← Chapters

တောင်က ထွက်လေပြီ

Vol. 4 Ch. 59

တောင်က ထွက်လေပြီ

Vol. 4 Ch. 59

အလယ်က လူမှာ သူတို့ဘိုးဘေးထဲက တစ်ယောက်ဖြစ်ပြီး ဖြစ်နိုင်ချေများသည်မှာ အမဲလိုက်လမ်းကြောင်းတွေ ရှာဖွေခဲ့တဲ့ပထမဆုံးစစ်သည်တော်တွေထဲက တစ်ယောက် ဖြစ်မည်မှာ သေချာသလောက်ပင် ။ အရိုးစုက အလွန်သန်မာကာ မျိုးနွယ်စုခေါင်းဆောင်အော့ထက်ပင် သန်မာပေလိမ့်မည်။ သို့သော် ရှောက်ရွှမ် ဒီအကြောင်းကို လန်ကာ့ဆီမှ မကြားဖူးပါပေ ။

အခြားသုံးယောက်မှာတော့ မည်သူလဲ ရှောက်ရွှမ် မသေချာချေ။ သူတို့ဟာ အလယ်ကလူလို ပထမဆုံးစစ်သည်တော်ထဲက တစ်ယောက်လည်းဖြစ်နိုင်သလို ဂူထဲမှာ လမ်းပျောက်ခဲ့ကြတဲ့ နှောင်းလူများလည်း ဖြစ်နိုင်ပေသည် ။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဒီအရိုးစုလေးခုကို မြင်ရသည်မှာ ရှောက်ရွှမ် အနည်းငယ်ခေါင်းရှုပ်မိစေသည် ။

ဒီတော့ နတ်ရုပ်ထုက လမ်းညွှန်တာတွေ ၊ အလိုလိုသိစိတ်လို့ခေါ်တာတွေက ဒီနေရာကို ရည်ရွယ်တာလား

ဘာကြောင့် သူ့စိတ်ထဲ ဘိုးဘေးတွေက မျိုးဆက်တွေကို ထောင်ဖမ်းသည်ဟု ခံစားနေရသလဲ ။

အလယ်က စစ်သည်တော်မှာ ဒီနေရာတွင် ပထမဆုံးအရိုးစုဖြစ်ပြီး အခြားအရိုးစုတွေကတော့ သူနဲ့ပါလာတာလည်းဖြစ်နိုင်သလို သူလို့ပင် အလိုလိုသိစိတ်အရ ဒီနေရာရောက်လာတည်းဖြစ်နိုင်ပေသည် ။

လမ်းပျောက်တဲ့သူတွေကကော သူတို့ နတ်ရုပ်ရဲ့သိစိတ်ခေါ်ဆောင်ရာနောက် လိုက်လာပြီး ဒီနေရာမှာ သေခြင်းကိုစောင့်ဆိုင်းခဲ့ကြတာဖြစ်နိုင်မလား

မဟုတ်ဘူး..ဒါ မဖြစ်သင့်သည့်ကိစ္စပေ ။

ဒီလူတွေဟာ သူတို့အပြင်မထွက်နိုင်တော့ဘူးဆိုတာ သိခဲ့ကြပြီးနောက် ဒါမှမဟုတ် အကြိမ်ရေထောင်ပေါင်းများစွာ ကြိုးစားပြီးတဲ့နောက် မအောင်မြင်တဲ့အတွက် ဒီနေရာကို ပြန်လာခဲ့ပြီး အကာအကွယ်စက်ဝိုင်းလေးထဲနေဖို့ ဆုံးဖြတ်လိုက်ကြတာလည်း ဖြစ်နိုင်လေသည် ။ နှစ်ရာချီကြာသည့်တိုင်အောင်ပင် သူတို့ခန္ဓာကိုယ်များမှာ တောင်က မျိုပစ်ခြင်းမခံရသေးပေ ။

အစောဆုံးအုပ်စုက စွမ်းဆောင်ရည်မြင့်တဲ့ စစ်သည်တော်တောင်မှ ဒီနေရာက လွတ်မြောက်ဖို့မတတ်နိုင်ခဲ့ရာ သူ့လို အငယ်တန်းစစ်သည်တော်လေးက ဘယ်လိုလုပ်ရှင်သန်နိုင်ပါ့မလဲ တွေးမိသည့်အခါ သူ့စိတ်ထဲ တစစ်စစ်ခံစားလိုက်ရလေသည် ။

ရှောက်ရွှမ် အရှေ့ကိုတိုးလိုက်ပြီး အလင်းအကာအကွယ်လေးထဲကို ဝင်လိုက်လေရာ ချက်ချင်း သူ့တင်းမာနေတဲ့အကြောတွေပြေလျော့သွားစေမည့် နွေးထွေးမှုလေး ခံစားလိုက်ကလေသည် ။ ဒါပေမဲ့ ဒါပဲ ဖြစ်၏ ။

ရှောက်ရွှမ် သူနဲ့အနီးဆုံးအရိုးစုကို လက်လှမ်းလိုက်ကာ ရုပ်အလောင်းလက်ကို ထိကြည့်လိုက်သည် ။ ၎င်းတို့က အရိုးများမဟုတ် ၊ ခြောက်သွေ့သွားသော အသားများပင် ။ စစ်သည်တော်တို့ သေဆုံးသည်မှာ ကြာပြီ ဖြစ်သော်လည်း ရုပ်အလောင်းကနေ သူတိူ့ရဲ့ခွန်အားကို ခံစားကြည့်နိုင်သေးသည် ။ အနံ့ဆိုးများမရှိ ၊ ရှောက်ရွှမ် အထင် ဂူက အသေကောင်အနံ့များကို ပျောက်သွားစေသည်ဖြစ်လိမ့်မည်။

ရှောက်ရွှမ်က ဝန်းရံထားတဲ့ အခြားစစ်သည်နှစ်ယောက်ကို ထိကြည့်သည့်အခါ ၎င်းတို့မှာလည်း ပထမလူလိုပင် မံမီရုပ်များကဲ့သို့ဖြစ်နေလေသည်။

ဒါပေမဲ့ သူအလယ်ကတယောက်ကို ထိကြည့်လိုက်သောအခါ သူကိုယ်ကနည်းနည်းသာခြောက်သွေ့နေပြီး တခြားသူတွေထက်လည်း အခြေအနေကောင်းနေတာကို အံ့သြစရာတွေ့လေသည်။

ထိုအရာအားလုံးက အလင်းလုံးလေးကြောင့်ပင်ဖြစ်မည်။

အလင်းလုံးလေးက အလင်းမှာ တောင်ကဝါးမျိုခြင်းကနေ တခြားအရာတွေကိုကာကွယ်ပေးရုံမကပဲ အကြွင်းအကျန်များကိုလည်း ထိန်းသိမ်းပေးလေသည် တောင်မှာနေကြတဲ့ အခြားကော အကောင်ပလောင်များကပင် သူတို့ကိုယ်ကို မကပ်ကြပေ ။

ဒါမျိုးနွယ်စုရဲ့ ရတနာဖြစ်ရမည် ၊ ဒါပေါ့ အဆင့်အတန်းမြင့်တဲ့စစ်သည်တော်သာလျှင် ဒါမျိုးပိုင်ဆိုင်နိုင်ပေမည် ။

သို့ပေမဲ့ အခုအချိန်က ဒါတွေတွေးနေချိန်မဟုတ်ပေ ။

သူဘာလုပ်သင့်လဲ

ဒီမှာပဲ သူတို့နဲ့တူတူ ငါးယောက်မြောက် ဒူးထောက်နေသည့် အလောင်းကောင် ဖြစ်လာတော့မည်လား?

ရှောက်ရွှမ် မြေပေါ်ထိုင်ချပြီး စိတ်မကျေမနပ်ဖြစ်နေသည် ။

မျိုးနွယ်စု ထဲက လူတွေက ဒီနတ်ထောင်ခြောက်အကြောင်း မသိကြဘူးလား။

သူ့စိတ်ထဲမှာ ကျိန်ဆဲနေလိုက်ချိန်တွင် ရုတ်တရက် သူ့စိတ်ထဲက မီးတောက်ကလေး ကမောက်ကမ ဖြစ်သွားလေသည် ။

ရှောက်ရွှမ် တွန့်ဆုတ်သွားပြီး မြန်မြန်သူ့စိတ်ကို ငြိမ်အောင်ထိန်းလိုက်ကာ သူ့ကိုယ်ထဲက နတ်စွမ်းအင်တို့က လှုံ့ဆော်ဖို့ ပြင်လိုက်လေသည် ။

ထိုအချိန် သူ့စိတ်ထဲက အခြားအာရုံသိစိတ်တခုခုက သူအပြင်ပြန်ထွက်နိုင်ကြောင်း ပြောပြနေလေသည် ။

သူ့စိတ်ထဲ အကြံရသွားပြီး ဒီလိုတွေးမိသည့်အတွက် စိတ်လှုပ်ရှားကာ ရှောက်ရွှမ် ထခုန်မိလိုက်လေသည် ။ သူ့ပစ္စည်းတွေကို ထုပ်ပိုးလိုက်ပြီး ရှောက်ရွှမ် သူ့ကိုယ်ထဲက အခြားအာရုံအသိကို သေချာအောင်လုပ်ဖို့ သူ့စွမ်းအင်ကို လှုံ့ဆော်လိုက်လေသည် ။

မင်း အပြင်ထွက်နိုင်တယ်..

နိုင်တယ် ဟုတ်လား...

သူ နတ်ရုပ်အပေါ်မှာ နောက်တခါ ထပ်ယုံကြည်သင့်တာဖြစ်နိုင်သည်။

ရွေးချယ်စရာ မရှိတော့လည်း သူယုံလိုက်ရုံသာ။

ရှောက်ရွှမ် တစ်လှမ်းစလှမ်းလိုက်သည် ။

ခြေတစ်လှမ်းတွင်ပင် သူ့စိတ်ထဲက မီးတောက်လေးက လက်ခနဲလင်းလာပြီး နောက်တစ်လှမ်းထပ်လှမ်းသောအခါ တခါထပ်လင်းလာပြန်သည်။

အမဲလိုက်တုန်းက သူ့နတ်စွမ်းအင်ကို သုံးရသည်နှင့်မတူသည်က ဒီအချိန်မီးတောက်ခြင်းက မီးတောက်လေးမှာ ဒေါသထွက်နေသည်နှင့်တူနေပေသည် ။

ရှောက်ရွှမ် ရပ်လိုက်ကာ အလင်းအကာအကွယ်လေးထဲက ဒူးထောက်နေတဲ့အရိုးစုလေးခုကို ပြန်ကြည့်လိုက်သည် ။ သူတို့သေဆုံးချိန်မှာ အာဃာတတွေများ ရှိခဲ့ကြသလား ၊ ခြုံရရင် သူတို့က ဒီမှာသေဆုံးသည်အထိ ပိတ်မိနေခဲ့သည်ပင် ။

မျိုးနွယ်စုထဲက လူတွေက တခုခုကြုံရရင် ဂမ္ဘီရဆန်ဆန်တို့ပြုလုပ်ကာ ဘိုးဘေးတို့ကိ ု မေးလေ့ရှိပြီး နတ်အစွမ်းနဲ့မီးတောက်တို့ကို ကြည့်ကာ လမ်းညွှန်ချက်ကို ဘာသာပြန်ဖတ်ကြားကြလေသည် ။ သို့သော်လည်း ဘိုးဘေးတွေ ၊ နတ်ရုပ် နဲ့ မီးတောက်တို့က သူတို့ထွက်လမ်းကိုတော့ ကူမရှာ ပေးနိုင်ခဲ့ပါပေ ။

သို့သော် ရှောက်ရွှမ် အရိုးစုလေးခုတို့ကို အနားကပ်ကြည့်သည့်အခါ အလွန်ကိုင်းရှိုင်းသော ကိုယ်နေဟန်ရှိနေပြီး အငြိုးအာဃာတများ ကင်း၍နေပါသည် ။ မျိုးနွယ်စုဘက်ကို မျက်နှာမူ၍ အမြင့်ဆုံးရိုသေကိုင်းရှိုင်းမှုကို ပေးနေလေသည် ။

ရှောက်ရွှမ် အနောက်ကို ပြန်လျှောက်သောအခါ မီးတောက်လေးမှာ ငြိမ်သက်ကာ ထမတောက်ပါပေ ၊ အရိုးစုတွေနားက ထပ်ပြီးအဝေးကို တစ်လှမ်းထပ်လျှောက်သောအခါ မီးထတောက်ပြန်ပေသည် ။ နောက်ပြန်ဆုတ်လိုက်ရင် ပြန်ငြိမ်သွားပြန်သည် ။

ရှောက်ရွှမ် နားမလည်နိုင်သော အရာများ အတော်များလေသည် ။

ပြောရလျှင် သူသည် ဤဒေသခံပင် လုံးလုံး မဟုတ်ပါချေ ။ သို့သော် ဒီမှာ သူအနေကြာလာလေ ဒီလောကကြီးမှာ မင်းရွေးချယ်စရာမရှိ ယုံကြည်လိုက်ဖို့သာ လိုတဲ့ ထူးခြားဆန်းကြယ်သော စွမ်းအင်များနှင့်ပြည့်နေသည်ဆိုတာက ပို၍နားလည်လာပေသည် ။

စက်ဝိုင်းလေးထဲမှာ ဒူးထောက်နေတဲ့အရိုးစုတွေကို သေချာကြည့်နေလိုက်သည် ၊ သူတို့ကို ပြန်ခေါ်သွားစေချင်တာများလား။

သူတို့ ဒီမှာ နှစ်ရာချီ ဒူးထောက်နေကြသည်မှာ နှမြောစရာပင်။

ရှောက်ရွှမ် သက်ပြင်းချလေသည် ။

ခဏတွေးပြီးနောက် သူ ရိုးရာ အခမ်းအနားမှာကဲ့သို့ ဘိုးဘေးလေးယောက်ကို ဒူးတစ်ဖက်ထောက် နဖူးထက် လက်ကိုယှက်ကာ အရိုအသေလေးခါ ပေးလိုက်သည် ။

ရှောက်ရွှမ် သူတို့ဆီလျှောက်သွားလိုက်ကာ မြေထဲမြုပ်နေတဲ့သူတို့အရိုးတွေ တူးထုတ်ဖို့ သူ့ဓားကို ထုတ်လိုက်လေသည် ။

ပထမကတော့ သူက စမ်းလုပ်ကြည့်ခြင်းဖြစ်သော်လည်း မမျှော်လင့်ထားပဲ အရိုးများကို တူးထုတ်နိုင်ခဲ့သည် ။ အရိုးတို့အသွင်အပြင်ကို ကြည့်လိုက်ရင် ၎င်းတို့မှာ ကောင်းကောင်းစီမံထားခံရသည့်ပုံပင် ။

ထို့ကြောင့် ရှောက်ရွှမ် စိတ်ရှည်ရှည်နဲ့ မြေထဲ မြုပ်နေတဲ့အရိုးတွေနဲ့ကျောက်ထည်တို့ကို တူးထုတ်လိုက်သည် ။

သူက ကျောက်ထည်အသေးလေးတွေကို သူ့သားရေအိတ်ထဲ ထည့်လိုက်ပြီး အကြီးများကိုတော့ သူ့သားရေကြိုးနဲ့တွဲချည်ကာ သယ်လိုက်လေသည်။ ၎င်းတို့မှာ ကျောက်အချောထည်များပင် ၊ ထို့ကြောင့် ဒီမှာ သည်အတိုင်းထားခဲ့ရမှာ နှမြောစရာကောင်းလှသည် ။

အရိုးစုလေးခု မဟုတ်ဘူး မံမီလေးခုကိုတော့ ရှောက်ရွှမ် ရဲ့ အင်းဆက်ဥမင်တံနဲ့ ပူးချည်လိုက်လေသည် ။

"ဒီလို အရိုအသေမဲ့မှုအတွက် ကျနော့်နှလုံးသားထဲကနေ အလေးအနက်တောင်းပန်ပါတယ်ခင်ဗျ" ရှောက်ရွှမ်က တီးတိုးပြောသည် ။

သူအကုန်လုံးလုပ်ပြီးတဲ့နောက် ပစ္စည်းတွေအကုန်လုံးနဲ့ဘိုးဘေးတွေကို သူကျောပေါ်ထမ်းလိုက်လေသည် ။

အင်း..တော်တော်လေးတာပဲ

ဘိုးဘေးတွေက မံမီရုပ်လိုဖြစ်နေသည့်တိုင် ကျောက်တုံးများထက် မထင်ထားပဲ ပိုလေးနေလေသည် ။ သူ့ကျောပေါ်က မံမီလေးခုနဲ့ သူ့လက်ထဲက ကျောက်ထည်တွေအကုန်လုံးကြောင့် ရှောက်ရွှမ် သူ့ကိုယ်သူ ရွေ့နေတဲ့မီးသီးလုံးလို ခံစားလိုက်ရသည် ။ အလင်းလေးက အကောင်တွေကို အဝေးကိုမောင်းထုတ်ပေးပြီး ရှောက်ရွှမ် အင်းဆက်တွေပိုးကောင်တွေကို ရှောင်ရှားဖို့ ကူညီပေးလေသည်။

ရှောက်ရွှမ် က ပိုးကောင်လေးများ အနားကို မရောက်ခင်ပင် ပိုးကောင်များမှာ စိတ်ပျက်စရာတခုခုကို တွေ့ရသည့်အလား ကြောက်လန့်တကြားပြေးသွားလေသည် ။ ရှောက်ရွှမ် ရိုက်ထုတ်စရာပင်မလိုပါချေ။

သု့သိစိတ်နောက်ကို ဆက်လိုက်ခဲ့သည် ။ ဒီတကြိမ်မှာ ၎င်းက မတူသောလမ်းကို ညွှန်ပြလေသည် ။ ရှောက်ရွှမ်က ဂူကိုဖြတ်သွားနေရရုံတင်မကပဲ တောင်ရဲ့ဘေးဘက်ကို ဦးတည်နေသည်ဟုခံစားရလေသည် ။

ဘယ်အကောင်ပလောင်ကမှ သူ့လမ်းကို ပိတ်မနေရဲကြသည့်အပြင် မျက်လုံးမဲ့ပင့်ကူများသည်ပင် ရှောက်ရွှမ် သူတို့အနားမရောက်ခင်တည်းက ထွက်ပြေးကြလေသည် ။

ဝိုး..ဒီလိုရတနာမျိုး ရှိပါလျက်နဲ့ ဘိုးဘေးတွေဘာလို့များ လမ်းရှာမတွေ့ခဲ့ကြပါလိမ့် ။

သူတို့နောက်ဆုံးမှာ လမ်းပျောက်ခဲ့ကြသည်ပင် ၊ ပြီးတော့ ကျောက်ပိုးကောင်ဘုရင်ကြီး ကို မနှိမ်နင်းသည့်အပြင် တောင်ကိုဖောက်ပြီးလည်း မထွက်ကြပဲ အထဲတွင်ပင် ပိတ်မိသေဆုံးခဲ့ရလေသည်။

ရှောက်ရွှမ် လမ်းမှာ နှစ်ခါမျှနားလိုက်ရပြီး သူယူလာတဲ့အသားခြောက်များ ထိုင်စားနေလိုက်သည် ။ ၎င်းမှာ အတော်လေးပင်ပန်းသည်ဖြစ်ရာ လမ်းဆက်မလျှောက်ခင် သူ့ကိုယ်သူ အားပြန်ဖြည့်ဖို့လိုအပ်လေသည် ။

ဘယ်လောက်တောင် ကြာသွားပြီလဲ သူမသိပေ၊ အရမ်းမကြာသေးတာဖြစ်နိုင်သလို နာရီနဲ့ချီနေတာလည်းဖြစ်နိုင်သည် ။ ရှောက်ရွှမ် ခေါင်းများမူးနောက်နေပြီး အချိန်ကိုသေချာတွက်နိုင်ခြင်းမရှိပါပေ။ သူ့သိစိတ်နောက်ကို သူလိုက်နေရုံသာတတ်နိုင်လေသည် ။

နောက်ဆုံး ရှောက်ရွှမ် သစ်တောရဲ့ရနံ့ကို ရလိုက်လေသည်။

ကျောက်တုံးအနံ့တွေပြည့်နေတဲ့နေရာမှာ အချိန်အကြာကြီးနေရပြီးသည့်နောက် လေကောင်းလေသန့်ကိုရလိုက်သည့်အတွက် သူအလွန်ပျော်သွားသည် ။

ဒါ လေပဲ

လေက သူ့အရှေ့က လမ်းက တိုက်နေလေသည် ။

ရှောက်ရွှမ် အရှိန်မြှင့်လိုက်ပြီး သူ့အမြင်ကို ပုံမှန်အမြင်ပြောင်းလိုက်သောအခါ အလင်းပျောက်လေးတွေကို တွေ့ရသည်။

ဒါ အပြင်က အလင်းရောင်ပေ ။

သူ တောင်ထဲက ထွက်ပြီ!

သူ တောင်ထဲက ထွက်နိုင်ခဲ့ပြီ!

နတ်အစွမ်းက တကယ်လမ်းပြပေးသော်လည်း ဘာလို့ ဘိုးဘေးတွေ တောင်ထဲမှာသေသည်အထိ ပိတ်မိနေခဲ့ကြသလဲ ၊ မျိုးနွယ်စုဘက်ကိုပဲ ရှိခိုးနေနိုင်ကြတာလား ၊ ဘိုးဘေးတွေကို လျစ်လျူရှုရင်တောင် သူတို့သာ လမ်းတွေကို ရင်းနှီးနေရင် အပြင်မထွက်နိုင်ခဲ့သလဲ။

ရှောက်ရွှမ်မှာ အဖြေမရှိပြီ ၊ ဒီအချိန်မှာ သူမတူတဲ့ သူ့စွမ်းအင်တွေအကြောင်းတစ်ခုတည်းကိုသာ သူတွေးနေမိတော့သည် ။

All Chapters