင်းပွဲတော်တုန်းက ရိုးရာအခမ်းအနားအကြောင်း ရှောက်ရွှမ် တွေးနေမိသည် ။ အခြားသူတွေက ပူဇော်ရှိခိုးနေကြချိန် သူကတော့ သူ့ခန္ဓာကိုယ်က အပြောင်းအလဲတွေအကြောင်းသာ တွေးနေလေသည် ။ ပြီးတော့ အမဲလိုက်သီချင်းကို လူထုကဆိုကြတုန်းကလည်း သူဝင်မဆိုခဲ့ဘဲ ဆိုချင်ယောင်ဆောင်နေခဲ့လေသည်။ သူ မရိုမသေပြုလုပ်ခဲ့တာတွေရဲ့အကျိုးဆက်တွေများ ဖြစ်နေလေမလား ။

နတ်ဆေးဆရာတို့ပြောကြတဲ့ စစ်သည်တော်တွေကို စောင့်ရှောက်ကြတဲ့အစောင့်အရှောက် နတ်ရုပ်နဲ့ မီးတောက်က သူ့ကိုမကာကွယ်ပေးဖို့များ လုပ်ကြလေသလား။

တော်တော် အသုံးမကျတာပဲ

အကယ်၍ သူတို့သာ ကာကွယ်ပေးနိုင်ရင် လန်ကာ့ပြောပြဖူးတဲ့ပုံပြင်တွေထဲကလို ဘိုးဘေးတွေက ဒီနေရာမှာ သေရမည်မဟုတ်ပေ ။

ဒီအကြောင်းတွေးမိတော့ ရှောက်ရွှမ် မျက်နှာက အေးစက်သွားသည်။ အလင်းရောင်သာ ရှိမည်ဆိုလျှင် သူ့မျက်လုံးထဲက အေးစက်စက်အကြည့်ကို မြင်နိုင်ပေလိမ့်မည်။

ရှောက်ရွှမ် နံရီကို မှီလိုက်သည် ၊ ဒါပေမဲ့ သူချက်ချင်း လေထဲသို့ခုန်လိုက်လေသည် ။ သူ ခုန်ပြီးတဲ့နောက် သူရပ်ခဲ့တဲ့နေရာကို အရိပ်တခုက ကြာပွတ်နှင့် ပြင်းပြင်းထန်ထန်ရိုက်လိုက်လေသည် ။

ကျွီ.....

ဥမင်တံထိပ်က အသွားတွေဟာ ကျောက်နံရံကို ဖြတ်ပစ်လိုက်ကာ တကျွီကျွီ အသံများထွက်လာလေသည် ။ ဒါ သူ့ကို ဒီနေရာအထိ ဆွဲခေါ်လာတဲ့ အင်းဆက်ပင် ။

တစ်ခါ မိထားဖူးသည့်အတွက် သင်ခန်းစာရနေလေကာ သူသာ ဒီတူညီတဲ့ထောင်ခြောက်မှာပဲ နောက်တစ်ခါထပ်မိရင် သူတုံးအရာရောက်ပေမည်။

ရှောက်ရွှမ် အပြင်မှာ ဒီအင်းဆက်က အလွန်သေးငယ်တဲ့အရိုးများနဲ့ ဖွဲ့စည်းထားကာ အရိုးများက သန်မာတောင့်တင်းပုံမရပေ ။ သို့သော်လည်း ၎င်းကအမှန်မဟုတ်ပေ ။ ဤ အရိုးသေးသေးများမှာ အင်းဆက်တွေအသားကို တင်းတင်းကြပ်ကြပ်ကိုင်ထားနိုင်သည့်အပြင် ဒီဂူထဲမှာ သွားလာသည့်အခါ အသံမကြားရပဲ မြန်မြန်ဆန်ဆန်သွားနိုင်သေး၏။

အရိုးသေးလေးများအပြင် ပြင်ပအန္တရာယ်ကို ကာကွယ်ပေးရန် သူ့ကျောဘက်မှာ အခွံမာအလွှာတခုလည်း ရှိသေးသည် ။ အစွမ်းထက်ဆုံးလက်နက်ကတော့ သူ့ဥမင်တံပင် ။ ဒါပေမဲ့ အခု သူ့ကို ဖမ်းမိတုန်းက ဥမင်တံတခုကို သူ့ခုတ်ပစ်လိုက်၍ ဥမင်တံမှာ အစုံလိုက်မဟုတ်တော့ပေ ။

သို့သော် ဟေးစစ်ဖုန်းရဲ့ အကြေးခွံမာ ချပ်ဝတ်နဲ့ယှဥ်ရင်တော့ ဒီအင်းဆက်ရဲ့အကာအကွယ်က အလွန်အားနည်းလေသည် ။ သူ့အားသာချက်က ရန်သူကို အလစ် ချောင်းမြောင်းတိုက်ခိုက်ခြင်းဖြစ်ပြီး တကယ် လက်တွေ့တိုက်ခိုက်လျှင်တော့ အရေးနိမ့်ပေမည် ။

သူတို့က ကျောက်ပိုးကောင်ဘုရင်ကြီး ထိန်းချုပ်မှုအောက်က နယ်မြေတွင် ရှိကြသည် ။ ကျောက်ဘုရင်ပိုးကောင်ကြီးက ဘယ်သူ့ကိုမှ တောင်ထဲနေဖို့ခွင့်ပြုထားမည်မဟုတ်သော်လည်း ခြိမ်းခြောက်စရာတခုခုရှိနေလျှင်လည်း ကြံ့ကြံ့ခံနိုင်မည်မဟုတ်ပေ ။

သိသိသာသာပင် ရှောက်ရွှမ်တင် အာဃာတ ထားနေသည် မဟုတ်ပေ ။ သူ့ကို ဒီနေရာကို ဆွဲခေါ်သည့်အတွက် သူက မုန်းနေသလို အင်းဆက်ကလည်း သူ့ဥမင်တံကို ဖြတ်ခုတ်လိုက်သည့်အတွက် နက်နက်နဲနဲ မုန်းတီးလေသည် ။

ဥမင်တံက ရှောက်ရွှမ်ကို မထိပဲ လေကိုသာ ရိုက်လိုက်မိသည့်အတွက် အင်းဆက်ပို၍ စိတ်တိုသွားလေသည် ။ အင်းစက်မှာ ခြေထောက်နှစ်စုံနဲ့ ထိန်းညှိထားတာ မတ်တပ်ရပ်လိုက်ပြီး တံစဥ်ပုံစံ ရှေ့ခြေနှစ်ချောင်းဖြင့် ရှောက်ရွှမ်အား လှမ်းရိုက်လိုက်ပြီး အကြမ်းဖက်တိုက်ခိုက်လေသည် ။ စိတ်လွတ်နေကာ ရှောက်ရွှမ်အပေါ်သို့ မဆင်မခြင်ခုန်အုပ်လိုက်လေသည် ။

ရှောက်ရွှမ်လည်း အမြင့်သို့ခုန်လိုက်ကာ ဂူထိပ်ပေါ်သို့နင်းလိုက်ရာ ကျောက်တုံးပင် အက်သွားလေသည် ။

အားအပြည့်နဲ့ ရစ်ပတ်လိုက်လေရာ ရှောက်ရွှမ်၏ ကိုယ်လုံး လေထဲ နှစ်ပတ်လောက်လည်သွားတော့သည်။ သို့သော် နောက်မဆုတ်တော့ပဲ သူ့လက်ထဲတွင် ဓားကိုင်ရင်း အင်းဆက်ရှိရာသို့ ပြေးဝင်သွားလိုက်သည်။

ဤနေရာမှ အင်းဆက်သည် နယ်မြေကျွမ်းသည့်အတွက် တစ်ကွက်သာသလို ရှောက်ရွှမ်ကလည်း သူ အင်းဆက်ထက် တပန်းရှုံးနေမှန်း သူ့စိတ်ထဲကသိနေလေသည်။

သူတို့နှစ်ယောက်လုံး အငြိုးထားကြသည့်အတွက် စိတ်အေးအေးနှင့် လက်စားချေလိုနေကြသည်။ ထို့အပြင် အင်းဆက်ရဲ့ပုံစံအရ တစ်ယောက်ယောက်ကသာ သတ်ချင်လျှင် တွန့်ဆုတ်ခြင်းမရှိပဲ မြန်မြန်ဆန်ဆန်တိုက်ခိုက်ရမည်ဖြစ်သည် ။

ကောင်လေးနဲ့ အင်းဆက်မှာ နဂိုတည်းက ဥမင်တံ၏အရှည်လောက်ရှိသည့် ဆယ်မီတာအကွာတွင် ရပ်နေကြခြင်းဖြစ်သည် ။ သို့သော် ရှောက်ရွှမ်က အင်းစက်ဆီပြေးဝင်သွားသည့်အခါ ထိုအကွာအဝေးမှာ မျက်တောင်တစ်ချက်ခတ်စာသာ ရှိလေသည်။ အင်းစက်ရဲ့ရှေ့ခြေကလည်း မတ်တပ်ရပ်နေရင်း ဝှေ့ယမ်းထားကာ လမ်းကျဥ်းလေးပင် ပိတ်လုနီးနီးဖြစ်နေသည် ။ ၄င်းတို့မှာ ဓားသွားဝဲကတော့ပုံ ဖြစ်နေပြီး အနားသာကပ်မိရင် ရှောက်ရွှမ် မျက်နှာကို ထိခိုက်မိမှာပင်။

သူက အစွယ်ဓားနဲ့ ရှေ့ခြေကို ကာလိုက်ကာ နှစ်ခုတိုက်မိသည့်အားကြောင့် ရှောက်ရွှမ်လက်မောင်းတခုလုံး ထုံကျင်နေလေသည် ။ သို့သော်လည်း သူက မရပ်ပဲ လှိမ့်ဝင်ကာ ဓားဝဲကတော့ကို ခုန်ရှောင်လိုက်ပြီး အင်းဆက်ဘေးနားရောက်သွားလေသည် ။

ရှောက်ရွှမ်က နံရံကို သူ့ဘယ်ခြေနဲ့နင်းပြီး ကန်လိုက်ကာ ခေါင်းနဲ့ကိုယ်ဆက်ထားတဲ့နေရာကို မိုးကြိုးကဲ့သို့ ဓားနဲ့ထိုးလိုက်လေသည် ။ ၄င်းနေရာမှာ ဦးခေါင်းလို ဒိုင်းပုံအခွံနှင့် လိပ်ခွံလိုကျောတို့ကဲ့သို့ အကာအကွယ်မရှိပေ ။

အင်းဆက်က ရှောက်ရွှမ်က ဓားဝဲကတော့ကို ခုန်ကျော်နိုင်စွမ်းရှိသည်ကို မြင်သောအခါ တစ်ခုခုလွဲ နေမှန်းသဘောပေါက်သွားသည် ။ သူ့ရှေ့ခြေနှစ်ချောင်းက လှည့်ဖို့မလွယ်သော်လည်း သူ့ဥမင်တံကတော့ နောက်တွင်ရှိလေရာ ရှောက်ရွှမ်ရဲ့ကျောကို ကြာပွတ်အလား ရိုက်လိုက်လေသည် ၊ သို့ရာတွင် အနည်းငယ်နောက်ကျသွား၏ ။

ဓားက ချွန်ထက်နေတဲ့ထိပ်ဖျား မရှိတော့သည်တိုင် မာကြောကြမ်းတမ်းဆဲပင် ၊ အစွယ်ဓားသည်ကား လောင်ခဲ့ကိုယ်တိုင် ထွင်းထုထားခြင်းဖြစ်သည် ။ သူ့ကိုယ်ထည်မှာ ဟာကွက်အသေးလေးများရှိသည့်တိုင် အင်းဆက်ရဲ့လည်ပင်းကို ကောင်းကောင်းဖြတ်နိုင်အောင် မာကြောလေသည် ။

ဖောက်!

အစွယ်ဓားက အင်းဆက်ရဲ့လည်ကို ထိပ်ကနေ အောက်အထိ ဖြတ်ပစ်လိုက်လေသည် ။ တကယ်တော့ အင်းဆက်ရဲ့လည်ပင်းက အပျော့ဆုံးနှင့်အားအနည်းဆုံးအပိုင်းဖြစ်သည် ။

အစွယ်ဓားရဲ့အရှည်ကြောင့် လည်ပင်းရဲ့တဝက်ကိုသာ ဖြစ်နိုင်ပေမဲ့ အင်းဆက်ရဲ့တိုက်ခိုက်နိုင်စွမ်း ကျလေတဲ့အထိ နာကျင်မှုကို ပေးနိုင်လေသည် ။ သူ့ကိုလွှဲရိုက်လိုက်သည့် ဥမင်တံပင် အားပျော့ကျသွားလေ၏ ။

ရှောက်ရွှမ် ဓားကိုပြန်ဆွဲထုတ်ကာ နောက်တကြိမ်ထိုးလိုက်ရာ သူ့ခေါင်းတခုလုံး ပြတ်လုနီးနီး ဖြစ်သွားလေ၏ ။

ဝှေ့ယမ်းနေတဲ့ သူ့ရှေ့ခြေတွေမှာ အားလုံးဝမရှိတော့ ၊ လွှဲရိုက်မယ့်ဥမင်တံလည်း မြေသို့ကျကာ ၊ မတ်မတ်ရပ်ထားသော သူ့ကိုယ်လည်း မြေပေါ်လဲကျသွားလေ၏ ။

ရှောက်ရွှမ် အသက်ဝဝရှူကာ သူ့ရဲ့ထုံကျင်နေသော လက်မောင်းကိုလှုပ်ရှားလိုက်သည် ။ သူ့အတွက် သိမ်းဆည်းထားလိုက်ဖို့ ကျန်နေတဲ့ ဥမင်တံကို ထကာ ဖြတ်ပစ်လိုက်လေသည် ။ ခဏအနားယူပြီးသည့်နောက် ရှောက်ရွှမ် ထွက်သွားချင်လာသည်။

သေနေသည့် အင်းဆက်က အခြားသော ပိုးကောင်များကို ဒီနေရာကိုရောက်လာအောင်ဆွဲဆောင်နိုင်လေသည် ။ ဖြစ်နိုင်သမျှ ထွက်သွားဖို့ရန်လိုအပ်ပါ၏ ။

ရှောက်ရွှမ် ဂူရဲ့အလယ်မှာ ရပ်နေသည် ။ ယခု သူ့မှာရွေးချယ်စရာသုံးခု ရှိလေသည် ။ ညာဘက်က လမ်းအတိုင်းဆက်သွားမလား ၊ ဘယ်ဘက်ကိုသွားမလား ၊ လမ်းသုံးခွဆုံနေရာအထိ ပြန်နောက်ဆုတ်မလား ။

လမ်းကို ဆက်လျှောက်သင့်လား ၊ နောက်ပြန်ဆုတ်သင့်လေမလား ၊

သူနောက်ပြန်ဆုတ်ပြီး အခြားလမ်းကိုရွေးလျှင် လမ်းမှန်ကိုတွေ့ပြီး အမဲလိုက်အုပ်စုနှင့် ဆုံနိုင်သေးလေသည် ။ သို့ပေမဲ့ လမ်းမှားကိုရွေးမိပြန်ရင် ဘာမှန်းမသိတဲ့အန္တရာယ်များနှင့်ရင်ဆိုင်ရချေလည်း ရှိနေပြန်သေးသည် ။

တွေးနေဖို့ အချိန်မရှိရာ ရှောက်ရွှမ် ဆုံးဖြတ်ချက် အမြန်ချရန်လိုပေသည် ။

သူ့မျက်လုံးကို မှိတ်ကာ စဥ်းစားလိုက်ပြီးနောက် ဘယ်ဘက်ကို ကွေ့လိုက်သည် ။ ဒီတကြိမ်တော့ သူ့ အလိုလိုသိစိတ်နဲ့ ဆုံးဖြတ်ရမယ့်အစား သူ့စိတ်ထဲက မီးတောက်ဦးချိုများကို ကာကွယ်ကာပိတ်ပစ်လိုက်သည်။ အဲ့အချိန် မျိုးနွယ်ရုပ်ထုကိုကာထားတဲ့ ဘဲဥပုံ အလင်းလုံးလေးက ယခင်ကထက် ပိုလင်းလာလေသည်။ သို့သော် ဘယ်ဘက်ကိုပဲ ရွေးချယ်လိုက်သည် ။

သူ့လက်ထဲ ဥမင်တံကို ကိုင်ထားလိုက်ပြီး မျက်လုံးကိုဖွင့်လိုက်ကာ ရှောက်ရွှမ် ရှေ့ဆက်သွားဖို့ဆုံးဖြတ်လိုက်လေသည် ။

All Chapters