လေ့ကျင့်ရေး
Vol. 5 Ch. 67
မျိုးနွယ်စု လေ့ကျင့်ရေးကွင်း၏တောင်ကုန်းငယ်လေးပေါ်ရှိ သစ်ပင်များသည် လုံးပတ်မကြီးသော်လည်း အရေအတွက်များလေသည်။ သစ်ရွက်စိမ်းများက အကိုင်းအခက်အားလုံးကိုဖုံးအုပ်ထားကာ ခြုံပုတ်နဲ့မြက်ပင်များကလည်း အရိုင်းဆန်ဆန်ပေါက်ရောက်နေကြသည်။ ဒီရာသီမှာဆိုလျှင် အပင်များကြီးထွားလေသည်။
လူများ လမ်းလျှောက်ဖို့ရာ ကျောက်တုံးအသေးများနဲ့ လမ်းကြောင်းရှိလေသည်။ လမ်းဘေးတွင်တော့ လူ့ခါးလောက်အထိ မြင့်သည့်သက်တမ်းနည်းနည်း ရင့်သည့်အပင်အချို့ရှိလေသည်။
ထပ်လျှောက်ပြီး အဝေးသို့သွားလျှင် အခြားလူများ သတိမထားမိပဲ ပုန်းအောင်းနေနိုင်လေသည်။
ရှောက်ရွှမ် လက်ထဲတွင် လက်တစ်ဝက်ခန့်မျှ အရှည်ရှိသည့် ကျောက်ဓားရှိပြီး ကျောက်ခင်းလမ်းလေးကို အခြားသူများကဲ့သို့လမ်းလျှောက်သွားသည်။
အရင်နေ့ကမိုးရွာထားတဲ့အတွက် မြက်ပင်နဲ့သစ်ရွက်တွေပေါ်က အညစ်အကြေးတွေကို ဆေးကြောပစ်လိုက်လေသည်။ အမည်မသိပန်းတစ်ခုခုမှ လွင့်လာသည့် ရနံ့ဖျော့ဖျော့လေးကသာ လေထုထဲ ပျံ့လွင့်နေသည်။
ဟိန်းဟောက်သံများအား တောင်တွင် ကြားရနိုင်ပြီး ထိုတောင်တွေတွင်တော့ အပင်များမရှိပါပေ ၊ သူတို့နဲ့ယှဥ်ရင် တောင်ကုန်းငယ်လေးတွေက ပိုဆိတ်ငြိမ်ကာ အန္တရာယ်ကင်းပုံပေါက်လေသည်။
သို့သော် ရှောက်ရွှမ်က ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ အလေးအနက်ရှိပုံပေါ်လေသည်။ သူလုံးဝ ဂရုမစိုက်ပဲမနေရဲပါချေ။
လောင်ခဲ့က ရှောက်ရွှမ် ကိုထောင်ခြောက်ဆင်သည့်အကြောင်းကိုသင်ကြားပေးသည် ၊ သို့ပေမဲ့ နှစ်ရက်အကြာမှာ သင်ကြားသည့် ပုံစံပြောင်းသွားသည်။
လောင်ခဲ့အယူအဆအရ ဝက်ဝံကိုဖမ်းချင်ရင် ဝက်ဝံတစ်ကောင်တွေးတဲ့ပုံစံကို သုံးရမည်။ သားရဲကို အမဲလိုက်ချင်ရင် ကိုယ့်ကိုယ်ကိုယ် သားရဲတစ်ကောင်ရဲ့နေရာကိုဝင်ကြည့်ရမည်။ တစ်နည်းပြောရလျှင် ကိုယ်က ဘာကောင်လာလာသတ်ပစ်နိုင်တဲ့ ပြည့်စုံတဲ့ထောင်ခြောက်တစ်ခုကိုဖန်တီးချင်ရင် ကိုယ် ကိုယ်တိုင်ကလည်း ထောင်ခြောက်တိုင်းရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကို ကိုယ်တိုင်တွေ့ကြုံဖူးရပေမည်။
ထောင်ခြောက်အကုန်အမိခံခြင်း..အကယ်၍ ထောင်ခြောက်တွေကို ကိုယ်တိုင်မမြင်နိုင်ဘူး ၊ မရှောင်ရှားနိုင်ဘူးဆိုရင် တကယ့်အမဲလိုက်ရာတွင် အန္တရာယ်များတဲ့အခြေအနေကိုရောက်သွားပေလိမ့်မည်။
ရှောက်ရွှမ်သည် သူ့ကိုယ်သူ နှိပ်စက်ဖို့ အခိုင်းခံရသည်ဟုခံစားရသော်လည်း လောင်ခဲ့စကားကို လက်ခံလိုက်နာလေသည်။ မြင်နိုင်ဖို့မလွယ်တဲ့ သစ်ကိုင်းတွေ၊ကျောက်တုံး၊သစ်ရွက်တွေနောက်က အသက်သေစေနိုင်တဲ့ လူသတ်သမားတွေကို ကိုယ်တိုင်ရင်ဆိုင်ကြည့်လေသည်။
ပြောရရင် ရှောက်ရွှမ် ကိုယ်တိုင်ပင်သားကောင်ဖြစ်လေသည်။
ရှောက်ရွှမ်သည် ကျောက်ဓားကို သူ့လက်ထဲမှာ မြဲမြဲကိုင်ရင်း ကျောက်ခင်းလမ်းလေးကိုစလျှောက်သည်။ သူက လမ်းကို မျှော်ကြည့်ပြီး သူ့မျက်လုံးထဲမှာ တုံ့ဆုတ်တဲ့အရိပ်အရောင်တွေပေါ်လာတဲ့အတွက် သူ့ကိုယ်သူ အရှိန်မြှင့်ပစ်လိုက်သည်။
ဟမ်..
၎င်းက အချို့သားရဲတွေရဲ့ ခပ်မျှင်မျှင်အရွတ်ကထွက်တတ်တဲ့ တုန်တုန်ယင်ယင်အသံပါပေ ။ ဒီအသံက လမ်းရဲ့ ညာဘက်ကနေလာတာဖြစ်ပြီး အနည်းဆုံး လေးကောင် ရှိနေနိုင်သည်။
ရှောက်ရွှမ် က မရပ်ပဲဆက်ပြေးနေသည်။ သူက သူ့ခြေထောက်ကိုအားကုန်သုံးကာ လေထဲ ခပ်မြင့်မြင့်ခုန်လိုက်သည်။ သူ့လက်ထဲရှိ ဓါးအား အနည်းငယ်လွှဲလိုက်သောအခါ ဘယ်ညာအရောင်လက်သွားပြီး ခုတ်ဖြတ်သံတွေကို တစ်ဆက်တည်း ကြားလိုက်ရသည်။ ဒါက ကျောက်ဓားနဲ့ကျောက်မြှားဖူးတို့ တိုက်မိကြတဲ့အသံဖြစ်သည်။ မြှားထိပ်ဖူးနှစ်ခုကို ရှောက်ရွှမ် ရှောင်လိုက်ပြီး နှစ်ခုကိုတော့ ဓားနဲ့ကာလိုက်သည်။ ရှောက်ရွှမ် ခုန်လိုက်တဲ့အချိန်မှာ သူ့ကိုယ်က ထူးဆန်းစွာလိမ်သွားပေမဲ့ ရယ်စရာပုံပေါက်နေကာ လက် ၊ ခေါင်း ၊ ခြေတို့ဆန့်ကာ သို့မဟုတ် ဦးတည်ရာအမျိုးမျိုး ဖြစ်နေလေသည်။
သူ့ကိုယ်နေဟန်ကို ကြည့်လျှင် သူဘာလုပ်မလဲ ဘယ်သူမှမပြောနိုင် ၊ သို့ပေမဲ့ တစ်ချိန်တည်းမှာပင် သူ့ပုံစံအနေအထားကို ပြောင်းလိုက်ပြီး လမ်းရဲ့အခြားဖက်က အခြားအပ်များကို ရှောက်ရွှမ်ကို တစ်လက်စာလေးကပ်လွဲသွားသည်။
သူတို့က အသံမထွက်ပဲ ကျောက်မြှားတွေကို အတူတူပစ်လိုက်လေသည်။ ပထမက ကြားရတဲ့တဝီဝီမြည်သံကြောင့် လူအများစုက သူတို့ကို ခိုးကာချောင်းမြောင်းတိုက်ခိုက်ခံရနိုင်တဲ့ဘက်ကို လျစ်လျူရှုကာ သူတို့ရဲ့ ညာဘက်အခြမ်းကို ခန္ဓာကိုယ်ကတုံ့ပြန်မှုအရ ချက်ချင်းကာကွယ်မိကြလေသည်။ ရှောက်ရွှမ်သာ ကိုယ်နေဟန်ထားကို မလှည့်လိုက်ရင် အပ်များအလွယ်တကူအပစ်ခံရပေမည် ။ သို့သော်လည်း သူကတော့ ကျောက်မြှားများပစ်ခံရခြင်းမှ ရှောင်နိုင်လိုက်လေသည်။
ဒတ်..ဒတ်..ဒတ်
မာကြောလှတဲ့အပ်တွေက သစ်ပင် ပင်စည်ဟိုဖက်အထိ ထုတ်ချင်းပေါက်သွားကာ သစ်ပင်ကိုနှစ်ခြမ်းခွဲလိုက်လေသည်။
ပထမအချီတိုက်ခိုက်မှုကို ရှောင်ရှားပြီးတဲ့နောက်မှာ ရှောက်ရွှမ်ကမြေပေါ်ကိုတိုက်ရိုက်မဆင်းသေးပဲ သစ်ပင်က ပြန့်ကားနေတဲ့ သစ်ကိုင်းအချို့ကို လှမ်းကိုင်ထားလိုက်လေသည်။
သူက သူ့လှုပ်ရှားမှုတွေက ပေါ့ပါးလျင်မြန်ပြီး ကိုယ်ကိုအလိုက်သင့်လှည့်လိုက်သည်။ သစ်ကိုင်းလေးမှရသည့် တွန်းကန်အားဖြင့် အထက်သို့ပြန့်ကားနေသည့် သစ်ပင်ကြီးကို လှမ်းခုန်ကူးလိုက်သည်။
မြေပေါ်ရောက်ရောက်ချင်း ရှောက်ရွှမ် ကအရှေ့ကိုချက်ချင်းပြေးကာ သူ့ခြေထောက် ရွှေ့ရွှေ့ချင်း လက်ချောင်းလောက်ရှိတဲ့ ကျောက်မြားတစင်းက ခုနက ရှောက်ရွှမ် ခြေချနေရာကို လာစိုက်လေသည်။ အကြိမ်အနည်းငယ်ပြီးတဲ့နောက် ကျောက်မြှားတွေကမြေပေါ်မှာ ရှောက်ရွှမ် ခြေရာအတိုင်း စိုက်နေကြပြီး ရှောက်ရွှမ်ကတော့ တချက်မှထိမိခြင်းမရှိပါပေ ။
ရှောက်ရွှမ်သည် ပြေးသည့်အခါတွင် တစ်ဖြောင့်တည်း မပြေးဘဲ ပုံစံအတိအကျလည်းမရှိ ပြေးနေလေသည်။
သူနောက်တစ်ခါ ထပ်ခုန်လိုက်သောအခါ အနီးက သစ်ကိုင်းပေါ်နင်းပြီး နောက်တစ်ချက်ထပ်ခုန်လိုက်သည်။ ဒီနှစ်ချက်ခုန်လိုက်စဥ်အတွင်းမှာ လေထဲက မြားများကိုလည်း ရှောင်လိုက်သေးသည်။
ရှောက်ရွှမ် သူ့ခါးကိုလှည့်လိုက်ပြီး လက်ချောင်းတွေမှာ ကျောက်ခဲငါးလုံးကိုင်ထားလေသည်။ သူက အရှေ့ကခြုံပုတ်တွေထဲကို ခဲတွေနဲ့ပစ်လိုက်ပြီး မကြာခင် သစ်သားကျိုးသွားတဲ့အသံများထွက်ပေါ်လာသည်။
ပြုတ်ကျတဲ့အခါမှာ ရှောက်ရွှမ် ကသူလက်လှမ်းမှီတဲ့ သစ်ကိုင်းအဖျားလေးကိုလှမ်းဆွဲပြီး သူပြုတ်ကျတဲ့ အရှိန်ကိုပြောင်းလိုက်လေသည်။
သူ မြေပြင်ပေါ်မရောက်ခင်လေးမှာ သူ့ကိုယ်လုံးကို လှိမ့်လိုက်ပြီး မြေနဲ့အရိုက်ခံရခြင်းကိုရှောင်လိုက်လေသည်။ ထို့အချိန် လက်မောင်းလောက်ရှိသည့် ကျောက်ဆူးချွန်ကြီးက သူ့မျက်လုံးထောင့်ဆီ ပြေးလာ၏။
မီးခိုးရောင်ဓားအရိပ်က မှိတ်တုတ်မှိတ်တုတ် လင်းသွားသည်။
ကျောက်ဓားက နေရောင်ကို အလင်းမပြန်သော်လည်း ကျောက်ဆူးချွန်များက သူ သစ်တောထဲမှာ မီးခိုးရောင်အလင်းရုတ်တရက်ထွက်ပေါ်လာသည်။
သတ္ထုရောင်တောက်ပနေခြင်းမရှိသော်လည်း ဓားကိုမြင်ရသည့်သူတိုင်း ဓားမှလာသည့် အေးစက်စက် ချွန်ထက်မှုကို ခံစားနိုင်ပေသည်။
အသက်တစ်အောင့်စာမျှသာ ကြာသေးသော်လည်း ရှောက်ရွှမ် ကျောက်ခင်းလမ်းပေါ်မှာ ခြေချလိုက်သည်။
သူ့နောက်ရှိ လမ်းကို ပြန်ကြည့်လိုက်သောအခါ ရှောက်ရွှမ် ကျောက်မြှားအများအပြားနဲ့ သစ်သားအပ်တွေ၊ ကျောက်ဆူးချွန်များကို ကျောက်တုံးအကွဲများနဲ့ တုန်ခါနေတဲ့တိုင်များတွင်တွေ့ရလေသည်။
ရှောက်ရွှမ် အနီးအနားမှ တစ်ချို့နေရာတွေကြည့်ကာ မေးလိုက်သည်။
" ကျနော် ဘယ်လိုလဲ "
" မကောင်းဘူး "
လောင်ခဲ့က ကျောက်တုံးတစ်တုံးပေါ်ထိုင်လိုက်ပြီး မှင်သေသေမျက်နှာနှင့်ပြောလေသည်။
ရှောက်ရွှမ် ကခေါင်းယမ်းပြီး
" ကျနော်လည်း အဲ့လိုပဲထင်ပါတယ် "
လောင်ခဲ့က ပြောဖို့ပင်မလိုပဲ ရှောက်ရွှမ်ကနောက်ပြန်ပြီး လမ်းတစ်လျှောက်ရှိ ထောင်ခြောက်များကို ခလုတ်ပြုတ်ထား မထား ဖယ်ရှားရှင်းလင်းပေးလေသည်။ သို့မှသာ မျိုးနွယ်စုကလူတွေ လမ်းလျှောက်ရင်း ထောင်ခြောက်မမိဘဲ အန္တရာယ်ကင်းကင်း သွားနိုင်ပေမည် ။ ၎င်းအပြင် လူတွေ သတိထားမိဖို့မလွယ်တဲ့ ကျွင်းငယ်လေးများလည်း မြေပေါ်တွင်ရှိသေးလေသည်။
နေ့တိုင်း ရှောက်ရွှမ်က လေ့ကျင့်ခန်းကို မပျက်မကွက်လုပ်ပြီး လောင်ခဲ့က ထောင်ခြောက် ဆင်ဖို့မလစ်ဟင်းသလို ရှောက်ရွှမ်ကလည်း ထောင်ခြောက်တွေကို ဖြတ်ကာပြေးလေသည်။
ဒါက ကြမ်းတမ်းရက်စက်ကာ ပုံမှန်မဟူတ်တဲ့ လေ့ကျင့်ရေးဖြစ်ပြီး စိတ်ဓာတ်မကြံ့ခိုင်တဲ့သူဆိုရင် အလွယ်တကူ စိတ်ဓာတ်ပျက်ပြားသွားနိုင်သည် ။ ကြောက်စိတ်များသူဆိုရင် အလွန်ကြောက်ရွံ့ပြီး နေရာတိုင်းမှာ ထောင်ခြောက်တွေ ရှိနေတယ်လို့ ထင်မြင်တတ်လာနိုင်သည်။
ပြောရလျှင် ရှောက်ရွှမ်မှာ ပထမနှစ်ရက်တုန်းက ဒီလိုခံစားချက်မျိုးရှိခဲ့သည် ။ သူတို့မျိုးနွယ်စုကို ပြန်ချိန်မှာဆို သူ ညည်းငြူသံထွက်လာလေ့ရှိသည် ။ ဒါပေမဲ့ ပြီးသွားတဲ့အခါမှာတော့ သူက အရင်ကထက် ပိုကောင်းလာလေသည်။
ထောင်ခြောက်တွေကို ရှင်းလင်းရင်းအလုပ်ရှုပ်နေသည့် ရှောက်ရွှမ် ကိုမြင်ရတဲ့အခါ လောင်ခဲ့စိတ်သက်သာရာရလေသည်။ မူလက သူ့လေ့ကျင့်ရေးနည်းလမ်းတွေက ဒီကလေးအပေါ်မှာ ရလဒ်မကောင်းမှာကို စိုးရိမ်ခဲ့မိသေးသည်။ ၅ ရက်လေ့ကျင့်ပြီးတဲ့နောက်မှာ သူ လမ်းညွှန်မှုပေးဖို့ စီစဥ်ထားသည်။ ဒါပေမဲ့ သူမျှော်မှန်းထားတာထက်ပိုကာ သူဘာမှမလုပ်ရသေးခင်တွင်ပင် ရှောက်ရွှမ် ကသူ့ကိုယ်သူအလိုက်သင့်ပြောင်းလဲလာနိုင်သည်။
အစမှာတော့ ရှောက်ရွှမ်က ဒဏ်ရာအများအပြားရပေမဲ့ သိပ်မကြာခင်မှာပဲ ထောင်ခြောက်တွေအားလုံးကို ပွတ်ကာသီကာ ရှောင်နိုင်လာပြီး သူ့ကိုယ်သူ လုံခြုံအောင်နေတတ်လာသည်။ နည်းနည်းကြာသော် အကုန်လုံးကို လုံလုံခြုံခြုံ ရှောင်နိုင်လာပြီး ချိတ်ထားတဲ့ထောင်ခြောက်တစ်ချို့ကိုပင် ဖြတ်တောက်နိုင်လေသည်။ ထိုအရာအကုန်လုံးမှာ လဝက်အတွင်းတိုးတက်လာခြင်းပင်ဖြစ်သည်။
ဒါက လောင်ခဲ့မျှော်လင့်ထားတာထက်သာပေမဲ့ သူက ရှောက်ရွှမ် ယုံကြည်မှုလွန်ကဲကာ ဂုဏ်မြောက်နေမည်စိုးသဖြင့် မှင်သေသေမျက်နှာကိုသာ ဟန်ဆောင်ထားလေပြီး အမှားတစ်ခုတွေ့သည်နှင့်ကြမ်းကြမ်းတမ်းတမ်းဝေဖန်လေသည်။
ရှောက်ရွှမ် က လမ်းမှာရှိသမျှအကုန်လုံးကို ဖယ်ရှားလိုက်ပြီး ခလုတ်မဆင်ရသေးတဲ့ ထောင်ခြောက်အားလုံးကို လုံးဝဖုံးကွယ်ပစ်လိုက်သည်။ သူ လောင်ခဲ့ဆီ မပြန်ခင်မှာပင် အားလုံးကိုမြေမြှပ်ပစ်လိုက်ပြီး လောင်ခဲ့အကြံပြုချက်ကိုနားထောင်ဖို့သူ့ဘေးမှာထိုင်နေလိုက်သည် ။
လောင်ခဲ့ အမြင်မှာ ဒီထောင်ခြောက်အားလုံးနဲ့ရင်ဆိုင်ရရင် အဆိုးဆုံးနည်းဗျူဟာက ထိပ်တိုက်ရင်ဆိုင်ခြင်းပင်။ မင်း အန္တရာယ်ကို ရှောင်နိုင်ရင် ဘာလို့မရှောင်ရမှာလဲ ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ခက်ခဲအောင်လုပ်မှာလဲ?
လောင်ခဲ့ပြောပုံအရ ထောင်ခြောက်တွေနဲ့ရင်ဆိုင်ရတဲ့အခါ ကျွမ်းကျင်သူများကသာ အကောင်းဆုံးဖျက်ဆီးပစ်လို့ရတဲ့နေရာကို ချက်ချင်းတွေ့နိုင်ကြလေပြီး ထောင်ခြောက်အတွဲလိုက်ကိုလည်း ဖျက်ဆီးဖို့ရာ အားအင်နည်းနည်းကိုသာ အသုံးပြုလေသည်။
ချိတ်ထားတဲ့ထောင်ခြောက်တွေကို ဆက်ထားတဲ့ နေရာအစစ်ကိုသာ ရှာနိုင်ရင် ထောင်ခြောက်တွေချိတ်ထားတာကို အလွယ်လေးဖြတ်တောက်ပစ်နိုင်လေသည်။ အခြား အတော်ဆုံးသူများဆိုရင် သူများထောင်ခြောက်ကို ကိုယ့်ထောင်ခြောက်ပင်လုပ်ပစ်နိုင်လေသည်။
၎င်းအား ရန်သူကို မတိုက်ပဲချေမှုန်းခြင်း ဟုခေါ်ပြီး ရှောက်ရွှမ် တတ်မြောက်ဖို့ကတော့ အဝေးကြီးလိုပါသေးသည်။
လောင်ခဲ့ပြောခဲ့တဲ့ ကျွမ်းကျင်သူများနဲ့မတူပဲ ရှောက်ရွှမ်ကလမ်းတစ်လျှောက်က ထောက်ခြောက်များကို မမြင်နိုင်သလို အတွဲလိုက်ဆက်ထားတဲ့ထောင်ခြောက်များကိုလည်း အချိန်တိုင်း ဖြတ်တောက်မပစ်နိုင်ပါပေ ။ လောင်ခဲ့ရှင်းပြသည်ကို နေ့တိုင်းနားထောင်ရင်း တစ်ခါတစ်ရံ သူက သင်ယူတဲ့နေရာမှာတော်တော်နှေးသည့် ငတုံးများလား လို့ပင် တွေးမိသည်။
လောင်ခဲ့က ရှောက်ရွှမ်အတွေးများကို သိလျှင် သူလုံးဝ စိတ်လွတ်သွားပေလိမ့်မည်။ အခြားသူတွေက ရက်ပေါင်း ၁၅၀ လောက် လေ့ကျင့်ပြီးရင်တောင် ဒီလိုမလုပ်နိုင်သေးတဲ့အချိန်မှာ သူက ပိုမြန်မြန်လုပ်ဖို့တွေးနေလေသည်။
လောင်ခဲ့ရဲ့တစ်ချို့ ကျွမ်းကျင်မှုတွေက အရှေ့မျိုးဆက်တွေကနေ လက်ဆင့်ကမ်းလာခြင်းဖြစ်သည်။ တစ်ချို့တွေက ထောင်ခြောက်ဆင်ခြင်းကို ထူးချွန်အောင်လေ့လာကြသလို တစ်ချို့က ရက်စက်တဲ့သူဖြစ်အောင် အစွမ်းကုန်ကြိုးစားကြလေသည်။ သို့သော် သူတိုအားလုံးမှာတူညီတာက သူတို့ကျွမ်းကျင်မှာတွေကို နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းပေးဖို့ရာ သင့်တော်တဲ့သူကို လက်ဆင့်ကမ်းသင်ကြားပေးလိုကြခြင်းပင်။
လောင်ခဲ့က ကောင်းကင်ကို မော့ကြည့်ပြီး သူ့အတိတ်ကို အမှတ်ရမိနေသည်။
" ငါငယ်ငယ်တုန်းက မင်းကြုံခဲ့ရတာတွေကို ဖြတ်သန်းခဲ့ရဖူးပါတယ် ၊ ဒါပေမဲ့ ငါကပိုတော်တယ်"
" ခင်ဗျားက တကယ်အံ့သြစရာကောင်းပါတယ်"
ရှောက်ရွှမ်က သူ့ဂုဏ်သိက္ခာမထိခိုက်စေဖို့ လောင်ခဲ့ရဲ့ခြေထောက်နဲ့ပတ်သက်တဲ့ကိစ္စကို ရှောင်ကာပြောလိုက်သည်။ လောင်ခဲ့က အရင်ကထိခိုက်မှုအကြောင်း မေ့ပစ်လိုက်ပြီဖြစ်ရာ ဘာကြောင့် အခြားသူတွေကို သူ့ကိုသနားညာတာမှုပေးဖို့ လိုရမည်နည်း ၊ လောင်ခဲ့အတွက်မလိုအပ်ပါပေ ။
" ဒီလိုအရမ်းကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ဖို့ အချိန်ဘယ်လောက်ယူခဲ့ရလဲ"
ရှောက်ရွှမ် သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။
" မဟုတ်ဘူး..ငါ အကောင်းဆုံးလုပ်နိုင်ခဲ့တုန်းကတောင် အဲ့လိုချီးကျူးမခံခဲ့ရပါဘူး”