ကျနော့်နာမည်ရဲ့ အဓိပ္ပါယ်ကို သိလား
Vol. 5 Ch. 66
လောင်ခဲ့က ရှောက်ရွှမ်ရဲ့သူများတွေထက် သာနေတဲ့တိုးတက်မှု အရှိန်ကို မပြောတော့ပေ။ ပြီးခဲ့တဲ့ရက်တွေမှာ သူ့လေ့လာမှုအရ ကြည့်ရတာ ခဲ့ခဲ့နှင့်အခြားသူတွေက ဒီလောက်အထိ ပတ်လည်ကို မကျယ်ပြန့်ကြသေးပေ ။ ထို့ကြောင့် မျိုးနွယ်စုထဲကအခြားလူတွေအမြင်မှာ ဘိုးဘေးတွေရဲ့ကောင်းချီးပေးခံရတဲ့ကံကောင်းတဲ့ ရဲရင့်ပြီးအကြောက်အလန့်ကင်းတဲ့ စစ်သည်တော်တစ်ယောက်ဖြစ်နေလေသည်။ ဒါ့အပြင် သူက တခြားသူတွေလိုပုံမှန်ပင်ဖြစ်ပြီး လောင်ခဲ့ဆီလာလည်နေကျ ကောပင်သတိမထားမိပေ။
ရှောက်ရွှမ် က အမဲတွေအများကြီးရပြီး ပြန်လာတာကြောင့် မျိုးနွယ်စုထဲက သူ့အသိမိတ်ဆွေတွေကို အစားအစာများပို့ပေးလေသည်။ လောင်ခဲ့နှင့်ကောကတော့ အများအပြားရပြီး ရှောက်ရွှမ်ကို အဝတ်အစားချုပ်ပေးသည့် ဒေါ်လေးအားရီကလည်း ဝေစုရလေသည်။ ထို့အပြင် မိဘမဲ့ဂူထဲမှ ကလေးတွေကိုလည်း ဝေစုခွဲပေးလေသည်။
ရှောက်ရွှမ်က ကျောက်ထွင်းပညာမှာလည်း အတော်လေးကျွမ်းကျင်လာလေသည်။ ပြီးခဲ့သည့်ရက်က နတ်ဆေးဆရာနဲ့အကြီးအကဲတို့သည် အရည်အသွေးမြင့်တဲ့ကျောက်ချောထည်များ သူ့အားပေးလာလေသည်။ ရှောက်ရွှမ်က ၎င်းတို့ကို လှံထိပ်ဖူးအဖြစ်သွေးလိုက်သည်။ လောင်ခဲ့ကတော့ အစွယ်ဓားကို ပြန်သွေးကာ ပုံဖော်ပေးလေသည်။ အရင်ကလောက် ကြည့်မကောင်းပါသော်လည်း ချွန်ထက်ကာ ကောင်းကောင်းအသုံးပြုနိုင်သေးသည်။
" စစ်ဆေးကြည့်ပေးပါဦး ၊ ဘယ်လိုထင်လဲ "
ရှောက်ရွှမ် က လောင်ခဲ့ကို လှံတံထိပ်ဖူးလေးပေးလိုက်သည်။
လောင်ခဲ့က သူ့မျက်ခုံးဖြေးဖြေးချင်းပင့်လိုက်သည် ။ သူ့လက်နဲ့မကိုင်တော့ပဲ သေချာစိုက်ကြည့်ကာပြောသည်။
" မဆိုးပါဘူး "
လောင်ခဲ့ဆီက မဆိုး ပါဘူး ဟု အကဲဖြတ်ခံရဖို့ပင် အင်မတန်ခက်ခဲလေသည် ။ အချို့ အခြားကျောက်ထွင်းပညာရှင်များ သူတို့လုပ်ထားသည်ကို သူ့ကိုပြလျှင် လောင်ခဲ့က ကြမ်းတမ်းစွာပင် အမှိုက်အဖြစ် သတ်မှတ်ပစ်လေ့ရှိသည်။ သူတို့နဲ့ယှဥ်ရင်ရှောက်ရွှမ်က ကျောက်ထွင်းစွမ်းရည်ပိုကောင်းနေလေသည် ။
ရှောက်ရွှမ် က ကျောက်ထည်တွေကိုဘေးကိုပို့လိုက်ပြီး လောင်ခဲ့ရှေ့ တိုးလာကာ ရယ်ကျဲကျဲဖြင့်
" ကျွန်တော် ကျောက်ထွင်းတာနဲ့ပတ်သက်လို့တခု နှစ်ခုသင်ပြီးပြီတွေ့တယ်မလား ၊ ကျွန်တော်သာ ပိုပြီးတိုးတက်ချင်ရင် ပိုလေ့ကျင့်ဖို့လိုတယ်လို့ ပြောခဲ့တယ်လေ..ဒီတော့..ကျွန်တော် တွေးမိတာကလေ ကျွန်တော် သင်တာကို နောက်တစ်ဆင့်တက်သင့်ပြီလားလို့ပါ "
လောင်ခဲ့က အရင်တုန်းက ကျောက်ထွင်းခြင်းကြောင့် နာမည်ကြီးခြင်းမဟုတ်ပါပေ ။ သူ၏အံ့ဖွယ်ထောက်ခြောက်ဆင်နိုင်သည့် အရည်အချင်းကြောင့်သာ နာမည်ကြီးခြင်း ဖြစ်ပေသည်။
" မင်း သင်ချင်လို့လား "
လောင်ခဲ့က အသံတိုးတိုးမေးလေသည်။
" အရမ်းခက်တယ်နော် "
" ဒါပေါ့..ကျွန်တော် သင်မယ် ၊ ကျွန်တော်ခက်ခဲတာတွေကို မကြောက်တတ်ဘူး "
" ကောင်းပြီ ၊ ဒါဆို မနက်ဖြန်မနက်လာခဲ့တော့ "
" ဟုတ်ကဲ့ ၊ ဒါဆို ကျွန်တော်ပြန်ပြီနော် "
သူသည် လောင်ခဲ့အား ကျောက်အိုး တည်ကာ ထင်းများ ကူခွဲပေးပြီးမှ အိမ်ပြန်သွားလေသည်။
ရှောက်ရွှမ် ထွက်သွားသည့်အခါ လောင်ခဲ့၏မှင်သေသေမျက်နှာမှာ ပျော့ပြောင်းသွားပြီး စပြုံးလာလေသည်။
နောက်နေ့မနက်စောစောတွင် ရှောက်ရွှမ်သည် လောင်ခဲ့ဆီ ဆီဆာနှင့်လာသောအခါ လောင်ခဲ့က အဆင်သင့်စောင့်နေလေသည်။
" ယူခဲ့ "
လောင်ခဲ့က အလယ်အလတ်အရွယ်အစားရှိ သစ်သားသေတ္တာလေးကို ညွှန်ပြပြီး သူ့တောင်ဝှေးနှင့် လမ်းလျှောက်လာသည်။ ရှောက်ရွှမ် အလောတကြီး သေတ္တာကို မ လိုက်သည် ။ ၎င်းကလေးလံပြီး အထဲတွင် ဘာရှိသလဲ ဆိုသည်ကိုတော့ သူဖွင့်မကြည့်ပါပေ ။
ဆီဆာကတော့ သမ်းဝါးနေဆဲပင်။ သူ့ခေါင်းကို တောင်ဝှေးနဲ့ခေါက်တဲ့အခါ သွားဖြဲကာမော့ကြည့်ပြီး လောင်ခဲ့မှန်းသိသွားသည့်အတွက် ပါးစပ်ပြန်ပိတ်သွားလေသည် ။ ရုတ်တရက် သူကဆီဆာကျောပေါ်ထိုင်လိုက်ကာ အထိန်းအကွပ်မဲ့နေသည့်ဝံပုလွေကို ဖိနှိပ်လိုက်လေသည်။
ဆီဆာက သူ့ခါးကိုခက်ခက်ခဲခဲ ခါချနေပေမဲ့ လောင်ခဲ့ရဲ့တောင်ဝှေးနဲ့ဆူလိုက်ခြင်းခံရသည်။ တောင်ခြေတကြောမှာ ဆီဆာကြောက်တဲ့သူက လောင်ခဲ့တယောက်တည်းပင် ။
" လေ့ကျင့်ရေးကွင်းကို " လောင်ခဲ့က သူ့တောင်ဝှေးနဲ့ညွှန်ပြလေသည်။
" ဟုတ်ကဲ့ "
ရှောက်ရွှမ် က သစ်သားသေတ္တာလေးကို သယ်ကာရှေ့ကသွားလေသည်။ဆီဆာက တစ်နှစ်သား သာရှိသေးသော်လည်း အထွားမြန်လေသည်။ သူက လောင်ခဲ့နှင့်ရှောက်ရွှမ်ကို ကူညီကာ ပစ္စည်းသယ်ပေးလေ့ရှိသည်။ ထို့ကြောင့် သူက လောင်ခဲ့ကိုယ်လုံးကို ထိန်းနိုင်လေသည် ။ လောင်ခဲ့သည် အစောပိုင်းက သူမ ပြင်ဆင်ထားသည့်အတွက်သာ ခံလိုက်ရခြင်းဖြစ်ပြီး သူလဲကျသွားလေသည်။
ကောသည် အသားပိုင်းကို ဝါးရင်း မနက်ပိုင်း လမ်းပတ်လျှောက်နေသည်။ သူသည် လောင်ခဲ့ သူ့လက်မောင်းတွင် တောင်ဝှေးကိုကိုင်ပြီး လောင်ခဲ့ကျောပေါ်မှာလိုက်စီးနေလေသည်ကိုတွေ့ရလေသည်။ ကောမှာ ဒီလိုမြင်ရသည့်အပေါ် အသက်ရှူကြပ်သွားလေသည်။
ကောသည် လောင်ခဲ့နှင့် အတော်လေးရင်းနှီးကာ သူဒဏ်ရာ ရတုန်းကဆိုလျှင် သူနှင့်တစ်ဖွဲ့တည်း ဖြစ်လေသည် ။ ကောက ပျင်းရိကာ အရေထူသောကြောင့် လောင်ခဲ့နေရာသို့ အချိန်ဖြုန်းရန် မကြာမကြာလာလေ့ရှိလေသည်။
ကော၏မျက်လုံးထဲတွင် လောင်ခဲ့သည် မာနကြီးလွန်းသည် ။ သူအမဲလိုက်အဖွဲ့ထဲက ခြေထောက်ဆုံးရှုံးလိုက်ရပြီး ထွက်လိုက်ရတုန်းက အခြားသူများ သူ့ကို ကူညီခွင့်မပေးပါပေ ။ အဆုံးမှာတော့ သူက တောင်ပေါ်ကပြောင်းသွားပြီး သူ့မိတ်ဆွေဟောင်းတွေဆီက လက်ဆောင်တွေမယူချင်တဲ့အတွက် သီးခြားခွဲထွက်ကာနေလေသည်။
သူအတွက် ထိုလက်ဆောင်များမှာ ရှက်စရာတစ်ခုလို့ မြင်ပြီး သူ့မာနကိုထိခိုက်စေသည်။ နှစ်တိုင်း သူတောင်ပေါ်က ရိုးရာပွဲလာတက်တဲ့အခါတိုင်း ဘယ်သူ့အကူအညီကိုမှ သူမတောင်းခံခဲ့ပေ။ ကူမသယ်ခိုင်း၊ ကူမ မ ခိုင်း ၊ ကူပြီးကိုင်ခိုင်းခြင်း မရှိ။ သူက သူ့တောင်ဝှေးကို သုံးပြီးတောင်ပေါ်ကို ဖြည်းဖြည်းသာတက်လေသည်။
သူလမ်းမလျှောက်နိုင်ဘူးလို့ လူတွေပြောကြမှာ ကြောက်ပုံရလေသည်။ ဒီလိုသာဆိုရင် သူ့လုပ်ရပ်တွေမှားကြောင်း သက်သေပြသလို ဖြစ်ပေမည် ။ ဆယ်စုနှစ်ကြာသွားသော်လည်း မပြောင်းလဲပါပေ ။
အခုကျ
ဝံပုလွေကျောကုန်းပေါ်မှာ ဘယ်သူလဲ?
ဒါမှမဟုတ် သူ့အမြင်က မျိုးစိတ်အလိုက်ကွဲပြားတာလား၊ သူက သူ့ဘာသာ လမ်းမလျှောက်ဖို့ဆုံးဖြတ်လိုက်တာလား ၊ သူများတွေဝေဖန်ခံရမှာ မကြောက်ဘူးလား?
ခင်ဗျားပြောတဲ့ မာနက ဘယ်မှာလဲ ၊ ဆီဆာစားပစ်လိုက်ပြီလား?
လေ့ကျင့်ရေးကွင်းမှာ သစ်ပင်အချို့နဲ့ဖုံးအုပ်ထားသော တောင်ကုန်းငယ်လေးများဖြစ်ပြီး သစ်ပင်ကြီးများနှင့် ဝန်းရံထားလေသည်။
ပုံမှန်အားဖြင့် လူတွေသည် သစ်ကို ဤမှခုတ်ကြသည်။ အပင်မျိုးကွဲ အများကြီး မရှိသော်လည်း သားဖွားအားကောင်းသော ပျံနိုင်သည့် ကျောက်ကြွက်များနှင့် အခြားတိရိစ္ဆာန်နည်းနည်း နေကြလေသည်။ဖြစ်နိုင်သည်မှာ အရင်ကတည်းကပင် အခြားတိရိစ္ဆာန်များ သေကုန်ကြတာ ဖြစ်နိုင်သည်။
တောခုတ်ခြင်းက ဒီမှာပုံမှန်သာ ဖြစ်ပြီး အမဲလိုက်တောထဲမှာ သစ်ပင်များက ဒီနေရာထက် ပိုထူထဲနေသည်။ သို့ပေမဲ့ ၎င်းက နေ့စဥ်သုံးဖို့ရာ လုံလောက်ပြီး အချို့အပင်များဆိုရင် ခြင်းတောင်းအရွယ်မျှ ရှိလေသည်။
စစ်သည်တော်တွေက ဘာလို့အမဲလိုက်ချင်ကြတာလဲဆို၊ အဖြေကတော့ သူတို့စွမ်းအင်တွေ တဆင့်ချင်းတိုးတက်လာစေရန်အတွက်ပါပင်။
ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံများ ၊ ကောက်ပဲသီးနှံ ၊ အသားငါးတွေဟာ မျိုးနွယ်စုထဲကလူတွေရဲ့အစားအစာများပင်ဖြစ်သည်။ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံများနဲ့ ကောက်ပဲသီးနှံများကို တောင်ကုန်းအနီးတဝိုက်မှာတွေ့နိုင်သော်လည်း အများအပြားတော့မရှိပါပေ ။
ငါးကိုတော့ မနှစ်ကမှသာ အစားအသောက်စာရင်းထဲ ထည့်လိုက်ကြခြင်းဖြစ်ပြီး အများစုကတောင်ခြေကလူများသာစားကြလေသည်။အသားတွေကတော့ မျိုးနွယ်စုလူတွေရဲ့ သည်းခြေကြိုက်အစားအစာပေပင် ။ ၎င်းမှာ စွမ်းအင်များပါဝင်ပြီး အထူးသဖြင့် အဆင့်မြင့်သားရဲကြီးတွေရဲ့အသားတွင်ဖြစ်သည်။
ရလဒ်အနေနဲ့ကတော့ မျိုးနွယ်စုထဲကသူတွေက အမဲလိုက်ကြပေမည်။ ဘိုးဘေးတွေ တိုးတက်အောင်လုပ်ခဲ့တဲ့ နည်းစနစ်များနဲ့ဆောင်ရွက်ကြပြီး သူတို့လိုအပ်တဲ့စွမ်းအင်များကိုလည်းပေးလေသည်။ အကြီးတန်းစစ်သည်တော်များက စွမ်းအင်နည်းတဲ့အစားအသောက်တွေက သူတို့အတွက် အထောက်အပံ့မဖြစ်သည့်အတွက် အဆင့်မြင့်သားရဲများကိုပိုနှစ်သက်ကြလေသည်။
အမဲလိုက်ရာတွင် သားကောင်ကို ဓားဖြင့်ထိုးခြင်း၊သတ်ခြင်းများအပြင် စစ်သည်တော်တွေက ထောင်ခြောက်အမျိုးမျိုးကို အမဲလိုက်ရာတွင် သူတို့ကိုကူညီဖို့သုံးကြလေသည်။ ကျော့ကွင်းကောင်းနဲ့ထောင်ခြောက်ကောင်းကောင်းဟာ အမှောင်ထဲမှာပုန်းနေတဲ့ အလွန်အန္တရာယ်များသော လူသတ်သမားများပင်။
လောင်ခဲ့က အသံတိတ်လူသတ်သမားဖန်တီးရာတွင် ပညာရှင်တစ်ဆူဖြစ်ပေသည်။
သူ ဆီဆာ ကျောပေါ်က ဆင်းပြီးတဲ့နောက်မှာ လောင်ခဲ့က ရှောက်ရွှမ်ကို ထောင်ခြောက် ဘယ်လိုလုပ်ရမလဲကို ချက်ချင်းမသင်ပေးပါပေ ၊ အဲ့ဒီအစား သူက ရှောက်ရွှမ် သတိထားသင့်သည်များကိုပြောပြလေသည် ။ ဥပမာ ပတ်ဝန်းကျင်ကနေ အခွင့်အရေးဘယ်လိုယူပြီး ထောက်ခြောက်ကို ပတ်ဝန်းကျင်နှင့်တစ်သားတည်း ဖြစ်အောင်ဘယ်လိုလုပ်ရမလဲတို့ပင်။
သင်ခန်းစာပြီးတဲ့နောက် လောင်ခဲ့က ထောင်ခြောက်စပြုလုပ်ပြသည်။ သူသည် ရိုးရှင်းသည့်အဆင့်မှ စကာ တဆင့်ချင်းစလုပ်လေပြီး နည်းပညာအကြောင်းကို အသေးစိတ်ရှင်းပြလေသည်။ ထောင်ခြောက်အမျိုးမျိုးအတွက် ပုံစံအမျိုးမျိုးရှိလေသည်။ ဂူထောင်ခြောက်၊ ကြက်ခြေခတ်ထောက်ခြောက် ၊ မြေထောက်ခြောက် အစရှိသဖြင့် သားကောင်အမျိုးအစားအလိုက် အသေးစားပြောင်းလဲမှုလေးများပြုလုပ်ရန်လိုအပ်သည်။
ထောင်ခြောက်တစ်ခုက ဘယ်လောက်အကျယ်ရှိသင့်တယ်၊ သားရဲရဲ့ခေါင်းအကျယ်အလိုက် ဘယ်လိုအလိုက်သင့်ပြောင်းရတယ်၊ ကောက်ရိုးကြိုးနဲ့တခြားထောင်ခြောက်ကိုဆက်ဖို့အတွက် တိရိစ္ဆာန်တွေ အမွေးတွေနဲ့သုံးချည်သင့်တယ် ၊ ကြိုးထုံးတခု ထောင်ခြောက်လား ၊ ကြိုးထုံးနှစ်ခုလား ၊ အမျိုးမျိုးပေါင်းစပ်ရမှာလား ။ ပေါင်းစပ်ပြီးထောင်ခြောက်ဆင်ဖို့လိုသလား ၊ တွင်းတူးသင့်လား ၊ ဆူးမွေ့ယာဆိုရင်ကော ၊ ဆူးမွေ့ယာကော ထားသင့်လား စသည်ဖြင့်။
ရှောက်ရွှမ်က လန်ခါထောင်ခြောက်ဆင်သည်ကိုအကြိမ်များစွာ မြင်ဖူးသော်လည်း လောင်ခဲ့ ရှင်းပြတာနားထောင်ရတဲ့အခါ လန်ခါနဲ့လောင်ခဲ့မှာ မတူညီတဲ့ထောင်ခြောက်ဆင်ပုံရှိတာ သဘောပေါက်သွားသည်။
လန်ခါက သူ့အဘိုးဆီကနေ ဒီကျွမ်းကျင်မှုကို လက်ဆင့်ကမ်းခဲ့ပြီး သူ့အဖိုး ထောင်ခြောက်ဆင်ရာတွင် ကျွမ်းကျင်ပညာရှင်ဖြစ်သည် ။ သို့သော် လောင်ခဲ့က သူ့ကိုယ်ပိုင်ပုံစံအသွင်အပြင်နှင့်ပင်။
ရိုးရိုးရှင်းရှင်းပြောရလျှင် လောင်ခဲ့ဆင်ထားသည့်ထောင်ခြောက်က ပို၍ရက်စက်ကာ အန္တရာယ်ရှိသည့်ပုံပေါက်ပြီး ပို၍ ချီးမွန်းစရာကောင်းပေသည်။
ထောင်ခြောက်ဆင်နည်း အနည်းငယ်လုပ်ပြပြီးတဲ့နောက် လောင်ခဲ့က ရှောက်ရွှမ်ကို စမ်းလုပ်ကြည့်ဖို့ပြောသည်။ သို့သော်လည်း ထောင်ခြောက်ဆင်ဖို့ဆိုလျှင် ကောက်ရိုးကြိုးလိုလေသည်။ ယနေ့သူတို့ယူလာသည့် ကောက်ရိုးကြိုးတွေမှာ အားလုံးသုံးလို့ကုန်သွားပြီဖြစ်သည်။
"မင်း ကောက်ရိုးကြိုးတွေလုပ်တာ ကျွမ်းကျင်လား၊ ငါမင်းကို သင်ပေးဖို့ လိုသေးလား၊ ကောက်ရိုးကြိုးကျစ်တာနဲ့ကြိုးထုံးတွေချည်တာက ထောင်ခြောက်ကောင်းကောင်း ဆင်တဲ့နေရာမှာ အရမ်းအရေးကြီးတယ် " လောင်ခဲ့ကပြောသည်။
ရှောက်ရွှမ်က လက်ထဲမှာ ကောက်ရိုးနည်းနည်းရှိနေပြီး တိုက်ရိုက်ပြန်ဖြေတဲ့အစား မေးခွန်းပြန်မေးလိုက်သည်။
" ကျနော့်နာမည်က ရွှမ်ဆိုတဲ့စာလုံး အဓိပ္ပါယ်ကိုသိလား"
လောင်ခဲ့က သူမသိသည့်အတွက် ကြိုးထုံးနေတာကိုရပ်လိုက်လေသည်။ မျိုးနွယ်စုထဲက သူတွေက သူတို့နာမည်ရွေးချယ်ခြင်းမရှိကြပေ၊ များသောအားဖြင့် သူတို့စိတ်ထဲပေါ်လာတဲ့ ဘယ်စကားလုံးကိုဖြစ်ဖြစ် နာမည်ပေးပစ်လိုက်သည်ပင် ။ ဥပမာ လောင်ခဲ့ ဆိုရင် သူ့နာမည်ကို ခဲ့ လို့အဆင်ပြေသလိုပေးလိုက်သည်ပင် ။ ထို့အပြင် တစ်ယောက်ယောက်က သူ့ကိုယ်သူနာမည်ပေးချင်လျှင် သူနှင့်ရင်းနှီးကာ သူ့အတွက် အရေးကြီးသည်ဟု ထင်တာကို ပေးလိုက်ကြသည်။ ဥပမာဆိုလျှင် မောင် ။ တစ်ချို့ဆိုလျှင် သူတို့နှင့် ရင်းနှီးသည့် အသံတစ်ခုခုအား သူတို့ကိုယ်သူတို့နာမည်ပေးလိုက်သည်ပင်။
လောင်ခဲ့က မျက်ခုံးပင့်လိုက်ပြီး ရှောက်ရွှမ် အဖြေကိုစောင့်နေသည်။
ရှောက်ရွှမ်က သူ့လက်ချောင်းတွေကိုလှုပ်ပြီး ကြိုးထုံးကိုမချည်ခင် သူ့လက်ထဲက ကောက်ရိုးကြိုးကိုကြည့်ကာ ကြောင်သွားသည်။
ရိုးရိုးရှင်းရှင်းကြိုးထုံးလေးမှာ လွယ်လွယ်လေး ပြီးသွားလေသည်။
သူက တခစ်ခစ်ရယ်ကာ
" ကျနော့်နာမည်က ရွှမ်ဆိုတဲ့စာလုံးက ကျနော်အခုလုပ်လိုက်တဲ့ ကြိုးထုံးလေးနဲ့တူတယ်လို့မထင်ဘူးလား "
သူလိမ်နေခြင်းမဟုတ် ၊ သူ့အရင်ဘဝမှာ သူ့ကိုမွေးတော့ သူ့အဖွားက ကြိုးထုံးလေးလုပ်ပေးလေသည်။ ထို့နောက် သူ့ကိုနာမည်ပေးမယ့်အချိန်ကျ အဖွားသည် ရှေးခေတ်က အလှဆင်ပစ္စည်းတစ်ခုကိုတွေ့သည်။ ၎င်းက အပေါ်မှာ စာရေးထားတဲ့လိပ်ခွံလေးပင်။
မြင်မြင်ချင်းမှာပင် ရွဲ့စောင်းစောင်းဟန်နဲ့ရေးထားတဲ့ ရွှမ်ဆိုတဲ့စကားလုံးကို သတိထားမိကာ ကြိုက်သွားလေသည်။ ဒီတော့ အဖွားက ကောင်လေးကို ရွှမ်လို့ခေါ်သင့်တယ်၊ အဲ့စာလုံးက ငါတို့လုပ်ပေးတဲ့ ရွှမ်ဆိုတဲ့စာလုံးနဲ့တူတယ် "
မျိုးနွယ်စုထဲက စာလုံးမှာလည်း သူ့အရင်ဘဝက ရွှမ်ဆိုတဲ့စကားလုံးနဲ့ ဆင်တူလေသည် ။ ထို့ကြောင့် ရှောက်ရွှမ်ကအသံမြှင့်ကာ ရှင်းပြလိုက်သည်။
လောင်ခဲ့က ရှောက်ရွှမ် လုပ်ထားတဲ့ကြိုးထုံးသေချာစစ်ကြည့်ပြီး တဖန်သူလုပ်ထားတဲ့ကြိုးထုံးကိုပြန်ကြည့်လိုက်သည်။ ခုနလေးကမှ သူ လုပ်ပြခဲ့တာဖြစ်ပြီး ဒီနေ့မှာ သူတစ်ခါသာလုပ်ပြခဲ့ရသေးသည်။
ကြိုးထုံးတွေကြားမှာ သူအမဲလိုက်ခဲ့တုန်းက သူကိုယ်တိုင် ဆန်းသစ်ထားတဲ့ပုံစံအမျိုးအစားအနည်းငယ်ရှိလေသည်။သူ့အတွက်တော့ လုပ်ရတာလွယ်ပုံပေါ်သော်လည်း ထောင်ခြောက်ဆင်ထားသည့်အခါ လုံးဝကွဲပြားသွားကာ ထောင်ခြောက်၏အစွမ်းအပေါ်သက်ရောက်လေသည်။ ထောင်ခြောက်တစ်ခုတည်းနှင့်ပင် ညဏ်များသည့်သားရဲများကို ဖမ်းနိုင်လေသည်။
ကျွမ်းကျင်ပြည့်စုံမှုကို တန်ဖိုးထားတဲ့ လောင်ခဲ့က ကြိုးတွေ၊ ကြိုးထုံးတွေနဲ့ ပတ်သက်ရင် စည်းကမ်းတင်းကြပ်ကာ သတ်မှတ်ချက်မြင့်မားလေသည်။
ယခင်က သူ့တပည့်များသည် တစ်နေကုန်တာတောင် ပြည့်စုံသည့် အထုံးမထုံးနိုင်သည့်အတွက် သူ ဖြေး ဖြေးချင်းသင်ပေးဖို့တွေးထားသည်။
သို့ပေမဲ့ မထင်ထားပဲ ဒီကလေးက တစ်ခါမြင်ရုံနှင့်ပင် ပြည့်စုံသည့် အထုံးကိုလုပ်နိုင်လေသည်။
လောင်ခဲ့မှာ သူ၏တုန်နေတဲ့နှုတ်ခမ်းများအား ဆွဲစိလိုက်ကာ တွေးမိသည်မှာ- ဒီကလေးက ဒါကိုသင်ဖို့မွေးလာတာများလား?
ဒါက သောက်ရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်!