နတ်အမှတ်အသားရဲ့အနေအထား
Vol. 5 Ch. 64
ရှောက်ရွှမ် တောင်အောက်ကို ဆင်းလာသည့်အခါ သူ့ဂေဟာကို တန်းမပြန်တော့ပဲ လောင်ခဲ့အိမ်ကိုသာ တိုက်ရိုက်သွားလိုက်သည်။
ဆီဆာကလည်း တံခါးဝမှာ ရှောက်ရွှမ်ကို မျှော်နေတာကြာလေပြီ ၊ ရှောက်ရွှမ် ကိုမြင် လိုက်လျှင် ချက်ချင်း သူ့ဆီကို ပြေးခုန်အုပ်ကာ ခွေးတစ်ကောင်ကဲ့သို့ ခုန်ပေါက်ပြီးနှုတ်ဆက်လေသည်။ အလေးအနက်ပြောရရင် သူက အမြီးကိုလှုပ်ယမ်းနေချိန်မှာဆိုရင် ခွေးတစ်ကောင်နဲ့သာတူလေသည်။
" ဟေး..အားရွှမ်ပြန်လာပြီ "
ကောက ပြတင်းပေါက်မှာထိုင်ရင်း မြက်ကန့်လန့်ကာလေးကို မတင်လိုက်လေသည် ။
" ဦးလေး ကော "
ဆီဆာက သူ့ဒဏ်ရာရနေတဲ့လက်မောင်းကို မထိအောင် ဆီဆာကို ရှောင်လိုက်ကာ အထဲကိုဝင်လာလေသည်။
အိမ်အထဲမှာ လောင်ခဲ့က ကျောက်ထည် သွေးနေကျခုံလေးပေါ်မှာ ထိုင်နေပြီး ရှောက်ရွှမ်ကို ကြည့်နေလေသည် ။ သူက ပြုံးနေပြီး ၎င်းမှာအင်မတန်ရှားပါးလေသည်။
" မင်းပြန်လာတာ ကောင်းတယ်။ မင်းလက်မောင်းက ဘာဖြစ်တာလဲ "
ရှောက်ရွှမ်ရဲ့ဒဏ်ရာရနေတဲ့လက်မောင်းကို လောင်ခဲ့က တစ်ချက်ကြည့်ရုံနဲ့တင် သတိထားမိလေသည်။ အစောပိုင်းက အခြားစစ်သည်များနဲ့အောင်မြင်ခြင်းလမ်းမမှာတုန်းက သူက အမဲများကိုသယ်ရင်း အကောင်းပကတိပင်။ သွေးထွက်သံယိုဖြစ်နေတဲ့ဘာလက္ခဏာမှ အဲ့ဒီတုန်းကမရှိပဲ ဘာကြောင့် ဓားသန့်စင်ခြင်းအခမ်းအနားအပြီးမှ သူ့လက်က အဘယ်ကြောင့် ဒဏ်ရာရနေသနည်း။ ဒါကိုသတိထားမိတဲ့နောက် ပြုံးခဲလှတဲ့အပြုံးမှာ ပျောက်ပြီး မျက်နှာမှာ မှုန်ကုပ်ကုပ်ဖြစ်သွားလေသည်။
" ကြည့်ရအောင် "
ကောက သတိမထားမိသော်လည်း လောင်ခဲ့ကပြောကတည်းက သူကအနီးကပ်ကြည့်ဖို့ ရှောက်ရွှမ်အနားသို့ကပ်လာလေသည်။
" အဆင်ပြေပါတယ် ၊ ရက်နည်းနည်းလောက်ကြာရင် အဆင်ပြေသွားမှာပါ "
လောင်ခဲ့က အသေးစိတ်သိချင်နေတာကိုသိရသောအခါ ရှောက်ရွှမ်က အစောပိုင်းက သူက ခဲ့ခဲ့ နဲ့ ထွော်တို့ တောင်အဆင်းလမ်းမှာကြုံရပုံကို ပြောပြလိုက်လေသည်။ ရှောက်ရွှမ် ပြောပြပြီးတဲ့နောက်မှာ လောင်ခဲ့က ခဏတွေးပြီး ရှောက်ရွှမ်ကို သူ့လက်မောင်းကို ပြဖို့ပြောလေသည်။
" ဟမ် "
လောင်ခဲ့က နှာခေါင်းရှုံ့လိုက်လေသည်။
" ဒါ ထွော် မင်းကိုပေးလိုက်တဲ့ဆေးပင်လား "
ရှောက်ရွှမ်သားရေအိတ်ထဲက ဆေးပင်အိတ်ကိုလောင်ခဲ့ကထုတ်ကာ အထဲက ဆေးပင်တွေကို အနီးကပ်ကြည့်လိုက်လေသည်။
" ဒါက ဆေးပင်အကောင်းစားတွေပဲ "
သူက ကောကို ဆေးထုတ်လေးပေးလိုက်ပြီးကောက လည်ကိုဆန့်ပြီးအိတ်ကိုကြည့်လိုက်လေသည်။
" ဆေးတွေကို သွားပြီး ဖျော်လိုက်ပါ "
ကောက ဘာမှမပြောပဲ ဆေးအိတ်လေးကို နှာခေါင်းနဲ့နမ်းကြည့်လိုက်သည်။ သို့သော်အထဲက ဆေးပင်များက သူနှင့်မရင်းနှီးပေ ။ သူ ဒီလိုဆေးမျိုးအရင်ကမသုံးဖူးပါပေ ။ အနံ့ကတော့ သူသုံးဖူးခဲ့မျှနှင့် လုံးလုံးကွာခြားလှပေသည်။
လောင်ခဲ့က အမဲလိုက်တဲ့အကြောင်းတွေမေးပြီး ရှောက်ရွှမ်က သေချာလေးပြန်ပြောပြလေသည်။ သူက တစ်ချို့ကိစ္စတွေ ချန်ပြီးပြောပေမဲ့လည်း လောင်ခဲ့နဲ့ကောအတွက် အတော်ကြီးကျယ်သည့် စွန့်စားခန်းတစ်ခုပင် ဖြစ်လေသည်။ ရှောက်ရွှမ်ရဲ့ပထမဆုံးအမဲလိုက်ခရီးမှာကြုံခဲ့ရတဲ့အဖြစ်မျိုး သူတို့နှစ်ယောက်လုံး ကြုံဖူးခြင်းမရှိသည့်အတွက် သူတို့အနေနဲ့ အလွန်သတိထားရမည့် အန္တရာယ်ကြီးသော တာဝန်တစ်ခုဟု မြင်ကြလေသည် ။ သူ့အသက်ချမ်းသာရာရခြင်းမှာ ဘိုးဘေးတွေရဲ့ကောင်းချီးပေးခံရခြင်းသာ ဖြစ်လေသည်။
" ကြည့်ရတာ မြေကိုမိုဒိုရဲ့အစွယ်ဓားက အတော်အကူအညီရပုံပဲ "
ကောက သူ့အစွယ်ဓား ကို သူပြန်ပြီး သိမ်းဆည်းထားဖို့ ရှောက်ရွှမ် ထုတ်ပေးရန်ရည်ရွယ်ပြီး သူ့လက်ကို ပွတ်ကာ ရှောက်ရွှမ်ကိုကြည့်ပြီး ပြုံးပြလိုက်လေသည်။
" အာ.." .
ရှောက်ရွှမ်မှာ ချက်ချင်း စကားထစ်သွားရတော့သည်။
" ဘာလဲ..ပျောက်သွားလို့လား "
ကော နှလုံးသားတင်းကြပ်သွားကာ ရှောက်ရွှမ်၏ ခါးပေါ်မှ အရာကို ဖြတ်ခနဲ ကြည့်လိုက်သည်။ ၎င်းက ကိုမိုဒို အစွယ်ဓားကို ထည့်သော သားရေဓားအိမ်ဖြစ်လေသည်။
" မဟုတ်ဘူး..မပျောက်ပါဘူး..ဒါပေမဲ့ "
ရှောက်ရွှမ်ကရှက်ရှက်နဲ့ သားရေဓားအိမ်ထဲက ဓားကိုထုတ်လိုက်လေသည်။ မြေကိုမိုဒိုအစွယ်ဓားမှာ လောင်ခဲ့က ရှောက်ရွှမ် ကိုပေးတုန်းကထက်ပင် သန့်ရှင်း၍နေသော်လည်း ပဲ့နေသောဓားဖျားကို တချက်ကြည့်ရုံနဲ့တင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပေလေသည်။
တုန်ယင်နေတဲ့လက်များဖြင့် ကော ဓားကိုယူလိုက်ပြီး မယုံကြည်နိုင်စွာပင် စိတ်ဖိစီးမှုများသွားလေသည်။
ရှောက်ရွှမ် လောင်ခဲ့ကိုကြည့်လိုက်တဲ့အခါ သူက ဓားကိုကြည့်ကာ စိတ်အနှောင့်အယှက်လည်းမဖြစ် ဒေါသထွက်နေပုံလည်းမရပေ။ အဲ့ဒီအစား သူ့ကြည့်ရသည်မှာ အတော်ဝမ်းသာနေပုံပင်ပေါက်ပါသေးသည်။
လောင်ခဲ့က ကောဆီက ဓားကိုယူလိုက်ပြီး သူ့မျက်နှာမှာပျော်ရွှင်၍နေလေသည်။
" မပူပါနဲ့..ငါပြန်ပုံသွင်း အချောသပ်လိုက်ရင် ဓားသေးလေးရမှာပါ ၊ မင်း ဒုတိယတစ်ခါအမဲလိုက်ထွက်တဲ့အခါကျ သုံးလို့ရတာပေါ့"
ဤသို့ပြောကာ လောင်ခဲ့က အစွယ်ဓားကို သူ့ဘေးက စင်ပေါ်တွင်ထားလိုက်လေသည်။ အခုရက်တွေမှာ တခြားဘယ်ဟာကိုမှ မလုပ်ပဲ အစွယ်ဓားကိုပဲ အချောသပ်ပြီး ပြန်ညှိဖို့ ဆုံးဖြတ်လိုက်သည်။
ဓားမှာ ပြင်းထန်တဲ့ပွတ်တိုက်မှု ၊ ပြတ်ရှမှုများ ဖြစ်ခဲ့လေရာ အချိုင့်သေးသေးလေးများစွာ ရှိနေလေသည်။ သို့သော်လည်း လောင်ခဲ့က ဒီခြေရာလက်ရာတွေဟာ ရှောက်ရွှမ်က သားရဲဆိုးကြီးတွေကို ခုခံတိုက်ခိုက်ခဲ့ပြီး တကယ်အောင်မြင်တဲ့အမဲလိုက်သမားပဲဆိုတာ ပြနေတဲ့သက်သေတွေဖြစ်တဲ့အတွက် ၎င်းကိုကြည့်ကာပျော်ရွှင်နေလေသည်။ အဲ့ဒီအစား ရှောက်ရွှမ်ကသာ အကောင်းအတိုင်း အထိအခိုက်မရှိ ဓားကိုပြန်ယူလာခဲ့ရင် သူ ဘာမှမပြောသည့်တိုင် နည်းနည်းတော့ မကျေမနပ်ဖြစ်ကာ စိတ်ပျက်ရပေမည်။
လောင်ခဲ့က ဓားအတွက် ဝမ်းနည်းနေတဲ့ ကောကို မောင်းထုတ်လိုက်ပြီး ဆေးပင်တွေဖျော်ထားတဲ့ဆေးရည်ကို ရှောက်ရွှမ်ကိုတိုက်လိုက်သည်။
သူ့လက်ထဲက ဆေးရည်ပန်းကန်ကို မော့သောက်လိုက်ရင်း ရှောက်ရွှမ် ရုတ်တရက်ဆိုသလို သူတစ်ကိုယ်လုံးကို နွေဦးရဲ့နွေးထွေးမှုမျိုးလွှမ်းခြုံလိုက်သလို ခံစားရတာ သူ့လက်မောင်းဒဏ်ရာမှာလည်းရပ်တန့်သွားလေသည်။ နာကျင်မှုအစား နွေးထွေးကာ သက်တောင့်သက်သာ ဖြစ်သည်ကို ခံစားလိုက်ရသည် ။ သူအရိုးတွေတောင်မှ နှေးနှေးလေးမဟုတ်ပဲ အေးအေးဆေးဆေး ပြန်ပေါက်နေသလိုတောင်ထင်မိလေသည်။
"နတ်ဆေးဆရာ ကိုယ်တိုင်အထူးဖော်စပ်တဲ့ဆေးပင်တွေကွ ၊ တစ်ချို့ဆေးပင်တွေက တကယ်ရှား ပါးလို့ စစ်သည်တော် တစ်ချို့တစ်လေကသာ တွေ့တတ်တာ ၊ လူတိုင်းရဖို့ မလွယ်ဘူး "
လောင်ခဲ့က ပြောသည်။
ထို့ကြောင့် ဆေးပင်ကို ရှာတွေ့တဲ့သူတွေကို လူတွေက ချီးမြှောက်ကြတာဖြစ်သည်။ မထင်ထားစွာပင် ထွော်သည် ရှောက်ရွှမ်ကို တစ်ထုပ်လုံးပေးလိုက်သည်။ လောင်ခဲ့က ရှုပ်သွားသည်။ ခဲ့ခဲ့က ရှောက်ရွှမ် လက်ကိုချိုးခဲ့သည်ဖြစ်သော်လည်း ရိုးရိုးသားသားပြောရရင် မျိုးနွယ်စု ထဲမှာ ဒါကို ပြင်းထန်တဲ့ ထိခိုက်မှုလို့ မျိုးနွယ်စု မသတ်မှတ်ပါပေ ။ ဒီလို အသေးစားထိခိုက်မှုလောက်ကတော့ ရက်အနည်းငယ်နားလိုက်ရင်အလိုလို သက်သာလာပေမည်။
အားရွှမ်သည် ထွော်နှင့် မရင်းနှီးပါပေ ။ သူတို့သာ အမဲလိုက်အဖွဲ့တူလျှင် အဓိပ္ပါယ်ရှိဦးမည် ၊ ဒါပေမဲ့ အမဲလိုက်အုပ်စု တူရင် ၊ လောင်ခဲ့က သူ့ခေါင်းထဲ ကြောင်အသွားသည်။
အားရွှမ်က ဒီနှစ်မှ နိုးထလာသူဖြစ်ပြီး သူခရီးတစ်ခုသာ လိုက်ဖူးသည် ။ နည်းလမ်းကျကျပြောရရင် သူက ဘာမှမဟုတ်တဲ့ စစ်သည်တော်အသစ်လေးတစ်ယောက်ပင်။ အမဲလိုက်အဖွဲ့များက သူ့ကို သိပ်ရွေးချယ်ချင်ကြမည်မဟုတ် ။ ရွေးချယ်ခံရဖို့ ဆိုလျှင် အဖွဲ့ခေါင်းဆောင်နှင့် အခြား အကြီးတန်းစစ်သည်တော် အချို့၏ ခွင့်ပြုချက်ကိုလိုအပ်သည်။
ခန့်မှန်းရန်ခက်သောကြောင့် လောင်ခဲ့က ထားလိုက်ဖို့ဆုံးဖြတ်လိုက်သည်။
" ငါမှာ ခြေထောက်တစ်ဖက်ပဲ ရှိရင်တောင် မင်းအတွက်လက်စားချေပေးနိုင်သေးတယ် ၊ နောက်တစ်ခါ မင်းသူ့ကိုတွေ့ရင် ခဲ့ခဲ့လက်ကို မြင်ရဖို့သာစောင့်နေ "
" မလိုပါဘူးဗျာ.."
ရှောက်ရွှမ် က ပြုံးလိုက်သည်။
" ကျနော့်အတွက် ကျနော့်ဘာသာလက်စားချေနိုင်ပါတယ်"
" ကောင်းတယ် ၊ ဒါဆို ငါဝင်မပါတော့ဘူး "
လောင်ခဲ့က ပိုကျေနပ်သွားပုံရသည်။
" အခု မင်း မျိုးနွယ်စုနတ်စွမ်းရည်ကို ထုတ်လိုက်..အားရွှမ်"
ရှောက်ရွှမ်က သူ့မျက်နှာနဲ့ လက်မောင်းပေါ်က နတ်အမှတ်အသားကို အမြန်ဖော်ထုတ်လိုက်လေသည်။ လောင်ခဲ့က သူ့လက်မောင်းက နတ်အမှတ်အသားကို ကြည့်လိုက်တဲ့အခါ မျက်လုံးများပင်ပြူးသွားသည်။
ကလစ်
လောင်ခဲ့လက်ထဲက တောင်ဝှေးက ထက်ခြမ်းကျိုးသွားလေသည်။
ဤတောင်ဝှေးကို သူသုံးခဲ့သည်မှာ တစ်နှစ်သာ ရှိသေးသည်။
...
အခြားတစ်ဖက်မှာတော့ အမဲလိုက်တာဝန်ပြီးတဲ့နောက် အဖွဲ့ခေါင်းဆောင်က တောင်ထိပ်မှာ လုပ်ရိုးလုပ်စဥ်များ လုပ်ပြီး၍ သူ့နေရာသို့ ပြန်လာလေသည် ။ ပြန်ရောက်သည့်အခါ ထွော်နဲ့ခဲ့ခဲ့က သူ့ကိုစောင့်နေသည်ကို တွေ့လေသည်။
" ဒီတော့ စစ်ဆေးတာ ဘယ်လိုလဲ "
အဓိကခေါင်းဆောင်ထာ့ မေးလိုက်သည်။
ခဲ့ခဲ့ ဘာမှမပြောခင် ထွော်က ရှောက်ရွှမ် လက်မောင်းကို ခဲ့ခဲ့ချိုးလိုက်ကြောင်း သတင်းပို့လေသည်။
ထာ့၏ နဖူးမှာသွေးကြောတွေထောင်ထလာပြီး ခဲ့ခဲ့ကို နောက်တခါထပ်ကန်ချင်သည့်အလား မုန်းတီးစွာကြည့်နေလေသည်။
" ဒါ မင်းသူ့ကို စစ်ဆေးတဲ့ပုံစံလား "
ခဲ့ခဲ့က တင်ပုလင်ခွေကာ မြေကြီးပေါ်ထိုင်လိုက်ပြီး သူ့ခြေထောက်ကုတ်ရင်း ပြောသည်။
" ကျနော် သူ့ကိုအားကုန်သုံးပြီး မတိုက်ခိုက်ခဲ့..."
" မင်းကသူ့ကို အားကုန်သုံးတိုက်ခိုက်ဖို့ တွေးလိုက်သေးတယ်ပေါ့ ၊ မင်းသိက္ခာတွေဘယ်ရောက်သွားလဲ ၊ ငတုံးကောင်ရဲ့ "
ထာ့က သူ့ကို လက်သီးရွယ်လိုက်သည်။
ခဲ့ခဲ့က ခုန်လိုက်ကာ မျက်စိတစ်မှိတ်အတွင်းမှာ တံခါးနားသို့ရောက်သွားလေသည် ။ သို့မှသာ ထာ့တစ်ခုခုလှုပ်ရှားပါက သူတစ်ခါတည်းထွက်ပြေးနိုင်ပေလိမ့်မည် ။
" ကျနော် အထိန်းအချုပ်မဲ့သွားတာပါ "
ခဲ့ခဲ့က သူ့ခြေထောက်ကို ကုတ်တဲ့ခြေထောက်နဲ့ပဲ သူ့ခေါင်းကိုကုတ်ပြီး တီးတိုးပြောလေသည် ။ သူ ကလေးတယောက်ကို ရိုက်နှက်ခဲ့မှန်းပြန်တွေးမိသည့်အခါ နည်းနည်းတော့ ရှက်သလိုခံစားရသည်။
" မင်းကိုယ်မင်း မထိန်းချုပ်နိုင်မှတော့ နောက်တစ်ခါ တခြားအမဲလိုက်အဖွဲ့နဲ့ပဲသွားလိုက်တော့ "
ထာ့က မျက်နှာထားတည်တည်နှင့်ပြောလေသည်။
" မဟုတ်ဘူး ၊ မဟုတ်ဘူး..ကျနော် ရှင်းပြနိုင်ပါတယ် "
ခဲ့ခဲ့က သူအုပ်စုထဲက အထုတ်ခံရနိုင်သည်ကို သိတဲ့အခါ ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။
"ခေါင်းဆောင် ကျနော့်ကို ဒီကလေးကို စစ်ဆေးကြည့်ဖို့ပြောတယ်မလား ၊ ကျနော်စစ်ကြည့်လိုက်ပါတယ် ၊ တကယ်က ကျနော်သူ့ကို နှစ်ချက်ပဲ ထိုးတာပါ၊ ဒါပေမဲ့ သူ့မျိုးနွယ်စုနတ်အမှတ်အသား သူ့လက်မောင်းပေါ် ပေါ်လာတော့ ကျနော်စိတ်မထိန်းနိုင်ပဲ ဆက်ထိုးမိသွားတာပါ"
"မျိုးနွယ်စုနတ်အမှတ်အသားလား ၊ အဲ့ကလေးရဲ့နတ်အမှတ်အသားက ဘာဖြစ်လို့လဲ "
ထာ့က ခဲ့ခဲ့ကို ခပ်စူးစူး ကြည့်လိုက်လေသည် ။
" ဆရာ အခုမှနိုးထကာစ စစ်သည်တော်တွေရဲ့ နတ်အမှတ်အသားက ဒီနေရာအထိပဲ ရှိတတ်ကြတယ်လို့ ဆရာပြောဖူးတယ်မလား"
ခဲ့ခဲ့က သူ့လက်ချောင်းကို သူ့ပခုံးနားက လက်မောင်းအထက်နားထောက်ပြလိုက်သည် ။
" ဒါပေမဲ့ အဲ့ဒီကလေး နတ်အမှတ်အသားက ဒီနေရာအထိရောက်တယ် "
ခဲ့ခဲ့က သူပခုံးနဲ့လက်တစ်ဖဝါးအကွာက သူ့လက်မောင်းအထက်မှာ အမှတ်အသားပြုလုပ်လိုက်လေသည်။
" မဖြစ်နိုင်တာ "
ထာ့နဲ့ ထွော်က တချိန်တည်းအော်လိုက်ကြသည်။
ဒါပေမဲ့
မဖြစ်နိုင်ဘူး ဟုတ်လား?
မဖြစ်နိုင်တာ မရှိပေ ။
အတိတ်မှာတုန်းက လူတွေက မိဘမဲ့ဂူက ကလေးတွေဆိုရင် အသက် ၁၂ ၊ ၁၃နှစ်အထိ စွမ်းအင်မနိုးထတတ်ကြဘူးလို့ဆိုကြသည်၊ ဒါပေမဲ့ အခု ကြည့်ပါဦး ။
အတိတ်မှာတုန်းက လူတွေက အငယ်တန်းစစ်သည်တော်လေးတွေက ကျန်းမာတဲ့ဟေးစစ်ဖုန်း တစ်ကောင်၊နှစ်ကောင်တည်းဆိုရင်တောင် ရင်ဆိုင်တိုက်ခိုက်နိုင်ကြမည်မဟုတ်ဟု ယူဆကြလေသည်။
အတိတ်မှာတုန်းက လူတွေက တောင်မှာလမ်းပျောက်သွားရင် ဘယ်သူမှပြန်မထွက်နိုင်ကြတော့ပေ ၊ဒါပေမဲ့ နောက်ဆုံးတော့..
ဒီကလေးက စွမ်းအင်နိုးထခဲ့သည်မှာ ကြာနေသည့်သူ မဟုတ်ပါချေ။
"ခေါင်းဆောင် ကျနော်မှတ်မိသလောက်ဆိုရင် မောင့်ရဲ့ နတ်အမှတ်အသားက ဒီအပေါ်နား.."
သူတို့စကား မဆုံးခင်မှာပင် ထာ့က သူတို့ကို ခြေထောက်နဲ့ကန်လေသည်။
"တော်ပြီ မင်းတို့ပြန်လို့ရပြီ "
ထာ့ လက်ကိုဝှေ့ယမ်းလိုက်ပြီး အပြင်ထွက်ဖို့ ညွှန်ကြားလိုက်သည်။
ထွော်နဲ့ခဲ့ခဲ့က တစ်ယောက်နှင့်တစ်ယောက် အပြင်ဘက်ကို တွန်းထုတ်နေကြပြီး အပြင်ကိုခြေလှမ်းမိလိုက်ခြင်းပင် မျိုးနွယ်စုခေါင်းဆောင်က အပြင်မှာ ရပ်နေသည်ကို သဘောပေါက်လိုက်ကြလေသည်။
" အာ..ဟား..ဟား..မင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေ မျိုးနွယ်စုခေါင်းဆောင်ဗျ"
ထွော်နဲ့ခဲ့ခဲ့စာ အလျင်အမြန်ပဲ အရိုအသေပေးလိုက်ကြသည်။