← Chapters

အိမ်ပြန်ခြင်း

Vol. 5 Ch. 62

အိမ်ပြန်ခြင်း

Vol. 5 Ch. 62

မျိုးနွယ်စုက မနက်စောစောတွင် ပုံမှန်အတိုင်း ထကြလေသည်။ ပုံမှန်အားဖြင့် တိတ်ဆိတ်ကြရာမှ တဖြည်းဖြည်းဆူညံလာကြသော်လည်း အေးချမ်းတည်ငြိမ်ပုံပေါက်နေသည်။

ကောက သန်းဝေရင်း တံခါးက ထွက်လာလေသည်။ ပျင်းစရာကောင်းသောနေ့တစ်နေ့ဖြစ်သည့်အတွက် မြစ်ကမ်းနံဘေးတွင် ကလေးများငါးဖမ်းသည်ကို သွားကြည့်ရန်စီစဥ်ထားလေသည် ။

လမ်းလျှောက်ရင်း အကြောဆန့်လိုက်သည် ၊ ဒါပေမဲ့ ရုတ်တရက် အသံပလံများကြားလိုက်ရပြီး အသံကြားရာသို့လှမ်းကြည့်လိုက်လေသည်။

အောင်မြင်ခြင်းလမ်းမနားမှာ နေတဲ့သူများဆီကလာကြခြင်းဖြစ်သည်။

အချိန်တွေသာ တွက်ကြည့်တတ်မည်ဆိုရင် အခုချိန်က အမဲလိုက်အဖွဲ့များ ပြန်လာချိန်ဖြစ်သည်ကို သိမည်ပင်။ ဒီနေ့မှာ အခြားအမဲလိုက်အဖွဲ့များလည်း ပြန်လာရန်ပြင်ကြလေသည်။

ကောက လူနည်းစုရဲ့အမြင်ကို ကြည့်လိုက်သောအခါ အောင်မြင်ခြင်းလမ်းမသို့ လူနှစ်ယောက်က လူတစ်ယောက်ကို သယ်ကာပြေးလာကြသည်ကို မြင်ရလေသည် ။ ကြည့်ရသည်မှာ ဒဏ်ရာရနေသည့်သူမှာ သတိမေ့နေပုံပေါ်ပြီး သူ့ကိုသယ်လာတဲ့လူနှစ်ယောက်ကလည်း စိတ်မချမ်းမြေ့ပုံရသည်။

အတော်ဆိုးဆိုးဝါးဝါးများ ထိခိုက်ထားသလား ၊ အချိန်မရွေးသေလောက်တဲ့အထိ ပြင်းထန်လေသလား။

သူတို့သယ်လာတဲ့သူမှာ ကလေးမဟုတ်ပဲ လူကြီးတယောက်မှန်းသိရတဲ့အခါ ကောအနည်းငယ်တော့ စိတ်သက်သာရာရသွားသည်။ အမဲလိုက်အဖွဲ့တွေပြန်လာရမယ့်ရက်နားနီးလာသည့်အခါ လောင်ခဲ့မှာ အမြဲတမ်း စိတ်ပူကာနေနေရလေသည် ။ သူကောင်းကောင်းပင်အိပ်မပျော်သည်မှာ ကြာလေပြီး မှုန်ကုပ်ကုပ်မျက်နှာနှင့်ဖြစ်နေသည့်တိုင် အခြားသူများကို သူ့အေးစက်စက်မျက်နှာကိုကြည့်ရင် သူ စိတ်အခြေအနေမသာယာမှန်းသိကြလေသည် ။

'' အဲ့လောက်တောင်ဆိုးလား '' ကောကအသာအယာ တီးတိုးဆိုမိသည်။

မျိုးနွယ်စုကို ဒဏ်ရာရသူကိုပို့လိုက်လျှင် ထိုသူ့အမဲလိုက်အဖွဲ့သည်လည်း နေ့လည် သို့မဟုတ် မနက်ဖြန်မနက်စောစော ပြန်လာလေသည် ။

အစကတော့ ကောက လောင်ခဲ့ဆီသွားပြီး သတင်းပြောဖို့ကြံပေမဲ့ ထပ်တွေးမိတာက နည်းနည်းစောင့်ပြီး အခြားထိခိုက်ဒဏ်ရာ ရသူတို့ ၊ မကြုံစဖူးဖြစ်ရပ်တို့များရှိမလား စောင့်ကြည့်လိုက်ဖို့ဆုံးဖြတ်လိုက်၏။ အခြားသူများလည်း ကော ကဲ့သို့အတွေးများရှိကြပြီး အောင်မြင်ခြင်းလမ်းမတစ်လျှောက်မှာ စောင့်ဆိုင်းနေကြလေသည်။

မကြာမီ တောင်ခြေဒေသနားမှာနေကြတဲ့ ကောနဲ့အခြားသူများက အသံများကြားရပြီး အသံက တောင်ထိပ်မှ လာခြင်းဖြစ်လေသည် ။

အားလုံးမော့ကြည့်လိုက်သောအခါ လူအချို့ တောင်ထိပ်ကနေ အောင်မြင်ခြင်းလမ်းမသို့ သုတ်ခြေတင်လာကြလေသည်။ အံ့သြစရာကတော့ သူတို့ထဲတွင် နတ်ဆေးဆရာပါလာခြင်းပင်။

အတိတ်မှာဆိုရင် အမဲလိုက်အဖွဲ့ပြန်လာလျှင် နတ်ဆေးဆရာက ထိပ်တွင်ရှိသော အောင်မြင်ခြင်းလမ်းမအဆုံးတွင်ရပ်ကာ သူတို့ကိုကြိုဆိုပေမည်။ သို့သော် ယခုနတ်ဆေးဆရာမှာ အလျင်လိုနေသည့်အလား ဆင်းလာလေသည်။ နတ်ဆေးဆရာဘေးက အစောင့်နှစ်ယောက်ကလည်း သူခလုတ်တိုက်လဲမည်ကို စိုးရိမ်နေကြလေသည်။

ဒီလိုကျပြန်တော့ နတ်ဆေးဆရာက အသက်အရမ်းကြီးနေပုံမပေါက်တော့ပဲ လေရဲ့အရှိန်ကဲ့သို့ပင်ပြေးဆင်းလာလေသည်။

နတ်ဆေးဆရာက အောင်မြင်ခြင်းလမ်းမက လူများကိုဖြတ်သွားသောအခါ ကောနဲ့အခြားသူများက နတ်ဆေးဆရာမျက်နှာအမူအရာကိူ မြင်လိုက်ကြလေသည် ။ သူဟာ အမြဲအေးချမ်းတည်ငြိမ်သူဖြစ်ပြီး ယခုတော့ စိတ်အလွန်လှုပ်ရှားနေသည်မှာ ငိုတော့မည့်ပုံပေါက်နေလေသည် ။

ဘာတွေ ဖြစ်တာလဲ?

ဒီမြင်ကွင်း မြင်လိုက်ရသည့်လူတိုင်းလည်း ထိုသို့တွေးကြလေသည် ။ ဘာတွေပဲ ဖြစ်ဖြစ် ကိစ္စကြီးကြီးသာ ဖြစ်ရမည်၊ မဟုတ်ရင် နတ်ဆေးဆရာ ဒီလိုဖြစ်မယ်မဟုတ်ပေ ။

တစ်ခုခု ကြီးကြီးမားမား ဖြစ်နေတာ၊ဖြစ်ခဲ့တာဖြစ်မည်ဟု တွေးမိသောအခါ အားလုံး စိတ်လှုပ်ရှားလာကြသည် ။

ကောလည်း လောင်ခဲ့နေရာကို အမြန်သွားလိုက်သည်။

အိပ်မပျော်သည့်ရောဂါ ဆိုးဝါးနေသည့် လောင်ခဲ့မျက်လုံးများမှာ မျက်ကွင်းညိုနေလေသည်။ ပြီးခဲ့တဲ့ရက်တွေမှာ အခန်းထဲမှာ ပုံမှန်အတိုင်းထိုင်ကာ မနက်အစောပိုင်းတွင် ကျောက်များသွေးနေလေသည်။ ကွာခြားသည်ကတော့ စိတ်လွတ်နေခြင်းပင်၊ ပြောရရင် သူ့အနေနဲ့ ဒီလိုအခြေအနေမှာ ဘယ်ကျောက်ထည်ပစ္စည်းကိုမှ ကောင်းကောင်းသွေးနိုင်မည်မဟုတ်မှန်းသိလေသည်။ သို့သော် သူ့ကိုယ်သူထိန်းကာ ဆက်၍လုပ်နေလိုက်သည်။ မဟုတ်လျှင် သူ့ကိုယ်သူ မျိုးနွယ်စုအပြင်မှာဖြစ်ဖြစ် အောင်မြင်ခြင်းလမ်းမဘေးမှဖြစ်ဖြစ် သွားမစောင့်အောင် ထိန်းနိုင်မည်မဟုတ်ပါချေ။

သူ အလွန်စိတ်ပူပင်စွာ စောင့်ဆိုင်းနေရပါသည်။

ဆီဆာကတော့ သူ့ဝိညာဥ်အားနည်းစွာအပြင်တွင်လှဲနေလေသည်။ သူ့အမွှေးများမှာလည်း ပေရေကာ မဲမှောင်နေသည် ။ လောင်ခဲ့ဘေးတွင် အရိုးကိုက်ကာ လဲလျောင်းနေလေသည်။ သူပျင်းသည့်အခါ အရိုးကို ပျင်းပျင်းရိရိ ဝါးနေလေသည်။

ချက်ချင်းဆိုသလို ဆီဆာက သူ့နားရွက်များလှုပ်သွားပြီး ပြတင်းပေါက်ကို ရပ်ကာကြည့်နေလေသည်။

" လောင်ခဲ့ "

ကော အသံက ပြတင်းပေါက်အပြင်ကထွက်လာပြီး အသံမှာလည်း စိုးရိမ်မှုပြည့်နေလေသည်။

လောင်ခဲ့သည် ကျောက်ထည်လေးတစ်ခုကို ကြမ်းကြမ်းတမ်းတမ်း အရောင်တိုက်ချွတ်နေတုန်းမှာပင် ကြက်သေ သေသွားလေသည် ။ သတိမထားမိဘဲ ဖိမိသွားသည့်အတွက် တိုက်ချွတ်လက်စ ကျောက်ထည်လေးမှာ နှစ်ပိုင်းပြတ်သွားလေသည်။

ခဏကြာတော့ ကောက ပြတင်းပေါက်ကနေအိမ်ထဲဝင်လာသည်။ လောင်ခဲ့က ပြတင်းပေါက်မှာ ထောင်ချောက်ဆင်ဖို့စိတ်မဝင်စားတော့သည်ကို သိနေသည့်အတွက် ကောက ပိုအတင့်ရဲကာ အရင်က ပြတင်းပေါက်ဝင်လာတုန်းက ကဲ့သို့သတိကြီးကြီးမထားတော့ပေ။

" ဘာဖြစ်တာလဲ "

လောင်ခဲ့က သည်တစ်ခါတော့စကားစလာသည်။

" ငါမသိဘူး ၊ဒါပေမဲ့ တစ်ခုခု ကြီးကြီးမားမားတော့ဖြစ်နေတယ် "

ကောက သူခုနမြင်ခဲ့ရသည်များကို ဖောက်သည်ချလေသည်။

သူက အမဲလိုက်ရာမှာ အတွေ့အကြုံအတော်ရှိသည့်တိုင် နတ်ဆေးဆရာဘာကြောင့် ဒီလိုဖြစ်သလဲကိုတော့ မမှန်းဆတတ်ပေ ။ သူကျောက်ထွင်းဖို့ရာ စိတ်မဝင်စားတော့ပဲ သူ့တောင်ဝှေးကို ဆွဲကာ အိမ်မှထွက်လာလိုက်သည်။ ဆီဆာလည်း အမဲလိုက်အသင်းပြန်လာသည်ကို အာရုံရသည့်အလား သူကဘာမှမပြောပေမဲ့ လောင်ခဲ့နဲ့အတူလိုက်လာလေသည်။

လောင်ခဲ့နဲ့ကော အောင်မြင်ခြင်းလမ်းမကိုရောက်တဲ့အခါ တောင်ခြေကလူတွေက လမ်းတစ်လျှောက်စုဝေးနေကြလေသည်။

လူအများက မျိုးနွယ်စုပတ်ပတ်လည်ကိုသွားကြပြီး တောင်ထိပ်ကနေ တောင်ခြေအထိ အောင်မြင်ခြင်းလမ်းမတလျှောက် စောင့်ဆိုင်းနေကြလေသည်ဟု ပြောကြလေသည်။ နတ်ဆေးဆရာရဲ့အပြုအမူက သူတို့က ဘဝင်မကျဖြစ်စေကာ ဘာတွေဖြစ်သလဲကို သူတို့တွေ မမှန်းဆတတ်ကြပေ။

မကြာမီ တစ်ယောက်ယောက်က ပြန်လာသည် ၊ နတ်ဆေးဆရာကတော့ အရှေ့မှာ လမ်းလျှောက်နေဆဲပင် ။ စောစောတုန်းကနှင့်ကွာခြားသွားသည်က ပထမက မျက်နှာမှာ ပူပင်မှုအရိပ်အယောင်သာရှိပြီး ယခုကတော့ မျက်ရည်များဝဲနေလေပြီ။

နတ်ဆေးဆရာက လမ်းမထိပ်ကိုလျှောက်သွားကာ အဆုံးမှာရပ်နေလေသည် ။ အပြင်ကို လှမ်းမျှော်ကြည့်ကာ အမဲလိုက်အဖွဲ့ ပြန်အလာကိုမျှော်နေလေသည် ။

အခြေအနေကို မေးဖို့အပြင်ထွက်သွားတဲ့သူလည်း ပြန်လာလေသည်။ နတ်ဆေးဆရာကဲ့သို့ပင် စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်လုံးများရဲနေလေသည်။ သူပြန်လာတဲ့အခါ အခြားသူများကို တိုးတိုးပြောပြလေသည်။

" ဘာ..ဘိုးဘေးတွေ "

စိတ်မထိန်းနိုင်သည့်လူက အော်မိလိုက်ကာ ကြောင်အနေလေသည်။

သူ့စကားမဆုံးသေးခင် ဘေးလူများကို သူ့ကိုဝိုင်းထိုးလိုက်ကြသည်။

" တိတ်စမ်း "

သူတို့ဘာလို့နတ်ဆေးဆရာက စိတ်လှုပ်ရှားနေမှန်းသိရသောအခါ လူထူရဲ့မကျေနပ်မှုများ လျော့ပါးသွားလေသည် ။ အဲ့ဒီအပြင် သူတို့စိတ်လှုပ်ရှားမှုများ ကြာလေ စိတ်လှုပ်ရှားလာလေပင်။

သတင်းကို ကြားရသောအခါ မိုင်နဲ့အခြားသူများကဲ့သို့ပင် မျိုးနွယ်စုထဲကလူများလည်း သတင်းကိုကြားရသောအခါ ကြောင်အကုန်ကြလေသည်။ အမဲလိုက်အဖွဲ့ရောက်ပြီဆိုသော သတင်းကြားရသောအခါမှသာ ကြက်သေသေနေရာမှ ပြန်ကောင်းလေသည်။

အမဲလိုက်အုပ်စုက ပို၍များလာလေသည် ။ စစ်သည်တော်ပေါင်းမှာ နှစ်ရာအောက်နည်းကြသော်လည်း အမဲများအကုန်လုံးနှင့်ဆိုရင်အလွန်များပြားလေသည်။

သို့သော် ယခုအချိန်မှာတော့ မည်သူကမှအမဲများကို အာရုံမစိုက်ကြပေ။ အားလုံးက သူတို့အရှေ့က သစ်သားဝေါယာဥ်လေးကို စိုက်ကြည့်လေသည်။

သူတို့ မျိုးနွယ်စုဆီပြန်ရသောအခါ လူတိုင်း ဒူးထောက်နေသော ဘိုးဘေးလေးဦးကို ရှင်းရှင်းလင်းလင်း မြင်ရရန် မိုင်နဲ့အခြားသူများက သစ်သားဝေါယာဥ်ပေါ်က အဖုံးကို လှန်လိုက်လေသည်။

သီအိုရီအရဆိုရင် ရှောက်ရွှမ်က ဘိုးဘေးလေးဦးကို ရှာတွေ့ခဲ့သူဖြစ်ပြီး ဝေါယာဥ်ကို ထမ်းပြီးအောင်မြင်မှုကို ရသင့်သူသာဖြစ်သည် ။ ကံဆိုးစွာနဲ့ သူက ကလေးတယောက်သာဖြစ်ပြီး အခြားသယ်ဆောင်သူများကဲ့သို့ အရပ်ရှည်ကာ သန်မာရန်လိုအပ်ပါသည် ။ ပြောရမည်ဆိုလျှင် ရှောက်ရွှမ်က အခုအတွက်အလွန်ပုနေလေသည်။

အမဲလိုက်အဖွဲ့တည်းက သူများက ရှောက်ရွှမ်အတွက် စိတ်မကောင်းကြသော်လည်း ရှောက်ရွှမ်ကတော့ ဘာမှမခံစားရပေ။ ဒါက သစ်သားဝေါယာဥ်ကို မ ရုံတင်မဟုတ်ပဲ ထမ်းသူများက သူတို့လမ်းကိုကြည့်ဖို့လိုသေးလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ဘယ်မှာဖြစ်ဖြစ် ဘိုးဘေးလေးဦးက မျိုးနွယ်စုဦးတည်ရာသို့သာ ဒူးထောက်ထားဖို့ လိုအပ်ပေသည် ။ ထို့ကြောင့် သူတို့ ဝေါယာဥ်ထမ်းကာ လှမ်းလျှောက်ကြတိုင်းမှာ သူတို့က လိုအပ်သလို လှည့်ယူရမည်ဖြစ်လေသည် ။ ထို့ကြောင့် ၎င်းတို့ကို ကြည့်ရသည်မှာ အရူးများနှင့်တူလေသည်။

" လေးစားသမှုဖြင့် ဘိုးဘေးများ အိမ်ပြန်လာခြင်းကို ကြိုဆိုပါ၏ "

နတ်ဆေးဆရာက ကောင်းကင်သို့လက်ဆန့်တန်းကာ အော်ဟစ်လိုက်လေသည် ။ အော်ဟစ်ပြီးသည့်နောက် သူက ဘိုးဘေးများကို အဆင့်အတန်းမြင့်မားသော အရိုအသေပြုမှုပေးလိုက်လေသည်။

မျိုးနွယ်စုထဲက အခြားသူအကုန်လုံးက စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်ချလိုက်လေသည်။

ရှောက်ရွှမ်က သူ့အမဲကိုဆွဲဖို့တောင်ခက်သွားပြီး မြေပေါ်ကို ဒူးများရိုက်ခတ်ကြသည့်အသံကြားရသောအခါ သူ့သွားများပင် တဆစ်ဆစ်ကိုက်လာလေသည်။

အရိုအသေပေးပြီးတဲ့နောက် နတ်ဆေးဆရာက မတ်တပ်ရပ်လိုက်ကာ သစ်သားဝေါယာဥ်လေးဘေးကနေ စောင့်ကြည့်ပေးသည်။ သူသည် မျိုးနွယ်စုနတ်ဆရာဖြစ်လေရာ ဘိုးဘေးများကို အိမ်ပြန်ပို့သည့်အခါ စောင့်ရှောက်ရန်မှာ သူ့တာဝန်နှင့် ဂုဏ်သိက္ခာဖြစ်ပေသည် ။

နတ်ဆေးဆရာက သစ်သားဝေါယာဥ်လေးနဲ့အတူ တောင်ပေါ်တက်သွားလေသည် ၊ အခြားသောသူများက သူတို့ဒူးနှစ်ဖက်နဲ့ဆက်ဒူးထောက်နေကြသည် ။ ဝေါယာဥ်လေးက သူတို့ကို ကျော်သွားမှသာ သူတို့ခေါင်းကိုမော့ဖို့အခွင့်အရေးရပြီး အမဲလိုက်အုပ်စုလမ်းလျှောက်နေကြတာကို ကြည့်နေလိုက်ကြသည်။

အမဲလိုက် အဖွဲ့က သစ်သားဝေါယာဥ်နဲ့ ဆယ်မီတာလောက်ခွာပြီး လိုက်ကြသည်။ ထုံးစံအတိုင်း စစ်သည်တော်အကုန်လုံးက သူတို့လိုက်ခဲ့တဲ့အမဲများကို ပြကြလေသည် ။ အရင်ကနဲ့ာှဥ်ရင် မိုင်တို့အမဲလိုက်အုပ်စုက အရနည်းလေသည်။ သို့ပေမဲ့ သူတို့ဟာ ဘိုးဘေးကိုရှာတွေ့ခဲ့သည့်အတွက် မျိုးနွယ်စုထဲက လူတွေရဲ့နှလုံးသားထဲမှာ ယခုအမဲလိုက်ခရီးရဲ့သူရဲကောင်းများဖြစ်ကြလေသည်။

ရှောက်ရွှမ် က အမဲအများအပြားလိုက်နိုင်ခဲ့ပြီး အများစုကို သူ့ကျောပေါ်မှာ သယ်လာခဲ့သည် ၊ ထို့ပြင် သူ့လက်ထဲတွင် ကြိုးတစ်ချောင်းရှိနေပြီး ကြိုးအဆုံးမှာ ဟေးစစ်ဖုန်းကိုချည်ထားလေသည်။

ရှောက်ရွှမ် မှာ ကလေးတစ်ယောက်အနေနဲ့ လုံလောက်တဲ့အားမရှိသည့်အတွက် မောင်နဲ့တခြားစစ်သည်တော်များက သူ့ကို ကူညီပေးကြလေသည် ။

" ဝိုး..ဒါက.."

သူ့အမဲဘေးမှာ လူတွေက အောင်မြင်မှုအပေါ်သက်ပြင်းချနေကြသည်။

ဒါ ရက်စက်တဲ့ဟေးစစ်ဖုန်းဖြစ်ပြီး ချပ်ဝတ်တွေလိုကြေးခွံတွေနဲ့အနက်ရောင်ဆူးများ ရှိလေရာ သေနေသည့်တိုင် မိစ္ဆာတစ်ကောင်ကဲ့သိူ့ပင် ။

ဒါ ဟေးစစ်ဖုန်းလေ

ပြီးတော့ သုံးကောင်တောင် ၊

အိုး..ဘုရားရေ..မယုံနိုင်စရာပဲ

ပိုပြီး မယုံချင်စရာကောင်းသည်က ဟေးစစ်ဖုန်းကြီးကို ရေ ဒီကလေးနှစ်ယောက်က ဆွဲလာခဲ့ရခြင်းဖြစ်လေသည် ။

သို့သော် ဘိုးဘေးတွေကို တွေ့ရတုန်းက အံ့သြရတုန်းနဲ့ယှဥ်ရင် အခုအံ့သြရသည်ကပိုနည်းလေသည်။ သူတို့ကို မိုင်တို့အမဲလိုက်အုပ်စုက ဘိုးဘေးတွေကို ရှာတွေ့ခဲ့သည်ပြောသော်လည်း အတိအကျသိရခြင်းမဟုတ်။

မောင်ကတော့ နည်းနည်းရှက်နေသည် ၊ ဟေးစစ်ဖုန်းကို အမဲလိုက်ခြင်းတွင် ကူညီပေးရတာ သိပ်မရှိပါပေ ။ အမဲမလိုက်ခင်က သူကိုရှောက်ရွှမ်က အလျှော့ပေးစေချင်ခဲ့သည် ။ သို့သော် သူကသာလျှင် တကယ့်တိုက်ပွဲမှာ အသုံးမကျသူဖြစ်လေသည် ။

ရှောက်ရွှမ် ပတ်ကြည့်လိုက်တဲ့အခါ လူအုပ်အပြင်မှာရပ်နေတဲ့ လောင်ခဲ့နဲ့ကောကို တွေ့လိုက်သည် ။ ဆီဆာလည်း အဲ့ဒီမှာ ပျော်ရွှင်ကာ အမြှီးလေးယမ်းနေလေသည် ။ ရှောက်ရွှမ်က သူတို့ကြည့်ပြီး ပြုံးနေပေမဲ့ စိတ်ထဲမှာတော့ နောက်ကျရင် လောင်ခဲ့ကို အစွယ်ဓားအကြောင်း ဘယ်လိုပြောရမလဲတွေးနေမိသည်။

All Chapters