ဝါစဥ်ကြီးပုဂ္ဂိုလ်
Vol. 5 Ch. 65
လောင်ခဲ့အိမ်မှာ ညစာ စားပြီးတဲ့နောက်မှာ ရှောက်ရွှမ်က ဆီဆာကို သူ့တဲလေးသို့ပြန်ခေါ်သွားသည်။ သူအဝေးရောက်နေတာ ရက် နှစ်ဆယ်လောက်ကြာပြီ ဖြစ်သော်လည်း သူ့အခန်းကိုတစ်ယောက်ယောက်က ကူပြီး ရှင်းလင်းပေးထားသည်မှာ ထင်ရှားသည်။ မြေအိုးလေးထဲမှာ ရေသန့်များဖြည့်ထားသည်။ လတ်ဆတ်ကာ မကြာသေးခင်ကမှ ရေဖြည့်ထားမှန်း ရှောက်ရွှမ် ခန့်မှန်းနိုင်ပါသည်။ ပြီးတော့ သူ့အိပ်ရာပေါ်က သားရေပြားများမှာလည်း ဆေးကြောကာအခြောက်ခံထားလေပြီး ပိုးမွှားများ ၊ မှိုနံ့များမရှိနေပါချေ။
လောင်ခဲ့က တစ်ယောက်ယောက်ကို ဒါတွေလုပ်ပေးဖို့ ခိုင်းထားခြင်းဖြစ်မည်။ မီးပုံလေးဖိုပြီးတဲ့နောက်မှာ ရှောက်ရွှမ် သူ့လက်မောင်းကို ရွှေ့ကြည့်လိုက်သည်။
သုံးနာရီမျှသာ ကြာသေးသော်လည်း ရှောက်ရွှမ် သူ့အရိုးများ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာသည်ကိုခံစားရသည်။ အမှန်ပင် အကောင်းစားဆေးပင်များပါပေ ။ သူ့ကိုယ်ပေါ်က နတ်အမှတ်အသားကတော့...သူက သူနဲ့ရွယ်တူများထက် ပိုပြီးတိုးတက်မှုကောင်းတာကိုတော့ သိပါသည်။ ဒီနှစ်မှာ စွမ်းအင်နိုးထကာစ လူငယ်လေးများကြားတွင် မောင်က မျိုးနွယ်စုထဲက လူသိများတဲ့ ညဏ်ကြီးရှင်ဖြစ်ပြီး သူ့လက်မောင်းရှိ နတ်အမှတ်အသားက လက်ချောင်းတစ်ဝက်ခန့်မျှပြန့်ကားနေသည်။
သူတို့အမဲလိုက်ကြတဲ့အခါ သားရေနှင့် လုပ်ထားတဲ့ အင်္ကျီလက်ပြတ်ကိုဝတ်ထားသည့်တိုင် မည်သူကမှ ရှောက်ရွှမ်ရဲ့နတ်အမှတ်အသားနဲ့ပတ်သက်ပြီး အချိန်နဲ့စွမ်းအင်အကုန်ခံကာ စိတ်ဝင်စားခြင်းမရှိပါပေ ။ သစ်တောမှာ အန္တရာယ်များနှင့်စွန့်စားစရာများ ပေါများရာ အားလုံးက တစ်ချက်လေးသတိလစ်ဟင်းသွားသည်နှင့် အသက်သေစေနိုင်သည့်အတွက် သူတို့သားကောင်အပေါ်တွင်သာ အပြည့်အဝအာရုံစိုက်ထားကြသည်။ စစ်သည်တော်အားလုံးက သတိကြီးကြီးထားကြသည်။ ရှောက်ရွှမ်က သူ့နတ်စွမ်းအင်ကို အသုံးပြုတဲ့နေရာမှာ ကျွမ်းကျင်နေသည့်အတွက် သားကောင်ကို အမဲလိုက်ပြီးလို့ ဘေးပတ်ဝန်းကျင်ကို ကြည့်ချိန်မရခင်လေးမှာပင် သူ့နတ်အမှတ်အသားများက မြန်မြန်ပျောက်ကွယ်သွားလေသည်။ ထို့ကြောင့် ဘယ်သူကမှ ရှောက်ရွှမ် နတ်အမှတ်အသား အရှည်ကို သတိထားမိခြင်းမရှိကြပေ။
အခုတော့ လောင်ခဲ့က ထိတ်လန့်သွားကာ သူ့တောင်ဝှေးပင် ကျိုးသွားလေသည် ။ သူ သူ့မျက်လုံးကိုပင် ပထမဆုံး မြင်ကာစကမယုံနိုင်ပေ ၊ သို့ပေမဲ့ သူပွတ်ကြည့်ကာ အနီးကပ်ကြည့်လိုက်တော့မှသာ သူမြင်သည်က အစစ်မှန်းသိလေသည်။ သဘာဝကျကျပင် အခြားတစ်ဦးဦးကသာ ၎င်းကိုမြင်လျှင် သူ့လိုပင် မှင်သက်သွားမည်သာ ၊ ဥပမာ-ခဲ့ခဲ့
တကယ်တော့ ပထမတစ်ချက် ထိုးပြီးတည်းက ခဲ့ခဲ့ ကြည့်နေသည်ကို သတိထားမိလိုက်ပါသည် ။ သူ့တိုက်ခိုက်မှုက အသက်အန္တရာယ်ထိခိုက်ရအောင်မဟုတ်သည့်အပြင် ဒါက စစ်ဆေးရုံပဲဆိုတာ ရှောက်ရွှမ် သိလေသည်။ သို့သော် ခဲ့ခဲ့နဲ့ ထွော် ဘာကြောင့်လုပ်သလဲတော့ သူမသိပါချေ။
အိပ်ရာပေါ်လှဲလိုက်ရင်းမှ ရက်အတော်ကြာ သူ့တင်းနေတဲ့အကြောများ နောက်ဆုံးပြေလျော့သွားသည်ကိုခံစားရသည်။ မျိုးနွယ်စုထဲက ဘဝက အမှန်ကို စိတ်ချလုံခြုံနွေးထွေးလေသည် ။
ကောင်းကောင်းအိပ်ပျော်ပြီးတဲ့နောက် နောက်နေ့မနက်နိုးသောအခါ ရှောက်ရွှမ်က အကြောဆန့်လိုက်လေသည် ။ အံ့သြစရာကောင်းတာက လောင်ခဲ့တွက်ထားသလို ရက်အနည်းငယ်ကြာမယ်ဆိုတာထက် ပိုမြန်ကာ သူ့လက်မောင်းမှာ ပြန်ကောင်းပြီးသား ဖြစ်နေခြင်းပင်။ ပြောရရင် သူက မနေ့ကဆေးပင်တွေမပါပဲနဲ့ပင် မြန်မြန်ဆန်ဆန် ပြန်ကောင်းနိုင်ပေသည်။
ရှောက်ရွှမ်က သူနဲ့ဆီဆာအတွက် အသားတုံးများနဲ့သစ်သီးရိုင်းများကို စွတ်ပြုတ်တအိုးလုပ်လိုက်လေသည်။ အရသာမကောင်းလှသော်လည်း သူက ကျင့်သားရနေလေပြီ ။ စွတ်ပြုပ်က မများသည့်အတွက် ရှောက်ရွှမ် နဲ့ဆီဆာမှာ ဆာလောင်နေဆဲဖြစ်လေသည်။
ဒီတော့ သူက ဆီဆာခေါင်းကိုပုတ်ကာပြောသည်။
" အသားတွေလာပို့ရင် မင်း အဝစားလို့ရပါပြီ "
ဆီဆာက သူ့လျှာကို သပ်လိုက်ပြီး ဖြည်းဖြည်းချင်းသမ်းဝါးကာ အကြောဆန့်သည်။ ဆီဆာရဲ့ ရူးတူးတူးပုံစံကိုတွေ့ရသည့်အခါ ဒုတိယအမဲလိုက်နယ်မြေကို သွားတဲ့လမ်းမှာ တွေ့ခဲ့တဲ့ ဝံပုလွေအုပ်ရဲ့အမဲလိုက်တဲ့ပုံစံအကြောင်း တွေးမိသွားသည်။ တောထဲက ဝံပုလွေတွေနဲ့ယှဥ်ရင် ဆီဆာမှာ ဝံပုလွေတို့ သဘာဝမရှိပဲ သူသာ ဒီလိုဆက်နေမယ်ဆိုရင် သူ ခွေးတစ်ကောင်အဖြစ်ပြောင်းသွာယပေလိမ့်မည်။ ဒါက ကောင်းချီးလား ကျိန်စာလား ရှောက်ရွှမ်လည်း မပြောတတ်တော့။
ရှောက်ရွှမ်သည် ရေပုံးနဲ့ ရေအမြန်ချိုးလိုက်ပြီး ဆီဆာကို အပြင်ထုတ်ကာ ငါးအသွားဘရက်နဲ့ သူ့ကိုရေချိုးပေးလိုက်သည် ။ ဒီသားရဲအသေးလေးက မြေပေါ်မှာ တနေကုန်လူးလှိမ့်နေတာ ရက်နှစ်ဆယ်ကျော်ပြီပင် ဖြစ်လေသည် ။ ကောကတော့ သူကို့ဂရုစိုက်ထားပုံရကာ သူ့ဆံပင်များကို ကျစ်ပင်ပေးထားသေးသည်။
လောင်ခဲ့ကတော့ ရှောက်ရွှမ် အိမ်ကို ကူရှင်းပေးမည်ဖြစ်သော်လည်း ဆီဆာကိုတော့ သန့်ရှင်းရေးလုပ်ပေးလိမ့်မည်မဟုတ်ပေ။ လောင်ခဲ့မျက်လုံးထဲတွင် ဆီဆာသည် စားဖို့ချန်ထားသည့် အသားဟုပင် မြင်နေသေးသည်။ ဘယ်သူကမှ အသားကို သန့်ရှင်းပေးမည် မဟုတ်ပါပေ။
ထွော်နဲ့ ခဲ့ခဲ့က အသားတွေကို ရှောင်ရွှမ် နေရာသို့လာပို့ပေးကြတဲ့အခါ ရှောက်ရွှမ်က အပြင်မှာ ဆီဆာ့အမွှေးတွေကို သန့်ရှင်းပေးနေသည်အားတွေ့လိုက်ရသည်။ နတ်ဆေးဆရာက အခြားတစ်ယောက်ယောက်ကို ပို့ပေးဖို့စီစဥ်ထားသော်လည်း ထွော်နဲ့ခဲ့ခဲ့က သူတို့လုပ်ပေးပါမည်ဟု ပြောလာခြင်းပင်။
" အိုး..မင်းလက်မောင်း သက်သာရဲ့လား "
သူတို့က အထိအခိုက်မရှိပဲ ဆီဆာ့အမွေးတွေကို ရှောက်ရွှမ်က ကျွမ်းကျွမ်းကျင်ကျင် ပွတ်သပ်ပေးနေသည်ကို ကြည့်နေကြသည်။ ခဲ့ခဲ့က အသားတွေကို ချချပြီးချင်း ရှောက်ရွှမ် လက်မောင်းအခြေအနေကို စစ်ဆေးဖို့ အနားသို့ကပ်သွားသော်လည်း ထွော်က တားလိုက်လေသည် ။
ခဲ့ခဲ့က အခက်တွေ့နေသော်လည်း ထွော်က အသံတိတ် " အဖွဲ့ခေါင်းဆောင် " လို့ပြောသည့်အခါ ခဲ့ခဲ့က ချက်ချင်းအသံတိတ်သွားလေသည် ။ သူမနေ့က ပြန်လာတုန်းက အဖွဲ့ခေါင်းဆောင်က သူ့ကိုဆွဲခေါ်ပြီး ရိုက်နှက်ခဲ့လေရာ ဒီနေ့အထိ သူ့မျက်နှာက ဖူးယောင်နေဆဲပင် ။
ထွော်နဲ့ခဲ့ခဲ့တို့က အသားကို အထဲသယ်လာတဲ့အခါ ရှောက်ရွှမ်ကကျေးဇူးတင်စွာ ပြုံးပြလေသည် ။ သူက သူတို့ကို လက်ဆောင်အနေနဲ့ အသားအနည်းငယ်ပေးလိုသော်လည်း ထွော်က ယဥ်ယဥ်ကျေးကျေးငြင်းလေသည်။
ထွော်က မှင်သေသေမျက်နှာမျိုး မဟုတ်သော်လည်း စိတ်ပါလက်ပါတော့မဟုတ်သည်ကို သတိထားမိလိုက်သည်။ သို့သော်လည်း မနေ့ကမှ ခဲ့ခဲ့က သူ့လက်ကိုချိုးခဲ့လေရာ ထို့အတွက် ရှောက်ရွှမ်ကို သူ အပြစ်မတင်နိုင်ပါချေ။
ထွော်က ရှက်ပြုံးပြုံးကာ
" ကောင်းပြီ..နတ်ဆရာက မနက်စောစောတုန်းက သဘက်ခါကျရင် ဘိုးဘေးတွေရဲ့အောက်မေ့ခြင်း အခမ်းအနားကျင်းပတာကို တက်ဖို့ လူတိုင်း အဝတ်အစား သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဝတ်ပြီး တောင်ထိပ်ကိုလာခဲ့ကြဖို့ မှာလိုက်တယ် "
ခဲ့ခဲ့ နောက်တခါ ပြသာနာ ထပ်မရှာမိစေရန် စကားကြောမရှည်တော့ပဲ ထွော်က ခဲ့ခဲ့ကို အဝေးကိုဆွဲခေါ်သွားလိုက်သည်။
ဆီဆာ အမွေးတွေကို သန့်ရှင်းရေးလုပ်ပြီးတဲ့နောက် ရှောက်ရွှမ်က သူ့ကို လာပို့ပေးတဲ့ အမဲများကို စစ်ဆေးကြည့်လိုက်သည်။
အမဲအကုန်လုံးကို တစ်ယောက်ယောက်က သေချာကိုင်ပေးထားပြီး ဟေးစစ်ဖုန်းကြီးကိုတောင်မှ အရေခွံခွာကာ အရည်အချင်းရှိတဲ့စစ်သည်တော်တယောက်ယောက်က လှီးဖြတ်ပိုင်းပေးထားလေသည်။
ဟေးစစ်ဖုန်းမှာ အရေပြားနှစ်ထပ်ရှိပြီး တစ်ထပ်က မာကြောတဲ့အကြေးခွံဖြစ်ပြီး တစ်ထပ်က အလွန်ထူပြီး ကြမ်းတဲ့သားရေအသားဖြစ်သည်။ အရေပြားနှစ်လွှာလုံးကို သီးခြားစီဖြစ်အောင်သေချာစွာကိုင်တွယ်ထားပြီး သွေးစသွေးနလေးပင်မရှိပဲ အလွန့်သန့်ရှင်းနေလေသည်။
ဆီဆာက ဟေးစစ်ဖုန်းရဲ့အသားတွဲတွေရဲ့ နှစ်မီတာအကွာလောက်မှာ ရပ်နေပြီး သိချင်စိတ်နဲ့ ကြောက်တဲ့စိတ်တို့ တစ်ချိန်တည်းဖြစ်နေလေသည်။ သို့သော် သူ့ကို အသားတွေကို သရေကျနေကာ အူလိုက်ပြီး လျှာသပ်နေလေသည်။
ရှောက်ရွှမ်က ဟေးစစ်ဖုန်းရဲ့ အသေးဆုံးအပိုင်းလေးကိုထုတ်လိုက်ပြီး နောက်တစ်ခေါက် အသားကို ထပ်လှီးလိုက်ကာ ဆီဆာကို ပစ်ကျွေးလိုက်သည်။ အဆင့်မြင့်သားရဲကြီးတွေမှာ စွမ်းအင်အများအပြားပါတတ်ပြီး ရှောက်ရွှမ်နဲ့ဘယ်လောက်သင့်တော်မည်လဲ သူမသိသေးပါချေ။
အစားအစာအများကြီးကို ကြည့်လိုက်ပြီး ရှောက်ရွှမ် မျိုးနွယ်စုမှဆားဘယ်လောက်နှင့် လဲနိုင်မည်လဲလို့တွက်ချက်နေသည်။ နောက်ရက်မှာ ဘိုးဘေးတွေရဲ့အောက်မေ့ခြင်းအခမ်းအနားကျင်းပတာကိုတက်ဖို့အတွက် မျိုးနွယ်စုထဲကလူတိုင်း အတော်အလုပ်များနေကြလေသည်။ အောက်မေ့ခြင်းအခမ်းအနားဆိုသည်မှာ နှင်းပွဲတော်နဲ့ယှဥ်နိုင်သည့်အတွက် လူတိုင်းက သူတို့အနှစ်သက်ဆုံးပစ္စည်းများကို ထုတ်နေကြသည်။ နောက်ထွက်မယ့်အမဲလိုက်အဖွဲ့ကတော့ ရက်နည်းနည်းလောက်ဆိုင်းငံ့လိုက်ပြီး အောက်မေ့ခြင်းအခမ်းအနားပြီးမှသာ အမဲလိုက်တာဝန်ကို လုပ်ဆောင်ကြလေမည်။
ရှောက်ရွှမ်သည် ဟေးစစ်ဖုန်း၏အကြေးခွံအလွှာနဲ့ အပေါ်ထပ်တစ်ထည်ချုပ်ပေးဖို့ အပ်ချုပ်သမားအချို့ကို ခိုင်းလိုက်သည်။ ကြည့်ရတာ ပုံတုံးလှသော်လည်း ၎င်းမှာချပ်ဝတ်တန်ဆာနှင့်တူကာ ၎င်းကသူ့ကို အခြားသူများက အထင်အမြင်ကြီးစေပေလိမ့်မည်။ ၎င်းသဘ် မျိုးနွယ်စုထဲတွင် သူရဲ့စွမ်းဆောင်ရည်ကို ပြသဖို့တိုက်ရိုက်နည်းလမ်းဖြစ်ပြီး ရှောက်ရွှမ် က လူမှန်နေရာမှန်ဖြစ်အောင်ကြိုးစားရှာဖွေရမည်သာ။
ရှောက်ရွှမ်က သားရေတစ်ချို့နဲ့အသားတွေ မောင်ကိုပို့ပေးဖို့လည်းမမေ့ပါချေ ၊ ပြောရရင် ဟေးစစ်ဖုန်းကို သူလည်းပူးပေါင်းအမဲလိုက်ခဲ့သည်ပင်။
နှင်းပွဲတော်အပြီး ရက်၅၀အတွင်းမှာပင် တခြားပွဲတော်တခု မျိုးနွယ်စုထဲ ရှိလာလေသည်။ နှင်းပွဲတော်တုန်းက ကဲ့သို့ ပွဲတော်နဲ့စပ်လျဥ်းတဲ့ စည်းကမ်းတွေ ၊ လုပ်ရိုးလုပ်စဥ်များ မရှိသည့်
အပြင် ဘယ်သူမှလည်း မကကြပါပေ ။
ရှောက်ရွှမ် က မီးဖိုကြီးနှင့် အနီးဆုံးနေရာနားတွင် ရပ်ဖို့နေရာချထားခံရသည်။ ဘိုးဘေးတွေကို ရှာတွေ့တဲ့ အဓိကကြယ်ပွင့်တစ်ဦးဖြစ်တဲ့အတွက် သူက ဒီနေရာမှာရပ်ဖို့အဆင့်မှီပြီး မျိုးနွယ်စုထဲက ဘယ်သူကမှ ကန့်ကွက်ခြင်း မရှိပေ ။
ထို့ကြောင့် မီးဖိုကြီးနားတွင် ရပ်နေတဲ့လူတွေကြားထဲ တစ်ဦးတည်းသော ပိန်သေးသေးကောင်လေးမှာ ရှောက်ရွှမ်ပင်ဖြစ်သည်။
ဤတစ်ကြိမ်တွင်တော့ ရှောက်ရွှမ်က သူ့စိတ်လျှောက်လွင့်နေဖို့ မရဲပါပေ။ ထိုအစား ဘိုးဘေးများအားအောက်မေ့ခြင်းအခမ်းအနားတွင် အခြားသူများလုပ်သည့်အတိုင်း လိုက်လုပ်ရန်သာ အပြည့်အဝအာရုံစိုက်ထားလေသည်။ သူ့နှလုံးသားထဲမှ တီးတိုးဆုတောင်းလိုက်လေသည်။
လေးစားရပါသောဘိုးဘေးများ ၊ နောက်တခါထွက်ရမယ့်အမဲလိုက်ခရီးမှာ ကျနော်တို့အပေါ် ကြင်နာမှုဖြင့်ကောင်းချီးပေးတော်မူပါ၊ အန္တရာယ်တွေကနေလည်း အုပ်မိုးကာကွယ်ပေးတော်မူပါ
ဘိုးဘေးလေးဦးကို မီးတွင်းထဲမှာ မီးသင်္ဂြိုလ်နေလေသည်။ တကယ်တမ်းတွင် မီးတွင်းထဲက မီးတောက်လေးသည် မည်သူ့ကိုမှ မထိခိုက်မလောင်မြိုက်စေသော်လည်း ယခု ဒီအလောင်းကောင်များကို ရစ်ပတ်လောင်မြိုက်နေလေသည်။ မကြာမှီပင် အလောင်းလေးခုစလုံး ပျောက်ကွယ်သွားပြီး ပြာများ မီးခိုးများပင်မရှိတော့ပေ။ မီးတောက်က သူ့ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားပြီး မီးဖိုကြီးကလည်း ပုံမှန်ပြန်ဖြစ်သွားလေသည်။ အလောင်းကောင်တို့၏ပြာများပင် မကြွင်းကျန်ရစ်ပေ။
မျိုးနွယ်ထဲက ကွယ်လွန်သွားတဲ့ဘယ်သူ့ကိုမဆို ဒီလို သင်္ဂြိုလ်ပေမဲ့ မီးသင်္ဂြိုလ်စဥ်မှာတော့ ဒီလိုအခမ်းအနားကျင်းပခြင်းမရှိပါပေ။ ပြောရရင် ဒီအောက်မေ့ခြင်းအခမ်းအနားသည်ပင် နှင်းပွဲတော်နှင့်ယှဥ်ရင် ဒုတိယနေရာမလိုက်ပါပေ ။
ရှောက်ရွှမ်က အရိုးအဆင်တန်ဆာလေး ပျောက်နေတာကို သတိထားမိသည် ။ နတ်ဆေးဆရာက ထိန်းသိမ်းထားမှန်းသိသာပါသည်။ ၎င်းမှာ အကျိုးအကြောင်းသင့်ကာ ဒီလိုရတနာကို မီးရှို့ပစ်လျှင် ညဏ်နည်းရာ ရောက်ပေသည်။
အလေးအမြတ်ပြု ရှိခိုးမှုများ ပြီးသည့်နောက် ရှောက်ရွှမ်ကို နတ်ဆေးဆရာက ဆင့်ခေါ်လိုက်လေသည်။ သူက ရှောက်ရွှမ်ကို ဂူထဲမှာ ဘာတွေဖြစ်ခဲ့သလဲကို အခြားသူများထက်အသေးစိတ်ကျကျမေးမြန်းနေလေသည်။ ပြီးတော့ နတ်ဆေးဆရာက နတ်တို့လမ်းညွှန်မှု လို့ခေါ်တဲ့ ရှောက်ရွှမ် ဂူထဲမှာ ရခဲ့တဲ့ခံစားမှုအကြောင်းကို အဓိကထားမေးလေသည် ။
ရှောက်ရွှမ်ကအကုန်လုံးကိုသေသေချာချာ ရှင်းပြသော်လည်း လိုအပ်လျှင် တုံးအယောင်ဆောင်ပေသည်။ နောက်ဆုံး တစ်နာရီလောက်မေးမြန်းခံရပြီးတဲ့နောက်မှာ သူ့အိမ်ကို ပြန်လာလေသည်။
ရှောက်ရွှမ် ထွက်သွားသည့်အခါ နတ်ဆေးဆရာက ကျောက်စိမ်းသေတ္တာအသေးလေးကိုထုတ်လိုက်သည် ။ သူဂရုတစိုက်ဖွင့်လိုက်ပြီး အထဲတွင် ဆင်တူတဲ့ အရိုးအဆင်တန်ဆာလေး သုံးခု ရှိနေလေသည်။ ရှောက်ရွှမ်သာ ဒီမှာ ရှိရင်လုံးဝအံ့သြသွားပေမည်။ ၎င်းတို့မှာ တစ်ခုထက်ပိုကြလေသည်။ သို့သော် အရိုးတန်ဆာရဲ့အလယ်က ဘောလုံးလေးကတော့ မတောက်ပနေတော့ပဲ မှေးမှိန်နေလေသည်။
ကျောက်စိမ်းသေတ္တာလေးအပြင် လိပ်ထားသော သားရေများလည်း ရှိပေသည်။ ၎င်းတို့မှာ ရှေးကျသည့်ပုံမပေါ်သော်လည်း သက်တမ်းမှာထောင်ချီလေသည်။
နတ်ဆေးဆရာက အလိပ်ကို ဖြန့်လိုက်ပြီး အထဲတွင် အရိုးအဆင်တန်ဆာတို့ရဲ့ပုံစံကို ရိုးရိုးရှင်းရှင်းဆွဲထားသောပုံများပါဝင်လေသည်။
" နောက်ဆုံးတော့ အကုန်တွေ့ပြီပဲ "
နတ်ဆေးဆရာက သက်ပြင်းချလေသည်။
အခန်းထဲ တစ်ယောက်ယောက်သာရှိလျှင်ခေါင်းရှုပ်သွားပေမည်။ သားရေလိပ်ကပုံတွင် အရိုးအဆင်တန်ဆာ ၆ခု ရှိနေပြီး သေတ္တာလေးထဲတွင် သုံးခုသာ ရှိသည် ။ အဘယ်ကြောင့် နတ်ဆေးဆရာက အားလုံးတွေ့ပြီလို့ ဆိုရသလဲ?
ရှောက်ရွှမ် အဖြေကို တွေးကြည့်ရင် နတ်ဆေးဆရာ မျက်နှာပေါ်မှာ အပြုံးလက်ကျန်ရှိနေလေသည်။ ရှောက်ရွှမ်က အကုန်လုံးအမှန်မပြောမှန်း သူသိလေသော်လည်း လက်ခံနိုင်ပါသည်။
" ရှေးအခါက ညအမှောင်ကို ဘိုးဘေးတွေက မီးနဲ့လင်းစေသကဲ့သို့ မီးတောက်ရဲ့အစွမ်းက မင်းကိုလမ်းမှန်ကိုဆောင်ကျဥ်းပေးပါလိမ့်မယ်၊" ဟု နတ်ဆရာက ဆိုခဲ့ဖူးသည်။ သို့သော် လူနည်းစုကသာ ဤသို့လုပ်နိုင်လေသည် ။ သူတို့မှာ အာရုံခံစားမှုလေးရရင်ပင် ၎င်းတို့မှာ ဝေဝါးကာ ရှောက်ရွှမ်ကဲ့သို့ ပုံရိပ် သို့မဟုတ် သဘောတရာမျိုးအထိ ရှင်းလင်းပြတ်သားခြင်းမရှိပေ ၊ ဘယ်သူကမှ ဝေဝါးဝါး သဲလွန်စကို မှီကာဂူပြင်ကို မထွက်နိုင်ကြပေ ။ ၎င်းမှာ အခြားဘိုးဘေးသုံးဦးရခဲ့တဲ့ အာရုံအတိုင်းပင်ဖြစ်ပြီး နောက်ဆုံးမှာ အကြီးဆုံးနဲ့ဆုံတွေ့ရလေသည် ။ သို့သော် ဘယ်သူကမှဂူထဲက ပြန်မထွက်နိုင်ခဲ့ပေ။
ရှောက်ရွှမ် စွမ်းအင်နိုးထလာကစက သူရဲ့ မူမမှန်တဲ့အပြုအမူတွေကို ပြန်တွေးကြည့်ရင် သူ့ရဲ့နိုးထမှုက မီးတောက်ရဲ့အပြည့်အဝထောက်ပံ့ပေးမှုအောက်မှာ နိူးထလာသည်နှင့် ပိုဆင်တူကြောင်းမှန်းဆမိသည်။
အပြည့်အဝမီးတောက် နှင့် မပြည့်ဝသောမီးတောက်ကြားက ကွာခြားချက်များလား?
နတ်ဆေးဆရာက သူ့ရှေ့က အရိုးအဆင်တန်ဆာလေးကို လက်ဗလာလှမ်းကာ အရိုးတန်ဆာ အလယ်က ခပ်မှိန်မှိန် အလုံးလေးကို ထိကြည့်လေသည်။ ထို့နောက် သူ့ကို သားရေချပ်ကို ပြန်လိပ်လိုက်ပြီး သူ့နေရာမှာ ပြန်မထားခင် သေတ္တာလေးကိုလည်းအဖုံးပြန်အုပ်လိုက်သည်။
နောက်ကို ခြေနှစ်လှမ်း လှမ်းလိုက်ပြီး သေတ္တာလေးကို အသံတိတ်ကြည့်ကာ အရိုအသေအလေးအမြတ်ပြုလိုက်လေသည်။
ဝါစဥ်ကြီးပုဂ္ဂိုလ်
ဒီ ဂုဏ်ပုဒ်မှာ မျိုးနွယ်စုထဲ နှစ်တစ်ထောင်ကျော်ရှိခဲ့သောဂုဏ်ပုဒ်ဖြစ်သည်။ တစ်စုံတစ်ယောက်ကများ ဒီဂုဏ်ပုဒ်ကိုထပ်ရဦးမလား သူသိချင်နေမိသည် ။