← Chapters

နောင်တကင်းကင်းနဲ့သေနိုင်လေပြီ

Vol. 5 Ch. 61

နောင်တကင်းကင်းနဲ့သေနိုင်လေပြီ

Vol. 5 Ch. 61

အရမ်း စိတ်မလှုပ်ရှားကြပါနဲ့?

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!

အေးဆေး စကားပြောကြမယ်?

ဘာပြောနိုင်မှာလဲ ၊ သူတို့လုံးဝ ပြောစရာစကားတောင်မရှိဘူး!

ဒါ ဘိုးဘေးတွေ...မျိုးနွယ်စုရဲ့ဘိုးဘေးတွေလေ!

အခြားဘယ်သူကမှ ဒီပတ်ဝန်းကျင်မှာ မီးတောက်ဦးချို မျိုးနွယ်ကလူတွေသာ မျိုးရိုးအစဥ်အဆက် ရှိတယ်ဆိုတာသိတဲ့အတွက် ရှောက်ရွှမ်ကို မယုံကြည်ခြင်းမရှိကြပေ ။ ထို့ကြောင့် ဒီတောင်မှာ လမ်းပျောက်ခဲ့တဲ့မည်သူမဆို သူတို့ဘိုးဘေးတွေသာ ဖြစ်မည်ပင် ။ သူတို့ဘိုးဘေးများ ဖြစ်ရန်အလွန်သေချာသလောက်ပါပင်။

ရှောက်ရွှမ်က သူတို့ဘိုးဘေးတွေကို ကျောပေါ်တွင် သယ်လာတာကို တွေးမိတဲ့အခါ လူတွေက သူတို့ရင်မှာ ပြင်းထန်တဲ့ခံစားချက်တွေနှင့်ပြည့်နက်သွားလေသည်။

သူတို့က နတ်ရုပ်ကို ယုံကြည်ကာ ဘိုးဘေးများကို ကိုးကွယ်ကြလေသည်။ မျိုးနွယ်စုကလူတွေအတွက် နတ်ရုပ်မှာ အလေးအမြတ်ထားရသည့်အရာဖြစ်ပြီး ဘိုးဘေးဆိုတဲ့စကားလုံးမှာတော့ အရှိန်အဝါများရှိလေသည်။

မျိုးနွယ်စုထဲမှ အခြားသူများက နှုတ်ခမ်းများတုန်တုန်ယင်ယင်နှင့် မတ်တပ်ရပ်နေကြပြီး နောက်ဆုံးမှသာ လှုပ်ရှားနိုင်ကြလေသည်။ ပထမက ရှောက်ရွှမ် က ခြေလှမ်းအသေးလေးသာ သူတို့ထက်ကျောလေရာ သူတို့အမဲလိုက်ခရီးအတွင်း သူ့ထက်သာအောင် လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ကြည့်ရသည်မှာ ဒီခြေလှမ်းအသေးလေးက သူတို့အားအင်များကို ခြေကုန်လက်ပန်းကျစေသည်။

တဖြည်းဖြည်းနဲ့ အရှိန်တက်လာကြသော်လည်း သူတို့မှာ ခြေလှမ်းအသေးလေးများဖြစ်ပြီး သူတို့ခြေလှမ်းကြီးကြီးကိုလှမ်းဖို့ တတ်နိုင်သမျှ ဂရုတစိုက်လုပ်ဆောင်ပါလျှင် ဘိုးဘေးများကို နိုးထစေနိုင်ပေမည်။

သူ့အနားကို ကပ်လာကြတဲ့ စစ်သည်တော်အများအပြားကိုကြည့်ရင်း ရှောက်ရွှမ် ထွက်ပြေးချင်လာလေသည်။ သူ့တို့မျက်နှာများက သူကိုင်ထားတဲ့အရိုးစုများထက် ပိုကြောက်စရာကောင်းသည်ဟု ခံစားမိသည်။

သူတို့သည် ရှောက်ရွှမ် နှင့် သုံးလှမ်းမျှအကွာတွင်သာ ရှိကြသောအခါ မိုင်က လူတွေကို အရှေ့မှဦးဆောင်လာကာ ရှောက်ရွှမ်၏အရှေ့တွင် ဒူးတစ်ဖက်ထောက်ချလိုက်လေသည် ။ အခြားသူအကုန်လုံးကလည်း မိုင်ကဲ့သို့ဒူးထောက်ချလိုက်ပြီး လေးလေးနက်နက် အရိုအသေပြုလိုက်ကြလေသည် ။ ဒါ သူတို့၏ သူတို့ဘိုးဘေးများကို အလေးအမြတ်ပြုခြင်းပေ။

ဒူးနှစ်ဖက်ထောက်ကာ အမြင့်ဆုံးအရိုအသေပေးခြင်း မဟုတ်သော်လည်း ဒူးတစ်ဖက်တည်းထောက်ခြင်းကပင် မြေကြီးနဲ့ ဒူးနဲ့ရိုက်မိသည့်အသံက ကျယ်လောက်ကာရှင်းလင်းပြတ်သားလှသည်။

ရှောက်ရွှမ် သူတို့အသံကြားရရုံနဲ့ပင် နာကျင်မှုကို ခံစားရလေသည် ။ ဒီ့ထက်ပိုသည်က စစ်သည်တော်အကုန်လုံးမှာ သူ့ထက်အသက်ကြီးကြသည့်အပြင် မျိုးနွယ်စုထဲတွင်လည်း သူ့ထက်အဆင့်အတန်းမြင့်ကြလေသည် ။ သူတို့အားလုံးမှာ သူတို့ရှေ့တွင် ဒူးထောက်နေကြလေသည် ။

ရှောက်ရွှမ် ဆွံ့အနေပါသည်။

သောက်ကျိုးနည်းဘဝ ၊ ငါ့အသက်တိုတော့မှာပဲ!

သူ့ရင်ထဲမှာ ဆီဆာအကောင်ပေါင်းတစ်ထောင်လောက် ဝိုင်းအူနေကြသလို ခံစားရလေသည် ။

ဒီအကြောင်းတွေးမိရင် ရှောက်ရွှမ် ဘာလုပ်ရမှန်းမသိသည့်အတွက် နည်းနည်းလောက် နေရာရွှေ့ဖို့လုပ်လိုက်လေသည် ။

" မလှုပ်နဲ့ "

မိုင်နဲ့ အခြားသူတွေက ရှောက်ရွှမ် လုပ်နေသည်ကိုတားဖို့ ဝိုင်းအော်လိုက်ကြလေသည် ။ ရှောက်ရွှမ် လည်း ဆွံ့အသွားကာ ရပ်တန့်သွားသည် ။

လူတွေကို ဒီလိုမြင်ရသည်တွင် ရှောက်ရွှမ်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိချေ ။ ခဏမျှကြောင်အမ်းသွားကာ သူ့လက်ထဲက ဘိုးဘေးလေးဦးက သံထက်လေးလာပြီး သူ့ကိုချွေးများပင်ထွက်လာစေသည်ကို ခံစားရလေသည်။

အရိုအသေပြုပြီးသည်နှင့်တစ်ပြိုင်နက် အခြားသူများက သူ့အနားကို ဖြည်းဖြည်းချင်း ကပ်လာကြသည်ကို ရှောက်ရွှမ် တွေ့ရလေသည် ။ သူ့ကျောပေါ်တွင် ချည်နှောင်ထားတဲ့ဘိုးဘေးလေးယောက်ကို အလွန်လေးစားသောမျက်နှာများနှင့် ကြည့်နေကြလေသည် ။

ရှောက်ရွှမ် ဘိုးဘေးတွေကို ဒီလိုချည်ထားခြင်းကို မြင်ရသည့်အခါ လူတွေက ဘိုးဘေးများကို အရိုအသေမဲ့လေသည်ဟုခံစားရလေသည် ။ အနီးကပ်ကြည့်သောအခါ သူက မုန်းစရာကောင်းတဲ့အင်းဆက်ကောင်ရဲ့ဥမင်နှင့်ချည်လာမှန်း တွေ့သွားကြလေသည် ။

ရှောက်ရွှမ်က ဘေးတွင်ထိုင်ကာနားနေလေရာ ဒီအချိန်တွင် သူ့ကိုအပြစ်တင်သည့်မျက်လုံးများနှင့် အကြိမ်ကြိမ်ကြည့်ခြင်းခံရလေသည်။ သူဘယ်လောက် အရေထူပါစေ သူကတော့ ဘာမှ မဖြစ်သည့်အတိုင်း ဒီမှာထိုင်နေလေသည် ။

သူ ဒီအယူသန်သော လူများကို ရှင်းပြဖို့ရာလောက်အထိ သူမတုံးသေးပါပေ။ အခု သူတို့အကုန်လုံးမှာ ပြင်းထန်တဲ့ခံစားချက်များကြားနစ်မြုပ်နေကြပြီး မည်သူကမှအကျိုးသင့်အကြောင်းသင့်ဆင်ခြင်နိုင်ကြမည်မဟုတ်ပါပေ ။

သို့သော် ဘာမှရှင်းပြစရာ မရှိသည့်တိုင် ရှောက်ရွှမ်ဒီလို အကြည့်ခံရခြင်းမျိုးမခံချင်ပါပေ။ ထို့ကြောင့် သူ ဂူထဲမှာ ဘာတွေဖြစ်ခဲ့သလဲကို အတိအကျပြောပြလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်လေသည် ။

အစောပိုင်းက သူတို့အကုန်လုံးက သူဂူထဲကဘယ်လိုထွက်လာသလဲကို သိချင်နေကြသော်လည်း သူတို့အာရုံကို ဘိုးဘေးများကဖမ်းဆီးထားလေရာ အခြားဘယ်အရာကိုမှ စိတ်မဝင်စားကြပေ ။ ယခု ရှောက်ရွှမ်က ပြောပြချင်စိတ်ရှိသည့်အခါ သူတို့အာရုံများက သူ့ဘယ်လိုလွတ်မြောက်ခဲ့သလဲကို စိတ်ဝင်စားလာကြသည် ။

ရှောက်ရွှမ်ကတော့ အဓိကဇာတ်လမ်းများကို အချိန်ဆွဲမနေပါချေ ။ သူ ဘယ်လိုအင်းဆက်ကို သတ်ခဲ့တယ် ၊ ကျောက်ပိုးကောင်ဘုရင်ကြီးနဲ့ဘယ်လိုရင်ဆိုင်ရတယ်ဆိုတာကို ရိုးရိုးလေးရှင်းပြလိုက်လေသည် ။ သူက ကျောက်ပိုးကောင်ဘုရင်ကြီးကို မျက်မြင်ကိုယ်တွေ့ မတွေ့ခဲ့ရဘဲ ပတ်ဝန်းကျင်ပြောင်းလဲသည်ကိုသာ တွေ့ရကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြလေသည် ။ ထို့နောက် သူ နတ်ဆေးဆရာရဲ့သင်ခန်းစာကို သတိရပြီး နတ်ရုပ်ရဲ့လမ်းပြမှုကြောင့် ဘိုးဘေးများကိုတွေ့ရသည် ။ သူက အလင်းအကာအကွယ်လေးအကြောင်း မပြောပြသော်လည်း အခြားသူများကို ဤမံမီသုံးယောက် မဟုတ်ဘူး ဘိုးဘေးသုံးယောက်ကို ထူးဆန်တဲ့အရိုးအဆင်တန်ဆာရှိသည့်တစ်ယောက်နှင့် အတူတကွထားခြင်းက ပိုကောင်းကြောင်း ရှင်းရှင်းလင်းလင်း သိစေရန် သူ့အတွေးအမြင်များကို မျှဝေလေသည် ။

"ကျွန်တော်ထင်တာကတော့ ဒီဘိုးဘေး ဝတ်ထားတဲ့အရိုး အဆင်တန်ဆာက ထူးခြားတဲ့အစွမ်းရှိနေပြီး ဘိုးဘေးတွေကို ကာကွယ်ပေးထားတာဖြစ်နိုင်တယ်"

ရှောက်ရွှမ်က သူ့အထင်ကို နိဂုံးချုပ်လိုက်လေသည် ။

အခြားသူများက အကြိမ်ကြိမ်တွေးတောပြီးသည့်နောက် သဘောတူကြလေသည် ။ သူတို့ ဘိုးဘေးများအနားရောက်လာသည့်အခါ သက်တောင့်သက်သာဖြစ်သည်ဟု ခံစားရသဖြင့် ဘိုးဘေးများဆိုသည်မှာ အံ့သြစရာ မရှိပါပေ ။

ထူးဆန်းတဲ့အရိုးရတနာလေးက တန်ဖိုးဖြတ်မရမှန်း သိကြသော်လည်း အမဲလိုက်အုပ်စုထဲက မည်သူကမှ သူတို့အတွက်ယူရန်မတွေးကြပေ ။ ဒါ အယူသန်ခြင်းရဲ့အကျိုးပင် ။ မည်သူကမှ ကိုယ်ကျိုးကို မမေ့ကြသော်လည်း ဘိုးဘေးများနှင့်မျိုးနွယ်ရဲ့စည်းကမ်းများကိုလည်း မမေ့ကြပါပေ ။

အစက ဘိုးဘေးများကို သီးခြားခွဲထုတ်နေပါသော်လည်း သူတို့မှာလေးစားစွာနဲ့ အတူပြန်ထားလိုက်ကြလေသည်။

ရှောက်ရွှမ်က သူဘိုးဘေးတွေကို တွေ့ခဲ့ရပုံကို ပြန်လည်ပြောပြသောအခါ အခြားသူများက ဘိုးဘေးတို့ရဲ့အဖော်မဲ့သနားဖွယ်မြင်ကွင်းကို ပုံဖော်ခံစားကြည့်ပြီးမျက်ရည်ဝဲနေကြလေသည်။ ဘိုးဘေးများက နောက်ဆုံးအချိန်အထိ မျိုးနွယ်စုအကြောင်းတွေးခဲ့ကြပေသည်။ နောက်မျိုးဆက်များအတွက် အမဲလိုက်လမ်းကြောင်းသစ်ရှာပေးရန် သူတို့က ဂုဏ်ရှိရှိသေဆုံးခဲ့ကြီး မှောင်မဲတဲ့ဂူထဲမှာ နှစ်တစ်ထောင်လောက်ပိတ်မိနေခဲ့ကြသည်။ စစ်သည်တော်အားလုံး ဘိုးဘေးများအတွက် စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းစွာငိုကြွေးကြလေသည် ။ လန်ကာ့နှင့် အခြားငယ်ရွယ်သည့် စစ်သည်တော်များဆိုလျှင် ပြင်းပြင်းထန်ထန်အော်ဟစ်ငိုကြွေးကြလေသည်။

သူတို့ဒီလောက်အသည်းနုကြမှန်း သူဘာလို့သတိမထားခဲ့မိပါလိမ့် ၊ ရှောက်ရွှမ် သူ့အရှေ့ကမြင်ကွင်းကြောင့် လဲကျတော့မလိုဖြစ်လာသည် ။ သူ့မျက်နှာ ရှုံ့မဲ့မသွားရလေအောင်ထိန်းချုပ်ရင်း ခပ်တည်တည်ဖြစ်နေစေဖို့ သူအလွန်ကြိုးစားနေရလေသည် ။ အရင်တုန်းကဆိုရင် သူရဲကောင်းများနဲ့အကြီးအကဲကို မျိုးနွယ်စုကလူများက အလွန်လေးစားကြလေသည် ။ သူတို့ဘိုးဘေးများအပေါ်ထားသော ရိုသေလေးစားမှုနဲ့ယှဥ်ရင် ၎င်းတို့မှာ ဘာမှမဟုတ်ကြောင်း သူသဘောပေါက်သွားလေသည် ။

ဘိုးဘေးလေးဦး သေသွားသည်မှာ နှစ်များစွာကြာလှပြီး ဤနှစ်များတွင် မျိုးနွယ်စုရှိရာသို့သာ ဦးတည်၍ ဒူးနှစ်ဖက်ကိုထောက်ကာ တစ်ပုံစံတည်း ဒူးထောက်ထားကြလေသည်။ ထို့ကြောင့် အမဲလိုက်အုပ်စုက ဘိုးဘေးတွေကို နေရာရွှေ့သည့်အခါ မျိုးနွယ်စုဘက်သို့ဦးတည်ထားသည်ကို မပျက်ရလေအောင် ဂရုတစိုက် ကိုင်တွယ်ကြလေသည် ။

ဘိုးဘေးတို့မှာ လေးဦးသာဖြစ်ပြီး သူတို့က စစ်သည်တော်သုံးဆယ်ကျော်လေသည် ။ ပုံမှန်ဆိုရင် သားရဲဆိုးကြီးတွေကိုပင် သူတို့ကကြောက်ရွံ့ခြင်းမရှိတိုက်ခိုက်ကြပြီး တစ်ချို့ဆိုရင် ဝက်ဝံ

တစ်ကောင်ကို လက်သီးတစ်ချက်နှင့်ပင် ထိုးနိုင်လေသည် ။ အခုတော့ သူတို့အားလုံး အသေးစိတ်စေ့စေ့စပ်စပ်နှင့် ရိုသေလေးမြတ်စွာလုပ်နေကြသည့်အတွက်ချွေးများရွှဲနေကြလေသည် ။ တစ်ခုခုမလုပ်ခင် အကြိမ်ကြိမ် အပြန်အလှန် စဥ်းစားကြရသည် ။ ထို့ကြောင့် ဘိုးဘေးများနှင့်ပတ်သက်ရသည်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းလေသည် ။ သို့သော်လည်း ၎င်းကို သူတို့က ဂုဏ်ယူစွာလုပ်ဆောင်ကြပြီး ပျော်ရွှင်နေကြလေသည် ။

ရှောက်ရွှမ် ခန့်မှန်းထားသည့်အတိုင်းပင် အမဲလိုက်အဖွဲ့၏နှလုံးသားထဲတွင် ဘိုးဘေးလေးဦးမှာ အလွန်လေးစားကြလေသည် ။ သူတို့က ခြောက်သွေ့မာကြောကာ နဂိုပုံမရှိတော့ပြီ ဖြစ်သော်လည်း ဘိုးဘေးများပင်ဖြစ်သည် ။ ရိုးရိုးသားသားပြောရလျှင် သူတို့ရဲ့ကြောက်စရာပုံစံက ရှောက်ရွှမ် သူတို့ကိုသယ်လာဖို့နှစ်ကြိမ်စဥ်းစားရပေသည်။ သို့သော်လည်း သူတို့ကြောက်စရာမျက်နှာများတွင် သူတို့ကိုယ်ပိုင်ထူးခြားသော အရောင်အဝါရှိပေသည်။ စစ်သည်တော်အကုန်လုံးက အားလုံးမတ်တပ်ရပ်ပြီး နောက်တဖန်အရိုအသေပေးလိုကြလေသည်။

နောက်ဆုံး နေမဝင်ခင် သူတို့က ဒုတိယနေရာက ဂူထဲသို့ဘိုးဘေးများကိုသယ်သွားဖို့စီစဥ်ကြသည် ။ သာမန်နေ့ဆိုရင် သူတို့က ဒုတိယနေရာကို တောင်ခြေကနေ ခဏလေးနှင့်ရောက်မည်ဖြစ်သော်လည်း ယခုအခါ ဘိုးဘေးများပါလာသည့်အတွက် ဒီခရီးကိုနှစ်နာရီမျှအချိန်ပေးလိုက်ရသည် ။

သူတို့ ဂူကိုရောက်သည့်အခါ ဘိုးဘေးများကို သင့်တော်သည့်နေရာတွင်ထားပြီး အကုန်လုံးက နောက်တစ်ဖန် အရိုအသေပေးလိုက်ကြလေသည်။ အချို့ဆိုလျှင် မအိပ်ခင်အထိ ဘိုးဘေးများအကြောင်း တစ်ဖွဖွပြောနေကြသည် ။

ဒီလိုတွေ ဖြစ်လာတဲ့အတွက် အမဲလိုက်စစ်သည်တော်တွေက အမဲလိုက်ခြင်းအပေါ် သိပ်စိတ်မဝင်စားချေ။ သူတို့ဆုတောင်းက နှစ်ရာချီအိမ်နဲ့ဝေးပြီးတဲ့နောက် အိမ်ပြန်လာနိုင်စေရန် ဘိုးဘေးများကို မျိုးနွယ်စုဆီ ပြန်ခေါ်လာနိုင်ရန်သာ ဖြစ်သည်။ သေချာတာက ဘိုးဘေးများလည်း ဒီလိုနေ့ကိုစောင့်မျှော်နေခဲ့ကြမည်သာ ။

သို့သော်လည်း စည်းကမ်းက စည်းကမ်းပင် ၊ ဘိုးဘေးများကိုတွေ့ရရုံနှင့် အမဲလိုက်အုပ်စုကိုစောစောပြန်ကာ စည်းကမ်းကို ပြင်လို့မရပေ ။ အမဲလိုက်စည်းကမ်းများဟာ ဘေးအစဥ်အဆက် လက်ဆင့်ကမ်းကြခြင်းဖြစ်ပြီး ၎င်းတို့ကို အရိုအသေမဲ့မပြုအပ်ပါပေ။ အမဲလိုက် အချိန်ဇယားအရဆိုရင် သူတို့အခြားအမဲလိုက်အုပ်စုများနှင့် ပြန်ဆုံပြီး ရွာကိုပြန်ဖို့ သူတို့နောက်ထပ် ဆယ်ရက်ခန့်မျှ အမဲလိုက်ရန်လိုအပ်ပေသည် ။

သူတို့အမဲလိုက်စည်းကမ်းများကို မဖောက်နိုက်သော်လည်း စည်းကမ်းအသေးများကို အလိုက်သင့်ပြုပြင်နိုင်ပေသည် ။ မိုင်က နေ့တိုင်းဘာလုပ်ရမည်လဲကိုဆုံးဖြတ်နိုင်သည် ။

အစက သူတို့မှာ အမဲလိုက်နယ်မြေမှာ အလွန်ကျယ်သည့်အတွက် ဒုတိယနယ်မြေကို ရောက်သည်နှင့် အဖွဲ့လိုက်အမဲလိုက်ကြရန်တွေးထားသည် ။ ဂူအပြင်ဘက်တွင်ပင် တစ်ခါတစ်လေ ညအိပ်ရန်တွေးထားလေသည်။ သို့သော် ယခုတော့ မိုင်က ဂူရဲ့အနီးတဝိုက်မှာပဲ စောင့်ရှောက်ရင်း အမဲလိုက်ဖို့ရာ ညွှန်ကြားလေသည် ။ ကြုံခဲ့ရသည့် ဟေးစစ်ဖုန်းတိုက်ခိုက်မှုကြောင့် လူတွေက ဂူထဲကိုအခြားသားရဲကြီးများ ဖောက်ဝင်ကာ ဘိုးဘေးတို့ရုပ်အလောင်းများကို ဖျက်ဆီးမိမည်ကို စိုးရိမ်နေရလေသည် ။ ဤနယ်မြေတွင် သားရဲဆိုးကြီးများကို တွေ့ရခဲလေသော်လည်း လူတွေက အသေးအမွှားလေးနဲ့ မမြင်ရတဲ့မတော်တဆများ ဖြစ်မည်ကို စိုးရိမ်ပူပင်ကြလေသည် ။

အားလုံးက မိုင့်စကားကိုနားထောင်ကြပြီး ဂူကိုစောင့်ရှောက်ဖို့ ပြန်လာကြလေသည်။

ဒီလိုနှင့် အချိန်ကုန်သွားလေသည် ။

အမဲလိုက်ဘဝမှာ စွန့်စားရပေမဲ့ ရှောက်ရွှမ်မှာ အကြီးတန်းအမဲလိုက်စစ်သည်တော်တို့ ညွှန်ကြားမှုကြောင့် သားကောင်ကောင်းလေးများ အမဲလိုက်နိုင်ခဲ့လေသည် ။ သူအတွက်ဆိုလျှင် တစ်လလောက်မျှစားသုံးရန် လုံလောက်နေပေသည် ။

အချိန်မှာ ပြန်စုစည်းရမည့်နေ့ကို ရောက်ရန် ငါးရက်လိုနေသေးပါသော်လည်း မိုင်က အုပ်စုကိုပြန်ဖို့ရာဆုံးဖြတ်လိုက်လေသည် ။ ဘိုးဘေးများနှင့်ဆိုရင် သူတို့အရင်ထက်ပို၍ ဂရုစိုက်ရမည်ဖြစ်ကာ အချိန်ပိုကြန့်ကြာပေလိမ့်မည်။ ထို့ကြောင့်အခြားအုပ်စုများနှင့်တွေ့ဆုံနိုင်ရန် သူတို့စောစောထွက်လာဖို့လိုလေသည် ။

ဤတစ်ကြိမ် တောင်ထဲက ဂူကို ဖြတ်သန်းရသည့်အခါ ချောချောမွေ့မွေ့ဖြစ်နေပြီး ဘယ်သူမှ မကျန်ခဲ့ပါပေ ။

အမဲလိုက်အဖွဲ့ထဲက စစ်သည်တော်များက သစ်ချောများကို ခုတ်လှဲကာ ဘိုးဘေးများကို သယ်ဆောင်ဖို့ သစ်ဝေါယာဥ်ပြုလုပ်ကြလေသည်။ ရှောက်ရွှမ် အမြင်မှာတော့ ဘိုးဘေးတွေအိမ်ပြန်ခေါ်လာဖို့ရာ လုံလောက်အောင်ရိုးရှင်းလှပပေသည် ။

သူတို့စိတ်ထဲကနေ သူတို့ဒီတစ်ခါ အမဲလိုက်ပြန်လာလျှင် သူတို့ရလာခဲ့သော အမဲများမှာ အကုန်လုံးကြားတွင် အနည်းဆုံးဖြစ်နေမည်ကို သိသော်လည်း သူတို့ဂရုမစိုက်ပါချေ ။

သူတို့မှာ ဟေးစစ်ဖုန်းသုံးကောင်ကို ပထမအမဲလိုက်နယ်မြေခံတပ်တွင် သိမ်းဆည်းထားပြီးဖြစ်သည်။

ဂုဏ်ယူစရာတွေထက်ပိုတဲ့ ဘိုးဘေးလေးဦးအား ရှာတွေ့ခြင်းကို မပြောနှင့် ၊ ဘိုးဘေးများကို စောင့်ရှောက်ပြီး ရွာကို ပြန်ခေါ်ရခြင်းသည်ပင် သူတို့တစ်ဘဝလုံးမှာ ဂုဏ်အရှိဆုံးကိစ္စပင်ဖြစ်လေသည် ။ သူတို့က သေရင်တောင် နောင်တရှိမည်မဟုတ်တော့ပေ။

နောင်တကင်းကင်းနှင့် သေနိုင်လေပြီ။

All Chapters